𝘈𝘱𝘱𝘳𝘦𝘤𝘪𝘢𝘵𝘦 𝘛𝘩𝘦 �...

By CaroMickey

102K 6.5K 394

အဲ့တာကြောင့်.. အဲ့ဒီအပျိုကြီးယောင်္ကျားမရတာ... More

အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
🧡🦚🧡
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)(END)
Extra
Extra2
Announcement‼️

အပိုင်း(၁)

9.8K 276 6
By CaroMickey

"နေမျိုးကျက်သရေ"

"ဟဲ့ သေနာလေးထတော့ ဘယ်အချိန်ရှိပြီလဲ ဒီနေ့ကျောင်းစတက်ရမဲ့ဟာကို နေဖင်ထိုးအောင်အိပ်နေတယ် နေထွက်တာနဲ့တမျိုးလုံး ကျက်သရေ ဆောင်အောင် နေမျိုးကျက်သရေလို့ပေးထားပါတယ် ဘယ့်နှဲ့ ဒင်းကနေဝင်မှအိပ်ယာထတဲ့အမျိုး ငါ့ကိုစောစော စီးစီးကျက်သရေမရှိအောင်လုပ်ပြီ"

မနက်တိုင်းကြားနေရတဲ့ဓာတ်ပြားဟောင်းကြီးကဒီနေ့မှပိုတိုးလို့ ကျယ်နေသလိုပင်။

"ဟူး ထပြီ မွေးသမိခင်ကြီးရေ တကယ်ပါပဲ သူများတကာ အိပ်မက်ထဲမှာ ချစ်သူလေးနဲ့တူတူသာယာနေတာကို"

"အေးပေါ့ နှမြောသင့်ပါတယ် နင့်လိုလူကအိမ်မက်ထဲမှာပဲရည်းစားရနိုင်တာဆိုတော့လဲ"

"ဟ"

ယောင်္ကျားအချစ်ခံနေရသော မွေးမေကြီးဆိုတော့လဲ ဟ တစ်လုံးကလွဲ၍ပြန်ပြောနိုင်စွမ်းမရှိပါ။

အမေအသစ်ချုပ်ပေးသော ကျောင်းဝတ်စုံရင်ဖုံးထမိန်အဖြူအစိမ်းကိုသာဝတ်ပြီး အပေါ်ကအနွေးထည်ထပ်လိုက်သည်။ဘယ်လိုပင်မိန်းမလိုဝတ်ဝတ် gym ဆော့၍ Manly ဖြစ်နေသောခန္ဓာကိုယ်မှာ အနွေးထည်မှမထပ်လျှင် ကျားကို crop top ဝတ်ပေးထားသလိုပင်။ သနပ်ခါးဆိုတာလဲ သူများတွေအတွက်အေးပင်မဲ့ မိမိအတွက်ကတော့ပါးပေါ်သို့ မီးခဲတွေပုံထားသလိုပင်။

"ဟဲ့မျက်နှာပြောင်နဲ့လား"

"အမေ့သားကမျက်နှာပြောင်နဲ့မလို့စော်ကြည်နှုန်းလျော့မသွားပါဘူးဗျ"

"တော်စမ်းပါ အရည်မရအဖတ်မရ လာစားမနက်စာ"

"ဒါနဲ့အမေကျွန်တော်အခုဘယ်အတန်းလဲ"

"ဟဲ့ ကိုယ်တက်နေတဲ့ အတန်းတောင်မသိဘူးလားဟဲ့ "

ပျံဝဲလာတဲ့ လက်တစ်စုံရဲ့ အခေါက်ခံမှုပြီးမှာတော့ brainကအလုပ်ပြန်လုပ်ကာ အတန်းကိုမှတ်မိခဲ့ပြီ။ ဪ ကိုးတန်းကို။

မနက်စာကိုလျင်မြန်စွာစားရပေသည် အချိန်မှာ ၈:၃၀ပြီ။

အိမ်နဲ့ကျောင်းဟာသိပ်မဝေးသည့်အတွက် လမ်းလျောက်၍သာထွက်လာခဲ့သည်။

"ဟဲ့ ကောင် ငါ့စောင့်အုံး"

"ဟာအမေ ဘာလိုက်လုပ်မှာတုန်း"

"ငါ့ ဘာသာဘာလိုက်လုပ်လုပ်ပေါ့ အလုပ်ရှိလို့လျှာမရှည်နဲ့"

"ဟုတ်"

ထပ်မေးရင်လက်ပါလာမဲ့ကိန်းရှိတာမလို့ငြိမ်ပြီးသာလိုက်လာခဲ့သည်။

ကျောင်းပေါက်ဝရောက်သည်အထိ စိတ်က အိမ်ကအိပ်ယာပေါ်မှာပင် အမေကတော့ရှေ့ကနေသွက်သွက်လက်လက်။

"ဟ နေကြီး"

"ဟ သားကြီး မေ ခင် မြတ် နိုး"

အလျင်အမြန်ပင် နေမျိုးကျက်သရေ ပါးစပ် ကိုလာပိတ်သည်။

"တိုးတိုးလုပ်ပါနေကြီးရ Tomboy သိက္ခာကျတယ်ဗျ"

"မင်းကအစထဲကသိက္ခာရှိ‌ေနတာမှ မဟုတ်ပဲ"

"ဒါနဲ့အပ်ပြီးပြီလား"

"ငါ့နှလုံးသားလေးလား"

"သေလိုက်လေ ကျောင်းအပ်တာပြောတာ"

"အခုမှ အပ်မှာ "

"ပြောပါအုံးတစ်ပတ်နောက်ကျပြီးမှကျောင်းရောက်လာတဲ့အကြောင်းလေး"

"တောင်ကြီးကစော်လေးကိုကျူးနေတာ အရှိန်ရပ်မရလို့ အခုတော့လဲလင်နောက်လိုက်ပြေးသွားပြီတဲ့"

မျက်နှာကြီးရှုံ့မဲ့ကာပြောလာသောနေကြီးကြောင့် ခင်ကြီးမှာရယ်ကခက်ငိုကခက်ပင်။

"ရော့ ပိုက်ဆံ ငါ့အတွက်မုန့်ဝယ်ပြီးအခန်းထဲကစောင့်"

နေကြီးလဲ အနွေးထည်ထဲက ပိုက်ဆံကိုပစ်ပေးလိုက်ပြီး အမေ့နောက်ကိုလိုက်သွားသည်။

ကျောင်းmain လမ်းရဲ့လှေကား

တစ်ထစ်..
နှစ်ထစ်..
သုံးထစ်..

ဆင်းပြီးအရှေ့ကကျောက်ခဲနဲ့ခလုတ်တိုက်ကာ အမေ့ကို ခေါင်းနဲ့ဝင်တိုက်လိုက်သည်။

"ဟဲ့ အရှေ့ကြည့်လျှောက်ပါဟဲ့ ငါ့နှဲ့ ဒီလေးလုံး ကိုမှ မွေးထားတယ် အဝေးမှုံ အနီးမမြင်ရဲ့"

"ဟာ အမေကလဲ အဝေးလေး ဒီဂရီလေး‌ရာလောက်ရှိတာကိုပြောလို့မပြီးတော့ဘူး"

အမေအားပွစိပွစိပြောကာ‌ေနာက်ကလိုက်လာလိုက်သည်။

"ဆရာမ ကျောင်းအပ်ချင်လို့"

"ဪ ဟုတ်ကဲ့လိုက်ခဲ့ပါရှင့်"

"အမေ အဲ့တာဘယ်သူလဲ"

"အဲ့တာ သမီးအတန်းပိုင်"

အမေ့အားမေးရင်းက အရှေ့ကသွက်လက်စွာ‌ လျှောက်သွားသော အတန်းပိုင်ဆိုသူအားကြည့်
မိသည်။

ပုသည် သို့သော် အရပ်ကလေးမှာသူနဲ့သာ ဆိုရင်ခွင်မှီအရပ်ပင် ကြိုက်ပြီ။ချောသည် မဟုတ်ဘူး ယဉ်သည် မဟုတ်ဘူး လှသည် မဟုတ်ဘူး နတ်သမီး တကယ့်ကို လှပတဲ့နတ်သမီး။

တမေ့တမော ငမ်းလာလိုက်တာ ဆရာမတွေနားနေခန်းကိုပင်ရောက်လာလေပြီ။

"အမ စောယုဝါ"

"ဟယ် ချော"

"ဘာလာလုပ်တာတုန်း"

"သမီးကို ကျောင်းလာအပ်တာအမရေ ခရီးလွန်နေလို့တစ်ပတ်နောက်ကျသွားတယ်"

"သမီးလေးကထွားလိုက်တာ"

"ဟုတ်တယ်အမရေ မိန်းကလေးအဝတ်ဆိုလဲမဝတ် ပြောတဲ့သူသာအမောဖောက်သွားမယ် ဘယ်လိုမှဝတ်ခိုင်းလို့မရ gym ကလဲ ဆော့တော့ muscle တွေနဲ့ ‌ ယောင်္ကျား ကြီးကျလို့"

"အမ ကလေးက ဘယ်အတွဲယူမှာလဲရှင့်"

"Bio ပါ"

"ဟုတ် ခဏနော်"

"Bio ဆိုသမီး အခန်းပဲ"

ဆရာမစောယုဝါကထိုအတန်းပိုင်ဆိုသူအားပြောသည်။ ဆရာမစောယုဝါကအမေပြောသလောက် ဆို အသက် ၅၀လောက်ရှိပြီး ကျွန်တော်နဲ့အဒေါ်တစ်ဝမ်းကွဲတော်သည်။

"ဟုတ်တယ်အမ"ဟုပြော ကာ အနီးနားကဗီဒို ထဲက file တွဲလေးအ‌မေ့ရှေ့ကိုချပေးသည်။

"အမဒီ fileလေးတစ်ချက်ဖြည့်ပေးပါနော်"

"ဟုတ်ပြီ ညီမလေး"

"လိုက်ခဲ့သမီးဆရာမနေရာချပေးမယ်"

"သမီးအတန်းပိုင်နဲ့လိုက်သွားလိုက်မေမေအမနဲ့စကားပြောလိုက်အုံးမယ်"

"ဟုတ်ကဲ့"

ဆရာမဟာယခုလဲ သွက်လက်စွာပင်ကျွန်တော့်ရှေ့ကလျှောက်နေပြန်သည်။

Main လမ်းမရဲ့ ဘယ်ဘက်ရှိ အခန်း နံပါတ် (၄၄)
အင်ကြင်းဆောင်

"သမီး ဒီမှာနေနော်"

"ဟုတ်ကဲ့"

အနောက်သို့ဝေ့ဝိုက်ကြည့်မိတော့ ခင်ကြီးမှ လျှာထုတ်ပြနေလေသည်။

"ကဲ ဒါဆိုဆရာမကအသင်းဂျူတီရှိလို့ ပြန်သွားလိုက်အုံးမယ်"

"ဟုတ်ကဲ့"

ဆရာမချပေးလိုက်သောနေရာ၌သာထိုင်ရင်း
Whiteboard ဘေးရှိနံရံမှ အချိန်ဇယားအားကြည့်မိသည်။

အတန်းပိုင်- ဒေါ်ဒေါင်းနှင်းမေ

ဪ ဆရာမနာမည်က ဒေါင်းနှင်းမေကို ထိုမျှလောက်သာတွေးရင်း လွယ်အိတ်ဘေး ချကာ အနောက်ကအခွက်ပြောင်နေသော ခင်ကြီးဆီသို့
လျှောက်လာခဲ့သည်။

"ဟျောင့် ဖေ့သားကြီး ငါမေးတာဖြေစမ်း အပျိုလား"

"မဟုတ်ဘူး အိုနေပြီ"

"ဘာတုန်း "

"နေကြီးလေ အိုနေပြီလို့"

"သေနာလေး ငါမေးတာခုနက ဆရာမကအပျိုလား"

"အဲ့လိုရှင်းအောင်မေးလေဗျ"

"ကဲပါဖြေစမ်းပါ"

"အပျို အပျို မဟုတ်သေးပါဘူး နေကြီးဘာလုပ်မလို့"

"ဘာမှမလုပ်ပါဘူး အမျိုးသမီးချင်းကူညီစောင့်ရှောက်ပေးမလားလို့"

"နေကြီးရေ မိုးချိန်းနေတယ်နော်"

"ငါသိပါတယ်ဟ လောကမှာ ငါ့ထက်အကုသိုလ်များတဲ့မင်းရှိနေသေးတာပဲ အေးဆေးပါ"

ဒုန်း ချိန်း ချိန်း

"ဟ သောက်ခွေး"

ခင်ကြီးရဲ့စာရေးစားပွဲပေါ်သို့ကောက်တက်လာသောနေကြီး

"ပြောတော့မကြောက်ဘူးဆို"

"လန့်သွားလို့ပါကွ"

"ဆင်းပါနေကြီးရယ် နေကြီးဝိတ်နဲ့ ခုန်ကျိုးအုံးမယ်"

"ဟျောင့် ဟိုဟာမလေးတွေမလာသေးဘူးလား"

"မသိဘူးလေ ပုတီး ကတော့ အမြဲတမ်းကျောင်းခေါ်မှရောက်နေကျ သူ့မျှော်နေလို့ လည်ပင်းရှည်လာတာကလွဲပြီးအကျိုးမရှိ ကျန်တဲ့ သူတွေကတော့ရောက်တော့မယ်ထင်တာပဲ"

"ဟျောင့် ငါမေးပါအုံးမယ် ဘာဖြစ်လို့ပုတီးလို့ခေါ်ကြတာတုန်း နာမည်ကဖြင့်အေးထက်မြတ်ထွန်း ဘာမှာလဲမဆိုင်"

"သူငယ်ငယ်တုန်းက သူ့အဘွားက ပုတီးစိပ်ရင်းချော့သိပ်တယ်ဆိုလား မသိပါဘူးနေကြီးရာ"

"အေးပါ"

"ဟ‌ နေကြီး"

"‌ဪရောက်လာပြီလားအမတော် ရှိုင်းလမင်းချို"

"ရောက်လာပါပြီရှင့်"

"နင်လဲလေ ကြည့်ကျက်လုပ် ကြာရင် လမင်းချိုကနေ လမင်းဂျို ထွက်တော့မယ်"

"ဟာနေကြီးကလဲ"

ပါးစပ်ထဲကမုန့်တွေကိုပလုတ်ပလောင်းနဲ့စားကာရန်ပြန်တွေ့နေလို့ တရားပေါက်သောအကြည့်နဲ့သာပြန်ကြည့်လိုက်သည်။

"နေကြီး စာတွေကူးပြီးပြီလား"

"လန့်တာဟယ် ရောက်နေရင်လဲအသံလေးဘာလေးပေးကြပါဟ"

"နေကြီးတို့ကစကားပြောနေတာကို ဖယ် ဖယ် အတန်းထဲဝင်မလို့ စာတွေလုပ်ရအုံးမယ်"

လွယ်အိတ်ကြီးဧရာမနဲ့ လက်ထဲကစာအုပ်တွေမနိုင်မနင်းသယ်ကာ အတန်းထဲဝင်ရန်အတင်းဖယ်ခိုင်းနေသော အတန်းရဲ့ hyper နံပါတ်၁ ထက်စံသိမ့်

"အေးပါ သိမ့်တုန်ရယ်"
________
🔔🔔🔔 တောင်တောင်!!

ကျောင်းလဲခေါ်ပြီမို့ နိုင်ငံတော်သီချင်းဆိုရန်အပြင်ထွက်လာကြသည်။

"ဟာ ဟို မှာ လှေကားပေါ်ကနေ fighter လိုခုန်ဆင်းလာတာဘယ်သူတုန်းဟ"

"နေကြီး ကလဲ ပုတီးလေ"

လက်ထဲတွင်ကော်ဖီဘူးနှင့်ရေဘူးကိုကိုင်ကာ လှေကားသုံးထစ်ကို ခုန်ဆင်းပြီး တစ်လမ်းလုံးဖုန်ထသည်အထိပြေးလားသည့် ပုတီး ကို နေကြီး မျက်လုံးပြူးပြီးကြည့်နေမိသည် လက်ထဲမှာမုန့်များပါမလားလို့ပါ ကော်ဖီလဲမဆိုးပါဘူးလေ။

"မြန်မြန် ဝင် ဟ ဒီမှာ သတိဆွဲတော့မယ်"

"အင်းပါ"

လှမ်း၍ သတိပေးနေတော့ သိမ့်တုန်ကို အင်းပါပြောပြီး အခန်းထဲကိုပြေးဝင်သွားသည်။ခဏအကြာပြန်ထွက်လာပြီး

"ဟာ ‌နေကြီး ဘယ်တုန်းကရောက်နေတာတုန်း"

"အေး ဈာန်နဲ့ကြွလာတာလေ"

"ဟာနေကြီးကလဲမဖြစ်နိုင်တာ"

နေကြီးပုခုံးကိုလက်နဲ့လာရိုက်ပြီး ရယ်ကာပြောနေသည်။

"ရွဲ့နေတာဟေ့"

နေကြီးလဲ နိုင်ငံတော်သီချင်းဆိုပြီး ကျောင်းကောင်စီ သီချင်းဆက်ဆိုနေကြချိန် ‌ဘယ်ဘက်သို့ခေါင်းလေးစောင်းကာ အခန်းကူးတဲ့လမ်းလေးကိုကြည့်လိုက်သည်။

သူမလာနေပါပြီ။

ရနံ့ ထိုရနံ့ ပန်းတစ်ခုခုရဲ့ရနံ့ကဲ့သို့ ခုနကလဲသူစူးစိုက်စွာခံစားမိသည့်ရနံ့ သူမလာတိုင်း ပန်းခင်းလမ်းထက်သို့ လျှောက်နေသကဲ့သို့ ပန်းရနံ့တွေ ရနေပါသနည်း။

"ဟိုကောင်တွေ ငြိမ်ငြိမ်နေစမ်း နိုင်ငံတော်သီချင်းဆိုနေချိန်ငြိမ်နေရမယ်ဆိုတာမသိဘူးလား"

"ဟ ဒီသေးသေးလေးကဒီလောက် အသံကျယ်တာလားဟ"

ဆူငေါက်နေသော သူမအား သူကြည့်နေမိသည်။

သီချင်းသံပြီးဆုံးပြီး အခန်းထဲပြန်ဝင်ချိန် အခန်းဝတွင်ရပ်နေသောသူမဘေးက ဖြတ်သွားရသည်။
ခြေချောင်းသေးသေးလှလှလေးတွေ အူယားစရာ။

အခန်းထဲရောက်တော့ အကုန်လုံးဘုရားရှစ်ခိုးကြသည်။ပြီးနောက် အတန်းခေါင်းဆောင် အားကျယ် သုတနိုင်မှ အမိန့်ပေးသံကျယ်စွာဖြင့်

"All stand up"

ထအော်လေသည် ကျယ်လွန်း၍ ဆရာမ တုန်တက်သွားသည်။ပြီးမှ

"Good morning class"

"Good morning teacher"

"Sit down"

"Thank you teacher"

ခေါင်းလေးတစ်ချက်ငြိမ့်ပြပြီးသူမထိုင်နေသည့်ထိုင်ခုံလေးမှထလာကာ

"မနေ့က သင်လိုက်တဲ့စာပိုဒ်ကိုနားမလည်တာရှိရင်ဆရာမကိုပြန်မေးလို့ရပါတယ် အားလုံး နားမလည်တာရှိသလား"

"မရှိပါဘူးဆရာမ"

"ဟုတ်ပြီ အဲ့တာဆို ဒီနေ့ Grammar Note တွေ ပေးမယ်"ဟုဆိုကာ သူမရဲ့ အသားရောင်ဖိုင်အိတ်လေးမှ စာအုပ်‌ေလးထုတ်ကာ whiteboard မှာ noteများချရေးပေးနေသည်။

နေကြီးလဲ တွေ့သမျှစာ‌မော်တာလိုလိုက်ကူးပြီးသူများတွေ‌ေရးနေချိန် ဆရာမကိုငမ်းနေသည်။

"ဟ ဘာဖြစ်လို့ငါ့ဘက်လျှောက်လာတာတုန်းဟ"

စာတွေရေးပြီးစာအုပ်ကိုခုံပေါ်တင်ကာ သူ့ဘက် ကိုလျှောက်လာသည် ။

"ဟိတ် စာတွေပြန်ကူးထား"

"ဗျာ ဟုတ် ဟုတ်ကဲ့"

ပြောချင်တာပြောပြီးပြန်ထွက်သွားပြီ။

"အနောက်တန်းကကောင်တွေငါသင်နေတဲ့ထဲရယ်စရာပါမနေဘူး မသင်ချင်ထွက်သွားခွင့်ပြုတယ် နင်တို့လိုစာမလိုချင်တဲ့လူတွေက(A)ခန်းမှာထိုင်မနေသင့်ဘူး"

ဟုပြောကာ ဒေါသထွက်၍ ခုံကိုတစ်ချက်ရိုက်ကာ တောက်‌ေခါက်အပြီး တစ်ဖက်သို့လှည့်ကာ whiteboard ကစာတွေရှင်းပြနေသည်။

"မိုက်တယ်ဟ ဆူတာ loveသွားပြီ"ဟု စိတ်ထဲမှရေရွတ်လိုက်သည်။ ဘယ်လိုများသိသွားလဲမသိ အနောက်ကကောင်‌ တွေ ထမင်းခိုးစားပြီး ရယ်နေကြတာကို နားကောင်းတာပဲ။ကျွန်တော်မှတ်တမ်းတင်ထားပါသည်။ သူရှင်းပြတဲ့စာတွေကိုတော့မဟုတ်
ဒေါင်းငယ် တစ်ပါးရဲ့လှုပ်ရှားမှုတွေကို.......

#2067words
#24.2.2023

ဒုတိယမြောက်ဖန်တီးမှုလေးပါ သဘောကျကြဖို့မျှော်လင့်ပါတယ်🧡

Continue Reading

You'll Also Like

3.7K 282 6
အရိပ်တွေထဲမာ ပိုင့် ရင်ခွင်အရိပ်ဟာ အအေးမြဆုံးပဲ #မြလေး
1.7K 82 9
စချစ်ခဲ့ရတဲ့သူနဲ့ ဖြည်းဖြည်းချင်းသဘောကျလာတဲ့သူ ဘာကွာခြားလဲ...?? အချစ်ဦးဆိုတာလူတိုင်းရှိပေမယ့် နောက်ဆုံးအချစ်ဆိုတာကိုရောရှိကြလား ....
10.2M 640K 168
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
51.8K 2.6K 26
"နာမည်နဲ့လိုက်အောင်ပဲမူနေသလားဗျာ"