အပိုင်း (၂၁)
(ဇာတ်သိမ်း)
“မင်းမွေးပေးလိုက် မျိုးသက်။”
“ဟာ ဘာလို့မွေးပေးရမှာလဲ မင်းမွေးပေးလိုက်။”
“ဟ့ မင်းက မိန်းမလုပ်ရမှာလေ။”
“ဘာကွ။ မင်းမိန်းမလိုချင် မိန်းမယူလေ။ ငါက မိန်းမဘာလို့ လုပ်ရမှလဲ။”
“ဟိုဟာလေကွာ မင်းကလဲ ဟိုုဟာကိုပြောတာ။”
“ဟေ့ကောင် မင်းနော်။ မင်းဖာသာမွေးပေးလိုက်။”
“ဟား ဟား ဟား။”
စိမ့် မျိ်ုးသက်နဲ့ စိုင်းကို ကိုကြည့်ရင်း သဘောကျစွာ ရီလိုက်မိပါတော့တယ်။ တကယ် မတည့်အတူနေတွေ။ ချစ်လိုက်ကြတာလဲ တအားပဲ။ ရန်ကလဲ အမြဲဖြစ် တဲ့ သူတို့ နှစ်ယောက်စလုံးကို စိမ့် တကယ် ကြည်ဖြူစွာ သဘောတူတာပါ။ စိုင်းကို ကုတင်ပေါ်ကနေ ဆင်းကာ မျိုးသက် မေးစေ့လေးကို ကိုင်လိုက်ပြီး
“ကြည့်ပါဦး မျက်နှာလေးကို ရဲနေတာပဲ ချစ်ဖို့ကောင်းလိုက်တာ ငါ့ မိန်းမရာ။”
“ဟေ့ကောင် ငါထိုးမာနော်။”
မျိုးသက် စကားကြောင့် စိုင်းကို မျက်နှာကို မဲ့လိုက်ကာ စိမ့်ကို ကြည့်လိုက်ရင်း နှစ်ယောက်သား အားရပါးရ ရီလိုက်ကြပြန်ပါတော့တယ်။
“အေးအေး ရီနေ မင်းတို့လို မဖိုက်တက်ပေမယ့် အခုငါက အကောင်းကြီးနော်။ မင်းတို့က လူနာတွေ ကျတ်ကျတ်သတိထားကြ။”
မျိုးသက် စကားကြောင့် စိုင်းကိုက မျိုးသက်ခါးကို လက်ညှိုးနဲ့ ထိုးလိုက်ပါတော့တယ်။ အပေါ်ကနေ ပြုတ်ကျထားတဲ့ ဒဏ်ကြောင့် ခါးနာနေတာလေ မျိုးသက်လဲ။
“အား သေပါပြီ။ ငါ့ကို တကယ်လုပ်တယ်ကျန်း။ ငါက ပါးစပ်ကပြောတာကို။”
“ဟာ နာသွားလား စောတီး စောတီး ဖြေးဖြေးလေး ကိုကွာ မင်းကလဲ စောတီးပါနော်။”
“ဖယ် လာမကိုင်နဲ့။”
“နာသွားလားလို့ စောတီးပါနော်။ ငါတကယ် မနာဘူးထင်လို့ ဖြေးဖြေးလုပ်တာပါ။”
မျက်နှာ တစ်ဖက်ကို လှည့်သွားတဲ့ မျိုးသက်ကို စိုင်းကို အတင်းလိုက်ချော့နေပါတယ်။ စိမ့် ပြုံးနေရင်းက ထိုင်ရာက ထကာ အခန်းအပြင်ကို ထွက်ခဲ့လိုက်ပါ တယ်။ ပြီးတော့ ဆေးရုံအပေါ်ဆုံးထပ်မှာ ရှိတဲ့ လေသာဆောင် ပန်းခြံလေးစီ တက်ခဲ့လိုက်ပါတယ်။ သဘာဝရဲ့ လတ်ဆတ်တဲ့ လေကို ဝအောင်ရှုသွင်းလိုက် ပြီး ပြုံးလိုက်မိပါတယ်။ အဖြစ်သင့်ဆုံး ကိစ္စတစ်ခုကို စိမ့်ရွေးချယ် နီုင်ခဲ့ပြီလေ။
စိမ့်လို ဟိုမကျ ဒီမကျ ပုံစံနဲ့ လူတစ်ယောက်ထက်စာရင် ကိုစိုင်းနဲ့က ပိုပြီး သင့်တော်သလို သူတို့ အချင်းချင်းကလဲ တကယ်ကို ချစ်တယ် ဆိုတာ စိမ့် သိခဲ့ ပြီးပြီ။ စိမ့်ကို သူတို့ ပစ်ထားကြမှာ မဟုတ်တာလဲ သိတယ်။ ကိုချစ်တဲ့သူတွေ ချင်း ပေါင်းသင်းနေထိုင်သွားကြမယ် ဆိုရင် စိမ့်အနေနဲ့ ဘာလို့များ အလိုမရှိ ရမှာလဲ။ စိမ့်အတွက်တော့ နဂိုနေမြဲအတိုင်းပါပဲ။ ဘာမှ ထူးခြားသွားမှာ မဟုတ်ပါဘူး။
……………………………………..
“သက်ကိုဇော်။”
“ယိ။”
စိမ့် ဒီကလေးလေးကို ဘယ်လို ချစ်မှန်းမသိပါဘူး။ ခုလဲကြည့်ဦး သူ့နာမည် ခေါ်လိုက်တာနဲ့ ရှေ့က သဲအိတ်ကို လက်သီးနဲ့ ထိုးချလိုက်တာ စိမ့် ငယ်ငယ်က ပုံစံလေးကိုတောင် ပြေးမြင်မိပါတယ်။
“လာ နားဦး သားသား။”
“ဟုတ် တီစိမ့်။”
စိမ့် ဘေးမှာ လာပြီး ခြေပစ်လက်ပစ် ထိုင်ချလိုက်တဲ့ သားသားကို စိမ့် ရေဗူးလေး လှမ်းပေးလိုက်ရင်းက
“သားသားတောင် အတော် ထိုးတက်လာပြီ။”
“သားက ညဖက်ကျရင် ဂျက်ကီချန်းတို့ ဂျက်လီတို့ ကြည့်တယ်လေ တီစိမ့်ရ။ အကွက်တွေ မှတ်ထားတယ် နောက်မှ လေ့ကျင့်ရဦးမယ်။”
စိမ့် သဘောကျစွာ ရီလိုက်ရင်း
“အွန်း သားသား လေ့ကျင့်ပြီးရင် တီစိ်မ့်ကိုလဲ ပြန်သင်ပေးဦးနော်။”
“စိတ်ချ သား ကျွမ်းသွားရင် တီစိမ့်ကိုလဲ သင်ပေးမယ်။”
“ဟုတ်ပါပြီရှင် ကဲ နားပြီးရင် သားသား ကျောပိုးအိတ်သွားယူ အောက်မှာ သားဒယ်ဒီ ရောက်နေလောက်ပြီ သွားကြမယ်။”
“ဟုတ်ကဲ့။”
စိမ့် တို့ အဆောက်အဦးအောက်ကို ရောက်တော့ ကားပါကင်မှာ ရပ်ထားတဲ့ စိုင်းကို ကားစီကို လျှောက်သွားလိုက်ပါတော့တယ်။ ကားပေါ်တက်တော့ စိမ့်က နောက်ကနေ တက်ပြီး သားသားက ရှေ့ခန်းကို တက်လိုက်ပါတယ်။
ကားထဲမှာ စိုင်းကိုက မျိုးသက်နဲ့ VC ပြောနေတာမို့ စိမ့်လက်လှမ်းပြလိုက်ပါတယ်။
“ဟေး သားသား မောလာပြီလား။”
“မောပါဘူး ဖေဖေရ အေးဆေးပဲ သားက။”
“အေးအေး အစ်ကို့သားကိုပဲ မေးနေ စိမ့်ကိုကျ မမေးနဲ့။”
“ဟားဟား စိမ့်ကတော့လေ။”
“ကဲ အသက်ရေ ကိုကို ပြန်တော့မယ်။ ညကျမှ ပြန်ပြောမယ်နော်။”
“ဟုတ် ကို သားရေချိုးနောက်ကျမယ်နော်။ ဂရုစိုက်ဦး။”
“ဟုတ်ပါပြီဗျာ။ ဒီမှာ ဒီမှာ။”
စိုင်းကိုက ပါးကို လက်နဲ့ ထိုးပြတော့ မျိုးသက်မျက်မှောင်ကျုတ်လိုက်ရင်း
“ခများတော်တော်ကဲနေ ကလေး အရှေ့မှာ။”
“သားလေး ရေ မင်းဖေဖေကို အာဘွားပေးလိုက်ဦး။”
“သားကို ပေးချိန်မရဘူး။ ဒယ်ဒီပဲ အရှေ့ကနေ အတင်းပေးနေတာ။”
သားသားစကားကြောင့် သူတို့ ရီလိုက်မိကြပြန်ပါတော့တယ်။
“ကဲ ဗျာ သားအဖ နှစ်ယောက်စလုံး အာဘွား ပါဗျ။”
“အာဘွား အသက်။ အရမ်းချစ်တယ်။”
“အာဘွား ဖေဖေ။ အရမ်းချစ်တယ်။”
စိုင်းကိုလုပ်သလို လိုက်လုပ်တဲ့ သားသားကြောင့် သူတို့ ရီလိုက်ကြရပြန်ပါတယ်။ အခုဆို မျိုးသက် ဂျပန်ကနေ စာချုုုပ် ပြည့်လို့ ပြန်လာဖို့ ရက်ပိုင်း လေးသာ လိုပါတော့တယ်။ ဒီတစ်ခေါက်မျိုးသက် ပြန်မသွားခင်ကပဲ သားသားကို သူတို့ မွေးစားလိုက်ကြတာပါ။ သားသားက စိုင်းကို တပည့်တစ်ယောက် အဆက်အသွယ်နဲ့ နယ်က တိုင်းရင်းသားသွေးစပ် မိဘမဲ့လေး တစ်ယောက်ကို မွေးစားလိုက်တာပါ။ မွေးကာစက တစ်နှစ်သားပဲ ရှိသေးပေမယ့် အခု လေးနှစ် ကျော်လာပါပြီ။
သားသားကို သူတို့ သုံးယောက်စလုံးနာမည်ပါအောင် သက်ကိုဇော်လို့ နာမည်ပေးခဲ့တာလေ။ စိမ့်ကတော့ ဆိုင်ဖွင့်ပြီး ညနေပိုင်းဆို သားသားနဲ့ လေ့ကျင့်ခန်း လုပ်တယ်။ ညပိုင်းဆို သားသားကို စာသင်ပေးတယ်။ အိပ်တော့ သားသားက စိုင်းကိုနဲ့ပဲ အိပ်တယ်။ မျိုးသက်ပြန်လာရင်တော့ သူတို့ သုံးယောက် အိပ်ကြမှာပေါ့။ စိမ့်ကတော့ နဂိုအိမ်လေးမှာပဲ နေပါတယ်။ ဘာမှမပြောင်းလဲသွားပါဘူး။ အချိန်တွေ ကုန်သွားတာကလွဲလို့ပေါ့။
ပြီးပါပြီ။
(10:55 AM, 8.12.21)
အားလုံးကို လေးစားချစ်ခင် ကျေးဇူးတင်လျက်။
ကိုကိုလေး။