ကျွန်တော့်ထံပါးဝယ်(Complete)
By ThinThinSuHlaing0
173K 6.1K 116
လူငယ် BL Fiction စာရေးဆရာလေး ပြည့်စုံစွမ်းနှင့် ဟိုတယ် ပိုင်ရှင်ကြီး ဦးတေဇာစည်သူ တို့၏ အချစ်ဇာတ်လမ်း၌ ပြည့်စု... More
part 01
part 02
part 03
part 04
part 05
part 06
part 07
part 08
part 09
part 10
part 11
part 12
part 13
part 14
part 15
part 16
part 17
part 18
part 19
part 20
part 21
part 22
part 23
part 24
part (25) Complete
12K 274 9
By ThinThinSuHlaing0
ကျတော့်ထံပါးဝယ်(BL Fiction)
အပိုင်း(၂၅)ဇာတ်သိမ်းပိုင်း
ကျတော်နှင့် အမေ တို့ နေခဲ့ဖူးသည့် ခြံလေးကို ပြန်ပြီး အလှဆင်နေသည့် နေ့ဖြစ်သည်။
ကျတော်တို့၏ တစ်ထပ်တိုက်အိမ်ကလေးကိုလည်း ဆေးအသစ်သုတ်တာ၊အခန်းဖွဲ့တွေ ပြန်ပြင်တာ ၊လိုအပ်သည့် စားပွဲရှည်များ ၊ထိုင်ခုံများ ၊နောက်ခံအလှဆင်ယင်မှုများ ကိုပါ ထပ်ထည့်သည်။
ကိုယ်တိုင်လုပ်စရာ မလိုအပ်ပဲ အိမ်အလှဆင်သည့် ကုမ္ပဏီက လာပြီး လုပ်ပေးတာပေမယ့် အမေက သူတို့ အလုပ်လုပ်တာကို ကြည့်ချင်တာရော၊အဖေနှင့် အတူနေထိုင်ခဲ့သည့် သယ့အိမ်ကလေးကို ပြန်လွမ်းလို့ရော ခြံထဲက ခုံဝိုင်းလေးမှာ ထိုင်ရင်း ငေးမောနေလေသည်။
"သင်တန်းဆရာမကြီး ဘယ်လိုလဲ ပျော်ရဲ့လားဟင်"?
ကျတော်က စစ၊နောက်နောက်နှင့် အမေ့ကို သင်တန်းဆရာမကြီးဟု ခေါ်ကာ ပျော်ရဲ့လား?လို့ မေးပေမယ့် သိပ်ပြီးပျော်ဟန်တော့ မပေါက်ပေ။
အေးလေ ဒီလို အချိန်မျိုးမှာ အဖေ့ကို သူ့အနား ရှိနေစေ့ချင်မှာပေါ့။လွမ်းနေမှာပေါ့။
အကြာကြီး အတူတူ ရှိနေကြရအောင်ဆိုပြီး မိသားစုဘဝလေး ထူထောင်ခဲ့ပေမယ့် ကျတော့်ကို မွေးပြီး သိပ်မကြာခင်မှာပင် အဖေက ဆုံးပါးသွားခဲ့သည်လေ။
သူတယောက်တည်း ခွန်အားလေးနှင့် ကျတော့်ကို ပျိုးထောင်ပေးခဲ့ရှာတာမို့ ကျတော်သည်သာ သူ့ဘဝကြီး အဖြစ်ပြောင်းလဲမျှော်လင့်ခဲ့တာလည်း အဆိုးမဆိုသာ။
အခုတော့ အမေ့ဘဝကြီးက အရင်လို အိမ်ထဲမှာ ချက်ပြုတ်လျှော်ဖွပ်ရတာမျိုးမဟုတ်တော့ပဲ ရိုးရာ မုန့်သင်တန်းကျောင်းလေးကိုပင် ဖွင့်တော့မည်လေ။
ဟုတ်သည်။အခု ကျတော်တို့ ခြံလေးနှင့် အိမ်လေးကို ပြင်ဆင်နေတာ သင်တန်းကျောင်း ဖွင့်ရန်အတွက်ပင် ဖြစ်သည်။
ငေးမောနေရာကနေ ခဏကြာတော့ မျက်နှာလေး ပြန်ပြီးကြည်လာသည်။သွေးအရောင်လေးလည်း လွှမ်းလာလေသည်။
"ပျော်တာပေါ့ သားရယ်။အမေ ငါ့သားကျောင်းမပြီးခင်ကဆို ဘာတွေ လုပ်ခဲ့ရလဲ သားအသိဆုံးပါ၊သားလေး ကျောင်းပြီးတော့ မှ အဲ့ဒီလို အလုပ်တွေ မလုပ်ရတော့တာပဲလေ။အခုလို အခြေအနေအထိ ဖြစ်လာလိမ့်မယ်လို့ အမေဖြင့် အိမ်မက်တောင် မမက်ဖူးဘူး"
ကျတော် သိတာပေါ့။ပြန်မတွေးချင်လို့ မေ့ထားပစ်လိုက်ပေမယ့် အဲ့ဒီအချိန်တွေကို တကယ်ဖြတ်သန်းခဲ့ကြရတာပါ။
အမေ သူများအိမ်မှာ ထမင်းဟင်းသွားချက်၊အဝတ်တွေ သွားလျှော်ချိန်မျိုးဆို ကျတော့်မှာ ကျောင်းမသွားခင် ကိုယ့်ဘာသာကို ကြက်ဥလေးတလုံးကြော်ပြီး အမေ့အတွက် တခြမ်းချန်ကာ တခြမ်းနှင့် စားပြီး ကျောင်းကို သွားခဲ့ရသည်။
နေ့လယ်ဆို ထမင်းဘူး မပါတာကြောင့်
ဟိုလိုလို၊ဒီလိုလို အချိန်ဖြုန်းကာ နေခဲ့ရသည်။ညနေဆို သူများအိမ်မှာ အမေ့ကို သွားကြိုပြီး သားအမိနှစ်ယောက် လမ်းလျှောက်ကာ အိမ်ကို အတူပြန်ခဲ့ကြရသည်။
အတိတ်ကိုတွေးတောရင်း ကျတော် အမေ့ကို ဖက်ပြီး မျက်ရည်ကျမိသည်။
အမေက လည်း မျက်ရည်အဝဲသားနှင့် ကျတော့် လက်ကောက်ဝတ်လေးကို ပုတ်၊ပုတ်ပြီး နှစ်သိမ့်ပေးသည်။
"အမေ့ကို နောက်ထပ် ဘယ်တော့နှ အဲ့ဒီလိုဘဝကို ပြန်မရောက်စေရဘူး။သား အာမခံတယ်နော် အမေ"
ကျတော့် ဗလုံးဗထွေး စကားတို့ကြောင့် အမေကမျက်ရည်တွေ ကြားက ပြုံးသွားသည်။
"အခုတော့ သားလည်း စာရေးနေတာအတော်ခရီးရောက်သလို၊စာပြနေတာလည်း အဆင်ပြေနေပြီပဲ။အမေက နောက်တခါ အဲ့ဒီဘဝကို ထပ်ရောက်စရာ အကြောင်းမရှိတော့ဘူး။
အမေ ကိုယ်တိုင်လည်း အများကြီးမဟုတ်တောင် ငွေရှာနိုင်နေပြီလေ"
အမေ့စကားကြောင့် ကျတော်လည်း မျက်ရည်တွေကြားက ပြုံးနိုင်သွားရသည်။
"မောင်တေဇာစည်သူက လိုက်လာချင်ရှာတာ၊သူ့ သစ်တော လေး ပျိုးထောင်နေတာ အလုပ်များတာ ကြောင့် လိုက်မလာနိုင်ရှာတာ"
အမေ့စကားကြောင့် ကျတော် ဦးလေးကြီးကို သတိရပြီးလွမ်းသွားရသည်။
ဟုတ်သည်။ဦးလေးကြီးက လိုက်လာပြီး ကြည့်ချင်ရှာသည်။အလုပ်အရမ်းများနေတာနှင့် တိုက်ဆိုင်သွားတာကြောင့် သူ့မှာ လိုက်မလာခဲ့ရချေ။
"မောင်တေဇာစည်သူက လူကောင်းလေးပါ သားရယ်။အစကတော့ အမေ သူ့အသိုင်းအဝိုင်းကြောင့် သားကို စိတ်မချပေမယ့် အခုတော့ သားကိုသူနဲ့ စိတ်ချတယ်"
အမေ့စကားကြောင့် ကျတော်ပျော်ရွှင်မြူးတူးသွားရသည်။မေးထောက်ကာ အမေ့ကို ပြုံးပြုံးကြီး ငေးကြည့်နေမိသည်။
"သားကတော့ သိချင်မှာပဲ အမေက ဘာကြောင့်များ စိတ်ပြောင်းသွားရသလဲဆိုပြီးတော့လေ။"
"သိချင်တာပေါ့ အမေရဲ့"
"မောင်တေဇာစည်သူကလေ သားအပေါ်မှာတင် ကောင်းပေးတာ မဟုတ်ပဲ အမေ့ကိုလည်း လမ်းကောင်းကို ညွှန်ပြပေးတယ်။သူကိုယ်တိုင်ကို စေတနာအပြည့်နဲ့ သင်တန်းအပ်ပေးတဲ့ အပြင် ဟောအခု သင်တန်းကျောင်းလေး လုပ်ဖို့တောင် သူကိုယ်တိုင် စုံစမ်းပေးတာ၊ငွေထုတ်ပေးတာ အကုန်စီမံပေးတာနော်"
"ဪ အဲ့ဒါကြောင့်လား"?
"အဲ့ဒါကြောင့်ချည်းပဲ မဟုတ်ပါဘူး သားရယ် မုန့်သင်တန်းတက်တုန်းက သိခဲ့တဲ့ မိတ်ဆွေတယောက်ကပြောတာ ကြားလိုက်ရတော့ အမေလေ အလင်းပွင့်သွားသလိုပဲ အမေ့အတွေးတွေ ပြောင်းသွားရော သားရေ"
"ဟုတ်လား အမေ့မိတ်ဆွေက ဘာပြောခဲ့တာတဲ့လဲ?"
"ကိုယ့်သားသမီး က လက်တွဲဖော်တွေ့သွားရင် ကိုယ့်သားသမီးကို ပေးလိုက်ရတယ်လို့ မတွေးပဲနဲ့ နောက်ထပ်သားသမီးတယောက်တိုးရလာတယ်လို့ တွေးတဲ့လေ"
အမေ့စကားကြောင့် ကျတော် ပြုံးလိုက်မိသည်။
အမေကတော့ ဆက်ပြောပါသည်။
"ဘယ်လောက်ချစ်စရာကောင်းတဲ့ အတွေးလေးလည်းနော်သား"
"ဟုတ်ကဲ့"
ကျတော် အမေ့ခါးကိုဖက်ကာ အမေ့နောက်ကျောပြင်လေးကို မှီနေလိုက်မိသည်။
ဦးလေးကြီးရေ လွမ်းလိုက်တာဗျာ။
.............
ကျတော် ပြန်ရောက်လာတော့ ခြံထဲမှာ ထမင်းဝိုင်းပြင်ကာ ကျတော့်အလာကို စောင့်ဆိုင်းနေသည့် နေကြာပန်းလုံးလေးကို မြင်လိုက်ရလေသည်။
နို့စိမ်းရောင် ဆွယ်တာလေးနှင့် ဂျင်းဘောင်းဘီလေးကို ခပ်ရိုးရိုးလေး ဝတ်ထားသည့် နေကြာပန်းလေးက ရိုးရိုးလေးနှင့် တောက်ပနေလေသည်။
"အမေနဲ့ မောင်ကောင်းရောဟင်"?
စားပွဲဝိုင်းမှာ ဝင်ထိုင်ပြီး တော့ ကျတော်မေးလိုက်သည်။
"ကို့ ကိုမစောင့်နိုင်တော့လေ။စားပြီးသွားကြပြီ။အခု မီးဖိုထဲမှာ မနက်ကျသင်တန်းမှာ ပြရမယ့် မုန့်တွေကို လေ့ကျင့်နေကြတယ်"
အမေက သူတယောက်တည်းတော့ မဖြစ်ဘူးဆိုပြီးတော့ အကိုကောင်းကိုပါ လခနှင့် အလုပ်ပေးကာ ဆွဲခေါ်သွားတော့သည်။
ရှေ့လျှောက်တော်ရုံ အလုပ်တွေကိုဆို ကျတော်ကပါ ကူလုပ်ပေးရမည်ဟုတွေးမိသည်။
အခုတော့ ကျတော် အကိုကောင်းနှင့် ဦးလေးကြီးကို သိပ်ပြီးသဝန်မတိုမိတော့သလို အမေနှင့် အကိုကောင်းတို့လည်း သင့်မြတ်နေကြတာကြောင့် နောက်ဆံမတင်းရတော့ချေ။စိတ်လည်း ချမ်းသာမိသည်။
"အခုစားရမှာလားဟင်?
ကိုရေချိုးလို့ မရတော့ဘူးလား?"
"မရတော့ဘူး။ကျတော် အရမ်းဗိုက်ဆာနေပြီ။စားပြီး အိပ်ခါနီးမှ ရေချိုးတော့"
"ဟုတ်ပါပြီ။ဟုတ်ပါပြီ။
စားပါတော့မယ်ခင်ဗျ"
ဦးလေးကြီးက သူ့အပေါ် ကုတ်အင်္ကျီကိုချွတ်လိုက်ပြီး ကျတော်နှင့်အတူတူ ထမင်းစားဖို့ ပြင်တော့သည်။
အခုမှပင်ကျတော်လည်း ပြုံးနိုင်လာရကာ ဦးလေးကြီး၏ ထမင်းပန်းကန်ထဲသို့ ဟင်းတွေကော်ထည့်ပေးလိုက်သည်။
.......
အိပ်ခါနီး ဦးလေးကြီးက ရေချိုးနေလေပြီ။အမေနှင့် အကိုကောင်းတို့က မီးဖိုထဲမှာ မုန့်လုပ်နေကြတာ ခုထိ မပြီးကြသေးပေ။
ကျတော်က ညနေကတည်းက အဝတ်အစားတွေ ထုတ်ပေးထားပြီးပြီမို့ အောက်ထပ်က ဧည့်ခန်းထဲမှာပဲ တီဗွီကြည့်နေမိသည်။
ခဏကြာတော့ ညဝတ်အင်္ကျီ ငွေမင်ရောင်ကြီးနှင့် ဦးလေးကြီးက အပေါ်ထပ်က ဆင်းလာလေသည်။
သဘက်နှင့် သူ့ဆံပင်တွေ ကိုသူပွတ်သုတ်နေလေသည်။
ကျတော့် အနားသို့ ရောက်လျှင်
"မုန့်လုပ်တာ မပြီး‌ကြသေးဘူးလား?"
"ဟုတ်တယ် ကို မပြီး‌ကြသေးဘူး"
ကျတော် ဦးလေးကြီး၏ လက်ထဲက သဘက်ကို လှမ်းယူကာ ဦးလေးကြီး၏ ဆံပင်တွေကို သုတ်ပေးလိုက်သည်။
ဦးလေးကြီးက ပြုံးပြုံးကြီးနှင့် သဘောကျသွားကာ ကျတော့် အယုအယတွေ‌ေအာက်မှာ ဇိမ်ခံနေလေသည်။
ထိုအချိန်၌ပင် အမေက မီးဖိုထဲကနေ မုန့်ပန်ကန်ကြီးကို ကိုင်ကာ ထွက်လာလေသည်။အကိုကောင်း ကတော့ မီးဖိုထဲ၌ အိုးခွက်တွေ ဆေးကြောကာ ကျန်ရစ်ခဲ့လေသည်။
အမေထွက်လာတာလည်း မြင်ရော ကျတော်ရော ဦးလေးကြီးပါ လန့်ပြီး ဆံပင်ရေသုတ်သည့် ကယုကယင် ဇာတ်လမ်းလေးကို သိမ်းပစ်လိုက်လေသည်။
အမေက မြင်ပေမယ့် အရင်ကလို အမူအရာမျိုး မလုပ်တော့ပဲ ပုံနှန်အတိုင်း ပင်။
"လာ မုန့်လာစားကြ"
"ဟုတ်ကဲ့"
"ဆံပင်ရေသုတ်ပေးနေတာ မဟုတ်လား?
ခြောက်အောင်သုတ်ပေးလိုက်လေ သား။မောင်တေဇာ စည်သူလည်း နေမကောင်းဖြစ်နေအုံးမယ်"
"ဟုတ် ဟုတ်ကဲ့ပါ အမေ"
ဟုတ်ကဲ့ ဆိုပေမယ့် အမေ့ကို ရှိန်နေကြတာကြောင့် နှစ်ယောက်စလုံး ငြိမ်နေကြဆဲပင်။
"ဪ သုတ်ပေးလိုက်လေ သားရယ်။
အဟင်း အမေ့ကို မလန့်ကြပါနဲ့။
သားတို့ နှစ်ယောက်လုံးက အမေ့သားတွေပဲလေ။ချစ်ချစ်ခင်ခင် ရှိကြရင် အမေကတောင် ပျော်ရမှာ"
အမေက သူရှိနေရင် ရှိန်နေမှာစိုးလို့ ထင်သည် မီးဖိုထဲသို့ ပြန်ဝင်သွားလေသည်။
"ကဲ သိမ်းစရာ၊ဆည်းစရာတွေ သိမ်းရဆည်းရအုံးမယ်။စားကြနော် ကြိုက်တယ်မဟုတ်လား?အာလူးဆနွင်းမကင်း"
"ဟုတ်ကဲ့ စားပါ့မယ်အမေ"
အမေထွက်သွားမှ ကျတော်တို့လည်း ဟင်းချနိုင်တော့သည်။
ကျတော်လည်း ဦးလေးကြီးကို ရေဆက်ပြီး သုတ်ပေးရတော့သည်။
ဦးလေးကြီးက မုန့်တတုံးကို ခက်ရင်းနှင့်ထိုးစားနေရင်းကနေ
"အမေတောင် အမြင်တွေ ပြောင်းလဲ သွားပြီနော်"
"ဟုတ်တယ် ကို။
ကျတော့်ကိုလည်း ပြောတယ်။
သူ့ကို မုန့်သင်တန်းက မိတ်ဆွေတယောက်က ပြောလိုက်တယ်တဲ့။
သားကို ပေးလိုက်ရတယ်လို့ မတွေးပဲနဲ့
နောက်ထပ် သားတယောက်ထပ်ရတယ်လို့ တွေးရတယ်တဲ့လေ။"
"ကိုလည်း ထင်ပါတယ်။လူဆိုတာ မိတ်ဆွေလည်း အမျိုးမျိုး ရှိသင့်တယ်လေ။ကြည့်နေကျ ရှူထောင့်က ကြည့်ရင် အမြင်တွေ လည်း မပြောင်းလဲ နိုင်ဘူး အချစ်လေးရဲ့"
ကျတော် ဦးလေးကြီး၏ နှာခေါင်းလေးကို လက်နှင့် လှမ်းထိလိုက်သည်။
"နောက်ဆုံးတော့ အားလုံးက ဦးလေးကြီးရဲ့ အကြံတွေချည်းပေါ့ ဟုတ်လား?"
ဦးလေးကြီးက ကျတော့် စကားကို နားထောင်ပြီး ပြုံးနေလေသည်။
"ပြောပြရမလား?"
"ပြောပြလေ"
"နေကြာပန်းတွေကို ကိုင်ပြီး ခြံဝမှာ ရပ်နေကတည်းက ဒီကောင်လေးကို ပိုင်အောင်လုပ်ရမယ်ဆိုပြီး ဆုံးဖြတ်ထားခဲ့တာ ဟားဟား"
ကျတော် သူ့ကို မျက်စောင်းလေး လှမ်းထိုးလိုက်ကာ
"ဦးလေးကြီး တကိုယ်လုံး ဉာဏ်တွေချည်း ပဲနော်"
"ချစ်လို့လေ အဟားဟား"
ပြောရင်းဆိုရင်းကနေ ကျတော့်ကို ပွေ့ချီကာ လှေကားအတိုင်းအပေါ်ထပ်သို့ တက်သွားလေသည်။
"လွှတ်နော် လွှတ် ကို။
ကျတော် စီးရီးကြည့်နေတာလို့"
အမေနှင့် အကိုကောင်းက မီးဖိုခန်းထဲကနေ ထွက်လာရင်းက ကျတော်တို့ နှစ်ယောက်ကို မြင်တာနှင့် မမြင်ချင်ယောင်ဆောင်လိုက်ကြကာ ပြန်ဝင်သွားကြလေသည်။
........
အခုတော့ အမေက မနက်ဆို အကိုကောင်းနှင့်အတူတူ အိမ်အတွက် ဟင်းအတူချက်ကြသည်။
ပြီးတော့ နှစ်ယောက်သား မုန့်သင်တန်းကျောင်းကို သွားကြသည်။
ကျတော်နှင့် ဦးလေးကြီးက မနက်စာ အတူစားကာ ဦးလေးကြီးက သူ၏ သစ်တောငယ်ဖန်တီးရေးဆီသို့ဘထွက်သွားလျှင် တခါတရံကျ ကျတော်ကပါ လိုက်သွားပြီး ဟိုရောက်မှ စာရေးလေ့ရှိသည်။တခါတလေ လည်း လိုက်မသွားပဲနဲ့ အိမ်မှာပဲ တယောက်တည်း ကျန်ရစ်ခဲ့ကာ စာရေးလိုက်၊အဝတ်တွေလျှော်လိုက်၊ခြံရှင်းလိုက်၊ဖုန်ရှင်းလိုက် လုပ်နေတတ်သည်။
နေ့လည်ကျ အမေတို့ ပြန်လာလျှင် တခါတလေ အမေတို့နှင့်ပင် ထမင်းအတူစားလိုက်သည်။တခါတလေကျတော့လည်း ထမင်းဘူးထုပ်ယူကာ ဦးလေးကြီးနှင့်အတူတူ နေ့လယ်စာ သွားစားလေ့ရှိသည်။
ဦးလေးကြီး၏ အကြံပေးချက်အရ အခုတော့ ကျတော်က စာကိုပဲ တစိုက်မတ်မတ်ရေးဖြစ်တော့သည်။
စာပြသည့် အလုပ်ကို နားလိုက်သည်။
နေ့လယ်ပိုင်းဆို အမေက ကြေးရေတတ်အိမ်တွေက သီးသန့်အိမ်ခေါ်သင်သည့် သင်တန်းတွေပါ လိုက်ပြီး ပြပေးနေတာကြောင့် အမေနှင့် အကိုကောင်းသည် ညနေ ဦးလေးကြီးပြန်လာသည့် အချိန်မျိုးမှသာ အိမ်ကိုပြန်ရောက်လာလေ့ရှိသည်။
အမေက အရင်ကထက်ပိုပြီး တွေးခေါ်တတ်လာသည်။ပိုပြီးတော့လည်း အထက်တန်းကျကျ နေတတ်ထိုင်တတ်လာသည်။ဝတ်တတ်စားတတ်လာသည်။
ကျတော်နှင့်ဦးလေးကြီးလည်း နေရ၊ထိုင်ရတာ ပိုပြီး လွတ်လပ်ကာ ပိုပြီးပျော်ရွှင်စရာကောင်းသည်။
ပိတ်ရက်တွေဆို အိမ်မှာ အတူတူ အချိန်ကုန်ဆုံးကြသည်။
ထိုအခါမျိုး၌ ဦးလေးကြီး၏ ရင်ခွင်ထဲဝင်လိုက်၊နောက်ကျောကနေဖက်လိုက်နှင့် ကျတော့်မှာ ချစ်မဝဖြစ်ရသည်။
ကျတော်တို့ ဘဝလေးထဲကို သတ္တိရှိရှိ တိုးဝင်လာပြီး ကျတော်ထံပါးဝယ် အမြဲချစ်ခင်မြတ်နိုးပေးနေသော ဦးလေးကြီးကြောင့်သာ မဟုတ်ရင်........
ကျတော် အခုလောက် ပျော်ရွှင်ရပါ့မလား?မသေချာတော့ချေ။
(ပြီးပါပြီ)
Author Thinn Thinn Su Hlaing
5:46 AM
Continue Reading
You'll Also Like
7.5K 541 17
Bir kız vardı. Bütün acılara göğüs germişti. Yıllarca bir baba hasreti ile büyümüştü. Sevmişti, çok sevmişti. Bir gün babasının mezarındayken gerçek...
2.2M 148K 104
Doctor Handsome & Medical Student
460K 53K 122
Unicode သည်းထိတ်ရင်ဖိုဇာတ်လမ်း​တွေကိုနှစ်သက်တဲ့ စာ​ရေးဆရာမရှီရှန်းဟာ ​ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် ​မြောက်များစွာ​သော အဓိကဇာတ်​ဆောင်​တွေကိ...
2.9M 322K 101