ဂျက်ခ်...ကုမ္မဏီသွားပြီးပြန်လာတော့လမ်းမှာ....လူရုတ်ရုတ်သဲသဲဖစ်နေလို့သွားကြည့်လိုက်တော့...ကားတိုက်မှုတစ်ခု...ကုန်တင်ကားရှေ့ကောင်းအောက်မှာမော်တော်
ကားတစ်စီးကဝင်နေသည်။ထိုကားသေးနားသွားကြည့်လိုက်တော့...ကားထဲမှလူကိုအပြင်မထုတ်ရသေး...သေချာကြည့်လိုက်တော့...လက်လေးကလှုပ်နေသည်။ပြီးတော့ထူးခြားချက်တစ်ခုက..ကားထဲမှလူရဲ့ရုပ်ရည်က..
သွေးတွေပေနေတာတောင်...ဆုံးသွားတဲ့ဂျက်ခ်ရဲ့သားနဲ့အလွန်ပင်တူနေသည်။ဒါကြောင့်ထိုလူအား...ဂျက်ခ်စိတ်ဝင်စားသွားကာ....အိမ်ကို
ခေါ်ပြီးဆေးကုပေးမည်ဟုဆုံးဖြတ်လိုက်သည်။ဒါကြောင့်..
ထိုကယ်ဆယ်ရေးအဖွဲ့အားအတတ်နိုင်ဆုံး...တောင်းပန်ကာ
ထိုလူအားအိမ်ခေါ်သွားရန်ပြောသော်လည်းမရ...ဒါကြောင့်
ိုထိုအဖွဲ့အားလာဘ်ထိုးကာ...ထိုလူရဲ့မိသားစု..ကိုဖုန်းဆက်
ခိုင်းကာ..ချက်ချင်းမြေချလိုက်ပြီဟုလိမ်ပြောခိုင်းလိုက်သည်။
ကိစ္စတွေပြီးတာနဲ့ချက်ချင်းထိုလူအားကားပေါ်တင်ကာအိမ်ကိုခေါ်သွားသည်။မှတ်ပုံတင်ကြည့်ရသလောက်ဒီကောင်လေးကအသက်20သာရှိသေးသည်။အိတ်ထဲကဓာတ်ပုံလေးထဲမှာရိုးရိုးရှင်းရှင်းလေးနဲ့လှနေသောမိန်းကလေးတစ်ယောက်ပုံ...ကဒ်တွေစစ်ကြည့်လိုက်တော့ဒီကောင်လေးက...ချမ်းသာတဲ့အသိုင်းဝိုင်းကလာပုံရသည်။
မင်းမိသားစုဘယ်လိုဖြစ်နေဖြစ်နေအခုကစပြီးမင်းဟာငါရဲ့သားပဲ.....
ဂျက်ခ်အိမ်ရဲ့VIPအခန်းတစ်ခုထဲမှာထိုကောင်လေးကိုထားပြီး...ဂျက်ခ်ရဲ့လက်အောက်ဖြစ်တဲ့ဆေးရုံတွေကနေအတော်ဆုံးပါရဂူတွေကိုခေါ်ကာ...ထိုကောင်လေးကိုကုပေးမည်။
မင်းကဒီနေ့ကစပြီး...ငါရဲ့ပိုင်ဆိုင်မှုတွေရဲ့အမွေဆက်ခံသူပဲ
ဂျက်ခ်ရဲ့လောကကအထီးကျန်လွန်းသည်။ငယ်ငယ်ကဆင်းရဲလွန်လို့အလုပ်ကြိုးစားကာချမ်းသာအောင်
ကြိုးစားခဲ့သည်။အလုပ်ကြိုးစားခဲ့တဲ့ကာလတစ်လျှောက်
်ကိုယ်နဲ့ဆိုးတူကောင်းဖက်အတူကြိုးစားရှာဖွေခဲ့တဲ့ကျောင်းနေဖတ်ဆရီယာဆိုတဲ့မိန်းကလေးနဲ့လက်ထပ်ခဲ့သည်။
လက်ထပ်ခဲ့ပြီးရိုးသားကြိုးစားမှုရဲ့ရလဒ်က...သူေဋ္ဌးတစ်ယောက်ရဲ့ကုမ္မဏီကိုအလကားရလိုက်သည်။ကုမ္မဏီကိုဒီထက်ပိုးတိုးတတ်အောင်ကြိုးစားရာမှnewyorkမှာအချမ်းသာဆုံးစာရင်းဝင်ဖြစ်လာခဲ့သည်။
ဒါပေမယ့်သားနဲ့မယားကလွန်ခဲ့တဲ့၅နှစ်ကပင်ကားအက်စီးဒန့်ဖြစ်ပြီးဆုံးသွားခဲ့သည်။ထိုကတည်းကဂျက်ခ်ရဲ့ဘဝကဘာမှမဟုတ်တော့...ချမ်းသာမှုကပျော်ရွှင်မှုကိုမပေးစွမ်းနိုင်..ကြာလာတော့ဒီချမ်းသာ
မှုတွေက...ဂျက်ခ်အတွက်ငြီးငွေ့ဖွယ်ကောင်းလာသည်။
ဒါပေမယ့်...ဒီနေ့တော့...ဒီကောင်လေးကိုဂျက်ခ်တွေ့
လိုက်ရတာ...ဘုရားသခင်ကဂျက်ခ်ကိုကောင်းချီးပေးလိုက်သလိုပင်....ဂျက်ခ်ကိုသားတစ်ယောက်အလကားပေးလိုက်သလိုပင်....
သွန်းနေနေရတာအရမ်းပြင်းလာပြီ....မောင်ကပြန်မလာတာသုံးလလောက်ရှိပြီ...ပထမလကဒယ်ဒီတို့newyorkသွားပြီးပြန်လာကတည်းက...မောင်နဲ့အဆက်အသွယ်မရတော့
ဒယ်ဒီတို့ပြောတာကတော့...မောင်ကလိုင်းမမိတဲ့ပြည်နည်ဘက်ရောက်နေတာတဲ့...တကယ်ကောလိုင်းမမိတဲ့နယ်ရှိတာလား...ဒါမှမဟုတ်မောင်ကချစ်သူအသစ်ရနေတာလား
သွန်းကိုထားသွားတာလား....သွန်းကိိုမောင်အရမ်းလွမ်းတာပဲ....မောင်ရယ်...မောင်ပြန်လာရင်ပြောပြရမှာက..အောင်ပြည့်နဲ့...အကိုခွန်မင်းသန့်နဲ့ကချစ်သူတွေဖြစ်သွားကြပြီဆိုတာရယ်...သမီးလေးကညတိုင်းသွန်းဗိုက်ကိုအရမ်းကန်တယ်ဆိုတာရယ်...တွေးရင်း...ကုတင်ဘေးမှာအစီအရီချထားတဲ့...ဆွယ်တာလေးတွေကိုကြည့်မိသည်။မောင်ပြန်လာရင်ဝတ်ဖို့...သွန်းထိုးတာမောင်ရယ်...မောင်ကဟိုကပြန်လားလို့မောင်ကိုယ်ကအကြီးကြီးဖြစ်လာရင်မတန်တော့ရင်ဘယ်လိုလုပ်မလဲ....
"မာမီ့အတွက်ထိုးထားတဲ့အနွေးထည်တောင်ပြီးသွားပြီသွားပေးလိုက်ဦးမယ်..."
သွန်းကုတင်ပေါ်မှအသာအယာထကာ...ဗိုက်လေးကိုထိန်းကိုင်လိုက်ပြီး..မာမီ့ဆီသွားဖို့ပြင်လိုက်သည်။
"သားရေ...သားအဏ္ဏဝါရေ..သတိရလိုက်တာကွယ်...မာမီသားသွန်းကိုဘယ်လိုပြောရမလဲကွယ်...သားဆုံးသွားပြီဆိုတာ...သားဆုံးတာသုံးလတောင်ပြည့်သွားပြီဆိုတာ...မာမီတို့ကြာလာရင်သားသွန်းကိုဆက်မလိမ်ချင်တော့ဘူး"
သွန်း..မာမီတို့အခန်းဘက်သွားတော့ကြားလိုက်ရတဲ့စကားသံတွေကသွန်းရဲ့ရင်ဝကိုသံဆူးချွန်နဲ့စောင့်ထိုးလိုက်သလို
မောင်ကဆုံးပြီတဲ့လား...သုံးလတောင်ပြည့်ပြီတဲ့...သားသွန်းကိုလည်းဆက်မလိမ်ချင်ဘူးဆိုတာ......သုံးလလုံးလုံးမာမီတို့ကသွန်းကိုလိမ်ထားတာလား...မာမီတို့newyork
သြားတာ...မောင့်ကိုသွားကြည့်တာလား....
"မဖြစ်နိုင်ဘူး...အဟင့်..မဖြစ်နိုင်ဘူး...မောင်က"
ဒေါ်မေသဇင်....အပြင်ဘက်မှသားသွန်းရဲ့အသံကြားတော့
အလန့်တကြားဖြစ်ကာထွက်ကြည့်လိုက်တော့...တံခါးနား
မှာငုတ်တုတ်ထိုင်ကာ....ငိုနေသောသားသွန်း...
ကိုယ်သူ့ကိုသွားကိုင်လိုက်တော့..ကိုယ့်ကိုကြန်ကြည့်ကာ..
"မာမီပြောတာတကယ်လား...မောင်ကဆုံးသွားပြီဆိုတာ...
မဟုတ်ဘူးလို့ပြောပါမာမီရယ်...သားရင်ဘက်တွေနာလွန်းလို့ပါ...သမီးကလည်းဒီသတင်းကြားချင်မှာမဟုတ်ဘူး...
ဟီး...ဟီး..."
"သားရယ်...မာမီတို့တောင်းပန်ပါတယ်ကွယ်"
"မောင်မသေဘူးလို့ပြောပါမာမီရယ်...သားရင်ဘက်တွေအရမ်းနာလို့ပါ...သားနှလုံးသားတွေကိုသံဆူးနဲ့ထိုးနှက်နေသလိုတစ်ဆစ်ဆစ်နဲ့မာမီရယ်...မောင်ကလေ...သားနဲ့သယ့သမီးကိုမထားခဲ့ပါဘူးမာမီရယ်...ပြီးတော့လေ...မောင့်ကို
လေ..BiBiလေးကသမီးလေးဆိုတာမပြောရသေးဘူးမာမီ
ရယ်....အား...အား..မာမီ...သားကိုကယ်ပါဦး"
"ဟယ်..ဘာဖြစ်တာလဲ...သား..သားသွန်းရေ..."
"မိရင်ရေ...မိရင်ရေ...လာခဲ့ဦးအမြန်..."
သားသွန်းရဲ့ခြေထောက်အပေါ်ပိုင်းကနေသွေးတွေစီးကျလာသည်။ကလေးလေးများတစ်ခုခုဖြစ်တာလား....
သားသွန်းကိုချက်ချင်းဆေးရုံတင်လိုက်ရသည်။ဆေးရုံရောက်တော့အခြေအနေအရ...ကလေးအားအမြန်ဆုံးခွဲကာမွေးလိုက်သည်။၅လကျော်လောက်လေးနဲ့ခွဲမွေးခဲ့တာကကလေးလေးက၅
ပေါင်လောက်သာရှိသည်။မွေးမွေးပြီးချင်းဓာတ်ကင်ရသည်။
သားသွန်းကတော့အခုထိသတိမရသေး...ခွဲစိတ်ခန်းဝင်ဖို့အတွက်....ကိုအဏ္ဏဝါကပင်လက်မှတ်ထိုးပေးလိုက်ရသည်။
သစ္စာတို့လည်းရောက်နေသည်။သစ္စာကိုမျက်နှာပင်မပြရဲ..
"ဖြစ်ပြီးပျက်ပြီးပြီပဲကွယ်..အဖေပြောခဲ့တာကိုလည်းစိတ်ထဲမထားတော့နဲ့...အဖေကတကယ်တော့သူတို့မျိုးရိုးမပျောက်ပြက်အောင်သားနဲ့အဏ္ဏဝါကိုအတင်းလက်ထပ်ခိုင်းစေခဲ့တာ...တကယ်တော့သားသွန်းနဲ့အဏ္ဏဝါကအသုံးချခံခဲ့ရတာ....
အခုတော့ဘာမှပြန်ပြင်ဆင်လို့မရတော့ဘူး..
သားသွန်းနိုးလာမှပဲ...အတတ်နိုင်ဆုံးေဖျာင်းဖျပေးရတာပေါ့.."
"အင်းပါသစ္စာရယ်...သားသွန်းကိုချက်ချင်းပြောပြဖို့...မဝံလို့
ပါ...သစ္စာရယ်...ဒီအေခြေအနေထိဖြစ်သွားမယ်လို့မထင်လိုက်ဘူး..."
"ကဲပါ...သစ္စာတို့က...BiBiလေးကိုသေချာစောက်ရှောက်ကြတာပေါ့...သားသွန်းကိုလည်းဘာမှမခံစားရအောင်
ဖျောင်းဖျပေးရတာပေါ့...BiBiလေးရဲ့အနာဂတ်ကရှိသေးတယ်မှတ်လား.."
နှင်းငွေ့တွေနဲ့မြူတွေဆိုင်းနေတဲ့တစ်နေရာ...သွန်းBiBiလေးကို...ချီကာမောင်နဲ့တူတဲ့အရိပ်ဖြူဖြူလေးနောက်ကိုလိုက်နေမိသည်။
"မောင်ရေ...မောင်လား..သွန်းနဲ့BiBiလေးကိုလှည့်ကြည့်ပါဦး"
သွန်းအော်ပြောလိုက်တဲ့သွန်းလက်ကိုလှည့်လာတဲ့သူက
မောင်မဟုတ်..အခြားတစ်ယောက်....
"သွန်း..မောင်ကဒီမှာလေကွာ"
သစ်ပင်လေးတစ်ပင်နောက်ကနေထွက်လာကာသွန်းကိုသူ့
နားလာရန်ခေါ်နေသောမောင်...
"ဟင်...မောင်...သွန်းနဲ့သမီးလေးကမောင့်ကိုအမှတ်ရနေတာ....ဟင်"
သွန်းတောင်မောင့်နားမရောက်သေး...မောင်ကတစ်ဖြည်းဖြည်းနဲ့ပျောက်ကွယ်စပြုတော့မည်။
သွန်း...မောင်ပြောခဲ့မယ်နော်...မောင်မရှိလည်းအကြာကြီးဝမ်းနည်းမနေဘဲ...သမီးလေးကိုသေချာစောက်ရှောက်နော်
သွန်းကသာမောင်ကိုလွမ်းပြီးနေမကောင်းဖြစ်ရင်...သမီးလေးပဲစိတ်မကောင်းဖြစ်မှာ...မောင်မရှိတော့သွန်းကပဲသမီးလေးရှေ့မှမားမားမတမတ်ရပ်တည်ပေးရမယ်...သွန်းဘင့စိတ်အားငယ်နေရင်...သမီးလေးကိုကာကွယ်ပေးမယ့်သူမရှိဘဲနေလိမ့်မယ်..."
"မောင်ကဘယ်သွားမှာမို့လို့လဲ..."
"မောင်က..."
ပြောရင်းအငွေ့တွေထဲမှာမောင်ကပျောက်သွားသည်။
"မောင်ရေ...မောင်ရေ"
"ဟယ်...သားနိုးလာပြီလား..."
"ဟင်...သားရဲ့ကလေးကော..."
"ရှိတယ်သားရဲ့...BiBiလေးကိုဓာတ်ကင်ပေးနေတယ်သားရဲ့..."
"သား...သမီးကိုမွေးပြီးပြီလား..."
"ဒါပေါ့သားရဲ့...မွေးပြီပြီ...BiBiလေးကချစ်စရာလေးသမီးရဲ့"
"ဟုတ်ကဲ့မေမေ....သားရေဆာတယ်"
"ရေဆာတယ်...ဒါဆိုမေမေကတိုက်မှာပေါ့...သားကခွဲမွေး
ထားတာဆိုတော့ရေအများကြီးသောက်လို့မရဘူးနော်...
ပိုက်လေးနဲသောက်နော်.."
"ဟုတ်မေမေ"
"မေမေ...မာမီရော...."
"သားစားဖို့အသီးလေးတွေသွားဝယ်တယ်"
"ဟုတ်...သမီးလေးကိုကြည့်ချင်တယ်"
"သားကဗိုက်ခွဲထားတာမကျက်သေးဘူးသားရဲ့..နောက်မှသွားကြည့်မယ်နော်"
"ဟုတ်ကဲ့မေမေ..သားလှဲတော့မယ်မေမေ"
"အေးအေး..."
ဘေးဘက်လှည့်ကာစောင်းအိပ်သွားသော..သားသွန်းကို
ကြည့်ကာ...ဒေါ်သွန်းသစ္စာဝမ်းနည်းမိသည်။သားဘယ်လောက်ခံစားနေရမယ်ဆိုတာ...သူမအသိဆုံး
နိုးနိုးလာချင်းမောင်ရေတဲ့အိမ်မက်ထဲမှာအဏ္ဏဝါလေးနဲ့တွေ့နေတာနဲ့တူသည်။တော်သေးသည်အဏ္ဏဝါအကြောင်းတော့မမေး...
သွန်း...အိမ်မက်ထဲမှမောင့်စကားတွေကိုပြန်ကြားယောင်မိသည်။နိုးနိုးလာချင်းမောင်လို့အော်ပြီးငိုလိုက်ခင်ပေမယ့်...
မောင်ပြောသလိုသမီးလေးအတွက်စိတ်ဓာတ်ကြံ့ခိုင်မှဖြစ်မည်။သမီးလေးရဲ့ဖေဖေပီသအောင်နေမည်။မောင်စကားကို
အဆုံးထိသွန်းနားထောင်မှာ...မောင်...ဒါပေမယ့်...မောင်ကိုအရမ်းလွမ်းတယ်...လွမ်းတဲ့စိတ်ကို...မထိန်းထားနိုင်ဘူး
သွန်းတွေးရင်းငိုမိသည်။
ငိုလိုက်သွန်းမင်းဆက်ရှင်...ဒီတစ်ခါနောက်ဆုံးပဲငိုတာ..အဝသာငိုထားလိုက်တော့..ဒီတစ်ခါငိုပြီးရင်သမီးရှေ့ုဆိုဘယ်တော့မှမငိုမိစေနဲ့တော့...
တီး...တီး....
(နှလုံးခုန်စက်ကအော်သံ)
The heart is beating!!
(နှလုံးခုန်လာပြီ)
ထိုအသံကြားထဲတာနဲ့အခန်းထဲမှနတ်စ်တွေဒေါက်တာတွေကထကာ...လိုအပ်တာတွေကိုပြင်ဆင်ပြီး....စစ်ဆေးစရာရှိတာစစ်ဆေးလိုက်သည်။
"အခြေအနေကတော့ကောင်းသွားပါပြီ...Congratulations!"
"thank you"
ဂျက်ခ်ထိုကောင်လေးကိုဆေးကုပေးရာကနေသုံးလမှာအေခြေအနေပြန်ကောင်းလာခဲ့သည်။ခေါင်းထိထားတဲ့အတွက်
အတိတ်ကိုအမှတ်ရချင်မှရလိမ့်မည်။မျက်နှာကတော့မှန်တွေထိထားတဲ့အတွက်ခွဲစိ်တ်ခိုင်းလိုက်တာ..အရင်ကရုပ်နဲ့နည်းနည်းပဲကွာသွားသည်....
အခုတော့ဂျက်ခ်ရဲ့ရည်မှန်းချက်တွေပြည့်ခဲ့ပြီ....
ဘုရားသခင်ကကျေးဇူးတော်ကြီးမြတ်လှပါပေတယ်....
5နှစ်ခန့်ကြာပြီးနောက်......
"သမီးရေ....BiBiရေ...သမီးဘယ်မှာရှိလဲဆိုတာပါးပါးသိတယ်နော်...အခုထြက္လာပါ...ကျောင်းသွားရမယ်"
"တွက်မလာပါပူးချို..ကျောင်းသွားချင်ရူး..ဖိုးဖိုးနဲ့ပဲချော့
ချင်ရာ..ကြီးတော့ဒီနေ့ဦးဦးကြေ့ရှီကိုလာမယ်လို့ပြောတားတာ...ကျောင်းသွားရူး..."
နှုတ်ခမ်းကြီးဆူကာသွားဘူးကြည့်ငြင်းနေသောBiBiစကားကမပီ..သမီးပြောတာကိုနားလည်လို့တော်သေးသည်ပင်...သမီးကငါးလထဲနဲ့မွေးထားတာမို့ဖွံဖြုးိမှုအနည်းငယ်နှေးကွေးသည်။5နှစ်ထဲရောက်တော့မယ်...အခုထိစကားကမပီသေး...မနှစ်ကမူကြိုထားသည်။ငါးနှစ်လုံးလုံးဒယ်ဒီတို့အိမ်မှာနေလို့...မေမေတို့အိမ်ပြန်နေလိုက်နဲ့....ဒယ်ဒီတို့ကလည်းသူ့မြေးမှသူ့မြေး..အခုကတည်းကသမီးလေးအတွက်ဆိုပြီးအမွေတွေခွဲပေးထားသည်။ဒီနှစ်တော့ကျောင်းစထားရတော့မည်။ကျောင်းကိုမြန်မာနိုင်ငံရဲ့အကောင်းဆုံးကျောင်းမှထာူပေးမယ်ပြောသော်လည်း...သမီးလေးအဲ့လိုကျောင်းမျိုးမှာမထားချင်
သမီးကအဲ့လိုကျောင်းတွေမှာတတ်ပြီးဂုဏ်မောက်သွားတာမျိုးမလိုချင်...ကို်ယ့်ထက်ချမ်းသာတဲ့သူတွေရှိသလို...ကိုယ့်ထက်ဆင်းရဲ့တဲ့သူတွေရှိသေးတယ်ဆိုတာသမီးကိုအခုအရွယ်ကတည်းကသိစေချင်သည်။ဒါကြောင့်အစိုးရကျောင်းမှာပဲထားဖို့ပဲဆုံးဖြတ်လိုက်သည်။
ကျောင်းမတတ်ချင်ဘူးငြင်းနေသောသမီးကိုကျောင်းတတ်အောင်ဦးကြေ့ဆီအကူအညီလှမ်းတောင်းရမည်။
"ဟယ်လို...အောင်ပြည့်ရေ...BiBiကိုကြည့်ပြောဦးကွာ
ဦးကြေ့ဆီလာမယ်လို့ကြည့်ပြောနေတယ်...ကျောင်းသွား
ရမှာပါဆို"
"ဟုတ္လား...BiBiကိုဖုန်းပေးလိုက်အကိုလေး"
"ရော့...ဦးကြေ့ကဖုန်းကြောမလို့တဲ့"
"ကောင်းကြည်"
အမလေးနော်...ခါးကြီးထောက်ကာ...ကောင်းပြီကိုကောင်းကြည်တဲ့...ဘာသာစကားအသစ်တွေတီထွင်နေတာ
"ဟယ်ရို~~~~ဦးကြေ့ဘာရုပ်နေရဲ...BiBiကိုလာခေါ်တော့ဘူးရား"
တစ်ခွန်းချင်းပြောကာသူ့ဦးလေးကိုချွဲတော့မည်ကြည့်နေ။
"bibiကကျောင်းတတ်ရမှာဆို"
"bibiကဦးကြေ့လာခေါ်မှာချိုရို့ကျောင်းမတတ်ဘူးရို့ငြင်းနေရာရေ"
"ကျောင်းတတ်ဦးလေ...ကျောင်းဆင်းမှဦးကြေ့လာခေါ်မယ်ရေ...နော်"
"ဟုတ်တဲ့...လာခေါ်ရင်ဘာဝယ်လာမှာရဲ.."
"bibiလေးကြိုက်တဲ့မုန့်တွေဝယ်ခဲ့မျာပေါ့"
"တတယ်ရား..."
"တကယ်ပေါ့..."
"တာဆို..BiBiကျောင်းသွားတော့မယ်နော်...ဦးကြေ့ပါးကိုဖုန်းနားကပ်ထား...ကပ်ပြီးရီလား"
"ဟုတ်ကဲ့"
"အာပြား...အကြီးကြီး"
"ဦးပြည့်ကလည်းအားဘွားအကြီးကြီးပေးပါတယ်ဗျာ"
ဖုန်းလည်းပြောလို့ပြီးသွားရော...သွန်းကိုလှည့်ကြည့်ကာ..
"ကျောင်းသွားမယ်...ဖြူချိန်းလဲပေး"
"ဟုတ်ကဲ့ပါဗျာ.."
BiBiလေးကကြီးလာလေမောင်နဲ့တူလာလေပင်...အပြောအဆိုနေပုံထိုင်ပုံ...တစ်ဇွတ်ထိုးဆန်မှုကစမောင့်ပုံစံ..
ဆရာကြီးကလလည်းလုပ်လိုက်ရမှ....မောင်
တစ်နေရာကနေ......မောင်သွန်းတို့သားဖကိုကြည့်နေမလား
စီနီယာသာသာများအားလေးစားလျက်ပါ
စာဖတ်သူအားလုံးကိုလေးစားလျက်ပါ....