Love From Two Worlds

By khantmemezaw

342 21 3

သေဆုံးခြင်းက ကြောက်ဖို့ကောင်းတယ်...။ အထူးသဖြင့် မင်းကို တွေ့ချင်တဲ့ ဆန္ဒလေး မပြည့်ဝခင် သေဆုံးခြင်းက ပိုလို့ခြ... More

∆ Alert!!Must To Read∆
Everything starts here
-1-
-2-
-3-
-4-

- 5 -

26 1 0
By khantmemezaw

° ဝမ်ရိပေါ် ° 00:00min

"နောက်ဆုံးတော့ ဒီအချိန်ရောက်လာပြီ ။
သွားကြရအောင် "

အနက်ရောင်ကားလေးဟာ တရွေ့ရွေ့နဲ့ အထက်သို့သွားမည့် လှိုဏ်ဂူထဲကို ဖြတ်သန်းလာတယ်။
ဝတ်စုံအမည်းနဲ့ သေမင်းတမာန်က ကားဆီမှ
ဝမ်ရိပေါ်ရဲ့ အခုလတ်တလော ထွက်ထားတဲ့
သီချင်းအသစ် ။ သေမင်းတမာန်ရဲ့ မျက်နှာက ပြုံးဖြီးနေသည်။

"ဝမ်ရိပေါ်ရဲ့ ပရိတ်သတ် ပါ ။ အခုလို ခရီးကို ပို့ဆောင်ခွင့်ရတဲ့အတွက် အရမ်းကို ပီတိဖြစ်မိပါတယ်။ တောင်းပန်ပါတယ် သေဆုံးသူရှေ့မှာ မရယ်သင့်ပေမဲ့ အရမ်း ပျော်မိလို့ပါ"

စီနီယာရှောင်းကျန့် ‌အတွက်တော့ စိတ်မကောင်းပါဘူး။ အထက်က အလိုရှိနေတဲ့ ဝမ်ရိပေါ်ကို ပို့ဆောင်နိုင်တဲ့သူ့အတွက် ဆုတံဆိပ်ခပ်ကြီးကြီးကစောင့်မျှော်နေတော့မည်။

"ဝမ်ရိပေါ် အန်နေတာလား ။ ကျွန်တော့်ကား
အသစ်လေးပေါ်...ရပါတယ် နောက်မှသန့်‌ရှင်းရေးလုပ်လိုက်မယ် "

ဦးထုပ်ငိုက်စိုက်ဆောင်းထားတဲ့ ဝမ်ရိပေါ်က ခေါင်းပင်မထောင်နိုင် အန်ချရင်း အထက်သို့ လိုက်ပါခဲ့ရချေပြီ။

           ______________

" တောင်းပန်ပါတယ်  ။ နောက်ခါဒီလိုအလွဲမျိုးမရှိအောင် ဆင်ခြင်ပါ့မယ်။  ဟုတ်ကဲ့... ပထမဆုံးနှင်းကျတဲ့အချိန်ထိ ခေါ်ဆောင်ခွင့်ရှိသေးတာမို့ စိတ်မပူပါနဲ့ ။ ကောင်းပါပြီ "

မန်နေဂျာရှင်းက ရိပေါ်ကို ပို့ဆောင်နိုင်သွားပြီထင်တဲ့ သေမင်း ကို ရယ်လို့ကြည့်တယ် ။

"သိပ်တော်တယ် "

" မဖြစ်နိုင်တာ ။ ကျွန်တော့်နာရီမှာ ဝမ်ရိပေါ်လို့ သေချာပေါက်ပေါ်လာပြီးမို့ သွားခေါ်ခဲ့တာ "

"အဲ့တာနဲ့ပဲ  တစ်ယောက်တည်း လောဘတက်ပြီး
မျက်နှာ မစစ်ဆေးဘဲ အထက်ကိုတန်းပို့ပေးလိုက်တာပေါ့ ။ ဝမ်ရိပေါ်လို လူကို မင်းမမြင်ဖူးတာလား"

"သေချာပေါက်..."

"တော်တော့ သွားတော့ နောက်ခါထပ်မဖြစ်စေနဲ့"

ခါးကိုညွှတ်လို့ မကျေမနပ်ရေရွတ်ထွက်သွားတဲ့ သေမင်းနောက်မှာ ခပ်ကုပ်ကုပ်ဝင်လာတဲ့ ရှောင်းကျန့်က ဇီးရွက်သာသာ မျက်နှာလေးနှင့် ။

" လမ်းလျှောက်ထွက်ရအောင် "

မန်နေဂျာရှင်းက ထိုစကားသာဆို၍ ထွက်သွားသည်။ ရှောင်းကျန့်လဲ အပြစ်လုပ်ထားသူမို့ ခပ်ကုပ်ကုပ်သာလိုက်လာမိတော့သည်။

" Goblin ထဲက သေမင်း အချစ်ဇာတ်လမ်းကို
သိလား "

"ဟုတ်ကဲ့ "

"တကယ်တော့ အဲ့လိုအရာတွေ လက်တွေ့မှာ တကယ်မရှိဘူး အတုအယောင်တွေ "

"...."

" လူသားတွေဘဝကို သေမင်းတွေဝင်စွက်ဖက်ခွင့်
မရှိဘူး။ လူသားအချင်းချင်းမုန်းကြတယ် သေကြောင်းကြံကြတယ် ယာဉ်တိုက်မှုတွေဖြစ်ကြတယ် ဒါတွေက လူသားတွေပဲဖန်တီးတာ ။
ရှောင်းကျန့် ...မင်းကို သေမင်း အလုပ်ကနေ
ထုတ်ပစ်လိုက်ပြီ"

"ဗျာ "

မန်နေဂျာရှင်းက ရှောင်းကျန့်ရဲ့ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်တယ် ။

"လူသားးရဲ့အသက်ကိုကယ်တာကော ၊
လူသားတစ်ယောက်ရဲ့ အသက်ကို သတ်တာကော က
သေမင်းတွေရဲ့ အလုပ်မဟုတ်ဘူး ။ နှစ်ခုစလုံးကို တစ်ပြိုင်နက် လုပ်ဆောင်လိုက်တဲ့ မင်းရဲ့ အပြစ်ကကြီးလေးလွန်းတယ် "

ရှောင်းကျန့် ဘာကိုမျှ‌တုံ့ပြန်စကားမဆိုနိုင်ပါ။

" ပြန်လည် မွေးဖွားခြင်း "

မန်နေဂျာရှင်းရဲ့ စကားကြောင့် ရှောင်းကျန့် ခေါင်းလေးထောင်လာပြီး မျက်လုံးတွေကကြည်တောက်လာ၏။

" ကြားဖူးလား အဲ့ဒီအကြောင်း"

ရှောင်းကျန့် ခေါင်းသာ ခါယမ်းလိုက်သည် ။

"အရင်တုန်းက နိုင်ငံခြားသာတစ်ဦးက သေဆုံးပြီး
သုံးရက်မြောက်မှာ သေဆုံးခဲ့တဲ့ပုံစံအတိုင်း နဲ့ ရက် လေးဆယ် နေခဲ့တယ်။

ဒါ မင်းအပေါ် ငါအကြွေးတင်နေတဲ့ အတွက် နောက်ဆုံး လုပ်ပေးနိုင်တဲ့အရာပဲ "

မန်နေဂျာရှင်းက ရှောင်းကျန့်ကို နာရီလဲပေးသည် ။

"ဒါပေမဲ့ မဖြစ်နိုင်ဘူးလေ"

"ကြိုးစားကြည့်ရမှာပေါ့ ။မင်းလုပ်နိုင်ပါတယ်။
အသက်ရှင်ပြီး သူ့ရဲ့အနားမှာ ကာကွယ်ပေးတာက
လွယ်တယ် ။ လူသားတွေကပဲ လူသားကို ကယ်နိုင်တယ်။ပြန်လည်ရှင်သန်ပြီး မင်းရဲ့အဖိုးတန်တဲ့ ဝမ်ရိပေါ်အနားမှာ အရင်းနှီးဆုံးအနေနဲ့ပြန်လည်ရှင်သန်လိုက် ။

မမေ့နဲ့  မင်းရဲ့ လက်ကျန်သက်တမ်းမှာ အဖြစ်ချင်ဆုံးဆန္ဒ 7ခုကို ဖြစ်မလာအောင်သတိထား ရမယ်"

      __________ 🎐  _________

Hoodie အနက်ရောင်ကို ချွတ်လို့ သွေးစွန်းနေတဲ့ သူ့ရဲ့ ကျောင်းအကျီကို ရှောင်းကျန့်ကလဲလှယ်ဝတ်ဆင်လိုက်တယ် ။

"ပြန်လည် ရှင်သန်ခြင်း ...ငါလုပ်နိုင်တယ်
မင်းအတွက်ပဲဖြစ်ဖြစ် ကြိုးစားရမယ် "

ရှောင်းကျန့်က စက်ဘီးကလေးကို တွန်းလို့ ရိပေါ်ရဲ့အိမ်နားကားလမ်းဆုံ ဆီပြေးလာခဲ့တယ်။
ပြန်လည် မွေးဖွားခြင်း...။

လည်ပင်းဆီမှ နားကြပ်ကို တပ်ဆင်လိုက်ပြီး စက်ဘီးကိုရပ်ထားလိုက်တယ်။  '1 2 3'

အမှတ်စဉ်ရေတွက်ပြီးတဲ့နောက်မှာ ရှောင်းကျန့်က လမ်းကြားထဲကနေ ပြေးလို့ထွက်တယ်။
တစ်ဖက်ဆီမှ ထွက်လာတဲ့ အနက်ရောင်ကားဟာ ချိန်းဆိုထားသကဲ့သို့ ကွက်တိပင်ထွက်လာ၏။

ရှောင်းကျန့်က ကားတည့်တည့်ဆီကို ပြေးတယ် ။ အခုလောလောဆယ်သူ့ကိုဘယ်သူမှမြင်နိုင်ခြင်းရှိမှာမဟုတ်သေးဘူး။

ရှောင်းကျန့်ရဲ့ ကိုယ်ကလေးက ငှက်မွှေးပမာ လေပေါ်သို့ မြှောက်တက်သွားသည်။ *ဒုန်း*ဟူသည့် တိုက်မိတဲ့ခပ်ကျယ်ကျယ်ဟာလဲ ထွက်ပေါ်လာသည်။

ရှောင်းကျန့်၏ လက်ကောက်ဝတ်၌လည်း ကြယ်7ခုဟာလည်း အစီအရီ တစ်ပြိုင်နက် တက်တူးသဖွယ် ပေါ်လာ၏။

// ကြိုးစားကြည့်မယ် ...။
   မင်းအတွက်... ငါ့ရဲ့အရာရာကို
   လောင်းကြေးထပ်ပြီး ။ //

      _________________

‌လက်ထဲက ကြောင်ကို ပွတ်သပ်ပေးနေတဲ့ ရိပေါ်ကို ဖန်စစ်က လူထူးဆန်းလို ကြည့်လျက် .။

"မနေ့ညက လို တစ်ယောက်တည်း လျှောက်မသွားနဲ့။ တော်သေး တာပေါ့ အများကြီးထိခိုက်မသွားလို့"

ဖန်စစ်ရဲ့စကားကြောင့် ရိပေါ်ကကားအပြင်သို့ငေးသည်။ သိပ်ကိုထူးဆန်းတယ်။ ကားမီးရောင်က မျက်လုံးတည့်တည့်ကို ထိုးတာကြောင့်တစ်ကြောင်း ၊ရုတ်တရက်မို့ ကြောင်သွားပြီး ရွှေ့မရတဲ့ခြေထောက်တွေ ။

သူ့ကို တစ်ယောက်ယောက်က တွန်းထုတ်လိုက်တာသေချာပါတယ် ။ဒါပေမယ့် အဲ့တာကအထိတွေ့သပ်သပ်လိုပဲ ။ အဲ့နေရာမှာ လက်ထဲကကြောင်ရယ် သူရယ် ကားမောင်းတဲ့သူရယ်ကလွဲပြီး ရှိမနေခဲ့ဘူး ။

ကားမောင်းတဲ့သူက အရက်မူးနေတာကြောင့် သူ့ကိုရှောင်ကွင်းလိုက်ချိန် ဓါတ်တိုင်နဲ့တိုက်မိသည်။မောင်းနှင်သူကတော့ သေဆုံးသွားသည်။

"ဘာကြီးလဲ !"

ရုတ်တရပ် ထအော်လာတဲ့ ဖန်စစ်ကြောင့် လက်ထဲကြောင်လေးက အောက်သို့ခုန်ဆင်းသွားသည်။ ကားမှန်ရှေ့မှာ အဖြူရောင် ဝတ်စုံနဲ့ ကောင်လေးတစ်ယောက်။ လေပေါ်မြှောက်တက်သွားတဲ့ ကောင်လေးက ငှက်တစ်ကောင်လိုပေါ့ပါးနေသည်။

ကားတိုက်မှု...။တကယ်တော့ ဖြည်းဖြည်းချင်းမောင်းလာတဲ့သူတို့ကားကို ကောင်လေးက ဝင်တိုက်တာ ...။
   
       _______ 🎐 ______

မန်နေဂျာ ရှင်းရဲ့ စားပွဲပေါ်က ရေခရား အိုးလေးထဲမှာ ပန်းမျိုးစေ့လေးတစ်ခုရှိတယ်။

ထိုပန်းမျိုးစေ့ကလေးက တဖြည်းဖြည်းချင်းပဲ တစ်ဆင့်ပြီးတစ်ဆင့် ပွင့်အာနေတဲ့ ပန်းတစ်ပွင့် အသွင်ထိ ပြောင်းလဲသွားတယ်။

" ပြန်လည် ရှင်သန်ခြင်း...
ကံကောင်းပါစေလို့ ဒီအဖေက
ဆုတောင်းပေးနေပါတယ်...
ငါ့ကလေးလေး... ရှောင်းကျန့်... "

      Love From Two Worlds

° ဝမ္ရိေပၚ ° 00:00min

"ေနာက္ဆုံးေတာ့ ဒီအခ်ိန္ေရာက္လာၿပီ ။
သြားၾကရေအာင္ "

အနက္ေရာင္ကားေလးဟာ တေ႐ြ႕ေ႐ြ႕နဲ႔ အထက္သို႔သြားမည့္ လႈိဏ္ဂူထဲကို ျဖတ္သန္းလာတယ္။
ဝတ္စုံအမည္းနဲ႔ ေသမင္းတမာန္က ကားဆီမွ
ဝမ္ရိေပၚရဲ႕ အခုလတ္တေလာ ထြက္ထားတဲ့
သီခ်င္းအသစ္ ။ ေသမင္းတမာန္ရဲ႕ မ်က္ႏွာက ၿပဳံးၿဖီးေနသည္။

"ဝမ္ရိေပၚရဲ႕ ပရိတ္သတ္ ပါ ။ အခုလို ခရီးကို ပို႔ေဆာင္ခြင့္ရတဲ့အတြက္ အရမ္းကို ပီတိျဖစ္မိပါတယ္။ ေတာင္းပန္ပါတယ္ ေသဆုံးသူေရွ႕မွာ မရယ္သင့္ေပမဲ့ အရမ္း ေပ်ာ္မိလို႔ပါ"

စီနီယာေရွာင္းက်န႔္ ‌အတြက္ေတာ့ စိတ္မေကာင္းပါဘူး။ အထက္က အလိုရွိေနတဲ့ ဝမ္ရိေပၚကို ပို႔ေဆာင္ႏိုင္တဲ့သူ႔အတြက္ ဆုတံဆိပ္ခပ္ႀကီးႀကီးကေစာင့္ေမွ်ာ္ေနေတာ့မည္။

"ဝမ္ရိေပၚ အန္ေနတာလား ။ ကြၽန္ေတာ့္ကား
အသစ္ေလးေပၚ...ရပါတယ္ ေနာက္မွသန႔္‌ရွင္းေရးလုပ္လိုက္မယ္ "

ဦးထုပ္ငိုက္စိုက္ေဆာင္းထားတဲ့ ဝမ္ရိေပၚက ေခါင္းပင္မေထာင္ႏိုင္ အန္ခ်ရင္း အထက္သို႔ လိုက္ပါခဲ့ရေခ်ၿပီ။

           ______________

" ေတာင္းပန္ပါတယ္  ။ ေနာက္ခါဒီလိုအလြဲမ်ိဳးမရွိေအာင္ ဆင္ျခင္ပါ့မယ္။  ဟုတ္ကဲ့... ပထမဆုံးႏွင္းက်တဲ့အခ်ိန္ထိ ေခၚေဆာင္ခြင့္ရွိေသးတာမို႔ စိတ္မပူပါနဲ႔ ။ ေကာင္းပါၿပီ "

မန္ေနဂ်ာရွင္းက ရိေပၚကို ပို႔ေဆာင္ႏိုင္သြားၿပီထင္တဲ့ ေသမင္း ကို ရယ္လို႔ၾကည့္တယ္ ။

"သိပ္ေတာ္တယ္ "

" မျဖစ္ႏိုင္တာ ။ ကြၽန္ေတာ့္နာရီမွာ ဝမ္ရိေပၚလို႔ ေသခ်ာေပါက္ေပၚလာၿပီးမို႔ သြားေခၚခဲ့တာ "

"အဲ့တာနဲ႔ပဲ  တစ္ေယာက္တည္း ေလာဘတက္ၿပီး
မ်က္ႏွာ မစစ္ေဆးဘဲ အထက္ကိုတန္းပို႔ေပးလိုက္တာေပါ့ ။ ဝမ္ရိေပၚလို လူကို မင္းမျမင္ဖူးတာလား"

"ေသခ်ာေပါက္..."

"ေတာ္ေတာ့ သြားေတာ့ ေနာက္ခါထပ္မျဖစ္ေစနဲ႔"

ခါးကိုၫႊတ္လို႔ မေက်မနပ္ေရ႐ြတ္ထြက္သြားတဲ့ ေသမင္းေနာက္မွာ ခပ္ကုပ္ကုပ္ဝင္လာတဲ့ ေရွာင္းက်န႔္က ဇီး႐ြက္သာသာ မ်က္ႏွာေလးႏွင့္ ။

" လမ္းေလွ်ာက္ထြက္ရေအာင္ "

မန္ေနဂ်ာရွင္းက ထိုစကားသာဆို၍ ထြက္သြားသည္။ ေရွာင္းက်န႔္လဲ အျပစ္လုပ္ထားသူမို႔ ခပ္ကုပ္ကုပ္သာလိုက္လာမိေတာ့သည္။

" Goblin ထဲက ေသမင္း အခ်စ္ဇာတ္လမ္းကို
သိလား "

"ဟုတ္ကဲ့ "

"တကယ္ေတာ့ အဲ့လိုအရာေတြ လက္ေတြ႕မွာ တကယ္မရွိဘူး အတုအေယာင္ေတြ "

"...."

" လူသားေတြဘဝကို ေသမင္းေတြဝင္စြက္ဖက္ခြင့္
မရွိဘူး။ လူသားအခ်င္းခ်င္းမုန္းၾကတယ္ ေသေၾကာင္းႀကံၾကတယ္ ယာဥ္တိုက္မႈေတြျဖစ္ၾကတယ္ ဒါေတြက လူသားေတြပဲဖန္တီးတာ ။
ေရွာင္းက်န႔္ ...မင္းကို ေသမင္း အလုပ္ကေန
ထုတ္ပစ္လိုက္ၿပီ"

"ဗ်ာ "

မန္ေနဂ်ာရွင္းက ေရွာင္းက်န႔္ရဲ႕ပခုံးႏွစ္ဖက္ကို ဆုပ္ကိုင္လိုက္တယ္ ။

"လူသားးရဲ႕အသက္ကိုကယ္တာေကာ ၊
လူသားတစ္ေယာက္ရဲ႕ အသက္ကို သတ္တာေကာ က
ေသမင္းေတြရဲ႕ အလုပ္မဟုတ္ဘူး ။ ႏွစ္ခုစလုံးကို တစ္ၿပိဳင္နက္ လုပ္ေဆာင္လိုက္တဲ့ မင္းရဲ႕ အျပစ္ကႀကီးေလးလြန္းတယ္ "

ေရွာင္းက်န႔္ ဘာကိုမွ်‌တုံ႔ျပန္စကားမဆိုႏိုင္ပါ။

" ျပန္လည္ ေမြးဖြားျခင္း "

မန္ေနဂ်ာရွင္းရဲ႕ စကားေၾကာင့္ ေရွာင္းက်န႔္ ေခါင္းေလးေထာင္လာၿပီး မ်က္လုံးေတြကၾကည္ေတာက္လာ၏။

" ၾကားဖူးလား အဲ့ဒီအေၾကာင္း"

ေရွာင္းက်န႔္ ေခါင္းသာ ခါယမ္းလိုက္သည္ ။

"အရင္တုန္းက ႏိုင္ငံျခားသာတစ္ဦးက ေသဆုံးၿပီး
သုံးရက္ေျမာက္မွာ ေသဆုံးခဲ့တဲ့ပုံစံအတိုင္း နဲ႔ ရက္ ေလးဆယ္ ေနခဲ့တယ္။

ဒါ မင္းအေပၚ ငါအေႂကြးတင္ေနတဲ့ အတြက္ ေနာက္ဆုံး လုပ္ေပးႏိုင္တဲ့အရာပဲ "

မန္ေနဂ်ာရွင္းက ေရွာင္းက်န႔္ကို နာရီလဲေပးသည္ ။

"ဒါေပမဲ့ မျဖစ္ႏိုင္ဘူးေလ"

"ႀကိဳးစားၾကည့္ရမွာေပါ့ ။မင္းလုပ္ႏိုင္ပါတယ္။
အသက္ရွင္ၿပီး သူ႔ရဲ႕အနားမွာ ကာကြယ္ေပးတာက
လြယ္တယ္ ။ လူသားေတြကပဲ လူသားကို ကယ္ႏိုင္တယ္။ျပန္လည္ရွင္သန္ၿပီး မင္းရဲ႕အဖိုးတန္တဲ့ ဝမ္ရိေပၚအနားမွာ အရင္းႏွီးဆုံးအေနနဲ႔ျပန္လည္ရွင္သန္လိုက္ ။

မေမ့နဲ႔  မင္းရဲ႕ လက္က်န္သက္တမ္းမွာ အျဖစ္ခ်င္ဆုံးဆႏၵ 7ခုကို ျဖစ္မလာေအာင္သတိထား ရမယ္"

      __________ 🎐  _________

Hoodie အနက္ေရာင္ကို ခြၽတ္လို႔ ေသြးစြန္းေနတဲ့ သူ႔ရဲ႕ ေက်ာင္းအက်ီကို ေရွာင္းက်န႔္ကလဲလွယ္ဝတ္ဆင္လိုက္တယ္ ။

"ျပန္လည္ ရွင္သန္ျခင္း ...ငါလုပ္ႏိုင္တယ္
မင္းအတြက္ပဲျဖစ္ျဖစ္ ႀကိဳးစားရမယ္ "

ေရွာင္းက်န႔္က စက္ဘီးကေလးကို တြန္းလို႔ ရိေပၚရဲ႕အိမ္နားကားလမ္းဆုံ ဆီေျပးလာခဲ့တယ္။
ျပန္လည္ ေမြးဖြားျခင္း...။

လည္ပင္းဆီမွ နားၾကပ္ကို တပ္ဆင္လိုက္ၿပီး စက္ဘီးကိုရပ္ထားလိုက္တယ္။  '1 2 3'

အမွတ္စဥ္ေရတြက္ၿပီးတဲ့ေနာက္မွာ ေရွာင္းက်န႔္က လမ္းၾကားထဲကေန ေျပးလို႔ထြက္တယ္။
တစ္ဖက္ဆီမွ ထြက္လာတဲ့ အနက္ေရာင္ကားဟာ ခ်ိန္းဆိုထားသကဲ့သို႔ ကြက္တိပင္ထြက္လာ၏။

ေရွာင္းက်န႔္က ကားတည့္တည့္ဆီကို ေျပးတယ္ ။ အခုေလာေလာဆယ္သူ႔ကိုဘယ္သူမွျမင္ႏိုင္ျခင္းရွိမွာမဟုတ္ေသးဘူး။

ေရွာင္းက်န႔္ရဲ႕ ကိုယ္ကေလးက ငွက္ေမႊးပမာ ေလေပၚသို႔ ေျမႇာက္တက္သြားသည္။ *ဒုန္း*ဟူသည့္ တိုက္မိတဲ့ခပ္က်ယ္က်ယ္ဟာလဲ ထြက္ေပၚလာသည္။

ေရွာင္းက်န႔္၏ လက္ေကာက္ဝတ္၌လည္း ၾကယ္7ခုဟာလည္း အစီအရီ တစ္ၿပိဳင္နက္ တက္တူးသဖြယ္ ေပၚလာ၏။

// ႀကိဳးစားၾကည့္မယ္ ...။
   မင္းအတြက္... ငါ့ရဲ႕အရာရာကို
   ေလာင္းေၾကးထပ္ၿပီး ။ //

      _________________

‌လက္ထဲက ေၾကာင္ကို ပြတ္သပ္ေပးေနတဲ့ ရိေပၚကို ဖန္စစ္က လူထူးဆန္းလို ၾကည့္လ်က္ .။

"မေန႔ညက လို တစ္ေယာက္တည္း ေလွ်ာက္မသြားနဲ႔။ ေတာ္ေသး တာေပါ့ အမ်ားႀကီးထိခိုက္မသြားလို႔"

ဖန္စစ္ရဲ႕စကားေၾကာင့္ ရိေပၚကကားအျပင္သို႔ေငးသည္။ သိပ္ကိုထူးဆန္းတယ္။ ကားမီးေရာင္က မ်က္လုံးတည့္တည့္ကို ထိုးတာေၾကာင့္တစ္ေၾကာင္း ၊႐ုတ္တရက္မို႔ ေၾကာင္သြားၿပီး ေ႐ႊ႕မရတဲ့ေျခေထာက္ေတြ ။

သူ႔ကို တစ္ေယာက္ေယာက္က တြန္းထုတ္လိုက္တာေသခ်ာပါတယ္ ။ဒါေပမယ့္ အဲ့တာကအထိေတြ႕သပ္သပ္လိုပဲ ။ အဲ့ေနရာမွာ လက္ထဲကေၾကာင္ရယ္ သူရယ္ ကားေမာင္းတဲ့သူရယ္ကလြဲၿပီး ရွိမေနခဲ့ဘူး ။

ကားေမာင္းတဲ့သူက အရက္မူးေနတာေၾကာင့္ သူ႔ကိုေရွာင္ကြင္းလိုက္ခ်ိန္ ဓါတ္တိုင္နဲ႔တိုက္မိသည္။ေမာင္းႏွင္သူကေတာ့ ေသဆုံးသြားသည္။

"ဘာႀကီးလဲ !"

႐ုတ္တရပ္ ထေအာ္လာတဲ့ ဖန္စစ္ေၾကာင့္ လက္ထဲေၾကာင္ေလးက ေအာက္သို႔ခုန္ဆင္းသြားသည္။ ကားမွန္ေရွ႕မွာ အျဖဴေရာင္ ဝတ္စုံနဲ႔ ေကာင္ေလးတစ္ေယာက္။ ေလေပၚေျမႇာက္တက္သြားတဲ့ ေကာင္ေလးက ငွက္တစ္ေကာင္လိုေပါ့ပါးေနသည္။

ကားတိုက္မႈ...။တကယ္ေတာ့ ျဖည္းျဖည္းခ်င္းေမာင္းလာတဲ့သူတို႔ကားကို ေကာင္ေလးက ဝင္တိုက္တာ ...။
   
       _______ 🎐 ______

မန္ေနဂ်ာ ရွင္းရဲ႕ စားပြဲေပၚက ေရခရား အိုးေလးထဲမွာ ပန္းမ်ိဳးေစ့ေလးတစ္ခုရွိတယ္။

ထိုပန္းမ်ိဳးေစ့ကေလးက တျဖည္းျဖည္းခ်င္းပဲ တစ္ဆင့္ၿပီးတစ္ဆင့္ ပြင့္အာေနတဲ့ ပန္းတစ္ပြင့္ အသြင္ထိ ေျပာင္းလဲသြားတယ္။

" ျပန္လည္ ရွင္သန္ျခင္း...
ကံေကာင္းပါေစလို႔ ဒီအေဖက
ဆုေတာင္းေပးေနပါတယ္...
ငါ့ကေလးေလး... ေရွာင္းက်န႔္... "

      Love From Two Worlds

Continue Reading

You'll Also Like

126K 3.5K 25
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။
200K 30.8K 18
လက်တွေ့ဘဝနှင့် နီးစပ်ချင်ယောင်ဆောင်ခြင်း
60.3K 5.9K 118
A story following a young hunter named Jay. He has grown up in a world where dungeons, monsters, and humans with leveling systems are a cultural norm...
32.7K 2K 21
𝐁𝐨𝐨𝐤 # 𝟏 𝐨𝐟 𝐓𝐡𝐞 𝐑𝐚𝐚𝐳 𝐬𝐞𝐫𝐢𝐞𝐬. Love or betrayal? Consumption of betrayals. Internal betrayal? Yes! Will they be overcome? Or W...