ကံ့ကော် (mesua ferrea)

By EthanEain

27.9K 1.5K 47

ကံကော်ပန်းတွေကို မြတ်နိုးတတ်တဲ့ အမျိုးသမီးကိုမှ ချစ်မိသွားပြီထင်ပါရဲ့... တီချယ်က ကျနော့်နတ်သမီးလေးပါ 'ဒေါ် အိ... More

ကံကော်(mesua ferrea)part-1
ကံကော်(mesua ferrea)part-2
ကံကော်(mesua ferrea)part-3
ကံကော်(mesua ferrea)part-4
ကံကော်(mesua ferrea)part-5
ကံ့ကော်(mesua ferrea) part-7
ကံ့ကော်(mesua ferrea) part-8
Chracter မိတ်ဆက်
ကံ့ကော်(mesua ferrea)part-9
ကံ့ကော်(mesua ferrea)part-10
ကံ့ကော် (mesua ferrea)part-11
ကံ့ကော်(mesua ferrea)part-12(Final)
Hi!
extra

ကံကော်(mesua ferrea)part-6

1.5K 101 4
By EthanEain

'ရှိုင်းရေ....ထတော့...'

'.......'

'ရှိုင်းထက်အိမ်....'

'ထပြီမာမီ..ထပြီ'

'တနေ့ တနေ့ နင့်နှိုးရတာလည်း ငါလိပ်ခေါင်းထွက်တော့မယ်သိလား'

'မာမီကလည်း...မနှိုးရတာ ဘယ်နှပတ်ရှိပြီလည်း...အခုမှ တစ်ရက်လေးနှိုးရတာကို ညကအိပ်တာနောက်ကျသွားလို့ပါဗျ'

'အေး အေး ညကြရင် အပေါ်တတ်တတ်ပြီး သီချင်းတွေဆိုနေသိလား ငါ့ကို ဘယ်နေ့ ရက်ကွက်လူကြီး လာပြောမလဲမသိဘူး'

'ပြောပေါ့ မာမီကလည်း ကိုယ့်အိမ်ကိုဆိုနေတာ သူ့အိမ်ရှေ့သွားပြီး သူ့သမီးသွားပိုးနေတာလည်း မဟုတ်ဘူး'

'အေး ဟေ့ မပြောတော့ဘူး နင့်ကိုနိုင်အောင်ငါမပြောနိုင်ဘူးဟေ့ သွား ရေသွားချိုးတော့ ​ငါအလုပ်သွားပြီ ကျောင်းသွားရင် တံခါး သေချာပိတ်သွား'

'ကောင်းပါပြီ ကောင်မလေးရေ'တခါတရံ ရှိုင်းသည် အမေဖြစ်သူအား စနောက်ပြီးခေါ်တတ်သေးသည်။

ရေချိုးပြီးနောက် ပြင်ဆင်ကာ ကျောင်းသွားလိုက်သည်။

ယနေ့မှာ 8.11.22 အင်္ဂါနေ့ပင်။

bioတွဲဖြစ်သဖြင့် တပတ်လုံးတွင် သမိုင်း၁ချိန် ပထဝီ၁ချိန် ဘောဂ၁ချိန်သာသင်ရသည်။ ထိုသုံးဘာသာပေါင်းကို လူမှုရေးသိပ္ပံဟုလည်းခေါ်သည်။

ယနေ့မှာ သမိုင်းချိန်ပါသည်။ ညကအိပ်ရေးပျက်ထားတာကြောင့် ရှိုက်းအလွန်ပင်ငိုက်နေသည်။ ရှိုင်းတို့အုပ်စုမှာ ခုံတန်း နှစ်တန်းကို ဟိုလှည့်သည်လှည့်နှင့်ထိုင်ကြသည်။ နေရာ အတိအကျရယ်လို့မရှိ။ ယနေ့မှာ အဆု မိကျော် နှင့် သဒ္ဓါလေး တို့မှာ တစ်ခုံထိုင်ကြပြီး ရှိုင်း ရွှေစင် နှင့် ခြူးတို့မှာ တစ်ခုံထိုင်ကြသည်။ နောက်ဆုံးတန်းဖြစ်သဖြင့် လွပ်လပ်ရေး ရနေကြသော ရှိုင်းတို့ သုံးယောက်မှာ သမိုင်းချိန်တွင် စာအုပ်ထောင်ပြီး အိပ်ကြလေသည်။

သို့သော် စာသင်ချိန်ကုန်ခါနီး၁၅မိနစ်အလိုတွင် သမိုင်းဆရာမက တွေ့သွားလေသည်။

'ဟို နောက်ဆုံးတန်းက နှစ်ယောက် ဘာလို့အိပ်နေတာလဲ ထကြစမ်း သမိုင်းသင်နေတာ ပုံပြင်ပြောပြနေတာ မဟုတ်ဘူး ခုချက်ချင်းထ'

အော်သံ မဟုတ်သော်ညားလည်း အသံအေးအေးဖြင့် ပြောနေသည်မှာ အလွန်ပင်ကြောက်စရာကောင်းလှသည်။ အေးတိအေးစက် အပြုံးတို့ဖြင့်ပြောနေသော သမိုင်းဆရာမ၏ပုံစံမှာ ကြောက်စရာအတိပင်။

ရှိုင်းလည်း လန့်ဖျတ်ပြီး အလျင်အမြန်ထကာ

'တောင်းပန်ပါတယ် ဆရာမ ညက အိပ်တာနောက်ကျသွားလို့ပါ။'

'သမီးလည်း တောင်းပန်ပါတယ်ဆရာမ'

'အေး...နောက်ခါမဖြစ်စေနဲ့ အခုတော့ထိုင်ကြ နောက်ခါ ထပ်အိပ်လို့ကတော့ အခန်းပြင်ထုတ်ခံရမယ်မှတ်'

'.....'

'ကြားလား....'ဟုအော်လိုက်ရာ ရှိုင်းမှ

'ကြားပါတယ် ဆရာမ'

'ထိုင်'

'တော်တော် ဇီဇာကြောင်တဲ့ အပျိုကြီး အဲ့ သူရသီရိကျော်စွာကြီးက သူများတကာ အိပ်နေတာကို ဘာမှန်းလည်းမသိဘူး'သမိုင်းဆရာမထွက်သွားပြီးမှ ရှိုင်းမကျေမနပ် ဟန်ဖြင့်ပြောလိုက်သည်။

'တော်ပြီ နင်ကလည်း အိပ်သေးတယ် ဆရာမကိုလည်း အပစ်ပြောသေးတယ် ငရဲကြီးမယ် ရှိုင်းစုတ် အခုအဝတ်သွားလဲမယ် ထ'

'ဟုတ်ကဲ့ပါ ခင်ဗျ'

အိမ်သာသို့ အရောက် အင်္ကျီလဲပြီး အပြင်သို့ထွက်လာချိန် တွေ့မြင်လိုက်ရသော မျက်ဝန်းတစ်စုံ သိပ်...ကိုလှရက်တယ်ဗျာ။ အခြားသူမဟုတ် ရှိုင်း၏ တစ်ဦးတည်းသော တီချယ်ပင် Bခန်းအတန်းပိုင်နှင့် အတူ အိမ်သာလာပုံရသည်။

ထိုစဥ်Bခန်းမှ ကောင်မလေးမှ သူတို့အခန်းက ကောင်မလေး တယောက်အား စနောက်ကာ သူတို့ အတန်းပိုင်ကို တိုင်ပြောနေသည်။

'ဆရာမ သူလေ ညက ဖုန်းတွေဘဲသုံးနေတယ်သိလား အချိန်ပြည့်လိုင်းပေါ်မှာကြီးဘဲ'

'ဟုလား အေးအေး တွေ့မယ်'ဟု Bခန်း အတန်းပိုင် ဆရာမမှ ပြောကာ အိမ်သာသို့ဝင်သွားသည်။

ထိုအချိန်တွင် တီချယ်မှ တခုခု သရိသွားဟန်ဖြင့် ရှိုင်းကို ကြည့်ကာ

'အချိန်ပြည့်လိုင်းပေါ် မှာကြီးဘဲ စာမလုပ်ဘူးလား ရှိုင်းထက်အိမ်' ဟုပြောလေသည်။

'ကျနော် စာလုပ်ပြီးမှလိုင်းတတ်ပြီး တီချယ်နဲ့ စကားပြောတာပါဗျ တကယ်ပါ။'အကြောင်းမှာ အခုနောက်ပိုင်း ရှိုင်းနှင့် တီချယ် ည12နာရီကျော်သည် အထိ tele ထဲတွင် စကားလေ့ရှိကြသည်။ ထို့ကြောင့်ပင်။

'ပြီးရော ယုံလိုက်မယ်'ပြုံးကာပြောပြီး အိမ်သာထဲဝင်သွားသည်။

ရှိုင်းလည်း ပြုံးပြုံးကြီးကျန်ခဲ့လေသည်။ ထို့နောက် အိမ်သာရှေ့ရှိ ဘေစင်တွင် မျက်နှာသစ်လေသည်။ ယနေ့ ကူရှင်ချိန်မှာ တီချယ့်အချိန့်ဖစ်၍ အိပ်ငိုက်မည်စိုး၍ ဖြစ်သည်။
ထို့နောက် မျက်နှာကို tissue ဖြင့်သုတ်ကာ အတန်းထဲသို့ပြန်လာခဲ့သည်။

ရှိုင်းမှာ မနက်ကတည်းက နှာစီးနေသဖြင့် နှာခေါင်းတရှုံ့ရှုံ့ဖြစ်နေသည့်အပြင် နေပူထဲတွင် မျက်နှာသစ်လိုက်ခြင်းကြောင့် ပိုမိုဆိုးရွားလာခဲ့သည်။ ရှိုင်းမှာ အလွန်ပင် နှာ​စေးလွယ်သောသူတစ်ယောက်ဖြစ်သည်။ တစ်နှစ်လုံး နှာမစေးသည့်လမှာ ခပ်ရှားရှားပင်။

physicsချိန်ဖြစ်၍ ဆရာမမှ စာရှင်းနေသည်။ physicsဆရာမသည် စာရှင်းလျှင် သူကိုယ်တိုင် ဘာသာမပြန် တပည့်များကို ပြန်ခိုင်းသည်။ ထို့အပြင် သူ့အချိန် စကားပြောလျှင် ဘာမှမလုပ် လွှတ်ပေးထားတတ်သည်။ စာလိုက်နားထောင်သူတို့နားမှာ တွင်သာနေလေ့ရှိသည်။ စာလိုက်နားထောင်သည်မှာ ရှိုင်းတို့အဖွဲ့နှင့် အခန်းထဲမှ နှစ်ယောက် သုံးယောက်သာရှိသည်။ ကျန်သူများမှာ လွတ်လပ်ရေးရနေသလိုပင်။

တောင် တောင် တောင်

ကျောင်းဆင်းပြီ။ သို့သော် physicsဆရာမမှ မလွှတ်သေး သူရှင်းနေသည့် စာပိုဒ်ပြီးအောင်ရှင်းလေသည်။ တခန်းလုံး အကုန်စာအုပ်သိမ်းပြီး၍ အိမ်ပြန်ရန် ဖင်တကျွကျွနှင့်ပင်။ အခြား အတန်းများမှာ ဆင်းသွားလို့ အိမ်ရောက်လောက်ပြီ ရှိုင်းတို့မှာ မဆင်းရသေး။ ကျောင်းဆင်းပြီး ၁၀မိနစ်လောက်ကြာမှ ဆင်းပေးသည်။ တခန်းလုံး အပြေးအလွှားဆင်းကြလေသည်။

ရှိုင်းမှာ အခန်းရှေ့တွင် တီချယ့်ကို တွေ့သဖြင့် တီချယ့် အိတ်ကို သယ်ပေးလိုက်သည်။ ထို့နောက် ကျူရှင်သို့ သူငယ်ချင်းများနှင့်လာလိုက်သည်။

ကျူရှင်တွင် Cheဆရာမမရောက်သေးသဖြင့် စကားတပြောပြောနှင့်စောင့်နေကြသည်။ တီချယ်အချိန်မှာ ဒုတိယအချိန် ဖြစ်သဖြင့် ကျူရှင်တွင် ထိုင်စောင့်နေလေသည်။

ရှိုင်းမှာ အခုချိန်ထိ နှာတရှုံ့ရှုံ့နှင့်ပင်။ ရှိုင်းဘေးတွင်လည်း ပန်ကာရှိနေသဖြင့် ပိုဆိုးသည်။ သူငယ်ချင်းများမှာ ပူနေသဖြင့် ရှိုင်းမပိတ်ချင်။
ထိုအချိန် တီချယ်မှ

'ရှိူင်းထက်အိမ် နှာစေးနေတာလား' စိတ်ပူဟန်ဖြင့်ပြောလိုက်သည်။

'ဗျာ..ဟုတ်'

'စီထရင်းသောက်လိုက်လေ ပန်ကာလေကြီးမခံနဲ့လေ'

'ဟုတ်..အိမ်ရောက်မှဘဲ သောက်လိုက်တော့မယ် ပန်ကာက သူတို့တွေ ပူနေလို့ မပိတ်တာ'

'ရတယ် ရှိုင်း နင်နှာစေးနေရင် ပိတ်လိုက်လေ ငါတို့လည်း ချွေးတိတ်နေပါပြီ'

'အော် အေး အေး အာ့ဆို ငါပိတ်လိုက်မယ်နော်

'အေး အေး'

ရှိုင်းအတွက် ထိုနေ့ညသည်လည်း တခြားညတွေလိုပင် အိပ်မပျော်။ သို့သော် ထိုနေ့ညတွင် အိပ်မပျော်သည်မှာ ရှိုင်းတစ်ယောက်တည်းပင်မဟုတ်။

ဒေါ်အိန္ဒြေဇင်သန့်မှာလည်း အိပ်ရာပေါ်သို့ ရောက်ပြီး အိပ်မည် ကြံသော်လည်း အိပ်လို့မရ။ ထိုကလေးကိုသာ စိတ်ပူနေမိတော့သည်။

*အဲ့ကလေးမလေး ဆေးရောသောက်ရဲ့လား မသိဘူး။ မေးကြည့်ရအောင်လည်း လိုင်းကမတတ်။ ဖုန်းဆက်လိုက်ရင်ကောင်းမလား။ မဖြစ်သေးပါဘူး အိပ်နေရင် ဒုက္ခ။ ဖျားနေလို့မှား လိုင်းမတတ်တာလား။*

ရှိုင်းမှာ အိမ်စာများသဖြင့် လိုင်းမတတ်ရသေး။ထိုအိမ်စာများသာထိုက်လုပ်နေသည်။ ထို့နောက် အိမ်စာများပြီး၍ လိုင်းတတ်သော အခါ တီချယ်မှာလည်း လိုင်းတတ်နေသည်။

တဖက်တွင်လည်း ဒေါ်အိန္ဒြေဇင်သန့် ဖုန်းဖွင့်ကြည့်လိုက်ချိန်တွင် ထိုကလေးလိုင်း တတ်ချေပြီ။ သူမဘက်မှ စ၍ စာပို့လိုက်သည်။

'ရှိုင်းထက်အိမ် ဆေးသောက်ပြီးပြီလား'

'ဟုတ် သောက်ပြီးပြီ တီချယ်'

'တညနေလုံး လိုင်းမတတ်သေးတော့ ဖျားများဖျားပြီလားလို့'

'မဖျားပါဘူးဗျ..ဒီနေ့ အိမ်စာတွေများလို့ ခုနကမှပြီးတာ'

'အော်
ဒါနဲ့ grammarတွေ အိမ်စာပေးလိုက်တာ ရေးပြီးပြီလား'

'အဲ့တာကို အရင်ဦးဆုံးရေးပြီးမှ ကျန်တဲ့ဘာသာတွေကို ရေးတာ'

'အော် အေး အေး
ညဥ့်နက်နေပြီ အိပ်တော့လေ'

ရှိုင်းအချိန်ကို ကြည့်လိုက်တော့ ၁၂နာရီပင်ထိုးနေလေပြီ။

'ဟုတ်ကဲ့ အာ့ဆို အိပ်တော့မယ်နော်'

'အင်း
Goodnight😘😘😘'

ရှိုင်းမှ love reactလေးပြန်ပေးလိုက်ပြီး

'Goidnight😘😘😘 ပါတီချယ်'

တီချယ့်ဘက်မှလည်း love react လေးပြန်ပေးလေသည်။

ထို့နောက်နှစ်ယောက်စလုံး အိမ်မက်ထဲတွင် တွေ့ဆုံရန် chatထဲမှထွက်ခွာခဲ့ကြလေသည်။

__________

မupတာကြာလို့ upပေးလိုက်တယ်နော်😍 ကျနော်မအားလို့ မupဖြစ်တာပါဗျ😁 ficထဲက အကြောင်းအရာတွေက 100%မှာ 90%လောက်က စိတ်ကူးယဥ်ရေးသားထားတွေပါ🤗 မည်သူ တစ်ဦး တစ်ယောက်ကိုမှ ထိခိုက်လိုစိတ်မရှိပါ❌❌❌

Continue Reading

You'll Also Like

2.2M 132K 45
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
376K 14.8K 73
ဦးနှောက်နဲ့တွက်ချက်ပြီးလုပ်ရတဲ့ စီးပွားရေး တွေမှာ တို့ကအောင်မြင်​ပေမဲ့ အချစ်ရေးမှာနှလုံးသားတစ်ခုကို ရှေ့တန်းတင်ပြီး ဦးနှောက်နဲ့ မဆုံးဖြတ်ခဲ့မိတော့...
15.7K 1.3K 8
မြဲမယ်ထင်တဲ့လက်ကိုတို့တွဲခဲ့တာမဟုတ်ဘူး တွဲမဲ့လက်ကလေးကိုပဲ တို့ မြဲစေချင်တာ ပြီးတော့တို့တွဲချင်တာကလဲ မင်းရဲ့လက်ကိုပဲ
40.6K 4.5K 33
သေရေးရှင်ရေးကြားမှာတောင် လူတွေက ဘာလို့ ချစ်ကြသလဲဆိုတာ ရီရီ့ ကို တွေ့တဲ့အခါ နားလည်သွားပါတယ် ။ ရီရီ ဟာ ဒီနွေ ရဲ့ လေ​ပြည်အေးလေး ဖြစ်ပြီး တစ်စုံတစ်ယောက်...