𝖳𝗁𝖾 𝖫𝖮𝖵𝖤 𝖡𝗋𝗂𝖽𝗀𝖾...

By Treaza_Park

4.4K 500 73

That THREE become PARK FAMILY More

- 2
- 3
- 4
- 5
- 6
Final

- 1

1K 81 5
By Treaza_Park

ဒီနေ့ကတော့ ကြည်နူးစရာနေ့လေး ...

ဘာနေ့လဲဆိုတော့ Valentine's Day တဲ့။ အချစ်ငှက်ကလေးတွေအတွက် တစ်တီတူး ချစ်ကြည်နူးလို့ကောင်းတဲ့နေ့ပေါ့။ ပတ်ဝန်းကျင်မှာမြင်မြင်သမျှအချစ်စိတ်ကြောင့် အရာရာလှပနေမယ့်နေ့ဆိုလည်း ဘယ်မှားမလဲနော်။

ဒါမယ့် ဂျယ်ယွန်းအတွက်တော့ဟုတ်မနေပါဘူး။ ဟိုနားမှာ ပူးနေတဲ့စုံတွဲတွေတွေ့လိုက် ဒီနားမှာကပ်နေတဲ့စုံတွဲတွေတွေ့လိုက် မနက်တည်းက မျက်လုံးတွေကိုနောက်နေတာပဲ။

"ဟိတ်ကောင် ! ဂျယ်ယွန်းလေး ... မြန်မြန်လာလို့"

အဲ့တာပဲ ကြည့် ...

သူ့ရည်းစားနဲ့သူသွားတွေ့မှာကို တကူးတကအဖော်လိုက်ပေးရတာ။ ကိုယ့်ဟာကိုယ်တောင် အေးဆေးနေခွင့်မရှိတဲ့ဘဝ။

"ဂျယ် ..."

"မင်းပါးစပ်ကိုပိတ်ထားလိုက်တော့ ဂျုံဆောင်း !"

ဘေးနားကနေ တောက်လျှောက်နားညီးလာတဲ့သူကို
ဂျယ်ယွန်းပြန်အော်လိုက်တော့ ခြေလှမ်းတို့က တုံ့ကနဲ။

"မင်းကြောင်ဝါလေးနဲ့တွေ့မှာဆိုလည်း မြန်မြန်သွားလိုက် ! ငါတံတားပေါ်ကနေစောင့်နေမယ် ! နားတွေလည်းညီးနေပြီ !"

ဂျယ်ယွန်းအပြောကို မျက်တောင်တွေပုတ်ခက် ပုတ်ခက်နဲ့ နားထောင်နေတဲ့ ဂျုံဆောင်း။

"ဟာ ... ဝမ်းသာတယ် သူငယ်ချင်းရာ ! ဒါဆို ငါသွားမယ်နော် !"

ဘယ်ချိန်တည်းကဒီစကားကြားချင်နေလဲမသိ။
ဂျယ်ယွန်းကိုအတင်းတွေဖက်နေတာမို့ မနည်းခွါချနေရသည်။ အဲ့ကျတော့လည်း ချက်ချင်းကို ထွက်သွားတော့သည်။

"ပြာယာတွေကိုခက်လို့ မျက်လုံးတွေကိုနောက်နေတာပဲ"

ဂျယ်ယွန်းခပ်တိုးတိုးရေရွတ်ရင်း တံတားပေါ်ကိုဖြတ်လျှောက်လာသည်။

စျေးသည်ကလေးတွေနဲ့ စျေးတန်းလေးလိုဖြစ်နေတဲ့နေရာလေးမှာလည်း ဒီအတွဲတွေကိုမြင်နေရတာပဲ။ ပန်းခြံထဲမှာလည်း ဒီအတွဲတွေရှိနေတာပဲ။

စိတ်ညစ်နေပြီ အဲ့လိုချစ်ကြည်နူးနေတာတွေ မမြင််ချင်တော့ဘူးလို့။ မျက်စိနောက်လွန်းလို့ အကုန်လုံးပြတ်သွားကြရင်ကောင်းမယ်။

တံတားဘေးမှာရှိတဲ့ ခုံတန်းအရှည်ကြီးပေါ်မှာပဲထိုင်ကာ ဂျယ်ယွန်းမျက်လုံးတွေကိုပိတ်ပစ်လိုက်တော့သည်။

"ဟင့် ပါပါး ..."

မျက်လုံးတို့ပိတ်ထားရင်း ကလေးငိုသံလေးကြောင့် မျက်ခုံးတို့တွန့်ကုန်ရသည်။

"ဟင့် ဗြဲ ... !"

ငိုသံကမဆိုသလောက်လေးထပ်နည်းနည်းပိုကျယ်လာလို့ မျက်လုံးဖွင့်ကြည့်တော့ ဂျယ်ယွန်းဘေးနားမှာထိုင်နေတဲ့ကလေးမလေး။ ဂါဝန်ပန်းရောင်ကလေးဝတ်ထားပြီး ဆံပင်ရှည်ရှည်ကောက်ကောက်လေးတွေကို နှစ်ဖက်ခွဲစီးထားသည်။ လက်ထဲမှာလည်း ပူဖောင်းကလေးတစ်လုံးကိုကိုင်ထားသည်။

"ဟင့် ... ပါပါး !"

ဂျယ်ယွန်းလက်မောင်းကိုလာဖက်ကာ အော်ငိုနေတဲ့ကလေးမကြောင့် မလန့်သွားဘူးဆိုရင် လိမ်ရာကျမည်။ ဘေးဘီကလူတွေရော ၊ စျေးသည်တွေရော ၊ စုံတွဲတွေပါ ဂျယ်ယွန်းနဲ့ ထိုကလေးမလေးကို ဝိုင်းကြည့်လာသည်။

"ကလေးလေး ... ဖေဖေတို့နဲ့လူကွဲသွားလို့လား ?"

"ဟင့် ... ဗြဲ ... !"

ဂျယ်ယွန်းမေးတာလည်းမဖြေပဲ လက်မောင်းကိုပဲဖက်ကာ ငိုသည်။ လူတွေကလည်းဝိုင်းကြည့်ကာ ခပ်တိုးတိုးပြောနေကြပြီမို့ ဂျယ်ယွန်းမှာ ဘာလုပ်လို့လုပ်ရမှန်းမသိတော့ပေ။

"ခဏ ... ခဏလေး ... တိတ်ပါဦး"

ဂျယ်ယွန်းပြောလိုက်သော်လည်း ကလေးလေးကတော့ ခေါင်းတို့သာခါယမ်းပြီး ငိုနေဆဲ။

"ဟင့် ... အင့် !"

အနည်းငယ်လောက်ကြာတော့ ငိုရတာမောသွားသည်ထင်။ ရှိုက်သံလေးတွေသာ ကျန်ခဲ့ပြီး ငိုသံတို့တိတ်သွားပြီ။

"ကလေးလေး ... ဦးဦးကိုပြောပါဦး"

ဂျယ်ယွန်းက ထိုကလေးမလေး ပခုံးကနေကိုင်ကာမေးတော့ ငိုမဲ့မဲ့လေးဖြစ်လာသည်။

"ဟင့် ... ဒယ်ဒီ !"

ဂျယ်ယွန်းကိုင်ထားတဲ့လက်တို့ကိုဖယ်ပြီး တံတားပေါ်ကဖြတ်သွားတဲ့ကောင်လေးတစ်ယောက်ကို သွားဖက်သည်။

အော် ... လူကွဲတာပြန်တွေ့သွားလို့လား ?

ဂျယ်ယွန်းစိတ်ချလက်ချနဲ့တင် ထလိုက်မသွားတော့ပဲ ထိုင်နေရာကတင်အကဲခတ်နေလိုက်သည်။

"ဟင့် ... ဒယ်ဒီ !"

ဆောင်းဟွန်းတစ်ယောက်တည်းလမ်းလျှောက်လာရင်း ရုတ်တရက်အဖက်ခံလိုက်ရတာဆိုတော့လန့်သွားသည်။

"ဟင် ?"

သူ့လက်ကိုဖက်ပြီး ငိုနေတဲ့ကလေးမလေးကြောင့် အူကြောင်ကြောင်လေးဖြစ်သွားသည်။

"ကလေးလေး ... မေမေတို့နဲ့လူကွဲသွားတာလား ?"

ဆောင်းဟွန်းမေးတော့ ကလေးမလေးကခေါင်းယမ်းသည်။

"ဟင့် ... ဟုတ်ဘူး ! ဟိုမှာ ပါပါး !"

ငိုသံလေးနဲ့ တံတားခုံတန်းရှည်ပေါ်က လူကိုလက်ညှိုးထိုးပြသည်။ ထို့နောက် ဆောင်းဟွန်းလက်ကိုပါဆွဲပြီး ခုံတန်းရှည်ပေါ်ကိုခေါ်သွားသည်။

"ဟေ့ ! ဒီမှာ ! မင်းကလေးကိုမင်း သေချာထိန်းလေ !"

ဂျယ်ယွန်းဘလိုင်းကြီးဟောက်ခံလိုက်ရတာမို့ နည်းနည်းတော့စိတ်အချဉ်ပေါက်သွားရသည်။ ဒါဆို ဒီလူကရော ဒီကလေးလေးအဖေမဟုတ်ဘူးလား။

"ကျစ် ! ကိုယ်လည်းသူ့အဖေမဟုတ်ဘူးကွ !"

"ဘာ !"

တစ်ဖက်ကကောင်လေးပြောလာတာကြောင့်
ဆောင်းဟွန်းပါလန့်ပြီး အော်မိသွားသည်။

"ဒယ်ဒီ ! ပါပါး !"

ကလေးလေးကအလယ်မှာထိုင်နေသည်။ ဘယ်ဘက်မှာဂျယ်ယွန်းလက်ကိုဖက်ထားပြီး ညာဘက်မှာတော့ ဆောင်းဟွန်းလက်ကိုချိတ်ထားသည်။ အလယ်ကနေ နှစ်ယောက်လုံးကိုခေါ်တာ မျက်နှာလေးတွေမော့ကြည့်သည်။

ဆောင်းဟွန်းကတော့ ဘယ်လိုမှကိုလိုက်မမှီတော့။
အိမ်ကနေထွက်လာတုန်းကအကောင်း အခုလေးတင်
ဘလိုင်းကြီး ကလေးတစ်ယောက်အဖေဖြစ်သွားသလိုပင်။

"ဟေ့ ! မင်းတို့ ! လုပ်စားမှာဆိုလည်း တစ်ခြားလူကိုသွားရှုပ်ကြကွာ !"

ဆောင်းဟွန်း ကလေးမလေးကိုတစ်လှည့် ဘေးကကောင်လေးကိုတစ်လှည့်ကြည့်ပြီးပြောလိုက်သည်။ ကလေးမလေးလည်းမျက်နှာလေးမဲ့ကျသွားသလို တစ်ဖက်ကကောင်လေးကလည်း ဒေါသထွက်လာသည်ထင်။

"မင်း !"

ဂျယ်ယွန်းဒေါသထွက်လို့တစ်စစီလုပ်ပစ်ချင်နေပြီဖြစ်သည်။ သူလည်းပဲ ဒီရောက်မှဒီလိုကြုံလိုက်ရတာကို အသားလွတ်ကြီး စော်ကားခံလိုက်ရသည်လေ။

"ဒီမှာ ! ကိုယ်လည်းမင်းလို အခုမှကြုံရတာကွ !"

ဆောင်းဟွန်းကို ချက်ချင်းပြန်ပြောလာတဲ့စကားသံဟာ ဟန်ဆောင်နေတာမဟုတ်ကြောင်း သိသိသာသာပင်။

"ကျစ် !"

"ဟင့် ! ပါပါးတို့ကရန်မဖြစ်ကြပါနဲ့ !"

ကြားထဲက ကလေးလေးကငိုမဲ့မဲ့လေးနဲ့ဖြစ်ကာ အော်ငိုတော့ပြန်သည်။

"ဟင့် ... ဗြဲ !"

ဒီတော့မှ ဆောင်းဟွန်းရော ဂျယ်ယွန်းပါ မနေသာတော့ပေ။ ချစ်မွှေးပါတဲ့ကလေးလေးဖြစ်နေတာကြောင့်ဖြစ်မည်ထင်။

"အိုကေ ! အိုကေ ! ဦးဦးတို့ရန်မဖြစ်တော့ဘူးနော် !"

"တိတ် ! တိတ် ! ကလေးလေး ! ဦးတို့ရန်မဖြစ်ဘူးနော် !"

ဆောင်းဟွန်းရော ဂျယ်ယွန်းပါ ဝိုင်းချော့တော့မှ အငိုတိတ်သွားတော့သည်။

"သမီးက ဦးဦးမေးတာကို မငိုပဲဖြေရင် ရေခဲမုန့်ဝယ်ကျွေးမယ်လေ ... ဘယ်လိုလဲ"

ဆောင်းဟွန်းစိတ်ပြောင်းအောင်ပြောလိုက်တဲ့စကားမှာ ကလေးမလေးမျက်လုံးတို့က လက်ကနဲ။

"စားမယ်မလား"

ဂျယ်ယွန်းကပါ ဝင်ပြီးမေးလိုက်တော့လည်း ချက်ချင်းပင် ခေါင်းလေး တစ်ဆက်ဆက်ငြိမ့်ပြလာသည်။

"ပြောပါဦး ... သမီးက ဒီကိုဘယ်သူနဲ့လာတာလဲ"

"ဟင့် ... အဒေါ်ကြီးနဲ့"

ဆောင်းဟွန်းမေးတာကိုဖြေတော့ ငိုသံလေးကနည်းနည်းပါလာသည်။ သို့သော်ငြား ရေခဲမုန့်ကျွေးမည်ဆိုပြီးပြောထားတာမို့ မျက်ရည်တို့ပါးပြင်ပေါ်ရောက်မလာအောင် အံလေးကြိတ်ထားပြီး မျက်လုံးတို့ပြူးထားသေးသည်။

"ဒါဆို သမီးပြောတဲ့အဲ့အဒေါ်ကြီးဘယ်မှာလဲ"

ဂျယ်ယွန်းထပ်မေးလိုက်တော့ ကလေးမလေးကဂါဝန်အိတ်ကပ်လေးထဲက စာရွက်ကလေးပေးလာသည်။

ထို့နောက်ဆောင်းဟွန်းကထိုစာရွက်လေးယူကာ ဖတ်
ကြည့်တော့ နှလုံးဆေးစစ်ချက်အဖြေတစ်ခုနဲ့ ကလေးကိုစွန့်ပစ်သွားတဲ့စာပင်။ အရှုပ်အရှင်းကင်းတဲ့ကလေးဖြစ်ကြောင်းကိုလည်း မွေးစာရင်းသက်သေတွေနဲ့ကိုပြောထားသေးသည်။

ဆောင်းဟွန်းစိတ်မကောင်းဖြစ်သွားရသည်။ မမွေးနိုင်လည်းအစတည်းကမမွေးပါနဲ့လား။ အခုတော့ ကြားထဲက ရောဂါလည်းရှိနေတဲ့ကလေးကို စိတ်ဒုက္ခရောက်ရအောင်လို့။ တကယ်လို့မွေးစားမယ့်သူမရှိရင်လည်း မိဘမဲ့ဂေဟာကိုဖုန်းဆက်ပေးဖို့ပြောထားခဲ့သေးသည်။

ဂျယ်ယွန်းသိချင်စိတ်နဲ့ ထိုလူ့ဆီကစာရွက်ကိုယူကြည့်တော့ ဘာပြောရမှန်းတောင်မသိတော့ပေ။ ကလေးတစ်ယောက်ကိုပြုစုပျိုးထောင်ရတာမလွယ်ကြောင်းသိပေ
မယ့် ဒီလိုမျိုးလက်လွတ်စပယ်လုပ်ဖို့တော့မကောင်းပေ။ နောက်ပြီးပုံမှန်ကလေးဆိုလည်းထားလိုက်တော့။

အခုဟာက ... ကျစ် ! ဂျယ်ယွန်းစိတ်ထဲ ပြောပြလို့မရတဲ့ခံစားချက်ကတိုးဝင်လာသည်။

ကြားထဲကကလေးလေးကတော့ ဆောင်းဟွန်းကိုရော
ဂျယ်ယွန်းကိုပါ မျက်လုံးတောက်တောက်ကလေးတွေနဲ့မော့ကြည့်သည်။

"အဒေါ်ကြီးကပြောတယ်။ သမီးတူတူနေချင်တဲ့သူကိုတွေ့ရင် ဒီစာလေးကိုပြလိုက်တဲ့။ သမီးက ဒယ်ဒီရယ်
ပါပါးရယ် နှစ်ယောက်လုံးနဲ့ အတူတူနေချင်တာ"

ဂျယ်ယွန်းနဲ့ဆောင်းဟွန်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြတုန်းပြောလာတဲ့ကလေးမလေးစကားက နှစ်ယောက်လုံးကို မျက်ရည်ဝဲသွားစေပါသည်။

//

ဒီေန႔ကေတာ့ ၾကည္ႏူးစရာေန႔ေလး ...

ဘာေန႔လဲဆိုေတာ့ Valentine's Day တဲ့။ အခ်စ္ငွက္ကေလးေတြအတြက္ တစ္တီတူး ခ်စ္ၾကည္ႏူးလို႔ေကာင္းတဲ့ေန႔ေပါ့။ ပတ္ဝန္းက်င္မွာျမင္ျမင္သမၽွအခ်စ္စိတ္ေၾကာင့္ အရာရာလွပေနမယ့္ေန႔ဆိုလည္း ဘယ္မွားမလဲေနာ္။

ဒါမယ့္ ဂ်ယ္ယြန္းအတြက္ေတာ့ဟုတ္မေနပါဘူး။ ဟိုနားမွာ ပူးေနတဲ့စုံတြဲေတြေတြ႕လိုက္ ဒီနားမွာကပ္ေနတဲ့စုံတြဲေတြေတြ႕လိုက္ မနက္တည္းက မ်က္လုံးေတြကိုေနာက္ေနတာပဲ။

"ဟိတ္ေကာင္ ! ဂ်ယ္ယြန္းေလး ... ျမန္ျမန္လာလို႔"

အဲ့တာပဲ ၾကည့္ ...

သူ႔ရည္းစားနဲ႔သူသြားေတြ႕မွာကို တကူးတကအေဖာ္လိုက္ေပးရတာ။ ကိုယ့္ဟာကိုယ္ေတာင္ ေအးေဆးေနခြင့္မရွိတဲ့ဘဝ။

"ဂ်ယ္ ..."

"မင္းပါးစပ္ကိုပိတ္ထားလိုက္ေတာ့ ဂ်ဳံေဆာင္း !"

ေဘးနားကေန ေတာက္ေလၽွာက္နားညီးလာတဲ့သူကို
ဂ်ယ္ယြန္းျပန္ေအာ္လိုက္ေတာ့ ေျခလွမ္းတို႔က တုံ႔ကနဲ။

"မင္းေၾကာင္ဝါေလးနဲ႔ေတြ႕မွာဆိုလည္း ျမန္ျမန္သြားလိုက္ ! ငါတံတားေပၚကေနေစာင့္ေနမယ္ ! နားေတြလည္းညီးေနၿပီ !"

ဂ်ယ္ယြန္းအေျပာကို မ်က္ေတာင္ေတြပုတ္ခက္ ပုတ္ခက္နဲ႔ နားေထာင္ေနတဲ့ ဂ်ဳံေဆာင္း။

"ဟာ ... ဝမ္းသာတယ္ သူငယ္ခ်င္းရာ ! ဒါဆို ငါသြားမယ္ေနာ္ !"

ဘယ္ခ်ိန္တည္းကဒီစကားၾကားခ်င္ေနလဲမသိ။
ဂ်ယ္ယြန္းကိုအတင္းေတြဖက္ေနတာမို႔ မနည္းခြါခ်ေနရသည္။ အဲ့က်ေတာ့လည္း ခ်က္ခ်င္းကို ထြက္သြားေတာ့သည္။

"ျပာယာေတြကိုခက္လို႔ မ်က္လုံးေတြကိုေနာက္ေနတာပဲ"

ဂ်ယ္ယြန္းခပ္တိုးတိုးေရရြတ္ရင္း တံတားေပၚကိုျဖတ္ေလၽွာက္လာသည္။

ေစ်းသည္ကေလးေတြနဲ႔ ေစ်းတန္းေလးလိုျဖစ္ေနတဲ့ေနရာေလးမွာလည္း ဒီအတြဲေတြကိုျမင္ေနရတာပဲ။ ပန္းၿခံထဲမွာလည္း ဒီအတြဲေတြရွိေနတာပဲ။

စိတ္ညစ္ေနၿပီ အဲ့လိုခ်စ္ၾကည္ႏူးေနတာေတြ မျမင္္ခ်င္ေတာ့ဘူးလို႔။ မ်က္စိေနာက္လြန္းလို႔ အကုန္လုံးျပတ္သြားၾကရင္ေကာင္းမယ္။

တံတားေဘးမွာရွိတဲ့ ခုံတန္းအရွည္ႀကီးေပၚမွာပဲထိုင္ကာ ဂ်ယ္ယြန္းမ်က္လုံးေတြကိုပိတ္ပစ္လိုက္ေတာ့သည္။

"ဟင့္ ပါပါး ..."

မ်က္လုံးတို႔ပိတ္ထားရင္း ကေလးငိုသံေလးေၾကာင့္ မ်က္ခုံးတို႔တြန့္ကုန္ရသည္။

"ဟင့္ ျဗဲ ... !"

ငိုသံကမဆိုသေလာက္ေလးထပ္နည္းနည္းပိုက်ယ္လာလို႔ မ်က္လုံးဖြင့္ၾကည့္ေတာ့ ဂ်ယ္ယြန္းေဘးနားမွာထိုင္ေနတဲ့ကေလးမေလး။ ဂါဝန္ပန္းေရာင္ကေလးဝတ္ထားၿပီး ဆံပင္ရွည္ရွည္ေကာက္ေကာက္ေလးေတြကို ႏွစ္ဖက္ခြဲစီးထားသည္။ လက္ထဲမွာလည္း ပူေဖာင္းကေလးတစ္လုံးကိုကိုင္ထားသည္။

"ဟင့္ ... ပါပါး !"

ဂ်ယ္ယြန္းလက္ေမာင္းကိုလာဖက္ကာ ေအာ္ငိုေနတဲ့ကေလးမေၾကာင့္ မလန့္သြားဘူးဆိုရင္ လိမ္ရာက်မည္။ ေဘးဘီကလူေတြေရာ ၊ ေစ်းသည္ေတြေရာ ၊ စုံတြဲေတြပါ ဂ်ယ္ယြန္းနဲ႔ ထိုကေလးမေလးကို ဝိုင္းၾကည့္လာသည္။

"ကေလးေလး ... ေဖေဖတို႔နဲ႔လူကြဲသြားလို႔လား ?"

"ဟင့္ ... ျဗဲ ... !"

ဂ်ယ္ယြန္းေမးတာလည္းမေျဖပဲ လက္ေမာင္းကိုပဲဖက္ကာ ငိုသည္။ လူေတြကလည္းဝိုင္းၾကည့္ကာ ခပ္တိုးတိုးေျပာေနၾကၿပီမို႔ ဂ်ယ္ယြန္းမွာ ဘာလုပ္လို႔လုပ္ရမွန္းမသိေတာ့ေပ။

"ခဏ ... ခဏေလး ... တိတ္ပါဦး"

ဂ်ယ္ယြန္းေျပာလိုက္ေသာ္လည္း ကေလးေလးကေတာ့ ေခါင္းတို႔သာခါယမ္းၿပီး ငိုေနဆဲ။

"ဟင့္ ... အင့္ !"

အနည္းငယ္ေလာက္ၾကာေတာ့ ငိုရတာေမာသြားသည္ထင္။ ရွိုက္သံေလးေတြသာ က်န္ခဲ့ၿပီး ငိုသံတို႔တိတ္သြားၿပီ။

"ကေလးေလး ... ဦးဦးကိုေျပာပါဦး"

ဂ်ယ္ယြန္းက ထိုကေလးမေလး ပခုံးကေနကိုင္ကာေမးေတာ့ ငိုမဲ့မဲ့ေလးျဖစ္လာသည္။

"ဟင့္ ... ဒယ္ဒီ !"

ဂ်ယ္ယြန္းကိုင္ထားတဲ့လက္တို႔ကိုဖယ္ၿပီး တံတားေပၚကျဖတ္သြားတဲ့ေကာင္ေလးတစ္ေယာက္ကို သြားဖက္သည္။

ေအာ္ ... လူကြဲတာျပန္ေတြ႕သြားလို႔လား ?

ဂ်ယ္ယြန္းစိတ္ခ်လက္ခ်နဲ႔တင္ ထလိုက္မသြားေတာ့ပဲ ထိုင္ေနရာကတင္အကဲခတ္ေနလိုက္သည္။

"ဟင့္ ... ဒယ္ဒီ !"

ေဆာင္းဟြန္းတစ္ေယာက္တည္းလမ္းေလၽွာက္လာရင္း ႐ုတ္တရက္အဖက္ခံလိုက္ရတာဆိုေတာ့လန့္သြားသည္။

"ဟင္ ?"

သူ႔လက္ကိုဖက္ၿပီး ငိုေနတဲ့ကေလးမေလးေၾကာင့္ အူေၾကာင္ေၾကာင္ေလးျဖစ္သြားသည္။

"ကေလးေလး ... ေမေမတို႔နဲ႔လူကြဲသြားတာလား ?"

ေဆာင္းဟြန္းေမးေတာ့ ကေလးမေလးကေခါင္းယမ္းသည္။

"ဟင့္ ... ဟုတ္ဘူး ! ဟိုမွာ ပါပါး !"

ငိုသံေလးနဲ႔ တံတားခုံတန္းရွည္ေပၚက လူကိုလက္ညႇိုးထိုးျပသည္။ ထို႔ေနာက္ ေဆာင္းဟြန္းလက္ကိုပါဆြဲၿပီး ခုံတန္းရွည္ေပၚကိုေခၚသြားသည္။

"ေဟ့ ! ဒီမွာ ! မင္းကေလးကိုမင္း ေသခ်ာထိန္းေလ !"

ဂ်ယ္ယြန္းဘလိုင္းႀကီးေဟာက္ခံလိုက္ရတာမို႔ နည္းနည္းေတာ့စိတ္အခ်ဥ္ေပါက္သြားရသည္။ ဒါဆို ဒီလူကေရာ ဒီကေလးေလးအေဖမဟုတ္ဘူးလား။

"က်စ္ ! ကိုယ္လည္းသူ႔အေဖမဟုတ္ဘူးကြ !"

"ဘာ !"

တစ္ဖက္ကေကာင္ေလးေျပာလာတာေၾကာင့္
ေဆာင္းဟြန္းပါလန့္ၿပီး ေအာ္မိသြားသည္။

"ဒယ္ဒီ ! ပါပါး !"

ကေလးေလးကအလယ္မွာထိုင္ေနသည္။ ဘယ္ဘက္မွာဂ်ယ္ယြန္းလက္ကိုဖက္ထားၿပီး ညာဘက္မွာေတာ့ ေဆာင္းဟြန္းလက္ကိုခ်ိတ္ထားသည္။ အလယ္ကေန ႏွစ္ေယာက္လုံးကိုေခၚတာ မ်က္ႏွာေလးေတြေမာ့ၾကည့္သည္။

ေဆာင္းဟြန္းကေတာ့ ဘယ္လိုမွကိုလိုက္မမွီေတာ့။
အိမ္ကေနထြက္လာတုန္းကအေကာင္း အခုေလးတင္
ဘလိုင္းႀကီး ကေလးတစ္ေယာက္အေဖျဖစ္သြားသလိုပင္။

"ေဟ့ ! မင္းတို႔ ! လုပ္စားမွာဆိုလည္း တစ္ျခားလူကိုသြားရွုပ္ၾကကြာ !"

ေဆာင္းဟြန္း ကေလးမေလးကိုတစ္လွည့္ ေဘးကေကာင္ေလးကိုတစ္လွည့္ၾကည့္ၿပီးေျပာလိုက္သည္။ ကေလးမေလးလည္းမ်က္ႏွာေလးမဲ့က်သြားသလို တစ္ဖက္ကေကာင္ေလးကလည္း ေဒါသထြက္လာသည္ထင္။

"မင္း !"

ဂ်ယ္ယြန္းေဒါသထြက္လို႔တစ္စစီလုပ္ပစ္ခ်င္ေနၿပီျဖစ္သည္။ သူလည္းပဲ ဒီေရာက္မွဒီလိုၾကဳံလိုက္ရတာကို အသားလြတ္ႀကီး ေစာ္ကားခံလိုက္ရသည္ေလ။

"ဒီမွာ ! ကိုယ္လည္းမင္းလို အခုမွၾကဳံရတာကြ !"

ေဆာင္းဟြန္းကို ခ်က္ခ်င္းျပန္ေျပာလာတဲ့စကားသံဟာ ဟန္ေဆာင္ေနတာမဟုတ္ေၾကာင္း သိသိသာသာပင္။

"က်စ္ !"

"ဟင့္ ! ပါပါးတို႔ကရန္မျဖစ္ၾကပါနဲ႔ !"

ၾကားထဲက ကေလးေလးကငိုမဲ့မဲ့ေလးနဲ႔ျဖစ္ကာ ေအာ္ငိုေတာ့ျပန္သည္။

"ဟင့္ ... ျဗဲ !"

ဒီေတာ့မွ ေဆာင္းဟြန္းေရာ ဂ်ယ္ယြန္းပါ မေနသာေတာ့ေပ။ ခ်စ္ေမႊးပါတဲ့ကေလးေလးျဖစ္ေနတာေၾကာင့္ျဖစ္မည္ထင္။

"အိုေက ! အိုေက ! ဦးဦးတို႔ရန္မျဖစ္ေတာ့ဘူးေနာ္ !"

"တိတ္ ! တိတ္ ! ကေလးေလး ! ဦးတို႔ရန္မျဖစ္ဘူးေနာ္ !"

ေဆာင္းဟြန္းေရာ ဂ်ယ္ယြန္းပါ ဝိုင္းေခ်ာ့ေတာ့မွ အငိုတိတ္သြားေတာ့သည္။

"သမီးက ဦးဦးေမးတာကို မငိုပဲေျဖရင္ ေရခဲမုန့္ဝယ္ေကၽြးမယ္ေလ ... ဘယ္လိုလဲ"

ေဆာင္းဟြန္းစိတ္ေျပာင္းေအာင္ေျပာလိုက္တဲ့စကားမွာ ကေလးမေလးမ်က္လုံးတို႔က လက္ကနဲ။

"စားမယ္မလား"

ဂ်ယ္ယြန္းကပါ ဝင္ၿပီးေမးလိုက္ေတာ့လည္း ခ်က္ခ်င္းပင္ ေခါင္းေလး တစ္ဆက္ဆက္ၿငိမ့္ျပလာသည္။

"ေျပာပါဦး ... သမီးက ဒီကိုဘယ္သူနဲ႔လာတာလဲ"

"ဟင့္ ... အေဒၚႀကီးနဲ႔"

ေဆာင္းဟြန္းေမးတာကိုေျဖေတာ့ ငိုသံေလးကနည္းနည္းပါလာသည္။ သို႔ေသာ္ျငား ေရခဲမုန့္ေကၽြးမည္ဆိုၿပီးေျပာထားတာမို႔ မ်က္ရည္တို႔ပါးျပင္ေပၚေရာက္မလာေအာင္ အံေလးႀကိတ္ထားၿပီး မ်က္လုံးတို႔ျပဴးထားေသးသည္။

"ဒါဆို သမီးေျပာတဲ့အဲ့အေဒၚႀကီးဘယ္မွာလဲ"

ဂ်ယ္ယြန္းထပ္ေမးလိုက္ေတာ့ ကေလးမေလးကဂါဝန္အိတ္ကပ္ေလးထဲက စာရြက္ကေလးေပးလာသည္။

ထို႔ေနာက္ေဆာင္းဟြန္းကထိုစာရြက္ေလးယူကာ ဖတ္
ၾကည့္ေတာ့ ႏွလုံးေဆးစစ္ခ်က္အေျဖတစ္ခုနဲ႔ ကေလးကိုစြန့္ပစ္သြားတဲ့စာပင္။ အရွုပ္အရွင္းကင္းတဲ့ကေလးျဖစ္ေၾကာင္းကိုလည္း ေမြးစာရင္းသက္ေသေတြနဲ႔ကိုေျပာထားေသးသည္။

ေဆာင္းဟြန္းစိတ္မေကာင္းျဖစ္သြားရသည္။ မေမြးနိုင္လည္းအစတည္းကမေမြးပါနဲ႔လား။ အခုေတာ့ ၾကားထဲက ေရာဂါလည္းရွိေနတဲ့ကေလးကို စိတ္ဒုကၡေရာက္ရေအာင္လို႔။ တကယ္လို႔ေမြးစားမယ့္သူမရွိရင္လည္း မိဘမဲ့ေဂဟာကိုဖုန္းဆက္ေပးဖို႔ေျပာထားခဲ့ေသးသည္။

ဂ်ယ္ယြန္းသိခ်င္စိတ္နဲ႔ ထိုလူ႔ဆီကစာရြက္ကိုယူၾကည့္ေတာ့ ဘာေျပာရမွန္းေတာင္မသိေတာ့ေပ။ ကေလးတစ္ေယာက္ကိုျပဳစုပ်ိဳးေထာင္ရတာမလြယ္ေၾကာင္းသိေပ
မယ့္ ဒီလိုမ်ိဳးလက္လြတ္စပယ္လုပ္ဖို႔ေတာ့မေကာင္းေပ။ ေနာက္ၿပီးပုံမွန္ကေလးဆိုလည္းထားလိုက္ေတာ့။

အခုဟာက ... က်စ္ ! ဂ်ယ္ယြန္းစိတ္ထဲ ေျပာျပလို႔မရတဲ့ခံစားခ်က္ကတိုးဝင္လာသည္။

ၾကားထဲကကေလးေလးကေတာ့ ေဆာင္းဟြန္းကိုေရာ
ဂ်ယ္ယြန္းကိုပါ မ်က္လုံးေတာက္ေတာက္ကေလးေတြနဲ႔ေမာ့ၾကည့္သည္။

"အေဒၚႀကီးကေျပာတယ္။ သမီးတူတူေနခ်င္တဲ့သူကိုေတြ႕ရင္ ဒီစာေလးကိုျပလိုက္တဲ့။ သမီးက ဒယ္ဒီရယ္
ပါပါးရယ္ ႏွစ္ေယာက္လုံးနဲ႔ အတူတူေနခ်င္တာ"

ဂ်ယ္ယြန္းနဲ႔ေဆာင္းဟြန္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ေနၾကတုန္းေျပာလာတဲ့ကေလးမေလးစကားက ႏွစ္ေယာက္လုံးကို မ်က္ရည္ဝဲသြားေစပါသည္။

//

Continue Reading

You'll Also Like

104K 18.1K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
80.3K 20K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
295K 25.5K 27
[Unicode] 21ရာစုကကောင်လေးတစ်ယောက် အရင်ခေတ်ကိုပြန်ရောက်သွားပြီး အချစ်ဆိုတဲ့အရာကိုရှာတွေ့ပီးနောက် XiaoZhan-ငါမင်းကိုအရမ်းချစ်မိနေပီ Yibo-ငါကတော့မင်းကို...
247K 12.3K 44
ျမင္​ ျမင္​ ခ်င္​း အခ်စ္​ဆိုတာ ကိုယ္​တိုင္​​ေတြမွာ ယုံတာ Xiao Zhan🐰🐰 မင္​းတို႔ အ​ေႂကြး ​ေတြ ျပန္​ဆပ္​ၿပီးရင္​ ကြာ႐ွင္​း ၾကမယ္​ ...