နှောင်ကြိုးလေးတစ်မျှင်
အပိုင်း တစ်
~~~~~~~~~
ဘူဆန်မြို့ တောင်ကိုးရီးယားနိုင်ငံ
၁၉၉၄ ခုနှစ် ၈ လပိုင်း ၁၅ ရက်
ည ၇ နာရီခွဲ အချိန်
ရာသီဥတုသာယာမည်ဟု မိုးလေဝသရေဒီယိုလိုင်းက သတင်းကြေညာထားပေမယ့် ထိုညက ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်ခဲ့သည်။
မိုးစက် မိုးပေါက်တို့ တဖျောက်ဖျောက်ကျလာတဲ့အခါ လမ်းပေါ်က လမ်းသွားလမ်းလာ တစ်ချို့သည် နီးစပ်ရာ ကော်ဖီဆိုင် အဝတ်ဆိုင်တွေအထဲ ဝင်ရောက်ကာ မိုးခိုကျသည်။
တစ်ချို့တွေက အသင့်ပါလာတဲ့ ထီးကို ထုတ်ဆောင်းကျပီး သွားလိုရာအရပ်ဆီ ဦးတည်လိုက်ကျသည်။ တစ်ချို့သော လူတွေကတော့ မိုးရေတွေထဲ မျက်ရီတွေမိုးတွေနဲ့အတူ ကမ္ဘာပျက်နေကျသလို တစ်ချို့တွေကတော့ ကမ္ဘာမှာ အလှဆုံးဆိုတဲ့ အပြုံးတွေနဲ့ ပျော်နေကျလေရဲ့။
မိုးရေတွေထဲ ကားတွေ ဆိုင်ကယ်တွေနဲ့ အမျိုးမျိုးသောလူတွေက လူးလာခေါက်တုန် သွားနေကျ ပေမယ့် သူကတော့ တဖြောင့်ဖြောင့်ကျနေတဲ့ မိုးရေစက်တွေကို ကော်ဖီဆိုင်ထဲကနေ စားပွဲပေါ် မှေးထောက်ကာ ခပ်တွေတွေ ငေးမောနေမိသည်။
ကော်ဖီဆိုင်ရဲ့ အရှေ့မြင်ကွင်းကို ငေးကြည့်နေရင်း မြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခုကြောင့် သူ့မျက်လုံးမှာ မျက်ရည်ကြည်တွေ ရစ်ဝဲသွားကာ နှုတ်ခမ်းပါးတွေထက်မှာပါ အပြုံးနုနုတွေ ဖြစ်ပေါ်သွားရပြန်သည်။
* မိုးရွာရင် လွမ်းလို့ သိပ်ကောင်းတာပဲ *
ကော်ဖီကို တငုံလောက်သောက်လိုက်ပီး အရှေ့က မြင်ကွင်းကို တဖန်ငေးကြည့်နေလိုက်သည်။
ထီးကိုယ်စီနဲ့ သွားလာနေဆဲ လူတွေက ဆိုင်ထဲက သူ့ကို သတိမမူမိကြသလို သူသည်လည်း ထိုလူတွေကို ငေးကြည့်နေခဲ့ခြင်းမဟုတ်။
ဘေးမှာချထားတဲ့ ဖုန်းက တဒီးဒီးနဲ့ ထမြည်တဲ့အခါ သက်မတချက်ကို ခပ်ပြင်းပြင်းရှိုက်လိုက်ရင်း ဖုန်း screen ကိို ပိတ်ချထားလိုက်ကာ ခပ်ဝါးဝါးသာရှိတော့တဲ့ ကော်ဖီဆိုင်ရဲ့ မှန်ပြတင်းပေါက်ကနေ မြင်ရတဲ့ မြင်ကွင်းကို ဆက်ကြည့်နေလိုက်သည်။
တစ်ခေါက်ပီး တခေါက် အဆက်မပြတ်ဝင်နေတဲ့ ဖုန်း contact name လေးကတော့ * မောင် * တဲ့
ကော်ဖီဆိုင်ရဲ့ ထောင့်ဆုံးဝိုင်းမှာ ထိုင်နေတဲ့ သူဟာလည်း အငွေ့တစ်ထောင်းထောင်းထနေတဲ့ ကော်ဖီခွက်ကို ဇွန်းနဲ့ ခပ်နာနာမွှေလိုက်ရင်း အငွေ့ရိုက်လို့ မှိုင်းသွားတဲ့ မျက်မှန်ကို ချွတ်ပီး စားပွဲပေါ်တင်လိုက်သည်။ ထိုအခါ သူမြင်ရတော့တဲ့ မြင်ကွင်းတွေက ခပ်ဝါးဝါးသာ။ ခပ်ဝါးဝါး ထိုအခြေအနေမှာ ဆိုင်အရှေ့ဖက်ကို ငေးကြည့်နေတဲ့ လူတစ်ယောက်ရဲ့ ကျောပြင်ကိုတော့ သူကောင်းစွာ မြင်နိုင်သေးသည်။
အကြည့်တွေကို ပြန်ရုတ်သိမ်းပီး ရှေ့မှာရှိတဲ့ ကော်ဖီခွက်ပေါ် ဝေ့ကြည့်တဲ့အခါ တဝက်သာ ကျန်တော့တဲ့ ကော်ဖီတွေက သူ့ကို လှောင်ပြောင်နေသယောင်။ ဘေးချထားတဲ့ မျက်မှန်ကို နေရာမှန်ဖြစ်အောင် ပြန်တပ်လိုက်တဲ့အခါ မြင်ရတဲ့ မြင်ကွင်းတွေဟာ ရှင်းရှင်းလင်းလင်း။
မရောက်ပါနဲ့လို့ ဟန့်တားနေတဲ့ ကြားက ထပ်ရောက်သွားပြန်တဲ့ အကြည့်တွေက ကော်ဖီဆိုင်ရဲ့ တစ်နေရာ။ သူကြည့်တဲ့ နေရာမှာ ခုနက မြင်ခဲ့ရတဲ့ ကျောပြင်ဟာ ဘယ်ဆီဘယ်ဝယ်သို့ ရောက်သွားလေသည်မသိ။ ထိုနေရာတွင် ကော်ဖီခွက်ကလွှဲရင် ဘာမှမရှိတော့ပေ။ ထိုအခါ နှုတ်ခမ်းပါးတွေထက် အပြုံးကို ဆင်မြန်းလိုက်ရင်း လက်ကျန်ကော်ဖီကို မော့သောက်လိုက်ကာ ငွေရှင်းကောင်တာဆီ ထွက်လာခဲ့လိုက်တော့သည်။
ငွေရှင်းကောင်တာရောက်တဲ့အခါ ကျသင့်ငွေကို ရှင်းလိုက်ပီး ဆိုင်ထဲက ထွက်လာလိုက်သည်။
မစဲသေးတဲ့ မိုးက အရင်ကထက်ပင် ပိုသည်းထန်လာသည်မို့ လက်နှစ်ဖက်ကို လောင်းကုတ်ထဲ ထည့်လိုက်ရင်း လမ်းသွားလမ်းလာ တစ်ချို့ကို ငေးကြည့်နေလိုက်သည်။
ထီးတစ်ချောင်းကို တူတူဆောင်းရင်း ချစ်ကြည််နူး တစ်တီတူးကာ သွားနေကျတဲ့ အတွဲတွေ။ အသက်ကြီးကြီး အဖွားတစ်ယောက်ကို ဂရုတစိုက် ကူတွဲနေတဲ့ အဖိုးတစ်ယောက်။ ကျောင်းဝတ်စုံတွေဝတ်ပီး နေရာတကာ အလေလိုက်နေတဲ့ ဂျလေဘီ ကျောင်းသားအုပ်စု။ ထိုခပ်ဆိုးဆိုး ကျောင်းသားတွေက ဆိုင်ရှေ့ကနေ လွတ်လပ်၊ ပေါ့ပါး၊ ပျော်ရွင်စွာ ပြေးထွက်သွားကျတဲ့ မြင်ကွင်းတွေ။
မိုးရေစက်တွေအောက် ပြဿနာ ဖြေရှင်းနေကျတဲ့ ချစ်သူစုံတွဲတွေ။ အိမ်အပြန်လမ်းကို ဒုန်းစိုင်းသွားနေတဲ့ လူတစ်ချို့ ။ မိုးရေတွေအောက် နှုတ်ခမ်းခြင်းထိစပ်ရင်း နွေးထွေးမှုကို ရှာနေကျတဲ့ လူတွေ။ ထိုကဲ့သို့ အမျိုးမျိုးသော လူတွေဟာ မိုးစက်မိုးပေါက်တွေအောက်က နေရာတိုင်းမှာ အမျိုးမျိုးသော ဖြစ်တည်မှုတွေနဲ့။
ထီးမပါဘူးလား
ဆိုင်တံစက်မိတ်အောက်မှာ ရပ်နေတုန်း ဘေးနားက ခပ်တိုးတိုးထွက်လာတဲ့ အသံကြောင့် ငဲ့ကြည့်လိုက်တဲ့အခါ ထီးကိုင်ထားတဲ့ လူတစ်ယောက်။ အတိအကျပြောရရင် သူခုနက လိုက်ရှာနေခဲ့တဲ့ ကျောပြင်ပိုင်ရှင်။
အင်း
အပြုံးတစ်ခုနဲ့အတူ ပြန်ဖြေလိုက်ရင်း လမ်းမထက်က လူတွေ ကားတွေ ဖြတ်သန်းသွားလာနေတဲ့ မြင်ကွင်းကိို ပြန်ကြည့်နေလိုက်သည်။
တူတူသွားမလား
အကြည့်တွေက ထိုလူဆီ ပြန်ရောက်သွားရကာ ခပ်ရေးရေးအပြုံးတွေကို မျက်နှာထက် နောက်တစ်ဖန် ပြန်ချိတ်ဆွဲလိုက်သည်။ မလင်းတလင်း မီးရောင်အောက်မှာမို့ ထိုလူမျက်နှာကိုတော့ ရှင်းရှင်းလင်းလင်းမမြင်ရ။ ကိိုယ့်ထက်အရပ်နိမ့်ပေမယ့် ခပ်အုပ်အုပ်ဆံပင်တွေကြောင့် မျက်နှာကိုတော့ တိတိကျကျမတွေ့။ ထီးတံကို ထိန်းပီး ဖွင့်နေတဲ့ ထိုလူရဲ့ လက်တွေကို ကြည့်ခြင်းဖြင့် ထိုလူဟာ နုနုနယ်နယ် ယောင်္ကျားလေးတစ်ယောက်ဖြစ်လိမ့်မည်။ သေးသေးသွယ်သွယ် လက်ချောင်းတွေထက်မှာ အကြောစိမ်းစိမ်းတွေက အထင်းသား။
ထိုလူရဲ့ တကိုယ်လုံးကို ခွဲခြမ်းစိတ်ဖြာနေရတာမို့ ခေါင်းငြိမ့်မိလား ခေါင်းခါမိလားတောင် သူသတိမထားမိ။ လက်တဖက်ကို လာကိုင်တော့မှ သတိဝင်လာကာ တူတူသွားဖို့ သဘောတူလိုက်မိသည်။
ကော်ဖီဆိုင်ရှေ့က ထီးတစ်ချောင်းနဲ့အတူ တရွေ့ရွေ့ထွက်ခွာသွားတဲ့ ကျောပြင်နှစ်ခုဟာ မလင်းတလင်း မီးရောင်အောက်မှာ။
မင်း ဘယ်မှာနေတာလဲ
ဒီနားပဲ
အော်
ခင်ဗျားကို ထီးပေးလိုက်မယ်
အင်း ကျေးဇူး
ခပ်တိုးတိုးစကားသံတွေနဲ့အတူ ထိုလူနှစ်ယောက်ဟာ တဖြေးဖြေး မှေးမှိန်ကာ အမှောင်ထုထဲကို တိုးဝင်သွားတော့သည်။
ထိုနည်းတူစွာ မိုးစက်မိုးပေါက်တွေနဲ့အတူ နီယွန်မီးရောင်အောက်က ကားလမ်းမကြီးထက် တရိပ်ရိပ်ဖြတ်သန်းနေတဲ့ ဗင်ကားတစ်စီး။ ထိုကားထဲမှာတော့ ငယ်ငယ်ရွယ်ရွယ်ကောင်လေးတစ်ယောက်က ရေဒီယိုလိုင်းကို ဖွင့်လိုက်ရင်း မိုးလေဝါသ သတင်းကို နားထောင်ကာ ကျစ်တစ်ချက်စုတ်သပ်လိုက်ပီး ညီးညူလိုက်သည်။
* ရာသီဥတုတွေလည်း မမှန်နိုင်တော့ဘူးပဲ စိိတ်ပျက်လိုက်တာ *
ဒယ်ဒီ ဖားသားရဲ့ အမိန့်ပေးခိုင်းစေမှုကြောင့်သာ ညဖက်ကြီး ခရီးသွားနေရတာမို့ အလျှင်လိုနေသည်ဟုဆိုလျှင် ပိုမှန်မည်။ ညဖက်တွေ ခရီးသွားရတာမကြိုက်တဲ့ သူ့အတွက် ထိုညက ဇာတ်လမ်းလေးတစ်ပုဒ် စတင်ခဲ့မည်ဆိုတာ ကြိုသိခဲ့လျှင် ခုနကလို ညည်းတွားနေပါအုံးမလား။
ဇာတ်လမ်းလေးက ဒီလိုစခဲ့တယ်ဆိုပါစို့
ဘူဆန် ကားလမ်းမကြီးထက် တအီအီပြိုဆင်းနေတဲ့ မိုးရေစက်တွေအောက် ဆေးရုံဝတ်စုံလေးနဲ့ ပြေးလွှားနေတဲ့ အရွယ်ငယ်ငယ်ကောင်လေးတစ်ယောက်။ အနောက်ကို လှည့်ကြည့်လိုက် အရှေ့ကိုပြေးလိုက်နဲ့ ပြေးလွှားနေသူလေးဟာ ဆေးရုံက ထွက်ပြေးလာခဲ့ခြင်း။
ကျွီခနဲ ကားဘရိတ်အုပ်သံနဲ့အတူ ရပ်တန့်သွားတဲ့ကားကို အရှိန်နဲ့ ဝင်တိုက်သူဟာ ဆေးရုံဝတ်စုံနဲ့ ဖြူဖျော့နေတဲ့ ကောင်လေး။
ထိပ်ခနဲ ဖြစ်သွားတဲ့ အသိစိတ်နဲ့အတူ
ကားပေါ်က ထီးတစ်ချောင်းနဲ့ ကမန်းကတမ်းဆင်းလာသူကို ထိုကောင်လေးက တောင်းဆိုနေခဲ့သည်။ သူ့ကိုပါ တူတူခေါ်သွားပေးပါတဲ့။
မဖြစ်ဘူးလေ
˜˜˜˜˜˜˜˜
ဒီမှာ ကောင်လေး ဆေးရုံက ထွက်ပြေးလာတာလား
မိုးရေတွေထဲ လှဲကျနေတဲ့ ထိုကောင်လေးအပေါ် ထီးမိုးထားပေးလိုက်ရင်း ထိုကောင်လေးရဲ့မျက်နှာကို သေချာငုံ့ကြည့်လိုက်တော့ သူ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
* ဂျီဂျီလား *
စိတ်ထဲက အမေးစကားဟာ အပြင်ကိုတော့ ရောက်ရှိမလာ လည်ချောင်းဝမှာတင် ပိတ်ဆို့သွားရသည်။ ဘာလို့ဆို သူသိတဲ့ ဂျီဂျီက မိန်းကလေး ခုတွေ့နေရတဲ့သူက ယောင်္ကျားတစ်ယောက် ဒါပေမယ့် ခုတွေ့နေရတဲ့ ယောင်္ကျားလေးက သူသိတဲ့ ဂျီဂျီနဲ့ ချွတ်စွတ်နီးပါးတူသည်။
ဟိုမှာ ဟိုမှာ တွေ့ပီ
ကောင်လေးကို မြန်မြန်ပြန်ခေါ်သွားရမယ်
ငါသူတို့နဲ့ ပြန်မလိုက်ချင်ဘူး။
........
မင်းသွားမယ့်နေရာ ဘယ်နေရာဖြစ်ဖြစ် ငါ့ကို ခေါ်သွားပေးပါ ဒီလူတွေနဲ့ ပြန်မလိုက်ချင်ဘူး
ဖမ်း!!!!! ဖမ်း!!!!!
ညာသံပေးကာ ပြေးလာနေကျတဲ့ သူနာပြုတွေနဲ့ လူတစ်ချို့ကို မြင်တော့ ထိုကောင်လေးရဲ့ မျက်လုံးတွေမှာ ကြောက်ရွံ့နေတဲ့ အရိပ်အရောင်တွေကို အတိုင်းသား မြင်နေရသည်။
* ငါ မင်းကို ခေါ်သွားသင့်လား *
မိုးရေစက်တွေနဲ့ ရောကာ မျက်ရည်တွေ တသွင်သွင်စီးကျနေတဲ့ ထိုကောင်လေးကို သူခေါ်သွားချင်နေမိသည်။ ခေါ်သွားလို့ရော ဖြစ်ပါ့မလား ဆိုတဲ့ စိတ်တို့ကလည်း ဟန့်တားနေပြန်သည်။ ထိုကောင်လေးရဲ့ မျက်ရီတွေက သူ့ရင်တစ်ခုလုံးကို ရေနွေးပူနဲ့ လောင်းခံနေရသလို ပူပူလောင်လောင်။
သူ့လက်တွေကို လာဆွဲတဲ့ အေးစက်နေတဲ့ ကောင်လေးရဲ့ လက်တွေကြောင့် သူ့ဆုံးဖြတ်ချက်တွေ ခိုင်မာသွားရသည်ဟု ဆိုရမလား။ ဘာကြောင့် ဘယ်လို ဆုံးဖြတ်ခဲ့လဲဆိုတာ မသိပေမယ့် သူ့ဆုံးဖြတ်ချက်တွေက ပြင်လိုစိတ်မရှိလောက်အောင်ကို ခိုင်မာနေခဲ့သည်။
လာ
လက်တဖက်ကိုဆွဲ မ၊ ထူ လိုက်ရင်း ကားရှေ့ခန်းပေါ် တွဲတင်လိုက်ကာ အရှိန်နဲ့ မောင်းထွက်လာခဲ့သည်။ မိုးရေတွေကြောင့် တဆတ်ဆတ်တုန်ရီနေတဲ့ ထိုလူသားကို ပုံမှန်ထက် ပိုပီး ဘာကြောင့် စိုးရိမ်နေလဲဆိုတာ သူမသိ။ ဆေးရုံဝတ်စုံ ဝတ်ထားလို့များလား။ အတွေးတွေက သိပ်တော့ ဝေခွဲမရ။
နောက်က လိုက်လာကျသူတွေနဲ့ မျက်ခြေပြတ်လောက်တော့မှ ကားကို တစ်နေရာမှာထိုးရပ်လိုက်ပီး ထိုလူသားငယ်ကို ပြန်ကြည့်လိုက်တော့ ချမ်းလို့လား နေမကောင်းလို့လား မသဲကွဲနိုင်စွာပဲ ထိုလူသားငယ်ဟာ ပုံမှန်ထက် ဖြူဖျော့နေသည်။
( #Khat - သရဲတော့ မဟုတ်ဘူးမလား )
အနောက်ခန်းထဲရှိနေတဲ့ အဝတ်အိပ်ထဲက အဝတ်တစ်စုံကို ဆွဲထုပ်ပေးလိုက်ပီး ဆေးရုံဝတ်စုံတွေနဲ့ လှဲဝတ်စေသည်။ ရှပ်လက်ရှည်နဲ့ ပါလာတဲ့ ဒူးပေါ်ဘောင်းဘီကို လှဲဝတ်စေလိုက်ပီး ခေါင်းရေတွေပါ သုတ်ပေးနေမိသည်အထိ ခုမှ တွေ့ဖူးတဲ့ သူစိမ်းကောင်လေး တစ်ယောက်အပေါ် စေတနာတွေ ပိုနေမိသည်။
ကောင်လေး
ကျေး ကျေးဇူးတင်ပါတယ်။
ဆေးရုံက ဘာလို့ထွက်ပြေးလာတာလဲ
ကြောက်လို့
ကြောက်လို့???
သံယောင်လိုက်ကာ ပြန်ပြောလိုက်တဲ့အခါ မျက်ဝန်းအိမ််မှာ မျက်ရည််တွေ အပြည့်နဲ့ မော့ကြည့်လာတဲ့ ထိုကောင်လေးကြောင့် အနည်းငယ် လန့်သွားရသည်။
ဘယ်မှာနေတာလဲ လိုက်ပို့ပေးမယ်
ဟင့်အင်း အိမ်ပြန်လို့မရဘူး
ဒါဆို ဘယ်မှာနေဖို့ စိတ်ကူးရှိလဲ
မသိဘူး
ခက်တော့ ခက်ပီ။ အိမ်ပြန်ပို့လို့လည်း မရ။ ဘယ်မှာနေရမှန်းလည်း မသိတဲ့ထိုကောင်လေးကို ဘယ်နားထားရမလဲ။ သွားမယ့်နေရာကို တူတူခေါ်သွားရမလား။
ငါနဲ့တူတူလိုက်မလား ခုငါက ခရီးထွက်လာတာဆိုတော့ မင်းကို ခေါ်သွားလို့တော့ရပါတယ်
ငါ့ကို မရောင်းစားဘူးမလား
အဲလိုရုပ်ပေါက်နေလို့လား
အင်း
ဘာ!!
ကိုယ်က အံ့ဩလွန်းလို့ တအော်မိတော့လည်း သူကပြန်လန့်ပီး ငိုမဲ့မဲ့ဖြစ်သွားတော့ ကိုယ့်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။
sorry ရောင်းစားမှာ မဟုတ်လို့ စိတ်မပူပါနဲ့
..........
ဘာစကားမှ ထပ်မထွက်လာတော့ပဲ ခေါင်းကိုသာ ငုံ့ရင်း ငြိမ်နေသူကြောင့် သူ့ဘာသူပဲ ဆုံးဖြတ်ချက်တွေချပီး ခေါ်ဆောင်သွားရတော့မည်။
ဒါဆိုလည်း လိုက်ခဲ့လေ သွားရမယ့်နေရာက နောက် မိနစ် ( ၃၀ ) လောက်ဆိုရောက်ပီ
ငါ မင်းကို ယုံကြည်လို့လိုက်လာတာမို့ ငါ့ကို မရောင်းစားဘူးမလား
........
ပြောစရာစကားတွေသည် ဘယ်ဆီဘယ်ဝယ်သို့ ရောက်သွားလေသည် မသိ။ ခေါင်းကိုသာ တဆတ်ဆတ်ငြိမ့်ပြလိုက်ရင်း သွားလိုရာအရပ်ကိုသာ ရောက်ဖို့ ခရီးကို ဆက်လိုက်သည်။
လမ်းမကြီးရဲ့ဘေးမှာ ထိုးရပ်ထားတဲ့ ကားလေးကတော့ နီယွန်မီးရောင်နဲ့ မိုးရေတွေအောက်မှာ လှလှပပလေး ရှိနေသည်။
ကားထဲက ကောင်လေးနှစ်ယောက်ကတော့
စကားမစပ် မင်းနာမည်ကဘာလဲ
ဂျီမင်း ပတ်ဂျီမင်း
#Khat
အသစ်ပါ
နားထားတာလည်း ကြာပီ
ခုမှ အစပြန်ရေးတာမို့
လိုတာရှိ ဝန္တာမိပါ 🙏
ဝေဖန်အကြံပြုနိုင်ပါတယ်😊
#Khat
20.3.2023
ႏွောင္ႀကိဳးေလးတစ္မွ်င္
အပိုင္း တစ္
~~~~~~~~~
ဘူဆန္ၿမိဳ႕ ေတာင္ကိုးရီးယားနိုင္ငံ
၁၉၉၄ ခုႏွစ္ ၈ လပိုင္း ၁၅ ရက္
ည ၇ နာရီခြဲ အခ်ိန္
ရာသီဥတုသာယာမည္ဟု မိုးေလဝသေရဒီယိုလိုင္းက သတင္းေၾကညာထားေပမယ့္ ထိုညက ႐ုတ္တရက္ မိုးသည္းထန္စြာ႐ြာသြန္းမႈ ျဖစ္ခဲ့သည္။
မိုးစက္ မိုးေပါက္တို႔ တေဖ်ာက္ေဖ်ာက္က်လာတဲ့အခါ လမ္းေပၚက လမ္းသြားလမ္းလာ တစ္ခ်ိဳ႕သည္ နီးစပ္ရာ ေကာ္ဖီဆိုင္ အဝတ္ဆိုင္ေတြအထဲ ဝင္ေရာက္ကာ မိုးခိုက်သည္။
တစ္ခ်ိဳ႕ေတြက အသင့္ပါလာတဲ့ ထီးကို ထုတ္ေဆာင္းက်ပီး သြားလိုရာအရပ္ဆီ ဦးတည္လိုက္က်သည္။ တစ္ခ်ိဳ႕ေသာ လူေတြကေတာ့ မိုးေရေတြထဲ မ်က္ရီေတြမိုးေတြနဲ႕အတူ ကမၻာပ်က္ေနက်သလို တစ္ခ်ိဳ႕ေတြကေတာ့ ကမၻာမွာ အလွဆုံးဆိုတဲ့ အၿပဳံးေတြနဲ႕ ေပ်ာ္ေနက်ေလရဲ႕။
မိုးေရေတြထဲ ကားေတြ ဆိုင္ကယ္ေတြနဲ႕ အမ်ိဳးမ်ိဳးေသာလူေတြက လူးလာေခါက္တုန္ သြားေနက် ေပမယ့္ သူကေတာ့ တေျဖာင့္ေျဖာင့္က်ေနတဲ့ မိုးေရစက္ေတြကို ေကာ္ဖီဆိုင္ထဲကေန စားပြဲေပၚ ေမွးေထာက္ကာ ခပ္ေတြေတြ ေငးေမာေနမိသည္။
ေကာ္ဖီဆိုင္ရဲ႕ အေရွ႕ျမင္ကြင္းကို ေငးၾကည့္ေနရင္း ျမင္လိုက္ရတဲ့ ျမင္ကြင္းတစ္ခုေၾကာင့္ သူ႕မ်က္လုံးမွာ မ်က္ရည္ၾကည္ေတြ ရစ္ဝဲသြားကာ ႏႈတ္ခမ္းပါးေတြထက္မွာပါ အၿပဳံးႏုႏုေတြ ျဖစ္ေပၚသြားရျပန္သည္။
* မိုး႐ြာရင္ လြမ္းလို႔ သိပ္ေကာင္းတာပဲ *
ေကာ္ဖီကို တငုံေလာက္ေသာက္လိုက္ပီး အေရွ႕က ျမင္ကြင္းကို တဖန္ေငးၾကည့္ေနလိုက္သည္။
ထီးကိုယ္စီနဲ႕ သြားလာေနဆဲ လူေတြက ဆိုင္ထဲက သူ႕ကို သတိမမူမိၾကသလို သူသည္လည္း ထိုလူေတြကို ေငးၾကည့္ေနခဲ့ျခင္းမဟုတ္။
ေဘးမွာခ်ထားတဲ့ ဖုန္းက တဒီးဒီးနဲ႕ ထျမည္တဲ့အခါ သက္မတခ်က္ကို ခပ္ျပင္းျပင္းရွိုက္လိုက္ရင္း ဖုန္း screen ကိို ပိတ္ခ်ထားလိုက္ကာ ခပ္ဝါးဝါးသာရွိေတာ့တဲ့ ေကာ္ဖီဆိုင္ရဲ႕ မွန္ျပတင္းေပါက္ကေန ျမင္ရတဲ့ ျမင္ကြင္းကို ဆက္ၾကည့္ေနလိုက္သည္။
တစ္ေခါက္ပီး တေခါက္ အဆက္မျပတ္ဝင္ေနတဲ့ ဖုန္း contact name ေလးကေတာ့ * ေမာင္ * တဲ့
ေကာ္ဖီဆိုင္ရဲ႕ ေထာင့္ဆုံးဝိုင္းမွာ ထိုင္ေနတဲ့ သူဟာလည္း အေငြ႕တစ္ေထာင္းေထာင္းထေနတဲ့ ေကာ္ဖီခြက္ကို ဇြန္းနဲ႕ ခပ္နာနာေမႊလိုက္ရင္း အေငြ႕ရိုက္လို႔ မွိုင္းသြားတဲ့ မ်က္မွန္ကို ခြၽတ္ပီး စားပြဲေပၚတင္လိုက္သည္။ ထိုအခါ သူျမင္ရေတာ့တဲ့ ျမင္ကြင္းေတြက ခပ္ဝါးဝါးသာ။ ခပ္ဝါးဝါး ထိုအေျခအေနမွာ ဆိုင္အေရွ႕ဖက္ကို ေငးၾကည့္ေနတဲ့ လူတစ္ေယာက္ရဲ႕ ေက်ာျပင္ကိုေတာ့ သူေကာင္းစြာ ျမင္နိုင္ေသးသည္။
အၾကည့္ေတြကို ျပန္႐ုတ္သိမ္းပီး ေရွ႕မွာရွိတဲ့ ေကာ္ဖီခြက္ေပၚ ေဝ့ၾကည့္တဲ့အခါ တဝက္သာ က်န္ေတာ့တဲ့ ေကာ္ဖီေတြက သူ႕ကို ေလွာင္ေျပာင္ေနသေယာင္။ ေဘးခ်ထားတဲ့ မ်က္မွန္ကို ေနရာမွန္ျဖစ္ေအာင္ ျပန္တပ္လိုက္တဲ့အခါ ျမင္ရတဲ့ ျမင္ကြင္းေတြဟာ ရွင္းရွင္းလင္းလင္း။
မေရာက္ပါနဲ႕လို႔ ဟန့္တားေနတဲ့ ၾကားက ထပ္ေရာက္သြားျပန္တဲ့ အၾကည့္ေတြက ေကာ္ဖီဆိုင္ရဲ႕ တစ္ေနရာ။ သူၾကည့္တဲ့ ေနရာမွာ ခုနက ျမင္ခဲ့ရတဲ့ ေက်ာျပင္ဟာ ဘယ္ဆီဘယ္ဝယ္သို႔ ေရာက္သြားေလသည္မသိ။ ထိုေနရာတြင္ ေကာ္ဖီခြက္ကလႊဲရင္ ဘာမွမရွိေတာ့ေပ။ ထိုအခါ ႏႈတ္ခမ္းပါးေတြထက္ အၿပဳံးကို ဆင္ျမန္းလိုက္ရင္း လက္က်န္ေကာ္ဖီကို ေမာ့ေသာက္လိုက္ကာ ေငြရွင္းေကာင္တာဆီ ထြက္လာခဲ့လိုက္ေတာ့သည္။
ေငြရွင္းေကာင္တာေရာက္တဲ့အခါ က်သင့္ေငြကို ရွင္းလိုက္ပီး ဆိုင္ထဲက ထြက္လာလိုက္သည္။
မစဲေသးတဲ့ မိုးက အရင္ကထက္ပင္ ပိုသည္းထန္လာသည္မို႔ လက္ႏွစ္ဖက္ကို ေလာင္းကုတ္ထဲ ထည့္လိုက္ရင္း လမ္းသြားလမ္းလာ တစ္ခ်ိဳ႕ကို ေငးၾကည့္ေနလိုက္သည္။
ထီးတစ္ေခ်ာင္းကို တူတူေဆာင္းရင္း ခ်စ္ၾကည္္ႏူး တစ္တီတူးကာ သြားေနက်တဲ့ အတြဲေတြ။ အသက္ႀကီးႀကီး အဖြားတစ္ေယာက္ကို ဂ႐ုတစိုက္ ကူတြဲေနတဲ့ အဖိုးတစ္ေယာက္။ ေက်ာင္းဝတ္စုံေတြဝတ္ပီး ေနရာတကာ အေလလိုက္ေနတဲ့ ဂ်ေလဘီ ေက်ာင္းသားအုပ္စု။ ထိုခပ္ဆိုးဆိုး ေက်ာင္းသားေတြက ဆိုင္ေရွ႕ကေန လြတ္လပ္၊ ေပါ့ပါး၊ ေပ်ာ္႐ြင္စြာ ေျပးထြက္သြားက်တဲ့ ျမင္ကြင္းေတြ။
မိုးေရစက္ေတြေအာက္ ျပႆနာ ေျဖရွင္းေနက်တဲ့ ခ်စ္သူစုံတြဲေတြ။ အိမ္အျပန္လမ္းကို ဒုန္းစိုင္းသြားေနတဲ့ လူတစ္ခ်ိဳ႕ ။ မိုးေရေတြေအာက္ ႏႈတ္ခမ္းျခင္းထိစပ္ရင္း ႏြေးေထြးမႈကို ရွာေနက်တဲ့ လူေတြ။ ထိုကဲ့သို႔ အမ်ိဳးမ်ိဳးေသာ လူေတြဟာ မိုးစက္မိုးေပါက္ေတြေအာက္က ေနရာတိုင္းမွာ အမ်ိဳးမ်ိဳးေသာ ျဖစ္တည္မႈေတြနဲ႕။
ထီးမပါဘူးလား
ဆိုင္တံစက္မိတ္ေအာက္မွာ ရပ္ေနတုန္း ေဘးနားက ခပ္တိုးတိုးထြက္လာတဲ့ အသံေၾကာင့္ ငဲ့ၾကည့္လိုက္တဲ့အခါ ထီးကိုင္ထားတဲ့ လူတစ္ေယာက္။ အတိအက်ေျပာရရင္ သူခုနက လိုက္ရွာေနခဲ့တဲ့ ေက်ာျပင္ပိုင္ရွင္။
အင္း
အၿပဳံးတစ္ခုနဲ႕အတူ ျပန္ေျဖလိုက္ရင္း လမ္းမထက္က လူေတြ ကားေတြ ျဖတ္သန္းသြားလာေနတဲ့ ျမင္ကြင္းကိို ျပန္ၾကည့္ေနလိုက္သည္။
တူတူသြားမလား
အၾကည့္ေတြက ထိုလူဆီ ျပန္ေရာက္သြားရကာ ခပ္ေရးေရးအၿပဳံးေတြကို မ်က္ႏွာထက္ ေနာက္တစ္ဖန္ ျပန္ခ်ိတ္ဆြဲလိုက္သည္။ မလင္းတလင္း မီးေရာင္ေအာက္မွာမို႔ ထိုလူမ်က္ႏွာကိုေတာ့ ရွင္းရွင္းလင္းလင္းမျမင္ရ။ ကိိုယ့္ထက္အရပ္နိမ့္ေပမယ့္ ခပ္အုပ္အုပ္ဆံပင္ေတြေၾကာင့္ မ်က္ႏွာကိုေတာ့ တိတိက်က်မေတြ႕။ ထီးတံကို ထိန္းပီး ဖြင့္ေနတဲ့ ထိုလူရဲ႕ လက္ေတြကို ၾကည့္ျခင္းျဖင့္ ထိုလူဟာ ႏုႏုနယ္နယ္ ေယာကၤ်ားေလးတစ္ေယာက္ျဖစ္လိမ့္မည္။ ေသးေသးသြယ္သြယ္ လက္ေခ်ာင္းေတြထက္မွာ အေၾကာစိမ္းစိမ္းေတြက အထင္းသား။
ထိုလူရဲ႕ တကိုယ္လုံးကို ခြဲျခမ္းစိတ္ျဖာေနရတာမို႔ ေခါင္းၿငိမ့္မိလား ေခါင္းခါမိလားေတာင္ သူသတိမထားမိ။ လက္တဖက္ကို လာကိုင္ေတာ့မွ သတိဝင္လာကာ တူတူသြားဖို႔ သေဘာတူလိုက္မိသည္။
ေကာ္ဖီဆိုင္ေရွ႕က ထီးတစ္ေခ်ာင္းနဲ႕အတူ တေ႐ြ႕ေ႐ြ႕ထြက္ခြာသြားတဲ့ ေက်ာျပင္ႏွစ္ခုဟာ မလင္းတလင္း မီးေရာင္ေအာက္မွာ။
မင္း ဘယ္မွာေနတာလဲ
ဒီနားပဲ
ေအာ္
ခင္ဗ်ားကို ထီးေပးလိုက္မယ္
အင္း ေက်းဇူး
ခပ္တိုးတိုးစကားသံေတြနဲ႕အတူ ထိုလူႏွစ္ေယာက္ဟာ တေျဖးေျဖး ေမွးမွိန္ကာ အေမွာင္ထုထဲကို တိုးဝင္သြားေတာ့သည္။
ထိုနည္းတူစြာ မိုးစက္မိုးေပါက္ေတြနဲ႕အတူ နီယြန္မီးေရာင္ေအာက္က ကားလမ္းမႀကီးထက္ တရိပ္ရိပ္ျဖတ္သန္းေနတဲ့ ဗင္ကားတစ္စီး။ ထိုကားထဲမွာေတာ့ ငယ္ငယ္႐ြယ္႐ြယ္ေကာင္ေလးတစ္ေယာက္က ေရဒီယိုလိုင္းကို ဖြင့္လိုက္ရင္း မိုးေလဝါသ သတင္းကို နားေထာင္ကာ က်စ္တစ္ခ်က္စုတ္သပ္လိုက္ပီး ညီးၫူလိုက္သည္။
* ရာသီဥတုေတြလည္း မမွန္နိုင္ေတာ့ဘူးပဲ စိိတ္ပ်က္လိုက္တာ *
ဒယ္ဒီ ဖားသားရဲ႕ အမိန့္ေပးခိုင္းေစမႈေၾကာင့္သာ ညဖက္ႀကီး ခရီးသြားေနရတာမို႔ အလွ်င္လိုေနသည္ဟုဆိုလွ်င္ ပိုမွန္မည္။ ညဖက္ေတြ ခရီးသြားရတာမႀကိဳက္တဲ့ သူ႕အတြက္ ထိုညက ဇာတ္လမ္းေလးတစ္ပုဒ္ စတင္ခဲ့မည္ဆိုတာ ႀကိဳသိခဲ့လွ်င္ ခုနကလို ညည္းတြားေနပါအုံးမလား။
ဇာတ္လမ္းေလးက ဒီလိုစခဲ့တယ္ဆိုပါစို႔
ဘူဆန္ ကားလမ္းမႀကီးထက္ တအီအီၿပိဳဆင္းေနတဲ့ မိုးေရစက္ေတြေအာက္ ေဆး႐ုံဝတ္စုံေလးနဲ႕ ေျပးလႊားေနတဲ့ အ႐ြယ္ငယ္ငယ္ေကာင္ေလးတစ္ေယာက္။ အေနာက္ကို လွည့္ၾကည့္လိုက္ အေရွ႕ကိုေျပးလိုက္နဲ႕ ေျပးလႊားေနသူေလးဟာ ေဆး႐ုံက ထြက္ေျပးလာခဲ့ျခင္း။
ကြၽီခနဲ ကားဘရိတ္အုပ္သံနဲ႕အတူ ရပ္တန့္သြားတဲ့ကားကို အရွိန္နဲ႕ ဝင္တိုက္သူဟာ ေဆး႐ုံဝတ္စုံနဲ႕ ျဖဴေဖ်ာ့ေနတဲ့ ေကာင္ေလး။
ထိပ္ခနဲ ျဖစ္သြားတဲ့ အသိစိတ္နဲ႕အတူ
ကားေပၚက ထီးတစ္ေခ်ာင္းနဲ႕ ကမန္းကတမ္းဆင္းလာသူကို ထိုေကာင္ေလးက ေတာင္းဆိုေနခဲ့သည္။ သူ႕ကိုပါ တူတူေခၚသြားေပးပါတဲ့။
မျဖစ္ဘူးေလ
˜˜˜˜˜˜˜˜
ဒီမွာ ေကာင္ေလး ေဆး႐ုံက ထြက္ေျပးလာတာလား
မိုးေရေတြထဲ လွဲက်ေနတဲ့ ထိုေကာင္ေလးအေပၚ ထီးမိုးထားေပးလိုက္ရင္း ထိုေကာင္ေလးရဲ႕မ်က္ႏွာကို ေသခ်ာငုံ႕ၾကည့္လိုက္ေတာ့ သူ ပါးစပ္အေဟာင္းသား ျဖစ္သြားေတာ့သည္။
* ဂ်ီဂ်ီလား *
စိတ္ထဲက အေမးစကားဟာ အျပင္ကိုေတာ့ ေရာက္ရွိမလာ လည္ေခ်ာင္းဝမွာတင္ ပိတ္ဆို႔သြားရသည္။ ဘာလို႔ဆို သူသိတဲ့ ဂ်ီဂ်ီက မိန္းကေလး ခုေတြ႕ေနရတဲ့သူက ေယာကၤ်ားတစ္ေယာက္ ဒါေပမယ့္ ခုေတြ႕ေနရတဲ့ ေယာကၤ်ားေလးက သူသိတဲ့ ဂ်ီဂ်ီနဲ႕ ခြၽတ္စြတ္နီးပါးတူသည္။
ဟိုမွာ ဟိုမွာ ေတြ႕ပီ
ေကာင္ေလးကို ျမန္ျမန္ျပန္ေခၚသြားရမယ္
ငါသူတို႔နဲ႕ ျပန္မလိုက္ခ်င္ဘူး။
........
မင္းသြားမယ့္ေနရာ ဘယ္ေနရာျဖစ္ျဖစ္ ငါ့ကို ေခၚသြားေပးပါ ဒီလူေတြနဲ႕ ျပန္မလိုက္ခ်င္ဘူး
ဖမ္း!!!!! ဖမ္း!!!!!
ညာသံေပးကာ ေျပးလာေနက်တဲ့ သူနာျပဳေတြနဲ႕ လူတစ္ခ်ိဳ႕ကို ျမင္ေတာ့ ထိုေကာင္ေလးရဲ႕ မ်က္လုံးေတြမွာ ေၾကာက္႐ြံ႕ေနတဲ့ အရိပ္အေရာင္ေတြကို အတိုင္းသား ျမင္ေနရသည္။
* ငါ မင္းကို ေခၚသြားသင့္လား *
မိုးေရစက္ေတြနဲ႕ ေရာကာ မ်က္ရည္ေတြ တသြင္သြင္စီးက်ေနတဲ့ ထိုေကာင္ေလးကို သူေခၚသြားခ်င္ေနမိသည္။ ေခၚသြားလို႔ေရာ ျဖစ္ပါ့မလား ဆိုတဲ့ စိတ္တို႔ကလည္း ဟန့္တားေနျပန္သည္။ ထိုေကာင္ေလးရဲ႕ မ်က္ရီေတြက သူ႕ရင္တစ္ခုလုံးကို ေရႏြေးပူနဲ႕ ေလာင္းခံေနရသလို ပူပူေလာင္ေလာင္။
သူ႕လက္ေတြကို လာဆြဲတဲ့ ေအးစက္ေနတဲ့ ေကာင္ေလးရဲ႕ လက္ေတြေၾကာင့္ သူ႕ဆုံးျဖတ္ခ်က္ေတြ ခိုင္မာသြားရသည္ဟု ဆိုရမလား။ ဘာေၾကာင့္ ဘယ္လို ဆုံးျဖတ္ခဲ့လဲဆိုတာ မသိေပမယ့္ သူ႕ဆုံးျဖတ္ခ်က္ေတြက ျပင္လိုစိတ္မရွိေလာက္ေအာင္ကို ခိုင္မာေနခဲ့သည္။
လာ
လက္တဖက္ကိုဆြဲ မ၊ ထူ လိုက္ရင္း ကားေရွ႕ခန္းေပၚ တြဲတင္လိုက္ကာ အရွိန္နဲ႕ ေမာင္းထြက္လာခဲ့သည္။ မိုးေရေတြေၾကာင့္ တဆတ္ဆတ္တုန္ရီေနတဲ့ ထိုလူသားကို ပုံမွန္ထက္ ပိုပီး ဘာေၾကာင့္ စိုးရိမ္ေနလဲဆိုတာ သူမသိ။ ေဆး႐ုံဝတ္စုံ ဝတ္ထားလို႔မ်ားလား။ အေတြးေတြက သိပ္ေတာ့ ေဝခြဲမရ။
ေနာက္က လိုက္လာက်သဴေတြနဲ႕ မ်က္ေျချပတ္ေလာက္ေတာ့မွ ကားကို တစ္ေနရာမွာထိုးရပ္လိုက္ပီး ထိုလူသားငယ္ကို ျပန္ၾကည့္လိုက္ေတာ့ ခ်မ္းလို႔လား ေနမေကာင္းလို႔လား မသဲကြဲနိုင္စြာပဲ ထိုလူသားငယ္ဟာ ပုံမွန္ထက္ ျဖဴေဖ်ာ့ေနသည္။
( #Khat - သရဲေတာ့ မဟုတ္ဘူးမလား )
အေနာက္ခန္းထဲရွိေနတဲ့ အဝတ္အိပ္ထဲက အဝတ္တစ္စုံကို ဆြဲထုပ္ေပးလိုက္ပီး ေဆး႐ုံဝတ္စုံေတြနဲ႕ လွဲဝတ္ေစသည္။ ရွပ္လက္ရွည္နဲ႕ ပါလာတဲ့ ဒူးေပၚေဘာင္းဘီကို လွဲဝတ္ေစလိုက္ပီး ေခါင္းေရေတြပါ သုတ္ေပးေနမိသည္အထိ ခုမွ ေတြ႕ဖူးတဲ့ သူစိမ္းေကာင္ေလး တစ္ေယာက္အေပၚ ေစတနာေတြ ပိုေနမိသည္။
ေကာင္ေလး
ေက်း ေက်းဇူးတင္ပါတယ္။
ေဆး႐ုံက ဘာလို႔ထြက္ေျပးလာတာလဲ
ေၾကာက္လို႔
ေၾကာက္လို႔???
သံေယာင္လိုက္ကာ ျပန္ေျပာလိုက္တဲ့အခါ မ်က္ဝန္းအိမ္္မွာ မ်က္ရည္္ေတြ အျပည့္နဲ႕ ေမာ့ၾကည့္လာတဲ့ ထိုေကာင္ေလးေၾကာင့္ အနည္းငယ္ လန့္သြားရသည္။
ဘယ္မွာေနတာလဲ လိုက္ပို႔ေပးမယ္
ဟင့္အင္း အိမ္ျပန္လို႔မရဘူး
ဒါဆို ဘယ္မွာေနဖို႔ စိတ္ကူးရွိလဲ
မသိဘူး
ခက္ေတာ့ ခက္ပီ။ အိမ္ျပန္ပို႔လို႔လည္း မရ။ ဘယ္မွာေနရမွန္းလည္း မသိတဲ့ထိုေကာင္ေလးကို ဘယ္နားထားရမလဲ။ သြားမယ့္ေနရာကို တူတူေခၚသြားရမလား။
ငါနဲ႕တူတူလိုက္မလား ခုငါက ခရီးထြက္လာတာဆိုေတာ့ မင္းကို ေခၚသြားလို႔ေတာ့ရပါတယ္
ငါ့ကို မေရာင္းစားဘူးမလား
အဲလို႐ုပ္ေပါက္ေနလို႔လား
အင္း
ဘာ!!
ကိုယ္က အံ့ဩလြန္းလို႔ တေအာ္မိေတာ့လည္း သူကျပန္လန့္ပီး ငိုမဲ့မဲ့ျဖစ္သြားေတာ့ ကိုယ့္မွာ ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိ။
sorry ေရာင္းစားမွာ မဟုတ္လို႔ စိတ္မပူပါနဲ႕
..........
ဘာစကားမွ ထပ္မထြက္လာေတာ့ပဲ ေခါင္းကိုသာ ငုံ႕ရင္း ၿငိမ္ေနသူေၾကာင့္ သူ႕ဘာသူပဲ ဆုံးျဖတ္ခ်က္ေတြခ်ပီး ေခၚေဆာင္သြားရေတာ့မည္။
ဒါဆိုလည္း လိုက္ခဲ့ေလ သြားရမယ့္ေနရာက ေနာက္ မိနစ္ ( ၃၀ ) ေလာက္ဆိုေရာက္ပီ
ငါ မင္းကို ယုံၾကည္လို႔လိုက္လာတာမို႔ ငါ့ကို မေရာင္းစားဘူးမလား
........
ေျပာစရာစကားေတြသည္ ဘယ္ဆီဘယ္ဝယ္သို႔ ေရာက္သြားေလသည္ မသိ။ ေခါင္းကိုသာ တဆတ္ဆတ္ၿငိမ့္ျပလိုက္ရင္း သြားလိုရာအရပ္ကိုသာ ေရာက္ဖို႔ ခရီးကို ဆက္လိုက္သည္။
လမ္းမႀကီးရဲ႕ေဘးမွာ ထိုးရပ္ထားတဲ့ ကားေလးကေတာ့ နီယြန္မီးေရာင္နဲ႕ မိုးေရေတြေအာက္မွာ လွလွပပေလး ရွိေနသည္။
ကားထဲက ေကာင္ေလးႏွစ္ေယာက္ကေတာ့
စကားမစပ္ မင္းနာမည္ကဘာလဲ
ဂ်ီမင္း ပတ္ဂ်ီမင္း
#Khat
အသစ္ပါ
နားထားတာလည္း ၾကာပီ
ခုမွ အစျပန္ေရးတာမို႔
လိုတာရွိ ဝႏၱာမိပါ 🙏
ေဝဖန္အႀကံျပဳနိုင္ပါတယ္😊
#Khat
20.3.2023