Seint (စိမ့်) >
By kokolayphilo
31.8K 1.5K 100
Ladyboy လေးကို ပြိုင်ကြိုက်ကြတဲ့ Seme နှစ်ယောက်။ လုံးဝမတည့်ရာကနေ ဘယ်လိုတွေ ချစ်သွားကြမှာလဲ? လူဆိုးဂိုဏ်းခေါင... More
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
End
20
1.2K 70 9
By kokolayphilo
စိမ့်။
အပိုင်း (၂၀)
“ဟေ့ ရပ်စမ်း။”
စိမ့် နားကို ပြေးလာတဲ့ ဓါးကိုင်ထားတဲ့ လူသုံးယောက်။ စိမ့် အနားမှာရှိတဲ့ သေတ္တာပုံးကြီးပေါ် ပြေးပြီး ခုန်တက်လိုက်ပါတော့တယ်။ အပေါ်ရောက်တာနဲ့ နောက်ကနေ ပြေးတက်ကာ လိုက်လာတဲ့ ပထမဆုံး လူရဲ့ မျက်နှာကို ညာခြေနဲ့ ဖျတ်ကန်လိုက်ပါတယ်။ တစ်ယောက်နောက်ကို လန်ကျသွားတော့ နောက်ထက် လူတစ်ယောက်တက်လာကာ ဓါးနဲ့ လှမ်းခုတ်တာမို့ ကိုယ်ကို ယိမ်းကာ ရှောင်လိုက်ပြီး ဗယ်ဝှိုက်လက်သီး တစ်လုံးကို နံကြားထဲ ပစ်သွင်း လိုက်ပါတော့တယ်။
“အား ဗုံး။”
ဘေးက သေတ္တာပုံးဇောင်းပေါ် ပြုတ်ကျတာမို့ တစ်ယောက်တော့ ကောင်းကောင်း စိတ်ချရသွားပါပြီ။ နောက်ထပ် တက်လာတဲ့ တစ်ယောက်ကို တိုက်ခိုက်ဖို့ ပြင်နေလိုက်တုန်းမှာပဲ အပေါ်ကနေ လှမ်းတွေ့ လိုက်ရတာ စိမ့်ရှိရာ ဖက်ကို ပြေးလာနေတဲ့ ဓါးကိုင်ထားတဲ့ လူ (၅) ယောက်။ စိမ့် အကြောလျော့ သလို ခပ်ကြွကြွလေး ခုန်လိုက်ပြီးမှ လက်သီး ကို အသင့်ပြင်လိုက်ပါတော့တယ်။
“ဝေါ……. ဒုံး ဂလုံး ဒုံး။”
အဲဒီ့အချိန်မှာပဲ ဂိုထောင်ထဲကို အရှိန်နဲ့ မောင်းဝင်လာတဲ့ အနက်ရောင် ကားတစ်စီး။ ဒါ စိုင်းကိုပေါ့။ စိမ့်ဖက်ကို ပြေးလာတဲ့ လူတွေကို အနောက်ကနေ အရှိန်နဲ့ ဝင်တိုက်လိုက်တာမို့ လေပေါ် မြောက်တဲ့သူမြောက် ဘေးကို လွင့်တဲ့သူလွင့်နဲ့ အားလုံး အတုံးအရုံး ဖြစ်ကုန်ကြပါတော့တယ်။ စိမ့် အရှေ့က လူက အောက်ကို လှည့်ကြည့်လိုက်တုန်းမှာပဲ စိမ့် ဒူးတစ်ဖက်ကို ကွေးကာ ခြေတစ်ဖက်ကို ဆန့်ရင်း တစ်ပတ်လှည့်လိုက်တာ ရှေ့ကလူ ဗုံးကနဲ ပစ်လဲသွားပါ တော့တယ်။
စိုင်းကို ကားပေါ်က သေတ္တာပုံးတွေနဲ့ တိုက်မိကာ ထိုးရပ်သွားတာမို့ ကားပေါ်က ဆင်းလိုက်တုန်းမှာပဲ ခေါင်းပေါ်က စီးကကျလာတဲ့ သွေးတစ်ချို့ကို လက်နဲ့ သုတ်လိုက်ရင်း အပေါ်ထပ်ကို တက်လာခဲ့လိုက်ပါတော့တယ်။ အပေါ်ထပ်ကို ရောက်တော့ ထိုင်နေတဲ့ ကောင်ရဲ့ အရှေ့မှာ ရပ်နေတဲ့ သူနှစ်ယောက် လက်ထဲမှာ သေနတ်ကိုယ်စီနဲ့။
“နှစ်ယောက်တစ်ယောက်ကို သေနတ်တွေ လိုသေးလို့လားကွ။ ဒါဆို လူမိုက်မလုပ်နဲ့ ထမိန်သာဝတ်ထား။”
“တောက်လူပါးဝလို့ ခွေးကောင်။”
စိုင်းကို စကားကြောင့် နှစ်ယောက်စလုံး သေနတ်တွေ ဘေးကို ချလိုက်ကြပါတော့တယ်။ စိုင်းကို တိုက်ခိုက်ဖို့ ပြင်လိုက်ရင်း အနေအထားကို စောင့်ကြည့်နေ လို်က်ပါတော့တယ်။ ရှေ့က ကောင်နှစ်ယောက်က တိုင်ပင်ကိုက်ကာ တက်ညီလက်ညီ ဝင်လာတာမို့ စိုင်းကို မနဲသတိထားရင်း တိုက်နေတဲ့ ကြားက နံစောင်းကို ဖျတ်ကန်ခံရကာ လွင့်သွားပြီး ဘေးက လက်ရမ်းသံဘောင်နဲ့ ထိကာ ခွေခနဲလဲကျ သွားပါတော့တယ်။
“အား…။”
နောက်ကနေ စိုင်းကို ကို ခုန်ကျော်ကာ တက်လာတဲ့ စိမ့်ကြောင့် ရှေ့က နှစ်ကောင် တစ်ယောက်က မျက်နှာကို ဒူးနဲ့ တိုက်ခံလိုက်ရသလို နောက်တစ်ယောက် ကလည်းမျက်နှာကို ခွပ်ခနဲ နေအောင် ထိုးခံလိုက်ရပါတော့တယ်။ ဒါပေမယ့် အတော် အကြောမာပုံ ရတဲ့ နှစ်ကောင်က ဟန်ချက်ပျက် သွားပေမယ့် လဲကျသွားခြင်းမျိုး မရှိပေ။ စိမ့် မတ်တပ်ပြန်ရပ်လိုက်ပြီး စိုင်းကို ကို လှည့်မကြည့်ပဲ လက်ကို ဖြန့်ပေးလိုက်တော့ စိုင်းကို စိမ့်လက်ကို ကိုင်ကာ ထလာပါတော့တယ်။
“မင်းတို့ကောင်တွေ ဘယ်အဖွဲ့ကလဲ? ဘာကိစ္စနဲ့ ပြသနာလာရှာတာလဲ?”
စိုင်းကို အမေးကြောင့် နောက်မှာ ထိုင်နေတဲ့ သူက ထရပ်လိုက်ရင်း သူ့ဘေးက လက်ရမ်းမှာ ချည်ထားတဲ့ ကြိုးကို အေးဆေးဖြုတ်နေပါတယ်။ ပြီးတော့ သူ့လက်နဲ့ ကိုင်ထားလိုက်ရင်းက တဟားဟား ရီနေပါတော့တယ်။ စိမ့် စိုင်းကို နားကပ်ခါ ခပ်တိုးတိုးပြောပြလိုက်တော့ စိုင်းကို ချက်ခြင်းပဲ
“မင်းမကျေနပ်ရင် ငါတို့နဲ့ ရှင်းလေ။ သူနဲ့ ဘာဆိုင်လို့လဲ သူ့ကို လွှတ်ပေးလိုက်ပါ။”
“မင်းပြောတာနော်။ ငါတကယ်လွှတ်ပေးလိုက်ရမလား။”
ပြောရင်းလက်က ကြိုးကို လျှော့ချလိုက်တာမို့ မျိုးသက် အောက်ဖက်ကို လျောကျလာလို့ လာပါတော့တယ်။ စိမ့်ကော စိုင်းကိုပါ ရုတ်တရက် လန့်သွားကာ
“နေဦး။”
“ဟား ဟား ဟား ငါဒီနေ့ကို စောင့်နေတာ သုံးနှစ်ရှိပြီ။ ဒီနေ့ မင်းတို့ သုံးယောက်စလုံး ငါ့လက်နဲ့ သတ်ရမှ ငါကျေနပ်မယ်။ အဲဒါငါ့ ညီအတွက် ငါပေးနိုင်တဲ့ အကြွေးဆပ်ခြင်းပဲ။”
စိမ့် ရပ်နေရာကနေ ခန္ဓာကိုယ်ကို ဘေးစောင်းအနေအထားနဲ့ ရှေ့မှာ ရပ်နေတဲ့ လူနှစ်ယောက်ကြားထဲက နေဖျတ်ကာ နောက်က ကောင်နားကို ပြေးကပ်လိုက် ပါတယ်။ စိုင်းကိုက လည်း ချက်ခြင်း နောက်က ကောင်နှစ်ယောက်နားကို ပြေးဝင်သွားပါတော့တယ်။ စိမ့် ကြမ်းပြင်ပေါ် ကျနေတဲ့ ကြိုးစကို ခြေတစ်ဖက်နဲ့ နင်းလိုက်ပြီး ကျန်ခြေတစ်ဖက်က ကြိုးကိုင်ထားတဲ့ သူနဲ့ လည်ပင်းကို လှမ်းကန်လိုက်ပါတယ်။ တူးမိုင် အနောက်ကို ဆုတ်သွားကာ လက်က ကြိုးကို လွှတ်လိုက်ပါတော့တယ်။
“အား……..။”
ချက်ခြင်းပဲ မျိုးသက် အသံထွက်လာကာ မျိုးသက်ရဲ့ ခြေထောက်က အောက်က လွှစက်ကြီးပေါ်မှာ ကားယားကြီး။ လွှစက်ကလည်း အဆက်မပျတ် လည်နေဆဲ။ စိမ့် ကြိုးစကို လှမ်းဆွဲကာ ခြေထောက်ကော လက်ကော ခန္ဓာကိုယ်ပါ လှုပ်ရှုားလိုက်ပါတယ်။ စိမ့်လက်တစ်ဖက်က ကြိုးစကို ကိုင်ထားသလို ခြေထောက်မှလဲ ကြိုးစက ပတ်ထားပြီး ခြေတစ်ဖက်နဲ့ ကြိုးစကို နင်းထားလိုက်ရပါတော့တယ်။
တူးမိုင် နှုတ်ခမ်းတစ်ဖက်က မဲ့ခနဲ ပြုံးလိုက်ရင်း လက်သီးနဲ့ စိမ့်မျက်နှာကို လှမ်းထိုးတာမို့ စိမ့် လက်နဲ့ပုတ်ထုတ်လိုက်ချိန်မှာပဲ တူးမိုင်ရဲ့ ကျန်လက် တစ်ဖက်က စိမ့် ဗိုက်ကို အရှိန်ပြင်းစွာ ထိုးချလိုက်ပါတော့တယ်။
“အွတ်…. အား။”
စိမ့် ယိုင်ခနဲ ဖစ်သွားချိန်မှာပဲ မျိုးသက်စီက အားခနဲ အော်သံကြားတာမိ်ု့ ကြိုးကို တင်းနေအောင် ပြန်ဆွဲ ထားလိုက်ပါတော့တယ်။ နှုတ်ခမ်းစွန်းကနေ စီးကျ လာတဲ့ သွေးတွေကို လက်ပြန်နဲ့ ပွတ်လိုက်ရင်း လက်သီးပြန်ပြင် ထားလိုက်ရပါတော့တယ်။ နောက်တစ်ကြိမ် ဝင်လာတဲ့ ခြေကန်ချက်ကို ရှောင်လိုက်နိုင်ပေ မယ့် ဟန်ချက်ပြန်မထိမ်းနိုင်ခင်မှာ ဝင်လာတဲ့ လက်သီးက စိမ့်မျက်နှာပေါ် တိတိကျကျ ခွပ်ခနဲ ကျရောက်လာပြန်ပါတယ်။
စိုင်းကိုကလည်း ဟိုနှစ်ကောင်နဲ့ အလူးအလဲ တိုက်ခိုက်နေရတုန်းပါပဲ။ ပြာသွားတဲ့ မျက်လုံးတွေကြောင့် ခေါင်းကို ခါလိုက်ရင်း စိမ့် သတိကြီးစွာနဲ့ ဟာကွက်ကို စောင့်ကြည့်နေလိုက်ရပါတော့တယ်။ ရှေ့ကို တိုးလာတဲ့ တူးမိုင်ရဲ့ ပုခုံးပေါ်ကို စိမ့်ခြေဖနောင့် လှမ်းတင်လိုက်ကာ ခေါင်းကို ဒူးခေါင်းကြားကို ညှုပ်ခါ ဆွဲချလိုက်ပါတော့တယ်။ ကြမ်းပြင်ပေါ် လဲကျသွားတာနဲ့ တစ်ပြိုင်နက် စိမ့်ရဲ့ တံတောင်ဆစ်က တူးမိုင် မျက်နှာပေါ်ကို ထောင်းချဖို့ ပြင်လိုက်ပါတော့ တယ်။ တူးမိုင် လက်တစ်ဖက် စိမ့် တံတောင်ဆစ် အောက်ကနေ ခံထားပြီး ကျန်လက်တစ်ဖက်က စိမ့် ချိုင်း အောက်မှာ ထောက်ကာ ကိုင်လာပါတယ်။ ပြီးတော့
“ဖြောက်။ အား ……။”
စိမ့် အရိုးကွဲမတက် နာကြင်ကာ အော်ဟစ်လိုက်ပေမယ့် လက်တစ်ဖက်ကတော့ ကြိုးစကို မြဲမြံစွာ ကိုင်ထားဆဲ။ သွားပြီ လက်တစ်ဖက်က လုံးဝ လှုပ်လို့ မရတော့ပေ။ တစ်ဖက်ကလည်း ကြိုးစကို ကိုင်ထားတာမို့ ကခြေအနေက လုံးဝမလှတော့ပေ။ တူးမိုင် အထိနာသွားတဲ့ စိမ့် ခြေသလုံးကြားကနေ ကုန်းထ လိုက်ပါတယ်။ ပြီးတော့ ခြေသလုံးမှာ ကပ်ပြီး ထည့်ထားတဲ့ ခလုပ်ဓါးကို ဆွဲထုတ်ကာ ဖွင့်လိုက်ရင်း မခိုးမခန့် ပြုံးလိုက်ပါတော့တယ်။ စိမ့် ဒူးတစ်ဖက်ထောက် ကာထိုင်နေရာမှ ထရပ်လိုက်ရင်း ခြေထောက်ကို အသင့်အနေအထား ပြန်ပြင်လိုက်ရပါတော့တယ်။
တူးမိုင် ရုတ်တရက် ပြေးကာ စိမ့်ကိုယ်ပေါ် ခုန်တက်လိုက်ပြီး စိမ့်လက်က ကိုင်ထားတဲ့ ကြိုးကို ဖျတ်ချလိုက်ပါတော့တယ်။
“အား……..။”
မျိုးသက်ရဲ့ အော်သံနဲ့ အတူ စိမ့်လဲ ကြမ်းပြင်ပေါ်မှာ ထိုင်လျက်သားကျသွား ပါတော့တယ်။ လွှစက်ကြီးစာ မိပြီလို့ တွေးနေတုန်းမှာပဲ မျိုးသက်ရဲ့ ခန္ဓာကိုယ် ကို တစ်စုံတစ်ယောက်က ဖက်ကာ လွှစက်ခုံကြီး ဘေးကို ပြုတ်ကျလို့ သွားပါတော့တယ်။ အပေါ်ကနေ ကျတဲ့ အရှိန်ကော လူကလဲ အပေါ်ကနေဖိ ခံထားရ တာမို့ မျိုးသက်နာကျင်စွာ ညည်းညူလိုက်ရင်း မျက်လုံးတွေကို အသာဖွင့်ကြည့်လိုက်တော့ အပေါ်ကနေ သူ့ကို အုပ်မိုးကာ ကြည့်နေတဲ့ စိုင်းကို။ မျက်နှာမှာ သွေးတွေ စိုရွဲနေတဲ့ ကြားက သူ့ကို ပြုံးပြနေတဲ့ စိုင်းကို။ တဖြေးဖြေး စိုင်းကိုရဲ့ခေါင်းက မျိုးသက် မျက်နှာနားကို ကပ်လာပါတယ်။ ပြီးတော့ နှုတ်ခမ်းနှစ်ခု အထိ…..
“ဒိုင်း … ဒိုင်း ဒိုင်း ….။”
စိုင်းကို ကို အပေါ်ကနေ လှမ်းပစ်လိုက်တာမို့ ခန္ဓာကိုယ်လေး တွန့်သွားကာ မျိုးသက်ပေါ်ကို မှောက်ယက်ကျလို့ လာပါတော့တယ်။ နောက်ထပ်ပေါ်လာတဲ့ သေနတ်သံတွေနဲ့ အတူ သူတို့ ရှိရာ ဂိုဒေါင်ထဲကို ဝင်လာတဲ့ လူသံတွေ မျိုးသက်ကြားလိုက်ရပါတော့တယ်။
လူက အပေါ်ကနေ ပိကျနေပေမယ့် နှုတ်ခမ်းချင်းကတော့ ထိကပ်နေဆဲ။ စိုင်းကို မျက်နှာက ပြုံးနေဆဲ။ မျိုးသက် လူချင်းခွာလိုက်ကာ စိုင်းကိုကို ဘေးကို အသာ လှဲချလိုက် ပါတယ်။ ပြီးတော့မှ
“မင်း ဘယ်နားထိသွားတာလဲ။ မင်းသေလို့ မရဘူးနော်။ မင်းမသေရဘူး ဟေ့ကောင်။ မင်းကို မင်းကို ငါ …..။”
စိုင်းကို မျက်နှာက နာကြင်မှုတွေ ကြားက ပြုံးနေတာ သိသာလှပါတယ်။ စိုင်းကို အံကို တင်းနေအောင် ကျိတ်လိုက်ရင်း အသက်ကို ဝအောင်ရှုသွင်းကာ
“ငါလဲ မင်းကို ဟင်း အား… ကျစ်။”
စိုင်းကို နာကြင်စွာ ညည်းညူလိုက်ချိန်မှာပဲ စိုင်းကို နှုတ်ခမ်းတွေပေါ်ကို မျိုးသက် နှုတ်ခမ်းတွေ ဖိကပ်လိုက်ပါတော့တယ်။ အပေါ် ဝရံတာကနေ လက်တစ်ဖက်ကို ကျန်လက်တစ်ဖက်နဲ့ ကိုင်ရင်း စိမ့် ပြုံးပြုံးကြီး ကြည့်နေမိပါတယ်။ အခုတော့ အဖြေပေးစရာ မလိုတော့ဘူးပေါ့။ ဒါကလဲ စိမ့် ပေးချင်ခဲ့တဲ့ အဖြေပါပဲ။
“သား …. ဟာ ဟေ့ကောင်တွေ။ ဖယ်စမ်း ဘာတွေ လုပ်နေတာလဲ။ ဖယ်စမ်း။”
စိုင်းကို ဒယ်ဒီက မျိုးသက်တို့နားကို ရောက်လာကာ အပေါ်က မျိုးသက်ကို ဆွဲဖယ်လိုက်ပါတယ်။ ပြီးတော့မှ စိုင်းကို ကိုကြည့်ရင်း
“ဘယ်ထိသွားလဲ သား။ အိုခေရဲ့လား။”
စိုင်းကို ပြုံးလိုက်ကာ
“အိုခေ ဒယ်ဒီ။”
အဆောက်အဦး ဟောင်း ဂိုဒေါင်ကြီးထဲကနေ စိုင်းကို ကို စိမ့်နဲ့ မျိုးသက် တစ်ဖက်စီတွဲရင်း ထွက်လာပါတော့တယ်။
………………………………
ဆေးရုံပေါ်က ကုတင်နှစ်ခုပေါ်မှာ စိမ့်က တစ်ကုတင် စိုင်းကိုက တစ်ကုတင်။ စိမ့် လက်တစ်ဖက်ကို ချိုင်းကနေ ကြိုးသိုင်းကာ လွယ်ထားရပြီး စိုင်းကိုကတော့ လက်မောင်းမှာ ပတ်တီးနဲ့ ဗိုက်မှာလဲ ပတ်တီးနဲ့။ ကျည်ဆန်တွေ ယှက်ထိထားတာလေ။ သူတို့ ကုတင်နှစ်လုံးကြားထဲက ခုံတန်းလေးမှာ ထိုင်ကာ အလုပ်ရှုတ်နေတဲ့သူက မျိုးသက်။
“စိမ့် ဆေးသောက်ချိန်ရောက်တော့မယ်။ မုန့်လေး အရင်စားလိုက်ဦးနော်။ စိုင်းကို အင်ကျီရင်ဘတ်ကြီး ဟဟ မထားပါနဲ့ဆို ဒါဏ်ရာက မကျတ်သေးဘူး အအေးပတ်နေဦးမယ်။ ပြောရတာ မောလိုက်တာ။”
စိမ့် နဲ့ စိုင်းကို တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ရီလိုက်မိကြပါတော့တယ်။ ပွစိ ပွစိနဲ့ အဖိုးကြီးလေး တစ်ယောက်လို သူတို့ကို ပြုစုပေးနေတဲ့ မျိုးသက်ကို ကြည့်ရင်း ရီနေမိကြတာလေ။
“အေး အေး ရီနေကြ ငါ့မှာ နားရက်ပြန်လာတာ လူနာ လာပြုစုရတာ ကြနေတာပဲ။”
“အစ်ကို။”
“အင်း မရဘူးနော်။ ဒါစားကို စားရမှာ ပြီးရင် ဆေးသောက်ရမှာ လာ ဂျီမကျနဲ့။”
“မဟုတ်ပါဘူး အစ်ကိုရဲ့။ စိမ့်ပြော စရာရှိလို့ပါ။”
မျိုးသက် သံပုံးလေးထဲက မုန့်ကို ပန်းကန်ပြားလေးထဲ ထည့်ရင်း လှည့်မကြည့်ပဲ ဖြေလိုက်ပါတယ်။ စိမ့် စကားကြောင့် စိုင်းကိုကလည်း စိမ့်ကို ကြည့်နေလိုက် ပါတယ်။
“ပြောချင်တာ မဟုတ်ဘူး မေးချင်တာ တကယ်က။ ဒါပေမယ့် အကို အမှန်အတိုင်း ဖြေရမယ်လို့ ကတိပေးရမယ်။”
မျိုးသက် မုန့်ပန်းကန်လေးကို စားပွဲပေါ် တင်လိုက်ရင်း စိမ့်ကို မျက်မှောင်ကျုတ်ကာ လှည့်ကြည့်လိုက်ပါတယ်။
“ဘာများမေးမလို့လဲ စိမ့်ရ။ ကိုက ဘယ်တော့မှ စိမ့်ကို မလိမ်ညာခဲ့ဖူးပါဘူး။”
“အင်း စိမ့် သိပါတယ်။ အခုစိမ့်မေးပြီနော်။”
“အင်းမေး။”
“စိမ့် နဲ့ ကိုစိုင်း ဘယ်သူ့ကို ပိုချစ်ခဲ့တာလဲ ဟင်။”
စိမ့် အမေးကြောင့် မျိုးသက် မျက်လုံးတွေ ပြူးကျယ်ဝိုင်းစက်သွားရသလို စိုင်းကို လဲ ရင်တွေ ဒိန်းခနဲ စောင့်ခုန်လို့ သွားရပါတော့တယ်။ သူတို့ သုံးယောက်ထဲသာ ရှိတဲ့ ဆေးရုံးရဲ့ အထူးခန်းလေး တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်လို့ သွားရပါတော့တယ်။ စိမ့် ပြုံးပြုံးလေးနဲ့
“အားနားစရာ မလိုသလို လိမ်ဖို့လဲ မလိုပါဘူး။ စိမ့်က ဘယ်သူ့ကိုပဲ ရွေးရွေး မရွေးရွေး အစ်ကိုနဲ့ ကိုစိုင်းက စိမ့်ကို တစ်သက်လုံး ကြည့်ရှု စောင့်ရှောက် သွားမယ် ဆိုတာ စိမ့် ယုံကြည်ပြီးသားလေ။”
“အင်း အဲဒါ ကို သေချာမပြောတက်ဘူး စဉ်းစားဖို့ အချိန်ပေးမလား။”
စိမ့်ခေါင်းကို ခါလိုက်ရင်းက
“သုံးနှစ်ကြီးများတောင် ကြာနေပြီ အစ်ကို မသိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ ရင်ထဲရှိတဲ့ အတိုင်းဖြေကြည့်ပါလား။”
“မျိုးသက်။”
“ရှုး…. ကိုစိုင်း တိတ်တိတ်နေ ကိုစိုင်းကို မမေးသေးဘူးလေ။ သူ့ဖာသာသူ ဆုံးဖြတ်ပါစေ ကိုစိုင်းရယ်။”
မျိုးသက် စိုင်းကိုကို လှည့်ကြည့်လိုက်တော့ စိုင်းကိုက ခေါင်းကို အသာငြိမ့်ပြပြန်တာမို့ သက်ပြင်းကို အသာချလိုက်မိပါတော့တယ်။
“အစ်ကို…..။”
“အင်း။”
တွန့်ဆုတ်နေတဲ့ မျိုးသက်စကားကို စိမ့်က ခေါင်းငြိမ့်ရင်း ထောက်ပေးလိုက်ပါတယ်။
“ဟိုလေ…..။”
ဟိုလေ ဆိုပြီး စိုင်းကို ကိုပြန်လှည့်ကြည့်လိုက်ပြန်တာမို့ စိုင်းကိုကလည်း ရင်ခုန်စွာနဲ့ ခေါင်းငြိမ့် ပြလာပါတယ်။
“စိမ့်က သိပြီးသားပါ။ ဒါပေမယ့်လေ အစ်ကိုတို့ အကြွေးတစ်ခုလို စိတ်မပျတ်သားနိုင်သလို ဖြစ်နေမှာ စိုးလို့ အဖြေကို အတိအကျ သိချင်တာပါ။ ဒါမှလဲ အစ်ကိုတို့ ရင်ထဲမှာ ပေါ့သွားမှာလေ။”
“စိမ့်ရယ်။”
“စိမ့် အဖြေက ရှင်းပါတယ်။ စိမ့်က အစ်ကိုတို့ နှစ်ယောက်စလုံးကို ချစ်တယ်…။”
“ကိုလဲ နှစ်ယောက်စလုံးကို ချစ်တယ်။”
“ငါကောပဲလေ။”
“ဟားဟားဟား…… စကားကို ဆုံးအောင် ပြောပါရစေဦး ဘယ်လိုဖြစ်နေကြတာလဲ။ စိမ့် ချစ်တယ်ဆိုတာ နှစ်ယောက်စလုံးကို အစ်ကိုတွေလို ချစ်တယ်ပြောတာ။”
“ဟာ စိမ့် ရာ။”
“သွားရော။”
“မသွားပါဘူး။ စိမ့်က စိမ့် အစ်ကို နှစ်ယောက်ကို သဘောတူတယ်။ စိမ့်က တစ်ခုပဲ တောင်းဆိုချင်တာ။”
“ဘာလဲ ဟင်စိမ့်။”
စိမ့် ခေါင်းငုံ့ကာ ပြုံးလိုက်ပြီးမှ
“စိမ့် ထိန်းဖို့ သားလေး တစ်ယောက်မွေးပေးရမယ်။”
“ဟာ။”
“ဟင်။ 
Continue Reading
You'll Also Like
1M 77.2K 64
"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Pinterest
175K 5K 44
1.7M 95K 49
202K 15.2K 33
គ្រាន់តែបើកភ្នែកឡើង គេក៏បានក្លាយទៅជាភរិយារបស់ឧត្តមសេនីយ៍ឯកចនបាត់ទៅហើយ! JEON JUNGKOOK/KIM TAEHYUNG