𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃�...
By KhinMyatOo851005
47.1K 1.8K 48
ငယ်.....ဟုတ်တယ်....ဒီနာမ်စားလေးကမင်းတစ်ယောက်ထဲအတွက်ရယ်ပါYiboရယ် #xiaozhan ခင်ဗျားကဘာလို့ကျွန်တော့်ကိုကူညီရတာလ... More
Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 7
Part 8
Part 9🔞🌚
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
💛 6ᵗʰ anni
Part 24
Part 25
Part 26 final
𝓯𝓪𝓻𝓮𝔀𝓮𝓵𝓵❤️💚
Part 6
1.4K 69 1
By KhinMyatOo851005
Unicode
လာခေါ််မယ်ဆိုလို့အပြင်ထွက်စောင့်နေတယ်တဲ့
ငယ်ကတော့လေလုပ်ပြီ.....
ဘောင်းဘီအတိုကိုဝတ်ထားပြီး အပေါ်တီရှပ်ဖြူလေးပေါ်မှာဝတ်စကုပ်လေးတစ်ထည်ထပ်ထားတယ်
အင်္ကျီနဲနဲပွပွဝတ်ထားပေမယ့် ရိပေါ်ကသေးမှန်းသိသာတယ်
လက်မောင်းလေးတွေက တစ်ကယ်ကိုသေးသေးလေး
နောက်ကျရင် ကိုကို့ဒဏ်ကိုခံနိုင်ပါ့မလားကွာ...
(အိုင်အင်နိုးစန့်နော်  မသိဝူးပဲ😜😜)
ေဘာင်းဘီအတိုကိုဝတ်ထားတော့ မြင်နေရတဲ့ခြေသလုံးလေးတွေကလဲ ဖြူဖွေးနေတာပဲ
ဒါယောကျ်ားလေးတစ်ယောက်ရဲ့ခြေထောက်တဲ့လား!!အဲ့လောက်တောင်လှရသလားငယ်ရာ...
ရှောင်းကျန့်မှာအဝေးကနေလှမ်းကြည့်ရင်း တံတွေးခဏခဏမျိုချနေမိတယ်
ကောင်လေးက သူ့ကိုလက်ခံထားတာမှမကြာသေးဘူး စိတ်ရှိတိုင်းဆို အခုချက်ချင်းအပြေးသွား အလုံထုပ်ပြီးခေါ်သွားတော့မှာ
ရှောင်းကျန့်ရဲ့သမာဓိအားကိုစမ်းသပ်နေသလားပဲ
ဦးထုပ်လေးကိုငိုက်စောင်းထားပြီး
ဘောင်းဘီအိတ်ကပ်လေးထဲလက်နှိုက်ရင်း  ခြေထောက်ကလေးကမြေကြီးကိုထိုးဖွပြီးဆော့နေလေရဲ့
အဝေးကနေလှမ်းကြည့်နေတဲ့ရှောင်းကျန့်ကိုတောင်မမြင်ရှာဘူး
တီ..... တီ....
ရှောင်းကျန့်ရဲ့ကားဟွန်းသံကြားမှ ရိပေါ်လဲခေါင်းမော့ကြည့်တယ်
ရိပေါ်သတိထားကြည့်မိမှ ရှောင်းကျန့်ကအမြဲတမ်း ဘောင်းဘီရှည်နဲ့ပဲ
style pant​လေးနဲ့ရှပ်အင်္ကျီကိုအမြဲတွဲဝတ်တယ်
ရှပ်အင်္ကျီလက်ရှည်ကိုလဲအမြဲခေါက်တင်ထားတယ်
ဟိုတစ်လောကမှသိရတယ် ဒီလူက၃၀ပြည့်တော့မှာတဲ့လေ ရိပေါ်ထက်၆နှစ်တောင်ကြီးတယ်တဲ့
လူကိုယ်တိုင်ပြောပြလို့သာယုံရတာ တစ်ခြားသူသာဆိုရင်ယုံမှာမဟုတ်ဘူး
၃၀ လို့မပြောရလောက်အောင်ကိုနုဖက်နေတာ
"စောင့်ရတာကြာသွားပြီလား ရိပေါ်....ဘာလို့နေပူထဲထွက်စောင့်နေတာလဲ....နေလောင်ကုန်တော့မှာပဲ....အိမ်ထဲဝင်နေတာမဟုတ်ဘူး....ကိုယ်လာခေါ်မှာပေါ့....."
သူ့ဆီကိုအပြေးလာပြီးထီးတစ်ချောင်းနဲ့လာကြိုတယ်တဲ့
ပါးစပ်ကနေလဲပွစိပွစိပြောနေသေးတယ်
စကားပြောရင်လှုပ်လှုပ်သွားတဲ့ မှဲ့လေးကိုလဲရိပေါ်အမြင်အာရုံမလွှဲနိုင်ဘူး
ရှောင်းကျန့်ကောရာ ကျွန်တော့်ကိုသိပ်ဂရုစိုက်မပြပါနဲ့
ကျွန်တော်နာကျင်ရမှာကြောက်တယ်ကောရဲ့
"ရပါတယ် ဘာမှမဖြစ်ပါဘူး....တစ်နေရာခေါ်သွားမယ်ဆို...."
"omm....ရိပေါ်သဘောကျလိမ့်မယ်လို့ကိုယ်ထင်တယ်...."
သေချာလှချည်လားကောရဲ့.....
ဘာများမို့လို့လဲ?....
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကားပေါ်မှာဘေးချင်းယှဥ်ရက်ထိုင်နေပေမယ့် နှစ်ယောက်သားဆီကဘာစကားသံမှမထွက်
တစ်ကယ်တော့ရိပေါ်ကားစီးရမှာအနည်းငယ်​ေတာ့ကြောက်မိတယ်
ပါးကကားaccidentကြောင့်မို့ဆုံးပါးသွားခဲ့ရသလို
မားလဲကားaccident ကြောင့်ပဲအောက်ပိုင်းသေသွားခဲ့ရတာ
အဲ့တာကြောင့်ရိပေါ်မြန်မြန်ရောက်ပါစေလို့သာဆုတောင်းမိတယ်
ရှောင်းကျန့် ရိပေါ်ဘက်ကိုလှည့်ကြည့်မိတော့
ကောင်လေးရဲ့အာရုံတွေကသူ့ဆီမှာရှိမနေပေ
ဖင်တကြွကြွနဲ့ နဲနဲလေးအရှိန်မြန်ရင်ကိုသူ့မှာမျက်လုံးတွေကိုမှိတ်ထားရတာ
ဒီကောင်လေးဘာကိုကြောက်နေတာလဲ
"ရိပေါ်..ဘာဖြစ်လို့လဲ....ဘာစိတ်တိုင်းမကျလို့လဲ..."
"ရတယ်...ကိစ္စမရှိဘူး...​ရှေ့ကိုသာကြည့်မောင်းပါ...."
ရှောင်းကျန့်ရိပေါ်ရဲ့လက်ကိုဆုပ်ကိုင်မိတယ်
ဒီကောင်လေး လက်တွေကိုအေးစက်နေတာပဲ
ရိပေါ်သူ့လက်ကလေးဆုပ်ကို်င်ခံရတာမို့ အနည်းငယ်တော့စိတ်သက်သာရာမိတယ်
ရှောင်းကျန့် ရိပေါ်ဆီကရှိုက်သံလေးထွက်လာတာမို့် စိုးရိမ်တကြီးလှည့်ကြည့်မိတယ်
ဒီကောင်လေးငိုနေတာလား....
"ဘာလို့လဲရိပေါ်....ဘာဖြစ်လို့လဲ....ဘယ်နားနေမကောင်းလို့လဲ...အဆင်ပြေရဲ့လား...."
ရိပေါ်တွေမျက်ရည်တွေသုတ်ပြီးခေါင်းကိုသာတွင်တွင်ခါရမ်းမိတယ်
"မဟုတ်ပါဘူး....ဒီတိုင်းပါးကိုသတိရသွားလို့...."
ရှောင်းကျန့် လူရှင်းတဲ့နေရာမှာကားရပ်ပြီး...
"ဆင်းရိပေါ်....."
"အမ်....."
ရုတ်တရက်ဆင်းခိုင်းတာကြောင့် ရိပေါ်လဲနားမလည်...သူ့ကိုခေါ်လာချင်တာဒီနေရာလား မဟုတ်ရင်
သူမျက်ရည်ကျမိလို့ပျော့ညံ့တယ်လို့ထင်သွားတာလား
"ကိ်ုယ့်ကိုရင်ဖွင့်စေချင်တယ်....မင်းရဲ့ခံစားချက်တွေကိုကိုယ်နားထောင်ချင်တယ်...."
ရိပေါ်ပိုလို့ပင်ငိုချင်စိတ်တွေကတဖွားဖွား
ကားဘေးနားမှာထိုင်ပြီး စိတ်ရှိတိုင်းငိုချမိတယ်
ရှောင်းကျန့်ကရိပေါ်ရဲ့ပုခုံးလေးကိုဖက်ကာနှစ်သိမ့်ပေးမိတယ်
"ပါးကaccidentကြောင့်ဆုံးသွားခဲ့ရတာ...အဲ့နေ့က ပါးရယ်မားရယ် ကျွန်တော်ရယ် အပြင်သွားလည်ကြတာ....ကျွန်တော်ကအရင်ထဲကကားစီးရမှာကြောက်တယ်....အဲ့ချိန်ဆို ပါးကကျွန်တော့လက်လေးကိုဆုပ်ကိုင်ပေးခဲ့တာ....မကြောက်နဲ့ပါးရှိတယ်နော်...ဆိုပြီး...."
ပြောရင်းနစ်ဝင်သွားတဲ့အသံလေးကြောင့် ရိပေါ် သူ့ပါးကိုဘယ်လောက်သတိရနေကြောင်းရှောင်းကျန့်ခန့်မှန်းမိပါတယ်
"ပါးက ကျွန်တော့်မျက်စိရှေ့မှာပဲ ဆုံးသွားခဲ့တာ...မားကတော့အောက်ပိုင်းသေသွားတာမို့် ပါးထက်စာရင်တော်သေးတယ်လို့ပြောရမှာပေါ့....အဲ့တည်းကကားစီးရမှာကိုကြောက်မိတာ...."
"ကိုယ် မင်းအကြောင်းတွေကိုသိချင်တယ်ငယ်...."
နှုတ်မှ ငယ် ဆိုတဲ့နာမ်စားလေးကိုရှောင်းကျန့်ထွက်မိသွားတယ်
ရိပေါ်ကလဲ အ့ံသြသွားတာပေါ့ ငယ်တဲ့လား
"ငယ်??? ကျွန်တော့်ကိုခေါ်တာလား...."
ရှောင်းကျန့်လဲအဲ့တော့မှ သူခေါ်ချင်ခဲ့တာကြာနေပြီဖြစ်တဲ့နာမ်စားလေးထွက်သွားတာသတိထားမိတာ
"ဟုတ်တယ်...ငယ်...ငယ်ဆိုတဲ့နာမ်စားလေးက မင်းတစ်ယောက်တည်းအတွက်ရယ်ပါရိပေါ်....မင်းကကိုယ့်ကိုသိတာမကြာသေးပေမယ့်
ကိုယ်ကတော့မင်းကိုအရင်ထဲကချစ်နေတာ...."
"......"
"အပျော်ကြံတယ်လို့တော့မထင်ပါနဲ့ရိပေါ်....
ကိုယ့်တစ်ဘဝလုံးစာက မင်းတစ်ယောက်တည်းရယ်...မင်းအတွက်ပဲရည်ရွယ်ပြီး ဖြစ်တည်လာတာမို့လို့..."
"အချစ်ဆိုတာလုပ်ယူလို့မရဘူး မသေချာတဲ့အရာကိုကျွန်တော်မလုပ်ချင်ဘူး...."
ဟုတ်တယ်...ရိပေါ် ကောအပေါ်ကိုစိတ်ရှိနေပေမယ့် အလွယ်တကူအဖြေမပေးချင်ဘူး လူတွေကလွယ်လွယ်ရရင် တန်ဖိုးမထားတတ်ကြဘူးမို့လား
ပြောပြီးတာနဲ့ကားပေါ်ကိုတက်သွားတဲ့ရိပေါ်နောက်ကိုရှောင်းကျန့်လိုက်ရပါသေးတယ်
ကားပေါ်မှာလဲ ရှောင်းကျန့်က ရိပေါ်လက်ကိုဆုပ်ကိုင်ထားတာမို့ ရိပေါ်သဘောကျမိတယ် ရိပေါ်ရှောင်းကျန့်ကိုစောင့်ကြည့်ချင်သေးတယ် ပြီးတော့ယုံချင်တယ် ကျွန်တော်ကခင်ဗျားအတွက်ပဲဆိုတာကို....
လမ်းကြားလေးထဲကအိမ်လေးတစ်အိမ်ရှေ့မှာကားကိုရပ်ပြီး နှစ်ဦးသားယှဥ်တွဲကာဝင်သွားတယ်
တစ်ထပ်တိုက်ကလေးတစ်လုံး
ခြံကတော်တော်ကျယ်တာမို့လို့် ​ြခံအနောက်ဘက်မှာလဲသစ်သီးပင်တွေကိုစိုက်ထားတယ်
အိမ်ဘေးနားမှာစိုက်ခင်းပုံစံလေးလုပ်ထားသေးတယ်
"ဒါကဘာစိုက်ထားတာလဲ....."
ရိပေါ်သိချင်စိတ်နဲ့မေးလိုက်ခြင်းပင်
"အဲ့တာ နံနံပင်စိုက်ခင်းလေ....ငယ်သိပ်ကြိုက်တယ်မို့လား...."
ရိပေါ်ရှောင်းကျန့်ကိုစောင်းပြီးကြည့်မိတယ်
ဒီလူသူနံနံပင်ကြိုက်တာဘယ်လိုသိလဲ...ထားပါတော့လေ
"အိမ်ထဲဝင်ရအောင်လေ...."
ရှောင်းကျန့်ကရှေ့ကနေ တံခါးသွားဖွင့်တာမို့ ရိပေါ်လဲရှောင်းကျန့်နောက်ကနေပဲကပ်လိုက်လာတယ်
တံခါးဖွင့်လိုက်တော့ အိမ်ထဲကနံရံကတွေအစိမ်းရောင်အပြည့်
"wow...."
ရိပေါ်အ့ံသြမိတယ်....အစိမ်းရောင်ဆိုတာသူအကြိုက်ဆုံးအရောင်....
"ကြိုက်ရဲ့လား..."
"omm...အရမ်းကြိုက်တယ် လှလဲလှတယ်...."
"ဒါကကိုယ်တို့လက်ထပ်ပြီးရင်နေဖို့အိမ်လေ...ငယ်သဘောကျရင်အဆင်ပြေတာပေါ့...."
"ဒါကကျွန်တော့ဖို့...."
သူ့ကိုယ်သူလက်ညိုးထိုးပြီး မျက်လုံးပြူးလေးနဲ့မေးနေလေရဲ့ အဲ့လောက်တောင်ပျော်ရသလားငယ်ရဲ့
ရိပေါ်အရမ်းပျော်နေတာ
သူ့အတွက်ရယ်လို့စဥ်းစားပေးတဲ့သူမရှိခဲ့တာကြာပြီမို့လား
ကောရာ....တစ်ကယ်ပဲကျွန်တော့်ကိုအဲ့လောက်တောင်ချစ်တာလား
"ဒါနဲ့..ကျွန်တော်အစိမ်းရောင်ကြိုက်တာဘယ်လိုသိလဲ...နံနံပင်ကော..."
"ဒါကတော့ ကိုယ်ကမင်းအကြောင်းတွေကိုစုံစမ်းထားရတာပေါ့....အခန်းထဲဝင်ကြည့်လိုက်အုံး..."
အခန်းထဲမှာလဲ ကုတင်လေးကသပ်သပ်ရပ်ရပ် အိပ်ယာခင်းလေးကလဲအစိမ်းရောင်
"အိပ်ယာကတစ်ယောက်အိပ်လား..."
"ဟုတ်တယ်....ငယ်စိတ်ချပါ...ငယ့်ခွင့်ပြုချက်မပါဘဲ ကိုယ်ဘာမှမလုပ်ဘူး...ငယ်ကိုယ့်ကိုကြည်ကြည်ဖြူဖြူနဲ့လက်ခံလာမယ့်နေ့ကိုကိုယ်စောင့်နေမှာပါ...ကိုယ့်ကြောင့်နဲ့ငယ်ဘယ်တော့မှ မျက်ရည်မကျစေဘူး...ကိုယ့်ကိုယုံပါငယ် ဟုတ်ပြီလား...."
"omm..."
ဒီလိုတွေဂရုစိုက်ပြပြီးတော့မှထားမသွားရင်ကောင်းမှာပဲကောရာ....
ကောကျွန်တော့်ကိုနာကျင်အောင်မလုပ်ဘူးဆိုတာကို
ကျွန်တော်ယုံကြည်ချင်တယ် ရမလား
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ညနေမိုးချုပ်မှ ရိပေါ်အိမ်ကိုပြန်ရောက်တယ်
အိမ်ကိုရောက်တာနဲ့ ကျေးဇူးတင်စကားတစ်ခွန်းပြောပြီး ဖြေးဖြေးမောင်းပြန်နော်တဲ့
"ငယ်...ကိုယ့်ကိုအိမ်ထဲမခေါ်တော့ဘူးလား..."
ရှောင်းကျန့်နှုတ်ခမ်းလေးဆူပြီး မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်လုပ်ပြကာ အကြည့်တွေကတော့ ရိပေါ်ဆီကမခွာ
သူ့ကောင်လေးကအားနာတတ်မှန်းသူသိတယ်လေ
ရှောင်းကျန့်ပြောတော့မှ ရိပေါ်အားနာသွားရတယ်
သူ့အတွက်စဥ်းစားပေးတဲ့ဒီလူ့ကို နှင်ထုတ်သလိုဖြစ်နေတာကိုး
နှုတ်ခမ်းလေးဆူပြီးပြောနေပုံက ကလေးတစ်ယောက်လို...
ဒါလား အသက်၃၀ ....
မဟုတ်ဘူးကောက၃နှစ်သားလေးလိုပဲ
"အာ...ဟုတ်သားပဲ...ဝင်ခဲ့လေကော..."
အိမ်ထဲရောက်တာနဲ့ မားကိုတွေ့ရပါပြီ
ဧည့်ခန်းထဲမှာတစ်ယောက်တည်းTVထိုင်ကြည့်နေလေရဲ့
"အယ်...သားတို့တောင်ပြန်လာပြီ....အားဟွမ်းရေ....ဟင်းတွေနွှေးထားတော့ သားကျန့်ရောပါတယ်..."
ရှောင်းကျန့်ကို ရိပေါ်မားအစကတော့လက်မခံချင်...သူ့အတွက်ကြောင့်နဲ့ သူ့သားလေးသူမချစ်တဲ့သူနဲ့လက်ထပ်ရတော့မှာမို့လား
ဒါမဲ့ ရှောင်းကျန့်လေးရောက်လာပြီးထဲက ရိပေါ်လေးဟာပြောင်းလဲလာတယ် စကားတွေလဲအများကြီးပြောလာတယ် ​ရယ်ရယ်ပြုံးပြုံးလဲနေလာတယ်
မိဘတိုင်းကတော့သူတို့သားသမီးပျော်တာကိုပဲလိုချင်ကြတာထုံးစံပဲလေ
ရိပေါ်သာသဘာမတူရင် သူမ မရရတဲ့နည်းနဲ့တားမိမှာ
အဲ့နေ့ည ​ေရှာင်းကျန့်နောက်ကျမှအိမ်ပြန်ရောက်တယ်
မအိပ်ခင် ဖုန်းလေးဖွင့်ကာ wallpaperပုံလေးကိုအနမ်းပေးမိပါသေးတယ်
ဟူးးးဘယ်တော့များမှ ငယ့်ရဲ့နှုတ်ခမ်းလေးကိုထိတွေ့ခွင့်ရမှာလဲ....
အဲ့နေ့ညမှာ တစ်ယောက်ကတော့ ဖုန်းလေးကိုတစ်စိမ့်စိမ့်ကြည့်ရင်းစိတ်ကူးယဥ်နေပြီး အိပ်မပျော်နိင်သလို....
တစ်ယောက်ကလဲအတွေးပေါင်းမြောက်များစွာနဲ့ အိပ်မပျော်နိုင်ဖြစ်နေလေရဲ့........
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ဒီနေ့နည်းနည်းတိုသွားပါတယ်😁
စောစောစီးစီးတင်ပေးလိုက်ပြီနော်သဲငယ်တို့ရေ❤💚
တို့ဝမ်လေးကို ကျန့်ကျန့်အပေါ်ထပ်စဥ်းစားခိုင်းရအုံးမလားပဲ🤭🤭
19.2.23
#ʟᴜɴᴀʷᵃⁿᵍ85🦁
Wu ming BTS တွေကြည့်ပြီးကိုယ်တော့မျက်ရည်ကျနေရပြီ
ဘာမှမဖြစ်ဘူးပဲတွင်တွင်ပြောနေတာ ကိုယ်တွေကတော့မျက်ရည်နဲ့မျက်ခွက်🤧 ဝမ်ငယ်ကအရမ်းကြိုးစားတာ ကြိုးစားမှုကလဲအရာထင်တယ်
ဒါကိိုလိုက်blameနေတဲ့လူတွေရဲ့ဦးနှောက်ကိုအ့ံသြတယ်
ဂုဏ်ယူတယ် ဒီလူသားလေးရဲ့fanဖြစ်ရတာကို နည်းနည်းလေးမှနောင်တမရဘူး💚💚
Zawgyi
လာခေါ်မယ်ဆိုလို့အပြင်ထွက်စောင့်နေတယ်တဲ့
ငယ်ကတော့လေလုပ်ပြီ.....
ဘောငျးဘီအတိုကိုဝတျထားတော့ မြင်နေရတဲ့ခြေသလုံးလေးတွေကလဲ ဖြူဖွေးနေတာပဲ
ဒါယောက်ျားလေးတစ်ယောက်ရဲ့ခြေထောက်တဲ့လား!!အဲ့လောက်တောင်လှရသလားငယ်ရာ...
တီ..... တီ....
ဘာများမို့လို့လဲ?....
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တစ်ကယ်တော့ရိပေါ်ကားစီးရမှာအနည်းငယ်တော့ကွောကျမိတယျ
ရိပေါ်သူ့လက်ကလေးဆုပ်ကိုင်ခံရတာမို့ အနည်းငယ်တော့စိတ်သက်သာရာမိတယ်
"ဆင်းရိပေါ်....."
"အမ်....."
ရိပေါ်ကလဲ အံ့သြသွားတာပေါ့ ငယ်တဲ့လား
"......"
ခြံကတော်တော်ကျယ်တာမို့လို့် ခြံအနောက်ဘက်မှာလဲသစ်သီးပင်တွေကိုစိုက်ထားတယ်
"ဒါကဘာစိုက်ထားတာလဲ....."
"အိမ်ထဲဝင်ရအောင်လေ...."
"wow...."
ရိပေါ်အံ့သြမိတယ်....အစိမ်းရောင်ဆိုတာသူအကြိုက်ဆုံးအရောင်....
"ကြိုက်ရဲ့လား..."
"ဒါကကျွန်တော့ဖို့...."
"omm..."
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒါလား အသက်၃၀ ....
အဲ့နေ့ည ေရှာင်းကျန့်နောက်ကျမှအိမ်ပြန်ရောက်တယ်
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
19.2.23
#ʟᴜɴᴀʷᵃⁿᵍ85🦁
ဒါကိုလိုက်blameနေတဲ့လူတွေရဲ့ဦးနှောက်ကိုအံ့သြတယ်
💚💚
Continue Reading
You'll Also Like
1.8K 83 10
ရှောင်ကျန့် _"မျက်နှာရူးကောင်" ရိပေါ်-"အစားပုတ်လေး" မေကျန့်-"ငါက BL Fanဖြစ်ပေမဲ့ ငါ့အစ်ကို ကို‌တော့နှမြောတယ်မပေးနိုင်ဘူး" ရှန့်-"နူးနူးညံ့ညံ့လေးမဟုတ်...
1.2K 105 7
ပတ်ခ်ဆောင်းဟွန်းနှင့် ချစ်သူဖြစ်ရဖို့အရေး ရှင်းမ်ဂျယ်ယွန်းအရေး !!
1.7M 93.1K 46
|𝐑𝐨𝐬𝐞𝐬 𝐚𝐧𝐝 𝐂𝐢𝐠𝐚𝐫𝐞𝐭𝐭𝐞𝐬 - 𝐈| She was someone who likes to be in her shell and He was someone who likes to break all the shells. "Jun...
990K 30.7K 61
Dans un monde où le chaos et la violence étaient maitre, ne laissant place à ne serrait ce qu'un soupçon d'humanité. Plume était l'exception. Elle...