Zawgyi
"မရဘူး!!!"
"မရလို႔မရဘူး ထြန္းသာ...မင္းက ငါ့လက္ေအာက္ငယ္သားေနာ္"
"အဲ့ဒါဆို အေတာ္ပဲ...Boss၊ ကြၽန္ေတာ္ အလုပ္ထြက္ေတာ့မယ္၊ မနက္ျဖန္ ရန္ကုန္ျပန္မယ့္ကားနဲ႔လိုက္သြားေတာ့မယ္...ဆာယိုနာရာ...."
လက္ကိုတာ့တာျပၿပီး ထြက္သြားရန္လုပ္ေနေသာ ထြန္းသာကို ေနာင္ဆက္ ဂုတ္ပိုးမွ ဖမ္းဆြဲထားလိုက္သည္။
ဘာလို႔မ်ား အ့ဲေလာက္ေတာင္ ျငင္းေနမွန္းမသိ။
"မင္းအခုမသြားရင္ ငါမင္းကို ေနာက္ဘဝပို႔ေပးမယ္"
"အဲ့ဒါလည္းေကာင္းတာပဲ၊ ကြၽန္ေတာ္ ဓားသြားယူေပးမယ္...ခဏပဲေစာင့္"
"က်စ္...ဘာျဖစ္ေနတာလဲ၊ ထြန္းသာ...
မင္းဆရာေလး႐ွိလို႔လား"
ေနာင္ဆက္ စိတ္မ႐ွည္စြာေမးလိုက္ေတာ့ ထြန္းသာ၏ ပါးႏွစ္ဖက္သည္နီရဲလာကာ
"မဟုတ္ဘူး"
"မဟုတ္လည္း သြားရမယ္၊ မင္းအဓိက စံုစမ္းရမွာက အဲ့ဒီလူမို႔လို႔ပဲ"
"အဲ့ဒါဆိုလည္း ဟုတ္တယ္ Bossရာ
ကြၽန္ေတာ္ အဲ့လူနဲ႔ လြတ္လြတ္ကြၽတ္ကြၽတ္ေနေတာ့မလို႔"
"မင္းကိုေရာ မင္းေယာက်ာ္းေတာ္ခိုင္းေနလို႔လား၊ သူ႔အေၾကာင္းကိုသိခ်င္ရံုပဲ"
ထြန္းသာ သိေနပါသည္။
ဆရာေလးကိုၾကည့္ရံုႏွင့္ Bossလည္း ထြန္းသာႏွင့္ အေတြးတူမည္ဆိုတာ..။
ဒါေပမယ့္ အျခားလူေတြကိုခိုင္းမလို႔ကို Bossက တိုက္႐ိုက္ႀကီးခိုင္းလာေတာ့ ဘယ္လိုေ႐ွာင္လႊဲရမွန္းမသိေတာ့။
"ကြၽန္ေတာ္....အဲ့ဒီလူနဲ႔ မပတ္သတ္ခ်င္ဘူး
Boss ကြၽန္ေတာ့္ကို နားလည္ေပးလို႔မရဘူးလား"
"ထြန္းသာ...ငါလည္းမင္းကို မခ်စ္ခိုင္းဘူး၊ မင္းခ်စ္လို႔လည္းမရဘူး၊
အဲ့ဒီလူက တစ္ခ်ိန္ခ်ိန္မွာ ငါ့ေသနတ္ေအာက္က လူျဖစ္လာႏိုင္တာမို႔လို႔...ငါ့ေသနတ္နဲ႔ တန္မတန္ သိခ်င္ရံုပဲ"
Boss ၏စကား၌ ထြန္းသာတစ္ခ်က္ေတြေဝသြား၏။
တစ္ကယ္ပဲ ေသနတ္အထိအသံုးျပဳဖို႔လိုအပ္လို႔လား။
"မင္းဘယ္သူ႔ကိုမွ မခ်စ္ဖူးေသးတဲ့အတြက္ နားမလည္တာျဖစ္ေကာင္းျဖစ္လိမ့္မယ္
ငါ ၿငိမ္းကို တန္ဖိုးထားတယ္
ငါ့ကို ဒုကၡေပးရံုသက္သက္ဆို ငါကေအးေဆး ကစားေပးႏိုင္တယ္
ဒါေပမယ့္....ၿငိမ္းကိုထိခိုက္လာမယ့္ လူေတြကို ၿငိမ္းအသက္နဲ႔ေလာင္းေၾကးထပ္ၿပီး ငါမကစားႏိုင္ဘူး
ဒီကေလးမ႐ွိပဲ ေနရမွာထက္ ငါေသသြားတာက ပိုသက္သာလိမ့္မယ္...ထြန္းသာ...
ၿငိမ္းကို အႏၲရာယ္ျပဳႏိုင္သူမွန္သမွ်ကို ဖယ္႐ွားရလိမ့္မယ္"
Boss ၏မ်က္ဝန္းမ်ားထဲ ထြန္းသာေသခ်ာၾကည့္မိသည္။
မွန္ပါသည္။ Bossက အစ္ကိုေနျခည့္ကိုသိပ္ခ်စ္တာပဲ။
Boss အတြက္အဲ့လူကိုရင္ဆိုင္ရဦးမွာလား။
"ထြန္းသာ...မင္းကို ငါဒီတစ္ေခါက္ အကူအညီေတာင္းတာပါ"
"ဟုတ္...ဟုတ္ၿပီ၊ Bossရာ...
ဒါေပမယ့္ ေနာက္လ Bossတို႔ ရန္ကုန္ျပန္ရင္ ကြၽန္ေတာ္လည္း လိုက္ခဲ့မွာ"
"မင္း အဲ့ဒီလူအေၾကာင္းကို တစ္လတည္းနဲ႔ ေကာင္းေကာင္းစံုစမ္းႏိုင္ရင္ေပါ့"
Bossက ျခံထဲျပန္ဝင္သြားသည္မို႔ ထြန္းသာ ျခံခတ္ထားေသာ ဝါးတိုင္မ်ား၌ မွီလိုက္မိသည္။
ဆရာေလး.....ခင္ဗ်ားကို ကြၽန္ေတာ္ ဘယ္လို ပံုစံမ်ိဳးနဲ႔ေတြ႔ရဦးမွာလဲ။
⭐⭐⭐⭐
"ၿငိမ္း!! အေနာက္ဆုတ္ေနစမ္း!!"
ေနာင္ဆက္ လွမ္းေအာ္လိုက္ရာတြင္ ၿငိမ္းက ပုခံုးေလးတုန္ကာ လွည့္ၾကည့္လာသည္။
ၿငိမ္းျမင္ကြင္းထဲ ေနာင္ဆက္ အလံုးစံုမေရာက္လာခင္ ေနာင္ဆက္က ၿငိမ္းလက္ကေနအေနာက္ကို ဖမ္းဆြဲပစ္လိုက္သည္။
ၿငိမ္းကိုယ္ေလးသည္ ယိုင္သြားၿပီး ေနာင္ဆက္ရင္ခြင္ထဲ က်ေရာက္သြားသည္။
'ဝုန္း!!!!´
ပတ္ဝန္းက်င္သည္ ႐ွိန္းခနဲျဖစ္သြားၿပီး Laptop မွာ ေပါက္ကြဲသြားသည္။
ေနာင္ဆက္ကလည္း ၿငိမ္းအားရင္ခြင္ထဲထည့္ကာ ကာေပးထား၏။
မီးခိုးေငြ႔တို႔အနည္းငယ္ျပယ္သြားမွ ေနာင္ဆက္ ၿငိမ္းအား ရင္ခြင္ထဲမွျဖည္းညင္းစြာထုတ္လိုက္ၿပီး Laptopဘက္ကိုျပန္ၾကည့္လိုက္သည္။
ေနာင္ဆက္ ထြန္းသာႏွင့္ေျပာၿပီးသူႀကီးအိမ္ကိုျပန္ဝင္လာရာ ၿငိမ္းအားမေတြ႔ေတာ့၍ သူႀကီးကေတာ္ကိုေမးၾကည့္ေတာ့ ပဲခင္းထဲသြားသည္ဟုဆို၏။
ထို႔ေၾကာင့္ ေနာင္ဆက္ထိုပဲခင္းကို လိုက္သြားရာ လယ္ေစာင့္တဲ၌ထိုင္ေနေသာၿငိမ္းကို ေတြ႔လို႔မွမဆံုးေသး Laptop ၌ကပ္ထားေသာ အနီေရာင္မီးေသးေသးေလးကို ျမင္လိုက္ရရာ ရင္ထဲလွပ္ခနဲတုန္သြားၿပီး ၿငိမ္းကိုအခ်ိန္မီလွမ္းဆြဲလိုက္ႏိုင္၏။
မီးခိုးတလူလူထြက္ေနၿပီး အခ်ိဳ႕မွာအရည္ေပ်ာ္က်ေနေသာ Laptopဆီ ေနာင္ဆက္ႏွင့္ ၿငိမ္းတို႔ လွမ္းၾကည့္လိုက္ၾကသည္။
"ေနာင္...အဲ့...အ့ဲဒါက...ဘာျဖစ္တာလဲ"
"ကိုယ္လည္းမသိဘူး...ၿငိမ္း..
ၿငိမ္းဘာျဖစ္သြားေသးလဲ၊အာ...လက္က.."
ေပါက္ကြဲသည္႔အရွိန္ေၾကာင္႔ေလထုပါပူခနဲျဖစ္သြားသည္မို႔ ၿငိမ္း၏ လက္ကေလးမ်ားသည္ရဲတက္ေနသည္။
"က်စ္! တစ္ခုခုဆို ဘာလို႔အဲ့ေလာက္ Sensitive ျဖစ္ရတာလဲ"
ၿငိမ္း၏ လက္ဖမိုးေလးမ်ားကို လက္မႏွင့္အသာပြတ္ေနကာ မ်က္ေမွာင္ၾကဳတ္ေနေသာ ေနာင္ဆက္အား ၿငိမ္းဝိုးတဝါးျမင္ေနရသည့္ၾကားမွ မ်က္ခံုးတန္းတို႔ကို ေျဖေလ်ာ့ေပးမိသည္။
"ကြၽန္ေတာ္ ဘာမွမျဖစ္ပါဘူး၊ ေသခ်ာမျမင္ရေတာ့တာကလြဲလို႔..."
ၿငိမ္းစကား၌ ေနာင္ဆက္က ဆတ္ခနဲေမာ့ၾကည့္လာသည္။
"ၿငိမ္း မ်က္လံုးဘာျဖစ္လို႔လဲ၊ ကိုယ့္ကိုေျပာစမ္း"
"အာ...ဘာမွမျဖစ္ပါဘူးဗ်ာ၊ ဟိုမွာေလ"
ၿငိမ္း လက္ညႇိဳးထိုးျပရာကိုၾကည့္လိုက္ေတာ့ ၿငိမ္း၏ ေရႊေရာင္ကိုင္းႏွင့္မ်က္မွန္ေလးမွာ ေျမျပင္၌ အနည္းငယ္အက္ကြြဲေနသည္။
ခုနက ေနာင္ဆက္ ၿငိမ္းကိုဆြဲလိုက္စဥ္ ေအာက္က်သြားၿပီး ေပါက္ကြဲသြားေသာအ႐ွိန္ေၾကာင့္ ကြဲသြားဟန္တူ၏။
"အယ္....ၿငိမ္း မ်က္မွန္..."
"ကြၽန္ေတာ့္႐ုပ္က ထူးဆန္းမေနဘူးလား
မ်က္မွန္တပ္ေနက်သူက မ်က္မွန္မွမပါေတာ့တာ..."
"ကိုယ္ သတိမထားမိဘူး"
ေနာင္ဆက္က နဖူးေပၚ အနည္းငယ္က်ေနေသာ ၿငိမ္း၏ နီညိဳေရာင္ ဆံႏြယ္ေလးမ်ားကို အနည္းငယ္သပ္တင္ေပးၿပီး ျပံဳးလ်က္ဆို၏။
သို႔ေသာ္ ခက္သည္က ေနာင္ဆက္၏ အျပံဳးအား ၿငိမ္း ဝိုးတဝါးသာ ျမင္ေနရျခင္းပင္။
"ဘယ္လိုလုပ္မလဲ၊ ကြၽန္ေတာ့္ Laptop သံုးလို႔မရေတာ့ဘူး"
ၿငိမ္းက မ်က္ႏွာေလးမဲ့လ်က္ အရည္ေပ်ာ္ေနေသာ Laptop ကိုၾကည့္ကာေျပာသည္။
"ေနာက္တစ္လံုးဝယ္လိုက္ရံုေပါ့"
"ဒါေပမယ့္ ကြၽန္ေတာ့္အမႈအတြက္ သက္ေသေတြက အဲ့ Laptopထဲမွာ Note ထုတ္ထားတာ"
ေနာင္ဆက္က ထို Laptop ဆီ တစ္ေခါက္ျပန္ၾကည့္လိုက္ၿပီး
"ေနႏိုင့္အမႈလား"
"အင္း....ကြၽန္ေတာ္ တာဝန္မေက်ပြန္မွာေတာ့ ေၾကာက္တယ္ ေနာင္..."
မ်က္ႏွာေလးက မဲ့သထက္မဲ့လာသည္မို႔ ေနာင္ဆက္ သက္ျပင္းအသာခ်ကာ
"ၿငိမ္း Stick ထဲထည့္မသိမ္းထားဘူးလား"
ထိုေတာ့မွ ၿငိမ္းမ်က္ႏွာေလးသည္ ၾကည္လင္သြားကာ ေခါင္းအခါခါၿငိမ့္လ်က္
"အင္း....ကြၽန္ေတာ္ ထည့္သိမ္းထားတယ္၊ ေမ့ေနတာပဲ"
"ျဖစ္ရေလ...ကဲ...ကိုယ္တို႔သြားရေအာင္၊ သူႀကီးကေတာ္ ေစာင့္ေနေတာ့မယ္"
ေနာင္ဆက္၏ စိတ္ထဲ၌ ေျဗာင္းဆန္ေနေသာ္လည္း အတတ္ႏိုင္ဆံုး ၿငိမ္ေအာင္ထိန္းကာ ကေလးငယ္အားျပံဳးျပခဲ့ပါသည္။
အမွန္အတိုင္းေျပာရလွ်င္ ေနာင္ဆက္သိပ္လန္႔သြားခဲ့သည္။
ဤကေလးငယ္သာ တစ္စံုတစ္ရာျဖစ္ခဲ့ပါလွ်င္ ေနာင္ဆက္တစ္ကယ္မေတြးရဲ။
အကယ္၍ အခ်ိန္မီသာမေရာက္ခဲ့ပါလွ်င္....။
ေနာင္ဆက္ ေခါင္းကိုခါထုတ္လိုက္ကာ ေသြးေၾကာစိမ္းစိမ္းေလးမ်ား အနည္းငယ္႐ွိေနေသာ လက္ေသးေသးေလးကို ခပ္တင္းတင္းဆုပ္ကိုင္လိုက္သည္။
ေနာက္မျဖစ္ေအာင္ ကာကြယ္ဖို႔ပဲ႐ွိတယ္။
ဟုတ္တယ္...ဒီကေလးအတြက္....။
အသက္နဲ႔ ယွဥ္ၿပီး ျမတ္ႏိုးရတဲ့ ဒီကေလးတစ္ေယာက္တည္းအတြက္ရယ္ပါ....။
⭐⭐⭐⭐
"ပၪၥဂုဏံ အဟံဝႏၵာမိ
အာစရိယ ဂုဏံ အဟံဝႏၵာမိ
မဂၤလာပါ...ဆရာ..."
"မဂၤလာပါ..."
"ေက်းဇူးတင္ပါတယ္...ဆရာ.."
ကေလးေတြက တစ္လွည့္ေျပာၿပီးသည္ႏွင့္ ဦးသက္ေမာင္လင္းသည္ ထိုင္ခံု၌ထိုင္လိုက္ၿပီး ဖတ္စာအုပ္ကိုေကာက္ကိုင္လိုက္သည္။
"အရင္ ျမန္မာစာ ဆရာသင္တာ ဘယ္အခန္းေရာက္သြားၿပီလဲ..."
တစ္တန္းလံုးက တိတ္ဆိတ္ေနကာ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ေနၾကသည္မို႔ ဦးသက္ေမာင္လင္း၏ မ်က္ခံုးတို႔တြန္႔ခ်ိဳးသြားသည္။
"အတန္းေခါင္းေဆာင္ဘယ္သူလဲ...
ထစမ္း..."
ထိုအခါ ဆံပင္နီက်ဲက်ဲႏွင့္ ေကာင္ေလးထံ က်န္ကေလးမ်ားကၾကည့္ၾကသည္။
ထို႔ေၾကာင့္ ေပါက္ကေလးကမတ္တပ္ထရပ္ကာ
"ဟို....ဘီးလံုးငွက္နဲ႔ စြန္ရဲ ၿပီးသြားပါၿပီ..ဆရာႀကီး..."
"ဟုတ္ၿပီ...ျပန္ထိုင္ေတာ့....
မင္းတို႔ေတြကို ႀကိဳေျပာထားမယ္...
ဆရာ့ကိုေခၚတဲ့အခါ ဆရာႀကီးလို႔မေခၚနဲ႔....ဆရာႀကီးဆိုတာက ေက်ာင္းအုပ္ဆရာႀကီးကိုေခၚရမွာျဖစ္တဲ့အတြက္ဆရာလို႔ပဲေခၚမယ္...နားလည္ၾကလား..."
"ဒါေပမယ့္ အဘက ဆရာႀကီးကို ဆရာႀကီးလို႔ေခၚတာပါ..."
အတန္းေထာင့္တစ္ေနရာက ေျပာလာသည့္ကေလးကို ဦးသက္ေမာင္လင္း အကဲခတ္လိုက္သည္။
အင္း....ဒီကေလးက ျမန္မာဆရာေျပာသြားတဲ့ တစ္ေယာက္ျဖစ္မယ္...။
"မိဘေတြေခၚတာက ျပႆနာမ႐ွိေပမယ့္ ေက်ာင္းမွာေတာ့အေခၚအေဝၚကို ခြဲျခားထားဖို႔လိုတယ္..."
"ဒါေပမယ့္ အဘက..."
"မင္းထက္စိုး..ဟုတ္တယ္မလား....မင္းနာမည္...
အခု မင္း ဆရာ့ကို ဆရာလို႔ပဲေခၚရမယ္...
မင္းဘာေျပာခ်င္သလဲ..."
ထိုအခါ ေကာင္ကေလးက မ်က္ႏွာ႐ႈံ႕ကာ
"သားက ဆရာႀကီးလို႔ပဲေခၚခ်င္တာ"
"ကဲ...ေျပာစမ္း...ဒါျဖင့္ ေက်ာင္းအုပ္ဆရာႀကီးကို မင္းဘယ္လိုေခၚမလဲ..."
"ဟို....သားက..."
"ဟိတ္! မင္းကို ဆရာတစ္ေယာက္နဲ႔စကားေျပာေနရင္ မတ္တပ္ရပ္ေျပာရမယ္လို႔ သင္မေပးထားဘူးလား..."
ေကာင္ေလးက အနည္းငယ္တုန္သြားၿပီး မတ္တပ္ေလးထရပ္ကာ ခံုေပၚလက္ဝါးေထာက္ထားလ်က္
"အဲ့ဒါက...ေက်ာင္းအုပ္ႀကီးကို..."
"ေဟ့!!! အခုခ်က္ခ်င္း လက္ပိုက္ထားစမ္း!!"
ဦးသက္ေမာင္လင္း ခံုကိုပါလက္နဲ႔မက်ယ္တက်ယ္ေလးထုၿပီးေျပာလိုက္ေတာ့ ေကာင္ေလးက ပိုၿပီးတုန္တက္သြားသည္။
"ေျပာေတာ့!! အခု..."
"ဟို....ေက်ာင္းအုပ္ဆရာႀကီးကို...သားက...
ေက်ာင္းအုပ္ဆရာႀကီးလို႔ေခၚမွာပါ.."
"ဒါဆို မင္းအတန္းေဖာ္တစ္ေယာက္ကို ေႁမြကိုက္သြားတယ္ဆိုပါေတာ့...
ဒါဆို မင္းနားမွာ ေက်ာင္းအုပ္ကိုပဲေတြ႔မယ္ဆို ေက်ာင္းအုပ္ဆရာႀကီး ဆိုၿပီး ေခၚေနမိမယ္ထင္လား..."
"အဲ...အဲ့ဒါက....ေၾကာက္စရာဆိုရင္ေတာ့...ဆရာႀကီးလို႔ပဲ အျမန္....."
ေကာင္ေလးက စကားတို႔ရပ္သြားၿပီး ေခါင္းကိုငု႔ံသြားသည္။
"ဒါဆို ဆရာႀကီး(၁) နဲ႔ ဆရာႀကီး (၂) ဆိုရင္ေရာ...."
"မဂၤလာပါ....ဆရာႀကီး...."
အသံခပ္႐ွင္း႐ွင္းေပၚထြက္လာၿပီး ကေလးေတြကပါ ထႏႈတ္ခြန္းဆက္ၾကသည္မို႔ ေက်ာင္းအုပ္ျဖစ္မယ္မွန္းရိပ္မိကာ မတ္တပ္ထရပ္ၿပီး လွည့္ၾကည့္လိုက္သည္။
ထိုအခါ ဆံပင္နက္နက္တို႔ကို ဂ်ယ္ႏွင့္ဖီးသင္ထားၿပီး အျဖဴအစိမ္းကို ျပန္႔ျပဴးစြာဝတ္ဆင္ထားေသာ ေယာက်ာ္းတစ္ဦးကို ဦးသက္ေမာင္လင္းေတြ႔လိုက္ရေလသည္။
သို႔ေသာ္ျငား အေပါက္ဝမွ ေနေရာင္ေၾကာင့္ မ်က္ႏွာလႊဲလိုက္မိကာ ေနေရာင္မွိန္သြားမွ ေက်ာင္းအုပ္၏မ်က္ႏွာကို ေသခ်ာၾကည့္မိသည္။
အညိဳေရာင္မ်က္ခံုးတန္းမ်ား...၊
ျပံဳးျပေနေသာသြားစြယ္ေလးအခ်ိဳ႕၊
အျမဲတမ္း တလက္လက္ျဖစ္ေနတတ္သည့္ မ်က္ဝန္းမ်ား....။
ဦးသက္ေမာင္လင္းပင္ မသိလိုက္ခင္ မ်က္ရည္တို႔ရစ္သိုင္းလာသည္။
ၾကည့္ရင္းႏွင့္ ႏွလံုးသားထဲမွ နက္နက္နဲနဲခံစားလာရသည္။
ဒီလူဟာ........။
"ထိုင္ၾက...ထိုင္ၾက...."
"ေက်းဇူးတင္ပါတယ္...ဆရာႀကီး..."
ကေလးမ်ား ထိုင္သြားသည္အထိ ဦးသက္ေမာင္လင္း ေၾကာင္အစြာၾကည့္ေနမိဆဲ။
ဟင့္အင္း.....သူသာေျပာင္းလဲသြားေသာ္ျငား သည္လူသည္ အနည္းငယ္မွမေျပာင္းလဲသြားပါ။
ဒီအတိုင္း....ဒီသြားစြယ္ေတြ....ဒီအျပံဳး..ၿပီးေတာ့....။
ေနေရာင္ေအာက္၌ လက္ေနေသာေရႊျဖဴလက္စြပ္တစ္ကြင္း....။
ဦးသက္ေမာင္လင္း အထင္မမွားလွ်င္
အျဖဴေရာင္ပိတ္စဖံုးေနေသာ လက္ေကာက္ဝတ္၌လည္း Fate ဟူေသာစာသားေလးမွ ျမားေလးထိုးထားေသာ Jack ဟူသည့္စာသားေလး႐ွိေနလိမ့္မည္။
"ဆရာ...အေခၚအေဝၚနဲ႔ပတ္သတ္ၿပီး ျပႆနာတက္ေနတယ္ထင္ရဲ႕..."
ေက်ာင္းအုပ္မွ ျပံဳးျပံဳးေလး စကားစလာရာ ဦးသက္ေမာင္လင္းအသိဝင္လာေတာ့သည္။
႐ူးလိုက္ေလျခင္း....ဤလူဟာ အစ္ကိုျဖစ္ႏိုင္မတဲ့လား...။
လြန္ခဲ့တဲ့ ႏွစ္ႏွစ္ဆယ္လံုးက ဘာလုပ္ဖို႔တဲ့လဲ...
ဦးသက္ေမာင္လင္း ဝဲတက္ေနေသာ မ်က္ရည္စတို႔ကိုမသိမသာ လက္ခံုျဖင့္ပြတ္သုတ္လိုက္ၿပီး
"ကေလးက နည္းနည္းေလး ေလးစားမႈလိုေနလို႔ပါ...ဒါနဲ႔...."
ဦးသက္ေမာင္လင္း ျပံဳးျပေနသူထံ ထပ္ၾကည့္မိျပန္သည္။
တစ္ကယ္ကို အစ္ကိုနဲ႔သိပ္တူသည့္လူသားပါပဲ...။
အသက္ေတြလည္းမနည္းေတာ့ဘူး....။
သိပ္ၿပီး ေမွ်ာ္လင့္ခ်က္မထားစမ္းနဲ႔...သက္ေမာင္...။
"ကြၽန္ေတာ္က ေက်ာင္းအုပ္ပါ...
စာသင္ေနတုန္း အေႏွာင့္အယွက္ျဖစ္သြားရင္ေတာ့ ေတာင္းပန္ပါတယ္...
ဒီအခ်ိန္ၿပီးသြားရင္ ရံုးခန္းလာခဲ့ေပးပါခင္ဗ်...
အခ်ိန္စာရင္းေလး အေသးစိတ္ေဆြးေႏြးစရာ႐ွိလို႔...."
"ဟုတ္ကဲ့..."
ေက်ာင္းအုပ္ဟုေခၚသူက ေခါင္းေလးၿငိမ့္ျပၿပီး တံခါးဝဘက္ကိုျပန္လွည့္သြားသည္။
ဒါျဖင့္ရင္ အဲ့ဒီအရာကေရာ....။
"အစ္ကို....."
ဦးသက္ေမာင္လင္း ေခၚၿပီးမွ ပါးစပ္ကိုအလန္႔တၾကားအုပ္လိုက္မိသည္။
႐ူးလိုက္တာ...သက္ေမာင္လင္း....။
ဒီလူဟာ မင္းရဲ႔အစ္ကိုမဟုတ္ဘူး....။
"ကြၽန္ေတာ့္ကိုေခၚတာလား..."
ေက်ာင္းအုပ္က သူ႔ကိုယ္သူလက္ညႇိဳးထိုးကာ ျပန္ေမးလာသည္။
"ေတာင္းပန္ပါတယ္...ကြၽန္ေတာ္မွားသြားတာ...အဲ့ဒီ လက္စြပ္....
ဘယ္ကရတာမ်ားလဲ...ဆရာႀကီး"
ေမးမိၿပီးကာမွ ဦးသက္ေမာင္လင္း ညာလက္ကို အသာဖြက္လိုက္မိသည္။
ထပ္တူညီေသာ ေရႊျဖဴေမာင္းကြင္းေလးတစ္ခုကိုေရာေပါ့...။
"ဒီအေၾကာင္းက ႐ွင္းရရင္႐ွည္တယ္...ဆရာ..
ကြၽန္ေတာ္တို႔ အခ်ိန္ရမွေျပာၾကတာေပါ့..."
ေက်ာင္းအုပ္က ျပံဳးျပၿပီး လွည့္ထြက္လိုက္ရာ ဦးသက္ေမာင္လင္း မ်က္ေမွာင္က်ဳံ႕လိုက္မိသည္။
မဟုတ္ဘူး...ဒီလက္စြပ္မ်ိဳးက ကမ႓ာေပၚသိန္းခ်ီသန္းခ်ီၿပီး႐ွိေနႏိုင္တာပဲ...။
သူငယ္ျပန္ခ်င္ေနသလားေလ...။
"ဪ..."
ေက်ာင္းအုပ္က တစ္စံုတစ္ရာကိုသတိရသြားသလို ျပန္လွည့္လာသည္။
"ခုနက နာမ္စား ကို....ကြၽန္ေတာ္ႀကိဳက္ပါတယ္
အစ္ကို....အဲ့ဒီနာမ္စား...ျဖစ္ႏိုင္ရင္သံုးေပးပါ"
ေက်ာင္းအုပ္က အျပစ္ကင္းသူတစ္ဦးလို သြားစြယ္ေလးမ်ားေပၚသည္အထိ ရယ္ျပကာ ထြက္သြားသည္အထိ ဦးသက္ေမာင္လင္း လိုက္ၾကည့္မိေနဆဲ။
ေမွ်ာ္လင့္ခ်က္.....
ထားမိ၍ မွန္ခဲ့လွ်င္ႏွစ္ဆေပ်ာ္ရသည္။
ထားမိ၍ မွားခဲ့လွ်င္ဆယ္ဆနာက်င္ရသည္။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
ဒီအပိုင္းမွာပါတဲ့ ဦးသက္ေမာင္လင္းနဲ႔ ေက်ာင္းအုပ္ရဲ႕အခန္းေလးက 'Tide and Coast´ ဇာတ္လမ္းအျဖစ္ေဖာ္ျပတဲ့အခါ ျပန္ထည့္ေပးသြားမွာပါ။
'Tide and Coast´ မွာေတာ့ ဦးသက္ေမာင္လင္းရဲ႕ ခံစားမႈအခ်ိဳ႕ကိုပါ ထပ္တိုးထည့္သြားမွာမို႔ သူ႔ဇာတ္လမ္းမွာေတာ့ ဦးသက္ရဲ႕ အက်င့္စ႐ိုက္ေရာ၊ အစ္ကို႔အေပၚခံစားခ်က္ေတြကိုပါ ပိုၿပီး႐ွင္း႐ွင္းလင္းလင္းျမင္သြားရမွာပါဗ်☺
Unicode
"မရဘူး!!!"
"မရလို့မရဘူး ထွန်းသာ...မင်းက ငါ့လက်အောက်ငယ်သားနော်"
"အဲ့ဒါဆို အတော်ပဲ...Boss၊ ကျွန်တော် အလုပ်ထွက်တော့မယ်၊ မနက်ဖြန် ရန်ကုန်ပြန်မယ့်ကားနဲ့လိုက်သွားတော့မယ်...ဆာယိုနာရာ...."
လက်ကိုတာ့တာပြပြီး ထွက်သွားရန်လုပ်နေသော ထွန်းသာကို နောင်ဆက် ဂုတ်ပိုးမှ ဖမ်းဆွဲထားလိုက်သည်။
ဘာလို့များ အဲ့လောက်တောင် ငြင်းနေမှန်းမသိ။
"မင်းအခုမသွားရင် ငါမင်းကို နောက်ဘဝပို့ပေးမယ်"
"အဲ့ဒါလည်းကောင်းတာပဲ၊ ကျွန်တော် ဓားသွားယူပေးမယ်...ခဏပဲစောင့်"
"ကျစ်...ဘာဖြစ်နေတာလဲ၊ ထွန်းသာ...
မင်းဆရာလေးရှိလို့လား"
နောင်ဆက် စိတ်မရှည်စွာမေးလိုက်တော့ ထွန်းသာ၏ ပါးနှစ်ဖက်သည်နီရဲလာကာ
"မဟုတ်ဘူး"
"မဟုတ်လည်း သွားရမယ်၊ မင်းအဓိက စုံစမ်းရမှာက အဲ့ဒီလူမို့လို့ပဲ"
"အဲ့ဒါဆိုလည်း ဟုတ်တယ် Bossရာ
ကျွန်တော် အဲ့လူနဲ့ လွတ်လွတ်ကျွတ်ကျွတ်နေတော့မလို့"
"မင်းကိုရော မင်းယောက်ျားတော်ခိုင်းနေလို့လား၊ သူ့အကြောင်းကိုသိချင်ရုံပဲ"
ထွန်းသာ သိနေပါသည်။
ဆရာလေးကိုကြည့်ရုံနှင့် Bossလည်း ထွန်းသာနှင့် အတွေးတူမည်ဆိုတာ..။
ဒါပေမယ့် အခြားလူတွေကိုခိုင်းမလို့ကို Bossက တိုက်ရိုက်ကြီးခိုင်းလာတော့ ဘယ်လိုရှောင်လွှဲရမှန်းမသိတော့။
"ကျွန်တော်....အဲ့ဒီလူနဲ့ မပတ်သတ်ချင်ဘူး
Boss ကျွန်တော့်ကို နားလည်ပေးလို့မရဘူးလား"
"ထွန်းသာ...ငါလည်းမင်းကို မချစ်ခိုင်းဘူး၊ မင်းချစ်လို့လည်းမရဘူး၊
အဲ့ဒီလူက တစ်ချိန်ချိန်မှာ ငါ့သေနတ်အောက်က လူဖြစ်လာနိုင်တာမို့လို့...ငါ့သေနတ်နဲ့ တန်မတန် သိချင်ရုံပဲ"
Boss ၏စကား၌ ထွန်းသာတစ်ချက်တွေဝေသွား၏။
တစ်ကယ်ပဲ သေနတ်အထိအသုံးပြုဖို့လိုအပ်လို့လား။
"မင်းဘယ်သူ့ကိုမှ မချစ်ဖူးသေးတဲ့အတွက် နားမလည်တာဖြစ်ကောင်းဖြစ်လိမ့်မယ်
ငါ ငြိမ်းကို တန်ဖိုးထားတယ်
ငါ့ကို ဒုက္ခပေးရုံသက်သက်ဆို ငါကအေးဆေး ကစားပေးနိုင်တယ်
ဒါပေမယ့်....ငြိမ်းကိုထိခိုက်လာမယ့် လူတွေကို ငြိမ်းအသက်နဲ့လောင်းကြေးထပ်ပြီး ငါမကစားနိုင်ဘူး
ဒီကလေးမရှိပဲ နေရမှာထက် ငါသေသွားတာက ပိုသက်သာလိမ့်မယ်...ထွန်းသာ...
ငြိမ်းကို အန္တရာယ်ပြုနိုင်သူမှန်သမျှကို ဖယ်ရှားရလိမ့်မယ်"
Boss ၏မျက်ဝန်းများထဲ ထွန်းသာသေချာကြည့်မိသည်။
မှန်ပါသည်။ Bossက အစ်ကိုနေခြည့်ကိုသိပ်ချစ်တာပဲ။
Boss အတွက်အဲ့လူကိုရင်ဆိုင်ရဦးမှာလား။
"ထွန်းသာ...မင်းကို ငါဒီတစ်ခေါက် အကူအညီတောင်းတာပါ"
"ဟုတ်...ဟုတ်ပြီ၊ Bossရာ...
ဒါပေမယ့် နောက်လ Bossတို့ ရန်ကုန်ပြန်ရင် ကျွန်တော်လည်း လိုက်ခဲ့မှာ"
"မင်း အဲ့ဒီလူအကြောင်းကို တစ်လတည်းနဲ့ ကောင်းကောင်းစုံစမ်းနိုင်ရင်ပေါ့"
Bossက ခြံထဲပြန်ဝင်သွားသည်မို့ ထွန်းသာ ခြံခတ်ထားသော ဝါးတိုင်များ၌ မှီလိုက်မိသည်။
ဆရာလေး.....ခင်ဗျားကို ကျွန်တော် ဘယ်လို ပုံစံမျိုးနဲ့တွေ့ရဦးမှာလဲ။
⭐⭐⭐⭐
"ငြိမ်း!! အနောက်ဆုတ်နေစမ်း!!"
နောင်ဆက် လှမ်းအော်လိုက်ရာတွင် ငြိမ်းက ပုခုံးလေးတုန်ကာ လှည့်ကြည့်လာသည်။
ငြိမ်းမြင်ကွင်းထဲ နောင်ဆက် အလုံးစုံမရောက်လာခင် နောင်ဆက်က ငြိမ်းလက်ကနေအနောက်ကို ဖမ်းဆွဲပစ်လိုက်သည်။
ငြိမ်းကိုယ်လေးသည် ယိုင်သွားပြီး နောင်ဆက်ရင်ခွင်ထဲ ကျရောက်သွားသည်။
'ဝုန်း!!!!´
ပတ်ဝန်းကျင်သည် ရှိန်းခနဲဖြစ်သွားပြီး Laptop မှာ ပေါက်ကွဲသွားသည်။
နောင်ဆက်ကလည်း ငြိမ်းအားရင်ခွင်ထဲထည့်ကာ ကာပေးထား၏။
မီးခိုးငွေ့တို့အနည်းငယ်ပြယ်သွားမှ နောင်ဆက် ငြိမ်းအား ရင်ခွင်ထဲမှဖြည်းညင်းစွာထုတ်လိုက်ပြီး Laptopဘက်ကိုပြန်ကြည့်လိုက်သည်။
နောင်ဆက် ထွန်းသာနှင့်ပြောပြီးသူကြီးအိမ်ကိုပြန်ဝင်လာရာ ငြိမ်းအားမတွေ့တော့၍ သူကြီးကတော်ကိုမေးကြည့်တော့ ပဲခင်းထဲသွားသည်ဟုဆို၏။
ထို့ကြောင့် နောင်ဆက်ထိုပဲခင်းကို လိုက်သွားရာ လယ်စောင့်တဲ၌ထိုင်နေသောငြိမ်းကို တွေ့လို့မှမဆုံးသေး Laptop ၌ကပ်ထားသော အနီရောင်မီးသေးသေးလေးကို မြင်လိုက်ရရာ ရင်ထဲလှပ်ခနဲတုန်သွားပြီး ငြိမ်းကိုအချိန်မီလှမ်းဆွဲလိုက်နိုင်၏။
မီးခိုးတလူလူထွက်နေပြီး အချို့မှာအရည်ပျော်ကျနေသော Laptopဆီ နောင်ဆက်နှင့် ငြိမ်းတို့ လှမ်းကြည့်လိုက်ကြသည်။
"နောင်...အဲ့...အဲ့ဒါက...ဘာဖြစ်တာလဲ"
"ကိုယ်လည်းမသိဘူး...ငြိမ်း..
ငြိမ်းဘာဖြစ်သွားသေးလဲ၊အာ...လက်က.."
ပေါက်ကွဲသည့်အရှိန်ကြောင့်လေထုပါပူခနဲဖြစ်သွားသည်မို့ ငြိမ်း၏ လက်ကလေးများသည်ရဲတက်နေသည်။
"ကျစ်! တစ်ခုခုဆို ဘာလို့အဲ့လောက် Sensitive ဖြစ်ရတာလဲ"
ငြိမ်း၏ လက်ဖမိုးလေးများကို လက်မနှင့်အသာပွတ်နေကာ မျက်မှောင်ကြုတ်နေသော နောင်ဆက်အား ငြိမ်းဝိုးတဝါးမြင်နေရသည့်ကြားမှ မျက်ခုံးတန်းတို့ကို ဖြေလျော့ပေးမိသည်။
"ကျွန်တော် ဘာမှမဖြစ်ပါဘူး၊ သေချာမမြင်ရတော့တာကလွဲလို့..."
ငြိမ်းစကား၌ နောင်ဆက်က ဆတ်ခနဲမော့ကြည့်လာသည်။
"ငြိမ်း မျက်လုံးဘာဖြစ်လို့လဲ၊ ကိုယ့်ကိုပြောစမ်း"
"အာ...ဘာမှမဖြစ်ပါဘူးဗျာ၊ ဟိုမှာလေ"
ငြိမ်း လက်ညှိုးထိုးပြရာကိုကြည့်လိုက်တော့ ငြိမ်း၏ ရွှေရောင်ကိုင်းနှင့်မျက်မှန်လေးမှာ မြေပြင်၌ အနည်းငယ်အက်ကွဲနေသည်။
ခုနက နောင်ဆက် ငြိမ်းကိုဆွဲလိုက်စဉ် အောက်ကျသွားပြီး ပေါက်ကွဲသွားသောအရှိန်ကြောင့် ကွဲသွားဟန်တူ၏။
"အယ်....ငြိမ်း မျက်မှန်..."
"ကျွန်တော့်ရုပ်က ထူးဆန်းမနေဘူးလား
မျက်မှန်တပ်နေကျသူက မျက်မှန်မှမပါတော့တာ..."
"ကိုယ် သတိမထားမိဘူး"
နောင်ဆက်က နဖူးပေါ် အနည်းငယ်ကျနေသော ငြိမ်း၏ နီညိုရောင် ဆံနွယ်လေးများကို အနည်းငယ်သပ်တင်ပေးပြီး ပြုံးလျက်ဆို၏။
သို့သော် ခက်သည်က နောင်ဆက်၏ အပြုံးအား ငြိမ်း ဝိုးတဝါးသာ မြင်နေရခြင်းပင်။
"ဘယ်လိုလုပ်မလဲ၊ ကျွန်တော့် Laptop သုံးလို့မရတော့ဘူး"
ငြိမ်းက မျက်နှာလေးမဲ့လျက် အရည်ပျော်နေသော Laptop ကိုကြည့်ကာပြောသည်။
"နောက်တစ်လုံးဝယ်လိုက်ရုံပေါ့"
"ဒါပေမယ့် ကျွန်တော့်အမှုအတွက် သက်သေတွေက အဲ့ Laptopထဲမှာ Note ထုတ်ထားတာ"
နောင်ဆက်က ထို Laptop ဆီ တစ်ခေါက်ပြန်ကြည့်လိုက်ပြီး
"နေနိုင့်အမှုလား"
"အင်း....ကျွန်တော် တာဝန်မကျေပွန်မှာတော့ ကြောက်တယ် နောင်..."
မျက်နှာလေးက မဲ့သထက်မဲ့လာသည်မို့ နောင်ဆက် သက်ပြင်းအသာချကာ
"ငြိမ်း Stick ထဲထည့်မသိမ်းထားဘူးလား"
ထိုတော့မှ ငြိမ်းမျက်နှာလေးသည် ကြည်လင်သွားကာ ခေါင်းအခါခါငြိမ့်လျက်
"အင်း....ကျွန်တော် ထည့်သိမ်းထားတယ်၊ မေ့နေတာပဲ"
"ဖြစ်ရလေ...ကဲ...ကိုယ်တို့သွားရအောင်၊ သူကြီးကတော် စောင့်နေတော့မယ်"
နောင်ဆက်၏ စိတ်ထဲ၌ ဗြောင်းဆန်နေသော်လည်း အတတ်နိုင်ဆုံး ငြိမ်အောင်ထိန်းကာ ကလေးငယ်အားပြုံးပြခဲ့ပါသည်။
အမှန်အတိုင်းပြောရလျှင် နောင်ဆက်သိပ်လန့်သွားခဲ့သည်။
ဤကလေးငယ်သာ တစ်စုံတစ်ရာဖြစ်ခဲ့ပါလျှင် နောင်ဆက်တစ်ကယ်မတွေးရဲ။
အကယ်၍ အချိန်မီသာမရောက်ခဲ့ပါလျှင်....။
နောင်ဆက် ခေါင်းကိုခါထုတ်လိုက်ကာ သွေးကြောစိမ်းစိမ်းလေးများ အနည်းငယ်ရှိနေသော လက်သေးသေးလေးကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။
နောက်မဖြစ်အောင် ကာကွယ်ဖို့ပဲရှိတယ်။
ဟုတ်တယ်...ဒီကလေးအတွက်....။
အသက်နဲ့ ယှဉ်ပြီး မြတ်နိုးရတဲ့ ဒီကလေးတစ်ယောက်တည်းအတွက်ရယ်ပါ....။
⭐⭐⭐⭐
"ပဉ္စဂုဏံ အဟံဝန္ဒာမိ
အာစရိယ ဂုဏံ အဟံဝန္ဒာမိ
မင်္ဂလာပါ...ဆရာ..."
"မင်္ဂလာပါ..."
"ကျေးဇူးတင်ပါတယ်...ဆရာ.."
ကလေးတွေက တစ်လှည့်ပြောပြီးသည်နှင့် ဦးသက်မောင်လင်းသည် ထိုင်ခုံ၌ထိုင်လိုက်ပြီး ဖတ်စာအုပ်ကိုကောက်ကိုင်လိုက်သည်။
"အရင် မြန်မာစာ ဆရာသင်တာ ဘယ်အခန်းရောက်သွားပြီလဲ..."
တစ်တန်းလုံးက တိတ်ဆိတ်နေကာ တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်မို့ ဦးသက်မောင်လင်း၏ မျက်ခုံးတို့တွန့်ချိုးသွားသည်။
"အတန်းခေါင်းဆောင်ဘယ်သူလဲ...
ထစမ်း..."
ထိုအခါ ဆံပင်နီကျဲကျဲနှင့် ကောင်လေးထံ ကျန်ကလေးများကကြည့်ကြသည်။
ထို့ကြောင့် ပေါက်ကလေးကမတ်တပ်ထရပ်ကာ
"ဟို....ဘီးလုံးငှက်နဲ့ စွန်ရဲ ပြီးသွားပါပြီ..ဆရာကြီး..."
"ဟုတ်ပြီ...ပြန်ထိုင်တော့....
မင်းတို့တွေကို ကြိုပြောထားမယ်...
ဆရာ့ကိုခေါ်တဲ့အခါ ဆရာကြီးလို့မခေါ်နဲ့....ဆရာကြီးဆိုတာက ကျောင်းအုပ်ဆရာကြီးကိုခေါ်ရမှာဖြစ်တဲ့အတွက်ဆရာလို့ပဲခေါ်မယ်...နားလည်ကြလား..."
"ဒါပေမယ့် အဘက ဆရာကြီးကို ဆရာကြီးလို့ခေါ်တာပါ..."
အတန်းထောင့်တစ်နေရာက ပြောလာသည့်ကလေးကို ဦးသက်မောင်လင်း အကဲခတ်လိုက်သည်။
အင်း....ဒီကလေးက မြန်မာဆရာပြောသွားတဲ့ တစ်ယောက်ဖြစ်မယ်...။
"မိဘတွေခေါ်တာက ပြဿနာမရှိပေမယ့် ကျောင်းမှာတော့အခေါ်အဝေါ်ကို ခွဲခြားထားဖို့လိုတယ်..."
"ဒါပေမယ့် အဘက..."
"မင်းထက်စိုး..ဟုတ်တယ်မလား....မင်းနာမည်...
အခု မင်း ဆရာ့ကို ဆရာလို့ပဲခေါ်ရမယ်...
မင်းဘာပြောချင်သလဲ..."
ထိုအခါ ကောင်ကလေးက မျက်နှာရှုံ့ကာ
"သားက ဆရာကြီးလို့ပဲခေါ်ချင်တာ"
"ကဲ...ပြောစမ်း...ဒါဖြင့် ကျောင်းအုပ်ဆရာကြီးကို မင်းဘယ်လိုခေါ်မလဲ..."
"ဟို....သားက..."
"ဟိတ်! မင်းကို ဆရာတစ်ယောက်နဲ့စကားပြောနေရင် မတ်တပ်ရပ်ပြောရမယ်လို့ သင်မပေးထားဘူးလား..."
ကောင်လေးက အနည်းငယ်တုန်သွားပြီး မတ်တပ်လေးထရပ်ကာ ခုံပေါ်လက်ဝါးထောက်ထားလျက်
"အဲ့ဒါက...ကျောင်းအုပ်ကြီးကို..."
"ဟေ့!!! အခုချက်ချင်း လက်ပိုက်ထားစမ်း!!"
ဦးသက်မောင်လင်း ခုံကိုပါလက်နဲ့မကျယ်တကျယ်လေးထုပြီးပြောလိုက်တော့ ကောင်လေးက ပိုပြီးတုန်တက်သွားသည်။
"ပြောတော့!! အခု..."
"ဟို....ကျောင်းအုပ်ဆရာကြီးကို...သားက...
ကျောင်းအုပ်ဆရာကြီးလို့ခေါ်မှာပါ.."
"ဒါဆို မင်းအတန်းဖော်တစ်ယောက်ကို မြွေကိုက်သွားတယ်ဆိုပါတော့...
ဒါဆို မင်းနားမှာ ကျောင်းအုပ်ကိုပဲတွေ့မယ်ဆို ကျောင်းအုပ်ဆရာကြီး ဆိုပြီး ခေါ်နေမိမယ်ထင်လား..."
"အဲ...အဲ့ဒါက....ကြောက်စရာဆိုရင်တော့...ဆရာကြီးလို့ပဲ အမြန်....."
ကောင်လေးက စကားတို့ရပ်သွားပြီး ခေါင်းကိုငုံ့သွားသည်။
"ဒါဆို ဆရာကြီး(၁) နဲ့ ဆရာကြီး (၂) ဆိုရင်ရော...."
"မင်္ဂလာပါ....ဆရာကြီး...."
အသံခပ်ရှင်းရှင်းပေါ်ထွက်လာပြီး ကလေးတွေကပါ ထနှုတ်ခွန်းဆက်ကြသည်မို့ ကျောင်းအုပ်ဖြစ်မယ်မှန်းရိပ်မိကာ မတ်တပ်ထရပ်ပြီး လှည့်ကြည့်လိုက်သည်။
ထိုအခါ ဆံပင်နက်နက်တို့ကို ဂျယ်နှင့်ဖီးသင်ထားပြီး အဖြူအစိမ်းကို ပြန့်ပြူးစွာဝတ်ဆင်ထားသော ယောက်ျားတစ်ဦးကို ဦးသက်မောင်လင်းတွေ့လိုက်ရလေသည်။
သို့သော်ငြား အပေါက်ဝမှ နေရောင်ကြောင့် မျက်နှာလွှဲလိုက်မိကာ နေရောင်မှိန်သွားမှ ကျောင်းအုပ်၏မျက်နှာကို သေချာကြည့်မိသည်။
အညိုရောင်မျက်ခုံးတန်းများ...၊
ပြုံးပြနေသောသွားစွယ်လေးအချို့၊
အမြဲတမ်း တလက်လက်ဖြစ်နေတတ်သည့် မျက်ဝန်းများ....။
ဦးသက်မောင်လင်းပင် မသိလိုက်ခင် မျက်ရည်တို့ရစ်သိုင်းလာသည်။
ကြည့်ရင်းနှင့် နှလုံးသားထဲမှ နက်နက်နဲနဲခံစားလာရသည်။
ဒီလူဟာ........။
"ထိုင်ကြ...ထိုင်ကြ...."
"ကျေးဇူးတင်ပါတယ်...ဆရာကြီး..."
ကလေးများ ထိုင်သွားသည်အထိ ဦးသက်မောင်လင်း ကြောင်အစွာကြည့်နေမိဆဲ။
ဟင့်အင်း.....သူသာပြောင်းလဲသွားသော်ငြား သည်လူသည် အနည်းငယ်မှမပြောင်းလဲသွားပါ။
ဒီအတိုင်း....ဒီသွားစွယ်တွေ....ဒီအပြုံး..ပြီးတော့....။
နေရောင်အောက်၌ လက်နေသောရွှေဖြူလက်စွပ်တစ်ကွင်း....။
ဦးသက်မောင်လင်း အထင်မမှားလျှင်
အဖြူရောင်ပိတ်စဖုံးနေသော လက်ကောက်ဝတ်၌လည်း Fate ဟူသောစာသားလေးမှ မြားလေးထိုးထားသော Jack ဟူသည့်စာသားလေးရှိနေလိမ့်မည်။
"ဆရာ...အခေါ်အဝေါ်နဲ့ပတ်သတ်ပြီး ပြဿနာတက်နေတယ်ထင်ရဲ့..."
ကျောင်းအုပ်မှ ပြုံးပြုံးလေး စကားစလာရာ ဦးသက်မောင်လင်းအသိဝင်လာတော့သည်။
ရူးလိုက်လေခြင်း....ဤလူဟာ အစ်ကိုဖြစ်နိုင်မတဲ့လား...။
လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လုံးက ဘာလုပ်ဖို့တဲ့လဲ...
ဦးသက်မောင်လင်း ဝဲတက်နေသော မျက်ရည်စတို့ကိုမသိမသာ လက်ခုံဖြင့်ပွတ်သုတ်လိုက်ပြီး
"ကလေးက နည်းနည်းလေး လေးစားမှုလိုနေလို့ပါ...ဒါနဲ့...."
ဦးသက်မောင်လင်း ပြုံးပြနေသူထံ ထပ်ကြည့်မိပြန်သည်။
တစ်ကယ်ကို အစ်ကိုနဲ့သိပ်တူသည့်လူသားပါပဲ...။
အသက်တွေလည်းမနည်းတော့ဘူး....။
သိပ်ပြီး မျှော်လင့်ချက်မထားစမ်းနဲ့...သက်မောင်...။
"ကျွန်တော်က ကျောင်းအုပ်ပါ...
စာသင်နေတုန်း အနှောင့်အယှက်ဖြစ်သွားရင်တော့ တောင်းပန်ပါတယ်...
ဒီအချိန်ပြီးသွားရင် ရုံးခန်းလာခဲ့ပေးပါခင်ဗျ...
အချိန်စာရင်းလေး အသေးစိတ်ဆွေးနွေးစရာရှိလို့...."
"ဟုတ်ကဲ့..."
ကျောင်းအုပ်ဟုခေါ်သူက ခေါင်းလေးငြိမ့်ပြပြီး တံခါးဝဘက်ကိုပြန်လှည့်သွားသည်။
ဒါဖြင့်ရင် အဲ့ဒီအရာကရော....။
"အစ်ကို....."
ဦးသက်မောင်လင်း ခေါ်ပြီးမှ ပါးစပ်ကိုအလန့်တကြားအုပ်လိုက်မိသည်။
ရူးလိုက်တာ...သက်မောင်လင်း....။
ဒီလူဟာ မင်းရဲ့အစ်ကိုမဟုတ်ဘူး....။
"ကျွန်တော့်ကိုခေါ်တာလား..."
ကျောင်းအုပ်က သူ့ကိုယ်သူလက်ညှိုးထိုးကာ ပြန်မေးလာသည်။
"တောင်းပန်ပါတယ်...ကျွန်တော်မှားသွားတာ...အဲ့ဒီ လက်စွပ်....
ဘယ်ကရတာများလဲ...ဆရာကြီး"
မေးမိပြီးကာမှ ဦးသက်မောင်လင်း ညာလက်ကို အသာဖွက်လိုက်မိသည်။
ထပ်တူညီသော ရွှေဖြူမောင်းကွင်းလေးတစ်ခုကိုရောပေါ့...။
"ဒီအကြောင်းက ရှင်းရရင်ရှည်တယ်...ဆရာ..
ကျွန်တော်တို့ အချိန်ရမှပြောကြတာပေါ့..."
ကျောင်းအုပ်က ပြုံးပြပြီး လှည့်ထွက်လိုက်ရာ ဦးသက်မောင်လင်း မျက်မှောင်ကျုံ့လိုက်မိသည်။
မဟုတ်ဘူး...ဒီလက်စွပ်မျိုးက ကမ္ဘာပေါ်သိန်းချီသန်းချီပြီးရှိနေနိုင်တာပဲ...။
သူငယ်ပြန်ချင်နေသလားလေ...။
"ဪ..."
ကျောင်းအုပ်က တစ်စုံတစ်ရာကိုသတိရသွားသလို ပြန်လှည့်လာသည်။
"ခုနက နာမ်စား ကို....ကျွန်တော်ကြိုက်ပါတယ်
အစ်ကို....အဲ့ဒီနာမ်စား...ဖြစ်နိုင်ရင်သုံးပေးပါ"
ကျောင်းအုပ်က အပြစ်ကင်းသူတစ်ဦးလို သွားစွယ်လေးများပေါ်သည်အထိ ရယ်ပြကာ ထွက်သွားသည်အထိ ဦးသက်မောင်လင်း လိုက်ကြည့်မိနေဆဲ။
မျှော်လင့်ချက်.....
ထားမိ၍ မှန်ခဲ့လျှင်နှစ်ဆပျော်ရသည်။
ထားမိ၍ မှားခဲ့လျှင်ဆယ်ဆနာကျင်ရသည်။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
ဒီအပိုင်းမှာပါတဲ့ ဦးသက်မောင်လင်းနဲ့ ကျောင်းအုပ်ရဲ့အခန်းလေးက 'Tide and Coast´ ဇာတ်လမ်းအဖြစ်ဖော်ပြတဲ့အခါ ပြန်ထည့်ပေးသွားမှာပါ။
'Tide and Coast´ မှာတော့ ဦးသက်မောင်လင်းရဲ့ ခံစားမှုအချို့ကိုပါ ထပ်တိုးထည့်သွားမှာမို့ သူ့ဇာတ်လမ်းမှာတော့ ဦးသက်ရဲ့ အကျင့်စရိုက်ရော၊ အစ်ကို့အပေါ်ခံစားချက်တွေကိုပါ ပိုပြီးရှင်းရှင်းလင်းလင်းမြင်သွားရမှာပါဗျ☺