๐ฟ๐‘œ๐‘ฃ๐‘’ ๐ฟ๐‘’๐‘ก๐‘ก๐‘’๐‘Ÿ:๐‘ค๐‘Ÿ๐‘–๏ฟฝ...

By Daydream-fah

10.3K 1.1K 356

๐ฝ๐‘ข๐‘ ๐‘ก ๐‘“๐‘Ÿ๐‘–๐‘’๐‘›๐‘‘ ๐‘๐‘ข๐‘ก โ„Ž๐‘’'๐‘  ๐‘š๐‘–๐‘›๐‘’... More

๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-1
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-3
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-4
Happy Birthday To Me
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-5
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-6
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-7
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-8
Heyyy....
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-9
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-10
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-11

๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-2

892 117 26
By Daydream-fah

Unicode

ဒီနေ့ကကျောင်းပိတ်ရက်မို့ ခြံထဲမှာဘောလုံးကန်နေရင်း သူ့ကိုတစ်ယောက်ယောက်ကကြည့်နေသလိုမျိုးခံစားရတာကြောင့် လှည့်ကြည့်လိုက်တော့ဘေးကပ်လျက်ခြံက ရိပေါ်ကဝရံတာမှာမတ်တပ်ရပ်လို့သူ့ကိုကြည့်နေသည်။ မနက်ကမားပြောတဲ့စကားအရ ရိပေါ်တို့မိသားစုကဒီညခရီးသွားကြမှာဆိုတာကိုကြားပြီး စိတ်မကောင်းဖြစ်နေတဲ့ရှောင်းကျန့်က ရိပေါ်ကိုမြင်လိုက်ရတာမို့ ပျော်ရွှင်သွားပြီး ဘောလုံးကိုလက်ကပိုက်လို့ ရိပေါ်တို့ခြံဘက်ကူးသွားလိုက်တော့သည်။

"ဟယ်.. ကျန့်ကျန့်လေး မားတို့ဆီလာလည်တာလား"

ကားပေါ်ကိုအထုတ်အပိုးတွေတင်နေတဲ့ ဝမ်မားနဲ့ဝမ်ပါးက ရှောင်းကျန့်ကိုမြင်တော့တအံ့တသြဖြင့်ပြောလိုက်တဲ့စကားကြောင့် ရှောင်းကျန့်ခေါင်းကိုတဆတ်ဆတ်ညိမ့်ပြလိုက်မိသည်။ ဝရံတာကိုမော့ကြည့်လိုက်တော့ ရိပေါ်ကရှိမနေတော့တာမို့ ရှောင်းကျန့်မျက်နှာကဆူပုတ်ပုတ်လေးဖြစ်သွားပြီး

"မားတို့က ဘယ်သွားကြမလို့လဲဟင်"

"ဟောတော့ ရိပေါ်လေးကဘာမှမပြောပြဘူးလား။ မားတို့က ရိပေါ်လေးရဲ့ဘိုးဘိုးနဲ့ဘွားဘွားဆီခဏသွားလည်ကြမလို့လေ။ မူကြိုရောက်လို့ကျန့်ကျန့်လေးနဲ့တွေ့ရင် ဒီနေ့ခရီးသွားမယ့်အကြောင်းပါပြောပြီးနှုတ်ဆက်ခဲ့ဖို့ သေချာပေါက်မှာလိုက်ပါတယ်"

ဝမ်မားရဲ့စကားကြောင့် မူကြိုမှာတုန်းကသူ့ကို ဘာစကားမှမပြောပဲ ဆူပုတ်ပုတ်နဲ့ပြန်သွားတဲ့ရိပေါ်ပုံစံကိုပြန်တွေးမိသည်။ အရင်က သူနဲ့ရိပေါ်က မူကြိုကိုအတူတူသွားကြပြီး မုန့်စားရင်လည်းအတူစားကြပေမယ့် ဒီနေ့မုန့်စားဆင်းတော့ရိပေါ်ကတစ်ယောက်ထဲအရင်စားပြီး အိပ်ချိန်ရောက်တော့လည်းအရင်လိုသူ့ဘေးမှာမအိပ်ပဲ အစွန်မှာသွားအိပ်သည်။ ရိပေါ်သူ့ကိုဘာလို့စိတ်ဆိုးနေရသလဲဆိုတာ သူသိပ်သိချင်သည်။ ခဏကြာတော့ ရိပေါ်ကအိမ်ထဲကထွက်လာတာမို့ ရိပေါ်ဆီကိုရှောင်းကျန့်ပြေးသွားလိုက်မိသည်။

"ရိပေါ် မင်းကမင်းရဲ့ဘိုးနဲ့ဘွားဆီသွားလည်မလို့ဆို"

"အွန်း.."

ရိပေါ်ကသူ့ကိုမော့မကြည့်ပဲ ဆူပုတ်ပုတ်မျက်နှာလေးဖြင့်ခေါင်းညိမ့်ပြသည်။

"အကြာကြီးသွားမှာလားဟင်။ မင်းမရှိရင် မူကြိုမှာငါတစ်ယောက်ထဲပျင်းနေတော့မှာပဲ။ မြန်မြန်ပြန်လာနော် ရိပေါ် "

"လော့ယန်မှာက ငါ့သူငယ်ချင်းတွေအများကြီးရှိတယ်။ ငါကအဲ့မှာအကြာကြီးနေဦးမှာ ဟွန့်"

ရိပေါ်ကဆောင့်ဆောင့်အောင့်အောင့်လေးပြောပြီး ကားပေါ်ကိုပြေးတက်သွားလေသည်။ ကျန်နေခဲ့တဲ့ရှောင်းကျန့်မှာသာ လက်ထဲမှာပိုက်ထားတဲ့ဘောလုံးကိုပစ်ချလို့ ဝါးခနဲထငိုတာမို့ ဝမ်မားကပဲချော့မော့ပြီးအိမ်ပြန်ပို့ပေးခဲ့ရသည်။ ပြီးတော့ နောက်နှစ်ရက်လောက်နေရင် ပြန်လာခဲ့မယ်ဆိုတဲ့အကြောင်းလည်းပြောသွားသည်။ လူကြီးတွေကမုန့်တွေပေးပြီး အမျိုးစုံချော့မော့နေပေမယ့်လည်း ရှောင်းကျန့်မှာတော့ ရိပေါ်ကသူ့ကိုမခေါ်တော့ပဲ အခြားသူငယ်ချင်းတွေနဲ့သွားဆော့တယ်ဆိုတာကိုတွေးမိပြီး ဝမ်းနည်းမဆုံးဖြစ်နေတော့သည်။

"သားကလည်းကွယ် ကျန့်ကျန့်လေးကသားကိုဒီလောက်ခင်တာကို ဘာလို့အဲ့လိုပြောလိုက်ရတာလဲ။ ကျန့်ကျန့်လေးကို အနိူင်ကျင့်တာကိုမားမကြိုက်ဘူးလို့ပြောထားတယ်နော်"

မားရဲ့စကားကြောင့် ရိပေါ်မျက်နှာလေးကဆူပုတ်ပုတ်ဖြစ်နေရာမှ တဖြည်းဖြည်းမဲ့တဲ့တဲ့လေးဖြစ်လာပြီး

"ဒီနေ့ ရှောင်းကျန့်ဝတ်လာတဲ့အကျီအရောင်က ချင်းချင်းဆိုတဲ့ကောင်မလေးနဲ့ဆင်တူဖြစ်နေတာ သားမှမကြိုက်တာ"

"ဟေ...."

ဝမ်မားနဲ့ဝမ်ပါးမှာတော့ မတိုင်ပင်ထားပါပဲတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့ ဘာဆက်ပြောရမှန်းမသိပဲ ရယ်ရခက်ငိုရခက်ဖြစ်သွားကြတော့သည်။

ฅ⁠^⁠•⁠ﻌ⁠•⁠^⁠ฅ

အရင်ထဲက သူတို့နှစ်ယောက်ကကျောင်းကိုအတူသွားနေကြမို့ ကားပေါ်မှာထိုင်ကာ ရိပေါ်ကိုစောင့်နေရင်း ညကအကြောင်းကိုပြန်တွေးနေမိသည်။ ညကဘယ်လိုဖြစ်ပြီး အဲ့လိုအခြေအနေထိရောက်သွားသလဲဆိုတာ သူဖြင့်စဥ်းစားလို့ပင်မရ။ ရိပေါ်နဲ့သူနဲ့သိတာ သူတို့တစ်သက်လို့ပင်ပြောလို့ရသည်။ ရိပေါ်အပေါ်မှာ ဒီလိုကျူးလွန်ဖို့မပြောနဲ့ မရိုးမသားစိတ်နဲ့ပင် မကြည့်ခဲ့ဖူးပေ။

သူတို့ဒီအခြေအနေအထိဖြစ်သွားတာ သေချာပေါက်နောက်ကွယ်မှာအကြောင်းတစ်ခုခုရှိရမည်။ ပုံမှန်စိတ်နဲ့သာဆို ရိပေါ်နဲ့ဒီလိုမျိုးဖြစ်သွားစရာအကြောင်းရှိမှာမဟုတ်ပေ။ ခုနကသူလည်း မိဘတွေအရှေ့မှာမို့ အလွယ်ပြောလိုက်ပြီးမှ ရိပေါ်နဲ့သူ့ကိုသာတကယ်တမ်းလက်ထပ်ပေးလိုက်ရင်ဆိုတာကိုတွေးမိပြီး နေမထိထိုင်မတတ်ဖြစ်လို့နေသည်။ ရိပေါ်နဲ့သူနဲ့က အူမချေးခါးမကျန်သိနေတဲ့သူငယ်ချင်းအရင်းကြီးတွေမို့ ရိပေါ်ကိုသူ့ရဲ့အိမ်ထောင်ဖက်အနေနဲ့ တွေးကြည့်ရုံနဲ့တင် ကြက်သီးထစရာကောင်းလှသည်။

"ဆောရီး နာရီရှာမတွေ့လို့နည်းနည်းနောက်ကျသွားတယ်"

ကိုယ့်အတွေးနဲ့ကိုယ် စဥ်းစားနေတာနဲ့ရိပေါ်ကားပေါ်တက်လာတာကိုပင် သတိမထားမိလိုက်။ ရိပေါ်ရဲ့စကားကြောင့် ညကသူတို့နှစ်ယောက်လုံးစိတ်တွေအမှောင်ဖုံးပြီး နာရီတွေလွယ်အိတ်တွေကို ဧည့်ခန်းထဲမှာပစ်ချင်တိုင်းပစ်လိုက်ကြတာကိုတွေးမိသွားတာမို့ သူ့မျက်နှာတစ်ပြင်လုံးပူရှိန်းတက်လာလေသည်။ ရိပေါ်ကိုလှမ်းကြည့်လိုက်တော့ သူ့အာရုံနဲ့သူဖုန်းကိုငုံ့ကြည့်နေတာမို့ တော်သေးသည်။

"ညကကိစ္စကို ဟိုကောင်တွေအရှေ့မှာယောင်လို့တောင်မပြောမိပါစေနဲ့"

ရိပေါ်ကဖုန်းဆီကနေအကြည့်မလွှဲပဲ ပြောလာတဲ့စကားကြောင့် ရှောင်းကျန့်ကားစက်နှိုးနေရာကနေ ဟက်ခနဲရယ်လိုက်ရင်း

"ပြောရအောင် ဘာတွေကောင်းမွန်နေတဲ့ကိစ္စမို့လို့လဲ"

ခနဲ့တဲ့တဲ့ပြောလိုက်တဲ့ရှောင်းကျန့်ရဲ့စကားကြောင့် ရိပေါ်ဖုန်းကိုအာရုံစိုက်နေရာကနေ ရှောင်းကျန့်ကိုမကျေမချမ်းလှမ်းကြည့်လိုက်မိသည်။ အမြင်ကပ်စရာကောင်းလိုက်တာ အရူးကောင်။

ကျောင်းကိုရောက်သွားတော့ ထုံးစံအတိုင်းအတန်းကိုမသွားသေးပဲ ကန်တင်းဘက်ကိုသာအရင်ဆုံးလျှောက်လာလိုက်သည်။ သူတို့ထိုင်နေကြဆိုင်မှာ ဟွိုက်စန်းတို့အုပ်စုက ထိုင်နေပြီးသူတို့နှစ်ယောက်ကိုမြင်တော့လက်လှမ်းပြတာမို့ ရိပေါ်အရှေ့ကနေအရင်လျှောက်လာလိုက်သည်။

"မင်းတို့နှစ်ယောက်လည်းနော် ငါမပြောချင်ဘူး"

ခရီးရောက်မဆိုက်ပြောချလိုက်တဲ့ဟွိုက်စန်းရဲ့စကားကြောင့် ရိပေါ်မလုံမလဲဖြင့် အနောက်ကနေကပ်ပြီးပါလာတဲ့ရှောင်းကျန့်ကိုလှည့်ကြည့်လိုက်ပြီးမှ ဟွိုက်စန်းဘက်ကိုပြန်လှည့်ကာ

"ဘာ.. ဘာလဲ မင်းစကားကြီးက"

"ဘာဖြစ်ရမှာလဲ မင်းတို့ကနေ့တိုင်းကျောင်းကိုနောက်ကျမှရောက်တယ်လေ။ အဲ့တော့ငါတို့က အမြဲထိုင်စောင့်နေရတာကောင်းသလားပြော"

ထိုစကားကြားမှရိပေါ်မှာ လည်ပင်းကိုအသာပွတ်ရင်း သက်ပြင်းချမိတော့သည်။ ရှောင်းကျန့်ကတော့သူ့ကို မျက်ခုံးပင့်လို့ဘာလဲဆိုသည့်သဘောဖြင့်ကြည့်နေသည်။ ရိပေါ်လည်းဘာမှပြန်ပြောမနေတော့ပဲ ခုံမှာဝင်ထိုင်ရင်း မနက်စာစားဖို့ပြင်ရသည်။ မနက်ကတုန်းက အိမ်မှာကိစ္စတွေရှုပ်ယှက်ခတ်သွားတာနဲ့ ဘာမှမစားလိုက်ရဘူးမဟုတ်လား။ ပြီးတော့ ရှောင်းကျန့်ယုတ်မာထားလို့လည်း သူ့တစ်ကိုယ်လုံးဟိုနားဒီနားက ကိုက်ခဲနေသေးတာ။

ကိုယ့်ဟာကိုယ်တွေးချင်ရာတွေးပြီးမှ ရှောင်းကျန့်မျက်နှာကြီးပြေးမြင်ပြီး သူ့တစ်ကိုယ်လုံးထူပူသွားတော့သည်။ ရှက်စရာကောင်းလိုက်တာ။ ညကကိစ္စကို သူ့ဘက်ကအရင်မေ့လိုက်ဖို့ပြောထားပြီးကာမှ သူကပဲပြန်ပြီးတွေးနေမိတာမို့ ရိပေါ်မှာကိုယ့်အဖြစ်ကိုယ်ပြန်တွေးပြီး ရှက်နေမိသည်။

"ဝါး... ဟိုမှာအောင်နိူင်သူကြီးလာပြီကွာ။ ဘယ်လိုလဲ သားရီး ညကတော်တော်မှခရီးပေါက်ရဲ့လား။ မင်းကိုကြည့်ရတာ မျက်တွင်းတွေလည်းချောင်လို့ ညကအိပ်ရောအိပ်ခဲ့ရဲ့လားကွာ ဟား ဟား ဟား"

သူတို့ထိုင်နေတဲ့ဝိုင်းဆီကို လျှောက်လာနေတဲ့ဟောက်ရွှမ်းကိုမြင်တော့ ကျင်းရီနဲ့ဟွိုက်စန်းက အာပေါင်အာရင်းသန်သန်ပြောရင်း တဝါးဝါးတဟားဟားနဲ့ပွဲကျနေတာမို့ ရိပေါ်နဲ့ရှောင်းကျန့်ကနားမလည်စွာဖြင့်ကြည့်နေမိသည်။ ဟောက်ရွှမ်းကမဲ့ရှုံ့နေတဲ့မျက်နှာဖြင့် ခုံမှာဝင်ထိုင်ရင်း

"ဘာကိုခရီးပေါက်ရမှာလဲ။ ကျိယန်ကငါ့ကိုငြင်းလွှတ်လိုက်တယ်ကွ"

အော်ငိုတော့မတတ်ငြီးငြူလာတဲ့ဟောက်ရွှမ်းရဲ့စကားကြောင့် ဟွိုက်စန်းခေါင်းကိုတဗြင်းဗြင်းမြည်အောင်ကုပ်လိုက်မိသည်။

"ငါမင်းကို ရဲဆေးလာတင်ပေးတယ်လေကွာ။ ပြီးတော့ မင်းရဲ့စားဖိုမှူးကိုလည်းတိုက်လိုက်သေးတယ်လေ"

ညကဟောက်ရွှမ်းစားဖိုဆောင်ထဲဝင်သွားပြီး တော်တော်ကြာတော့ ဟွိုက်စန်းကလိုက်လာကာ သူနဲ့ကျိယန်ကိုအရက်အတင်းတိုက်သွားတဲ့ကိစ္စကိုပြောလာတာမို့ ဟောက်ရွှမ်းပေစောင်းစောင်းဖြင့်လှမ်းကြည့်ရင်း

"အဲ့တာကြောင့်ပဲကျိယန်ကငါ့ကိုငြင်းလိုက်တာပေါ့ကွ။ မူးမူးရူးရူးနဲ့သူ့ကိုရည်းစားစကားလာပြောတဲ့အပြင် သူ့ကိုပါအရက်တိုက်လို့တဲ့ငါ့ကိုပြောသွားလိုက်တာများရစရာကိုမရှိဘူး။ ငါပြောပါတယ် ဖြည်းဖြည်းချင်းပဲသွားပါမယ်လို့။ အခုတော့မင်းတို့မြှောက်ပေးတဲ့အတိုင်း လိုက်လုပ်မိလို့ ငါဘဝတော့သွားပါပြီ"

ဟောက်ရွှမ်းရဲ့စကားအဆုံး ဟွိုက်စန်းမျက်လုံးအပြူးသားဖြင့်အံ့သြနေမိသည်။

"ဒါဆို ဟောက်ရွှမ်းအတွက်ငါတို့စီစဥ်ပေးထားတဲ့ပုလင်းကဘယ်ကိုရောက်သွားတာလဲ"

"ဖွီး... အဟွတ် အဟွတ်"

"ကျစ်... ဖြည်းဖြည်းသောက်လေကွာ။ မွှန်ကုန်တော့မှာပဲ"

ရှောင်းကျန့်ကတဗြစ်တောက်တောက်ပြောရင်း လက်ကလည်းစားပွဲပေါ်ကတစ်သျှူးကိုယူကာ ရိပေါ်ဆီလှမ်းပေးနေတာမို့ ရိပေါ်အသာလေးလှမ်းယူလိုက်မိသည်။ ဟွိုက်စန်းတို့ကသူတို့အာရုံနဲ့သူတို့မို့ ရိပေါ်ကိုတစ်ချက်သာလှမ်းကြည့်ပြီး ဘာမှမပြောတာတော်သေးသည်။

"lectureအချိန်စနေပြီထင်တယ်။ ငါအရင်သွားနှင့်တော့မယ်"

ရိပေါ်စကားအဆုံး ဆူညံပွက်လောရိုက်နေတဲ့ဟွိုက်စန်းတို့စကားဝိုင်းက တိခနဲငြိမ်ကျသွားပြီး အလောတကြီးထွက်သွားတဲ့ရိပေါ်ကိုသာအထူးတဆန်းလိုက်ကြည့်နေမိကြသည်။ စာဆိုတဲ့အသံကြားရင်တောင် မူးဝေချင်သလို အော့အန်ချင်သလိုဖြစ်တတ်တဲ့ရိပေါ်လိုလူမျိုးက lectureအချိန်ကိုသွားတက်တယ်ပေါ့လေ။ အရင်ဆို tutorialအချိန်တွေမှာတောင် ရှောင်းကျန့်ကချော့တစ်ခါခြောက်တစ်လှည့်နဲ့ မရမကဆွဲခေါ်လာမှအခန်းထဲရောက်တဲ့သူမျိုးမို့ ရိပေါ်ကအခုသူ့စိတ်သူ့သဘောနဲ့lectureအချိန်သွားတက်တယ်ဆိုတာ သူတို့အတွက်တော့ နေအနောက်ဘက်ကထွက်တယ်ဆိုတာထက်ပင် ပိုလို့ထူးဆန်းနေသေးသည်။

ရှောင်းကျန့်ကတော့ထုံးစံအတိုင်း ခေါင်းတခါခါဖြင့်ပြုံးရင်း ရိပေါ်အနောက်ကိုပြေးလိုက်သွားတော့သည်။

ฅ⁠^⁠•⁠ﻌ⁠•⁠^⁠ฅ

"ဟား.... ကျောင်းသားဘဝကပင်ပန်းလိုက်တာ။ ငါဒီအတိုင်းကျောင်းထွက်လိုက်ရင်ကောင်းမလား ရှောင်းကျန့်"

အိမ်ကိုပြန်ရောက်တာနဲ့ ကျောပိုးအိတ်ကိုပစ်ချကာ ဆိုဖာပေါ်ပစ်စလက်ခတ်ထိုင်ချပြီး ငြီးငြီးငြူငြူပြောလာတဲ့ ရိပေါ်ရဲ့စကားကြောင့် ရှောင်းကျန့်ခေါင်းအသာခါလိုက်မိသည်။ ဒါက ကျောင်းကပြန်ရောက်တဲ့အချိန်တိုင်း ရိပေါ်ဆီကကြားရလေ့ရှိတဲ့စကားသံမို့ သူ့အတွက်ထူးဆန်းမနေတော့ပါ။

"ညစာငါဘာပြင်လိုက်ရမလဲ"

သူ့စကားကိုရိပေါ်က အာရုံမရတော့ပဲ ဖုန်းဆီကိုအာရုံရောက်သွားကာ ဂိမ်းဆော့ဖို့ပြင်နေတာမို့ သူလည်းဘာမှပြောမနေတော့ပဲ ရေခဲသေတ္တာထဲကအသီးအရွက်တွေထုတ်ကာ ရိပေါ်အတွက် ခေါက်ဆွဲပြုတ်ပေးဖို့သာပြင်လိုက်သည်။ မီးဖိုချောင်ထဲမှာ ခေါက်ဆွဲပြုတ်နေရင်း တစ်ချက်တစ်ချက်ဧည့်ခန်းထဲကနေထွက်ပေါ်လာတဲ့ ဆဲဆိုသံအချို့ကြောင့် ရှောင်းကျန့်အသာပြုံးလိုက်မိသည်။

"ရှောင်းကျန့်ရေ ငါ့အတွက်ခေါက်... ဟဲဟဲ"

ဂိမ်းဆော့နေရင်းကနေ မော့မကြည့်ပဲရှောင်းကျန့်ကိုသူ့အတွက်ခေါက်ဆွဲပြုတ်ပေးဖို့ လှမ်းအော်ရန်ကြံရွယ်နေတုန်းမှာပင် ခေါက်ဆွဲပြုတ်ပန်းကန်ကိုကိုင်လို့ သူ့အရှေ့ကိုရောက်လာတဲ့ရှောင်းကျန့်ကြောင့် မျက်နှာချိုသွေးလိုက်ရသည်။

"ငါ့သူငယ်ချင်းလေးက အရမ်းချစ်ဖို့ကောင်းတာပဲ။ မင်းရော မစားဘူးလား"

ဖုန်းကိုအကြည့်မပျက်ပဲ ပါးစပ်ကပြောချင်ရာလျှောက်ပြောနေတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်ဟင်းခနဲသက်ပြင်းချလိုက်ရင်း

"ငါဘယ်တုန်းကအဲ့လိုအသင့်စားတွေ စားဖူးလို့လဲ"

ပါးစပ်ကလည်းပြောရင်း ခေါက်ဆွဲပန်းကန်ထဲကအသားလုံးကိုတူနဲ့ညှပ်ကာ ရိပေါ်ရဲ့ပါးစပ်နားကပ်ပေးလိုက်တော့ ရိပေါ်ကသူ့ကိုသွားလေးစိလို့ရယ်ပြရင်း ပါးစပ်ဟပေးလေသည်။ လက်ကလည်းဂိမ်းဆော့ကာ သူခွံ့သမျှကိုအသာတကြည်စားနေတဲ့ရိပေါ်က ရုတ်တရက်မတ်တပ်ထရပ်လိုက်တာမို့ သူပင်ကြောင်သွားရသည်။

"ဘာဖြစ်လို့လဲ ရိပေါ် "

ရိပေါ်ကသူမေးတာကိုမဖြေပဲ ဖုန်းကိုနားမှာကပ်လို့နားထောင်နေရင်း တစ်ဖက်ကပြောသမျှကိုဆူပုတ်ပုတ်ဖြင့် နားထောင်နေလေသည်။ ထို့နောက်သူ့ကိုတစ်ချက်လှမ်းကြည့်ရင်း

"ဟုတ်ကဲ့မား... သားတို့လာခဲ့ပါ့မယ်"

ဒီလောက်ဆိုရိပေါ်ဆူပုတ်ထော်လန်ရတဲ့အကြောင်းအရာကို သိသွားပြီမို့သူဘာမှဆက်မမေးတော့ပဲ ငြိမ်ပြီးထိုင်နေမိသည်။

"ဒီပိတ်ရက်ကျရင် မားတို့ကငါတို့နှစ်ယောက်ကို အိမ်ခဏပြန်လာခဲ့တဲ့။ ငါပြောပြီးသားနော် ရှောင်းကျန့် ငါ..."

"ငါမင်းကိုဘယ်လိုအကြောင်းနဲ့မှ လက်မထပ်နိူင်ဘူး။ မင်းပြောချင်တာအဲ့တာမဟုတ်လား"

သူ့စကားအဆုံးခင် ဖြတ်ပြီးပိတ်ပြောလိုက်တဲ့ရှောင်းကျန့်ကြောင့် ရိပေါ်အရှက်ပြေချောင်းဟန့်လိုက်ရင်း

"သိရင်ပြီးတာပဲ။ ပြီးတော့..."

ရိပေါ်ကအိပ်ခန်းထဲဝင်သွားပြီးတော့မှ ပြောစရာကျန်သေးသည့်ပုံဖြင့် တံခါးကိုပြန်ဖွင့်လာကာ

"ဒီနေ့ကစပြီး ဒီအခန်းကငါ့တစ်ယောက်ထဲရဲ့အခန်းဖြစ်သွားပြီ။ မင်းပစ္စည်းတွေကိုမနက်ကျမှလာယူတော့"

ပြောပြီးတာနဲ့ဂျိမ်းခနဲပိတ်သွားတဲ့ အိပ်ခန်းတံခါးကိုသူပါးစပ်အဟောင်းသားဖြင့်ကြည့်နေမိသည်။ ဘာ.. ဘာရယ် တကယ်ဆိုရိပေါ်အခုအပိုင်စီးလိုက်တာကသူ့အခန်းမဟုတ်ဘူးလား။ ဒီကွန်ဒိုကိုစပြီးပြောင်းလာကာစတုန်းက တစ်ယောက်တစ်ခန်းစီနေကြပေမယ့် နောက်ပိုင်းရိပေါ်ကအိမ်အသစ်မှာတစ်ယောက်ထဲအိပ်ရတာ သရဲကြောက်တယ်ဆိုကာ သူ့အခန်းထဲကိုရောက်လာတဲ့အချိန်ကစပြီး သူ့အခန်းကိုနှစ်ယောက်မျှသုံးကြခြင်းဖြစ်သည်။

ဒါကိုအခုတော့ သူကမောင်းထုတ်ခံလိုက်ရသည်တဲ့လား။ ရိပေါ်ကို​ပြောလို့လည်း ရမှာမဟုတ်တာမို့ရှောင်းကျန့်စိတ်ပေါက်ပေါက်ဖြင့် အရှေ့မှာရှိတဲ့ခေါက်ဆွဲပြုတ်ကိုယူစားဖို့ပြင်နေတုန်းမှာပင် ဘယ်အချိန်ကအနားကိုပြန်ရောက်လာမှန်းမသိတဲ့ရိပေါ်က လေအလျင်ဖြင့်ခေါက်ဆွဲပြုတ်ပန်းကန်ကိုဆွဲလုသွားကာ

"ဒါလည်းငါ့ဟာပဲ"

အကောင်းကြီးကနေ ရုတ်တရက်စိတ်ရူးပေါက်သွားတဲ့ရိပေါ်ရဲ့ပုံစံကိုကြည့်ပြီး သူ့မှာဒေါသထွက်ရမယ့်အစား တခွီးခွီးနှင့်သာရယ်နေမိတော့သည်။ ရိပေါ်ကအကြောတင်းသလောက် တစ်ခါတစ်လေကလေးဆန်ပြီဆိုလည်း ဘယ်သူမှကိုလိုက်လို့မမှီတော့တာမျိုး။




တိတိလေးကကတိတည်ပါတယ်နော်....








Zawgyi

ဒီေန႕ကေက်ာင္းပိတ္ရက္မို႔ ၿခံထဲမွာေဘာလုံးကန္ေနရင္း သူ႕ကိုတစ္ေယာက္ေယာက္ကၾကည့္ေနသလိုမ်ိဳးခံစားရတာေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ေဘးကပ္လ်က္ၿခံက ရိေပၚကဝရံတာမွာမတ္တပ္ရပ္လို႔သူ႕ကိုၾကည့္ေနသည္။ မနက္ကမားေျပာတဲ့စကားအရ ရိေပၚတို႔မိသားစုကဒီညခရီးသြားၾကမွာဆိုတာကိုၾကားၿပီး စိတ္မေကာင္းျဖစ္ေနတဲ့ေရွာင္းက်န့္က ရိေပၚကိုျမင္လိုက္ရတာမို႔ ေပ်ာ္႐ႊင္သြားၿပီး ေဘာလုံးကိုလက္ကပိုက္လို႔ ရိေပၚတို႔ၿခံဘက္ကူးသြားလိုက္ေတာ့သည္။

"ဟယ္.. က်န့္က်န့္ေလး မားတို႔ဆီလာလည္တာလား"

ကားေပၚကိုအထုတ္အပိုးေတြတင္ေနတဲ့ ဝမ္မားနဲ႕ဝမ္ပါးက ေရွာင္းက်န့္ကိုျမင္ေတာ့တအံ့တၾသျဖင့္ေျပာလိုက္တဲ့စကားေၾကာင့္ ေရွာင္းက်န့္ေခါင္းကိုတဆတ္ဆတ္ညိမ့္ျပလိုက္မိသည္။ ဝရံတာကိုေမာ့ၾကည့္လိုက္ေတာ့ ရိေပၚကရွိမေနေတာ့တာမို႔ ေရွာင္းက်န့္မ်က္ႏွာကဆူပုတ္ပုတ္ေလးျဖစ္သြားၿပီး

"မားတို႔က ဘယ္သြားၾကမလို႔လဲဟင္"

"ေဟာေတာ့ ရိေပၚေလးကဘာမွမေျပာျပဘူးလား။ မားတို႔က ရိေပၚေလးရဲ႕ဘိုးဘိုးနဲ႕ဘြားဘြားဆီခဏသြားလည္ၾကမလို႔ေလ။ မူႀကိဳေရာက္လို႔က်န့္က်န့္ေလးနဲ႕ေတြ႕ရင္ ဒီေန႕ခရီးသြားမယ့္အေၾကာင္းပါေျပာၿပီးႏႈတ္ဆက္ခဲ့ဖို႔ ေသခ်ာေပါက္မွာလိုက္ပါတယ္"

ဝမ္မားရဲ႕စကားေၾကာင့္ မူႀကိဳမွာတုန္းကသူ႕ကို ဘာစကားမွမေျပာပဲ ဆူပုတ္ပုတ္နဲ႕ျပန္သြားတဲ့ရိေပၚပုံစံကိုျပန္ေတြးမိသည္။ အရင္က သူနဲ႕ရိေပၚက မူႀကိဳကိုအတူတူသြားၾကၿပီး မုန့္စားရင္လည္းအတူစားၾကေပမယ့္ ဒီေန႕မုန့္စားဆင္းေတာ့ရိေပၚကတစ္ေယာက္ထဲအရင္စားၿပီး အိပ္ခ်ိန္ေရာက္ေတာ့လည္းအရင္လိုသူ႕ေဘးမွာမအိပ္ပဲ အစြန္မွာသြားအိပ္သည္။ ရိေပၚသူ႕ကိုဘာလို႔စိတ္ဆိုးေနရသလဲဆိုတာ သူသိပ္သိခ်င္သည္။ ခဏၾကာေတာ့ ရိေပၚကအိမ္ထဲကထြက္လာတာမို႔ ရိေပၚဆီကိုေရွာင္းက်န့္ေျပးသြားလိုက္မိသည္။

"ရိေပၚ မင္းကမင္းရဲ႕ဘိုးနဲ႕ဘြားဆီသြားလည္မလို႔ဆို"

"အြန္း.."

ရိေပၚကသူ႕ကိုေမာ့မၾကည့္ပဲ ဆူပုတ္ပုတ္မ်က္ႏွာေလးျဖင့္ေခါင္းညိမ့္ျပသည္။

"အၾကာႀကီးသြားမွာလားဟင္။ မင္းမရွိရင္ မူႀကိဳမွာငါတစ္ေယာက္ထဲပ်င္းေနေတာ့မွာပဲ။ ျမန္ျမန္ျပန္လာေနာ္ ရိေပၚ "

"ေလာ့ယန္မွာက ငါ့သူငယ္ခ်င္းေတြအမ်ားႀကီးရွိတယ္။ ငါကအဲ့မွာအၾကာႀကီးေနဦးမွာ ဟြန့္"

ရိေပၚကေဆာင့္ေဆာင့္ေအာင့္ေအာင့္ေလးေျပာၿပီး ကားေပၚကိုေျပးတက္သြားေလသည္။ က်န္ေနခဲ့တဲ့ေရွာင္းက်န့္မွာသာ လက္ထဲမွာပိုက္ထားတဲ့ေဘာလုံးကိုပစ္ခ်လိဳ႕ ဝါးခနဲထငိုတာမို႔ ဝမ္မားကပဲေခ်ာ့ေမာ့ၿပီးအိမ္ျပန္ပို႔ေပးခဲ့ရသည္။ ၿပီးေတာ့ ေနာက္ႏွစ္ရက္ေလာက္ေနရင္ ျပန္လာခဲ့မယ္ဆိုတဲ့အေၾကာင္းလည္းေျပာသြားသည္။ လူႀကီးေတြကမုန့္ေတြေပးၿပီး အမ်ိဳးစုံေခ်ာ့ေမာ့ေနေပမယ့္လည္း ေရွာင္းက်န့္မွာေတာ့ ရိေပၚကသူ႕ကိုမေခၚေတာ့ပဲ အျခားသူငယ္ခ်င္းေတြနဲ႕သြားေဆာ့တယ္ဆိုတာကိုေတြးမိၿပီး ဝမ္းနည္းမဆုံးျဖစ္ေနေတာ့သည္။

"သားကလည္းကြယ္ က်န့္က်န့္ေလးကသားကိုဒီေလာက္ခင္တာကို ဘာလို႔အဲ့လိုေျပာလိုက္ရတာလဲ။ က်န့္က်န့္ေလးကို အနိူင္က်င့္တာကိုမားမႀကိဳက္ဘူးလို႔ေျပာထားတယ္ေနာ္"

မားရဲ႕စကားေၾကာင့္ ရိေပၚမ်က္ႏွာေလးကဆူပုတ္ပုတ္ျဖစ္ေနရာမွ တျဖည္းျဖည္းမဲ့တဲ့တဲ့ေလးျဖစ္လာၿပီး

"ဒီေန႕ ေရွာင္းက်န့္ဝတ္လာတဲ့အက်ီအေရာင္က ခ်င္းခ်င္းဆိုတဲ့ေကာင္မေလးနဲ႕ဆင္တူျဖစ္ေနတာ သားမွမႀကိဳက္တာ"

"ေဟ...."

ဝမ္မားနဲ႕ဝမ္ပါးမွာေတာ့ မတိုင္ပင္ထားပါပဲတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လို႔ ဘာဆက္ေျပာရမွန္းမသိပဲ ရယ္ရခက္ငိုရခက္ျဖစ္သြားၾကေတာ့သည္။

ฅ⁠^⁠•⁠ﻌ⁠•⁠^⁠ฅ

အရင္ထဲက သူတို႔ႏွစ္ေယာက္ကေက်ာင္းကိုအတူသြားေနၾကမို႔ ကားေပၚမွာထိုင္ကာ ရိေပၚကိုေစာင့္ေနရင္း ညကအေၾကာင္းကိုျပန္ေတြးေနမိသည္။ ညကဘယ္လိုျဖစ္ၿပီး အဲ့လိုအေျခအေနထိေရာက္သြားသလဲဆိုတာ သူျဖင့္စဥ္းစားလို႔ပင္မရ။ ရိေပၚနဲ႕သူနဲ႕သိတာ သူတို႔တစ္သက္လို႔ပင္ေျပာလို႔ရသည္။ ရိေပၚအေပၚမွာ ဒီလိုက်ဴးလြန္ဖို႔မေျပာနဲ႕ မရိုးမသားစိတ္နဲ႕ပင္ မၾကည့္ခဲ့ဖူးေပ။

သူတို႔ဒီအေျခအေနအထိျဖစ္သြားတာ ေသခ်ာေပါက္ေနာက္ကြယ္မွာအေၾကာင္းတစ္ခုခုရွိရမည္။ ပုံမွန္စိတ္နဲ႕သာဆို ရိေပၚနဲ႕ဒီလိုမ်ိဳးျဖစ္သြားစရာအေၾကာင္းရွိမွာမဟုတ္ေပ။ ခုနကသူလည္း မိဘေတြအေရွ႕မွာမို႔ အလြယ္ေျပာလိုက္ၿပီးမွ ရိေပၚနဲ႕သူ႕ကိုသာတကယ္တမ္းလက္ထပ္ေပးလိုက္ရင္ဆိုတာကိုေတြးမိၿပီး ေနမထိထိုင္မတတ္ျဖစ္လို႔ေနသည္။ ရိေပၚနဲ႕သူနဲ႕က အူမေခ်းခါးမက်န္သိေနတဲ့သူငယ္ခ်င္းအရင္းႀကီးေတြမို႔ ရိေပၚကိုသူ႕ရဲ႕အိမ္ေထာင္ဖက္အေနနဲ႕ ေတြးၾကည့္႐ုံနဲ႕တင္ ၾကက္သီးထစရာေကာင္းလွသည္။

"ေဆာရီး နာရီရွာမေတြ႕လို႔နည္းနည္းေနာက္က်သြားတယ္"

ကိုယ့္အေတြးနဲ႕ကိုယ္ စဥ္းစားေနတာနဲ႕ရိေပၚကားေပၚတက္လာတာကိုပင္ သတိမထားမိလိုက္။ ရိေပၚရဲ႕စကားေၾကာင့္ ညကသူတို႔ႏွစ္ေယာက္လုံးစိတ္ေတြအေမွာင္ဖုံးၿပီး နာရီေတြလြယ္အိတ္ေတြကို ဧည့္ခန္းထဲမွာပစ္ခ်င္တိုင္းပစ္လိုက္ၾကတာကိုေတြးမိသြားတာမို႔ သူ႕မ်က္ႏွာတစ္ျပင္လုံးပူရွိန္းတက္လာေလသည္။ ရိေပၚကိုလွမ္းၾကည့္လိုက္ေတာ့ သူ႕အာ႐ုံနဲ႕သူဖုန္းကိုငုံ႕ၾကည့္ေနတာမို႔ ေတာ္ေသးသည္။

"ညကကိစၥကို ဟိုေကာင္ေတြအေရွ႕မွာေယာင္လို႔ေတာင္မေျပာမိပါေစနဲ႕"

ရိေပၚကဖုန္းဆီကေနအၾကည့္မလႊဲပဲ ေျပာလာတဲ့စကားေၾကာင့္ ေရွာင္းက်န့္ကားစက္ႏွိုးေနရာကေန ဟက္ခနဲရယ္လိုက္ရင္း

"ေျပာရေအာင္ ဘာေတြေကာင္းမြန္ေနတဲ့ကိစၥမို႔လို႔လဲ"

ခနဲ႕တဲ့တဲ့ေျပာလိုက္တဲ့ေရွာင္းက်န့္ရဲ႕စကားေၾကာင့္ ရိေပၚဖုန္းကိုအာ႐ုံစိုက္ေနရာကေန ေရွာင္းက်န့္ကိုမေက်မခ်မ္းလွမ္းၾကည့္လိုက္မိသည္။ အျမင္ကပ္စရာေကာင္းလိုက္တာ အ႐ူးေကာင္။

ေက်ာင္းကိုေရာက္သြားေတာ့ ထုံးစံအတိုင္းအတန္းကိုမသြားေသးပဲ ကန္တင္းဘက္ကိုသာအရင္ဆုံးေလွ်ာက္လာလိုက္သည္။ သူတို႔ထိုင္ေနၾကဆိုင္မွာ ဟြိုက္စန္းတို႔အုပ္စုက ထိုင္ေနၿပီးသူတို႔ႏွစ္ေယာက္ကိုျမင္ေတာ့လက္လွမ္းျပတာမို႔ ရိေပၚအေရွ႕ကေနအရင္ေလွ်ာက္လာလိုက္သည္။

"မင္းတို႔ႏွစ္ေယာက္လည္းေနာ္ ငါမေျပာခ်င္ဘူး"

ခရီးေရာက္မဆိုက္ေျပာခ်လိဳက္တဲ့ဟြိုက္စန္းရဲ႕စကားေၾကာင့္ ရိေပၚမလုံမလဲျဖင့္ အေနာက္ကေနကပ္ၿပီးပါလာတဲ့ေရွာင္းက်န့္ကိုလွည့္ၾကည့္လိုက္ၿပီးမွ ဟြိုက္စန္းဘက္ကိုျပန္လွည့္ကာ

"ဘာ.. ဘာလဲ မင္းစကားႀကီးက"

"ဘာျဖစ္ရမွာလဲ မင္းတို႔ကေန႕တိုင္းေက်ာင္းကိုေနာက္က်မွေရာက္တယ္ေလ။ အဲ့ေတာ့ငါတို႔က အၿမဲထိုင္ေစာင့္ေနရတာေကာင္းသလားေျပာ"

ထိုစကားၾကားမွရိေပၚမွာ လည္ပင္းကိုအသာပြတ္ရင္း သက္ျပင္းခ်မိေတာ့သည္။ ေရွာင္းက်န့္ကေတာ့သူ႕ကို မ်က္ခုံးပင့္လို႔ဘာလဲဆိုသည့္သေဘာျဖင့္ၾကည့္ေနသည္။ ရိေပၚလည္းဘာမွျပန္ေျပာမေနေတာ့ပဲ ခုံမွာဝင္ထိုင္ရင္း မနက္စာစားဖို႔ျပင္ရသည္။ မနက္ကတုန္းက အိမ္မွာကိစၥေတြရႈပ္ယွက္ခတ္သြားတာနဲ႕ ဘာမွမစားလိုက္ရဘူးမဟုတ္လား။ ၿပီးေတာ့ ေရွာင္းက်န့္ယုတ္မာထားလို႔လည္း သူ႕တစ္ကိုယ္လုံးဟိုနားဒီနားက ကိုက္ခဲေနေသးတာ။

ကိုယ့္ဟာကိုယ္ေတြးခ်င္ရာေတြးၿပီးမွ ေရွာင္းက်န့္မ်က္ႏွာႀကီးေျပးျမင္ၿပီး သူ႕တစ္ကိုယ္လုံးထူပူသြားေတာ့သည္။ ရွက္စရာေကာင္းလိုက္တာ။ ညကကိစၥကို သူ႕ဘက္ကအရင္ေမ့လိုက္ဖို႔ေျပာထားၿပီးကာမွ သူကပဲျပန္ၿပီးေတြးေနမိတာမို႔ ရိေပၚမွာကိုယ့္အျဖစ္ကိုယ္ျပန္ေတြးၿပီး ရွက္ေနမိသည္။

"ဝါး... ဟိုမွာေအာင္နိူင္သူႀကီးလာၿပီကြာ။ ဘယ္လိုလဲ သားရီး ညကေတာ္ေတာ္မွခရီးေပါက္ရဲ႕လား။ မင္းကိုၾကည့္ရတာ မ်က္တြင္းေတြလည္းေခ်ာင္လို႔ ညကအိပ္ေရာအိပ္ခဲ့ရဲ႕လားကြာ ဟား ဟား ဟား"

သူတို႔ထိုင္ေနတဲ့ဝိုင္းဆီကို ေလွ်ာက္လာေနတဲ့ေဟာက္႐ႊမ္းကိုျမင္ေတာ့ က်င္းရီနဲ႕ဟြိုက္စန္းက အာေပါင္အာရင္းသန္သန္ေျပာရင္း တဝါးဝါးတဟားဟားနဲ႕ပြဲက်ေနတာမို႔ ရိေပၚနဲ႕ေရွာင္းက်န့္ကနားမလည္စြာျဖင့္ၾကည့္ေနမိသည္။ ေဟာက္႐ႊမ္းကမဲ့ရႈံ႕ေနတဲ့မ်က္ႏွာျဖင့္ ခုံမွာဝင္ထိုင္ရင္း

"ဘာကိုခရီးေပါက္ရမွာလဲ။ က်ိယန္ကငါ့ကိုျငင္းလႊတ္လိုက္တယ္ကြ"

ေအာ္ငိုေတာ့မတတ္ၿငီးျငဴလာတဲ့ေဟာက္႐ႊမ္းရဲ႕စကားေၾကာင့္ ဟြိုက္စန္းေခါင္းကိုတျဗင္းျဗင္းျမည္ေအာင္ကုပ္လိုက္မိသည္။

"ငါမင္းကို ရဲေဆးလာတင္ေပးတယ္ေလကြာ။ ၿပီးေတာ့ မင္းရဲ႕စားဖိုမႉးကိုလည္းတိုက္လိုက္ေသးတယ္ေလ"

ညကေဟာက္႐ႊမ္းစားဖိုေဆာင္ထဲဝင္သြားၿပီး ေတာ္ေတာ္ၾကာေတာ့ ဟြိုက္စန္းကလိုက္လာကာ သူနဲ႕က်ိယန္ကိုအရက္အတင္းတိုက္သြားတဲ့ကိစၥကိုေျပာလာတာမို႔ ေဟာက္႐ႊမ္းေပေစာင္းေစာင္းျဖင့္လွမ္းၾကည့္ရင္း

"အဲ့တာေၾကာင့္ပဲက်ိယန္ကငါ့ကိုျငင္းလိုက္တာေပါ့ကြ။ မူးမူး႐ူး႐ူးနဲ႕သူ႕ကိုရည္းစားစကားလာေျပာတဲ့အျပင္ သူ႕ကိုပါအရက္တိုက္လို႔တဲ့ငါ့ကိုေျပာသြားလိုက္တာမ်ားရစရာကိုမရွိဘူး။ ငါေျပာပါတယ္ ျဖည္းျဖည္းခ်င္းပဲသြားပါမယ္လို႔။ အခုေတာ့မင္းတို႔ျမႇောက္ေပးတဲ့အတိုင္း လိုက္လုပ္မိလို႔ ငါဘဝေတာ့သြားပါၿပီ"

ေဟာက္႐ႊမ္းရဲ႕စကားအဆုံး ဟြိုက္စန္းမ်က္လုံးအျပဴးသားျဖင့္အံ့ၾသေနမိသည္။

"ဒါဆို ေဟာက္႐ႊမ္းအတြက္ငါတို႔စီစဥ္ေပးထားတဲ့ပုလင္းကဘယ္ကိုေရာက္သြားတာလဲ"

"ဖြီး... အဟြတ္ အဟြတ္"

"က်စ္... ျဖည္းျဖည္းေသာက္ေလကြာ။ မႊန္ကုန္ေတာ့မွာပဲ"

ေရွာင္းက်န့္ကတျဗစ္ေတာက္ေတာက္ေျပာရင္း လက္ကလည္းစားပြဲေပၚကတစ္သ်ႉးကိုယူကာ ရိေပၚဆီလွမ္းေပးေနတာမို႔ ရိေပၚအသာေလးလွမ္းယူလိုက္မိသည္။ ဟြိုက္စန္းတို႔ကသူတို႔အာ႐ုံနဲ႕သူတို႔မို႔ ရိေပၚကိုတစ္ခ်က္သာလွမ္းၾကည့္ၿပီး ဘာမွမေျပာတာေတာ္ေသးသည္။

"lectureအခ်ိန္စေနၿပီထင္တယ္။ ငါအရင္သြားႏွင့္ေတာ့မယ္"

ရိေပၚစကားအဆုံး ဆူညံပြက္ေလာရိုက္ေနတဲ့ဟြိုက္စန္းတို႔စကားဝိုင္းက တိခနဲၿငိမ္က်သြားၿပီး အေလာတႀကီးထြက္သြားတဲ့ရိေပၚကိုသာအထူးတဆန္းလိုက္ၾကည့္ေနမိၾကသည္။ စာဆိုတဲ့အသံၾကားရင္ေတာင္ မူးေဝခ်င္သလို ေအာ့အန္ခ်င္သလိုျဖစ္တတ္တဲ့ရိေပၚလိုလူမ်ိဳးက lectureအခ်ိန္ကိုသြားတက္တယ္ေပါ့ေလ။ အရင္ဆို tutorialအခ်ိန္ေတြမွာေတာင္ ေရွာင္းက်န့္ကေခ်ာ့တစ္ခါေျခာက္တစ္လွည့္နဲ႕ မရမကဆြဲေခၚလာမွအခန္းထဲေရာက္တဲ့သူမ်ိဳးမို႔ ရိေပၚကအခုသူ႕စိတ္သူ႕သေဘာနဲ႕lectureအခ်ိန္သြားတက္တယ္ဆိုတာ သူတို႔အတြက္ေတာ့ ေနအေနာက္ဘက္ကထြက္တယ္ဆိုတာထက္ပင္ ပိုလို႔ထူးဆန္းေနေသးသည္။

ေရွာင္းက်န့္ကေတာ့ထုံးစံအတိုင္း ေခါင္းတခါခါျဖင့္ၿပဳံးရင္း ရိေပၚအေနာက္ကိုေျပးလိုက္သြားေတာ့သည္။

ฅ⁠^⁠•⁠ﻌ⁠•⁠^⁠ฅ

"ဟား.... ေက်ာင္းသားဘဝကပင္ပန္းလိုက္တာ။ ငါဒီအတိုင္းေက်ာင္းထြက္လိုက္ရင္ေကာင္းမလား ေရွာင္းက်န့္"

အိမ္ကိုျပန္ေရာက္တာနဲ႕ ေက်ာပိုးအိတ္ကိုပစ္ခ်ကာ ဆိုဖာေပၚပစ္စလက္ခတ္ထိုင္ခ်ၿပီး ၿငီးၿငီးျငဴျငဴေျပာလာတဲ့ ရိေပၚရဲ႕စကားေၾကာင့္ ေရွာင္းက်န့္ေခါင္းအသာခါလိုက္မိသည္။ ဒါက ေက်ာင္းကျပန္ေရာက္တဲ့အခ်ိန္တိုင္း ရိေပၚဆီကၾကားရေလ့ရွိတဲ့စကားသံမို႔ သူ႕အတြက္ထူးဆန္းမေနေတာ့ပါ။

"ညစာငါဘာျပင္လိုက္ရမလဲ"

သူ႕စကားကိုရိေပၚက အာ႐ုံမရေတာ့ပဲ ဖုန္းဆီကိုအာ႐ုံေရာက္သြားကာ ဂိမ္းေဆာ့ဖို႔ျပင္ေနတာမို႔ သူလည္းဘာမွေျပာမေနေတာ့ပဲ ေရခဲေသတၱာထဲကအသီးအ႐ြက္ေတြထုတ္ကာ ရိေပၚအတြက္ ေခါက္ဆြဲျပဳတ္ေပးဖို႔သာျပင္လိုက္သည္။ မီးဖိုေခ်ာင္ထဲမွာ ေခါက္ဆြဲျပဳတ္ေနရင္း တစ္ခ်က္တစ္ခ်က္ဧည့္ခန္းထဲကေနထြက္ေပၚလာတဲ့ ဆဲဆိုသံအခ်ိဳ႕ေၾကာင့္ ေရွာင္းက်န့္အသာၿပဳံးလိုက္မိသည္။

"ေရွာင္းက်န့္ေရ ငါ့အတြက္ေခါက္... ဟဲဟဲ"

ဂိမ္းေဆာ့ေနရင္းကေန ေမာ့မၾကည့္ပဲေရွာင္းက်န့္ကိုသူ႕အတြက္ေခါက္ဆြဲျပဳတ္ေပးဖို႔ လွမ္းေအာ္ရန္ႀကံ႐ြယ္ေနတုန္းမွာပင္ ေခါက္ဆြဲျပဳတ္ပန္းကန္ကိုကိုင္လို႔ သူ႕အေရွ႕ကိုေရာက္လာတဲ့ေရွာင္းက်န့္ေၾကာင့္ မ်က္ႏွာခ်ိဳေသြးလိုက္ရသည္။

"ငါ့သူငယ္ခ်င္းေလးက အရမ္းခ်စ္ဖို႔ေကာင္းတာပဲ။ မင္းေရာ မစားဘူးလား"

ဖုန္းကိုအၾကည့္မပ်က္ပဲ ပါးစပ္ကေျပာခ်င္ရာေလွ်ာက္ေျပာေနတဲ့ရိေပၚေၾကာင့္ ေရွာင္းက်န့္ဟင္းခနဲသက္ျပင္းခ်လိဳက္ရင္း

"ငါဘယ္တုန္းကအဲ့လိုအသင့္စားေတြ စားဖူးလို႔လဲ"

ပါးစပ္ကလည္းေျပာရင္း ေခါက္ဆြဲပန္းကန္ထဲကအသားလုံးကိုတူနဲ႕ညွပ္ကာ ရိေပၚရဲ႕ပါးစပ္နားကပ္ေပးလိုက္ေတာ့ ရိေပၚကသူ႕ကိုသြားေလးစိလို႔ရယ္ျပရင္း ပါးစပ္ဟေပးေလသည္။ လက္ကလည္းဂိမ္းေဆာ့ကာ သူခြံ႕သမွ်ကိုအသာတၾကည္စားေနတဲ့ရိေပၚက ႐ုတ္တရက္မတ္တပ္ထရပ္လိုက္တာမို႔ သူပင္ေၾကာင္သြားရသည္။

"ဘာျဖစ္လို႔လဲ ရိေပၚ "

ရိေပၚကသူေမးတာကိုမေျဖပဲ ဖုန္းကိုနားမွာကပ္လို႔နားေထာင္ေနရင္း တစ္ဖက္ကေျပာသမွ်ကိုဆူပုတ္ပုတ္ျဖင့္ နားေထာင္ေနေလသည္။ ထို႔ေနာက္သူ႕ကိုတစ္ခ်က္လွမ္းၾကည့္ရင္း

"ဟုတ္ကဲ့မား... သားတို႔လာခဲ့ပါ့မယ္"

ဒီေလာက္ဆိုရိေပၚဆူပုတ္ေထာ္လန္ရတဲ့အေၾကာင္းအရာကို သိသြားၿပီမို႔သူဘာမွဆက္မေမးေတာ့ပဲ ၿငိမ္ၿပီးထိုင္ေနမိသည္။

"ဒီပိတ္ရက္က်ရင္ မားတို႔ကငါတို႔ႏွစ္ေယာက္ကို အိမ္ခဏျပန္လာခဲ့တဲ့။ ငါေျပာၿပီးသားေနာ္ ေရွာင္းက်န့္ ငါ..."

"ငါမင္းကိုဘယ္လိုအေၾကာင္းနဲ႕မွ လက္မထပ္နိူင္ဘူး။ မင္းေျပာခ်င္တာအဲ့တာမဟုတ္လား"

သူ႕စကားအဆုံးခင္ ျဖတ္ၿပီးပိတ္ေျပာလိုက္တဲ့ေရွာင္းက်န့္ေၾကာင့္ ရိေပၚအရွက္ေျပေခ်ာင္းဟန့္လိုက္ရင္း

"သိရင္ၿပီးတာပဲ။ ၿပီးေတာ့..."

ရိေပၚကအိပ္ခန္းထဲဝင္သြားၿပီးေတာ့မွ ေျပာစရာက်န္ေသးသည့္ပုံျဖင့္ တံခါးကိုျပန္ဖြင့္လာကာ

"ဒီေန႕ကစၿပီး ဒီအခန္းကငါ့တစ္ေယာက္ထဲရဲ႕အခန္းျဖစ္သြားၿပီ။ မင္းပစၥည္းေတြကိုမနက္က်မွလာယူေတာ့"

ေျပာၿပီးတာနဲ႕ဂ်ိမ္းခနဲပိတ္သြားတဲ့ အိပ္ခန္းတံခါးကိုသူပါးစပ္အေဟာင္းသားျဖင့္ၾကည့္ေနမိသည္။ ဘာ.. ဘာရယ္ တကယ္ဆိုရိေပၚအခုအပိုင္စီးလိုက္တာကသူ႕အခန္းမဟုတ္ဘူးလား။ ဒီကြန္ဒိုကိုစၿပီးေျပာင္းလာကာစတုန္းက တစ္ေယာက္တစ္ခန္းစီေနၾကေပမယ့္ ေနာက္ပိုင္းရိေပၚကအိမ္အသစ္မွာတစ္ေယာက္ထဲအိပ္ရတာ သရဲေၾကာက္တယ္ဆိုကာ သူ႕အခန္းထဲကိုေရာက္လာတဲ့အခ်ိန္ကစၿပီး သူ႕အခန္းကိုႏွစ္ေယာက္မွ်သုံးၾကျခင္းျဖစ္သည္။

ဒါကိုအခုေတာ့ သူကေမာင္းထုတ္ခံလိုက္ရသည္တဲ့လား။ ရိေပၚကို​ေျပာလို႔လည္း ရမွာမဟုတ္တာမို႔ေရွာင္းက်န့္စိတ္ေပါက္ေပါက္ျဖင့္ အေရွ႕မွာရွိတဲ့ေခါက္ဆြဲျပဳတ္ကိုယူစားဖို႔ျပင္ေနတုန္းမွာပင္ ဘယ္အခ်ိန္ကအနားကိုျပန္ေရာက္လာမွန္းမသိတဲ့ရိေပၚက ေလအလ်င္ျဖင့္ေခါက္ဆြဲျပဳတ္ပန္းကန္ကိုဆြဲလုသြားကာ

"ဒါလည္းငါ့ဟာပဲ"

အေကာင္းႀကီးကေန ႐ုတ္တရက္စိတ္႐ူးေပါက္သြားတဲ့ရိေပၚရဲ႕ပုံစံကိုၾကည့္ၿပီး သူ႕မွာေဒါသထြက္ရမယ့္အစား တခြီးခြီးႏွင့္သာရယ္ေနမိေတာ့သည္။ ရိေပၚကအေၾကာတင္းသေလာက္ တစ္ခါတစ္ေလကေလးဆန္ၿပီဆိုလည္း ဘယ္သူမွကိုလိုက္လို႔မမွီေတာ့တာမ်ိဳး။




တိတိေလးကကတိတည္ပါတယ္ေနာ္....

Continue Reading

You'll Also Like

690K 12.1K 40
Elizabeth Marie Routledge, sneaking around with the king kook... surely her brother won't appreciate it, even if he's dating the kook princess. au: g...
2.5K 211 4
ยฟPorque la familia Watts se habรญa ido de California si eran tan felices ahรญ? ยฟque secreto ocultaban?
4.8K 645 14
แ€’แ€ซแ€œแ€ฑแ€ธแ€€ แ€žแ€ฐแ€„แ€šแ€บแ€แ€ปแ€„แ€บแ€ธแ€›แ€ฑแ€ธแ€แ€ฌแ€œแ€ฑแ€ธแ€•แ€ซ...แ€žแ€ฐแ€ทaccแ€€แ€•แ€ปแ€€แ€บแ€žแ€ฝแ€ฌแ€ธแ€œแ€ญแ€ฏแ€ท แ€€แ€ญแ€ฏแ€šแ€บแ€€แ€กแ€…แ€ฌแ€ธแ€‘แ€ญแ€ฏแ€ธแ€แ€„แ€บแ€•แ€ฑแ€ธแ€แ€ฌแ€•แ€ซ
3.7K 251 14
แ€กแ€–แ€ผแ€ฐแ€…แ€„แ€บแ€†แ€ฏแ€ถแ€ธแ€กแ€แ€ปแ€…แ€บแ€แ€ญแ€ฏแ€ท แ€™แ€„แ€บแ€ธแ€‘แ€ถแ€•แ€ฑแ€ธแ€กแ€•แ€บแ€•แ€ซแ€แ€šแ€บ แ€›แ€พแ€ฑแ€ฌแ€„แ€บแ€ธแ€„แ€šแ€บ.........แ‹