Unicode
အသက်ရှူမှားလောက်အောင်ကို ရင်ခုန်မိတယ်ဆိုတာမျိုးက ဘယ်လိုမျိုးလဲလို့ Jungwonအမြဲတွေးတောကြည့်ခဲ့ဖူးသည်။
တစ်နေ့မှာတော့ သူဟာ ဘွားဘွားအယ်လီနဲ့ဈေးကိုလိုက်သွားရင်း ပုံတူပန်းချီတစ်ချပ်ကိုတွေ့ခဲ့ရသည်။
"ဘွားဘွား အဲ့အကိုချောချောလေးကဘယ်သူလဲဟင်"
"အို...ဒါက ဘွားတို့တိုင်းပြည်ရဲ့ မင်းသားငယ်လေးလေ"
"အကိုကတအားကြည့်ကောင်းတာပဲနော် သားလဲကြီးလာရင် ဒီအကိုလိုဖြစ်ချင်တယ်"
"ဖြစ်ရမှာပေါ့ကလေးရယ်"
"အပြင်မှာတွေ့ဖူးချင်လိုက်တာနော်"
"ဒါတော့မဖြစ်နိုင်ဘူးထင်ပါ့ မင်းသားလေးက တို့လို မှော်ဆရာတွေကို သိပ်မုန်းပဲတဲ့"
"ဘာလို့လဲဟင်"
"မြေးက ငယ်သေးတယ်ကွယ် ကြီးလာရင်ဒီအကြောင်းတွေကို ပြောပြပါ့မယ်ကလေးရယ်"
"ဟုတ်"
"အခုဒီပုံတူကိုချင်သလား"
"ဟုတ်ဟုတ် လိုချင်တယ်"
"ဘွားဘွား၀ယ်ပေးမယ်နော်"
အဲ့သည့်ထဲက ငယ်ရွယ်သေးတဲ့ Jungwonဟာ မင်းသားရဲ့ပုံတူကိုကြည့်ရင်း အားကျမှု မြတ်နိုးမှုတို့ဖြစ်ခဲ့ရသည်။
မင်းသားအသက်တစ်နှစ်ကြီးတိုင်း ပုံတူတွေထွက်ခဲ့ပေမယ့် အရွယ်ရောက်ခါစမှာ ပုံတူတွေကပျောက်ဆုံးခဲ့ရသလို မင်းသားကိုမြင်ဖူးသူလည်းမရှိတော့။
သူဆယ်ကျော်သက်ဖြစ်လာတဲ့အခါမှာ သူ့ရဲ့နှလုံးသားကိုဖိကိုင်ရင်း မေးမြန်းကြည့်ခဲ့ပါရဲ့။
သိလိုက်ရတာကတော့ သူဟာမင်းသားကို သဘောကျခဲ့တယ် ရိုးရိုးတန်းတန်းမဟုတ်ပါပဲ ပိုင်ဆိုင်ချင်ခဲ့တာ သူ့အပိုင်လို့ဖြစ်စေချင်ခဲ့တာ။
ဟင် ဒါကလူတွေပြောနေကြတဲ့အချစ်ဆိုတာပါပဲ။ မသင့်လျော်ဘူး။ မင်းသားဟာသူနဲ့ အမျိုးအနွယ်တူ ယောကျာ်းသားတစ်ယောက်ပါ။ ပြီးေတာ့ မှော်ဆရာတွေကိုလည်း သိပ်မုန်းသည်လေ။ အမျိုးမျိုးငြင်းဆန်ခဲ့ပေမယ့် ခံစားချက်တွေကတွန်းလှန်ပစ်လို့ လွယ်ကူမနေဘူးမလား။
တကယ်ဆိုရင် ကလေးအရွယ်မသိတတ်ခင်ထဲက ပန်းချီပုံတူထဲတွေ့ခဲ့ရတဲ့ အဲ့အကိုကို သူသဘောကျခဲ့သည်ထင်ပါ့။
ခံစားချက်တွေကမတွန်းလှန်နိုင်မှတော့ ဆက်ပြီးလက်ခံသွားရမှာပေါ့။ ဒါကြောင့် ကျွန်တော်ငယ်ငယ်ထဲကသဘောကျခဲ့ရတဲ့ အရှင့်ကိုမပိုင်ဆိုင်ရရင်တောင် တိတ်တိတ်လေးပဲဖြစ်ဖြစ် ဆက်ပြီး သဘောကျနေပါ့မယ်။
___________________
"Mr.Won ကိုယ့်ကိုတစ်ချက်လောက်ကူညီပေးမလား"
"ဗျာ...ဟုတ်ကဲ့"
"ဒီမှာ မင်းကိုပန်းချီသင်ပေးဖို့ ပစ္စည်းတွေ၀ယ်လာတာ အကုန်လုံးထိခိုက်မှုမရှိအောင် ထုတ်ပိုးထားလို့ ဝိုင်းဖြည်ပေး ပြီးရင်နေရာချရမယ်"
"ဟုတ်"
" ဘယ်နေရာမှာသင်ချင်လဲ"
"အရှင်အဆင်ပြေရင်ရပါပြီ"
"မင်းကိုမေးနေတာလေ"
"ဟို....ကျွန်တော်စဉ်းစားလိုက်ဦးမယ်"
"အင်း မြန်မြန်အဖြေပေးနော်"
မင်းသားကတော့ဘာရယ်မဟုတ်ပြောလိုက်တာပေမယ့် တစ်တခိုးချစ်နေသူလေးအဖို့ရာ ရင်ခုန်သံတွေမြန်ဆန်သွားရ၏။
မြန်မြန်အဖြေပေးနော်ဆိုတဲ့စကားကသာ ကျွန်တော့်ကို ချစ်ကြောင်းတွေပြောခြင်းဖြစ်ခဲ့ရင် ကျွန်တော်က တုန့်ဆိုင်းခြင်းမရှိ ချစ်တယ်လို့ ပြောမိမှာပဲ။
"မင်း သူငယ်ချင်းတောင်မလာတာကြာပြီ"
စက္ကူဖြင့်အထပ်ထပ်ရစ်ပတ်ထားသော စုပ်တံတွေကို တစ်ချောင်းချင်း အိတ်ထဲစီထည့်ရင်း Jayက စကားဆိုလာသည်။
"ဟုတ်ပါရဲ့ သူနေရောကောင်းရဲ့လားမသိ ကျွန်တော်ညနေလောက်တော့ သွားကြည့်ဦးမှပါ"
"သူက ကိုယ်နဲ့မင်းအတူနေတာကိုမကြိုက်ပုံပဲ"
"အကိုကအဲ့လိုပဲ ကျွန်တော့်ကိုဆို တအားစိတ်ပူပြီး ချစ်ရှာတာ အရှင်စိတ်မကွက်ပါနဲ့နော်"
"မဟုတ်တာ"
"ဒါနဲ့ အရှင်ကျွန်တော်နဲ့အတူနေတာ ၁လတောင်ပြည့်တော့မယ်နော် နေထိုင်ရတာ အဆင်ပြေရဲ့လားဟင်"
"ပြေတာပေါ့ အများကြီးစိတ်သက်သာရာရတယ်လို့ထင်တယ်"
"ဟုတ်ကဲ့...."
Jungwonက Jayမမြင်အောင် ပြုံးလိုက်၏။ ကြားချင်တဲ့စကား ကြားလိုက်ရလို့ဖြစ်သည်။
"ကိုယ်ဘာလို့ခုလိုလာနေတာလဲဆိုတာ မသိချင်ဘူးလား"
"ကျွန်တော့်လိုလူမျိုးကလေ? အရှင့်ကိုဘာမှတ်ပြီး အဲ့အထိသိချင်ရမှာလဲ"
"မင်းလိုလူမျိုးကဘာဖြစ်လို့လဲ ကိုယ်တို့က လူကလူပါပဲ"
"ဒါပေမယ့်လည်း အရှင့်ကိုယ်ရေးကိုယ်တာကိစ္စတွေကို လိုက်သိနေစရာအကြောင်း ကျွန်တော့မှာမှမရှိဘဲ"
"တကယ်လို့ ကိုယ်ကပြောပြချင်တယ်ဆိုရင်ရော"
"ဒါဆိုရင် အားရ၀မ်းသာစွာနဲ့ နားထောင်ရမှာပေါ့"
"ခန..."
Jayက ထိုင်နေရာမှ ကိုယ်ကိုအနည်းငယ် ကုန်းလိုက်သည်က Jungwon မျက်နှာနဲ့ထိကပ်လုလု။
လက်တို့က လှုပ်ရှားလာပြီး ခေါင်းပေါ်က အမှိုက်စလေးအားဖယ်ပေးလိုက်သည်။
"ကလေးလားဟမ် သပ်သပ်ရပ်ရပ်နေဖို့သွန်သင်ပေးရတော့မှာပဲ"
"....."
Jayက နီးကပ်နေတဲ့အနေအထားအတိုင်းပင် Jungwonရဲ့ မျက်လုံးတွေကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
လေးထောင့်ဆန်တဲ့အပြုံးတွေက ကျွန်တော့်နှလုံးသားတွေကို ဗြောင်းဆန်အောင်လုပ်နိုင်စွမ်းရှိတယ်။
ရယ်လိုက်ရင် မှိတ်ကျသွားတဲ့ အရှင့်ရဲ့မျက်လုံးအိမ်ထဲမှာလဲ ကျွန်တော်ပဲရှိနေမယ်ဆိုတဲ့နေ့က ဘယ်တော့များမှရောက်လာမှာလဲ။
"ဒါဆိုရင်ဆက်လုပ်ထားပေး ကိုယ် နောက်ဖေးခနသွားမလို့"
Jayက ပြောချင်တာပြော လုပ်ချင်တာလုပ်ပြီးထသွားပြီပေမယ့် အနှီလူသားမှာတော့ တွေးတောလို့အဆုံးမသတ်နိုင်သေး။
အရှင်ကကျွန်တော့်ကို ဘယ်လောက်ထိများရူးနှမ်းသွားအောင်လုပ်ဖို့ ရည်ရွယ်ထားတာပါလဲနော်။
ကျွန်တော်ကလည်း အရှင့်ကိုမြင်ရုံနဲ့တင် ရူးချင်နေသူပါ။ ရင်ခုန်ရလွန်းလို့ သေမတတ်ပါပဲဗျာ။
_______________
"အရှင်"
"အင်း"
"ဒီနေရာကိုသဘောမကျလို့လားဟင်"
"မဟုတ်ပါဘူး သဘောကျပါတယ်"
ပန်းချီပစ္စည်းတွေ အားလုံးထုတ်စစ်ပြီးသွားတော့ Jungwonက သူတို့ပထမဆုံးစတွေ့တဲ့ ဂျုံခင်းအစပ်က သစ်ပင်ကြီးကို လေ့ကျင့်ဖို့ရွေးချယ်လိုက်သည်။ ယခုအဲ့သည့်နေရာမှာဖြစ်သည်။
"အရှင်က အဲ့လိုကြီးဖြစ်နေတော့ သဘောမကျဘူးထင်လို့"
"ကိုယ်က ဘယ်လိုကြီးဖြစ်နေလို့လဲ"
"မဟုတ်ဘူးလေ...ဟိုလို အဲ့ဒါဘယ်လိုပြောရမလဲ.... ဟိုလေ စိတ်အလိုမကျသလိုမျိုး....."
"မဟုတ်ပါဘူးကွာ ကိုယ်က ဂျုံနံ့ကိုသဘောကျလို့ ရှူနေတာပါ ကဗျာဆန်ဆန်ပြောရရင် အလှအပကိုခံစားနေတယ်ပြောရမလား"
"အာ...ဟုတ်ဟုတ်"
"အတွေးလွန်နေတာတွေ လျှော့ပေးလို့ရမလား Mr.Won"
"တောင်းပန်ပါတယ်"
မျက်လွှာချကာ မျက်နှာငယ်နှင့်ပြောနေသူကိုကြည့်ကာ Jayက နှုတ်ခမ်းစွန်းတို့ကွေ့ရုံမျှပြုံးလိုက်သည်။
တကယ့်အဖြူထည်လေးပါလား။
"ကိုယ့်ကိုကြည့်"
"ဗျာ"
"ကိုယ့်ကိုကြည့်လို့!"
Jungwonကမရဲတရဲမော့ကြည့်လိုက်တော့ စူးစူးရှရှစိုက်ကြည့်နေတဲ့မျက်၀န်း နက်နက်တွေနှင့်ဆုံသည်။ ဒါကပထမဆုံးတွေ့ခဲ့ရတဲ့အချိန်ကလိုပါပဲရယ်။
ဖြစ်နိုင်ရင် ဒီနေရာမှာပဲအငွေ့ပျံသွားချင်လိုက်တာ။ အရှင့်ရဲ့မျက်၀န်းတွေကိုဆက်ကြည့်နေဖို့ သူမတတ်နိုင်တော့ဘူး။ ဆက်ကြည့်နေမိရင် နှလုံးခုန်သံတွေ ကျယ်လောင်လာလို့ အရှင်များကြားသွားလေမလား စိုးထိတ်ရပါတယ်။
"မျက်၀န်းများနဲ့ သူရယ်ကိုယ် ဆုံတွေ့တဲ့ခန
မျက်၀န်းများထဲ အချစ်ကိုတွေ့ရှိခဲ့ကြ
လောကကြီးနဲ့ အဆက်ပြတ်ကာ လေဟာနယ်ထဲ
မိုးသားများအဖြစ် တို့နှစ်ဦး မျောလွင့်သွားကြ..."
______________________________________
-ttb-
#tbc
ZawGyi
Unicode
အသက္ရႉမွားေလာက္ေအာင္ကို ရင္ခုန္မိတယ္ဆိုတာမ်ိဳးက ဘယ္လိုမ်ိဳးလဲလို႔ Jungwonအၿမဲေတြးေတာၾကည့္ခဲ့ဖူးသည္။
တစ္ေန႕မွာေတာ့ သူဟာ ဘြားဘြားအယ္လီနဲ႕ေဈးကိုလိုက္သြားရင္း ပုံတူပန္းခ်ီတစ္ခ်ပ္ကိုေတြ႕ခဲ့ရသည္။
"ဘြားဘြား အဲ့အကိုေခ်ာေခ်ာေလးကဘယ္သူလဲဟင္"
"အို...ဒါက ဘြားတို႔တိုင္းျပည္ရဲ႕ မင္းသားငယ္ေလးေလ"
"အကိုကတအားၾကည့္ေကာင္းတာပဲေနာ္ သားလဲႀကီးလာရင္ ဒီအကိုလိုျဖစ္ခ်င္တယ္"
"ျဖစ္ရမွာေပါ့ကေလးရယ္"
"အျပင္မွာေတြ႕ဖူးခ်င္လိုက္တာေနာ္"
"ဒါေတာ့မျဖစ္နိုင္ဘူးထင္ပါ့ မင္းသားေလးက တို႔လို ေမွာ္ဆရာေတြကို သိပ္မုန္းပဲတဲ့"
"ဘာလို႔လဲဟင္"
"ေျမးက ငယ္ေသးတယ္ကြယ္ ႀကီးလာရင္ဒီအေၾကာင္းေတြကို ေျပာျပပါ့မယ္ကေလးရယ္"
"ဟုတ္"
"အခုဒီပုံတူကိုခ်င္သလား"
"ဟုတ္ဟုတ္ လိုခ်င္တယ္"
"ဘြားဘြား၀ယ္ေပးမယ္ေနာ္"
အဲ့သည့္ထဲက ငယ္႐ြယ္ေသးတဲ့ Jungwonဟာ မင္းသားရဲ႕ပုံတူကိုၾကည့္ရင္း အားက်မႈ ျမတ္နိုးမႈတို႔ျဖစ္ခဲ့ရသည္။
မင္းသားအသက္တစ္ႏွစ္ႀကီးတိုင္း ပုံတူေတြထြက္ခဲ့ေပမယ့္ အ႐ြယ္ေရာက္ခါစမွာ ပုံတူေတြကေပ်ာက္ဆုံးခဲ့ရသလို မင္းသားကိုျမင္ဖူးသူလည္းမရွိေတာ့။
သူဆယ္ေက်ာ္သက္ျဖစ္လာတဲ့အခါမွာ သူ႕ရဲ႕ႏွလုံးသားကိုဖိကိုင္ရင္း ေမးျမန္းၾကည့္ခဲ့ပါရဲ႕။
သိလိုက္ရတာကေတာ့ သူဟာမင္းသားကို သေဘာက်ခဲ့တယ္ ရိုးရိုးတန္းတန္းမဟုတ္ပါပဲ ပိုင္ဆိုင္ခ်င္ခဲ့တာ သူ႕အပိုင္လို႔ျဖစ္ေစခ်င္ခဲ့တာ။
ဟင္ ဒါကလူေတြေျပာေနၾကတဲ့အခ်စ္ဆိုတာပါပဲ။ မသင့္ေလ်ာ္ဘူး။ မင္းသားဟာသူနဲ႕ အမ်ိဳးအႏြယ္တူ ေယာက်ာ္းသားတစ္ေယာက္ပါ။ ၿပီးေတာ့ ေမွာ္ဆရာေတြကိုလည္း သိပ္မုန္းသည္ေလ။ အမ်ိဳးမ်ိဳးျငင္းဆန္ခဲ့ေပမယ့္ ခံစားခ်က္ေတြကတြန္းလွန္ပစ္လို႔ လြယ္ကူမေနဘူးမလား။
တကယ္ဆိုရင္ ကေလးအ႐ြယ္မသိတတ္ခင္ထဲက ပန္းခ်ီပုံတူထဲေတြ႕ခဲ့ရတဲ့ အဲ့အကိုကို သူသေဘာက်ခဲ့သည္ထင္ပါ့။
ခံစားခ်က္ေတြကမတြန္းလွန္နိုင္မွေတာ့ ဆက္ၿပီးလက္ခံသြားရမွာေပါ့။ ဒါေၾကာင့္ ကြၽန္ေတာ္ငယ္ငယ္ထဲကသေဘာက်ခဲ့ရတဲ့ အရွင့္ကိုမပိုင္ဆိုင္ရရင္ေတာင္ တိတ္တိတ္ေလးပဲျဖစ္ျဖစ္ ဆက္ၿပီး သေဘာက်ေနပါ့မယ္။
___________________
"Mr.Won ကိုယ့္ကိုတစ္ခ်က္ေလာက္ကူညီေပးမလား"
"ဗ်ာ...ဟုတ္ကဲ့"
"ဒီမွာ မင္းကိုပန္းခ်ီသင္ေပးဖို႔ ပစၥည္းေတြ၀ယ္လာတာ အကုန္လုံးထိခိုက္မႈမရွိေအာင္ ထုတ္ပိုးထားလို႔ ဝိုင္းျဖည္ေပး ၿပီးရင္ေနရာခ်ရမယ္"
"ဟုတ္"
" ဘယ္ေနရာမွာသင္ခ်င္လဲ"
"အရွင္အဆင္ေျပရင္ရပါၿပီ"
"မင္းကိုေမးေနတာေလ"
"ဟို....ကြၽန္ေတာ္စဥ္းစားလိုက္ဦးမယ္"
"အင္း ျမန္ျမန္အေျဖေပးေနာ္"
မင္းသားကေတာ့ဘာရယ္မဟုတ္ေျပာလိုက္တာေပမယ့္ တစ္တခိုးခ်စ္ေနသူေလးအဖို႔ရာ ရင္ခုန္သံေတြျမန္ဆန္သြားရ၏။
ျမန္ျမန္အေျဖေပးေနာ္ဆိုတဲ့စကားကသာ ကြၽန္ေတာ့္ကို ခ်စ္ေၾကာင္းေတြေျပာျခင္းျဖစ္ခဲ့ရင္ ကြၽန္ေတာ္က တုန႔္ဆိုင္းျခင္းမရွိ ခ်စ္တယ္လို႔ ေျပာမိမွာပဲ။
"မင္း သူငယ္ခ်င္းေတာင္မလာတာၾကာၿပီ"
စကၠဴျဖင့္အထပ္ထပ္ရစ္ပတ္ထားေသာ စုပ္တံေတြကို တစ္ေခ်ာင္းခ်င္း အိတ္ထဲစီထည့္ရင္း Jayက စကားဆိုလာသည္။
"ဟုတ္ပါရဲ႕ သူေနေရာေကာင္းရဲ႕လားမသိ ကြၽန္ေတာ္ညေနေလာက္ေတာ့ သြားၾကည့္ဦးမွပါ"
"သူက ကိုယ္နဲ႕မင္းအတူေနတာကိုမႀကိဳက္ပုံပဲ"
"အကိုကအဲ့လိုပဲ ကြၽန္ေတာ့္ကိုဆို တအားစိတ္ပူၿပီး ခ်စ္ရွာတာ အရွင္စိတ္မကြက္ပါနဲ႕ေနာ္"
"မဟုတ္တာ"
"ဒါနဲ႕ အရွင္ကြၽန္ေတာ္နဲ႕အတူေနတာ ၁လေတာင္ျပည့္ေတာ့မယ္ေနာ္ ေနထိုင္ရတာ အဆင္ေျပရဲ႕လားဟင္"
"ေျပတာေပါ့ အမ်ားႀကီးစိတ္သက္သာရာရတယ္လို႔ထင္တယ္"
"ဟုတ္ကဲ့...."
Jungwonက Jayမျမင္ေအာင္ ၿပဳံးလိုက္၏။ ၾကားခ်င္တဲ့စကား ၾကားလိုက္ရလို႔ျဖစ္သည္။
"ကိုယ္ဘာလို႔ခုလိုလာေနတာလဲဆိုတာ မသိခ်င္ဘူးလား"
"ကြၽန္ေတာ့္လိုလူမ်ိဳးကေလ? အရွင့္ကိုဘာမွတ္ၿပီး အဲ့အထိသိခ်င္ရမွာလဲ"
"မင္းလိုလူမ်ိဳးကဘာျဖစ္လို႔လဲ ကိုယ္တို႔က လူကလူပါပဲ"
"ဒါေပမယ့္လည္း အရွင့္ကိုယ္ေရးကိုယ္တာကိစၥေတြကို လိုက္သိေနစရာအေၾကာင္း ကြၽန္ေတာ့မွာမွမရွိဘဲ"
"တကယ္လို႔ ကိုယ္ကေျပာျပခ်င္တယ္ဆိုရင္ေရာ"
"ဒါဆိုရင္ အားရ၀မ္းသာစြာနဲ႕ နားေထာင္ရမွာေပါ့"
"ခန..."
Jayက ထိုင္ေနရာမွ ကိုယ္ကိုအနည္းငယ္ ကုန္းလိုက္သည္က Jungwon မ်က္ႏွာနဲ႕ထိကပ္လုလု။
လက္တို႔က လႈပ္ရွားလာၿပီး ေခါင္းေပၚက အမွိုက္စေလးအားဖယ္ေပးလိုက္သည္။
"ကေလးလားဟမ္ သပ္သပ္ရပ္ရပ္ေနဖို႔သြန္သင္ေပးရေတာ့မွာပဲ"
"....."
Jayက နီးကပ္ေနတဲ့အေနအထားအတိုင္းပင္ Jungwonရဲ႕ မ်က္လုံးေတြကို စိုက္ၾကည့္ရင္း ေျပာလိုက္သည္။
ေလးေထာင့္ဆန္တဲ့အၿပဳံးေတြက ကြၽန္ေတာ့္ႏွလုံးသားေတြကို ေျဗာင္းဆန္ေအာင္လုပ္နိုင္စြမ္းရွိတယ္။
ရယ္လိုက္ရင္ မွိတ္က်သြားတဲ့ အရွင့္ရဲ႕မ်က္လုံးအိမ္ထဲမွာလဲ ကြၽန္ေတာ္ပဲရွိေနမယ္ဆိုတဲ့ေန႕က ဘယ္ေတာ့မ်ားမွေရာက္လာမွာလဲ။
"ဒါဆိုရင္ဆက္လုပ္ထားေပး ကိုယ္ ေနာက္ေဖးခနသြားမလို႔"
Jayက ေျပာခ်င္တာေျပာ လုပ္ခ်င္တာလုပ္ၿပီးထသြားၿပီေပမယ့္ အႏွီလူသားမွာေတာ့ ေတြးေတာလို႔အဆုံးမသတ္နိုင္ေသး။
အရွင္ကကြၽန္ေတာ့္ကို ဘယ္ေလာက္ထိမ်ား႐ူးႏွမ္းသြားေအာင္လုပ္ဖို႔ ရည္႐ြယ္ထားတာပါလဲေနာ္။
ကြၽန္ေတာ္ကလည္း အရွင့္ကိုျမင္႐ုံနဲ႕တင္ ႐ူးခ်င္ေနသူပါ။ ရင္ခုန္ရလြန္းလို႔ ေသမတတ္ပါပဲဗ်ာ။
_______________
"အရွင္"
"အင္း"
"ဒီေနရာကိုသေဘာမက်လိဳ႕လားဟင္"
"မဟုတ္ပါဘူး သေဘာက်ပါတယ္"
ပန္းခ်ီပစၥည္းေတြ အားလုံးထုတ္စစ္ၿပီးသြားေတာ့ Jungwonက သူတို႔ပထမဆုံးစေတြ႕တဲ့ ဂ်ဳံခင္းအစပ္က သစ္ပင္ႀကီးကို ေလ့က်င့္ဖို႔ေ႐ြးခ်ယ္လိုက္သည္။ ယခုအဲ့သည့္ေနရာမွာျဖစ္သည္။
"အရွင္က အဲ့လိုႀကီးျဖစ္ေနေတာ့ သေဘာမက်ဘဴးထင္လို႔"
"ကိုယ္က ဘယ္လိုႀကီးျဖစ္ေနလို႔လဲ"
"မဟုတ္ဘူးေလ...ဟိုလို အဲ့ဒါဘယ္လိုေျပာရမလဲ.... ဟိုေလ စိတ္အလိုမက်သလိုမ်ိဳး....."
"မဟုတ္ပါဘူးကြာ ကိုယ္က ဂ်ဳံနံ႕ကိုသေဘာက်လိဳ႕ ရႉေနတာပါ ကဗ်ာဆန္ဆန္ေျပာရရင္ အလွအပကိုခံစားေနတယ္ေျပာရမလား"
"အာ...ဟုတ္ဟုတ္"
"အေတြးလြန္ေနတာေတြ ေလွ်ာ့ေပးလို႔ရမလား Mr.Won"
"ေတာင္းပန္ပါတယ္"
မ်က္လႊာခ်ကာ မ်က္ႏွာငယ္ႏွင့္ေျပာေနသူကိုၾကည့္ကာ Jayက ႏႈတ္ခမ္းစြန္းတို႔ေကြ႕႐ုံမွ်ၿပဳံးလိုက္သည္။
တကယ့္အျဖဴထည္ေလးပါလား။
"ကိုယ့္ကိုၾကည့္"
"ဗ်ာ"
"ကိုယ့္ကိုၾကည့္လို႔!"
Jungwonကမရဲတရဲေမာ့ၾကည့္လိုက္ေတာ့ စူးစူးရွရွစိုက္ၾကည့္ေနတဲ့မ်က္၀န္း နက္နက္ေတြႏွင့္ဆုံသည္။ ဒါကပထမဆုံးေတြ႕ခဲ့ရတဲ့အခ်ိန္ကလိုပါပဲရယ္။
ျဖစ္နိုင္ရင္ ဒီေနရာမွာပဲအေငြ႕ပ်ံသြားခ်င္လိုက္တာ။ အရွင့္ရဲ႕မ်က္၀န္းေတြကိုဆက္ၾကည့္ေနဖို႔ သူမတတ္နိုင္ေတာ့ဘူး။ ဆက္ၾကည့္ေနမိရင္ ႏွလုံးခုန္သံေတြ က်ယ္ေလာင္လာလို႔ အရွင္မ်ားၾကားသြားေလမလား စိုးထိတ္ရပါတယ္။
"မ်က္၀န္းမ်ားနဲ႕ သူရယ္ကိုယ္ ဆုံေတြ႕တဲ့ခန
မ်က္၀န္းမ်ားထဲ အခ်စ္ကိုေတြ႕ရွိခဲ့ၾက
ေလာကႀကီးနဲ႕ အဆက္ျပတ္ကာ ေလဟာနယ္ထဲ
မိုးသားမ်ားအျဖစ္ တို႔ႏွစ္ဦး ေမ်ာလြင့္သြားၾက..."
______________________________________
-ttb-
#tbc