(Unicode)
စိုင်းမင်းခ သူ့ကိုဂရုမစိုက်ဘဲ Macbook ကိုသာကြည့်နေတဲ့လူသားကို ဒေါသထွက်ပေမယ့် Excel လုပ်နေတဲ့ ခွန်းခက်ပိုင်က သူ့ကိုတစ်မျိုးဆွဲဆောင်နေသလိုပင်။ပြန်မယ်အလုပ် စကားစပြောလာတဲ့သူ လက်နဲ့နှုတ်ခမ်းလေးကို ကစားရင်း သူပြောသမျှကိုအူတူတူလေးဖြေလာပုံက တကယ်ချစ်စရာအတိပင်။
"ဘာပြောစရာ ကျန်သေးလဲစိုင်းမင်းခ"
" ပြောစရာမကျန်ပေမယ့်..."
"အင်း"
"လုပ်စရာကျန်သေးတယ်"
"ဟင် ဘာလုပ်....အင့်....."
"သားခွန်း....."
"အာ့...ဘဲကြီး"
နှုတ်ခမ်းသားကို အထိ တံခါးကိုဖွင့်၍ ဝင်လာသောမာမားကြောင့် ခွန်းခက်ပိုင် မျက်နှာတစ်ခုလုံးနီရဲကာ စိုင်းမင်းခကိုတွန်းထုတ်လိုက်တော့၏။စိုင်းမင်းခကတော့ နာမ်စားလေးသာထွက်နိုင်တော့၏။ မတ်တပ်ရပ်ကာ နမ်းလိုက်တဲ့သူမို့ ခွန်းခက်ပိုင်တွန်းလိုက်တော့ ကြမ်းပြင်မှာ
ဖင်ထိုင်လျက်သားပင်။
"သားခွန်း ထမင်းစားလာပြီလားလို့လာမေးတာ"
"ကျွန်တော်အပြင်မှာ စားလာတယ်မား"
"သားခွန်းရဲ့ စေ့စပ်ထားတဲ့သူလေးကရော"
"ကျွန်တော်မစားရသေးဘူး အန်တီ"
ဒေါ်ခွန်းမေအမေးကို စိုင်းမင်းခက တင်ပါးကိုပွတ်ကာ မတ်တပ်ရပ်ရင်းပြန်ဖြေ၏။
"ထင်တော့ထင်သားဘဲ စားဖို့လုပ်နေတည်းက"
ဒေါ်ခွန်းမေစကားဆုံးတော့ နှစ်ယောက်လုံးကကြောင်အမ်းအမ်းလေးပင် ကြည့်နေကြတော့၏။
ထိုအခြေနေကိုသဘောကျသွားတဲ့ ဒေါ်ခွန်းမေကကြိတ်ရယ်ကာ စကားထပ်ဆက်လိုက်တော့၏။
"သြော် ထမင်းမစားရသေးရင်လဲ
တစ်ခုခုထွက်စားပါလားလို့ ကိုယ့်သားလူပျိုကြီးက စားစရာမဟုတ်ဘူးလို့ပြောချင်လို့ပါ"
"မား ဘာတွေပြောနေတာလဲ "
"အန်တီပြောတာလဲမှန်တာဘဲနော်"
ဒေါ်ခွန်းမေပြောတော့ ခွန်းခက်ပိုင်က အရှက်သည်းစွာပြန်ဖြေပေမယ့် စိုင်းမင်းခကတော့
ထောက်ခံကာပြန်ပြော၏။
"မင်းတို့အရင်ညှိလိုက်ပါအုန်း အန်တီနားတော့မယ်"
"Good night ပါမား / အန်တီ"
ဒေါ်ခွန်းမေထွက်သွားတာနဲ့ ခွန်းခက်ပိုင် စိုင်းမင်းခကို မျက်ထောက်နဲ့ကြည့်လိုက်တော့၏။
"အဲ့လိုကြည့်နေတာ ရပ်လိုက်နော် ဘဲကြီး "
"......."
"ကျွန်တော်လုပ်လိုက်ရင် ခင်ဗျားရဲ့ဒီည excel ကမပြီးဖြစ်သွားလိမ့်မယ်"
"ဒီစာရင်းတွေက မင်းအဖေကိုပို့ရမှာမို့ သေချာကိုင်တွယ်ပေးနေတာ "
"ဂရုစိုက်တာပေါ့လေ"
"မူးယစ်ဆေးဝါးရောင်းပြီး လုပ်တည်းက နောက်ကျောမလုံဘူး စိုင်းမင်းခ"
"......."
"ဘိန်းရောင်းတာကို သိတည်းက ကိုယ်သာစိတ်ရှိရင် မင်းအဖေကို တိုင်လိုက်လို့ရတယ်"
"တိုင်လိုက်လေ ဘဲကြီးရဲ့ အဲ့အချိန်တည်းကသာတိုင်ရင် ဘဲကြီးအခုလိုမျိူး အာရုံနောက်စရာအကောင်ကို အနား ထားထားစရာမလိုဘူး"
"......"
"ဘဲကြီးသာအဲ့တည်းက တိုင်လိုက်ရင် ဆေးသုံးနေတဲ့ကျွန်တော်လဲ တန်းပြီး ဂျေးထဲအောင်းရတာပေါ့ အဟက် "
"စိုင်း မင်း ခ"
" ပြောပါ"
"မင်းဘယ်တော့မှ ကိုယ့်စိတ်ကို နားလည်မှာမဟုတ်ဘူး ကိုယ်အခုလိုတွေ ဂရုစိုက်ပြီး မင်းအဖေအတွက်ကူညီနေတာက အကုန်လုံး မင်းကြောင်းဘဲ အဲ့တာကိုမင်းနားလည်လား"
"ဘာအတွက်လဲ"
"ဟမ်..အင့်"
စိုင်းမင်းခ ပြောလဲပြောရင်း ခုံကို
သူ့ဘက်ကိုလှည့်လိုက်တာကြောင့် ခွန်းခက်ပိုင်က သူ့ရင်ခွင်ထဲအတိ။မတ်တပ်ချင်းယှဥ်ရပ်ရင်
စိုင်းမင်းခက မသိမသာလေး ပုပေမယ့် အခုအနေအထားမှာတော့ စိုင်းမင်းခ ရင်ခွင်ထဲမှာ ခွန်းခက်ပိုင်ကပျောက်နေတော့၏။
"ခင်ဗျားပြောတော့မချစ်ဘူးဆို"
"ကိုယ်မချစ်ဘူးမပြောမိပါဘူး"
"ချစ်တယ်လို့လဲမပြောဘူးလေ"
"ကိုယ်တို့ကစေ့စပ်ထားတာမဟုတ်ဘူးလား စိုင်း
အဲ့တာတွေကလိုသေးလို့လား ဟင်"
ခွန်းခက်ပိုင် စိုင်းမင်းခ အကျီ်လေးကိုအသာယာလေးဆွဲရင်း ပြောလိုက်တော့ အရှေ့ကလူသားက သက်ပြင်းသဲ့သဲ့ချကာ ခွန်းခက်ပိုင်ရဲ့ လည်တိုင်နားပုခုံးထက် မျက်နှာအပ်လာတော့၏။
"ဟူး........"
"......"
"ကျွန်တော်တော့ တစ်နေ့တစ်နေ့ ခင်ဗျားကြောင့်နဲ့ ရူးတော့မယ်ထင်တယ် ခွန်းခက်ပိုင်"
"စိုင်း......"
"ခင်ဗျားက နာမည်အတိုင်း သိပ်ခက်ပါပြီလေရောလား ခွန်းခက်ပိုင်ရယ် "
"ကိုယ့်ထက်အကြီးကို အဲ့လိုနာမည် တပ်မခေါ်...."
"ကိုကို"
"ဟမ် အင့်...."
ရုတ်တရက်ခေါ်လာတဲ့ နာမ်စားနဲ့အတူ
ခွန်းခက်ပိုင်ရဲ့ နှုတ်ခမ်းသားတွေက စိုင်းမင်းခ
ဆီမှ ပိတ်ခြင်းခံလိုက်ရတော့၏။
ရင်ခုန်သံ ၊ အံ့သြမှု ၊ မထင်မှတ်ထားတဲ့ နာမ်စား ၊
နူးညံ့တဲ့နှုတ်ခမ်းသား ခွန်းခက်ပိုင်မငြင်းမိဘဲ
အရာရာကိုလက်ခံမိနေတော့၏။
"စိုင်း......"
စိုင်းမင်းခ အနမ်းတွေကာ ရပ်ကာ ကိုယ့်ကိုကိုယ်ချုပ်တည်းလိုက်တော့ ထိုင်ခုံထက်က ထိုလူသားက အကျီ်ကို မလွှတ်ပေးသေးဘဲ ရီဝေသောမျက်လုံးတွေနဲ့သာ စိုက်ကြည့်နေတာကြောင့်
စိုင်းမင်းခ ပိုမိုချုပ်တည်းမှုကင်းမဲ့ကာ သက်ပြင်းသာချလိုက်တော့၏။
"ဟူး......ခွန်းခက်ပိုင်ရယ် ခင်ဗျားကခက်ပါပြီလေရော"
"ကိုယ် ဘာများလုပ်လို့လဲ "
"ကျွန်တော် အခန်းပြန်တော့မယ်"
"ဟုတ်ပြီ"
ထိုအသံအဆုံး ခွန်းခက်ပိုင် စိုင်းမင်းခရဲ့အကျီ်ကို လွှတ်လိုက်ပြီး Macbook ပေါ်က ကွန်ပျူတာစာရင်းကိုသာ မျက်နှာမူလိုက်တော့၏။
"မင်းသွားရင် အခန်းတံခါးပိတ်....."
*မွ*
"ကိုကိုကရှက်နေလဲချစ်စရာဘဲ
ကောင်းသောညလေးပါ ကိုကို"
စိုင်းမင်းခ ခွန်းခက်ပိုင်ရဲ့ ပါးလေးတစ်ဖက်ကိုနမ်းရင်း အခန်းဆီပြန်လိုက်တော့၏။သူနမ်းလိုက်တော့ ချက်ချင်း ရဲတက်သွားတဲ့ ပါးမို့မို့နဲ့ အံ့သြတိုင်း ပေါ်ပေါ်လာတဲ့ ထိုညှပ်ရိုးက ခွန်းခက်ပိုင်ရဲ့
ဆွဲဆောင်မှုလို့ ပြောကမလားပင်။
စိုင်းမင်းခ အိပ်ခန်းထဲရောက်တော့ ဆေးလိပ်လေးတစ်လိပ်ကို ဝရံတာမှာသောက်လိုက်ရင်း
ခွန်းခက်ပိုင်အကြောင်းတွေးတော့ ရင်ထဲမှာ ကြည်နူးမိပါ၏။
အလုပ်အခန်းထဲကျန်ခဲ့တဲ့ အသက် ၃၀ အရွယ်လူပျိုပေါက်စလေးကတော့ မျက်နှာပူနေတုန်းသာ။
.
.
.
.
.
"သားခွန်းရဲ့ စေ့စပ်ထားတဲ့သူလေး
ဒီနေ့ကျောင်းပြန်တက်ရတော့မယ်ပေါ့"
"ဟုတ်တယ် အန်တီ
ဒါနဲ့ ဘဲကြီးရဲ့စေ့စပ်ထားတဲ့သူ စေ့စပ်ထားတဲ့သူနဲ့မခေါ်ပါနဲ့ ခေါ်ချင်ရင် သားစိုင်းဖြစ်ဖြစ် သမက်လေးဖြစ်ဖြစ် အဲ့လိုလေးပြောင်းခေါ်ပါလား "
"စိုင်းမင်းခကတော့ စကားတတ်တဲ့နေရာမှာ နှစ်ယောက်မရှိပါဘူးနော်"
"ဒါကတော့ တော်ကီကြွယ်တာပါ အန်တီရာ"
စိုင်းမင်းခ စာအုပ်တွေစီရင်း ပြောတော့
ဒေါ်ခွန်းမေတစ်ယောက် ပြုံးမိပါ၏။မိခင်စိတ်ဘဲဆိုရမလား။ကိုယ့်သားအကြောင်းကိုလဲ ကိုယ်ရိပ်မိနေတာမို့ ဘာကိုမှမပိတ်ပင် ၊ မတားဆီးမိပေ။ဒါပေမယ့် သားခွန်းအတွက်တော့စိတ်ပူမိပါ၏။ဖြစ်နိုင်ရင် သားခွန်းရဲ့ စိတ်ကိုအတိအကျနားလည်ခိုင်းစေချင်မိ၏။
"ကိုယ့်ကိုမားလို့ခေါ်ရင် မင်းကို သားစိုင်းလို့ခေါ်ပေးမယ်"
"ဟုတ်ကဲ့မား "
"ဟားဟား.....
သားစိုင်းတို့ကတကယ့်အတတ်"
"ဟီး"
"ဒါနဲ့ တစ်ပတ်လောက်ပျက်ထားတော့ စာတွေ
လိုက်နိုင်ပါ့မလား"
"သူ့အဆင့်က N3 ကျော်လောက်ထိရှိတာမား
ဂရုစိုက်မနေနဲ့ သူ့ကို မားဒီညလေယာဥ်နဲ့ ထိုင်းကိုသွားမှာမလား ပစ္စည်းတွေထည့်ပြီးပြီလား"
စိုင်းမင်းခနဲ့ ဒေါ်ခွန်းမေစကားဝိုင်းကို ခွန်းခက်ပိုင်က နာရီဝတ်ရင်းဝင်ပြောလာတော့၏။
"ဘဲကြီးအလုပ်မသွားဘူးလား"
"ကိုယ်စောနပြောတာကိုမကြားတာလား
စိုင်းမင်းခ "
စိုင်းမင်းခက နားမလည်တဲ့အကြည့်နဲ့ ကြည့်လိုက်တော့ ဒေါ်ခွန်းမေကပြုံးကာ စိုင်းမင်းခအနားထိလမ်းလျှောက်ပြီး အနားမှာထိုင်ကာပြောလိုက်တော့၏။
"မား 3 P.M Flight နဲ့ ထိုင်းကိုပြန်မှာလေ"
"မား.....
သားတို့အခုမှ ရင်းနှီးယုံရှိသေးတယ် မားကချက်ချင်းကြီး"
"မားရဲ့ သား လူပျိုကြီးကို သားစိုင်းကိုအပ်ပါတယ်နော်"
"စိတ်ချမား နောက်ကျရင်အားတာနဲ့လာလည်ကမယ်နော် ကျွန်တော်မားကိုသတိရနေမှာ"
စိုင်းမင်းခပြောလဲပြောရင်း ဒေါ်ခွန်းမေကိုဖက်လိုက်တော့၏။ဒေါ်ခွန်းမေကလဲ အချွဲလေးလို့ပြောကာ ရီလိုက်ပြီး ပုခုံးလေးကိုဖက်ကာ ပြုံးနေမိသလို ခွန်းခက်ပိုင်ကတော့ ထိုအခြေနေကို
ကြည့်ပြီး ပြုံးရေးရေးလေးသာ။
.
.
.
.
.
.
"{Kha San}"
စိုင်းမင်းခ အတန်းထဲကိုခြေလှမ်းလှမ်းချင်း
လက်ကိုအတင်းဆွဲကာ အပြင်သို့ခေါ်သွားတဲ့
သူတစ်ယောက်ကြောင့် ဘားမှမပြောဘဲ ထိုလူဆွဲရာနောက်ကိုသာပါသွားတော့၏။
"{မိုင် ဘာဖြစ်လို့လဲ}"
"{ငါ့မှာနင့်ကို မေးစရာမေးခွန်းရှိလို့}"
"အင်း"
"{ဟိုနေ့ကလေ ငါနင့်အိမ်လာတုန်းကတွေ့တဲ့
လူလေ အဲ့တာနင့်အကိုလား}"
"{အကို....}"
"{ငါသူ့ကိုစိတ်ဝင်စားလို့လေ.....
အဲ့တာ.....}"
"{ဟမ် စိတ်ဝင်စားတယ်}"
"{အင်း ငါသူ့ကိုကြိုက်တယ် }"
"{မဖြစ်နိုင်တာကိုမပြောနဲ့
ငါအတန်းထဲသွားတော့မယ်}"
"{Kha San ခဏလေးနေပါအုန်း
Kha....}"
"မိုင်"
မိုင် စိုင်းမင်းခလက်ကိုဆွဲကာ ထပ်ပြီးမေးချင်ပေမယ့် အနောက်ကနေရောက်လာတဲ့ ဒေလီယာကြောင့် စကားစကပြတ်သွားရတော့၏။
"ဒေလီယာ "
"ဘာလုပ်နေတာလဲ"
"Kha san ကငါ့ကြိုက်နေတာလား မသိဘူး"
"ဟမ်"
"ငါ သူ့အကို ကို ကြိုက်တယ်ပြောတာကို
မဖြစ်နိုင်ဘူးဆိုပြီး စိတ်ဆိုးသွားတယ်"
"ဘာပြောတယ်
နင် သူ့အကိုကို ကြိုက်နေတာကို သူ့ကိုဒဲ့ကြီး
သွားပြောလိုက်တာလား"
"အဲ့တာက ငါကသူ့ဆီကနေ Line No တို့ Instragram Acc တို့တောင်းမလို့လေ"
"နင်ကတော့လေ တကယ်ကိုမြန်တယ်"
"ချစ်မိသွားတာကိုဟယ်
ဒါနဲ့နင်ငါ့ကိုကူညီပြီးမေးပေးစမ်းပါ
သူ့အကိုနာမည်ရယ် Ph no တို့ Ig acc တို့ကိုနော်"
"နင့်ဘာသာမမေးဘူးလား"
"Kha san ကငါ့ကိုကြိုက်နေတာလားမသိဘူး
ငါအားနာတယ်"
"ကိုယ့်ကိုကိုယ် အထင်ကြီးမနေနဲ့
အတန်းထဲသွားမယ်"
"အင်း"
အတန်းထဲရောက်တော့ မိုင်က စိုင်းမင်းခ နဲ့ခုံခွဲထိုင်ကာ စိုင်းမင်းခကလဲ မိုင့် ကိုတစ်ချက်တောင်ကမကြည့်ခဲ့ပါ။ခဏနားချိန်မှာလဲ စိုင်းမင်းခဘယ်သူနဲ့မှစကားမပြောဘဲ ကိုယ့်ဘာသာ ဘဲနေလိုက်တော့၏။သျှားထက်ကျောင်းပျက်တာကြောင့် တစ်ယောက်တည်းအေးဆေးသာ
နေဖြစ်တော့၏။
.
.
.
"စိုင်းမင်းခ"
ကျောင်းဆင်းတော့ အိမ်ကိုတစ်ယောက်တည်းပြန်ကာ ဘယ်သူ့ကိုမှဂရုမစိုက်မိခဲ့။အိမ်လမ်းဝထိပ်ရောက်တော့ အနောက်ကနေလှမ်းခေါ်တဲ့သူကြောင့် စိုင်းမင်းခ လှည့်ကြည့်လိုက်တော့၏။
"ဒေလီယာ"
"ငါနင့်ကိုမေးမလို့"
"အင်း မေးလေ"
မြန်မာစကားရတာမို့ ဒေလီယာနဲ့ ဆို အမြဲလိုလို မြန်မာစကားဘဲပြောတာများ၏။
"နင် မိုင့်ကို ကြိုက်နေတာလား"
"ရူးနေတာလား
ငါ့မှာချစ်ရမယ့်သူရှိတယ်"
"ဟမ်"
"နေပါအုန်း
ငါကမိုင့်ကို ဘာလို့ကြိုက်ရမှာလဲ"
"မသိဘူးလေ ဟိုတစ်နေ့က သူနဲ့ဆုံခဲ့တဲ့
သူကိုမေးတော့ နင်ကပြန်မဖြေဘူးတဲ့လေ
အဲ့တာနဲ့......ဟိုဟာ တိုတာလို့ ငါကထင်လိုက်တာပေါ့"
"ဟမ် ဘယ်ဟာတိုတာလဲ"
စိုင်းမင်းခ အနောက်ဆုတ်ကာ အနည်းငယ်
စလိုက်တော့ ဒေလီယာမျက်နှာရဲသွားတော့၏။
"ဘာတွေ တွေးနေတာလဲ"
"နင်ဘဲ ဟိုဟာတိုဆို..."
"တိုတာလေ ငါမေ့နေလို့ ဘာတိုတာလဲမသိဘူး"
"သဝန် သဝန် သဝန်တိုတာ"
"အေး သဝန်တိုတာ"
"ဟား...ဟား....."
စိုင်းမင်းခ ထောက်လဲထောက်ပြရင်း ရယ်လဲရယ်လိုက်တော့၏။
"ဒါနဲ့ ဘာမေးမလို့လဲမေးလေ"
"သြော် နင့်အကိုနာမည်မေးမလို့"
"သူ့နာမည်က ခွန်းခက်ပိုင်
ငါ့အကို မဟုတ်ဘူး
ငါနဲ့စေ့စပ်ထားတဲ့သူ ငါချစ်နေတဲ့သူ"
"ဟမ်"
"ကဲ အခုတော့နားလည်ပြီမလား
မင်းသူငယ်ချင်းကို သေချာရှင်းပြလိုက်
ငါအပေါ်တက်တော့မယ်"
စိုင်းမင်းခ အူတူတူလေးဖြစ်ကာ ကျန်ခဲ့တဲ့ ဒေလီယာ့ ပုခုံးကိုလက်လေးနဲ့ပုတ်ပေးလိုက်ပြီး တိုက်ခန်းဆီသို့သာ ပြန်လာလိုက်တော့၏။
တစ်ထောင့်တစ်နေရာက သူ့ကိုကြည့်နေတဲ့
လူတစ်ယောက်ရဲ့ မျက်ဝန်းနက်နက်တွေကိုတော့
စိုင်းမင်းခ မမြင်ခဲ့ပါ။
.
.
.
.
.
စိုင်းမင်းခ အိမ်ရောက်တော့ သောက်နေကြ ဆေးလိပ်လေးကိုသောက်ပြီး ရေချိုးလိုက်တော့၏။ရေချိူးပြီးတာနဲ့ထမင်းစားကာ သွားတိုက်လိုက်ပြီး ကျောင်းကပေးတဲ့အိမ်စာတွေသာ
လုပ်နေလိုက်တော့၏။အိမ်စာတွေပြီးတာနဲ့
လေ့လာစရာရှိတာတွေ လေ့လာရင်း မနက်က
မိုင်ပြောခဲ့တဲ့ စကားကိုပြန်စဥ်းစားတာနဲ့ စိတ်မလိုကျတာမို့ ဝရံတာဘက်ထွက်ကာ ဆေးလိပ်ကိုတစ်လိပ်ပြီးတစ်လိပ် ရန်ရှာကာသောက်နေလိုက်တော့၏။
!Ting Tone Ting Tone!
"ဘဲကြီး ပြန်ရောက်တာ စော......"
"အင်း..... "
"သူမက......."
_____________________________
19.02.2023(Sun)(7:00 P.M & 9:30 P.M)
#hosy
(Zaw Gyi)
" ပြောစရာမကျန်ပေမယ့်..."
"အင်း"
"လုပ်စရာကျန်သေးတယ်"
"ဟင် ဘာလုပ်....အင့်....."
"သားခွန်း....."
"အာ့...ဘဲကြီး"
ဖင်ထိုင်လျက်သားပင်။
"မား ဘာတွေပြောနေတာလဲ "
ထောက်ခံကာပြန်ပြော၏။
"Good night ပါမား / အန်တီ"
"......."
"ဂရုစိုက်တာပေါ့လေ"
"......."
"တိုင်လိုက်လေ ဘဲကြီးရဲ့ အဲ့အချိန်တည်းကသာတိုင်ရင် ဘဲကြီးအခုလိုမျိုး အာရုံနောက်စရာအကောင်ကို အနား ထားထားစရာမလိုဘူး"
"......"
"စိုင်း မင်း ခ"
" ပြောပါ"
"ဘာအတွက်လဲ"
"ဟမ်..အင့်"
"ဟူး........"
"......"
"စိုင်း......"
"ကိုကို"
"ဟမ် အင့်...."
"စိုင်း......"
"ဟုတ်ပြီ"
*မွ*
.
.
.
.
.
"ဟုတ်တယ် အန်တီ
"ဟုတ်ကဲ့မား "
"ဟားဟား.....
"ဟီး"
လိုက်နိုင်ပါ့မလား"
စိုင်းမင်းခ "
"မား.....
.
.
.
.
.
.
"{Kha San}"
"{မိုင် ဘာဖြစ်လို့လဲ}"
"အင်း"
"{အကို....}"
အဲ့တာ.....}"
"{ဟမ် စိတ်ဝင်စားတယ်}"
Kha....}"
"မိုင်"
"ဒေလီယာ "
"ဘာလုပ်နေတာလဲ"
"ဟမ်"
"ဘာပြောတယ်
သွားပြောလိုက်တာလား"
"ချစ်မိသွားတာကိုဟယ်
"နင့်ဘာသာမမေးဘူးလား"
ငါအားနာတယ်"
အတန်းထဲသွားမယ်"
"အင်း"
နေဖြစ်တော့၏။
.
.
.
"စိုင်းမင်းခ"
"ဒေလီယာ"
"ငါနင့်ကိုမေးမလို့"
"အင်း မေးလေ"
"နင် မြိုင့်ကို ကြိုက်နေတာလား"
"ရူးနေတာလား
"ဟမ်"
"နေပါအုန်း
"ဟမ် ဘယ်ဟာတိုတာလဲ"
"ဘာတွေ တွေးနေတာလဲ"
"နင်ဘဲ ဟိုဟာတိုဆို..."
"သဝန် သဝန် သဝန်တိုတာ"
"အေး သဝန်တိုတာ"
"ဟား...ဟား....."
ငါ့အကို မဟုတ်ဘူး
"ဟမ်"
ငါအပေါ်တက်တော့မယ်"
.
.
.
.
.
လုပ်နေလိုက်တော့၏။အိမ်စာတွေပြီးတာနဲ့
!Ting Tone Ting Tone!
"အင်း..... "
"သူမက......."
_____________________________
#hosy