Love From Two Worlds
Da khantmemezaw
342 21 3
သေဆုံးခြင်းက ကြောက်ဖို့ကောင်းတယ်...။ အထူးသဖြင့် မင်းကို တွေ့ချင်တဲ့ ဆန္ဒလေး မပြည့်ဝခင် သေဆုံးခြင်းက ပိုလို့ခြ... Altro
∆ Alert!!Must To Read∆
Everything starts here
-1-
-2-
-3-
- 5 -
-4-
17 1 0
Da khantmemezaw
•6•နာရီတိတိမှာ ထမြည်တဲ့ Alarm သံကြောင့်
ဝမ်ရိပေါ်က ဆက်ခနဲထလို့ထိုင်သည်။
ပြီးတော့ ပြုံးသည်။
အင်း ..သူမလုပ်ဖူးတာအကုန်လုပ်ချင်စိတ်
ဖြစ်တဲ့နေ့တစ်နေ့။
အရင်နေ့များနေ့မတူညီစွာ ဝမ်ရိပေါ်တစ်ယောက် ဤနေ့ တက်ကြွလို့နေပါသည်။ သူ့ရဲ့နားနေခန်းထဲမှာ
အရင်ဆုံး သူ လုံးဝမထိတွေ့ဖူးတဲ့ ခေါက်ဆွဲ ချောကလက် စသည့် စသည့် အစားအစာများကို
ဖန်စစ်အားဝယ်ခိုင်းပြီးစားသည်။
ဖန်စစ်က သူ့ဘေးနားမှာငုတ်တုတ်ကလေးထိုင်ကာ အံ့ဩတကြီး ကြည့်လို့နေ၏။ပူပူလောင်လောင် ခေါက်ဆွဲအလုတ်ကြီးကြီးတစ်လုတ်ကို အမျှင်မဖြတ်ပဲပါးစပ်ထဲအရင်ထည့်လိုက်တယ် ။
"အား ဒီအရသာပဲ "
ခေါက်ဆွဲဗူးကိုဘေးချလို့ သူ့ကိုကြည့်နေတဲ့ဖန်စစ်ဘက်ကိုလှည့်ထိုင်လိုက်တယ် ။
"အမြဲတမ်း ကျေးဇူးတင်နေခဲ့ပါတယ်"
မူမမှန်တဲ့ ရိပေါ်ကြောင့် ဖန်စစ်မှာ မျက်ရည်ကလေးတောင်ဝိုင်းချင်နေပြီ။ ရိပေါ်က ဖန်စစ်ပခုံးကို ပုတ်လို့ ထပ်ပြောတယ် ။
"လိုင်းပေါ်မှာပျံ့နေတဲ့ Haterတွေကို တရားစွဲခိုင်းထားတာ မလုပ်နဲ့တော့ ။ "
ဖန်စစ်က ခေါင်းကို ပြုတ်ထွက်မတက်ခါယမ်းတယ်။
"ရိပေါ် ဘာတွေပြောနေတာလဲ ။ သေတော့မဲ့လူလိုမျိုး နှုတ်ဆက်စကားဆိုနေသလိုမျိုးတွေမပြောစမ်းနဲ့"
ဖန်စစ်က အနည်းငယ်အော်ပြောရင်း ထထွက်သွားသည်။ ဝမ်ရိပေါ်က ခေါင်းကို ခါလို့ယမ်းကာ ပြုံးသည်။
ဖန်စစ်ထွက်သွားတာကို လိုက်ကြည့်နေတဲ့ သေမင်းလေးတစ်ယောက်ကတော့ မျက်ရည်တွေဝေ့သီလို့နေခဲ့သည်။ ဒီနေ့သူ့ကလေးလေးက အရမ်းကို ထူးဆန်းလွန်းတယ်။
~ တီ ~ တုန်မြည်လာတဲ့ ဖုန်းကိုဖွင့်ကြည့်မိတော့ မန်နေဂျာ ရှင်း ဆီကဖြစ်သည်။
/ အခုဌာနကို  လာခဲ့ /
ရှောင်းကျန့်က ငိုမဲ့မဲ့ဖြင့်ဖုန်းကိုပိတ်ပြီး သူ့ကလေးလေးကို တစ်ချက်ကြည့်လို့ပျောက်ကွယ်သွားတယ် ။
         ________________
" မခေါ်လို့မရဘူးလား ။ ဘာဖြစ်လို့ ရိပေါ်ကိုမှလဲ"
"..."
"ရိပေါ် ...ဒီကောင်လေး သေချင်တယ် လို့ပြောတယ် ၊ပြီးတော့...ပြီးတော့ မလုပ်ဖူးတဲ့အရာတွေကို လုပ်နေတယ်"
မန်နေဂျာ ရှင်းက ‌သက်ပြင်းချလို့ ဖတ်လက်စ သတင်းစာကို ခုံပေါ်ပစ်တင်ပြီး ရှောင်းကျန့်ကို
မော့ကြည့်လာတယ် ။
"သေမင်းတွေက လူသားဘဝကို ဝင်စွက်ဖက်ခွင့်
မရှိဘူး။ ပြီးတော့ မင်း...ဝိဉာဏ်ဘဝနဲ့ ယောင်လည်လည်ဖြစ်နေမဲ့ မင်းကို သေမင်းဘဝ သွင်းပေးထားရတာ လွယ်ကူတယ်များ
ထင်နေတာလား ။ မင်းရဲ့အရေးကြီးဆုံး ကိစ္စကိုတောင် မဖော်ထုတ်နိုင်ပဲနဲ့ ..."
" မှတ်မိနေတာ သူတစ်ယောက်တည်းပဲ ရှိတာကို.."
ရှောင်းကျန့်ကခေါင်းကိုငုံ့လို့ ခပ်တိုးတိုးဆိုတယ် ။မန်နေဂျာရှင်းက သက်ပြင်းသာအကြိမ်ကြိမ်ချလို့ ဂရုဏာသက်စွာ ကြည့်တယ်။
" အဲ့ဒီကောင်လေး ..ဝမ်ရိပေါ် ဒီနှစ်ထဲမှာမှ သူ့ကို အထက်ကိုမပို့ရင် အချိန်တွေအကြာကြီး အသက်ရှင်သွားရမှာ ။ ဒါပေမယ့် အထက်က သူ့ကိုပို့စေချင်တယ်"
"ရှုပ်ထွေးလိုက်တာ ။ ဘာလို့ ဝမ်ရိပေါ်လဲ ။ ဒီတိုင်းလေးပဲ ဘေးကနေစောင့်ကြည့်နေလို့မရဘူးလား"
"ရှောင်းကျန့် !"
မန်နေဂျာရှင်း အော်လိုက်‌တာကြောင့် ရှောင်းကျန့်
ခန္ဓာကိုယ်လေး တုန်ယင်သွားသော်လည်း
"အကယ်၍ သူ သေခဲ့ရင် ..
ကျွန်တော် ဘဝကူးပေးမယ် "
မန်နေဂျာရှင်းက ရှောင်းကျန့်ကို တည်ငြိိမ်စွာ ပြောင်းလဲကြည့်သည်။
"‌ နောင်တရနေလိမ့်မယ်...လွှတ်ပေးလိုက်တော့"
သူဘယ်လိုပြောပြော အရာမထင်တာကြောင့်
ရှောင်းကျန့် ကိုယ့်ကိုယ်ပို၍စိတ်ပျက်မိသည်။
မဖြစ်ဘူး။မတော်တဆမှုဆိုတဲ့အချက် ပေါ်မလာခင်
သူ ဝမ်ရိပေါ်ကိုကာကွယ်ပေးရမယ်။
(N-မတော်တဆမှုဆိုတာမျိုး ကို အထက်ကဖန်တီးတာမျိုး ။ဘယ်လိုတင်စားရလဲ သူ့ရဲ့ကံကြမ္မာ ပေါ့ ဒီအချိန်မှာဒီလိုဖြစ်ကိုဖြစ်ရမှာ ရှောင်လွှဲလို့လုံးဝမရတာမျိုး။နားလည်ရဲ့လား ရှုပ်နေမလား ရှင်းရှင်းလင်းလင်း မဖြစ်တာဆို စာရေးသူရဲ့လိုအပ်ချက်များသာဖြစ်ပါသည်။ မရှင်းတဲ့နေရာမျိုးဆို မေးလို့ရပါတယ် )
         __________________
နားကြပ်တပ်လို့ လမ်းမကြီးတစ်လျှောက် ဦးတည်ရာနေရာသို့ ရိပေါ်က ရပ်နားခြင်းမရှိပြေးနေတယ်။
သီချင်းသံကနေ ဖုန်းတီးလုံးသံပြောင်းသွားတာကြောင့်ဖုန်းဖြေဆိုလိုက်တယ်။
"ရိပေါ်   ဘယ်မှာလဲ"
"လေ့ကျင့်ခန်း‌လုပ်နေတာ ဘာလို့လဲ"
"ဟောက်ရွှမ်းက‌ ဆုံနေကြနေရာကို လာခဲ့ပြီးတစ်ခွက်သောက်ကြရအောင်တဲ့"
"ပေး ငါ့ကို ဖုန်းပေး "
ဖန်စစ်ဆီက ဖုန်းကိုလုယူသွားတဲ့ဟောက်ရွှမ်း
ကြောင့် ဝမ်ရိပေါ်က ဖုန်းကိုတန်းချလိုက်တယ်။
သူလွတ်လွတ်လပ်လပ်နေချင်တယ်။
"ရိပေါ် ..ဟယ်လို ဟယ်လို ..ဟာ ဒီကောင် ညဘက်ကြီးအပြင်လျှောက်သွားနေတာတဲ့လား"
ဖုန်းချသွားတာကြောင့် ဖန်စစ်ဘက်ကို လှည့်လို့ဟောက်ရွှမ်းကမေးတယ် ။ ဖန်စစ်က ပခုံးတွန့်ပြလို့ အရက်ဆိုင်ကဦးလေးကြီးကို လိုအပ်တာတွေလှမ်းမှာလိုက်တယ်။
"နည်းနည်းပါးပါး လွှတ်ထားပေးလိုက်ပါ "
"နာမည်ကြီး အနုပညာရှင်တွေအချိန်ခဏလေးအတွင်းအရာရာဖြစ်သွားနိုင်တာကို "
ဖန်စစ်က ဟောက်ရွှမ်းရဲ့ခွက်ထဲကို အရက်ငှဲ့ထည့်ပေးရင်း စကားတွေကိုရပ်တန့်စေတယ် ။ သူ ရိပေါ်ကိုလဲနားလည်သလို ဟောက်ရွှမ်းအကြောင်းလဲသိနေတော့ ဘာမှဝင်မပြောချင်နေတော့ပါ။
*ခလွမ်*
"တောင်းပန်ပါတယ် "
"ရတယ် ရတယ် "
ဆိုင်ထဲက ယိုင်နဲ့နဲ့ထွက်လာသည့် သက်လတ်ပိုင်းလူက ဝင်တိုက်တာကြောင့် ဖန်စစ်လက်ထဲက ခွက်ကအောက်လွှတ်ကျသွားရခြင်းဖြစ်သည်။
"ကားငှားပြီးပြန် ကိုယ်တိုင်မောင်းမသွားနဲ့"
"ဒီလောက်လေးနဲ့ရပါသေးတယ် "
ဆိုင်ထဲကထွက်လာတဲ့ဆိုင်ရှင်ဦးလေးကြီး
အမှာစကားကို ထိုလူက ‌လှည့်မကြည့်ပဲ တုံ့ပြန်လို့ထွက်သွားသည်။ ဦးလေးကြီးက ထိုလူအားကြည့်၍ ခေါင်းတယမ်းယမ်း။
"အရက်မူးနေရင် ကိုယ်တိုင်ကားမောင်းဖို့
အန္တရာယ်များနိုင်တာကို "
        ________________
°နောက်ဘဝရှိခဲ့လျှင် အလုပ်/ဖြစ်ချင်ဆုံး ဆန္ဒ7ခု°
မှင်နက်နက်နဲ့ ဖိရေးထားတဲ့ ခေါင်းစဉ်လေးရဲ့
အောက်မှာ ရှောင်းကျန့် အဖြစ်ချင်ဆုံးဆန္ဒ တွေချရေးထားသည် ။
ထိုစာအုပ်ကလေးကို ကြည့်နေရာမှရပ်လို့ ပိတ်လိုက်ပြီး
ကြောင်ကလေး ကျင်းကော်ရှိရာ ထိုင်ကြည့်နေမိသည်။
နားရွက်ကို လက်နဲ့ ကုတ်ခြစ်နေတဲ့ ဒီကြောင်မလေးက အဆော့သန်တာကြောင့် အမြဲယားယံနေတတ်သည် ။
*Meoww*
ကြောင်ကလေးဟာ အပြင်သို့ထထွက်သွားသည် ။ ဖင်လေးလှုပ်ယမ်းကာ ထွက်သွားတဲ့ ကြောင်မလေးကို လိုက်ကြည့်ရင်း ရှောင်းကျန့်ကပြုံးမိပါတယ်။
ထိုအပြုံးတွေက အမည်းရောင်ဝတ်စုံအပြည့်နဲ့ ကောင်လေးရောက်လာတဲ့အခါမှာ ပျောက်ကွယ်သွားတယ်။
"ရိပေါ်"
ဦးထုပ်အမည်းကို ငိုက်စိုက် ဆောင်းထားတဲ့ ရိပေါ်အနားမှာ ကြောင်ကလေးကျင်းကော်ကရပ်သည်။
ရိပေါ်ရဲ့ ခြေထောက်တွေကြားမှာ သူ့ခန္ဓာကိုယ်လုံးလုံးဖြင့်တိုးဝှေ့ပွတ်သပ်နေသည်။
ရိပေါ်လဲ သူ့ကို ပွတ်သပ်နေတဲ့ကြောင်ကလေးကို
တွေဝေခြင်းမရှိ ကောက်ပွေ့လိုက်သည်။ ပတ်ဝန်းကျင်
ဘေးဘီကို မျက်စိကစားရင်း ကြောင်ကလေးကိုတင်းတင်းပိုက်လို့ ထိုနေရာကနေပြေးလာခဲ့သည်။
"အယ် ကျင်းကော် "
ရှောင်းကျန့်က ကျင်းကော်ကိုပွေ့ချီသွားတဲ့ ရိပေါ်နောက်ကို ထပ်ကြပ်မကွာပြေးလို့လိုက်ပါတယ်။
မဖြစ်ပါစေနဲ့...။ သေဆုံးချိန်နည်းနေပြီလို့
မပြောလိုက်ပါနဲ့ ။
ဂိုဒေါင်လးထဲမှာ ကျန်ခဲ့တဲ့ နာရီလေးတစ်လုံးဆီက မိနစ်တွေက အသံမြည်စွာ စတင်ရေတွက်နေ
လေသည်။
           _____________
မီးတိုင်ဆီက မီးအလင်းရောင်တွေ၊ စည်းကားနေတဲ့ကားမျိုးစုံက မီးရောင်တွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ ညအချိန်ခါ ။ ကားလမ်းပေါ်၌ ဒယိမ်းဒယိုင်ဖြင့်
မူမမှန်တဲ့ ကုန်တင်ကားတစ်စီး ။ ‌ကားမောင်းသူဟာ မူးလို့နေသည့်ဟန် မျက်ခွံ့များမှေးစင်း‌လျက်ရှိ၏။
ကားလမ်းမကြီးပေါ်ရောက်တဲ့အထိ ရိပေါ်က မရပ်မနားဆက်ပြေးနေတုန်းပဲ။ ရှောင်းကျန့် သူ့ရဲ့ခြေထောက်ရှည်ရှည်တွေအားကိုးပြီး ပြေးနေတာတောင် ရိပေါ်ကို လိုက်လို့မမှီဘူး ။
လက်ထဲက ကြောင်ကလေးကိုကြည့်လို့ ရိပေါ်က
ပြုံးလို့နေပါတယ်။  လမ်းဆုံကို ဖြတ်ကူးပြေးတုန်း ရုတ်ချည်းဆန်စွာ သူ့ဆီတည့်တည့် မောင်းနှင်လာတဲ့ကားတစ်စီး ။ ခြေထောက်တွေကရွေ့လို့မရဘူး ။
"မဖြစ်ဘူး !"
ရိပေါ်ရဲ့ခန္ဓာကိုယ်က လမ်းဘေးပလက်ဖောင်းဆီ
လွင့်ထွက်သွားတယ်။ လက်ထဲက ကြောင်ကလေးက အောက်ကိုကျသွားပေမဲ့ ထိုအနားက ထွက်မသွားခဲ့ပေ။
// သေဆုံးခြင်း ....။
   အခွင့်အရေးများရှိခဲ့ရင် ငါ့ဘဝနဲ့လဲပြီးတော့ကို
   မင်းကို ကာကွယ်ပေးချင်ပါတယ် ။ //
      _________   🎐    __________
ပြီးတော့ ပြုံးသည်။
ဖြစ်တဲ့နေ့တစ်နေ့။
"အား ဒီအရသာပဲ "
/ အခုဌာနကို  လာခဲ့ /
         ________________
"..."
မော့ကြည့်လာတယ် ။
"ရှောင်းကျန့် !"
"အကယ်၍ သူ သေခဲ့ရင် ..
မန်နေဂျာရှင်းက ရှောင်းကျန့်ကို တည်ငြိမ်စွာ ပြောင်းလဲကြည့်သည်။
         __________________
"ရိပေါ်   ဘယ်မှာလဲ"
"ပေး ငါ့ကို ဖုန်းပေး "
*ခလွမ်*
"တောင်းပန်ပါတယ် "
"ရတယ် ရတယ် "
        ________________
*Meoww*
"ရိပေါ်"
"အယ် ကျင်းကော် "
မပြောလိုက်ပါနဲ့ ။
လေသည်။
           _____________
"မဖြစ်ဘူး !"
// သေဆုံးခြင်း ....။
      _________   🎐    __________
Continua a leggere
Ti piacerà anche
128K 484 35
Smut 18+ ONLY! ⚠️WARNING⚠️ ⚠️CONTAINS MUTURE CONTENT⚠️ ⚠️VERY SEXUAL 18+⚠️ 22 year old Raven Johnson is just going to her yearly doctors appointment...
139K 3.8K 27
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။
96.6K 8.5K 53
What if Arnav gets a chance to rectify all his mistakes? What if he gets a chance to avoid such situations? What if he gets to know Khushi is his wou...
55.3K 1.4K 194
Disclaimer : This is not my story. No plagiarism intended. The credit goes to original author. ◆◇◆◇◆◇◆◇ The entire Yunzhou knew that the Ye Family h...