A Train named evil(MM transla...

By whiteLotus2k22

538 49 1

ကျိုးရန်လင်းဟာ ထုံကျိုးကနေထွက်မဲ့ K4133ရထားပေါ်ကလူသတ်မှုရဲ့ သံသယရှိသူတစ်ယောက်ဖြစ်ပြီး ဝူဖန်းရုန်ကတော့ရထားပေါ်... More

အပိုင်း (၁) ရထားတွဲလေးပေါ်ကသံသယဖြစ်ဖွယ်လူတစ်ယောက်
အပိုင်း (၂) ချစ်စရာကောင်းသောကိုယ်လုံးလေးနဲ့ မှုန်ဝါးနေသောရုပ်ရည် (U)
အပိုင်း (၂) ( Z )

အပိုင်း (၃) ကိုယ်ဘယ်သူ့ကိုမှမသတ်ခဲ့ပါဘူး။

48 8 0
By whiteLotus2k22

unicode

ဝူဖန်းရုန်ရဲ့ မနက်ခင်းလေးဟာ စိတ်ကျေနပ်စရာကောင်းတဲ့အစားအစာကို စားသောက်ခဲ့ရတာကြောင့် အလွန်ဘဲစိတ်အခြေအနေကောင်းမွန်နေခဲ့သည်။ သူဟာ ဆေးသေတ္တာကိုရှာတွေ့တာနဲ့ ကျိုးရန်လင်းကို ကုတင်ပေါ်လဲလျောင်းစေပြီး ကျွမ်းကျင်စွာဘဲ အနာကိုအရက်ပြန်နဲ့ပိုးသတ်ဖို့လုပ်လိုက်သည်။ ကျိုးရန်လင်းဟာ နာကျင်မှုကြောင့် မျက်ခုံးများတွန့်ချိုးနေသော်လည်း တစ်ဆက်တည်းမှာပဲ ဒီလိုအခြေအနေလေးကသူ့ကို သာယာယစ်မူးစေသည်။ ဝူဖန်းရုန်ဟာ ကျိုးရန်လင်းရဲ့ လက်တဖဝါးစာကျယ်တဲ့ ဒဏ်ရာကိုပိတ်စအဖြူနဲ့ သပ်သပ်ရပ်ရပ်ပြန်လည်စည်းနှောင်းပေးလိုက်သည်။

ကျိုးရန်လင်းဟာ ကုတင်ခေါင်းရင်းမှာ မှီထားရင်း ကလေးလေးစိတ်ကောက်နေသလိုမျိုးပုံစံနဲ့ ဝူဖန်းရုန်ကိုကြည့်နေခဲ့သည်။ ဘာကြောင့်လဲဆိုတော့ သူဟာ ဝူဖန်းရုန်ထက် သုံးနှစ်လောက်ကြီးပြီး အင်အားချင်းလည်းတူညီပါရက်နဲ့ ဒဏ်ရာရလာတာကိုအနည်းငယ်ရှက်နေမိတာကြောင့်ပင်။ ထိုအချိန် ဝူဖန်းရုန်ကတော့တိတ်ဆိတ်စွာတွေးတောနေမိသည်။ ကျိုးရန်လင်းကသူ့ဆီကိုရည်ရွယ်ချက်ရှိရှိ အကြံအစည်နဲ့လုပ်ကြံဖို့ချဥ်းကပ်တာရော မဖြစ်နိုင်ချေဘူးလား။ သူ့အကြံအစည်တွေပြည့်ဝသွားနဲ့ သူ့ကိုစွန့်ပစ်သွားခဲ့ရင်ရော....အဲလိုသာဖြစ်လာပါက သူဘယ်နေရာမှာမှ သူရဲ့တရားခံရမှုကို သွားရောက်တိုင်တန်းနိုင်မှာပင်မဟုတ်ပေ။ ကျိုးရန်လင်းရဲ့အတွင်းစိတ်က နက်နဲလွန်းတာကြောင့် သူဘာတွေးနေလဲ ဝူဖန်းရုန်ပင်ခန့်မှန်း၍မရပေ။

ရထားပြတင်းပေါက်ဟာ အပြင်ကနှင်းတွေကြောင့်ရေငွေ့ရိုက်နေခဲ့ပြီး ပြတင်းပေါက်ကနေတစ်ဆင့် လယ်ကွင်းကျယ်ကြီးတွေကို ထိုးဖောက်မြင်နေရသည်။ မြောက်ပိုင်းကိုရောက်လေ အပူချိန်မှာသိသိသာသာအေးလာလေဖြစ်ပြီး လယ်ကွင်းထဲကကောက်ပဲသီးနှံစိုက်ထားတာကို ကျိုးတို့ကျဲတဲသာမြင်နိုင်တော့သည်။ ကမ္ဘာကြီးရဲ့အမဲရောင်မြေကြီးတွေကို နှင်းတွေအပြည့်ဖုံးကွယ်နေပုံက နေအလင်းရောင်ဖျော့ဖျော့လေးအောက်မှာ အဖြူရောင်အလင်းတန်းများဖြင့် တောက်ပနေခဲ့သည်။ အဲ့ဒီအပေါ်မှာ သစ်ပင်ကြီးအချို့ရှိနေပြီး ငှက်သိုက်လေးများကိုပင် မြင်နိုင်သေးသည်။ ထိုစဥ်ရုတ်တရက် ကျီးကန်အုပ်စုရဲ့အော်သံကထွက်လာပြီး အရှေ့ဘက်ကိုပျံသန်းသွားနေပုံက နေအလင်းရောင်ကို ဖုံးကွယ်ပစ်လိုက်သယောင်။

" ကိုယ်ဘယ်သူ့ကိုမှမသတ်ခဲ့ပါဘူး " လို့ကျိုရန်လင်းက မတရားခံရသလိုအသံနဲ့ပြောလာခဲ့သည်။

ထိုအချိန် ဝူဖန်းရုန်ကတော့ တိတ်တဆိတ်ပဲသူ့စကားတွေကိုအကဲဖြတ်နေခဲ့သည်။ ကျိုးရန်လင်းခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေဟာ လတ်တလောရလာခဲ့တာတွေဖြစ်ပြီး ဓားဒဏ်ရာဟာဘယ်ဘက်မှာ အနည်းငယ်နက်နက်ထိုးခဲ့ပြီး ညာဘက်ကိုတော့အရမ်းမနက်နေခဲ့ပေ။ ကျိုးရန်လင်းဒဏ်ရာဟာ နှစ်နာရီအတွင်းအထိုးခံလာရတဲ့ဒဏ်ရာပဲဆိုတာ သူမြင်နိုင်သည်။ သူ့ရဲ့လက်ထောက်လေးပြောပုံအရဆို ကျိုးရန်လင်းဟာ ရထားပေါ်မှာသွေးတွေနဲ့ထိုင်နေခဲ့တာမြင်ခဲ့ရတာဖြစ်သည်။ ဒါပေမဲ့ဒီလိုသွေးအလွန်ထွက်နေတဲ့လူဟာ စစ်ဆေးရေးဂိတ်ကိုကျော်ဖြတ်နိုင်ဖို့ မဖြစ်နိုင်ပေ။ ဒါကြောင့် အဲ့ဒီဒဏ်ရာဟာ ရထားစောင့်နေစဥ်မဟုတ်ရင် ရထားပေါ်ကလူတစ်ယောက်နဲ့တိုက်ခိုက်ခဲ့ရတာဖြစ်နိုင်သည်။ ထုံကျိုးလူသတ်မှုမှာရလာခဲ့တဲ့ဒဏ်ရာလုံးဝမဖြစ်နိုင်ချေ။ ဒါပေမဲ့လည်း ဒီဒဏ်ရာက အခင်းဖြစ်ရာနေရာကနေရလာတဲ့ ဒဏ်ရာမဟုတ်ဘူးလို့ပဲ သက်သေပြနေခဲ့တာပင်။ ကျိုးရန်လင်းဟာ ထုံကျိုးမှာ လူသတ်ခဲ့သလား မသတ်ခဲ့သလားဆိုတာတော့ သက်သေမပြနိုင်ချေ။

ဝူဖန်းရုန်ဟာ သူ့ရှေ့မှာထိုင်နေတဲ့ထိုလူဆီက စကားကိုအရင်နားထောင်ကြည့်ဖို့သာဆုံးဖြဖတ်လိုက်သည်။ သူ့ရဲ့မေးကိုဆတ်ခနဲမောပြလိုက်ပြီး ကျိုးရန်လင်းကိုစကားပြောဖို့ပုံလုပ်ပြလိုက်သည်။ ကျိုးရန်လင်းရဲ့မဟုတ်က ဟုတ်ကတွေကို တခါတည်းပြောလာခဲ့ရင်တော့ကောင်းတာပေါ့။

သို့သော် ကျိုးရန်လင်းစိတ်ရင်းမှန်ဖြင့်ပင် ပြောလာခဲ့သည်။ " ကိုယ်ကထုံကျိုးလူသတ်မှုရဲ့ အခင်းဖြစ်ရာနေရာမှာရှိနေခဲ့တာ အမှန်ပါပဲ...ဒါပေမဲ့ ကိုယ်တကယ်ဘယ်သူ့ကိုမှ မသတ်ခဲ့တာပါကွာ။ ဒါဟာရိုးရှင်းတဲ့ တိုက်ဆိုင်မှု ကနေဖြစ်လာတဲ့ အထင်လွဲမှုကြီးပါကွာ "

ထို့နောက်ခနလောက်ရပ်လိုက်ပြီး ဆက်ပြောလာခဲ့သည်။ " အဲ့ဒီညကကိုယ်ကအလုပ်ကအသိနဲ့အတူ အင်တာနက်ကဖေးဆိုင်မှာ ညလယ်စာစားခဲ့နေရုံပါပဲ။ ကိုယ်အရက်သောက်တာနည်းနည်းများသွားလို့ အိမ်သာထဲသွားပြီး အန်ချလိုက်တာတော့မှတ်မိတယ်။ ဒါပေမဲ့နောက်ပိုင်းတွေက ဝိုးတဝါးပဲ အရမ်းကြီးမမှတ်မိတော့ဘူး။ ပြီးတော့ ရဲကားအသံတွေကိုယ်ကြားလိုက်ရတယ်။ ကိုယ်ကရဲတွေနဲ့ပတ်သက်လာရင် နည်းနည်းလေးပိုသတိထားနေကျလူဆိုတော့ နည်းနည်းလေးတော့အမူးပြေသလိုအသိဝင်သွားချိန်မှာတော့ ကိုယ်ကလမ်းကြားထဲမှာရောက်နေပြီး ကောင်လေးတစ်ယောက်ကဘေးမှာလဲကျနေတာကို တွေ့လိုက်တာပဲ။ ကိုယ်တစ်ခုခုတော့လွဲနေပြီဆိုတာခံစားမိလိုက်လို့ သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်တော့ အဲ့ကောင်လေးက အသက်မရှုတော့တာကို သိလိုက်ရတာပဲ "

ထိုအချိန်ခနမှာ ဝူဖန်းရုန်ဟာရထားတွဲအိမ်သာထဲကရလာတဲ့ လေအေးတွေရဲ့အေးစက်မှုထက် ပိုပြီးအေးစက်သွားသယောင်ပင်။

" ပြီးတော့ မင်းကထွက်ပြေးလာခဲ့တယ်ပေါ့ "

" ကိုယ့်ခေါင်းကအရမ်းမူးဝေနေခဲ့တာပါကွာ။ ဒါပေမဲ့နောက်တစ်ရက် မနက်သတင်းမှာတွေ့လိုက်ရမှ ကိုယ်လည်းဘာဖြစ်ခဲ့တယ်ဆိုတာသတိရသွားတာပါ။ အဲ့ဒီအချိန်မှာ အခြေ အနေတွေကရှင်းပြလို့မရအောင် ရှုတ်ထွေးနေခဲ့ပြီးပြီ။ အဲ့တာနဲ့ ကိုယ်လည်း အလုပ်မှာခွင့်နှစ်ရက်ယူဖို့ အလုပ်ကအသိကိုဖုန်းလှမ်းဆက်ပြီးခွင့်တောင်းတော့ ဘာမှမပြောဘဲဖုန်းချသွားခဲ့ပြန်တယ်။ သူကဖုန်းကိုပြန်မဖြေတော့တာကွာ။ သူပဲကိုယ့်ကိုကျင်းအကြီးကြီးတူးပေးခဲ့သလားတောင် ကိုယ်မသိတော့ပါဘူး။ နည်းနည်းတော့အရှက်ရမိတယ်။ ကိုယ်က ကိုယ့်ဖောက်သည်တွေရဲ့ပိုက်ဆံလိမ်လည်ပြီးထုတ်တာတွေကို ဖြေရှင်းတဲ့အလုပ်ကို ဆယ်နှစ်လောက်တူတူလုပ်လာခဲ့ကြပေမဲ့ နောက်ဆုံးတော့ ကိုယ်တိုင်အလိမ်ခံရမဲ့နေ့ရှိလာတာပါပဲလေ။ ၉၀ရာခိုင်နှုန်းလောက် ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေချောက်တွန်းတယ်ဆိုတာ သိပေမဲ့ ကိုယ်ပြေးမလွတ်ခဲ့ပါဘူးလေ။ "

" မင်းက အတိအကျ ဘာအလုပ်လုပ်သလဲ " လို့ဝူဖန်းရုန်ကဖြတ်မေးလာခဲ့သည်။

ကျိုးရန်လင်း သူ့အကျီအိတ်ထဲက business cardလေးကို ဝူဖန်းရုန်ဆီကမ်းပေးလာခဲ့သည်။ ကတ်ပေါ်မှာရေးထားတာကတော့ အာမခံတောင်းဆိုမှုများကိုစုံစမ်းစစ်ဆေးခြင်းဌာန မန်နေဂျာ ... လီရှင်း အသက်အာမခံလုပ်ငန်းစု ဟုပင် .......

" အရှင်းဆုံးပြောရရင် လူတွေကအာမခံငွေတွေထုတ်ဖို့အတွက် ညစ်ပတ်တဲ့အလုပ်မျိုးစုံလုပ်ဖို့တွန့်တိုနေမှာမဟုတ်ဘူး ။ ဥပမာပြောရရင် ခိုးတာ...လူသတ်တာ...အတုလုပ်တာ...ဖွက်ထားတာ...မျိုးစုံပေါ့။ ဒါပေမဲ့ကိုယ်ကအဲ့တာတွေကို စုံစမ်းစစ်ဆေးတာလုပ်ဖို့တာဝန်ယူထားရတာပဲ။ အာမခံကုမ္ပဏီက စစ်ဆေးတာမပြီးမချင်းအာမခံငွေထုတ်ပေးခြင်းမရှိဘူး။ အာမခံထားတဲ့ပ္စည်းကအရမ်းပျက်စီးသွားတာ ဒါမှမဟုတ် တစ်ယောက်ယောက်ကိုသေဆုံးစေတာမျိုးဆို ကိုယ်တို့ကရဲတွေနဲ့ပူးပေါင်းပြီး အတွင်းကျကျစစ်ဆေးရတာမျိုးတွေပါလုပ်ရတယ်။ မင်းသမီး Zeta-Jonesရဲ့ ဇာတ်ကား " Entrapment " ကိုကြည့်ဖူးသလားတော့မသိဘူး ကိုယ်တို့အလုပ်ကအဲ့လိုပုံစံမျိုးနဲ့တူတူပါပဲ " { entrapment က 1999ကထွက်ခဲ့တဲ့ ဇာတ်ကားကြီးဖြစ်ပါတယ် }

" ထူးခြားတာပဲ "

" ဆက်ရှင်းပြရရင်တော့ ဒီအလုပ်ကအရမ်းတော့မထူးခြားပါဘူး။ အဖေကိုသတ်တာတွေ အမေကိုသတ်တာတွေရယ် ဖောက်ပြန်နေတာတွေ...အဆိပ်ခတ်သတ်တာတွေ..ကလေးနဲ့မိန်းကလေးတွေကိုရောင်းစားတာတွေ...ဒါတွေဟာဟိုးအရင်ကတည်းကတည်း ကြီးလေးတဲ့ပြစ်မှူတွေပါပဲ။ ဒီလိုဖြစ်ရပ်တွေကိုရှာဖွေနေရတဲ့ ကိုယ်ရဲ့အာရုံကသူများတွေထက်ပိုပြီး ခံစားနိုင်တယ်။ ကိုယ့်ကိုတစ်ယောက်ယောက်က အကွက်ကျကျထောင်ဖမ်းသွားတာပဲ "

ရှည်လျားစွာ ရှင်းပြပြီးနောက် ကျိုးရန်လင်းကုတင်ဘေး စားပွဲပေါ်ကရေခွက်ကိုယူပြီးရေထည့်သောက်လိုက်လေသည်။ ဒီခွက်ကိုဘယ်သူသောက်ထားလဲဆိုတာမသက်ဆိုင်သလိုပင်။ ထို့နောက် သူ့ခြေထောက်တွေကို ချိတ်လိုက်ပြီး သက်တောင့်သက်တာဖြစ်အောင်ထိုင်လိုက်ပြီး ဆက်ပြောလာခဲ့သည်။ " ကိုယ်ကအတိအကျကောင်းတဲ့လူလို့တော့ ပြောမရပါဘူး....ကိုယ်အလုပ်မှာ ပိုက်ဆံခိုးဖူးသလို အသဲတွေလည်းတမင်ခွဲခဲ့ဖူးတယ်။ ရိုးရှင်းပြီးအချစ်မှာနစ်မြုတ်နေတဲ့ဆယ်ကျော် သက်လေးတွေနဲ့ကစားဖူးသလို မာကျောက်ကစားတော့လည်း နည်းလမ်းကျကျဆော့ခဲ့တာမဟုတ်ပါဘူး။ ဒါပေမဲ့ လူသတ်ဖို့ထိတော့ ကိုယ်အတင့်မရဲသေးပါဘူး....ကိုယ်မှာလည်းစည်းတော့ရှိပါသေးတယ်။ ပြီးတော့ကိုယ့်ထက်အရမ်းငယ်တဲ့ကလေးတွေကို အရမ်းသဘောကျတဲ့အပြင် အဲ့ကောင်လေးကိုတခါမှလည်းမတွေးဖူးဘူး။ ကိုယ်လက်တံတောင်ဆစ်လောက်တောင်မရှိတဲ့ကလေးကို ကိုယ်ကဘာကိစ္စနဲ့အကြမ်းဖက်ရမှာလဲ ? ပြီးတော့ မင်းကိုယ့်ကို ရဲလက်ထဲအပ်လိုက်လည်းကိုယ်မင်းကို အပြစ်မတင်ပါဘူး။ မင်းနဲ့နောက်ထပ်တစ်ကြိမ်သာအိပ်ရဖို့အတွက်တော့ ကိုယ့်ဟာကိုယ်လဲလှယ်ရဲပါတယ်နော် " { အမလေး flirtချက်ပဲဟေ့ -_- }

ရထားနားတဲ့ကြားဖြတ်ဘူတာရုံမှာရဲလက်ထဲအပ်လိုက်လို့ရလေသည်။ အရာအားလုံးက ဝူဖန်းရုန်ရဲ့ အချက်ပြမှုတစ်ခုသာလိုအပ်ပြီး သူအချက်ပြတာလိုက်တာနဲ့ တစ်ပြိုင်နက် ကျိုးရန်လင်းကိုအလွယ်တကူဖမ်းချုပ်နိုင်သည်။ ဒီလိုအခြေအနေဟာ သူ့အတွက် အများကြီးအားသာနေခဲ့တာဖြစ်သည်။

အမှန်အတိုင်းပြောရရင်တော့ ဝူဖန်းရုန်ရင်ထဲမှာအနည်းငယ်တော့ စိတ်ပျက်သွားတာပင်။ ကျိုးရန်လင်ရဲ့ ဖြေရှင်းချက်မှာ ကွာဟချက်တွေအများကြီးကိုရှိနေသည်။ သူ့ရဲ့အရက်မူးနေတယ်ဆိုတာက လူသတ်မသတ် မသေချာတဲ့အရာပင်။ ပြောရရင် လူမသတ်ခဲ့ရင်တောင်အကြမ်းဖက်ခဲ့တယ်လို့ ယူဆလို့ရနေသေးသည်။ ပြီးတော့သူဟာ ငြင်းလို့မရအောင် အခင်းဖြစ်ပွားရာနေရာမှာ ရှိခဲ့သူဖြစ်တဲ့အတွက် သံသယဖြစ်ဖွယ်လူထဲကနေ ဖယ်မထုတ်နိုင်ပေ။ အကယ်လို့သူသာ လုံးဝကိုအပြစ်ကင်းနေခဲ့မယ်ဆိုရင် ဘာလို့ရဲစခန်းကိုတခါတည်းသွားပြီး ပူးပေါင်းစစ်ဆေးတာမျိုးမလုပ်သနည်း။ သူ့ကိုချောက်ချမှာကိုကြောက်တာရောဖြစ်နိုင်မလား။ ဒါပေမဲ့ထွက်ပြေးတာက တရားခံဖြစ်တယ်လို့ ဝန်ခံရာပိုမရောက်ပေဘူးလား......

ပြီးတော့ ရင်ညွန့်ကဒဏ်ရာကရော ဘာလို့သူ့ကတိုက်ခိုက်ခံရတာလဲ? လူသတ်မှုနဲ့ဆက်နွယ်နေသလား? ဘာအကြောင်းပြချက်နဲ့ ဒီရထားပေါ်ပါလာရတာလဲ....သူအလျင်အမြန်ပဲ ထွက်ပြေးလာတာက သူဟာလူသတ်တရားခံဖြစ်လို့ပဲဆိုတာမျိုး ပိုပြီးအဓိပ္ပါယ်သက်ရောက်နေသည်။

" ငါ့ကိုလာကြောင်နေတာတွေ ရပ်လိုက်တော့...ပေါက်ကရပြောနေတာတွေရပ်လိုက်စမ်းပါ...မင်းဘယ်လိုဒဏ်ရာရလာတာလဲသာပြောစမ်းပါ " လို့ ဝူဖန်းရုန်ကမေးလိုက်သည်။

ကျိုးရန်လင်း မျက်နှာပေါ်မှာ သံသယဖြစ်နေတဲ့အရိပ်အယောင်တချို့ဖြတ်ပြေးသွားတာကိုတွေ့လိုက်ရပြီး သူဒေါသထွက်နေတာကို ဝူဖန်းရုန်ခံစားလို့ရလိုက်သည်။

" ကိုယ်ကလည်းမေးလိုက်ချင်ပါသေးတယ်။ ဘာလို့ရထားပေါ်ကလုံခြုံရေးက အရမ်းအားနည်းရတာတုန်း...ဓားတွေပါလာတာကိုတောင် သူတို့မသိဘူးလား။ ကိုယ်ရထားကိုဘူတာမှာစောင့်နေတုန်းက ခရီးဆောင်သေတ္တာဆွဲလာတာနဲ့ လူကြီးတစ်ယောက်က ရုတ်တရက်လာထိုးတာပဲ။ ကိုယ်သတိမထားခင်မှာပဲ ကိုဟ်အကျီထဲအောက်မှာ ဓားထိုးခံလိုက်ရတာပဲ။ ရထားလာတော့ရထားလက်မှတ်ပြပြီးအမြန် ရထားပေါ်တင်လာခဲ့ရတာနဲ့ ဒဏ်ရာကိုစည်းဖို့အချိန်တောင်မရလိုက်ဘူး။ အဲ့လူကရထားပေါ်မှာ ပါလာပြီးနောက်လူတစ်ယောက်ကို ထပ်ထိုးခဲ့ရင်ဘယ်လိုလုပ်မလဲ အရမ်းအန္တရာယ်များတာကိုသိရဲ့လား? "

" မင်းငါ့ကိုလာပြောနေလည်း ဘာမှမထူးဘူး။ ငါက ရထားပေါ်မှာအလုပ်လုပ်တာ ဘူတာဖြစ်တဲ့ကိစ္စနဲ့ငါနဲ့မဆိုင်ဘူး။ ဒါပေမဲ့မင်းကပုံမှန် ဆေးသေတ္တာဆောင်ထားတတ်တာလား ? "

" ကိုယ်ရဲ့အလုပ်နည်းနည်းတော့အန္တရာယ်ရှိတယ်လေ။ အာမခံငွေထုတ်တဲ့လူတွေက အမြဲခြိမ်းခြောက်ပြောဆိုနေတဲ့လူစားမျိုးတွေပဲ။ အဲ့တော့ရုံးမှာလည်းဆေးသေတ္တာတွေရှိသလို ကိုယ်ကသေသင့်ဆိုတဲ့ အမည်မသိစာတွေဟာ ပုံးလိုက်ကိုရှိတယ်။ အခုကိစ္စမဖြစ်ခင်မှာပဲ ကိုယ်ခြေထောက်အချိုးခံရမလိုလည်းဖြစ်ဖူးတယ် အဲ့တာ​နဲ့ပဲ ဆေးပစ္စည်းတွေဆောင်တာက အကျင့်ဖြစ်လာတာ "

" အရိုက်ခံရတာ နည်းတောင်နည်းပါသေးတယ် "

ကျိုးရန်လင်းကရုတ်တရက် တည်တည်ငြိမ်ငြိမ်ပဲပြောလာခဲ့သည်။ " ကိုယ်သိပါတယ်မင်းဆိုလိုတဲ့ အဓိပ္ပါယ်တွေကို။ ကိုယ်လည်းသိချင်တယ် ကိုယ့်ကိုဘာလို့ဓားနဲ့ထိုးခဲ့လဲဆိုတာ။ ပြောရရင်တော့ အဲ့လူဟာဒီရထားပေါ်မှာသေချာပေါက်ရှိနေသေးတယ်။ ပြောရရင်ကိုယ့်အတွက်အန္တရာယ်ရှိသေးတယ်။ ကိုယ်မင်းကိုတည့်တိုးပြောရရင် မင်းအဲ့လိုအရင်ဖမ်းမိရင်ဖမ်း မဟုတ်ရင် ကိုယ့်ဟာကိုယ်အရင်သူ့ကိုသွားရှာရလိမ့်မယ်။ အကယ်၍ ကိုယ်အရင်တွေ့ခဲ့ရင်တော့ သေချာတာကိုယ်ကသူ့ကိုရိုက်ပြီးမှရဲလက်အပ်မှာပဲ။ မင်းရဲတွေကိုအကြောင်းကြားထားသေးတယ်မလား....ကိုယ်ရထားပေါ်ကအလုပ်သမားတွေ ကြားဖြတ်ဘူတာကရဲခေါ်ဖို့ပြောနေတာကြားခဲ့တယ် "

" ငါကဒီရထားရဲ့ကြီးကြပ်ရေးမှူးဖြစ်တာကြောင့် ရထားပေါ်ကခရီးသည်တွေနဲ့ အလုပ်သမားတွေ လုံခြုံရေးကငါ့ရဲ့ ဥိးစားပေးတာဝန်ပဲ "

" ကိုယ်မင်းကို သိသင့်တာအကုန်ပြောပြပြီးပြီ မင်းဘာတွေသိချင်သေးလဲ? "

" မင်းပိုင်ဟယ်ကိုဘာလုပ်ဖို့သွားမှာလဲ "

ကျိုးရန်လင်းဟာ ဝူဖန်းရုန်မျက်နှာကို ငေးရင်းပြောလာသည်။ " ကိုယ်ပြောပြခဲ့ရင်ရော မင်းက ကိုယ်ရိုးသားတာကို ယုံကြည်ပေးမလား "

ဝူဖန်းရုန် ဒီကိစ္စတွေထဲပါဝင်ဖို့ အနည်းငယ်တွန့်နေခဲ့သည်။ သူဟာ ကျိုးရန်လင်းရဲ့ ပြုံးပြီးစချင်နေတဲ့အရိပ်အယောင်တွေနဲ့ သေချာပြင် ဆင်ထားတဲ့ မျက်နှာဖုံးတစ်ခုမြင်နေရတာဖြစ်သည်။ လူတော်တော်များများက အာမခံရောင်းတဲ့သူတွေဟာ ချောမောပြီး အလွယ်တကူ ရောင်းဝယ်နိုင်သူတွေလို့သတ်မှတ်ကြသည်။ ဒါကြောင့်လည်း အာမခံရောင်းသူတွေက ပေါ့ပါးတဲ့ပုံစံတွေနဲ့သာရောင်းကြတာကြောင့် လူစိမ်းတွေက အရောင်းသမားတွေနဲ့ပိုပြီးနီးကပ်လာစေသည်။ ဒါပေမဲ့ အခုအခြေအနေမှာ သူတို့နှစ်ယောက်က သာမာန်ရောင်းသူဝယ်သူဆက်ဆံရေးမဟုတ်တဲ့ အတွင်းကျကျခန္ဓာကိုယ်ချင်းနှီးနှောဖူးတဲ့ဆက်ဆံရေးဖြစ်တာကြောင့် သူတို့နှစ်ယောက်ကြားကဆက်ဆံရေးကအရမ်းပေါ့ပါးနေသည်။ ဝူဖန်းရုန်ကတော့ ဒီအပေါ်ယံမျက်နှာဖုံးအောက်မှာ ဖုံးကွယ်ထားတဲ့မျက်နှာကိုသူဖော်ထုတ်နိုင်မည်ဟု အခိုင်အမာယုံကြည်နေမိသည်။ ကျိုးရန်လင်းရဲ့အမူအယာတွေဟာ ဘယ်ဟာကဟန်တောင်ပြီး ဘယ်မှာအမှန်ပြောသလဲဆို ဖော်ထုတ်ဖို့အလွန်ခက်ခဲလှသည်။ နောက်ဆုံးပြောရရင်တော့ ဒီပုဂ္ဂိုလ်ဟာရိုးသားသူဖြစ်နိုင်ပါ့မလား? ထိုလူရိုးသားစွာပြောခဲ့တဲ့အချိန်ရောရှိခဲ့ရဲ့လား သူတကယ် ပင်မခန့်မှန်းနိုင်ချေ။

အချိန်ခနလောက် သူတို့နှစ်ယောက်လုံး အတွေးကိုယ်စီနဲ့ငြိမ်သက်နေပြီး တစ်ဖက်နဲ့တစ်ဖက် သဘောတူညီမှုတစ်ခုရဖို့ကြိုးစားနေကြသည်။

နောက်ဆုံးတော့ ဝူဖန်းရုန်ဟာထပ်ပြီး တွေးမနေနိုင်အောင် သည်းမခံနိုင်တော့ဘဲ ကုတင်အောက်ကလက်ဆွဲသေတ္တာကိုဆွဲယူလိုက်ပြီး အထဲကအကျီတစ်စုံကိုရှာဖွေလိုက်ပြီး ကျိုးရန်လင်းရင်ဘတ်ကိုပစ်လိုက်တော့သည်။

" မင်းဒါကိုအရင်ဝတ်ထားလိုက်တော့ " လို့ပြောရင်း ခေါင်းအုံးဘေးက အနွေးလည်စည်းလေးကို ယူပြီးကျိုးရန်လင်းလည်ပင်းမှာ စည်းပေးလိုက်သည်။ " မင်းရဲ့ပုံတွေက လိုင်းပေါ်မှာ ပျံ့နေပြီ။ မင်းကသံသယရှိသူ ဖြစ်နေဆဲပဲ ဒီပုံစံနဲ့လျှောက်သွားနေလို့ အဆင်ပြေမှာမဟုတ်ဘူး။ ဘောင်းဘီကမင်းနဲ့ရောတော်ရဲ့လား...နည်းနည်းတော့သည်းခံဝတ်ထားလိုက်နော်။ မင်းရဲ့အကျီနှစ်ထည်ကိုလည်း နောက်ဘူတာမှာငါလွတ်ပစ်ခိုင်းလိုက်မယ်။ မင်းမနက်စာရောစားပြီးပြီလား? တစ်ယောက် ယောက်ကိုမင်းအတွက် ပေါင်မုန့်၂လုံးလောက်ဝယ်ခဲ့လိုက်ဦးမယ် " ဟုမြန်မြန်ဆန်ဆန်ပင်ပြောလာခဲ့သည်။

ကျိုးရန်လင်းဟာ အမြန်လိုနေတဲ့ ကြီးကြပ်ရေးမှူးလေးကို လှမ်းဖက်လိုက်ပြီး နစ်နစ်နဲနဲကိုနမ်းပစ်လိုက်သည်။ သူ့နှုတ်ခမ်းတွေဟာ ဆေးရွက်ကြီးအနံ့တွေစွဲနေတာကြောင့် အရမ်းတော့အဆင်မပြေ။ ဝူဖန်းရုန်ကို သူ့ကိုနမ်းနေရာကအတင်းရုန်းထွက်လိုက်ပြီး ကုတင်အောက်ကနေ တစ်ခုခုကိုထပ်ရှာနေလိုက်သည်။ ကျိုးရန်လင်းဟာ သူအနည်းငယ်တုန်ရီနေတာကိုမျက်နှာပေါ်မှာမပေါ်အောင်ထိန်းချုပ်ထားပြီး ဝူဖန်းရုန်ရဲ့လှုပ်ရှားမှုတွေကိုလိုက်ကြည့်နေခဲ့သည်။ ထို့နောက် ဝူဖန်းရုန်ဟာ မုတ်ဆိတ်ရိတ်တဲ့စက်ကို ထုတ်လာပြီးသူ့ဆီလျှောက်လာခဲ့သည်။ စက်ကထွက်လာတဲ့ အသံတွေဟာသူ့ကိုရုတ်တရက်သွေးတွေခဲသွားစေဖို့လုံလောက်သည်။ ထို့နောက်ကျိုးရန်လင်းဟာ​ပြုံးရင် ဝမ်းနည်းသလိုမျက်နှာပေးလေးနဲ့ ပြောလိုက်သည်။

" မင်းဘာလုပ်နေတာလဲ...အိုက်ရားးးးကိုယ်ဘာမှမလုပ်ပါဘူးဆိုနေမှ ကိုယ့်တို့ဆက်ပြီးညိနှိုင်းလို့ရတယ်လေ ဒီလိုကြီးတိတ်တဆိတိသတ်ဖို့မှ မလိုတာ "

သို့သော် ဝူဖန်းရုန်ကတော့ အေးစက်စက်ပဲပြန်ကြည့်ရင်းပြောလာသည်။ " ပေါက်ကရတွေဆက်ပြောမနေနဲ့ ဆံပင်လာရိတ်လိုက်စမ်းပါ....မင်းအကျီလေးလဲလိုက်ရုံနဲ့လူတွေကချက်ချင်း မမှတ်မိတော့ဘူး ဖြစ်နိုင်ပါ့မလား စဥ်းစားလေ "

ကျိုးရန်လင်း မျက်နှာဟာအလွန်ပင်နာကျင်နေပုံပေါ်နေပြီး ငြိမ်ငြိမ်လေးပဲ ဝူဖန်းရုန်ရှေ့လာထိုင်ကာ ဆံပင်ရိတ်ဖို့ခေါင်းထိုးပေးလာသည်။ ဝူဖန်းရုန်ဟာ ချက်ချင်းပဲသူ့ရှေ့မှာမှန်ထောင်လိုက်ပြီး ကတ်ကြေးတစ်ခုကိုပါသွားယူလိုက်သည်။ ကျိုးရန်လင်းအတွက် သူ့ဆံပင်ပုံစံပြောင်းလဲတာက လုံးဝအရေးမကြီးပေ။ သူ့မှာဆံပင်ထိပ်လေးတစ်ကွက်ပဲရှိနေခဲ့ရင် သူဟာယုံကြည်ချက်ရှိရှိနေနိုင်တဲ့လူစားမျိုးပင်။ ဒါပေမဲ့ သူမထင်ခဲ့တာက ဝူဖန်းရုန်ကသူ့ကိုကိုယ်တိုင်ကိုယ်ကျဆံပင်ညပ်ပေးလာမယ်ဟုပင်။ သူ့ကိုဒီလို ဆံပင်ညပ်ပေးတာမခံရတာဘယ်လောက်တောင်ကြာခဲ့ပြီလဲဆိုတာသူ မသိတော့ပေ။ ကလေးဘဝတုန်းက သူ့အမေက သူ့ကိုကိုယ်တိုင်ဆံပင်ညပ်ပေးနေကျဖြစ်သည်။ သူကျောင်းပြီးသွားတဲ့အချိန်ရောက်တော့ သူ့ဟာသူပင်ညပ်ခဲ့တာဖြစ်သည်။ ဘာလို့လဲဆိုတော့ ဆံပင်ညပ်ဆိုင်ကအသုံးပြုတဲ့ဆေးအနံ့တွေကို သူမကြိုက်တာကြောင့်ပင်။

ဝူဖန်းရုန်ရဲ့တည်ငြိမ်နေတဲ့မျက်နှာတစ်ဝက်ဟာ မှန်ပေါ်မှာမြင်နေရပြီး ကျန်တဲ့တစ်ဝက်ကိုတော့ သူ့ရဲ့ရှေ့ဆံပင်ကမျက်ခုံးနာထိဖုံးကွယ်ထားသည်။ ဝူဖန်းရုန်ရဲ့ မျက်ခုံးတွေဟာမြင့်ပြီး ဖြောင့်တန်းနေကာ မှန်ပေါ်မှာ ပေါ်နေတဲ့မျက်နှာအမူအယာမှာ အေးခဲနေတဲ့ နှင်းတွေလိုခံစားချက်မျိုးရစေသည်။

တစ်ချိန်တည်းမှာပဲ ကျိုးရန်လင်းတစ်ယောက်သိချင်လာမိသည်။ ' ဒီမကောင်း ဆိုးဝါးလေးကဘာလုပ်နေတာလဲ ပြီးတော့ သူမလုပ်တတ်တာရော ရှိရဲ့လားဟ .... ဘာလို့ခေတ်နောက်ကျနေတဲ့ ရထားပေါ်မှာ တစ်ကိုယ် တည်း ကျင့်ကြံနေတဲ့ဘုန်းကြီးလိုမျိုးနေနေရတာလဲ? ဒါမှမဟုတ် သူကနှင်းတောင်တွေကြည့်ရတာကိုပဲ နှစ်ခြိုက်နေတား? '

ဝူဖန်းရုန်ဟာ ရထားပေါ်ကကြီးကြပ်ရေးမှူးတာဝန်နဲ့ မလိုက်ဖက်လှပေ။ ဘာသံယောဇဥ်မှမရှိတဲ့ပုံလိုမျိုးပင်။ သူဟာ အခြားလူတွေနဲ့မတူ ကွဲထွက်နေပြီးဖြားယောင်းနေသယောင်။

" မင်းမုတ်ဆိတ်တွေမရိတ်လိုက်နဲ့။ မျက်နှာကိုနည်းနည်းလေးမကွယ်အောင်ဘဲပြင်လိုက်မယ်နော် " လို့စက်ကိုကိုင်ပြီးဖြည်းညင်းစွာပြောလာခဲ့သည်။

ကျိုးရန်လင်းကသူ့ကိုယ်သူ မှန်ထဲကြည့်လိုက်ပြီး ပြောလာသည်။ " မင်းဒီလိုတွေ ဘယ်ကနေသင်နေတာလဲ? မဆိုးဘူး "

" အရင်တုန်းက ရထားတခါလိုက်ရင်ခရီးအဝေးကြီးတွေကို နားချိန်မရှိဘဲ ဆက်တိုက်လိုက်ရတာတွေရှိဖူးတယ်။ ငါရဲ့ဆံပင်ရော မုတ်ဆိတ်တွေရော ရှည်လာတဲ့ထိပဲ။ အဲ့တော့ရထားပေါ်မှာနေတဲ့ငါက ရွေးချယ်စရာမရှိဘဲ ကိုယ့်ဟာကိုယ်ပဲ ညပ်ယူရတာ။ အဲ့လိုကနေ ငါရဲ့ဆံပင်ညပ်တဲ့စကေးကတိုးတက်လာခဲ့တာပဲ အခုဆို ရထားပေါ်ကကောင်မလေးတွေဆံပင်ကိုတောင်ငါညပ်ပေးနေရတာနော်။ ငါ့စကေးကဆိုင်ကလူတွေနဲ့ တူတူလောက်ကိုဖြစ်နေပြီ။ " ဟုဝူဖန်းရုန်ကရယ်ပြီးပြောလာသည်။ ထို့နောက် " မင်းမျက်နှာပုံကအရမ်းကောင်းမွန်တာပဲ။ မင်းရဲ့အာမခံလုပ်ငန်းတွေကိုမေ့လိုက်ပြီး ဘုန်းကြီးလုပ်သင့်တယ်နော် "

" ဒီလိုအေးခဲနေတဲ့နေ့ရက်မှာ ကိုယ့်ကိုအလိုမရှိတော့တာ ကိုယ်အရမ်းရင်တွေနာလာပါပြီနော် "

" မင်းအခုချိန်ရထားပေါ်ကခုန်ဆင်းတောင်ငါမင်းကိုမတားဘူး "

ကျိုးရန်လင်းဟာ ဝူဖန်းရုန်ရဲ့ခါးသိမ်သိမ်လေးကိုဖက်ပြီး ဗိုက်သားလေးတွေကိုလှမ်းကိုက်လိုက်ကာပြောလာသည်။ " မင်းကမတားပေမဲ့ ကိုယ်ကမင်းနဲ့မှမခွဲနိုင်ဘဲကို "

ထိုအခါ ဝူဖန်းရုန် သူ့ကိုဖက်ထားတဲ့နှာဘူးအကြီးစားလက်ထဲကနေရုန်းထွက်လိုက်သည်။ မိနစ်နှစ်ဆယ်ကြာပြီးနောက်မှာတော့ သူဟာသန့်ရှင်းတဲ့ သဘက်တစ်ထည်ယူပြီး ခေါင်းပေါ်ကဆံပင်တွေကသန့်ရှင်းပေးလိုက်ပြီး သူ့လက်ရာ ဆံပင်တိုတိုလေးတွေစိတ်ကျေနပ်စွာသပ်ပေးလိုက်သေးသည်။ ကျိုးရန်လင်းဟာ အကျီ​လဲဝတ်လိုက်ပြီး လည်စည်းပဝါကြီးနဲ့သူ့မျက်နှာတစ်ဝက်ကို ဖုံးထားလိုက်ကာ မှန်ထဲကသူ့ပုံရိပ်ကိုကြည့်လိုက်သည်။ အမှန်ပင် သူဟာမတူတဲ့လူတစ်ယောက်လိုပြောင်းလဲသွားခြင်းပင်။ ဒါပေမဲ့ ဝူဖန်းရုန်ရဲ့ မစ်ကီမောက်စ် ဆွယ်တာကြီးကအရမ်းရုပ်ပေါက်လွန်းသည်။ ဒါကြီးဝတ်ထားရတာ သူ့ဟာသူရူးကြောင်ကြောင်ကောင်ပုံစံမျိုးပေါက်စေသည်။ ကျိုးရန်လင်းကကျေးဇူးတင်စကားပြောရန်ပါးစပ်ဟလိုက်သော်လည်း ဝူဖန်းရုန်ကသူပြောလာမှာကိညသိသည့်အလား မလိုအပ်ကြောင်း လက်ဝှေ့ရမ်းပြလာသည်။

" ငါမင်းကို ရဲလက်ထဲမထည့်ဘူးလို့တော့အာမ မခံဘူးနော်။ မင်းငါ့ကိုသေချာရှင်းမပြထားတာတွေအများကြီးပဲ။ မင်းငါ့ကိုလိမ်လို့လုံးဝ မရဘူး။ မင်းပိုင်ဟယ်ကိုဘာသွားလုပ်မှာလဲ ? " လို့ဝူဖန်းရုန်ကခြေထောက်ကိုချိတ်ထိုင်လိုက်ကညမျက်ခုံးကိုဟန်ပါပါမြောက်လျက်ကြည့်ပြီးပြောလိုက်သည်။ ဝူဖန်းရုန်ဟာ ဘာမှမတွေးတတ်တဲ့လူတစ်ယောက်တော့မဟုတ်ပေ။ ပြီးတော့ကျိုးရန်လင်းဟာလည်း လုံးဝရိုးသားမနေတဲ့လူတစ်ယောက်ပင် သူဟာရိုးသားပါတယ်အပြစ်မရှိဘူးလို့ပြောရုံနဲ့ သူအပြစ်မရှိတာကိုသက်သေမပြနိုင်ပေ။ ဒီရထားပေါ်မှာသူမတွေ့ဖူးတဲ့လူမျိုးဆိုတာ မရှိပေ။ သူခိုးတွေ လူကုန်ကူးတာတွေ ဆေးရောင်းဝယ်နေတာတွေ အစရှိသဖြင့်ပေါ့။ အကုန်လုံးကသာ သူတို့ဟာသူတို့တိုက်ခိုက်ခံရပုံဟန်ဆောင်ပြီး ထူးဆန်းတဲ့ပုံပြင်ပြောတာနဲ့သာလက်ခံလို့ရတယ်ဆို သူအခုရထားကြီးကြပ်ရေးမှူးနေရာမှာရှိနေမှာမဟုတ်ပေ။ လောကကြီးမှာပါးစပ်လေးလှုပ်ရုံနဲ့မပြီးတဲ့အရာတွေအများကြီးပင်။

အဲလိုအချိန်ခနလေးမှာပဲ ကျိုးရန်လင်းဟာသူ့အပေါ်ဝူဖန်းရုန်စီစဥ်ပေးတဲ့ အစီအစဥ်အားလုံးဟာ အကွက်ကျကျလုပ်ထားမှန်းသဘောပေါက်သွားခဲ့လေသည်။ သူ့ကိုယုံကြည်လို့မဟုတ်ဘဲ နှစ်ဦးနှစ်ဖက်အကျိုးရှိအောင် သူ့ကိုခနတာဖုံးကွယ်ပေးဖို့လုပ်ဆောင်ခဲ့တာဖြစ်သည်။ ဝူဖန်းရုန်ရဲ့အစီအစဥ်တွေကိုလက်ခံလိုက်မိတာ နောင်တရချင်လာသလိုလိုပင်။ ဒါပေမဲ့လည်း အချိန်ကလွန်နေခဲ့ပြီဖြစ်သည်။ ဝူဖန်းရုန်က အကြမ်းဖက်တာထက် သံတမာန်ရေးရာလို အလိမ္မာသုံးပြီးဖြေရှင်းရတာ သဘောကျသည့်ပုံပင်။

တကယ်တော့ အဲ့လောက်ထိကျေးဇူးကြွေးအတင်ခံဖို့ထိလုပ်စရာမလိုချေ။ သူ့ကိုသာ ကြမ်းကြမ်းလေရိုက်လိုက်ရင် ပြောမရသူတကယ် ပြောထွက်မိသွားမလားပင်။

" မင်းကိုယ့်ကို တစ်ခါလောက်နမ်းလိုက်လေ အဲ့တာဆိုမင်းကို ကိုယ်အကုန်လုံးပြောပြပေးမယ် " လို့သူ့နှုတ်ခမ်းကိုညွန်ပြရင်းဖြေလာခဲ့သည်။

ဦးစွာပင် ဝူဖန်းရုန်ကသူ့ပါးသူဖွဖွလေးရိုက်လိုက်ပြီး ဆွဲဆောင်မှုရှိရှိပင် သူ့နှုတ်ခမ်းကိုသူဖွဖွလေးကိုက်ပြလိုက်သည်။ ကျိုးရန်လင်းမှာမထိန်းနိုင်တော့ဘဲ သူ့ရှေ့ကလူကို သူ့လက်တွေကြားပွေ့ဖက်ပြီးနမ်းလိုက်မိသည်။ သူ့ရဲ့အငမ်းမရနမ်းနေပုံက သူဟာဒီလောက်နဲ့မလုံလောက်သေးသယောင်ပင်။ အကယ်၍ များသာ တံခါးအပြင်ကနေတစ်ယောက် ယောက်က သူ့ကိုသေနတ်နဲ့ပစ်ခဲ့ရင်တောင်သူမရှောင်မိဘဲ ဝူဖန်းရုန်နဲ့နှုတ်ခမ်းတွေပေါ်မှာသေဆုံးနိုင်ပေသည်။ အတန်ကြာနမ်းပြီးနောက်မှာတော့ ဝူဖန်းရုန်ရဲ့မျက်နှာဟာနီမြန်းနေခဲ့ပြီး နှုတ်ခမ်းတွေဟာလည်းအနမ်းခံထားရတာကြောင်း ဖူးယောင်နေခဲ့တော့သည်။

ကျိုးရန်လင်းဟာ နူးညံ့စွာပြုံးလိုက်ပြီး သူ့ဖုန်းထုတ်ယူလိုက်ရင်းပြောလာသည်။ " ကိုယ်မင်းကို လိမ်တယ်လို့ မင်းမထင်လိုက်ပါနဲ့ကွာ။ ကိုယ့်ရဲ့နာမည်ကို ကိုယ်သေချာ ပေါက် ရှင်းလင်းမှာပါ။ ဒါပေမဲ့ကိုယ်ကပိုင်ဟယ်ကို သွားဖို့မလိုအပ်ဘူး။ ကိုယ်လိုအပ်တာ အခုလက်ရှိဒီရထားပေါ်မှာ ရှိနေဖို့ပဲလိုတာ။ " သူ့ရဲ့ဖုန်းကိုဖွင့်ရင်း Smsတွေကို ဝူဖန်းရုန်ဘက်ပြလာခဲ့သည်။ " မနေ့မနက်က ကိုယ်အမည်မသိ စာတစ်စောင်ရခဲ့ပြီး တကဟ့်လူသတ်မှုရဲ့တရားခံဟာ ထုံကျိုးကနေ ပိုင်ဟယ်ကိုသွားမဲ့ဒီရထားစီးမယ်ဆိုတာပဲ "

အမည်မသိစာဟာ အတိအကျရေးထားပြီး အနည်းငယ်ရှည်လျားသေးသည်။
" မစ္စတာကျိုးခများ အောက်တိုဘာ၂ရက်နေ့ မနက် ၅နာရီ၄၀မှာ ပိုင်ဟယ်ကိုထွက်မဲ့ K4133ရထားပေါ်မှာ တကယ့်9/27အမှုရဲ့တရားခံနဲ့အတူ ရထားစီးနိုင်မလား။ တကယ်လို့သာ လူသတ်သမားနဲ့သက်သေတွေကို ၃၂နာရီအတွင်းရှာနိုင်ခဲ့ရင်တော့ မင်းရဲ့ဖြူစင်မှုကိုသက်သေပြနိုင်မှာပဲဖြစ်တယ်။ မင်းစိတ်ထဲမှတ်ထားရမှာက ရထားရဲ့နောက်ဆုံးဘူတာမရောက်ခင် မင်းရှာနိုင်မှရလိမ့်မယ် မဟုတ်ရင် မင်းဘယ်တော့မှသက်သေပြနိုင်တော့မှာမဟုတ်ဘူး။ မင်းအတွက် ခရီးဆောင်သေတ္တာနဲ့ လက်မှတ်ကို ပြင်ဆင်ထားပြီးပါပြီ။ သာယာတဲ့ခရီးစဥ်လေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ "

ဖုန်းထဲကစာကိုသုံးခါလောက်ဖတ်ပြီးနောက်မှာတော့ ဝူဖန်းရုန်ရဲ့မျက်နှာဟာအလွန်ပင်တည်ငြိမ်နေခဲ့သည်။

ကျိုးရန်လင်းဟာ သူ့ရဲ့ရထားလက်မှတ်ကိုရှာလိုက်ပြီး ပြလာခဲ့သည်။ " အဲ့စာရပြီးနောက် ကိုယ့်ကို ရထားလက်မှတ်ကို deliveryနဲ့ပို့လာခဲ့တယ်။ ထပ်ပြောရရင် လက်မှတ်နဲ့အတူပါလာတဲ့ သေတ္တာမှာလည်း ဒီအမှုရဲ့ အကြောင်းတွေနဲ့ပတ်သက်တွေထည့်ထားတာပါပဲ။ ပြောရရင်ပို့ပေးတဲ့လူက တော်တော်လေးပြင်ဆင်ထားပုံရတယ်။ ကိုယ်တွေးတာကတော့ ဒီကိစ္စကို သေချာလုပ်မှရမယ်လို့ခံစားရပြီး လွယ်လွယ်လေးရှောင်ပြေးရလိမ့်မယ်လို့ မထင်ဘူး။ ပြီးတော့ ကိုယ်မြို့ထဲမှာဆက်နေခဲ့ရင်လည်း အနှေးအနဲ့အမြန် ကိုယ့်ဆီတစ်ခုခုလာတော့မှာပဲ။ ဒီရထားပေါ်လိုက်လာတာက ကိုယ်အတွက်တစ်ခုတည်းတော့ ရွေးချယ်ရာ လွတ်လမ်းပဲ။ ဒါပေမဲ့ ကိုယ်ကဒီရထားပေါ်မရောက်ခင် ဘူတာမှာပဲဓားနဲ့အထိုးခံရပြန်တယ်ဆိုတော့ ကိုယ်ဒါကိုဆက်ယုံသင့်လား မယုံသင့်လား လည်းမသိတော့ဘူး။ ဒါပေမဲ့ ကိုယ်ဒီလိုဖြစ်တာက အမှုနဲ့မဆက်စပ်ဘူးလို့ မထင်ပြန်ဘူး။ "


zawgyi

ဝူဖန္း႐ုန္ရဲ႕ မနက္ခင္းေလးဟာ စိတ္ေက်နပ္စရာေကာင္းတဲ့အစားအစာကို စားေသာက္ခဲ့ရတာေၾကာင့္ အလြန္ဘဲစိတ္အေျခအေနေကာင္းမြန္ေနခဲ့သည္။ သူဟာ ေဆးေသတၱာကိုရွာေတြ႕တာနဲ႔ က်ိဳးရန္လင္းကို ကုတင္ေပၚလဲေလ်ာင္းေစၿပီး ကြၽမ္းက်င္စြာဘဲ အနာကိုအရက္ျပန္နဲ႔ပိုးသတ္ဖို႔လုပ္လိုက္သည္။ က်ိဳးရန္လင္းဟာ နာက်င္မႈေၾကာင့္ မ်က္ခုံးမ်ားတြန္႔ခ်ိဳးေနေသာ္လည္း တစ္ဆက္တည္းမွာပဲ ဒီလိုအေျခအေနေလးကသူ႔ကို သာယာယစ္မူးေစသည္။ ဝူဖန္း႐ုန္ဟာ က်ိဳးရန္လင္းရဲ႕ လက္တဖဝါးစာက်ယ္တဲ့ ဒဏ္ရာကိုပိတ္စအျဖဴနဲ႔ သပ္သပ္ရပ္ရပ္ျပန္လည္စည္းေႏွာင္းေပးလိုက္သည္။

က်ိဳးရန္လင္းဟာ ကုတင္ေခါင္းရင္းမွာ မွီထားရင္း ကေလးေလးစိတ္ေကာက္ေနသလိုမ်ိဳးပုံစံနဲ႔ ဝူဖန္း႐ုန္ကိုၾကည့္ေနခဲ့သည္။ ဘာေၾကာင့္လဲဆိုေတာ့ သူဟာ ဝူဖန္း႐ုန္ထက္ သုံးႏွစ္ေလာက္ႀကီးၿပီး အင္အားခ်င္းလည္းတူညီပါရက္နဲ႔ ဒဏ္ရာရလာတာကိုအနည္းငယ္ရွက္ေနမိတာေၾကာင့္ပင္။ ထိုအခ်ိန္ ဝူဖန္း႐ုန္ကေတာ့တိတ္ဆိတ္စြာေတြးေတာေနမိသည္။ က်ိဳးရန္လင္းကသူ႔ဆီကိုရည္႐ြယ္ခ်က္ရွိရွိ အႀကံအစည္နဲ႔လုပ္ႀကံဖို႔ခ်ဥ္းကပ္တာေရာ မျဖစ္ႏိုင္ေခ်ဘူးလား။ သူ႔အႀကံအစည္ေတြျပည့္ဝသြားနဲ႔ သူ႔ကိုစြန္႔ပစ္သြားခဲ့ရင္ေရာ....အဲလိုသာျဖစ္လာပါက သူဘယ္ေနရာမွာမွ သူရဲ႕တရားခံရမႈကို သြားေရာက္တိုင္တန္းႏိုင္မွာပင္မဟုတ္ေပ။ က်ိဳးရန္လင္းရဲ႕အတြင္းစိတ္က နက္နဲလြန္းတာေၾကာင့္ သူဘာေတြးေနလဲ ဝူဖန္း႐ုန္ပင္ခန္႔မွန္း၍မရေပ။

ရထားျပတင္းေပါက္ဟာ အျပင္ကႏွင္းေတြေၾကာင့္ေရေငြ႕႐ိုက္ေနခဲ့ၿပီး ျပတင္းေပါက္ကေနတစ္ဆင့္ လယ္ကြင္းက်ယ္ႀကီးေတြကို ထိုးေဖာက္ျမင္ေနရသည္။ ေျမာက္ပိုင္းကိုေရာက္ေလ အပူခ်ိန္မွာသိသိသာသာေအးလာေလျဖစ္ၿပီး လယ္ကြင္းထဲကေကာက္ပဲသီးႏွံစိုက္ထားတာကို က်ိဳးတို႔က်ဲတဲသာျမင္ႏိုင္ေတာ့သည္။ ကမာၻႀကီးရဲ႕အမဲေရာင္ေျမႀကီးေတြကို ႏွင္းေတြအျပည့္ဖုံးကြယ္ေနပုံက ေနအလင္းေရာင္ေဖ်ာ့ေဖ်ာ့ေလးေအာက္မွာ အျဖဴေရာင္အလင္းတန္းမ်ားျဖင့္ ေတာက္ပေနခဲ့သည္။ အဲ့ဒီအေပၚမွာ သစ္ပင္ႀကီးအခ်ိဳ႕ရွိေနၿပီး ငွက္သိုက္ေလးမ်ားကိုပင္ ျမင္ႏိုင္ေသးသည္။ ထိုစဥ္႐ုတ္တရက္ က်ီးကန္အုပ္စုရဲ႕ေအာ္သံကထြက္လာၿပီး အေရွ႕ဘက္ကိုပ်ံသန္းသြားေနပုံက ေနအလင္းေရာင္ကို ဖုံးကြယ္ပစ္လိုက္သေယာင္။

" ကိုယ္ဘယ္သူ႔ကိုမွမသတ္ခဲ့ပါဘူး " လို႔က်ိဳရန္လင္းက မတရားခံရသလိုအသံနဲ႔ေျပာလာခဲ့သည္။

ထိုအခ်ိန္ ဝူဖန္း႐ုန္ကေတာ့ တိတ္တဆိတ္ပဲသူ႔စကားေတြကိုအကဲျဖတ္ေနခဲ့သည္။ က်ိဳးရန္လင္းခႏၶာကိုယ္ေပၚက ဒဏ္ရာေတြဟာ လတ္တေလာရလာခဲ့တာေတြျဖစ္ၿပီး ဓားဒဏ္ရာဟာဘယ္ဘက္မွာ အနည္းငယ္နက္နက္ထိုးခဲ့ၿပီး ညာဘက္ကိုေတာ့အရမ္းမနက္ေနခဲ့ေပ။ က်ိဳးရန္လင္းဒဏ္ရာဟာ ႏွစ္နာရီအတြင္းအထိုးခံလာရတဲ့ဒဏ္ရာပဲဆိုတာ သူျမင္ႏိုင္သည္။ သူ႔ရဲ႕လက္ေထာက္ေလးေျပာပုံအရဆို က်ိဳးရန္လင္းဟာ ရထားေပၚမွာေသြးေတြနဲ႔ထိုင္ေနခဲ့တာျမင္ခဲ့ရတာျဖစ္သည္။ ဒါေပမဲ့ဒီလိုေသြးအလြန္ထြက္ေနတဲ့လူဟာ စစ္ေဆးေရးဂိတ္ကိုေက်ာ္ျဖတ္ႏိုင္ဖို႔ မျဖစ္ႏိုင္ေပ။ ဒါေၾကာင့္ အဲ့ဒီဒဏ္ရာဟာ ရထားေစာင့္ေနစဥ္မဟုတ္ရင္ ရထားေပၚကလူတစ္ေယာက္နဲ႔တိုက္ခိုက္ခဲ့ရတာျဖစ္ႏိုင္သည္။ ထုံက်ိဳးလူသတ္မႈမွာရလာခဲ့တဲ့ဒဏ္ရာလုံးဝမျဖစ္ႏိုင္ေခ်။ ဒါေပမဲ့လည္း ဒီဒဏ္ရာက အခင္းျဖစ္ရာေနရာကေနရလာတဲ့ ဒဏ္ရာမဟုတ္ဘူးလို႔ပဲ သက္ေသျပေနခဲ့တာပင္။ က်ိဳးရန္လင္းဟာ ထုံက်ိဳးမွာ လူသတ္ခဲ့သလား မသတ္ခဲ့သလားဆိုတာေတာ့ သက္ေသမျပႏိုင္ေခ်။

ဝူဖန္း႐ုန္ဟာ သူ႔ေရွ႕မွာထိုင္ေနတဲ့ထိုလူဆီက စကားကိုအရင္နားေထာင္ၾကည့္ဖို႔သာဆုံးျဖဖတ္လိုက္သည္။ သူ႔ရဲ႕ေမးကိုဆတ္ခနဲေမာျပလိုက္ၿပီး က်ိဳးရန္လင္းကိုစကားေျပာဖို႔ပုံလုပ္ျပလိုက္သည္။ က်ိဳးရန္လင္းရဲ႕မဟုတ္က ဟုတ္ကေတြကို တခါတည္းေျပာလာခဲ့ရင္ေတာ့ေကာင္းတာေပါ့။

သို႔ေသာ္ က်ိဳးရန္လင္းစိတ္ရင္းမွန္ျဖင့္ပင္ ေျပာလာခဲ့သည္။ " ကိုယ္ကထုံက်ိဳးလူသတ္မႈရဲ႕ အခင္းျဖစ္ရာေနရာမွာရွိေနခဲ့တာ အမွန္ပါပဲ...ဒါေပမဲ့ ကိုယ္တကယ္ဘယ္သူ႔ကိုမွ မသတ္ခဲ့တာပါကြာ။ ဒါဟာ႐ိုးရွင္းတဲ့ တိုက္ဆိုင္မႈ ကေနျဖစ္လာတဲ့ အထင္လြဲမႈႀကီးပါကြာ "

ထို႔ေနာက္ခနေလာက္ရပ္လိုက္ၿပီး ဆက္ေျပာလာခဲ့သည္။ " အဲ့ဒီညကကိုယ္ကအလုပ္ကအသိနဲ႔အတူ အင္တာနက္ကေဖးဆိုင္မွာ ညလယ္စာစားခဲ့ေန႐ုံပါပဲ။ ကိုယ္အရက္ေသာက္တာနည္းနည္းမ်ားသြားလို႔ အိမ္သာထဲသြားၿပီး အန္ခ်လိုက္တာေတာ့မွတ္မိတယ္။ ဒါေပမဲ့ေနာက္ပိုင္းေတြက ဝိုးတဝါးပဲ အရမ္းႀကီးမမွတ္မိေတာ့ဘူး။ ၿပီးေတာ့ ရဲကားအသံေတြကိုယ္ၾကားလိုက္ရတယ္။ ကိုယ္ကရဲေတြနဲ႔ပတ္သက္လာရင္ နည္းနည္းေလးပိုသတိထားေနက်လူဆိုေတာ့ နည္းနည္းေလးေတာ့အမူးေျပသလိုအသိဝင္သြားခ်ိန္မွာေတာ့ ကိုယ္ကလမ္းၾကားထဲမွာေရာက္ေနၿပီး ေကာင္ေလးတစ္ေယာက္ကေဘးမွာလဲက်ေနတာကို ေတြ႕လိုက္တာပဲ။ ကိုယ္တစ္ခုခုေတာ့လြဲေနၿပီဆိုတာခံစားမိလိုက္လို႔ သူ႔ခႏၶာကိုယ္ကို စစ္ေဆးၾကည့္ေတာ့ အဲ့ေကာင္ေလးက အသက္မရႈေတာ့တာကို သိလိုက္ရတာပဲ "

ထိုအခ်ိန္ခနမွာ ဝူဖန္း႐ုန္ဟာရထားတြဲအိမ္သာထဲကရလာတဲ့ ေလေအးေတြရဲ႕ေအးစက္မႈထက္ ပိုၿပီးေအးစက္သြားသေယာင္ပင္။

" ၿပီးေတာ့ မင္းကထြက္ေျပးလာခဲ့တယ္ေပါ့ "

" ကိုယ့္ေခါင္းကအရမ္းမူးေဝေနခဲ့တာပါကြာ။ ဒါေပမဲ့ေနာက္တစ္ရက္ မနက္သတင္းမွာေတြ႕လိုက္ရမွ ကိုယ္လည္းဘာျဖစ္ခဲ့တယ္ဆိုတာသတိရသြားတာပါ။ အဲ့ဒီအခ်ိန္မွာ အေျခ အေနေတြကရွင္းျပလို႔မရေအာင္ ရႈတ္ေထြးေနခဲ့ၿပီးၿပီ။ အဲ့တာနဲ႔ ကိုယ္လည္း အလုပ္မွာခြင့္ႏွစ္ရက္ယူဖို႔ အလုပ္ကအသိကိုဖုန္းလွမ္းဆက္ၿပီးခြင့္ေတာင္းေတာ့ ဘာမွမေျပာဘဲဖုန္းခ်သြားခဲ့ျပန္တယ္။ သူကဖုန္းကိုျပန္မေျဖေတာ့တာကြာ။ သူပဲကိုယ့္ကိုက်င္းအႀကီးႀကီးတူးေပးခဲ့သလားေတာင္ ကိုယ္မသိေတာ့ပါဘူး။ နည္းနည္းေတာ့အရွက္ရမိတယ္။ ကိုယ္က ကိုယ့္ေဖာက္သည္ေတြရဲ႕ပိုက္ဆံလိမ္လည္ၿပီးထုတ္တာေတြကို ေျဖရွင္းတဲ့အလုပ္ကို ဆယ္ႏွစ္ေလာက္တူတူလုပ္လာခဲ့ၾကေပမဲ့ ေနာက္ဆုံးေတာ့ ကိုယ္တိုင္အလိမ္ခံရမဲ့ေန႔ရွိလာတာပါပဲေလ။ ၉၀ရာခိုင္ႏႈန္းေလာက္ ကိုယ့္လုပ္ေဖာ္ကိုင္ဖက္ေတြေခ်ာက္တြန္းတယ္ဆိုတာ သိေပမဲ့ ကိုယ္ေျပးမလြတ္ခဲ့ပါဘူးေလ။ "

" မင္းက အတိအက် ဘာအလုပ္လုပ္သလဲ " လို႔ဝူဖန္း႐ုန္ကျဖတ္ေမးလာခဲ့သည္။

က်ိဳးရန္လင္း သူ႔အက်ီအိတ္ထဲက business cardေလးကို ဝူဖန္း႐ုန္ဆီကမ္းေပးလာခဲ့သည္။ ကတ္ေပၚမွာေရးထားတာကေတာ့ အာမခံေတာင္းဆိုမႈမ်ားကိုစုံစမ္းစစ္ေဆးျခင္းဌာန မန္ေနဂ်ာ ... လီရွင္း အသက္အာမခံလုပ္ငန္းစု ဟုပင္ .......

" အရွင္းဆုံးေျပာရရင္ လူေတြကအာမခံေငြေတြထုတ္ဖို႔အတြက္ ညစ္ပတ္တဲ့အလုပ္မ်ိဳးစုံလုပ္ဖို႔တြန္႔တိုေနမွာမဟုတ္ဘူး ။ ဥပမာေျပာရရင္ ခိုးတာ...လူသတ္တာ...အတုလုပ္တာ...ဖြက္ထားတာ...မ်ိဳးစုံေပါ့။ ဒါေပမဲ့ကိုယ္ကအဲ့တာေတြကို စုံစမ္းစစ္ေဆးတာလုပ္ဖို႔တာဝန္ယူထားရတာပဲ။ အာမခံကုမၸဏီက စစ္ေဆးတာမၿပီးမခ်င္းအာမခံေငြထုတ္ေပးျခင္းမရွိဘူး။ အာမခံထားတဲ့ပၥည္းကအရမ္းပ်က္စီးသြားတာ ဒါမွမဟုတ္ တစ္ေယာက္ေယာက္ကိုေသဆုံးေစတာမ်ိဳးဆို ကိုယ္တို႔ကရဲေတြနဲ႔ပူးေပါင္းၿပီး အတြင္းက်က်စစ္ေဆးရတာမ်ိဳးေတြပါလုပ္ရတယ္။ မင္းသမီး Zeta-Jonesရဲ႕ ဇာတ္ကား " Entrapment " ကိုၾကည့္ဖူးသလားေတာ့မသိဘူး ကိုယ္တို႔အလုပ္ကအဲ့လိုပုံစံမ်ိဳးနဲ႔တူတူပါပဲ " { entrapment က 1999ကထြက္ခဲ့တဲ့ ဇာတ္ကားႀကီးျဖစ္ပါတယ္ }

" ထူးျခားတာပဲ "

" ဆက္ရွင္းျပရရင္ေတာ့ ဒီအလုပ္ကအရမ္းေတာ့မထူးျခားပါဘူး။ အေဖကိုသတ္တာေတြ အေမကိုသတ္တာေတြရယ္ ေဖာက္ျပန္ေနတာေတြ...အဆိပ္ခတ္သတ္တာေတြ..ကေလးနဲ႔မိန္းကေလးေတြကိုေရာင္းစားတာေတြ...ဒါေတြဟာဟိုးအရင္ကတည္းကတည္း ႀကီးေလးတဲ့ျပစ္မႉေတြပါပဲ။ ဒီလိုျဖစ္ရပ္ေတြကိုရွာေဖြေနရတဲ့ ကိုယ္ရဲ႕အာ႐ုံကသူမ်ားေတြထက္ပိုၿပီး ခံစားႏိုင္တယ္။ ကိုယ့္ကိုတစ္ေယာက္ေယာက္က အကြက္က်က်ေထာင္ဖမ္းသြားတာပဲ "

ရွည္လ်ားစြာ ရွင္းျပၿပီးေနာက္ က်ိဳးရန္လင္းကုတင္ေဘး စားပြဲေပၚကေရခြက္ကိုယူၿပီးေရထည့္ေသာက္လိုက္ေလသည္။ ဒီခြက္ကိုဘယ္သူေသာက္ထားလဲဆိုတာမသက္ဆိုင္သလိုပင္။ ထို႔ေနာက္ သူ႔ေျခေထာက္ေတြကို ခ်ိတ္လိုက္ၿပီး သက္ေတာင့္သက္တာျဖစ္ေအာင္ထိုင္လိုက္ၿပီး ဆက္ေျပာလာခဲ့သည္။ " ကိုယ္ကအတိအက်ေကာင္းတဲ့လူလို႔ေတာ့ ေျပာမရပါဘူး....ကိုယ္အလုပ္မွာ ပိုက္ဆံခိုးဖူးသလို အသဲေတြလည္းတမင္ခြဲခဲ့ဖူးတယ္။ ႐ိုးရွင္းၿပီးအခ်စ္မွာနစ္ျမဳတ္ေနတဲ့ဆယ္ေက်ာ္ သက္ေလးေတြနဲ႔ကစားဖူးသလို မာေက်ာက္ကစားေတာ့လည္း နည္းလမ္းက်က်ေဆာ့ခဲ့တာမဟုတ္ပါဘူး။ ဒါေပမဲ့ လူသတ္ဖို႔ထိေတာ့ ကိုယ္အတင့္မရဲေသးပါဘူး....ကိုယ္မွာလည္းစည္းေတာ့ရွိပါေသးတယ္။ ၿပီးေတာ့ကိုယ့္ထက္အရမ္းငယ္တဲ့ကေလးေတြကို အရမ္းသေဘာက်တဲ့အျပင္ အဲ့ေကာင္ေလးကိုတခါမွလည္းမေတြးဖူးဘူး။ ကိုယ္လက္တံေတာင္ဆစ္ေလာက္ေတာင္မရွိတဲ့ကေလးကို ကိုယ္ကဘာကိစၥနဲ႔အၾကမ္းဖက္ရမွာလဲ ? ၿပီးေတာ့ မင္းကိုယ့္ကို ရဲလက္ထဲအပ္လိုက္လည္းကိုယ္မင္းကို အျပစ္မတင္ပါဘူး။ မင္းနဲ႔ေနာက္ထပ္တစ္ႀကိမ္သာအိပ္ရဖို႔အတြက္ေတာ့ ကိုယ့္ဟာကိုယ္လဲလွယ္ရဲပါတယ္ေနာ္ " { အမေလး flirtခ်က္ပဲေဟ့ -_- }

ရထားနားတဲ့ၾကားျဖတ္ဘူတာ႐ုံမွာရဲလက္ထဲအပ္လိုက္လို႔ရေလသည္။ အရာအားလုံးက ဝူဖန္း႐ုန္ရဲ႕ အခ်က္ျပမႈတစ္ခုသာလိုအပ္ၿပီး သူအခ်က္ျပတာလိုက္တာနဲ႔ တစ္ၿပိဳင္နက္ က်ိဳးရန္လင္းကိုအလြယ္တကူဖမ္းခ်ဳပ္ႏိုင္သည္။ ဒီလိုအေျခအေနဟာ သူ႔အတြက္ အမ်ားႀကီးအားသာေနခဲ့တာျဖစ္သည္။

အမွန္အတိုင္းေျပာရရင္ေတာ့ ဝူဖန္း႐ုန္ရင္ထဲမွာအနည္းငယ္ေတာ့ စိတ္ပ်က္သြားတာပင္။ က်ိဳးရန္လင္ရဲ႕ ေျဖရွင္းခ်က္မွာ ကြာဟခ်က္ေတြအမ်ားႀကီးကိုရွိေနသည္။ သူ႔ရဲ႕အရက္မူးေနတယ္ဆိုတာက လူသတ္မသတ္ မေသခ်ာတဲ့အရာပင္။ ေျပာရရင္ လူမသတ္ခဲ့ရင္ေတာင္အၾကမ္းဖက္ခဲ့တယ္လို႔ ယူဆလို႔ရေနေသးသည္။ ၿပီးေတာ့သူဟာ ျငင္းလို႔မရေအာင္ အခင္းျဖစ္ပြားရာေနရာမွာ ရွိခဲ့သူျဖစ္တဲ့အတြက္ သံသယျဖစ္ဖြယ္လူထဲကေန ဖယ္မထုတ္ႏိုင္ေပ။ အကယ္လို႔သူသာ လုံးဝကိုအျပစ္ကင္းေနခဲ့မယ္ဆိုရင္ ဘာလို႔ရဲစခန္းကိုတခါတည္းသြားၿပီး ပူးေပါင္းစစ္ေဆးတာမ်ိဳးမလုပ္သနည္း။ သူ႔ကိုေခ်ာက္ခ်မွာကိုေၾကာက္တာေရာျဖစ္ႏိုင္မလား။ ဒါေပမဲ့ထြက္ေျပးတာက တရားခံျဖစ္တယ္လို႔ ဝန္ခံရာပိုမေရာက္ေပဘူးလား......

ၿပီးေတာ့ ရင္ၫြန္႔ကဒဏ္ရာကေရာ ဘာလို႔သူ႔ကတိုက္ခိုက္ခံရတာလဲ? လူသတ္မႈနဲ႔ဆက္ႏြယ္ေနသလား? ဘာအေၾကာင္းျပခ်က္နဲ႔ ဒီရထားေပၚပါလာရတာလဲ....သူအလ်င္အျမန္ပဲ ထြက္ေျပးလာတာက သူဟာလူသတ္တရားခံျဖစ္လို႔ပဲဆိုတာမ်ိဳး ပိုၿပီးအဓိပၸါယ္သက္ေရာက္ေနသည္။

" ငါ့ကိုလာေၾကာင္ေနတာေတြ ရပ္လိုက္ေတာ့...ေပါက္ကရေျပာေနတာေတြရပ္လိုက္စမ္းပါ...မင္းဘယ္လိုဒဏ္ရာရလာတာလဲသာေျပာစမ္းပါ " လို႔ ဝူဖန္း႐ုန္ကေမးလိုက္သည္။

က်ိဳးရန္လင္း မ်က္ႏွာေပၚမွာ သံသယျဖစ္ေနတဲ့အရိပ္အေယာင္တခ်ိဳ႕ျဖတ္ေျပးသြားတာကိုေတြ႕လိုက္ရၿပီး သူေဒါသထြက္ေနတာကို ဝူဖန္း႐ုန္ခံစားလို႔ရလိုက္သည္။

" ကိုယ္ကလည္းေမးလိုက္ခ်င္ပါေသးတယ္။ ဘာလို႔ရထားေပၚကလုံၿခဳံေရးက အရမ္းအားနည္းရတာတုန္း...ဓားေတြပါလာတာကိုေတာင္ သူတို႔မသိဘူးလား။ ကိုယ္ရထားကိုဘူတာမွာေစာင့္ေနတုန္းက ခရီးေဆာင္ေသတၱာဆြဲလာတာနဲ႔ လူႀကီးတစ္ေယာက္က ႐ုတ္တရက္လာထိုးတာပဲ။ ကိုယ္သတိမထားခင္မွာပဲ ကိုဟ္အက်ီထဲေအာက္မွာ ဓားထိုးခံလိုက္ရတာပဲ။ ရထားလာေတာ့ရထားလက္မွတ္ျပၿပီးအျမန္ ရထားေပၚတင္လာခဲ့ရတာနဲ႔ ဒဏ္ရာကိုစည္းဖို႔အခ်ိန္ေတာင္မရလိုက္ဘူး။ အဲ့လူကရထားေပၚမွာ ပါလာၿပီးေနာက္လူတစ္ေယာက္ကို ထပ္ထိုးခဲ့ရင္ဘယ္လိုလုပ္မလဲ အရမ္းအႏၲရာယ္မ်ားတာကိုသိရဲ႕လား? "

" မင္းငါ့ကိုလာေျပာေနလည္း ဘာမွမထူးဘူး။ ငါက ရထားေပၚမွာအလုပ္လုပ္တာ ဘူတာျဖစ္တဲ့ကိစၥနဲ႔ငါနဲ႔မဆိုင္ဘူး။ ဒါေပမဲ့မင္းကပုံမွန္ ေဆးေသတၱာေဆာင္ထားတတ္တာလား ? "

" ကိုယ္ရဲ႕အလုပ္နည္းနည္းေတာ့အႏၲရာယ္ရွိတယ္ေလ။ အာမခံေငြထုတ္တဲ့လူေတြက အၿမဲၿခိမ္းေျခာက္ေျပာဆိုေနတဲ့လူစားမ်ိဳးေတြပဲ။ အဲ့ေတာ့႐ုံးမွာလည္းေဆးေသတၱာေတြရွိသလို ကိုယ္ကေသသင့္ဆိုတဲ့ အမည္မသိစာေတြဟာ ပုံးလိုက္ကိုရွိတယ္။ အခုကိစၥမျဖစ္ခင္မွာပဲ ကိုယ္ေျခေထာက္အခ်ိဳးခံရမလိုလည္းျဖစ္ဖူးတယ္ အဲ့တာ​နဲ႔ပဲ ေဆးပစၥည္းေတြေဆာင္တာက အက်င့္ျဖစ္လာတာ "

" အ႐ိုက္ခံရတာ နည္းေတာင္နည္းပါေသးတယ္ "

က်ိဳးရန္လင္းက႐ုတ္တရက္ တည္တည္ၿငိမ္ၿငိမ္ပဲေျပာလာခဲ့သည္။ " ကိုယ္သိပါတယ္မင္းဆိုလိုတဲ့ အဓိပၸါယ္ေတြကို။ ကိုယ္လည္းသိခ်င္တယ္ ကိုယ့္ကိုဘာလို႔ဓားနဲ႔ထိုးခဲ့လဲဆိုတာ။ ေျပာရရင္ေတာ့ အဲ့လူဟာဒီရထားေပၚမွာေသခ်ာေပါက္ရွိေနေသးတယ္။ ေျပာရရင္ကိုယ့္အတြက္အႏၲရာယ္ရွိေသးတယ္။ ကိုယ္မင္းကိုတည့္တိုးေျပာရရင္ မင္းအဲ့လိုအရင္ဖမ္းမိရင္ဖမ္း မဟုတ္ရင္ ကိုယ့္ဟာကိုယ္အရင္သူ႔ကိုသြားရွာရလိမ့္မယ္။ အကယ္၍ ကိုယ္အရင္ေတြ႕ခဲ့ရင္ေတာ့ ေသခ်ာတာကိုယ္ကသူ႔ကို႐ိုက္ၿပီးမွရဲလက္အပ္မွာပဲ။ မင္းရဲေတြကိုအေၾကာင္းၾကားထားေသးတယ္မလား....ကိုယ္ရထားေပၚကအလုပ္သမားေတြ ၾကားျဖတ္ဘူတာကရဲေခၚဖို႔ေျပာေနတာၾကားခဲ့တယ္ "

" ငါကဒီရထားရဲ႕ႀကီးၾကပ္ေရးမႉးျဖစ္တာေၾကာင့္ ရထားေပၚကခရီးသည္ေတြနဲ႔ အလုပ္သမားေတြ လုံၿခဳံေရးကငါ့ရဲ႕ ဥိးစားေပးတာဝန္ပဲ "

" ကိုယ္မင္းကို သိသင့္တာအကုန္ေျပာျပၿပီးၿပီ မင္းဘာေတြသိခ်င္ေသးလဲ? "

" မင္းပိုင္ဟယ္ကိုဘာလုပ္ဖို႔သြားမွာလဲ "

က်ိဳးရန္လင္းဟာ ဝူဖန္း႐ုန္မ်က္ႏွာကို ေငးရင္းေျပာလာသည္။ " ကိုယ္ေျပာျပခဲ့ရင္ေရာ မင္းက ကိုယ္႐ိုးသားတာကို ယုံၾကည္ေပးမလား "

ဝူဖန္း႐ုန္ ဒီကိစၥေတြထဲပါဝင္ဖို႔ အနည္းငယ္တြန္႔ေနခဲ့သည္။ သူဟာ က်ိဳးရန္လင္းရဲ႕ ၿပဳံးၿပီးစခ်င္ေနတဲ့အရိပ္အေယာင္ေတြနဲ႔ ေသခ်ာျပင္ ဆင္ထားတဲ့ မ်က္ႏွာဖုံးတစ္ခုျမင္ေနရတာျဖစ္သည္။ လူေတာ္ေတာ္မ်ားမ်ားက အာမခံေရာင္းတဲ့သူေတြဟာ ေခ်ာေမာၿပီး အလြယ္တကူ ေရာင္းဝယ္ႏိုင္သူေတြလို႔သတ္မွတ္ၾကသည္။ ဒါေၾကာင့္လည္း အာမခံေရာင္းသူေတြက ေပါ့ပါးတဲ့ပုံစံေတြနဲ႔သာေရာင္းၾကတာေၾကာင့္ လူစိမ္းေတြက အေရာင္းသမားေတြနဲ႔ပိုၿပီးနီးကပ္လာေစသည္။ ဒါေပမဲ့ အခုအေျခအေနမွာ သူတို႔ႏွစ္ေယာက္က သာမာန္ေရာင္းသူဝယ္သူဆက္ဆံေရးမဟုတ္တဲ့ အတြင္းက်က်ခႏၶာကိုယ္ခ်င္းႏွီးေႏွာဖူးတဲ့ဆက္ဆံေရးျဖစ္တာေၾကာင့္ သူတို႔ႏွစ္ေယာက္ၾကားကဆက္ဆံေရးကအရမ္းေပါ့ပါးေနသည္။ ဝူဖန္း႐ုန္ကေတာ့ ဒီအေပၚယံမ်က္ႏွာဖုံးေအာက္မွာ ဖုံးကြယ္ထားတဲ့မ်က္ႏွာကိုသူေဖာ္ထုတ္ႏိုင္မည္ဟု အခိုင္အမာယုံၾကည္ေနမိသည္။ က်ိဳးရန္လင္းရဲ႕အမူအယာေတြဟာ ဘယ္ဟာကဟန္ေတာင္ၿပီး ဘယ္မွာအမွန္ေျပာသလဲဆို ေဖာ္ထုတ္ဖို႔အလြန္ခက္ခဲလွသည္။ ေနာက္ဆုံးေျပာရရင္ေတာ့ ဒီပုဂၢိဳလ္ဟာ႐ိုးသားသူျဖစ္ႏိုင္ပါ့မလား? ထိုလူ႐ိုးသားစြာေျပာခဲ့တဲ့အခ်ိန္ေရာရွိခဲ့ရဲ႕လား သူတကယ္ ပင္မခန္႔မွန္းႏိုင္ေခ်။

အခ်ိန္ခနေလာက္ သူတို႔ႏွစ္ေယာက္လုံး အေတြးကိုယ္စီနဲ႔ၿငိမ္သက္ေနၿပီး တစ္ဖက္နဲ႔တစ္ဖက္ သေဘာတူညီမႈတစ္ခုရဖို႔ႀကိဳးစားေနၾကသည္။

ေနာက္ဆုံးေတာ့ ဝူဖန္း႐ုန္ဟာထပ္ၿပီး ေတြးမေနႏိုင္ေအာင္ သည္းမခံႏိုင္ေတာ့ဘဲ ကုတင္ေအာက္ကလက္ဆြဲေသတၱာကိုဆြဲယူလိုက္ၿပီး အထဲကအက်ီတစ္စုံကိုရွာေဖြလိုက္ၿပီး က်ိဳးရန္လင္းရင္ဘတ္ကိုပစ္လိုက္ေတာ့သည္။

" မင္းဒါကိုအရင္ဝတ္ထားလိုက္ေတာ့ " လို႔ေျပာရင္း ေခါင္းအုံးေဘးက အေႏြးလည္စည္းေလးကို ယူၿပီးက်ိဳးရန္လင္းလည္ပင္းမွာ စည္းေပးလိုက္သည္။ " မင္းရဲ႕ပုံေတြက လိုင္းေပၚမွာ ပ်ံ႕ေနၿပီ။ မင္းကသံသယရွိသူ ျဖစ္ေနဆဲပဲ ဒီပုံစံနဲ႔ေလွ်ာက္သြားေနလို႔ အဆင္ေျပမွာမဟုတ္ဘူး။ ေဘာင္းဘီကမင္းနဲ႔ေရာေတာ္ရဲ႕လား...နည္းနည္းေတာ့သည္းခံဝတ္ထားလိုက္ေနာ္။ မင္းရဲ႕အက်ီႏွစ္ထည္ကိုလည္း ေနာက္ဘူတာမွာငါလြတ္ပစ္ခိုင္းလိုက္မယ္။ မင္းမနက္စာေရာစားၿပီးၿပီလား? တစ္ေယာက္ ေယာက္ကိုမင္းအတြက္ ေပါင္မုန္႔၂လုံးေလာက္ဝယ္ခဲ့လိုက္ဦးမယ္ " ဟုျမန္ျမန္ဆန္ဆန္ပင္ေျပာလာခဲ့သည္။

က်ိဳးရန္လင္းဟာ အျမန္လိုေနတဲ့ ႀကီးၾကပ္ေရးမႉးေလးကို လွမ္းဖက္လိုက္ၿပီး နစ္နစ္နဲနဲကိုနမ္းပစ္လိုက္သည္။ သူ႔ႏႈတ္ခမ္းေတြဟာ ေဆး႐ြက္ႀကီးအနံ႔ေတြစြဲေနတာေၾကာင့္ အရမ္းေတာ့အဆင္မေျပ။ ဝူဖန္း႐ုန္ကို သူ႔ကိုနမ္းေနရာကအတင္း႐ုန္းထြက္လိုက္ၿပီး ကုတင္ေအာက္ကေန တစ္ခုခုကိုထပ္ရွာေနလိုက္သည္။ က်ိဳးရန္လင္းဟာ သူအနည္းငယ္တုန္ရီေနတာကိုမ်က္ႏွာေပၚမွာမေပၚေအာင္ထိန္းခ်ဳပ္ထားၿပီး ဝူဖန္း႐ုန္ရဲ႕လႈပ္ရွားမႈေတြကိုလိုက္ၾကည့္ေနခဲ့သည္။ ထို႔ေနာက္ ဝူဖန္း႐ုန္ဟာ မုတ္ဆိတ္ရိတ္တဲ့စက္ကို ထုတ္လာၿပီးသူ႔ဆီေလွ်ာက္လာခဲ့သည္။ စက္ကထြက္လာတဲ့ အသံေတြဟာသူ႔ကို႐ုတ္တရက္ေသြးေတြခဲသြားေစဖို႔လုံေလာက္သည္။ ထို႔ေနာက္က်ိဳးရန္လင္းဟာ​ၿပဳံးရင္ ဝမ္းနည္းသလိုမ်က္ႏွာေပးေလးနဲ႔ ေျပာလိုက္သည္။

" မင္းဘာလုပ္ေနတာလဲ...အိုက္ရားးးးကိုယ္ဘာမွမလုပ္ပါဘူးဆိုေနမွ ကိုယ့္တို႔ဆက္ၿပီးညိႏႈိင္းလို႔ရတယ္ေလ ဒီလိုႀကီးတိတ္တဆိတိသတ္ဖို႔မွ မလိုတာ "

သို႔ေသာ္ ဝူဖန္း႐ုန္ကေတာ့ ေအးစက္စက္ပဲျပန္ၾကည့္ရင္းေျပာလာသည္။ " ေပါက္ကရေတြဆက္ေျပာမေနနဲ႔ ဆံပင္လာရိတ္လိုက္စမ္းပါ....မင္းအက်ီေလးလဲလိုက္႐ုံနဲ႔လူေတြကခ်က္ခ်င္း မမွတ္မိေတာ့ဘူး ျဖစ္ႏိုင္ပါ့မလား စဥ္းစားေလ "

က်ိဳးရန္လင္း မ်က္ႏွာဟာအလြန္ပင္နာက်င္ေနပုံေပၚေနၿပီး ၿငိမ္ၿငိမ္ေလးပဲ ဝူဖန္း႐ုန္ေရွ႕လာထိုင္ကာ ဆံပင္ရိတ္ဖို႔ေခါင္းထိုးေပးလာသည္။ ဝူဖန္း႐ုန္ဟာ ခ်က္ခ်င္းပဲသူ႔ေရွ႕မွာမွန္ေထာင္လိုက္ၿပီး ကတ္ေၾကးတစ္ခုကိုပါသြားယူလိုက္သည္။ က်ိဳးရန္လင္းအတြက္ သူ႔ဆံပင္ပုံစံေျပာင္းလဲတာက လုံးဝအေရးမႀကီးေပ။ သူ႔မွာဆံပင္ထိပ္ေလးတစ္ကြက္ပဲရွိေနခဲ့ရင္ သူဟာယုံၾကည္ခ်က္ရွိရွိေနႏိုင္တဲ့လူစားမ်ိဳးပင္။ ဒါေပမဲ့ သူမထင္ခဲ့တာက ဝူဖန္း႐ုန္ကသူ႔ကိုကိုယ္တိုင္ကိုယ္က်ဆံပင္ညပ္ေပးလာမယ္ဟုပင္။ သူ႔ကိုဒီလို ဆံပင္ညပ္ေပးတာမခံရတာဘယ္ေလာက္ေတာင္ၾကာခဲ့ၿပီလဲဆိုတာသူ မသိေတာ့ေပ။ ကေလးဘဝတုန္းက သူ႔အေမက သူ႔ကိုကိုယ္တိုင္ဆံပင္ညပ္ေပးေနက်ျဖစ္သည္။ သူေက်ာင္းၿပီးသြားတဲ့အခ်ိန္ေရာက္ေတာ့ သူ႔ဟာသူပင္ညပ္ခဲ့တာျဖစ္သည္။ ဘာလို႔လဲဆိုေတာ့ ဆံပင္ညပ္ဆိုင္ကအသုံးျပဳတဲ့ေဆးအနံ႔ေတြကို သူမႀကိဳက္တာေၾကာင့္ပင္။

ဝူဖန္း႐ုန္ရဲ႕တည္ၿငိမ္ေနတဲ့မ်က္ႏွာတစ္ဝက္ဟာ မွန္ေပၚမွာျမင္ေနရၿပီး က်န္တဲ့တစ္ဝက္ကိုေတာ့ သူ႔ရဲ႕ေရွ႕ဆံပင္ကမ်က္ခုံးနာထိဖုံးကြယ္ထားသည္။ ဝူဖန္း႐ုန္ရဲ႕ မ်က္ခုံးေတြဟာျမင့္ၿပီး ေျဖာင့္တန္းေနကာ မွန္ေပၚမွာ ေပၚေနတဲ့မ်က္ႏွာအမူအယာမွာ ေအးခဲေနတဲ့ ႏွင္းေတြလိုခံစားခ်က္မ်ိဳးရေစသည္။

တစ္ခ်ိန္တည္းမွာပဲ က်ိဳးရန္လင္းတစ္ေယာက္သိခ်င္လာမိသည္။ ' ဒီမေကာင္း ဆိုးဝါးေလးကဘာလုပ္ေနတာလဲ ၿပီးေတာ့ သူမလုပ္တတ္တာေရာ ရွိရဲ႕လားဟ .... ဘာလို႔ေခတ္ေနာက္က်ေနတဲ့ ရထားေပၚမွာ တစ္ကိုယ္ တည္း က်င့္ႀကံေနတဲ့ဘုန္းႀကီးလိုမ်ိဳးေနေနရတာလဲ? ဒါမွမဟုတ္ သူကႏွင္းေတာင္ေတြၾကည့္ရတာကိုပဲ ႏွစ္ၿခိဳက္ေနတား? '

ဝူဖန္း႐ုန္ဟာ ရထားေပၚကႀကီးၾကပ္ေရးမႉးတာဝန္နဲ႔ မလိုက္ဖက္လွေပ။ ဘာသံေယာဇဥ္မွမရွိတဲ့ပုံလိုမ်ိဳးပင္။ သူဟာ အျခားလူေတြနဲ႔မတူ ကြဲထြက္ေနၿပီးျဖားေယာင္းေနသေယာင္။

" မင္းမုတ္ဆိတ္ေတြမရိတ္လိုက္နဲ႔။ မ်က္ႏွာကိုနည္းနည္းေလးမကြယ္ေအာင္ဘဲျပင္လိုက္မယ္ေနာ္ " လို႔စက္ကိုကိုင္ၿပီးျဖည္းညင္းစြာေျပာလာခဲ့သည္။

က်ိဳးရန္လင္းကသူ႔ကိုယ္သူ မွန္ထဲၾကည့္လိုက္ၿပီး ေျပာလာသည္။ " မင္းဒီလိုေတြ ဘယ္ကေနသင္ေနတာလဲ? မဆိုးဘူး "

" အရင္တုန္းက ရထားတခါလိုက္ရင္ခရီးအေဝးႀကီးေတြကို နားခ်ိန္မရွိဘဲ ဆက္တိုက္လိုက္ရတာေတြရွိဖူးတယ္။ ငါရဲ႕ဆံပင္ေရာ မုတ္ဆိတ္ေတြေရာ ရွည္လာတဲ့ထိပဲ။ အဲ့ေတာ့ရထားေပၚမွာေနတဲ့ငါက ေ႐ြးခ်ယ္စရာမရွိဘဲ ကိုယ့္ဟာကိုယ္ပဲ ညပ္ယူရတာ။ အဲ့လိုကေန ငါရဲ႕ဆံပင္ညပ္တဲ့စေကးကတိုးတက္လာခဲ့တာပဲ အခုဆို ရထားေပၚကေကာင္မေလးေတြဆံပင္ကိုေတာင္ငါညပ္ေပးေနရတာေနာ္။ ငါ့စေကးကဆိုင္ကလူေတြနဲ႔ တူတူေလာက္ကိုျဖစ္ေနၿပီ။ " ဟုဝူဖန္း႐ုန္ကရယ္ၿပီးေျပာလာသည္။ ထို႔ေနာက္ " မင္းမ်က္ႏွာပုံကအရမ္းေကာင္းမြန္တာပဲ။ မင္းရဲ႕အာမခံလုပ္ငန္းေတြကိုေမ့လိုက္ၿပီး ဘုန္းႀကီးလုပ္သင့္တယ္ေနာ္ "

" ဒီလိုေအးခဲေနတဲ့ေန႔ရက္မွာ ကိုယ့္ကိုအလိုမရွိေတာ့တာ ကိုယ္အရမ္းရင္ေတြနာလာပါၿပီေနာ္ "

" မင္းအခုခ်ိန္ရထားေပၚကခုန္ဆင္းေတာင္ငါမင္းကိုမတားဘူး "

က်ိဳးရန္လင္းဟာ ဝူဖန္း႐ုန္ရဲ႕ခါးသိမ္သိမ္ေလးကိုဖက္ၿပီး ဗိုက္သားေလးေတြကိုလွမ္းကိုက္လိုက္ကာေျပာလာသည္။ " မင္းကမတားေပမဲ့ ကိုယ္ကမင္းနဲ႔မွမခြဲႏိုင္ဘဲကို "

ထိုအခါ ဝူဖန္း႐ုန္ သူ႔ကိုဖက္ထားတဲ့ႏွာဘူးအႀကီးစားလက္ထဲကေန႐ုန္းထြက္လိုက္သည္။ မိနစ္ႏွစ္ဆယ္ၾကာၿပီးေနာက္မွာေတာ့ သူဟာသန္႔ရွင္းတဲ့ သဘက္တစ္ထည္ယူၿပီး ေခါင္းေပၚကဆံပင္ေတြကသန္႔ရွင္းေပးလိုက္ၿပီး သူ႔လက္ရာ ဆံပင္တိုတိုေလးေတြစိတ္ေက်နပ္စြာသပ္ေပးလိုက္ေသးသည္။ က်ိဳးရန္လင္းဟာ အက်ီ​လဲဝတ္လိုက္ၿပီး လည္စည္းပဝါႀကီးနဲ႔သူ႔မ်က္ႏွာတစ္ဝက္ကို ဖုံးထားလိုက္ကာ မွန္ထဲကသူ႔ပုံရိပ္ကိုၾကည့္လိုက္သည္။ အမွန္ပင္ သူဟာမတူတဲ့လူတစ္ေယာက္လိုေျပာင္းလဲသြားျခင္းပင္။ ဒါေပမဲ့ ဝူဖန္း႐ုန္ရဲ႕ မစ္ကီေမာက္စ္ ဆြယ္တာႀကီးကအရမ္း႐ုပ္ေပါက္လြန္းသည္။ ဒါႀကီးဝတ္ထားရတာ သူ႔ဟာသူ႐ူးေၾကာင္ေၾကာင္ေကာင္ပုံစံမ်ိဳးေပါက္ေစသည္။ က်ိဳးရန္လင္းကေက်းဇူးတင္စကားေျပာရန္ပါးစပ္ဟလိုက္ေသာ္လည္း ဝူဖန္း႐ုန္ကသူေျပာလာမွာကိညသိသည့္အလား မလိုအပ္ေၾကာင္း လက္ေဝွ႔ရမ္းျပလာသည္။

" ငါမင္းကို ရဲလက္ထဲမထည့္ဘူးလို႔ေတာ့အာမ မခံဘူးေနာ္။ မင္းငါ့ကိုေသခ်ာရွင္းမျပထားတာေတြအမ်ားႀကီးပဲ။ မင္းငါ့ကိုလိမ္လို႔လုံးဝ မရဘူး။ မင္းပိုင္ဟယ္ကိုဘာသြားလုပ္မွာလဲ ? " လို႔ဝူဖန္း႐ုန္ကေျခေထာက္ကိုခ်ိတ္ထိုင္လိုက္ကညမ်က္ခုံးကိုဟန္ပါပါေျမာက္လ်က္ၾကည့္ၿပီးေျပာလိုက္သည္။ ဝူဖန္း႐ုန္ဟာ ဘာမွမေတြးတတ္တဲ့လူတစ္ေယာက္ေတာ့မဟုတ္ေပ။ ၿပီးေတာ့က်ိဳးရန္လင္းဟာလည္း လုံးဝ႐ိုးသားမေနတဲ့လူတစ္ေယာက္ပင္ သူဟာ႐ိုးသားပါတယ္အျပစ္မရွိဘူးလို႔ေျပာ႐ုံနဲ႔ သူအျပစ္မရွိတာကိုသက္ေသမျပႏိုင္ေပ။ ဒီရထားေပၚမွာသူမေတြ႕ဖူးတဲ့လူမ်ိဳးဆိုတာ မရွိေပ။ သူခိုးေတြ လူကုန္ကူးတာေတြ ေဆးေရာင္းဝယ္ေနတာေတြ အစရွိသျဖင့္ေပါ့။ အကုန္လုံးကသာ သူတို႔ဟာသူတို႔တိုက္ခိုက္ခံရပုံဟန္ေဆာင္ၿပီး ထူးဆန္းတဲ့ပုံျပင္ေျပာတာနဲ႔သာလက္ခံလို႔ရတယ္ဆို သူအခုရထားႀကီးၾကပ္ေရးမႉးေနရာမွာရွိေနမွာမဟုတ္ေပ။ ေလာကႀကီးမွာပါးစပ္ေလးလႈပ္႐ုံနဲ႔မၿပီးတဲ့အရာေတြအမ်ားႀကီးပင္။

အဲလိုအခ်ိန္ခနေလးမွာပဲ က်ိဳးရန္လင္းဟာသူ႔အေပၚဝူဖန္း႐ုန္စီစဥ္ေပးတဲ့ အစီအစဥ္အားလုံးဟာ အကြက္က်က်လုပ္ထားမွန္းသေဘာေပါက္သြားခဲ့ေလသည္။ သူ႔ကိုယုံၾကည္လို႔မဟုတ္ဘဲ ႏွစ္ဦးႏွစ္ဖက္အက်ိဳးရွိေအာင္ သူ႔ကိုခနတာဖုံးကြယ္ေပးဖို႔လုပ္ေဆာင္ခဲ့တာျဖစ္သည္။ ဝူဖန္း႐ုန္ရဲ႕အစီအစဥ္ေတြကိုလက္ခံလိုက္မိတာ ေနာင္တရခ်င္လာသလိုလိုပင္။ ဒါေပမဲ့လည္း အခ်ိန္ကလြန္ေနခဲ့ၿပီျဖစ္သည္။ ဝူဖန္း႐ုန္က အၾကမ္းဖက္တာထက္ သံတမာန္ေရးရာလို အလိမၼာသုံးၿပီးေျဖရွင္းရတာ သေဘာက်သည့္ပုံပင္။

တကယ္ေတာ့ အဲ့ေလာက္ထိေက်းဇူးေႂကြးအတင္ခံဖို႔ထိလုပ္စရာမလိုေခ်။ သူ႔ကိုသာ ၾကမ္းၾကမ္းေလ႐ိုက္လိုက္ရင္ ေျပာမရသူတကယ္ ေျပာထြက္မိသြားမလားပင္။

" မင္းကိုယ့္ကို တစ္ခါေလာက္နမ္းလိုက္ေလ အဲ့တာဆိုမင္းကို ကိုယ္အကုန္လုံးေျပာျပေပးမယ္ " လို႔သူ႔ႏႈတ္ခမ္းကိုၫြန္ျပရင္းေျဖလာခဲ့သည္။

ဦးစြာပင္ ဝူဖန္း႐ုန္ကသူ႔ပါးသူဖြဖြေလး႐ိုက္လိုက္ၿပီး ဆြဲေဆာင္မႈရွိရွိပင္ သူ႔ႏႈတ္ခမ္းကိုသူဖြဖြေလးကိုက္ျပလိုက္သည္။ က်ိဳးရန္လင္းမွာမထိန္းႏိုင္ေတာ့ဘဲ သူ႔ေရွ႕ကလူကို သူ႔လက္ေတြၾကားေပြ႕ဖက္ၿပီးနမ္းလိုက္မိသည္။ သူ႔ရဲ႕အငမ္းမရနမ္းေနပုံက သူဟာဒီေလာက္နဲ႔မလုံေလာက္ေသးသေယာင္ပင္။ အကယ္၍ မ်ားသာ တံခါးအျပင္ကေနတစ္ေယာက္ ေယာက္က သူ႔ကိုေသနတ္နဲ႔ပစ္ခဲ့ရင္ေတာင္သူမေရွာင္မိဘဲ ဝူဖန္း႐ုန္နဲ႔ႏႈတ္ခမ္းေတြေပၚမွာေသဆုံးႏိုင္ေပသည္။ အတန္ၾကာနမ္းၿပီးေနာက္မွာေတာ့ ဝူဖန္း႐ုန္ရဲ႕မ်က္ႏွာဟာနီျမန္းေနခဲ့ၿပီး ႏႈတ္ခမ္းေတြဟာလည္းအနမ္းခံထားရတာေၾကာင္း ဖူးေယာင္ေနခဲ့ေတာ့သည္။

က်ိဳးရန္လင္းဟာ ႏူးညံ့စြာၿပဳံးလိုက္ၿပီး သူ႔ဖုန္းထုတ္ယူလိုက္ရင္းေျပာလာသည္။ " ကိုယ္မင္းကို လိမ္တယ္လို႔ မင္းမထင္လိုက္ပါနဲ႔ကြာ။ ကိုယ့္ရဲ႕နာမည္ကို ကိုယ္ေသခ်ာ ေပါက္ ရွင္းလင္းမွာပါ။ ဒါေပမဲ့ကိုယ္ကပိုင္ဟယ္ကို သြားဖို႔မလိုအပ္ဘူး။ ကိုယ္လိုအပ္တာ အခုလက္ရွိဒီရထားေပၚမွာ ရွိေနဖို႔ပဲလိုတာ။ " သူ႔ရဲ႕ဖုန္းကိုဖြင့္ရင္း Smsေတြကို ဝူဖန္း႐ုန္ဘက္ျပလာခဲ့သည္။ " မေန႔မနက္က ကိုယ္အမည္မသိ စာတစ္ေစာင္ရခဲ့ၿပီး တကဟ့္လူသတ္မႈရဲ႕တရားခံဟာ ထုံက်ိဳးကေန ပိုင္ဟယ္ကိုသြားမဲ့ဒီရထားစီးမယ္ဆိုတာပဲ "

အမည္မသိစာဟာ အတိအက်ေရးထားၿပီး အနည္းငယ္ရွည္လ်ားေသးသည္။
" မစၥတာက်ိဳးခမ်ား ေအာက္တိုဘာ၂ရက္ေန႔ မနက္ ၅နာရီ၄၀မွာ ပိုင္ဟယ္ကိုထြက္မဲ့ K4133ရထားေပၚမွာ တကယ့္9/27အမႈရဲ႕တရားခံနဲ႔အတူ ရထားစီးႏိုင္မလား။ တကယ္လို႔သာ လူသတ္သမားနဲ႔သက္ေသေတြကို ၃၂နာရီအတြင္းရွာႏိုင္ခဲ့ရင္ေတာ့ မင္းရဲ႕ျဖဴစင္မႈကိုသက္ေသျပႏိုင္မွာပဲျဖစ္တယ္။ မင္းစိတ္ထဲမွတ္ထားရမွာက ရထားရဲ႕ေနာက္ဆုံးဘူတာမေရာက္ခင္ မင္းရွာႏိုင္မွရလိမ့္မယ္ မဟုတ္ရင္ မင္းဘယ္ေတာ့မွသက္ေသျပႏိုင္ေတာ့မွာမဟုတ္ဘူး။ မင္းအတြက္ ခရီးေဆာင္ေသတၱာနဲ႔ လက္မွတ္ကို ျပင္ဆင္ထားၿပီးပါၿပီ။ သာယာတဲ့ခရီးစဥ္ေလးျဖစ္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ "

ဖုန္းထဲကစာကိုသုံးခါေလာက္ဖတ္ၿပီးေနာက္မွာေတာ့ ဝူဖန္း႐ုန္ရဲ႕မ်က္ႏွာဟာအလြန္ပင္တည္ၿငိမ္ေနခဲ့သည္။

က်ိဳးရန္လင္းဟာ သူ႔ရဲ႕ရထားလက္မွတ္ကိုရွာလိုက္ၿပီး ျပလာခဲ့သည္။ " အဲ့စာရၿပီးေနာက္ ကိုယ့္ကို ရထားလက္မွတ္ကို deliveryနဲ႔ပို႔လာခဲ့တယ္။ ထပ္ေျပာရရင္ လက္မွတ္နဲ႔အတူပါလာတဲ့ ေသတၱာမွာလည္း ဒီအမႈရဲ႕ အေၾကာင္းေတြနဲ႔ပတ္သက္ေတြထည့္ထားတာပါပဲ။ ေျပာရရင္ပို႔ေပးတဲ့လူက ေတာ္ေတာ္ေလးျပင္ဆင္ထားပုံရတယ္။ ကိုယ္ေတြးတာကေတာ့ ဒီကိစၥကို ေသခ်ာလုပ္မွရမယ္လို႔ခံစားရၿပီး လြယ္လြယ္ေလးေရွာင္ေျပးရလိမ့္မယ္လို႔ မထင္ဘူး။ ၿပီးေတာ့ ကိုယ္ၿမိဳ႕ထဲမွာဆက္ေနခဲ့ရင္လည္း အေႏွးအနဲ႔အျမန္ ကိုယ့္ဆီတစ္ခုခုလာေတာ့မွာပဲ။ ဒီရထားေပၚလိုက္လာတာက ကိုယ္အတြက္တစ္ခုတည္းေတာ့ ေ႐ြးခ်ယ္ရာ လြတ္လမ္းပဲ။ ဒါေပမဲ့ ကိုယ္ကဒီရထားေပၚမေရာက္ခင္ ဘူတာမွာပဲဓားနဲ႔အထိုးခံရျပန္တယ္ဆိုေတာ့ ကိုယ္ဒါကိုဆက္ယုံသင့္လား မယုံသင့္လားလည္းမသိေတာ့ဘူး။ ဒါေပမဲ့ ကိုယ္ဒီလိုျဖစ္တာက အမႈနဲ႔မဆက္စပ္ဘူးလို႔ မထင္ျပန္ဘူး။ "


Continue Reading

You'll Also Like

DON'T NEVER CHANGE By May

Mystery / Thriller

63.9K 4K 38
G!P and Girl ( Uni and Zawgyi )
128K 12.9K 32
Athulya Singhania has spent her entire life in solitude, yearning for the love of a family. Over the years, she mastered the art of concealing her em...
116K 4K 41
Y/N was a teenage introvert who enjoyed having her own space and being alone. She loved listening to music in her room, which was a great escape for...
110K 2.6K 12
حسابي الوحيد واتباد 🩶 - حسابي انستا : renad2315