နွေဦးပုံပြင် ( Jinkook Collec...

By Epiphany_Jinah

4K 498 80

• A popular IDOL Star Kim and his secret relationship • More

" Hello, My Little Universe "
【 𝟭 】
【02】

【3】• The Final •

856 124 27
By Epiphany_Jinah

⟨ Unicode Version ⟩
A Critical Chapter
- 03 Final -

" မင်း ဘယ်မှာလဲ "

" လေယာဉ်‌ပေါ်မှာ ...."

လေယာဉ်မထွက်ခင် လေယာဉ်ပေါ်က ဧည့်သည်တွေကို စစ်ဆေးနေတုန်း အဝင်ကောလ်ကို သူပြန်ဖြေမိသည်။ တခြားသူမဟုတ်၊ အစ်ကိုယွန်ဂီပင်၊ အစ်ကိုဆော့ဂျင်လို့ ထင်ထားမိပေမယ့် တကယ်တမ်းဖုန်းဆက်လာသူက အစ်ကိုယွန်ဂီဖြစ်သည်မို့ သူ အနည်းငယ်တော့ စိတ်ပျက်သွားမိသည် ။

အစ်ကို့ကို ကျောခိုင်းမယ်ဆိုပြီး နောက်ဆုံးအခွင့်အရေးရတဲ့အထိ အစ်ကို့ကို သူမျှော်နေတုန်းပင်။

" ဘာ!! ဘယ်ကိုသွားမယ့်လေယာဉ်လဲ ဘာလို့ ဘာတစ်ခွန်းမှ မပြောရတာလဲ "

" လိုက်လာလဲ မမှီတော့ဘူး အစ်ကို လေယာဉ်က ထွက်တော့မှာ ... ကျွန်တော့်ကို ပြောစရာရှိလား ... "

တုန်ယင်စွာနဲ့မေးလာတဲ့ဂျောင်ဂုမေးခွန်းကြောင့် ယွန်ဂီ သူ့အရှေ့မှာ ငူငူငိုင်ငိုင်ဖြစ်နေတဲ့ဆော့ဂျင်ကို မေးငေါ့ကြည့်လိုက်ရင်း လေသံဖွဖွနဲ့မေးမိသည်။

" .. ~~ ပြောစရာရှိလား ကင်ဆော့ဂျင် ~~ "

တစ်ဖက်က တိုးဖွဖွအသံလေးနဲ့ ပြောနေတယ်ဆိုပေမယ့် အတိုင်းသားကြားနေရတဲ့အတွက် ဂျောင်ဂုရင်ထဲ ဆစ်ကနဲ့။ အစ်ကိုဟာ သိပ်ဆိုးလွန်းသည်၊ တိုက်ရိုက်ဆက်သွယ်ရင် ရပါလျက်နဲ့ အစ်ကိုယွန်ဂီကို တဆင့်ခံ ဆက်သွယ်နေပြန်သည်။

" ... ငါ .. ငါ ...."

တစ်ဖက်မှာ တွေဝေနေပုံရတဲ့အစ်ကို့အသံတိုးတိုးကို သူကြားတော့ သူအားမရနိုင်။ ‌အမြဲတမ်း မာနတွေတင်းခံနေတတ်တဲ့အစ်ကို့ကို သူ ပစ်ပစ်ခါခါထပ်ပြောချင်စိတ်တွေ ပေါက်လာရင်း အားမလို အားမရ ဒေါသထွက်မိသည်။

" ... ဟင်အင်း ... ပြောစရာစကားမရှိတော့ဘူး ... ငါ ဒီနေ့ စကားကုန်ပြောထားပြီးပြီ ... ”

တစ်ဖက်က ကြားလိုက်ရတဲ့အသံကြောင့် ဂျောင်ဂုလက်သီးကို တင်းကျပ်နေအောင်ဆုပ်မိပြီး ငြိမ်သက်သွားမိသည်။ မျက်ရည်ကျတာမျိုးလည်း မရှိတော့ဘဲ ရင်ထဲတင်းကျပ်မှုနဲ့ဒေါသတွေက နေရာယူလာသည်။

... ဂျောင်ဂု-ah .. Gukie-ya .... မသွားပါနဲ့ .. ပြန်လာခဲ့ .. ကိုယ်လာခေါ်မယ် ...

အဲ့ဒီလိုစကားလေးပြောလိုက်တာနဲ့ သူ ခွင့်လွှတ်ပေးပြီး လေယာဉ်ပေါ်က ချက်ချင်းဆင်းမယ့်ဟာကို ... အစ်ကိုက ဘာကြောင့် ဘာလို့ ဘာမှ မပြောနိုင်ရတာလဲ ... ဘယ်အရာတွေက အစ်ကို့ကို တားဆီးနေရတာလဲ ...သူက အစ်ကို့မာနလောက်တောင် အရေးမပါဘူးလား ...

အသားတွေ တဆတ်ဆတ်တုန်ပြီး မေးရိုးတွေပါ ရိုက်ခတ်လာတဲ့အထိ ဝမ်းနည်းဒေါသတွေ၊ ခံပြင်းဒေါသတွေဖြစ်တည်လာတာမို့ ဂျောင်ဂု ဖုန်းကို ပိတ်ချပစ်လိုက်သည်။ အဲ့ဒီ့နောက် လေယာဉ်ပြတင်းပေါက်ကို ငေးရင်း ထပ်ပြီး မငိုမိအောင် ကြိုးစားနေလိုက်တော့သည်။

တစ်ဖက်က ကျသွားခဲ့တဲ့ဖုန်းလိုင်းလေးကိုတော့ မျက်ရည်အဝိုင်းသားကြည့်နေခဲ့တဲ့လူတစ်ယောက်။

" ကင်ဆော့ဂျင် မင်းဟာလေ!!! ပြောမနိုင်တော့ဘူး ....သေလောက်အောင်လဲ လိုချင်ပါနေလျက်နဲ့ ... မာနလေးနည်းနည်းလျော့စမ်းကွာ "

စိုးရိမ်ဒေါသနဲ့အော်လာတဲ့မင်ယွန်ဂီကိုတောင် ဆော့ဂျင် အာရုံမရဘဲ သူ့နားထဲမှာ ဂျောင်ဂုစကားသံလေးတွေကိုသာ ပြန်ကြားယောင်နေမိသည်။

// လမ်းခွဲရအောင် ... ကျွန်တော် အရှုံးပေးပါတယ် ... ခင်ဗျားကို နောက်ထပ် မပိုင်ဆိုင်ချင်တော့ဘူး ...
ခင်ဗျားကို နောက်ထပ် မပိုင်ဆိုင်ချင်တော့ဘူး ...
ခင်ဗျားကို နောက်ထပ် မပိုင်ဆိုင်ချင်တော့ဘူး ...
ခင်ဗျားကို နောက်ထပ် မပိုင်ဆိုင်ချင်တော့ဘူး ~~~~ //

အဲ့ဒီ့နောက် စူးအောင့်လာတဲ့ရင်ဘတ်နဲ့အတူ မူးဝေလာတဲ့အသိအာရုံတွေကြောင့် ဆော့ဂျင်လက်သီးကို တင်းတင်းကျပ်ကျပ်သာ ဆုပ်ထားလိုက်မိသည်။ သို့ပေမယ့် သူ့အသိတရားတွေ ယဲ့ယဲ့လေးသာရှိနေတော့တဲ့အချိန်မှာတော့ သူ့ဆီပြေးလာနေတဲ့ခြေထောက်တွေကို သူမြင်လိုက်ရတော့သည်။ သိပ်မကြာ သူ့ကမ္ဘာကြီးဟာ အမှောင်ကျသွားခဲ့တော့သည်။

𖧷𖧷𖧷𖧷𖧷𖧷𖧷


လေးလခန့်ကြာမြင့်ပြီးနောက် ...

“ ...ဒီညအတွက် မုန့်ထပ်မရနိုင်တော့ပါဘူး ... အားနာပါတယ် ... ကျွန်တော်တို့ဆိုင်ပိတ်ပါပြီ ..."

ဆိုင်အပေါက်ဝကနေ ယဉ်ယဉ်ကျေးကျေးလေး ငြင်းနေတဲ့ကောင်လေးကို ကြည့်ပြီး ဂျောင်ဂု ပြုံးလိုက်သည်။ သူကတော့ ကျန်နေတဲ့ကိတ်ကို စားဖို့အတွက် ပြင်ဆင်လိုက်ပြီး လက်ကျန်စားပွဲကိုရှင်းလင်းနေမိသည်။

" အစ်ကိုဂျောင်ဂု ကျွန်တော် အပေါ်ထပ်မှာ ပြင်ထားလိုက်တော့မယ်နော် ..."

" အင်း ယုံမင်း ... သေချာသန့်ရှင်းလိုက်နော် ... "

သူ့စကားအဆုံး ကောင်ငယ်လေးက မြူးတူးစွာအပေါ်ထပ်အခန်းဆီ တက်သွားတော့ သူလည်း ဆိုင်တံခါးပိတ်ဖို့ ကြိုးစားလိုက်မိသည်။ သို့ပေမယ့် ရုတ်တရက် သူပိတ်တော့မယ့် တံခါးရှေ့ရပ်ကာ ကာဆီးလိုက်တဲ့လက်ပိုင်ရှင်။ ရင်းနှီးလွန်းသည်မို့ သူမော့ကြည့်မိတော့ မျက်ဝန်းတွေပြူးကျယ်ပြီး ရင်ဘတ်တစ်ခုလုံး ပရမ်းပတာဖြစ်စေနိုင်တဲ့အထိ အင်အားကြီးမားလွန်းတဲ့မျက်နှာလှလှလေးကို သူမြင်လိုက်ရသည်။

"~~ အစ်ကို ~~ "

မရည်ရွယ်ဘဲ သူ့နှုတ်ဖျားက ထွက်မိတော့ ထိုလူသားဟာ သူ့ကို စိုက်ကြည့်လာပြီး မျက်ခုံးနှစ်ဖက်က အနည်းငယ်တွန့်လူးလာသည်။

" ... ကျွန်တော့်ကို သိတာလား ..."

ပြန်မေးလာတဲ့စကားကြောင့် သူကြောင်အမိရင်း ပြန်စိုက်ကြည့်မိတော့ အစ်ကိုဆော့ဂျင်က ပြုံးသည်။ အခြေအနေကို နားမလည်နိုင်စွာ ဖြစ်နေတုန်းက အစ်ကို သူ့ကိုဖြတ်ကျော်ကာ ဆိုင်ထဲကို ဝင်သွားသည်။

" ... အားနာပေမယ့် ကျွန်တော့်ကို ဒီမှာ ခဏလောက်ပေးနေမလား ... ညရှစ်နာရီမတိုင်ခင်ထိပါပဲ ... ဆိုင်ပိတ်ပြီဆိုတာသိပေမယ့် ကျွန်တော့်ကို အကူအညီပေးနိုင်မလား ... ဒုက္ခရောက်နေတဲ့ကိုးရီးယားလူမျိုးတစ်ယောက်ကို ကူညီပေးတယ်လို့ပဲ သဘောထားလိုက်ပေါ့ "

ပျူငှာစွာ တောင်းဆိုခယလာတဲ့အစ်ကို့ကို သူကြည့်ရင်း အစ်ကို့ရှေ့ သူရပ်လိုက်မိသည်။ သူ့ကို မသိချင်ယောင်ဆောင်နေတဲ့အစ်ကို့ကို သူ ဘာလုပ်လိုက်ရမလဲ ... မောင်းထုတ်လိုက်ရမလား ... ဒီအတိုင်းပဲ တည့်မေးလိုက်ရမလား ...။

" ... ဘာလာလုပ်တာလဲ ... "

မနေနိုင်တဲ့အဆုံး ရှေ့တည့်တည့်ဝင်ထိုင်ကာ မေးမိတော့ အစ်ကိုက သူ့ကို တစ်ခါမှ မမြင်ဖူးတဲ့ပုံစံနဲ့ကြည့်သည်။

" ... ဟင် ... "

" ကိုးရီးယားကနေ ပဲရစ်ထိကို ဘာလာလုပ်တာလဲလို့!! ကျွန်တော်အဆင်ပြေနေတဲ့အချိန်မှ အစ်ကိုက ဘာလာလုပ်တာလဲ !!! အစ်ကိုက ကျွန်တော့်ကို ဘာဖြစ်စေချင်နေတာလဲ !!! အစ်ကိုက ဘာလုပ်ချင်နေတာလဲလို့!!! "

တကယ်ကို ဝမ်းနည်းဒေါသက ထွက်လာတာမို့ သူမေးမိတော့ အစ်ကိုက သူ့ကို ခေါင်းလေး စောင်းငဲ့ကာ ကြည့်သည်။

" ဒီမှာဗျ!! မှားနေပြီထင်တယ် ... ကျွန်တော် ပဲရစ်ကိုလာတာက ... ကျွန်တော့်ရဲ့မှတ်ဉာဏ်တွေကို ပြန်ရှာချင်လို့ပါ ... မဟုတ်မှ မင်းက ကျွန်တော့်ကို သိနေတာလား ... "

ဒီစကားမှာတော့ သူ ဝမ်းနည်းဒေါသကနေ ရင်ထဲ လှိုက်ကနဲ့ စိုးရိမ်စိတ်က ဝင်ဆောင့်သည်။ သူကိုးရီးယားကနေ ထွက်လာပြီးတဲ့နောက်ပိုင်း အစ်ကို့သတင်းတွေ မြင်မိမှာ စိုးတာကြောင့် တီဗွီအစီစဉ်ရှိုးတွေ၊ သတင်းတွေကိုတောင် နားမစွင့်မိခဲ့ပါ။ လေးလလုံးလုံး ကွာဝေးနေတဲ့သူဟာ ကိုးရီးယားမှာ ဘာတွေဖြစ်ပျက်နေလဲ သူမသိ။

အစ်ကိုက သူ့ကို မမှတ်မိဘူးလား ... သူ့ကို မသိဘူးလား ... မဟုတ်မှ သူ့ကို မေ့သွားတာလား ...

" ခင်ဗျားနာမည်ကဘာလဲ !!! "

သူ သေချာအောင်အတည်ပြုဖို့ မေးမိတော့ အစ်ကိုက ပြုံးရင်း လက်ချောင်းတွေကို ပွတ်သပ်ကြည့်ကာ ပြန်ဖြေလာသည်။

" ဂျင်! ကင်ဆော့ဂျင်! "

" ... ဒါဖြင့်ရင် ခင်ဗျားက ဘာလုပ်တဲ့သူလဲ "

ဒီမေးခွန်းမှာတော့ အစ်ကိုဟာ Long Coatအရှည်ထဲက ကတ်တစ်ခုကို ဆွဲယူကြည့်ပြီးမှ သူ့ကိုအဖြေပြန်ပေးလာသည်။

" Composerပါ .. ... ဒါနဲ့ မင်း ကျွန်တော့်ကို သိတာလား ..."

ဒီလိုထပ်မေးလာလေတော့ သူ့စိုးရိမ်မှုတွေက ချက်ချင်း အထွဋ်အထိပ်ကို ရောက်သွားတော့သည်။

အစ်ကို ဘာဖြစ်ခဲ့တာလဲ ... အစ်ကို ဘာဖြစ်နေတာလဲ ...

သူ အစ်ကို့နဲ့ နီးနီးကပ်ကပ်ထိုင်ရင်း အစ်ကို့လက်တွေကို သူဆွဲယူလိုက်သည်။ အစ်ကိုကတော့ သူ့အပြုအမူကို မျက်မှောင်ကြုတ်ကာ ကြည့်ရင်း ရုန်းသည်။

" ဘာလုပ်တာလဲဗျ!! ခင်ဗျား !!"

" ... အစ်ကို ... ~~ မမှတ်မိဘူးလား ... ကျွန်တော်လေ ... ကျွန်တော် ဂျွန်ဂျောင်ဂုလေ ... "

သူ ပြောတော့ မျက်မှောင်ကြုတ်ကာ ကြည့်ရင်း အစ်ကိုက ငြိမ်သက်သွားသည်။

" ဂျွန်ဂျောင်ဂု ~~ ..."

သူ့နာမည်ကို ခပ်တိုးတိုးလေး ရေရွတ်ရင်း မျက်ဝန်းတွေက တဖြည်းဖြည်းအရောင်ပြောင်းလာသည်။ အဲ့ဒီ့နောက် တစ်စုံတစ်ခုကို သတိရသွားသလိုမျိုး Long Coatထဲက အိတ်ကပ်ကို ချက်ချင်းကြည့်ကာ တစ်စုံတစ်ခုကို ဆွဲယူထုတ်ပစ်သည်။ သူ ကြည့်မိတော့ ထိုအရာလေးဟာ ဓာတ်ပုံလေးတစ်ပုံပင်။

အစ်ကိုဟာ ဓာတ်ပုံကိုကြည့်လိုက် သူ့ကိုကြည့်လိုက်လုပ်နေရင်းမှ မျက်ဝန်းတွေ တဖြည်းဖြည်းညိုလာသည်။ ပြိုတော့မယ့်မိုးလို ညိုမှိုင်းလာပေမယ့် ချက်ချင်း အရောင်ပြောင်းကာ အစ်ကို့မျက်နှာလေးက ခက်ထန်သွားပြန်သည်။

" ... ငါ့ကိုအဲ့ဒီလို သနားတဲ့မျက်ဝန်းတွေနဲ့ လာမကြည့်နဲ့ ဂျွန်ဂျောင်ဂု!! "

အခုမှလေသံတွေပြောင်းကာ သူသိခဲ့ဖူးတဲ့အစ်ကိုနဲ့ တူလာလေတော့ သူ့မျက်ဝန်းတွေ စိုစွတ်သွားရသည်။ သေချာပါသည် ... အစ်ကိုဟာ သူ မရှိတဲ့ကာလမှာ တစ်ခုခုဖြစ်နေပုံပေါ်သည်။

" ... အစ်ကိုက ဘယ်နားမှာ သနားစရာကောင်းနေလို့လဲ ... ကျွန်တော်ကသာ သနားစရာကောင်းနေတာမဟုတ်လား .... အစ်ကို့ကို မေ့နိုင်ဖို့ ကြိုးစားပြီး နေ, နေတဲ့အချိန်မှာ ဘာဖြစ်လို့ ကျွန်တော့်ကို လာပြန်ဆွရတာလဲ ... အစ်ကို ကျွန်တော့်ကို မလိုချင်ခဲ့ဘူး မဟုတ်လား ... ကျွန်တော် ဒီမှာ ရှိနေတာ ဘယ်လိုလုပ်သိတာလဲ??? "

သူမေးမိတော့ အစ်ကိုက မျက်နှာလွှဲကာ ချက်ချင်းထရပ်သည်။ အစ်ကိုထရပ်တဲ့အချိန်မှာတော့ အစ်ကို့ဆီက ကဒ်လေးနဲ့ ဓာတ်ပုံလေးက စားပွဲအောက်ကို ပြုတ်ကျသွားတာတော့ သူမြင်လိုက်မိသည်။  သူကြည့်မိတော့ အစ်ကို့ကဒ်လေးဟာ ဝန်ထမ်းကဒ်လေးဖြစ်ပြီး ဓာတ်ပုံကတော့ သူ့ရဲ့ပုံပင်။

" ... ဆောရီး~~ မင်းရဲ့ဆိုင်မှန်းမသိလို့ ဝင်လာမိတာ ... ဒီလမ်းမပေါ်မှာ ကိုးရီးယားလို ရေးထားတဲ့ဆိုင်က ဒီတစ်ဆိုင်ပဲရှိနေခဲ့တာမို့လို့ ဝင်လာမိတာ ... ငါကတော့ မင်းကို သေချာပေါက်မေ့နေခဲ့တာမို့လို့ မင်းကတော့ ငါ့ကိုမေ့ဖို့ပဲ ကြိုးစားလိုက် ဂျွန်ဂျောင်ဂု "

ပြောပြီးတာနဲ့ ချက်ချင်းပြေးထွက်တော့မယ့် အစ်ကို့လက်ကို သူခပ်မြန်မြန်ပဲ ဖမ်းဆွဲလိုက်သည်။ အစ်ကို တစ်ခုခုဖြစ်နေတာကို သူသိသည်မို့ ဒီအတိုင်း ထွက်သွားခွင့်မပေးနိုင်။

" ... အစ်ကို!! မာနတွေကို ခဏဖယ်ပြီး အမှန်အတိုင်းပဲ ပြောစမ်းပါ ... ဘာဖြစ်နေတာလဲ .... ဘာဖြစ်နေခဲ့တာလဲလို့!! "

သူအော်ပြောမိတဲ့အချိန်မှာပဲ အပေါ်ထပ်က ယုံမင်း ပြေးဆင်းလာသည်။

" အစ်ကိုဂျောင်ဂု !! ကျွန်တော်ပြီး~~ အယ် ..."

သူနဲ့အစ်ကိုဆော့ဂျင်ကိုမြင်လေတော့ တအံ့တဩကြည့်သည်။ အစ်ကိုကလဲ ယုံမင်းရဲ့အသံကြောင့် ယုံမင်းကိုကြည့်ကာ သူ့ကို ပြန်လှည့်ကြည့်ပြီး ခပ်ထေ့ထေ့ရယ်သည်။ အစ်ကို့ပုံရိပ်ဟာ သူ့ဆိုင်ထဲ စစဝင်လာတဲ့ပုံစံနဲ့ မတူတော့ဘဲ သူသိခဲ့တဲ့ကင်ဆော့ဂျင်အသွင်ပြောင်းလဲလာသည်။ မတူတော့တာဆိုလို့ ရိုးရိုးရှင်းရှင်း ခပ်အုံ့အုံ့ဆံပင်လေးပင်။

" အဟက်~~ ငါ့ကိုလွှတ် ဂျွန်ဂျောင်ဂု!! "

ပြောပြီးတာနဲ့ အစ်ကိုဟာ သူ့လက်ကနေ ရုန်းထွက်ကာ ဆိုင်အပြင်ကို ခပ်သုတ်သုတ်လေး ထွက်သွားခဲ့သည်။

" အစ်ကိုဂျောင်ဂု! အစ်ကိုဂျောင်ဂု!! အဲ့ဒါက ...3Hipထဲက ကင်မ် မဟုတ်လား!! အစ်ကို့အသိလား ... ဝါး ... ဒီလိုနာမည်ကြီးတစ်ယောက်နဲ့ ခင်နေတာ ဘာလို့မပြောရတာလဲ ... "

တအံ့တဩပြောလာတဲ့ယုံမင်းစကားကို သူမတုံ့ပြန်ဖြစ်။ အစ်ကို့အကြောင်းတွေ သိချင်စိတ်သာ ပြင်းပြနေခဲ့သည်။

" ... အယ် မဟုတ်သေးပါဘူး ကင်မ်က အနားယူနေတာလေ ... ကျန်းမာရေးထိခိုက်လို့ဆိုပြီး အနားယူနေတာ လေးလလောက်ရှိပြီကို ... ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ "

ယုံမင်းရေရွတ်တဲ့စကားကြောင့် သူ ယုံမင်းကို ကြည့်လိုက်မိသည်။

" ဘာ ဘာပြောတာလဲ ... "

" ဟုတ်တယ် အစ်ကို ... ကင်မ်က ကျန်းမာရေးမကောင်းလို့ အဖွဲ့ထဲကနေ အနားယူထားတာ ... အခုဆို သီချင်းအသစ်တွေ ထပ်မထွက်တော့ဘူး ... နောက်ဆုံးထွက်ထားတဲ့သီချင်းက Hold Me Tight ပဲ အစ်ကို .. အဲ့ဒီ့သီချင်းကို concert မှာပဲ ဆိုပြခဲ့တာ .. ကြားတာတော့ ကင်မ်ရဲ့ချစ်သူအတွက်တဲ့ ... အဲ့သီချင်းကို CD ထုတ်ဝေခွင့်တောင် ကင်မ်က မပေးခဲ့ဘူးတဲ့ ကုမ္ပဏီဘက်ခြမ်းနဲ့ ပြသနာတွေဖြစ်‌လို့ နောက်‌ဆုံး streaming platform ပေါ်တွေ ရောက်လာတာ .. Album တော့ မထုတ်ထားပေးဘူး "

ယုံမင်းစကားကြောင့် သူ့ရင်ဘတ်က ဆစ်ကနဲ့ နာကျင်သွားရသည်။ သူမေ့ချင်ယောင်ဆောင်နေခဲ့မိတဲ့အမှန်တရားတွေထဲမှာ အစ်ကိုက သူ့ကို ချစ်နေတုန်းပဲ ဆိုတဲ့အမှန်တရားတွေလဲ ပါသည်။

" ယုံမင်း!! ဆိုင်မှာပဲစောင့်နေ "

ဂျောင်ဂု ‌ဘာမှ မစဉ်းစားနိုင်တော့ဘဲ ထီးတစ်လက်ဆွဲယူကာ ဆိုင်ထဲကနေ ပြေးထွက်မိတော့သည်။ မိုးဖွဲဖွဲရွာနေတဲ့လမ်းမထက် အစ်ကိုက ဘယ်ဆီကို လျှောက်လှမ်းသွားလဲ မသိပေမယ့် သူကတော့ အစ်ကို့ကို အမြန်ဆုံးရှာတွေ့ဖို့ ရည်ရွယ်ပါသည်။

လေးလတာကာလအတွင်း သူ ကျွမ်းကျင်ခဲ့တဲ့ပဲရစ်လမ်းကြားတွေထဲ သူရှာမိတော့ နောက်ဆုံး သစ်ပင်အောက်က ခုံတန်းလေးမှာ ငြိမ်သက်စွာ ထိုင်နေတဲ့အစ်ကို့ကို သူမြင်လိုက်ရသည်။ မိုးဖွဲလေးရွာနေတာမို့ သစ်ပင်ရိပ်ကြောင့် အရမ်းမစိုနေပေမယ့် အစ်ကို့ကို ကိုယ်ပေါ်မှာ မိုးရေစက်တို့ရဲ့အမှုန်စတွေကပ်ငြိနေသည်။ အစ်ကိုကတော့ လက်နှစ်ဖက်ကို အချင်းချင်းပွတ်ရင်း တစ်စုံတစ်ခုကို ရေရွတ်နေပုံပင်။

ရုတ်တရက် ထိုမြင်ကွင်းကြောင့် သူ ခပ်ဖြည်းဖြည်းလေး အစ်ကို့အနားချဉ်းကပ်မိသည်။

မုန်းဖို့ကောင်းလိုက်တာ ကင်ဆော့ဂျင်ရယ် ~~~
ဘာဖြစ်လို့ ကျွန်တော်ကပဲ ခင်ဗျားဆီလာရတဲ့သူဖြစ်တာလဲ ... ဘာဖြစ်လို့ ခင်ဗျားကရော ကျွန်တော့်ဆီကို မလှမ်းလာနိုင်ရတာလဲ ...

စီနီယာဆော့ဂျင်ဖြစ်တုန်းကလဲ ကျွန်တ်ောကသာ ခင်ဗျားဆီ အရင်လာရတဲ့သူဖြစ်ပြီး Artist Kimဖြစ်တုန်းကလဲ ကျွန်တော်ကပဲ ခင်ဗျားဆီရောက်အောင် မရ၊ရအောင် လှမ်းလာခဲ့ရတာ ... ခင်ဗျားကတော့ ဘာဖြစ်လို့ ခြေတစ်လှမ်းတောင် မရွေ့နိုင်ရတာလဲ ...

ဂျောင်ဂု အစ်ကိုဆော့ဂျင်အနားတဖြည်းဖြည်းတိုးကပ်မိတော့ အစ်ကိုဆော့ဂျင် ရေရွတ်နေတဲ့ အသံတိုးတိုးကို ကြားလိုက်ရသည်။

“ ~~~  ကင်ဆော့ဂျင် .. ဂျွန်ဂျောင်ဂု ~~ နာမည် ~~ ကင်ဆော့ဂျင် ~~~ ချစ်ရတဲ့သူက ဂျွန်ဂျောင်ဂု ~~ နာမည် ~~ ကင်ဆော့ဂျင် ~~ "

ဒီနှစ်ခွန်းကိုသာ အထပ်ထပ်အခါခါရေရွတ်နေတာမို့လို့ သူ့နှလုံးသားတစ်ခုလုံး နာကျင်ကြေမွသွားရသည်။

မဟုတ်မှ ... သူထင်ထားသလိုမျိုးရောဂါက အစ်ကို့ဆီမှာ ရှိနေခဲ့တာလား ...
မဟုတ်မှလွဲ ... ဒီလိုမျိုး ဦးနှောက်ကမေ့သွားတာကို အစ်ကို ခံစားနေခဲ့ရတာလား ...

“ ~~ဂျွန်ဂျောင်ဂု ~~ နာမည် ~~ ကင်ဆော့ဂျင် ~~~  ဂျွန်ဂျောင်ဂု ~~ နာမည် ~~ ကင်ဆော့ဂျင် ...~~...”

သူ အံ့ဩနာကျင်လွန်းနေတာမို့ ခေါင်းခါမိတော့ အစ်ကို့ဆီက နှာချေသံကို ကြားလိုက်ရသည်။

" ဟက်ချိူး!! "

မိုးရေထဲမှာ ထိုင်နေတာကြာသွားလို့ အအေးမိသွားပုံရတဲ့အစ်ကို့အနား သူထပ်တိုးကပ်ရင်း အရှေ့တည့်တည့်ရပ်ကာ အစ်ကို့ကို ထီးမိုးပေးလိုက်မိသည်။ အဲ့ဒီ့တော့မှ သူ့ကို မော့ကြည့်လာတဲ့အစ်ကို့မျက်ဝန်းတွေဟာ ရဲရဲနီလျက် ...။

သူကိုယ်တိုင်လည်း မျက်ဝန်းတွေနီရဲကာ အစ်ကို့ကို ငုံ့ကြည့်ရင်း ပြုံးပြလိုက်မိသည်။

“ ... အစ်ကို .... အိမ်ပြန်ရအောင်လေ ... ကျွန်တော်နဲ့တူတူ အိမ်ပြန်ရအောင်လေ ..."

သူပြောမိတော့ အစ်ကိုက စိုက်ကြည့်ကာ နှုတ်ခမ်းကနေ တိုးဖွဖွနာမ်စားလေးတစ်ခုကို ရေရွတ်သည်။

" Gukie~~ "

" အင်း ~~ ကျွန်တော်ရောက်လာပြီလေ ~~ အစ်ကို ကျွန်တော့်ဆီကို မလာဘူးဆိုရင်တောင် ကျွန်တော်အစ်ကို့ဆီကို အခုလိုရောက်လာခဲ့ပြီလေ ... အိမ်ပြန်ရအောင်နော် ကျွန်တော်တို့ရဲ့အိမ်ကို ~~ "

သူ ချော့မော့မိတော့ အစ်ကိုက ချက်ချင်းမတ်တပ်ရပ်ကာ သူ့ကို ငုံ့ကြည့်ရင်း သူကိုင်ထားတဲ့ထီးအောက်ကို အတူတူ ခိုဆောင်းသည်။

" Gukie-ya ~~ ငါ .. ငါလေ ... ခုနက ... မင်းကို ... မဟုတ်သေးဘူး ... ဂျွန်ဂျောင်ဂု
မင်းက ငါ့ကိုမလိုချင်တော့တဲ့သူပဲ ... မင်းက ငါ့ဆီကို မလာချင်တော့တဲ့သူပဲ ... မင်းက ငါ့ကို အရင်ထားခဲ့တဲ့သူပဲ ... မင်းက ငါ့ကို မပိုင်ဆိုင်ချင်တော့တဲ့သူပဲ ... "

ခပ်ရွဲ့ရွဲ့စကားတွေကို ရေရွတ်ရင်း သူ့ကို တွန်းထုတ်ဖို့ ကြိုးစားလာလေတော့ သူ ကိုင်ထားတဲ့ထီးကို လွှတ်ချကာ တွန်းထုတ်တော့မယ့် အစ်ကို့ကို သူ တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားလိုက်မိသည်။ သူ့ပွေ့ဖက်မှုကြောင့် ငြိမ်သက်သွားတဲ့အစ်ကိုဟာ သူ့ကို မတွန်းထုတ်ပေမယ့် ပြန်ပွေ့ဖက်တာမျိုးမရှိခဲ့။ သူ့ဆီက စကားသံတစ်ချို့ကို နားစွင့်ပြီး စောင့်နေပုံရသည်။

" .... 'ပြန်လာခဲ့ပေးပါ'ဆို ... အမှားတွေကို ပြင်ဆင်မှာမို့လို့ အစ်ကို့ဆီကို ပြန်လာခဲ့ဆို ... လမ်းမခွဲရအောင်ဆို !!! .... အစ်ကို!! ကျွန်တော်က အစ်ကိုပြောတဲ့အတိုင်း တင်းတင်းကျပ်ကျပ်လေး ပွေ့ဖက်ထားပေးမယ် !! အစ်ကိုက မာနတွေမကြီးဘဲ ကျွန်တော့်ကိုပဲ ကြည့်ပေးလို့ရမလား"

သူမေးမိတော့ အစ်ကိုကပြန်မဖြေ။ သို့ပေမယ့် အစ်ကို့လက်လေးတွေ တုန်ယင်ကာ လှုပ်ရှားလာသည်။ အစ်ကို့လက်တစ်ဖက်ဟာ သူ့ခါးပေါ်ရောက်လာပြီး ကျန်တဲ့တစ်ဖက်က သူ့ခေါင်းကို ထိန်းကိုင်ကာ အစ်ကို့ပခုံးပေါ်မှီစေလိုက်သည်။ အဲ့ဒီ့နောက် တဖြည်းဖြည်းတုန်ယင်လာတဲ့အစ်ကိုဟာ သူ့နားရွက်ဖျားလေးတွေကို ခပ်ဖွဖွနမ်းသည်။

" .... ‌Gukie-ya ~~~ ငါ ... ငါကြောက်တယ် ... မင်းကို ထပ်ပြီးမေ့သွားမှာ .. ငါကြောက်တယ် .. တောင်းပန်ပါတယ် ... ငါတောင်းပန်ပါတယ် ..."

တောင်းပန်စကားတီးတိုးရေရွတ်ပြီးလေလျှင် အစ်ကို့ခန္ဓာကိုယ်ဟာ ငြိမ်သက်ပျော့ခွေသွားတော့သည်။

" အစ်ကို!!! အစ်ကို!!! "

သူ လှုပ်ခါသော်လည်း ပြန်မထူးလာတဲ့အစ်ကိုဟာ မေ့မြောသွားခဲ့ပုံရသည်။ ရုတ်တရက်ဖြစ်ပျက်သွားတဲ့အဖြစ်အပျက်တွေကြောင့် ထူပူကာ အစ်ကို့ကို ကျောပိုးပြီး အိမ် အမြန်ပြန်ဖို့စဉ်းစားမိသည်။ အဲ့ဒီ့အချိန်မှာပဲ အစ်ကို့အိတ်ကပ်ထဲက မြည်လာတဲ့ဖုန်းလေး။

သူကောက်ကိုင်မိတော့ တစ်ဖက်က ဖုန်းခေါ်သူက အစ်ကိုယွန်ဂီဖြစ်သည်။

" ရားး!! ကင်ဆော့ဂျင် ငါရောက်ပြီ အခုမင်းဘယ်မှာလဲ !!! ဘယ်ရောက်နေတာလဲ!! "

စိုးရိမ်စိတ်အပြည့်နဲ့‌ မေးခွန်းထုတ်လာတော့ သူ ပြန်ဖြေပေးလိုက်မိသည်။

" အစ်ကိုယွန်ဂီ!! အစ်ကိုဆော့ဂျင်က ... ကျွန်တော့်ဆီမှာ !! ဒါပေမဲ့ မိုးရေထဲအကြာကြီးနေလိုက်လို့ဖြစ်မယ် အခု သတိလစ်နေတယ်!! ကျွန်တော်လိပ်စာပို့လိုက်မယ် "

အဲ့ဒီ့နောက် ချက်ချင်းဖုန်းချကာ Location ပို့ပြီးနောက် အစ်ကိုဆော့ဂျင်ကို တွဲထူရင်း အိမ်‌ဆီပြန်လာမိတော့သည်။

အခုတော့ဖြင့် အစ်ကိုဟာ တစ်ယောက်စာသူ့အိပ်ရာကုတင်အသေးလေးပေါ်မှာ ငြိမ်သက်စွာ အနားယူနေသည်။ အစ်ကိုယွန်ဂီက သူနဲ့အစ်ကိုဆော့ဂျင်ကို ဝမ်းနည်းဝမ်းသာ ကြည့်သည်။သတိပြန်မလည်လာသေးတဲ့အပြင် အဖျားငွေ့က ရေးရေးလေး ကပ်ပါလာသည်မို့ သူက ဖျားတော့မယ့်အစ်ကို့ကို သူ ကိုယ်လက်သန့်စင်ပေးရင်း လက်ချောင်းလေးတွေကို သတိထားလိုက်မိသည်။ အစ်ကို တက်တူးထိုးထားသည်ပင်။လက်ချောင်းလေးတွေရဲ့ကြားမှာ ထိုးထားတဲ့တက်တူးလေးက ကင်ဆော့ဂျင်နဲ့ ဂျွန်ဂျောင်ဂု ဆိုတဲ့စာလုံးလေးတွေဖြစ်သည်။

သူအတန်ကြာစိုက်ကြည့်နေမိတဲ့အတွက် အစ်ကိုယွန်ဂီဆီက စကားသံထွက်လာသည်။

" ... ဒါ သူ့အခြေအနေမဆိုးခင်တုန်းက လုပ်ခဲ့တဲ့အရာပဲ .. ဂျောင်ဂုရား ... သူက မင်းကို မေ့သွားမှာ ကြောက်နေခဲ့တာ .. သတိမကပ်တဲ့အချိန်တိုင်း လက်ချောင်းလေးတွေပွတ်ပြီး သာမန်လူတစ်ယောက်လို ပြုမူနေခဲ့တာ ... မင်းသိလား ကင်ဆော့ဂျင်က အရမ်းခေါင်းမာတယ် !! "

အစ်ကိုယွန်ဂီစကားကြောင့် သူ တွေဝေရင်း စစတွေ့မိတဲ့အချိန်ကို သတိရသွားသည်။ နာမည်မေး‌မိတုန်းက လက်ချောင်းလေးတွေကို ပွတ်ရင်းပြန်ဖြေခဲ့သည်ပဲလေ။ တွေးမိလိုက်တော့ သူ့မျက်ဝန်းတွေ ကျိန်းစပ်လာရသည်။

" မင်း ဘယ်မှာ ရှိနေလဲ သိရက်သားနဲ့ သူ မင်းဆီကို မလာခဲ့ဘူး ... မင်းကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ခဲ့လို့ သူ မင်းဆီကို လာဖို့ ဘယ်တော့မှ မကြိုးစားဘူး .... ပြီးတော့ ဘယ်အချိန်ကတည်းက စဖြစ်နေလဲမသိပေမယ့် ငါတို့သိတဲ့အချိန်က မင်းထွက်သွားတဲ့နေ့ပဲ ... အဲ့ဒါတောင် ကင်ဆော့ဂျင်က ဝန်ခံခဲ့တာမဟုတ်ဘူး ... သူ နားတော့မယ်ဆိုတဲ့တစ်ခွန်းပဲ သူပြောခဲ့တာ ...."

အစ်ကိုယွန်ဂီစကားကြောင့် သူ အစ်ကိုဆော့ဂျင်မျက်နှာကို ကြည့်လိုက်မိသည်။ နုဖတ်နေတဲ့မျက်နှာလှလှဟာ ချောင်ကျသွားတာတော့ အမှန်ပင်။

ဘယ်အချိန်ကတည်းက ဒီလိုတွေ ခံစားနေခဲ့ရတာလဲ ... ဘာလို့ တစ်ခွန်းလေးတောင်မပြောရတာလဲ ... ဘာဖြစ်လို့ သူ့ကို လူဆိုးဖြစ်အောင်လုပ်ရတာလဲ ...

မေးခွန်းတွေ ဆက်တိုက်မေးနေမိပေမယ့် အစ်ကိုကတော့ မသိနိုင်။

" ... ဂျောင်ဂုရား ... တကယ်လို့ မင်းအဆင်မပြေရင် သူ သတိလည်လာတာနဲ့ ငါ ပြန်ခေါ်သွားမယ် သူ့မိသားစုနဲ့ တိုင်ပင်ပြီးပြီ ... အခြေအနေက ဒီထက်ပိုဆိုးလာဖို့ပဲရှိတာ ကုရင်လဲ ပျောက်မှာမဟုတ်ဘူး .. မင်းကို အမြဲတမ်းမေ့နေတဲ့လူတစ်‌ယောက်ကို မင်းခေါ်ထားဖို့က ခက်ခဲမယ်ဆိုတာလည်း နားလည်ပါတယ် ဆော့ဂျင်လဲ အဲ့လိုဖြစ်ချင်မှာမဟုတ်ဘူး ... သူကလည်း မင်းကို လွတ်လွတ်လပ်လပ်လေး ရှင်သန်စေချင်နေတာပါ ... "

အစ်ကိုယွန်ဂီစကားကြောင့် သူ မကျေမနပ်နဲ့ ခပ်ဖွဖွ ရယ်လိုက်မိသည်။ သို့ပေမယ့် ဘာမှတော့ မတုံ့ပြန်မိ။ ငြိမ်သက်စွာလဲလျောင်းနေတဲ့ အစ်ကို့ကိုသာ သူကြည့်လိုက်မိရင်း ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်မိသည်။

" မနက်ဖြန်ပဲ လေယာဉ်လက်မှတ်ဖြတ်လိုက်ပါ အစ်ကိုယွန်ဂီ ... ”


𖧷𖧷𖧷𖧷𖧷𖧷𖧷


နှင်းဖွဲဖွဲလေးတွေ ကျနေတဲ့ဝန်းပြင်ကျယ်ကြီးကို သူကြည့်ပြီး သက်ပြင်းဖွဖွလေး ချလိုက်မိသည်။ ဘယ်အချိန်က သူ့လက်ထဲရှိနေမှန်းမသိတဲ့ ရေနွေးအိတ်လေးကို သူဆုပ်ကိုင်ရင်း ပြ‌တင်းပေါက်‌ကနေတစ်ဆင့် အတိုင်းသားမြင်နေရတဲ့ ခြံဝန်းကျယ်ကျယ်က နှင်းမြူတွေကို ပြုံးပြမိသည်။ ဒီဇင်ဘာလရဲ့ညမှာ နှင်းတွေကတော့ အလှဆင်နေပြီပဲကိုး ...။

ဘာရယ်မဟုတ် သူကျေနပ်စွာ ပြုံးရင်း ရေနွေးအိတ်ကိုချကာ ခြံဝင်းထဲဆင်းဖို့ ဦးတည်လိုက်သည်။ သူတစ်ယောက်တည်းရဲ့အင်အားနဲ့ ကြီးမားလွန်းတဲ့ခြံထဲကနေ အပြင်ထွက်နိုင်ဖို့ မလွယ်ကူပေမယ့် နှင်းတွေဖုံးနေတဲ့ အိမ်ဝင်းငယ်က ပန်းခြံလေးထဲမှာတော့ သူ ဆော့ကစားချင်ပါသည်။

“ Gukie!! Gukie အတွက် တစ်ခုခုလုပ်ပေးရမယ် ”

ဘာကိုမှ ထပ်တွေးတောတာမျိုးမလုပ်တော့ဘဲ စိတ်ထဲမှာ အမြဲစိုးမိုးနေတဲ့နာမည်လေးကို ‌ရေရွတ်မိတော့ သူ အလိုလိုနေရင်း ပျော်ရွှင်လာသလိုပင်။ အဲ့ဒီ့နောက် သူ အိမ်ပေါ်ကနေ ပန်းခြံထဲဆင်းကာ ဖြူလွှလွှနှင်းတွေကို စုပုံရင်း အရုပ်လေးတစ်ရုပ်လုပ်ဖို့ စတင်ကြိုးစားလိုက်မိတော့သည်။

နှင်းလုံးတွေကို သူ့အရွယ်လောက်ရအောင် ကြိုးစားပန်းစား စုပုံရင်း နောက်ဆုံး နှင်းလူသားလေးဖြစ်လာသည်။ နောက်ဆုံး အဖြူရောင်နှင်းတွေကြား မမောနိုင်၊မပန်းနိုင် သူတစ်ယောက်တည်း အလုပ်ရှုပ်နေရင်း နှင်းလူသားအရုပ်လေး နှစ်ခုကို သူ လုပ်နိုင်ခဲ့သည်။

" ဝါး ... ပြီးသွားပြီပဲ ... အိုက်ဂူး ... မောလိုက်တာ ..."

နှင်းတွေကျလို့ အေးစက်နေပေမယ့် သူကတော့ မောလာတာမို့ နှင်းတောထဲ ခဏထိုင်ကာ သူလုပ်ခဲ့တဲ့အရုပ်နှစ်ခုကို ကြည့်ရင်း သူ ပြုံးလိုက်မိသည်။

" ဒါကငါ .... ဒါက ... "

တစ်စုံတစ်ယောက်အတွက် ရည်ရွယ်ပြီး လုပ်ပေးခဲ့တာဆိုပေမယ့် ရုတ်တရက် ထိုတစ်စုံတစ်ယောက်ကို သူ မသိတော့ သလိုမျိုး ခံစားလာရသည်။ ထိုတစ်စုံတစ်ယောက်ရဲ့ နာမည်ကို လှိုက်လှိုက်လှဲလှဲ ခေါ်ဝေါ်ချင်ပါလျက် သူ့နှုတ်ဖျားက မထွက်ကျလာ။

" ကျစ်! ဒါ ... ဒါက ..."

သေချာစဉ်းစားနေပေမယ့် ရုတ်တရက် သူ့ကိုယ်သူတောင် ‌သေချာမသိတော့။ အားမလို အားမရဖြစ်ရင်း နှင်းတောထဲ ပက်လက်လှန်ပြီး လှဲချမိတော့ နှင်းမှုန်လေးတွေက သူ့မျက်နှာကို လာရိုက်ခတ်သည်။

" လှလိုက်တာ ..."

နှင်းကျနေတဲ့ကောင်းကင်ကြီးကို မြင်မိပြန်တော့ သူ တိုးဖွဖွလေး ရေရွတ်ရင်း မျက်ဝန်းတွေကို ပိတ်လိုက်မိသည်။ ခဏအကြာမှာတော့ အေးစက်လွန်းတဲ့ခံစားချက်ကြောင့် မျက်ဝန်းပြန်ဖွင့်ကာ ရုတ်တရက် ထထိုင်လိုက်မိသည်။ အဲ့ဒီတော့ သူ့အရှေ့မှာ နှင်းလူသားအရုပ်နှစ်ခုကို တွေ့လိုက်ရပြန်သည်။ သူ အတန်ကြာစိုက်ကြည့်နေမိရင်း အနားတိုးကပ်သွားမိသည်။

" ... ငါ ဒီမှာပဲ ရှိနေတာကို ဘယ်သူက လာလုပ်သွားတာလဲ ..."

သူ့ဘာသာသူရေရွတ်ရင်း ပါးစပ်ထဲ စွဲနေတဲ့သီချင်းလေးကို ညည်းလိုက်မိသည်။

“ အခုကိုယ့်ကိုယုံကြည်ပေးပါ ... ထပ်ပြီး ကိုယ့်ကိုဆုပ်ကိုင်ထားပေး ... မင်း ကိုယ့်အတွက် ခံစားချက်တွေရှိနေသေးရင် ဒီအတိုင်းလေး ကိုယ့်ကိုဖက်ထားပေးပါ ....”

ဘာရယ်မဟုတ် သူညည်းလိုက်မိပေမယ့် သူ့ရင်ဘတ်က နည်းနည်းနာကျင်လာသလိုပင်။ ရုတ်တရက် ဆို့နင့်နေတဲ့ခံစားချက်လေးဝင်လာတာမို့ သူ့လက်တွေကို သူဆုပ်ကိုင်ပွတ်သပ်လိုက်မိသည်။

အဲ့ဒီ့တော့မှ သူ့လက်ကြားလေးမှာ မြင်လိုက်ရတဲ့စာလုံးလေးတွေ ။

“ ကင် ဆော့ ဂျင် နဲ့ ဂျွန် ‌ဂျောင် ဂု "

သူ ရေရွတ်မိတော့ သူ့အာရုံထဲ ခပ်ရေးရေးလေးပေါ်လာတာက ပြုံးလိုက်တိုင်း ယုန်သွားလေးနှစ်ချောင်းကို လှစ်ကနဲ့ ပြတတ်တဲ့ကောင်ငယ်လေး။ သူ့ကို အရမ်းသဘောကျသလို ကိတ်မုန့်တွေကိုလည်း အရမ်းသဘောကျတဲ့ကောင်ငယ်လေး။ သူ ဘာတွေ ဘယ်လောက်ဆိုးဆိုး အမြဲသည်းခံခွင့်လွှတ်‌ပေးတတ်တဲ့ကောင်ငယ်လေး။

အခု‌ဆို ဘယ်ကိုများရောက်လေနှင့်မလဲ ... ထိုကောင်ငယ်လေးက ဆိုးသွမ်းလွန်းတဲ့သူ့ကို တစ်ယောက်တည်း ချန်ခဲ့တာမဟုတ်လား ... ထိုကောင်ငယ်‌လေးက သူ့ကို မပိုင်ဆိုင်ချင်ခဲ့တာလေ ..

ဆော့ဂျင် တော်တော်ကြာတဲ့အထိ တွေးတောရင်း ဝမ်းနည်းလာမိတော့ မျက်ရည်လေးတွေ ရစ်ဝဲလာသည်။ ဖုံးလွှမ်းလာတဲ့မျက်ရည်စတွေကို သူ ထိန်းမနိုင်၊ သိမ်းမနိုင်ဖြစ်‌လာတော့မှ သူ့နားဖျားလေးမှာ နွေးထွေးတဲ့အငွေ့အသက်လေးတစ်ခုကို ခံစားလိုက်ရသည်။

" အစ်ကို ဘာလုပ်နေတာလဲ "

ရုတ်တရက်မို့ လန့်ကာ အနောက်လှည့်ကြည့်မိတော့ သူ့နဲ့နီးကပ်စွာ ရှိနေပါတဲ့ ကောင်ချောလေးတစ်ယောက်ကို မြင်လိုက်ရသည်။

ဘယ်သူ ... ဘယ်သူပါလိမ့် ...

ဘယ်သူဆိုတာ သေချာမမှတ်မိတာမို့လို့ ဦးနှောက်ကို အလျင်အမြန်အလုပ်ပေးနေတုန်းမှာပဲ သူ့ရှေ့က ကောင်လေးဟာ နှုတ်ခမ်းပါးတွေ တွန့်ကွေးတဲ့အထိပြုံးလာသည်။ မျက်ခွံလေးတွေ အိကျကာ ပါးလျလျနှုတ်ခမ်းလေးတွေလည်း တင်းရင်းလာလေတော့ သူ မျက်မှောင်ကြုတ်လိုက်မိသည်။

မထိရက်ချင်လောက်အောင် ချစ်စရာကောင်းနေတဲ့ ဒီကောင်လေးက ဘယ်သူများလဲ ...

တွေးနေတုန်းမှာပဲ ထိုကောင်လေးက လက်အိတ်ကိုချွတ်ကာ အနွေးဓာတ်ပြည့်နေတဲ့လက်နှစ်ဖက်နဲ့ အအေးဒဏ်ကြောင့် ရဲတွတ်နေတဲ့သူ့ပါးကို အုပ်ကိုင်သည်။ ထိတွေ့မိလိုက်တဲ့ဒီခဏတာမှာတော့ နွေးထွေးမှုတစ်ခုက ပါးပြင်ကနေ သူ့နှလုံးအိမ်အထိ စိမ့်ဝင်စီးဆင်းသည်။ အဲ့ဒီ့တော့မှ သူ့အာရုံထဲ ရေးရေးလေးပေါ်လာတာက ဒီကောင်လေးကို သူ နမ်းနေတဲ့ပုံရိပ်တွေ ...။

" Gukie!! "

သေချာမမှတ်မိပေမယ့် အကျင့်ပါနေတဲ့နာမ်စား‌လေးကို ရေရွတ်မိတော့ ထိုကောင်လေးက နီရဲရဲမျက်ဝန်းတွေ‌နဲ့ သူ့ကိုစိုက်ကြည့်ကာ လက်နှစ်ဖက်ကို ဆုပ်ကိုင်သည်။

" အပြင်မှာ အရမ်းအေးနေတာကို ဘာလုပ်နေတာလဲ ကစားနေတာလား ... "

နှင်းလူသားရုပ်ထုကိုကြည့်ကာ ပြောလေတော့ သူခေါင်းခါလိုက်မိသည်။

" ... Gukie!! ငါ .. ငါ ဒါကို လုပ်ခဲ့တယ်ထင်တယ် "

မပွင့်တပွင့်ပြောမိတော့ ထိုကောင်လေးကရယ်သည်။ ထိုကောင်လေးရဲ့အပြုံးတွေကို မြင်တိုင်း သူ့ရင်ဟာ လှိုက်လှိုက်ခုန်လျက် ...။ အဖြစ်အပျက်တစ်ခုချင်းစီ သတိရလာတတ်သည်။

" ဂျွန် ဂျောင် ဂု ..."

တိုးဖွဖွသာ ရေရွတ်ပေမယ့် သူ့အရှေ့ကဂျွန်ဂျောင်ဂုလေးကတော့ သူ့လက်တွေကို ဆွဲကိုင်ကာ ဘာတစ်ခွန်းမှ မပြောဘဲ အိမ်‌ကြီးဆီ ဦးဆောင်သွားသည်။ အဲ့ဒီ့နောက် နှင်းတွေနဲ့ စိုရွှဲနေတဲ့သူ့အပေါ်ထပ်ကို သေချာချွတ်ကာ သူ့ကို နွေးထွေးအောင် ဆွယ်တာထူထူလေးဝတ်စေသည်။ ဂျောင်ဂုလုပ်ပေးနေတာကို သူလည်း တစ်ခွန်းတစ်လေမှ မငြင်းဆန်မိဘဲ စိတ်ရှည်လက်ရှည်နဲ့ ပြုစုပေးနေတဲ့ကောင်ငယ်လေးကိုသာ သေချာစိုက်ကြည့်နေမိသည်။

တခြားအရာတွေအကုန်လုံးကို မေ့သွားရင်တောင် အဆင်ပြေပေမယ့် ဒီကောင်လေးကတော့ မေ့ပစ်လိုက်လို့မရတဲ့တစ်ခုတည်းသောအရာပင်။

" ဒီနားမှာ ခဏထိုင် ... ခြေထောက် ဒီကိုတင်!! အိုက်ဂူး .... အသက်က ၃၀ကျော်နေပြီ ... နှင်းတွေဒီလောက်ကျနေတာကို ကစားနေသေးတယ် ကျွန်တော် အချိန်မီ မရောက်လာရင် အဲ့မှာပဲ အိပ်မယ့်ပုံပဲ "

‌စကားလုံးတွေရေရွတ်ရင်း သူ့ကို မီးလင်းဖိုရှေ့က ဆိုဖာပေါ်ထိုင်စေကာ ခြေထောက်ကို ပေါင်ပေါ်ဆွဲယူတင်ပါတဲ့ ဂျွန်ဂျောင်ဂု။ အဲ့ဒီ့နောက် သူ့ခြေအိတ်တွေကို ချွတ်ကာ ရေနွေးအိတ်နဲ့ နွေးထွေးစေဖို့ကူညီသည်။

" .... ဘာလို့အချိန်မီရောက်မလာနိုင်ရမှာလဲ ... မင်း ငါ့ကို ဒီမှာပဲ ပိတ်ထားပြီး မင်းကျတော့ နေ့တိုင်းအပြင်ထွက်နေတာ ... မင်းမှာ တခြားတစ်ယောက်ရှိနေလားဆိုတာလည်း ငါမမြင်နိုင်ဘူးလေ ... အဲ့ဒီ့တော့ မင်း စိတ်ကြိုက်ပေါ့ မဟုတ်ဘူးလား ဂျွန်ဂျောင်ဂု ..."

သူပြောမိတော့ ဂျောင်ဂုက ရယ်ပြန်သည်။ ဟိုအရင်အခြေအနေနဲ့ဆိုရင် သူစွပ်စွဲတိုင်း ဂျောင်ဂုဟာ ကြောက်ကြောက်လန့်လန့်လေးနဲ့ ငြင်းရှာမှာဖြစ်ပေမယ့် အခုကတော့မတူ။

" ကင်ဆော့ဂျင်ရယ်!! ခင်ဗျားလေးကို အပြင်ခေါ်ထုတ်သွားရင် ကျွန်တော်က သဝန်တိုနေရမှာပေါ့ ... အနုပညာလှုပ်ရှားမှုမရှိတော့တာတောင် နာမည်မသေသေးတဲ့ခင်ဗျားလေးကို ကျွန်တော်မျိုး အိမ်ထဲမှာပဲ ဖွက်ထားမှာပေါ့ "

ခြေထောက်တွေကို နှိပ်နယ်ပေးရင်း ပြောလာတော့ သူမျက်မှောင်ကြုတ်လိုက်မိသည်။

" ... မေ့ပစ်ပြန်ပြီလား ... ခဏ နေဦး ... ပြီးရင် Documentary Video ပြန်ပြမယ် .. စာအုပ်ရော ... စာအုပ်လဲ ပစ်ထားပြန်ပြီဟုတ် "

လူကြီးပေါက်စလို တတွတ်တွတ်ရွတ်နေတဲ့ ဂျောင်ဂုကိုတော့ သူ မတုံ့ပြန်မိလိုက်တော့။ ဒီအတိုင်းသာ ကြည့်နေလိုက်တော့သည်။ ဂျောင်ဂုက သူ့ကို ခြေအိတ်အသစ်လဲပေးကာ သူ့အပေါ်စောင်တွေခြုံပြီး နားရွက်နှစ်ဖက်ကိုပါ winter cap လေးနဲ့ အုပ်ထားပေးသည်။ အဲ့ဒီ့နောက် ဂျောင်ဂုဟာ တစ်ခုခုကိုယူပြီး သူ့အနားပြန်လာလေတော့ သူ ဂျောင်ဂုကိုယ်ပေါ်မှာ ဖက်တွယ်မှီထားလိုက်သည်။ အခုတော့ သူ့ပခုံးကျယ်ကျယ်တွေဟာ ဂျောင်ဂုရင်ခွင်ထဲ နစ်ဝင်ပြီး ကလေးလေးလို ကပ်တွယ်နေမိသည်။

ဂျောင်ဂုကတော့ projector ဖွင့်ပြဖို့ အလုပ်ရှုပ်နေသေးပေမယ့် သူ့ကို မတွန်းထုတ်။ ကောင်ငယ်လေးရဲ့ ရင်ခွင်ထဲမှာ ခိုဝင်ရင်း ပိတ်သားပြင်မှာ ပေါ်လာတဲ့ပုံရိပ်တွေကို ငေးကြည့်လိုက်သည်။

သူရယ် ဂျွန်ဂျောင်ဂုရယ် .... ကြည့်ရတော့တော်တော်ကြာပြီဖြစ်နေတဲ့ Videoအပိုင်းအစလေးတွေပင်။ စတိတ်စင်ထက်မှာ အားရပါးရ သီဆိုနေတဲ့သူ့ကို ဂျောင်ဂုက ပရိတ်သတ်အနေနဲ့ ရိုက်ထားပေးတဲ့ပုံရိပ်လေးတွေဖြစ်သည်။ အများစုက ကွန်ဒိုထဲမှာ အတူတူရှိနေတဲ့ပုံရိပ်တွေဖြစ်ပြီး ဂျောင်ဂုဘက်ကသာ တစ်ဖက်တည်းရိုက်ထားပေးတဲ့ပုံစံတွေပင်။ သူ့ပုံစံကတော့ ဂျောင်ဂု videoရိုက်ပေးတာကို သဘောမကျနေတဲ့ပုံဖြစ်သည်။ ဟိုးအရင်နှစ်တွေက ဂျောင်ဂုအပေါ် သူ ဆက်ဆံခဲ့မိတာကို ပြန်သတိရမိတော့ ရင်ထဲဆစ်ကနဲ့။ ထို့ကြောင့် ဂျောင်ဂုကို ပိုတိုးပြီးဖက်တွယ်ရင်း မော့ကြည့်လိုက်မိသည်။ ဂျောင်ဂုကတော့ ပိတ်သားပြင်ထက်က ပုံရိပ်တွေကို တမေ့တမောကြည့်သည်။ သူလည်း ဂျောင်ဂုကို အကြည့်ပြန်လွှဲရင်း ပိတ်သားပြင်ကို ပြန်ကြည့်လိုက်မိသည်။

" ... ငါတော်တော်ဆိုးခဲ့တာပဲနော် Gukie!! ...အဲ့ဒီလိုဆိုးနေတဲ့ငါက အခုဆို မင်းကိုပါ မေ့ပစ်နေမိပြီ ... ငါ မင်းကို မမေ့ချင်ဘူး ဂျွန်ဂျောင်ဂု "

သူပြောမိတော့ ဂျောင်ဂုရဲ့လက်တွေက သူ့ကို ခပ်တင်းတင်းလေး ပွေ့ဖက်လာသည်။

" ... မေ့ပစ်လိုက်လည်း အဆင်ပြေပါတယ် .. ဘာပဲဖြစ်ဖြစ် ကျွန်တော်က အစ်ကို့ကို တစ်ခုမကျန် အကုန်ပြန်ပြောပြမှာလေ ... အခုလိုလေးပေါ့ ... "

" ... ဘာလို့ မလွှတ်ချခဲ့တာလဲ ..."

ဒီမေးခွန်းမှာတော့ ဂျောင်ဂု ငြိမ်သက်သွားသည်။ ပိတ်ကားပြင်ပေါ်မှာတော့ ပဲရစ်ကနေ ကိုးရီးယားထိ ဘယ်လိုရောက်လာတယ်ဆိုတဲ့ သူ့ပုံရိပ်က ထင်းကနဲ့။ ဂျောင်ဂုက အဲ့ဒီကတည်းက သူ့ကိုပြန်ပြဖို့ documentary video လေးတွေ ရိုက်ထားဖြစ်သည်။

" ... ဟင် !! ဘာလို့ မလွှတ်ချခဲ့တာလဲ Gukie-ya ငါ မင်းကို မေ့သွားတဲ့အချိန်တိုင်း မင်းလည်း နာကျင်နေရတာပဲ မဟုတ်ဘူးလား ..."

သူ ထပ်မေးမိတော့ ဂျောင်ဂုဆီက သက်ပြင်းယဲ့ယဲ့လေးချလိုက်တာကို သူ သတိထားလိုက်မိသည်။

" ... ဘာဖြစ်လို့လဲ ဆိုတော့ ..."

" ..... "

" ... ချစ်လို့ ... ကျွန်တော် အစ်ကို့ကို သိပ်ချစ်လွန်းလို့ ... အစ်ကိုနဲ့ပတ်သက်ရင် ကျွန်တော့်ခံစားချက်တွေက အမြဲတမ်း သစ်လွင်နေတုန်းပဲ ... အစ်ကိုကလည်း ကျွန်တော့်ကို ချစ်တယ်ဆိုတာ ကျွန်တော်သိတယ်လေ "

ဒီစကားမှာတော့ ဆော့ဂျင် ဝမ်းနည်းသွားမိသည်။ ဘာဖြစ်လို့များ ဒီကောင်လေးအပေါ် အနာတရတွေဖြစ်အောင် အများကြီးဆိုးသွမ်းမိခဲ့တာပါလိမ့်။

" ... ဒါပေမဲ့ ... ဒါပေမဲ့ ... ကြာလာရင် ငါက မင်းကို မေ့တော့မှာလေ Gukie-ya!! "

" မေ့သွားရင်တောင် အစ်ကိုက ကျွန်တော့်ကို ချစ်နေတုန်းပဲဆိုတာ ကျွန်တော်သိတယ်လေ ... ပြီးတော့ ကျွန်တော် ဒီလောက်ပြုစုပေးနေတာ အစ်ကို မမေ့နိုင်ပါဘူး .. ဒီရောဂါက စိတ်ရှည်ရှည်နဲ့သေချာဂရုစိုက်ပေးနိုင်ဖို့ပဲလိုတာ ... အစ်ကိုက ကျွန်တော်နဲ့ မနေချင်တော့လို့လားဟင် "

မေးလာတဲ့မေးခွန်းအပေါ် သူခေါင်းခါရင်း ဂျောင်ဂုရင်ခွင်ကနေ ရုန်းထွက်ကာ ဂျောင်ဂုကို ငုံ့မိုးလိုက်မိသည်။ ရုတ်တရက်ဆန်တဲ့သူ့အပြုအမူကြောင့် ဂျောင်ဂုက လန့်သွားပေမယ့် သူ့မျက်ဝန်းတွေကို ကြည်ကြည်နူးနူးစိုက်ကြည့်ကာ နှာခေါင်းလုံးလုံးလေး တွန့်သွားတဲ့အထိ ပြုံးပြန်သည်။

" ချစ်ဖို့ကောင်းလိုက်တာ အစ်ကိုရာ ... "

သူ့ပုံစံကိုကြည့်ကာ အားမလိုအားမရရေရွတ်လာတော့ သူ ဂျောင်ဂုရဲ့ပါးလျလျနှုတ်ခမ်းအစုံကို ခဏတာ ဖိကပ်လိုက်မိသည်။

" ချစ်တယ် ဂျောင်ဂု "

သူ့စကားကြောင့် ဂျောင်ဂုမျက်ခုံးလေးတွန့်ကွေးသွားပေမယ့် မလုံလောက်သေးတဲ့ပုံစံမျိုးနဲ့ မျက်နှာက ခပ်မဲ့မဲ့ဖြစ်လာသည်။

" ဒါပဲလား ... ကျွန်တော် အစ်ကို့အတွက် အများကြီးပင်ပန်းထားတာနော် ... ဒီလောက်လေးက မလုံလောက်သေးဘူး "

ဂျောင်ဂု စကားကြောင့်‌ သူရယ်လိုက်ရင်း ဂျောင်ဂု နှုတ်ခမ်းလေးကို လက်ညှိုးလေးနဲ့ ဖွဖွလေးထိပြီး သူ ထပ်ရေရွတ်လိုက်မိသည်။

" ချစ်တယ် ~~ Gukie-ya!! မင်းကို ငါတစ်ယောက်တည်းပဲ ဖွက်ထားချင်ရလောက်တဲ့အထိ ချစ်တယ် ... ချစ်တယ် ... ချစ်တယ် ... "

စကားလုံးတွေကို သူဆက်တိုက်ရေရွတ်ကာ ပြုံးပျော်နေတဲ့ ဂျောင်ဂုနှုတ်ခမ်းလေးတွေထက် သူ့နှုတ်ခမ်းလေးကို ဖိကပ်နမ်းလိုက်မိသည်။ ပျော်ဝင်သွားမိတဲ့တစ်ခဏမှာ သူ့နှလုံးသားလေးဟာ တဒိတ်ဒိတ်နဲ့ နွေးထွေးလှိုက်ဖိုလာတော့သည်။ အကြိမ်အကြိမ်အခါခါ အနမ်းပေးခဲ့ဖူးပေမယ့်လည်း ဒီတစ်ကြိမ်တော့ သူ့အတွက် ဆန်းသစ်လွန်းနေသည်။ ဂျွန်ဂျောင်ဂုဆိုတဲ့ အမည်နာမကို သူမေ့သွားခဲ့ရင်တောင် ဒီနှလုံးသားလေးကတော့ ဒီနှုတ်ခမ်းအစုံကို အမြဲခံစားမိနေတော့မှာ ဖြစ်သည်။

ဒီဇင်ဘာရဲ့ အေးခဲနေတဲ့ညလေးအလွန်မှာ မီးလင်းဖိုရှေ့က လူသားနှစ်ယောက်ကတော့ တစ်ယောက်ကို တစ်ယောက် နွေးနွေးထွေးထွေး ပွေ့ဖက်ရင်း အချစ်ကို လှပစွာ ဖော်ကြူးခဲ့ကြပါသည်။ အဲ့ဒီ့အချိန်မှာ ပိတ်ကားစာမျက်နှာထက် ပျံ့လွင့်နေတဲ့ သီချင်းလေးကတော့ Hold Me Tight ~~~။

« ...♪ … ကိုယ့်ကို ဖမ်းဆုပ်ထားပေးပါ … ♪ … ကိုယ့်ကို ယုံကြည်ပေးနိုင်မလား … ♪ … ကိုယ့်ကို ဖက်တွယ်ထားပေးပါ ...♪ ... ကျေးဇူးပြုပြီး ကိုယ့်ရဲ့ငိုကြွေးနေတဲ့နှလုံးသားတစ်စုံအတွက် မင်းရဲ့နှလုံးသားတံခါးကိုဖွင့်ပေးပါကွာ ... ဘာမှလဲ မပြောနဲ့ ...ဘယ်မှလဲ မထွက်သွားလိုက်နဲ့ ... ဒီအတိုင်း တိတ်တိတ်လေးနဲ့ ကိုယ့်ကိုဖက်ထားပေးပါ ... »

𖧷𖧷𖧷𖧷𖧷𖧷𖧷


- The End -

ပြောရမယ်ဆိုရင် သတိထားမိမယ်ထင်ပါတယ် တစ်ပုဒ်လုံးက Hold Me Tight သီချင်းကို အခြေခံပြီးရေးထားတာပါ .. BTSသီချင်းတွေထဲက ဖတ်ချင်တဲ့စတိုရီလိုင်းတွေရှိရင် recommend ပြန်ပေးခဲ့ကြပါဦးနော် ..

▬▬▬▬▬▬▬▬▬▬▬▬▬▬▬
◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇
▬▬▬▬▬▬▬▬▬▬▬▬▬▬▬


⟨ Zawgyi Version ⟩
A Critical Chapter
- 03 Final -

" မင္း ဘယ္မွာလဲ "

" ေလယာဥ္‌ေပၚမွာ ...."

ေလယာဥ္မထြက္ခင္ ေလယာဥ္ေပၚက ဧည့္သည္ေတြကို စစ္ေဆးေနတုန္း အဝင္ေကာလ္ကို သူျပန္ေျဖမိသည္။ တျခားသူမဟုတ္၊ အစ္ကိုယြန္ဂီပင္၊ အစ္ကိုေဆာ့ဂ်င္လို႔ ထင္ထားမိေပမယ့္ တကယ္တမ္းဖုန္းဆက္လာသူက အစ္ကိုယြန္ဂီျဖစ္သည္မို႔ သူ အနည္းငယ္ေတာ့ စိတ္ပ်က္သြားမိသည္ ။

အစ္ကို႔ကို ေက်ာခိုင္းမယ္ဆိုၿပီး ေနာက္ဆုံးအခြင့္အေရးရတဲ့အထိ အစ္ကို႔ကို သူေမွ်ာ္ေနတုန္းပင္။

" ဘာ!! ဘယ္ကိုသြားမယ့္ေလယာဥ္လဲ ဘာလို႔ ဘာတစ္ခြန္းမွ မေျပာရတာလဲ "

" လိုက္လာလဲ မမွီေတာ့ဘူး အစ္ကို ေလယာဥ္က ထြက္ေတာ့မွာ ... ကြၽန္ေတာ့္ကို ေျပာစရာရွိလား ... "

တုန္ယင္စြာနဲ႔ေမးလာတဲ့ေဂ်ာင္ဂုေမးခြန္းေၾကာင့္ ယြန္ဂီ သူ႔အေရွ႕မွာ ငူငူငိုင္ငိုင္ျဖစ္ေနတဲ့ေဆာ့ဂ်င္ကို ေမးေငါ့ၾကည့္လိုက္ရင္း ေလသံဖြဖြနဲ႔ေမးမိသည္။

" .. ~~ ေျပာစရာရွိလား ကင္ေဆာ့ဂ်င္ ~~ "

တစ္ဖက္က တိုးဖြဖြအသံေလးနဲ႔ ေျပာေနတယ္ဆိုေပမယ့္ အတိုင္းသားၾကားေနရတဲ့အတြက္ ေဂ်ာင္ဂုရင္ထဲ ဆစ္ကနဲ႔။ အစ္ကိုဟာ သိပ္ဆိုးလြန္းသည္၊ တိုက္႐ိုက္ဆက္သြယ္ရင္ ရပါလ်က္နဲ႔ အစ္ကိုယြန္ဂီကို တဆင့္ခံ ဆက္သြယ္ေနျပန္သည္။

" ... ငါ .. ငါ ...."

တစ္ဖက္မွာ ေတြေဝေနပုံရတဲ့အစ္ကို႔အသံတိုးတိုးကို သူၾကားေတာ့ သူအားမရႏိုင္။ ‌အၿမဲတမ္း မာနေတြတင္းခံေနတတ္တဲ့အစ္ကို႔ကို သူ ပစ္ပစ္ခါခါထပ္ေျပာခ်င္စိတ္ေတြ ေပါက္လာရင္း အားမလို အားမရ ေဒါသထြက္မိသည္။

" ... ဟင္အင္း ... ေျပာစရာစကားမရွိေတာ့ဘူး ... ငါ ဒီေန႔ စကားကုန္ေျပာထားၿပီးၿပီ ... ”

တစ္ဖက္က ၾကားလိုက္ရတဲ့အသံေၾကာင့္ ေဂ်ာင္ဂုလက္သီးကို တင္းက်ပ္ေနေအာင္ဆုပ္မိၿပီး ၿငိမ္သက္သြားမိသည္။ မ်က္ရည္က်တာမ်ိဳးလည္း မရွိေတာ့ဘဲ ရင္ထဲတင္းက်ပ္မႈနဲ႔ေဒါသေတြက ေနရာယူလာသည္။

... ေဂ်ာင္ဂု-ah .. Gukie-ya .... မသြားပါနဲ႔ .. ျပန္လာခဲ့ .. ကိုယ္လာေခၚမယ္ ...

အဲ့ဒီလိုစကားေလးေျပာလိုက္တာနဲ႔ သူ ခြင့္လႊတ္ေပးၿပီး ေလယာဥ္ေပၚက ခ်က္ခ်င္းဆင္းမယ့္ဟာကို ... အစ္ကိုက ဘာေၾကာင့္ ဘာလို႔ ဘာမွ မေျပာႏိုင္ရတာလဲ ... ဘယ္အရာေတြက အစ္ကို႔ကို တားဆီးေနရတာလဲ ...သူက အစ္ကို႔မာနေလာက္ေတာင္ အေရးမပါဘူးလား ...

အသားေတြ တဆတ္ဆတ္တုန္ၿပီး ေမး႐ိုးေတြပါ ႐ိုက္ခတ္လာတဲ့အထိ ဝမ္းနည္းေဒါသေတြ၊ ခံျပင္းေဒါသေတြျဖစ္တည္လာတာမို႔ ေဂ်ာင္ဂု ဖုန္းကို ပိတ္ခ်ပစ္လိုက္သည္။ အဲ့ဒီ့ေနာက္ ေလယာဥ္ျပတင္းေပါက္ကို ေငးရင္း ထပ္ၿပီး မငိုမိေအာင္ ႀကိဳးစားေနလိုက္ေတာ့သည္။

တစ္ဖက္က က်သြားခဲ့တဲ့ဖုန္းလိုင္းေလးကိုေတာ့ မ်က္ရည္အဝိုင္းသားၾကည့္ေနခဲ့တဲ့လူတစ္ေယာက္။

" ကင္ေဆာ့ဂ်င္ မင္းဟာေလ!!! ေျပာမႏိုင္ေတာ့ဘူး ....ေသေလာက္ေအာင္လဲ လိုခ်င္ပါေနလ်က္နဲ႔ ... မာနေလးနည္းနည္းေလ်ာ့စမ္းကြာ "

စိုးရိမ္ေဒါသနဲ႔ေအာ္လာတဲ့မင္ယြန္ဂီကိုေတာင္ ေဆာ့ဂ်င္ အာ႐ုံမရဘဲ သူ႔နားထဲမွာ ေဂ်ာင္ဂုစကားသံေလးေတြကိုသာ ျပန္ၾကားေယာင္ေနမိသည္။

// လမ္းခြဲရေအာင္ ... ကြၽန္ေတာ္ အရႈံးေပးပါတယ္ ... ခင္ဗ်ားကို ေနာက္ထပ္ မပိုင္ဆိုင္ခ်င္ေတာ့ဘူး ...
ခင္ဗ်ားကို ေနာက္ထပ္ မပိုင္ဆိုင္ခ်င္ေတာ့ဘူး ...
ခင္ဗ်ားကို ေနာက္ထပ္ မပိုင္ဆိုင္ခ်င္ေတာ့ဘူး ...
ခင္ဗ်ားကို ေနာက္ထပ္ မပိုင္ဆိုင္ခ်င္ေတာ့ဘူး ~~~~ //

အဲ့ဒီ့ေနာက္ စူးေအာင့္လာတဲ့ရင္ဘတ္နဲ႔အတူ မူးေဝလာတဲ့အသိအာ႐ုံေတြေၾကာင့္ ေဆာ့ဂ်င္လက္သီးကို တင္းတင္းက်ပ္က်ပ္သာ ဆုပ္ထားလိုက္မိသည္။ သို႔ေပမယ့္ သူ႔အသိတရားေတြ ယဲ့ယဲ့ေလးသာရွိေနေတာ့တဲ့အခ်ိန္မွာေတာ့ သူ႔ဆီေျပးလာေနတဲ့ေျခေထာက္ေတြကို သူျမင္လိုက္ရေတာ့သည္။ သိပ္မၾကာ သူ႔ကမာၻႀကီးဟာ အေမွာင္က်သြားခဲ့ေတာ့သည္။

𖧷𖧷𖧷𖧷𖧷𖧷𖧷


ေလးလခန႔္ၾကာျမင့္ၿပီးေနာက္ ...

“ ...ဒီညအတြက္ မုန႔္ထပ္မရႏိုင္ေတာ့ပါဘူး ... အားနာပါတယ္ ... ကြၽန္ေတာ္တို႔ဆိုင္ပိတ္ပါၿပီ ..."

ဆိုင္အေပါက္ဝကေန ယဥ္ယဥ္ေက်းေက်းေလး ျငင္းေနတဲ့ေကာင္ေလးကို ၾကည့္ၿပီး ေဂ်ာင္ဂု ၿပဳံးလိုက္သည္။ သူကေတာ့ က်န္ေနတဲ့ကိတ္ကို စားဖို႔အတြက္ ျပင္ဆင္လိုက္ၿပီး လက္က်န္စားပြဲကိုရွင္းလင္းေနမိသည္။

" အစ္ကိုေဂ်ာင္ဂု ကြၽန္ေတာ္ အေပၚထပ္မွာ ျပင္ထားလိုက္ေတာ့မယ္ေနာ္ ..."

" အင္း ယုံမင္း ... ေသခ်ာသန႔္ရွင္းလိုက္ေနာ္ ... "

သူ႔စကားအဆုံး ေကာင္ငယ္ေလးက ျမဴးတူးစြာအေပၚထပ္အခန္းဆီ တက္သြားေတာ့ သူလည္း ဆိုင္တံခါးပိတ္ဖို႔ ႀကိဳးစားလိုက္မိသည္။ သို႔ေပမယ့္ ႐ုတ္တရက္ သူပိတ္ေတာ့မယ့္ တံခါးေရွ႕ရပ္ကာ ကာဆီးလိုက္တဲ့လက္ပိုင္ရွင္။ ရင္းႏွီးလြန္းသည္မို႔ သူေမာ့ၾကည့္မိေတာ့ မ်က္ဝန္းေတြျပဴးက်ယ္ၿပီး ရင္ဘတ္တစ္ခုလုံး ပရမ္းပတာျဖစ္ေစႏိုင္တဲ့အထိ အင္အားႀကီးမားလြန္းတဲ့မ်က္ႏွာလွလွေလးကို သူျမင္လိုက္ရသည္။

"~~ အစ္ကို ~~ "

မရည္႐ြယ္ဘဲ သူ႔ႏႈတ္ဖ်ားက ထြက္မိေတာ့ ထိုလူသားဟာ သူ႔ကို စိုက္ၾကည့္လာၿပီး မ်က္ခုံးႏွစ္ဖက္က အနည္းငယ္တြန႔္လူးလာသည္။

" ... ကြၽန္ေတာ့္ကို သိတာလား ..."

ျပန္ေမးလာတဲ့စကားေၾကာင့္ သူေၾကာင္အမိရင္း ျပန္စိုက္ၾကည့္မိေတာ့ အစ္ကိုေဆာ့ဂ်င္က ၿပဳံးသည္။ အေျခအေနကို နားမလည္ႏိုင္စြာ ျဖစ္ေနတုန္းက အစ္ကို သူ႔ကိုျဖတ္ေက်ာ္ကာ ဆိုင္ထဲကို ဝင္သြားသည္။

" ... အားနာေပမယ့္ ကြၽန္ေတာ့္ကို ဒီမွာ ခဏေလာက္ေပးေနမလား ... ညရွစ္နာရီမတိုင္ခင္ထိပါပဲ ... ဆိုင္ပိတ္ၿပီဆိုတာသိေပမယ့္ ကြၽန္ေတာ့္ကို အကူအညီေပးႏိုင္မလား ... ဒုကၡေရာက္ေနတဲ့ကိုးရီးယားလူမ်ိဳးတစ္ေယာက္ကို ကူညီေပးတယ္လို႔ပဲ သေဘာထားလိုက္ေပါ့ "

ပ်ဴငွာစြာ ေတာင္းဆိုခယလာတဲ့အစ္ကို႔ကို သူၾကည့္ရင္း အစ္ကို႔ေရွ႕ သူရပ္လိုက္မိသည္။ သူ႔ကို မသိခ်င္ေယာင္ေဆာင္ေနတဲ့အစ္ကို႔ကို သူ ဘာလုပ္လိုက္ရမလဲ ... ေမာင္းထုတ္လိုက္ရမလား ... ဒီအတိုင္းပဲ တည့္ေမးလိုက္ရမလား ...။

" ... ဘာလာလုပ္တာလဲ ... "

မေနႏိုင္တဲ့အဆုံး ေရွ႕တည့္တည့္ဝင္ထိုင္ကာ ေမးမိေတာ့ အစ္ကိုက သူ႔ကို တစ္ခါမွ မျမင္ဖူးတဲ့ပုံစံနဲ႔ၾကည့္သည္။

" ... ဟင္ ... "

" ကိုးရီးယားကေန ပဲရစ္ထိကို ဘာလာလုပ္တာလဲလို႔!! ကြၽန္ေတာ္အဆင္ေျပေနတဲ့အခ်ိန္မွ အစ္ကိုက ဘာလာလုပ္တာလဲ !!! အစ္ကိုက ကြၽန္ေတာ့္ကို ဘာျဖစ္ေစခ်င္ေနတာလဲ !!! အစ္ကိုက ဘာလုပ္ခ်င္ေနတာလဲလို႔!!! "

တကယ္ကို ဝမ္းနည္းေဒါသက ထြက္လာတာမို႔ သူေမးမိေတာ့ အစ္ကိုက သူ႔ကို ေခါင္းေလး ေစာင္းငဲ့ကာ ၾကည့္သည္။

" ဒီမွာဗ်!! မွားေနၿပီထင္တယ္ ... ကြၽန္ေတာ္ ပဲရစ္ကိုလာတာက ... ကြၽန္ေတာ့္ရဲ႕မွတ္ဉာဏ္ေတြကို ျပန္ရွာခ်င္လို႔ပါ ... မဟုတ္မွ မင္းက ကြၽန္ေတာ့္ကို သိေနတာလား ... "

ဒီစကားမွာေတာ့ သူ ဝမ္းနည္းေဒါသကေန ရင္ထဲ လႈိက္ကနဲ႔ စိုးရိမ္စိတ္က ဝင္ေဆာင့္သည္။ သူကိုးရီးယားကေန ထြက္လာၿပီးတဲ့ေနာက္ပိုင္း အစ္ကို႔သတင္းေတြ ျမင္မိမွာ စိုးတာေၾကာင့္ တီဗြီအစီစဥ္ရႈိးေတြ၊ သတင္းေတြကိုေတာင္ နားမစြင့္မိခဲ့ပါ။ ေလးလလုံးလုံး ကြာေဝးေနတဲ့သူဟာ ကိုးရီးယားမွာ ဘာေတြျဖစ္ပ်က္ေနလဲ သူမသိ။

အစ္ကိုက သူ႔ကို မမွတ္မိဘူးလား ... သူ႔ကို မသိဘူးလား ... မဟုတ္မွ သူ႔ကို ေမ့သြားတာလား ...

" ခင္ဗ်ားနာမည္ကဘာလဲ !!! "

သူ ေသခ်ာေအာင္အတည္ျပဳဖို႔ ေမးမိေတာ့ အစ္ကိုက ၿပဳံးရင္း လက္ေခ်ာင္းေတြကို ပြတ္သပ္ၾကည့္ကာ ျပန္ေျဖလာသည္။

" ဂ်င္! ကင္ေဆာ့ဂ်င္! "

" ... ဒါျဖင့္ရင္ ခင္ဗ်ားက ဘာလုပ္တဲ့သူလဲ "

ဒီေမးခြန္းမွာေတာ့ အစ္ကိုဟာ Long Coatအရွည္ထဲက ကတ္တစ္ခုကို ဆြဲယူၾကည့္ၿပီးမွ သူ႔ကိုအေျဖျပန္ေပးလာသည္။

" Composerပါ .. ... ဒါနဲ႔ မင္း ကြၽန္ေတာ့္ကို သိတာလား ..."

ဒီလိုထပ္ေမးလာေလေတာ့ သူ႔စိုးရိမ္မႈေတြက ခ်က္ခ်င္း အထြဋ္အထိပ္ကို ေရာက္သြားေတာ့သည္။

အစ္ကို ဘာျဖစ္ခဲ့တာလဲ ... အစ္ကို ဘာျဖစ္ေနတာလဲ ...

သူ အစ္ကို႔နဲ႔ နီးနီးကပ္ကပ္ထိုင္ရင္း အစ္ကို႔လက္ေတြကို သူဆြဲယူလိုက္သည္။ အစ္ကိုကေတာ့ သူ႔အျပဳအမူကို မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္ရင္း ႐ုန္းသည္။

" ဘာလုပ္တာလဲဗ်!! ခင္ဗ်ား !!"

" ... အစ္ကို ... ~~ မမွတ္မိဘူးလား ... ကြၽန္ေတာ္ေလ ... ကြၽန္ေတာ္ ဂြၽန္ေဂ်ာင္ဂုေလ ... "

သူ ေျပာေတာ့ မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္ရင္း အစ္ကိုက ၿငိမ္သက္သြားသည္။

" ဂြၽန္ေဂ်ာင္ဂု ~~ ..."

သူ႔နာမည္ကို ခပ္တိုးတိုးေလး ေရ႐ြတ္ရင္း မ်က္ဝန္းေတြက တျဖည္းျဖည္းအေရာင္ေျပာင္းလာသည္။ အဲ့ဒီ့ေနာက္ တစ္စုံတစ္ခုကို သတိရသြားသလိုမ်ိဳး Long Coatထဲက အိတ္ကပ္ကို ခ်က္ခ်င္းၾကည့္ကာ တစ္စုံတစ္ခုကို ဆြဲယူထုတ္ပစ္သည္။ သူ ၾကည့္မိေတာ့ ထိုအရာေလးဟာ ဓာတ္ပုံေလးတစ္ပုံပင္။

အစ္ကိုဟာ ဓာတ္ပုံကိုၾကည့္လိုက္ သူ႔ကိုၾကည့္လိုက္လုပ္ေနရင္းမွ မ်က္ဝန္းေတြ တျဖည္းျဖည္းညိဳလာသည္။ ၿပိဳေတာ့မယ့္မိုးလို ညိဳမႈိင္းလာေပမယ့္ ခ်က္ခ်င္း အေရာင္ေျပာင္းကာ အစ္ကို႔မ်က္ႏွာေလးက ခက္ထန္သြားျပန္သည္။

" ... ငါ့ကိုအဲ့ဒီလို သနားတဲ့မ်က္ဝန္းေတြနဲ႔ လာမၾကည့္နဲ႔ ဂြၽန္ေဂ်ာင္ဂု!! "

အခုမွေလသံေတြေျပာင္းကာ သူသိခဲ့ဖူးတဲ့အစ္ကိုနဲ႔ တူလာေလေတာ့ သူ႔မ်က္ဝန္းေတြ စိုစြတ္သြားရသည္။ ေသခ်ာပါသည္ ... အစ္ကိုဟာ သူ မရွိတဲ့ကာလမွာ တစ္ခုခုျဖစ္ေနပုံေပၚသည္။

" ... အစ္ကိုက ဘယ္နားမွာ သနားစရာေကာင္းေနလို႔လဲ ... ကြၽန္ေတာ္ကသာ သနားစရာေကာင္းေနတာမဟုတ္လား .... အစ္ကို႔ကို ေမ့ႏိုင္ဖို႔ ႀကိဳးစားၿပီး ေန, ေနတဲ့အခ်ိန္မွာ ဘာျဖစ္လို႔ ကြၽန္ေတာ့္ကို လာျပန္ဆြရတာလဲ ... အစ္ကို ကြၽန္ေတာ့္ကို မလိုခ်င္ခဲ့ဘူး မဟုတ္လား ... ကြၽန္ေတာ္ ဒီမွာ ရွိေနတာ ဘယ္လိုလုပ္သိတာလဲ??? "

သူေမးမိေတာ့ အစ္ကိုက မ်က္ႏွာလႊဲကာ ခ်က္ခ်င္းထရပ္သည္။ အစ္ကိုထရပ္တဲ့အခ်ိန္မွာေတာ့ အစ္ကို႔ဆီက ကဒ္ေလးနဲ႔ ဓာတ္ပုံေလးက စားပြဲေအာက္ကို ျပဳတ္က်သြားတာေတာ့ သူျမင္လိုက္မိသည္။  သူၾကည့္မိေတာ့ အစ္ကို႔ကဒ္ေလးဟာ ဝန္ထမ္းကဒ္ေလးျဖစ္ၿပီး ဓာတ္ပုံကေတာ့ သူ႔ရဲ႕ပုံပင္။

" ... ေဆာရီး~~ မင္းရဲ႕ဆိုင္မွန္းမသိလို႔ ဝင္လာမိတာ ... ဒီလမ္းမေပၚမွာ ကိုးရီးယားလို ေရးထားတဲ့ဆိုင္က ဒီတစ္ဆိုင္ပဲရွိေနခဲ့တာမို႔လို႔ ဝင္လာမိတာ ... ငါကေတာ့ မင္းကို ေသခ်ာေပါက္ေမ့ေနခဲ့တာမို႔လို႔ မင္းကေတာ့ ငါ့ကိုေမ့ဖို႔ပဲ ႀကိဳးစားလိုက္ ဂြၽန္ေဂ်ာင္ဂု "

ေျပာၿပီးတာနဲ႔ ခ်က္ခ်င္းေျပးထြက္ေတာ့မယ့္ အစ္ကို႔လက္ကို သူခပ္ျမန္ျမန္ပဲ ဖမ္းဆြဲလိုက္သည္။ အစ္ကို တစ္ခုခုျဖစ္ေနတာကို သူသိသည္မို႔ ဒီအတိုင္း ထြက္သြားခြင့္မေပးႏိုင္။

" ... အစ္ကို!! မာနေတြကို ခဏဖယ္ၿပီး အမွန္အတိုင္းပဲ ေျပာစမ္းပါ ... ဘာျဖစ္ေနတာလဲ .... ဘာျဖစ္ေနခဲ့တာလဲလို႔!! "

သူေအာ္ေျပာမိတဲ့အခ်ိန္မွာပဲ အေပၚထပ္က ယုံမင္း ေျပးဆင္းလာသည္။

" အစ္ကိုေဂ်ာင္ဂု !! ကြၽန္ေတာ္ၿပီး~~ အယ္ ..."

သူနဲ႔အစ္ကိုေဆာ့ဂ်င္ကိုျမင္ေလေတာ့ တအံ့တဩၾကည့္သည္။ အစ္ကိုကလဲ ယုံမင္းရဲ႕အသံေၾကာင့္ ယုံမင္းကိုၾကည့္ကာ သူ႔ကို ျပန္လွည့္ၾကည့္ၿပီး ခပ္ေထ့ေထ့ရယ္သည္။ အစ္ကို႔ပုံရိပ္ဟာ သူ႔ဆိုင္ထဲ စစဝင္လာတဲ့ပုံစံနဲ႔ မတူေတာ့ဘဲ သူသိခဲ့တဲ့ကင္ေဆာ့ဂ်င္အသြင္ေျပာင္းလဲလာသည္။ မတူေတာ့တာဆိုလို႔ ႐ိုး႐ိုးရွင္းရွင္း ခပ္အုံ႔အုံ႔ဆံပင္ေလးပင္။

" အဟက္~~ ငါ့ကိုလႊတ္ ဂြၽန္ေဂ်ာင္ဂု!! "

ေျပာၿပီးတာနဲ႔ အစ္ကိုဟာ သူ႔လက္ကေန ႐ုန္းထြက္ကာ ဆိုင္အျပင္ကို ခပ္သုတ္သုတ္ေလး ထြက္သြားခဲ့သည္။

" အစ္ကိုေဂ်ာင္ဂု! အစ္ကိုေဂ်ာင္ဂု!! အဲ့ဒါက ...3Hipထဲက ကင္မ္ မဟုတ္လား!! အစ္ကို႔အသိလား ... ဝါး ... ဒီလိုနာမည္ႀကီးတစ္ေယာက္နဲ႔ ခင္ေနတာ ဘာလို႔မေျပာရတာလဲ ... "

တအံ့တဩေျပာလာတဲ့ယုံမင္းစကားကို သူမတုံ႔ျပန္ျဖစ္။ အစ္ကို႔အေၾကာင္းေတြ သိခ်င္စိတ္သာ ျပင္းျပေနခဲ့သည္။

" ... အယ္ မဟုတ္ေသးပါဘူး ကင္မ္က အနားယူေနတာေလ ... က်န္းမာေရးထိခိုက္လို႔ဆိုၿပီး အနားယူေနတာ ေလးလေလာက္ရွိၿပီကို ... ဘာျဖစ္လို႔ ဒီကိုေရာက္ေနတာလဲ "

ယုံမင္းေရ႐ြတ္တဲ့စကားေၾကာင့္ သူ ယုံမင္းကို ၾကည့္လိုက္မိသည္။

" ဘာ ဘာေျပာတာလဲ ... "

" ဟုတ္တယ္ အစ္ကို ... ကင္မ္က က်န္းမာေရးမေကာင္းလို႔ အဖြဲ႕ထဲကေန အနားယူထားတာ ... အခုဆို သီခ်င္းအသစ္ေတြ ထပ္မထြက္ေတာ့ဘူး ... ေနာက္ဆုံးထြက္ထားတဲ့သီခ်င္းက Hold Me Tight ပဲ အစ္ကို .. အဲ့ဒီ့သီခ်င္းကို concert မွာပဲ ဆိုျပခဲ့တာ .. ၾကားတာေတာ့ ကင္မ္ရဲ႕ခ်စ္သူအတြက္တဲ့ ... အဲ့သီခ်င္းကို CD ထုတ္ေဝခြင့္ေတာင္ ကင္မ္က မေပးခဲ့ဘူးတဲ့ ကုမၸဏီဘက္ျခမ္းနဲ႔ ျပသနာေတြျဖစ္‌လို႔ ေနာက္‌ဆုံး streaming platform ေပၚေတြ ေရာက္လာတာ .. Album ေတာ့ မထုတ္ထားေပးဘူး "

ယုံမင္းစကားေၾကာင့္ သူ႔ရင္ဘတ္က ဆစ္ကနဲ႔ နာက်င္သြားရသည္။ သူေမ့ခ်င္ေယာင္ေဆာင္ေနခဲ့မိတဲ့အမွန္တရားေတြထဲမွာ အစ္ကိုက သူ႔ကို ခ်စ္ေနတုန္းပဲ ဆိုတဲ့အမွန္တရားေတြလဲ ပါသည္။

" ယုံမင္း!! ဆိုင္မွာပဲေစာင့္ေန "

ေဂ်ာင္ဂု ‌ဘာမွ မစဥ္းစားႏိုင္ေတာ့ဘဲ ထီးတစ္လက္ဆြဲယူကာ ဆိုင္ထဲကေန ေျပးထြက္မိေတာ့သည္။ မိုးဖြဲဖြဲ႐ြာေနတဲ့လမ္းမထက္ အစ္ကိုက ဘယ္ဆီကို ေလွ်ာက္လွမ္းသြားလဲ မသိေပမယ့္ သူကေတာ့ အစ္ကို႔ကို အျမန္ဆုံးရွာေတြ႕ဖို႔ ရည္႐ြယ္ပါသည္။

ေလးလတာကာလအတြင္း သူ ကြၽမ္းက်င္ခဲ့တဲ့ပဲရစ္လမ္းၾကားေတြထဲ သူရွာမိေတာ့ ေနာက္ဆုံး သစ္ပင္ေအာက္က ခုံတန္းေလးမွာ ၿငိမ္သက္စြာ ထိုင္ေနတဲ့အစ္ကို႔ကို သူျမင္လိုက္ရသည္။ မိုးဖြဲေလး႐ြာေနတာမို႔ သစ္ပင္ရိပ္ေၾကာင့္ အရမ္းမစိုေနေပမယ့္ အစ္ကို႔ကို ကိုယ္ေပၚမွာ မိုးေရစက္တို႔ရဲ႕အမႈန္စေတြကပ္ၿငိေနသည္။ အစ္ကိုကေတာ့ လက္ႏွစ္ဖက္ကို အခ်င္းခ်င္းပြတ္ရင္း တစ္စုံတစ္ခုကို ေရ႐ြတ္ေနပုံပင္။

႐ုတ္တရက္ ထိုျမင္ကြင္းေၾကာင့္ သူ ခပ္ျဖည္းျဖည္းေလး အစ္ကို႔အနားခ်ဥ္းကပ္မိသည္။

မုန္းဖို႔ေကာင္းလိုက္တာ ကင္ေဆာ့ဂ်င္ရယ္ ~~~
ဘာျဖစ္လို႔ ကြၽန္ေတာ္ကပဲ ခင္ဗ်ားဆီလာရတဲ့သူျဖစ္တာလဲ ... ဘာျဖစ္လို႔ ခင္ဗ်ားကေရာ ကြၽန္ေတာ့္ဆီကို မလွမ္းလာႏိုင္ရတာလဲ ...

စီနီယာေဆာ့ဂ်င္ျဖစ္တုန္းကလဲ ကြၽန္တ္ောကသာ ခင္ဗ်ားဆီ အရင္လာရတဲ့သူျဖစ္ၿပီး Artist Kimျဖစ္တုန္းကလဲ ကြၽန္ေတာ္ကပဲ ခင္ဗ်ားဆီေရာက္ေအာင္ မရ၊ရေအာင္ လွမ္းလာခဲ့ရတာ ... ခင္ဗ်ားကေတာ့ ဘာျဖစ္လို႔ ေျခတစ္လွမ္းေတာင္ မေ႐ြ႕ႏိုင္ရတာလဲ ...

ေဂ်ာင္ဂု အစ္ကိုေဆာ့ဂ်င္အနားတျဖည္းျဖည္းတိုးကပ္မိေတာ့ အစ္ကိုေဆာ့ဂ်င္ ေရ႐ြတ္ေနတဲ့ အသံတိုးတိုးကို ၾကားလိုက္ရသည္။

“ ~~~  ကင္ေဆာ့ဂ်င္ .. ဂြၽန္ေဂ်ာင္ဂု ~~ နာမည္ ~~ ကင္ေဆာ့ဂ်င္ ~~~ ခ်စ္ရတဲ့သူက ဂြၽန္ေဂ်ာင္ဂု ~~ နာမည္ ~~ ကင္ေဆာ့ဂ်င္ ~~ "

ဒီႏွစ္ခြန္းကိုသာ အထပ္ထပ္အခါခါေရ႐ြတ္ေနတာမို႔လို႔ သူ႔ႏွလုံးသားတစ္ခုလုံး နာက်င္ေၾကမြသြားရသည္။

မဟုတ္မွ ... သူထင္ထားသလိုမ်ိဳးေရာဂါက အစ္ကို႔ဆီမွာ ရွိေနခဲ့တာလား ...
မဟုတ္မွလြဲ ... ဒီလိုမ်ိဳး ဦးေႏွာက္ကေမ့သြားတာကို အစ္ကို ခံစားေနခဲ့ရတာလား ...

“ ~~ဂြၽန္ေဂ်ာင္ဂု ~~ နာမည္ ~~ ကင္ေဆာ့ဂ်င္ ~~~  ဂြၽန္ေဂ်ာင္ဂု ~~ နာမည္ ~~ ကင္ေဆာ့ဂ်င္ ...~~...”

သူ အံ့ဩနာက်င္လြန္းေနတာမို႔ ေခါင္းခါမိေတာ့ အစ္ကို႔ဆီက ႏွာေခ်သံကို ၾကားလိုက္ရသည္။

" ဟက္ခ်ိဴး!! "

မိုးေရထဲမွာ ထိုင္ေနတာၾကာသြားလို႔ အေအးမိသြားပုံရတဲ့အစ္ကို႔အနား သူထပ္တိုးကပ္ရင္း အေရွ႕တည့္တည့္ရပ္ကာ အစ္ကို႔ကို ထီးမိုးေပးလိုက္မိသည္။ အဲ့ဒီ့ေတာ့မွ သူ႔ကို ေမာ့ၾကည့္လာတဲ့အစ္ကို႔မ်က္ဝန္းေတြဟာ ရဲရဲနီလ်က္ ...။

သူကိုယ္တိုင္လည္း မ်က္ဝန္းေတြနီရဲကာ အစ္ကို႔ကို ငုံ႔ၾကည့္ရင္း ၿပဳံးျပလိုက္မိသည္။

“ ... အစ္ကို .... အိမ္ျပန္ရေအာင္ေလ ... ကြၽန္ေတာ္နဲ႔တူတူ အိမ္ျပန္ရေအာင္ေလ ..."

သူေျပာမိေတာ့ အစ္ကိုက စိုက္ၾကည့္ကာ ႏႈတ္ခမ္းကေန တိုးဖြဖြနာမ္စားေလးတစ္ခုကို ေရ႐ြတ္သည္။

" Gukie~~ "

" အင္း ~~ ကြၽန္ေတာ္ေရာက္လာၿပီေလ ~~ အစ္ကို ကြၽန္ေတာ့္ဆီကို မလာဘူးဆိုရင္ေတာင္ ကြၽန္ေတာ္အစ္ကို႔ဆီကို အခုလိုေရာက္လာခဲ့ၿပီေလ ... အိမ္ျပန္ရေအာင္ေနာ္ ကြၽန္ေတာ္တို႔ရဲ႕အိမ္ကို ~~ "

သူ ေခ်ာ့ေမာ့မိေတာ့ အစ္ကိုက ခ်က္ခ်င္းမတ္တပ္ရပ္ကာ သူ႔ကို ငုံ႔ၾကည့္ရင္း သူကိုင္ထားတဲ့ထီးေအာက္ကို အတူတူ ခိုေဆာင္းသည္။

" Gukie-ya ~~ ငါ .. ငါေလ ... ခုနက ... မင္းကို ... မဟုတ္ေသးဘူး ... ဂြၽန္ေဂ်ာင္ဂု
မင္းက ငါ့ကိုမလိုခ်င္ေတာ့တဲ့သူပဲ ... မင္းက ငါ့ဆီကို မလာခ်င္ေတာ့တဲ့သူပဲ ... မင္းက ငါ့ကို အရင္ထားခဲ့တဲ့သူပဲ ... မင္းက ငါ့ကို မပိုင္ဆိုင္ခ်င္ေတာ့တဲ့သူပဲ ... "

ခပ္႐ြဲ႕႐ြဲ႕စကားေတြကို ေရ႐ြတ္ရင္း သူ႔ကို တြန္းထုတ္ဖို႔ ႀကိဳးစားလာေလေတာ့ သူ ကိုင္ထားတဲ့ထီးကို လႊတ္ခ်ကာ တြန္းထုတ္ေတာ့မယ့္ အစ္ကို႔ကို သူ တင္းတင္းက်ပ္က်ပ္ေပြ႕ဖက္ထားလိုက္မိသည္။ သူ႔ေပြ႕ဖက္မႈေၾကာင့္ ၿငိမ္သက္သြားတဲ့အစ္ကိုဟာ သူ႔ကို မတြန္းထုတ္ေပမယ့္ ျပန္ေပြ႕ဖက္တာမ်ိဳးမရွိခဲ့။ သူ႔ဆီက စကားသံတစ္ခ်ိဳ႕ကို နားစြင့္ၿပီး ေစာင့္ေနပုံရသည္။

" .... 'ျပန္လာခဲ့ေပးပါ'ဆို ... အမွားေတြကို ျပင္ဆင္မွာမို႔လို႔ အစ္ကို႔ဆီကို ျပန္လာခဲ့ဆို ... လမ္းမခြဲရေအာင္ဆို !!! .... အစ္ကို!! ကြၽန္ေတာ္က အစ္ကိုေျပာတဲ့အတိုင္း တင္းတင္းက်ပ္က်ပ္ေလး ေပြ႕ဖက္ထားေပးမယ္ !! အစ္ကိုက မာနေတြမႀကီးဘဲ ကြၽန္ေတာ့္ကိုပဲ ၾကည့္ေပးလို႔ရမလား"

သူေမးမိေတာ့ အစ္ကိုကျပန္မေျဖ။ သို႔ေပမယ့္ အစ္ကို႔လက္ေလးေတြ တုန္ယင္ကာ လႈပ္ရွားလာသည္။ အစ္ကို႔လက္တစ္ဖက္ဟာ သူ႔ခါးေပၚေရာက္လာၿပီး က်န္တဲ့တစ္ဖက္က သူ႔ေခါင္းကို ထိန္းကိုင္ကာ အစ္ကို႔ပခုံးေပၚမွီေစလိုက္သည္။ အဲ့ဒီ့ေနာက္ တျဖည္းျဖည္းတုန္ယင္လာတဲ့အစ္ကိုဟာ သူ႔နား႐ြက္ဖ်ားေလးေတြကို ခပ္ဖြဖြနမ္းသည္။

" .... ‌Gukie-ya ~~~ ငါ ... ငါေၾကာက္တယ္ ... မင္းကို ထပ္ၿပီးေမ့သြားမွာ .. ငါေၾကာက္တယ္ .. ေတာင္းပန္ပါတယ္ ... ငါေတာင္းပန္ပါတယ္ ..."

ေတာင္းပန္စကားတီးတိုးေရ႐ြတ္ၿပီးေလလွ်င္ အစ္ကို႔ခႏၶာကိုယ္ဟာ ၿငိမ္သက္ေပ်ာ့ေခြသြားေတာ့သည္။

" အစ္ကို!!! အစ္ကို!!! "

သူ လႈပ္ခါေသာ္လည္း ျပန္မထူးလာတဲ့အစ္ကိုဟာ ေမ့ေျမာသြားခဲ့ပုံရသည္။ ႐ုတ္တရက္ျဖစ္ပ်က္သြားတဲ့အျဖစ္အပ်က္ေတြေၾကာင့္ ထူပူကာ အစ္ကို႔ကို ေက်ာပိုးၿပီး အိမ္ အျမန္ျပန္ဖို႔စဥ္းစားမိသည္။ အဲ့ဒီ့အခ်ိန္မွာပဲ အစ္ကို႔အိတ္ကပ္ထဲက ျမည္လာတဲ့ဖုန္းေလး။

သူေကာက္ကိုင္မိေတာ့ တစ္ဖက္က ဖုန္းေခၚသူက အစ္ကိုယြန္ဂီျဖစ္သည္။

" ရားး!! ကင္ေဆာ့ဂ်င္ ငါေရာက္ၿပီ အခုမင္းဘယ္မွာလဲ !!! ဘယ္ေရာက္ေနတာလဲ!! "

စိုးရိမ္စိတ္အျပည့္နဲ႔‌ ေမးခြန္းထုတ္လာေတာ့ သူ ျပန္ေျဖေပးလိုက္မိသည္။

" အစ္ကိုယြန္ဂီ!! အစ္ကိုေဆာ့ဂ်င္က ... ကြၽန္ေတာ့္ဆီမွာ !! ဒါေပမဲ့ မိုးေရထဲအၾကာႀကီးေနလိုက္လို႔ျဖစ္မယ္ အခု သတိလစ္ေနတယ္!! ကြၽန္ေတာ္လိပ္စာပို႔လိုက္မယ္ "

အဲ့ဒီ့ေနာက္ ခ်က္ခ်င္းဖုန္းခ်ကာ Location ပို႔ၿပီးေနာက္ အစ္ကိုေဆာ့ဂ်င္ကို တြဲထူရင္း အိမ္‌ဆီျပန္လာမိေတာ့သည္။

အခုေတာ့ျဖင့္ အစ္ကိုဟာ တစ္ေယာက္စာသူ႔အိပ္ရာကုတင္အေသးေလးေပၚမွာ ၿငိမ္သက္စြာ အနားယူေနသည္။ အစ္ကိုယြန္ဂီက သူနဲ႔အစ္ကိုေဆာ့ဂ်င္ကို ဝမ္းနည္းဝမ္းသာ ၾကည့္သည္။သတိျပန္မလည္လာေသးတဲ့အျပင္ အဖ်ားေငြ႕က ေရးေရးေလး ကပ္ပါလာသည္မို႔ သူက ဖ်ားေတာ့မယ့္အစ္ကို႔ကို သူ ကိုယ္လက္သန႔္စင္ေပးရင္း လက္ေခ်ာင္းေလးေတြကို သတိထားလိုက္မိသည္။ အစ္ကို တက္တူးထိုးထားသည္ပင္။လက္ေခ်ာင္းေလးေတြရဲ႕ၾကားမွာ ထိုးထားတဲ့တက္တူးေလးက ကင္ေဆာ့ဂ်င္နဲ႔ ဂြၽန္ေဂ်ာင္ဂု ဆိုတဲ့စာလုံးေလးေတြျဖစ္သည္။

သူအတန္ၾကာစိုက္ၾကည့္ေနမိတဲ့အတြက္ အစ္ကိုယြန္ဂီဆီက စကားသံထြက္လာသည္။

" ... ဒါ သူ႔အေျခအေနမဆိုးခင္တုန္းက လုပ္ခဲ့တဲ့အရာပဲ .. ေဂ်ာင္ဂုရား ... သူက မင္းကို ေမ့သြားမွာ ေၾကာက္ေနခဲ့တာ .. သတိမကပ္တဲ့အခ်ိန္တိုင္း လက္ေခ်ာင္းေလးေတြပြတ္ၿပီး သာမန္လူတစ္ေယာက္လို ျပဳမူေနခဲ့တာ ... မင္းသိလား ကင္ေဆာ့ဂ်င္က အရမ္းေခါင္းမာတယ္ !! "

အစ္ကိုယြန္ဂီစကားေၾကာင့္ သူ ေတြေဝရင္း စစေတြ႕မိတဲ့အခ်ိန္ကို သတိရသြားသည္။ နာမည္ေမး‌မိတုန္းက လက္ေခ်ာင္းေလးေတြကို ပြတ္ရင္းျပန္ေျဖခဲ့သည္ပဲေလ။ ေတြးမိလိုက္ေတာ့ သူ႔မ်က္ဝန္းေတြ က်ိန္းစပ္လာရသည္။

" မင္း ဘယ္မွာ ရွိေနလဲ သိရက္သားနဲ႔ သူ မင္းဆီကို မလာခဲ့ဘူး ... မင္းကို ဝန္ထုပ္ဝန္ပိုးမျဖစ္ေစခ်င္ခဲ့လို႔ သူ မင္းဆီကို လာဖို႔ ဘယ္ေတာ့မွ မႀကိဳးစားဘူး .... ၿပီးေတာ့ ဘယ္အခ်ိန္ကတည္းက စျဖစ္ေနလဲမသိေပမယ့္ ငါတို႔သိတဲ့အခ်ိန္က မင္းထြက္သြားတဲ့ေန႔ပဲ ... အဲ့ဒါေတာင္ ကင္ေဆာ့ဂ်င္က ဝန္ခံခဲ့တာမဟုတ္ဘူး ... သူ နားေတာ့မယ္ဆိုတဲ့တစ္ခြန္းပဲ သူေျပာခဲ့တာ ...."

အစ္ကိုယြန္ဂီစကားေၾကာင့္ သူ အစ္ကိုေဆာ့ဂ်င္မ်က္ႏွာကို ၾကည့္လိုက္မိသည္။ ႏုဖတ္ေနတဲ့မ်က္ႏွာလွလွဟာ ေခ်ာင္က်သြားတာေတာ့ အမွန္ပင္။

ဘယ္အခ်ိန္ကတည္းက ဒီလိုေတြ ခံစားေနခဲ့ရတာလဲ ... ဘာလို႔ တစ္ခြန္းေလးေတာင္မေျပာရတာလဲ ... ဘာျဖစ္လို႔ သူ႔ကို လူဆိုးျဖစ္ေအာင္လုပ္ရတာလဲ ...

ေမးခြန္းေတြ ဆက္တိုက္ေမးေနမိေပမယ့္ အစ္ကိုကေတာ့ မသိႏိုင္။

" ... ေဂ်ာင္ဂုရား ... တကယ္လို႔ မင္းအဆင္မေျပရင္ သူ သတိလည္လာတာနဲ႔ ငါ ျပန္ေခၚသြားမယ္ သူ႔မိသားစုနဲ႔ တိုင္ပင္ၿပီးၿပီ ... အေျခအေနက ဒီထက္ပိုဆိုးလာဖို႔ပဲရွိတာ ကုရင္လဲ ေပ်ာက္မွာမဟုတ္ဘူး .. မင္းကို အၿမဲတမ္းေမ့ေနတဲ့လူတစ္‌ေယာက္ကို မင္းေခၚထားဖို႔က ခက္ခဲမယ္ဆိုတာလည္း နားလည္ပါတယ္ ေဆာ့ဂ်င္လဲ အဲ့လိုျဖစ္ခ်င္မွာမဟုတ္ဘူး ... သူကလည္း မင္းကို လြတ္လြတ္လပ္လပ္ေလး ရွင္သန္ေစခ်င္ေနတာပါ ... "

အစ္ကိုယြန္ဂီစကားေၾကာင့္ သူ မေက်မနပ္နဲ႔ ခပ္ဖြဖြ ရယ္လိုက္မိသည္။ သို႔ေပမယ့္ ဘာမွေတာ့ မတုံ႔ျပန္မိ။ ၿငိမ္သက္စြာလဲေလ်ာင္းေနတဲ့ အစ္ကို႔ကိုသာ သူၾကည့္လိုက္မိရင္း ဆုံးျဖတ္ခ်က္တစ္ခုကို ခ်လိုက္မိသည္။

" မနက္ျဖန္ပဲ ေလယာဥ္လက္မွတ္ျဖတ္လိုက္ပါ အစ္ကိုယြန္ဂီ ... ”


𖧷𖧷𖧷𖧷𖧷𖧷𖧷


ႏွင္းဖြဲဖြဲေလးေတြ က်ေနတဲ့ဝန္းျပင္က်ယ္ႀကီးကို သူၾကည့္ၿပီး သက္ျပင္းဖြဖြေလး ခ်လိုက္မိသည္။ ဘယ္အခ်ိန္က သူ႔လက္ထဲရွိေနမွန္းမသိတဲ့ ေရေႏြးအိတ္ေလးကို သူဆုပ္ကိုင္ရင္း ျပ‌တင္းေပါက္‌ကေနတစ္ဆင့္ အတိုင္းသားျမင္ေနရတဲ့ ၿခံဝန္းက်ယ္က်ယ္က ႏွင္းျမဴေတြကို ၿပဳံးျပမိသည္။ ဒီဇင္ဘာလရဲ႕ညမွာ ႏွင္းေတြကေတာ့ အလွဆင္ေနၿပီပဲကိုး ...။

ဘာရယ္မဟုတ္ သူေက်နပ္စြာ ၿပဳံးရင္း ေရေႏြးအိတ္ကိုခ်ကာ ၿခံဝင္းထဲဆင္းဖို႔ ဦးတည္လိုက္သည္။ သူတစ္ေယာက္တည္းရဲ႕အင္အားနဲ႔ ႀကီးမားလြန္းတဲ့ၿခံထဲကေန အျပင္ထြက္ႏိုင္ဖို႔ မလြယ္ကူေပမယ့္ ႏွင္းေတြဖုံးေနတဲ့ အိမ္ဝင္းငယ္က ပန္းၿခံေလးထဲမွာေတာ့ သူ ေဆာ့ကစားခ်င္ပါသည္။

“ Gukie!! Gukie အတြက္ တစ္ခုခုလုပ္ေပးရမယ္ ”

ဘာကိုမွ ထပ္ေတြးေတာတာမ်ိဳးမလုပ္ေတာ့ဘဲ စိတ္ထဲမွာ အၿမဲစိုးမိုးေနတဲ့နာမည္ေလးကို ‌ေရ႐ြတ္မိေတာ့ သူ အလိုလိုေနရင္း ေပ်ာ္႐ႊင္လာသလိုပင္။ အဲ့ဒီ့ေနာက္ သူ အိမ္ေပၚကေန ပန္းၿခံထဲဆင္းကာ ျဖဴလႊလႊႏွင္းေတြကို စုပုံရင္း အ႐ုပ္ေလးတစ္႐ုပ္လုပ္ဖို႔ စတင္ႀကိဳးစားလိုက္မိေတာ့သည္။

ႏွင္းလုံးေတြကို သူ႔အ႐ြယ္ေလာက္ရေအာင္ ႀကိဳးစားပန္းစား စုပုံရင္း ေနာက္ဆုံး ႏွင္းလူသားေလးျဖစ္လာသည္။ ေနာက္ဆုံး အျဖဴေရာင္ႏွင္းေတြၾကား မေမာႏိုင္၊မပန္းႏိုင္ သူတစ္ေယာက္တည္း အလုပ္ရႈပ္ေနရင္း ႏွင္းလူသားအ႐ုပ္ေလး ႏွစ္ခုကို သူ လုပ္ႏိုင္ခဲ့သည္။

" ဝါး ... ၿပီးသြားၿပီပဲ ... အိုက္ဂူး ... ေမာလိုက္တာ ..."

ႏွင္းေတြက်လို႔ ေအးစက္ေနေပမယ့္ သူကေတာ့ ေမာလာတာမို႔ ႏွင္းေတာထဲ ခဏထိုင္ကာ သူလုပ္ခဲ့တဲ့အ႐ုပ္ႏွစ္ခုကို ၾကည့္ရင္း သူ ၿပဳံးလိုက္မိသည္။

" ဒါကငါ .... ဒါက ... "

တစ္စုံတစ္ေယာက္အတြက္ ရည္႐ြယ္ၿပီး လုပ္ေပးခဲ့တာဆိုေပမယ့္ ႐ုတ္တရက္ ထိုတစ္စုံတစ္ေယာက္ကို သူ မသိေတာ့ သလိုမ်ိဳး ခံစားလာရသည္။ ထိုတစ္စုံတစ္ေယာက္ရဲ႕ နာမည္ကို လႈိက္လႈိက္လွဲလွဲ ေခၚေဝၚခ်င္ပါလ်က္ သူ႔ႏႈတ္ဖ်ားက မထြက္က်လာ။

" က်စ္! ဒါ ... ဒါက ..."

ေသခ်ာစဥ္းစားေနေပမယ့္ ႐ုတ္တရက္ သူ႔ကိုယ္သူေတာင္ ‌ေသခ်ာမသိေတာ့။ အားမလို အားမရျဖစ္ရင္း ႏွင္းေတာထဲ ပက္လက္လွန္ၿပီး လွဲခ်မိေတာ့ ႏွင္းမႈန္ေလးေတြက သူ႔မ်က္ႏွာကို လာ႐ိုက္ခတ္သည္။

" လွလိုက္တာ ..."

ႏွင္းက်ေနတဲ့ေကာင္းကင္ႀကီးကို ျမင္မိျပန္ေတာ့ သူ တိုးဖြဖြေလး ေရ႐ြတ္ရင္း မ်က္ဝန္းေတြကို ပိတ္လိုက္မိသည္။ ခဏအၾကာမွာေတာ့ ေအးစက္လြန္းတဲ့ခံစားခ်က္ေၾကာင့္ မ်က္ဝန္းျပန္ဖြင့္ကာ ႐ုတ္တရက္ ထထိုင္လိုက္မိသည္။ အဲ့ဒီေတာ့ သူ႔အေရွ႕မွာ ႏွင္းလူသားအ႐ုပ္ႏွစ္ခုကို ေတြ႕လိုက္ရျပန္သည္။ သူ အတန္ၾကာစိုက္ၾကည့္ေနမိရင္း အနားတိုးကပ္သြားမိသည္။

" ... ငါ ဒီမွာပဲ ရွိေနတာကို ဘယ္သူက လာလုပ္သြားတာလဲ ..."

သူ႔ဘာသာသူေရ႐ြတ္ရင္း ပါးစပ္ထဲ စြဲေနတဲ့သီခ်င္းေလးကို ညည္းလိုက္မိသည္။

“ အခုကိုယ့္ကိုယုံၾကည္ေပးပါ ... ထပ္ၿပီး ကိုယ့္ကိုဆုပ္ကိုင္ထားေပး ... မင္း ကိုယ့္အတြက္ ခံစားခ်က္ေတြရွိေနေသးရင္ ဒီအတိုင္းေလး ကိုယ့္ကိုဖက္ထားေပးပါ ....”

ဘာရယ္မဟုတ္ သူညည္းလိုက္မိေပမယ့္ သူ႔ရင္ဘတ္က နည္းနည္းနာက်င္လာသလိုပင္။ ႐ုတ္တရက္ ဆို႔နင့္ေနတဲ့ခံစားခ်က္ေလးဝင္လာတာမို႔ သူ႔လက္ေတြကို သူဆုပ္ကိုင္ပြတ္သပ္လိုက္မိသည္။

အဲ့ဒီ့ေတာ့မွ သူ႔လက္ၾကားေလးမွာ ျမင္လိုက္ရတဲ့စာလုံးေလးေတြ ။

“ ကင္ ေဆာ့ ဂ်င္ နဲ႔ ဂြၽန္ ‌ေဂ်ာင္ ဂု "

သူ ေရ႐ြတ္မိေတာ့ သူ႔အာ႐ုံထဲ ခပ္ေရးေရးေလးေပၚလာတာက ၿပဳံးလိုက္တိုင္း ယုန္သြားေလးႏွစ္ေခ်ာင္းကို လွစ္ကနဲ႔ ျပတတ္တဲ့ေကာင္ငယ္ေလး။ သူ႔ကို အရမ္းသေဘာက်သလို ကိတ္မုန႔္ေတြကိုလည္း အရမ္းသေဘာက်တဲ့ေကာင္ငယ္ေလး။ သူ ဘာေတြ ဘယ္ေလာက္ဆိုးဆိုး အၿမဲသည္းခံခြင့္လႊတ္‌ေပးတတ္တဲ့ေကာင္ငယ္ေလး။

အခု‌ဆို ဘယ္ကိုမ်ားေရာက္ေလႏွင့္မလဲ ... ထိုေကာင္ငယ္ေလးက ဆိုးသြမ္းလြန္းတဲ့သူ႔ကို တစ္ေယာက္တည္း ခ်န္ခဲ့တာမဟုတ္လား ... ထိုေကာင္ငယ္‌ေလးက သူ႔ကို မပိုင္ဆိုင္ခ်င္ခဲ့တာေလ ..

ေဆာ့ဂ်င္ ေတာ္ေတာ္ၾကာတဲ့အထိ ေတြးေတာရင္း ဝမ္းနည္းလာမိေတာ့ မ်က္ရည္ေလးေတြ ရစ္ဝဲလာသည္။ ဖုံးလႊမ္းလာတဲ့မ်က္ရည္စေတြကို သူ ထိန္းမႏိုင္၊ သိမ္းမႏိုင္ျဖစ္‌လာေတာ့မွ သူ႔နားဖ်ားေလးမွာ ေႏြးေထြးတဲ့အေငြ႕အသက္ေလးတစ္ခုကို ခံစားလိုက္ရသည္။

" အစ္ကို ဘာလုပ္ေနတာလဲ "

႐ုတ္တရက္မို႔ လန႔္ကာ အေနာက္လွည့္ၾကည့္မိေတာ့ သူ႔နဲ႔နီးကပ္စြာ ရွိေနပါတဲ့ ေကာင္ေခ်ာေလးတစ္ေယာက္ကို ျမင္လိုက္ရသည္။

ဘယ္သူ ... ဘယ္သူပါလိမ့္ ...

ဘယ္သူဆိုတာ ေသခ်ာမမွတ္မိတာမို႔လို႔ ဦးေႏွာက္ကို အလ်င္အျမန္အလုပ္ေပးေနတုန္းမွာပဲ သူ႔ေရွ႕က ေကာင္ေလးဟာ ႏႈတ္ခမ္းပါးေတြ တြန႔္ေကြးတဲ့အထိၿပဳံးလာသည္။ မ်က္ခြံေလးေတြ အိက်ကာ ပါးလ်လ်ႏႈတ္ခမ္းေလးေတြလည္း တင္းရင္းလာေလေတာ့ သူ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။

မထိရက္ခ်င္ေလာက္ေအာင္ ခ်စ္စရာေကာင္းေနတဲ့ ဒီေကာင္ေလးက ဘယ္သူမ်ားလဲ ...

ေတြးေနတုန္းမွာပဲ ထိုေကာင္ေလးက လက္အိတ္ကိုခြၽတ္ကာ အေႏြးဓာတ္ျပည့္ေနတဲ့လက္ႏွစ္ဖက္နဲ႔ အေအးဒဏ္ေၾကာင့္ ရဲတြတ္ေနတဲ့သူ႔ပါးကို အုပ္ကိုင္သည္။ ထိေတြ႕မိလိုက္တဲ့ဒီခဏတာမွာေတာ့ ေႏြးေထြးမႈတစ္ခုက ပါးျပင္ကေန သူ႔ႏွလုံးအိမ္အထိ စိမ့္ဝင္စီးဆင္းသည္။ အဲ့ဒီ့ေတာ့မွ သူ႔အာ႐ုံထဲ ေရးေရးေလးေပၚလာတာက ဒီေကာင္ေလးကို သူ နမ္းေနတဲ့ပုံရိပ္ေတြ ...။

" Gukie!! "

ေသခ်ာမမွတ္မိေပမယ့္ အက်င့္ပါေနတဲ့နာမ္စား‌ေလးကို ေရ႐ြတ္မိေတာ့ ထိုေကာင္ေလးက နီရဲရဲမ်က္ဝန္းေတြ‌နဲ႔ သူ႔ကိုစိုက္ၾကည့္ကာ လက္ႏွစ္ဖက္ကို ဆုပ္ကိုင္သည္။

" အျပင္မွာ အရမ္းေအးေနတာကို ဘာလုပ္ေနတာလဲ ကစားေနတာလား ... "

ႏွင္းလူသား႐ုပ္ထုကိုၾကည့္ကာ ေျပာေလေတာ့ သူေခါင္းခါလိုက္မိသည္။

" ... Gukie!! ငါ .. ငါ ဒါကို လုပ္ခဲ့တယ္ထင္တယ္ "

မပြင့္တပြင့္ေျပာမိေတာ့ ထိုေကာင္ေလးကရယ္သည္။ ထိုေကာင္ေလးရဲ႕အၿပဳံးေတြကို ျမင္တိုင္း သူ႔ရင္ဟာ လႈိက္လႈိက္ခုန္လ်က္ ...။ အျဖစ္အပ်က္တစ္ခုခ်င္းစီ သတိရလာတတ္သည္။

" ဂြၽန္ ေဂ်ာင္ ဂု ..."

တိုးဖြဖြသာ ေရ႐ြတ္ေပမယ့္ သူ႔အေရွ႕ကဂြၽန္ေဂ်ာင္ဂုေလးကေတာ့ သူ႔လက္ေတြကို ဆြဲကိုင္ကာ ဘာတစ္ခြန္းမွ မေျပာဘဲ အိမ္‌ႀကီးဆီ ဦးေဆာင္သြားသည္။ အဲ့ဒီ့ေနာက္ ႏွင္းေတြနဲ႔ စို႐ႊဲေနတဲ့သူ႔အေပၚထပ္ကို ေသခ်ာခြၽတ္ကာ သူ႔ကို ေႏြးေထြးေအာင္ ဆြယ္တာထူထူေလးဝတ္ေစသည္။ ေဂ်ာင္ဂုလုပ္ေပးေနတာကို သူလည္း တစ္ခြန္းတစ္ေလမွ မျငင္းဆန္မိဘဲ စိတ္ရွည္လက္ရွည္နဲ႔ ျပဳစုေပးေနတဲ့ေကာင္ငယ္ေလးကိုသာ ေသခ်ာစိုက္ၾကည့္ေနမိသည္။

တျခားအရာေတြအကုန္လုံးကို ေမ့သြားရင္ေတာင္ အဆင္ေျပေပမယ့္ ဒီေကာင္ေလးကေတာ့ ေမ့ပစ္လိုက္လို႔မရတဲ့တစ္ခုတည္းေသာအရာပင္။

" ဒီနားမွာ ခဏထိုင္ ... ေျခေထာက္ ဒီကိုတင္!! အိုက္ဂူး .... အသက္က ၃၀ေက်ာ္ေနၿပီ ... ႏွင္းေတြဒီေလာက္က်ေနတာကို ကစားေနေသးတယ္ ကြၽန္ေတာ္ အခ်ိန္မီ မေရာက္လာရင္ အဲ့မွာပဲ အိပ္မယ့္ပုံပဲ "

‌စကားလုံးေတြေရ႐ြတ္ရင္း သူ႔ကို မီးလင္းဖိုေရွ႕က ဆိုဖာေပၚထိုင္ေစကာ ေျခေထာက္ကို ေပါင္ေပၚဆြဲယူတင္ပါတဲ့ ဂြၽန္ေဂ်ာင္ဂု။ အဲ့ဒီ့ေနာက္ သူ႔ေျခအိတ္ေတြကို ခြၽတ္ကာ ေရေႏြးအိတ္နဲ႔ ေႏြးေထြးေစဖို႔ကူညီသည္။

" .... ဘာလို႔အခ်ိန္မီေရာက္မလာႏိုင္ရမွာလဲ ... မင္း ငါ့ကို ဒီမွာပဲ ပိတ္ထားၿပီး မင္းက်ေတာ့ ေန႔တိုင္းအျပင္ထြက္ေနတာ ... မင္းမွာ တျခားတစ္ေယာက္ရွိေနလားဆိုတာလည္း ငါမျမင္ႏိုင္ဘူးေလ ... အဲ့ဒီ့ေတာ့ မင္း စိတ္ႀကိဳက္ေပါ့ မဟုတ္ဘူးလား ဂြၽန္ေဂ်ာင္ဂု ..."

သူေျပာမိေတာ့ ေဂ်ာင္ဂုက ရယ္ျပန္သည္။ ဟိုအရင္အေျခအေနနဲ႔ဆိုရင္ သူစြပ္စြဲတိုင္း ေဂ်ာင္ဂုဟာ ေၾကာက္ေၾကာက္လန႔္လန႔္ေလးနဲ႔ ျငင္းရွာမွာျဖစ္ေပမယ့္ အခုကေတာ့မတူ။

" ကင္ေဆာ့ဂ်င္ရယ္!! ခင္ဗ်ားေလးကို အျပင္ေခၚထုတ္သြားရင္ ကြၽန္ေတာ္က သဝန္တိုေနရမွာေပါ့ ... အႏုပညာလႈပ္ရွားမႈမရွိေတာ့တာေတာင္ နာမည္မေသေသးတဲ့ခင္ဗ်ားေလးကို ကြၽန္ေတာ္မ်ိဳး အိမ္ထဲမွာပဲ ဖြက္ထားမွာေပါ့ "

ေျခေထာက္ေတြကို ႏွိပ္နယ္ေပးရင္း ေျပာလာေတာ့ သူမ်က္ေမွာင္ၾကဳတ္လိုက္မိသည္။

" ... ေမ့ပစ္ျပန္ၿပီလား ... ခဏ ေနဦး ... ၿပီးရင္ Documentary Video ျပန္ျပမယ္ .. စာအုပ္ေရာ ... စာအုပ္လဲ ပစ္ထားျပန္ၿပီဟုတ္ "

လူႀကီးေပါက္စလို တတြတ္တြတ္႐ြတ္ေနတဲ့ ေဂ်ာင္ဂုကိုေတာ့ သူ မတုံ႔ျပန္မိလိုက္ေတာ့။ ဒီအတိုင္းသာ ၾကည့္ေနလိုက္ေတာ့သည္။ ေဂ်ာင္ဂုက သူ႔ကို ေျခအိတ္အသစ္လဲေပးကာ သူ႔အေပၚေစာင္ေတြၿခဳံၿပီး နား႐ြက္ႏွစ္ဖက္ကိုပါ winter cap ေလးနဲ႔ အုပ္ထားေပးသည္။ အဲ့ဒီ့ေနာက္ ေဂ်ာင္ဂုဟာ တစ္ခုခုကိုယူၿပီး သူ႔အနားျပန္လာေလေတာ့ သူ ေဂ်ာင္ဂုကိုယ္ေပၚမွာ ဖက္တြယ္မွီထားလိုက္သည္။ အခုေတာ့ သူ႔ပခုံးက်ယ္က်ယ္ေတြဟာ ေဂ်ာင္ဂုရင္ခြင္ထဲ နစ္ဝင္ၿပီး ကေလးေလးလို ကပ္တြယ္ေနမိသည္။

ေဂ်ာင္ဂုကေတာ့ projector ဖြင့္ျပဖို႔ အလုပ္ရႈပ္ေနေသးေပမယ့္ သူ႔ကို မတြန္းထုတ္။ ေကာင္ငယ္ေလးရဲ႕ ရင္ခြင္ထဲမွာ ခိုဝင္ရင္း ပိတ္သားျပင္မွာ ေပၚလာတဲ့ပုံရိပ္ေတြကို ေငးၾကည့္လိုက္သည္။

သူရယ္ ဂြၽန္ေဂ်ာင္ဂုရယ္ .... ၾကည့္ရေတာ့ေတာ္ေတာ္ၾကာၿပီျဖစ္ေနတဲ့ Videoအပိုင္းအစေလးေတြပင္။ စတိတ္စင္ထက္မွာ အားရပါးရ သီဆိုေနတဲ့သူ႔ကို ေဂ်ာင္ဂုက ပရိတ္သတ္အေနနဲ႔ ႐ိုက္ထားေပးတဲ့ပုံရိပ္ေလးေတြျဖစ္သည္။ အမ်ားစုက ကြန္ဒိုထဲမွာ အတူတူရွိေနတဲ့ပုံရိပ္ေတြျဖစ္ၿပီး ေဂ်ာင္ဂုဘက္ကသာ တစ္ဖက္တည္း႐ိုက္ထားေပးတဲ့ပုံစံေတြပင္။ သူ႔ပုံစံကေတာ့ ေဂ်ာင္ဂု video႐ိုက္ေပးတာကို သေဘာမက်ေနတဲ့ပုံျဖစ္သည္။ ဟိုးအရင္ႏွစ္ေတြက ေဂ်ာင္ဂုအေပၚ သူ ဆက္ဆံခဲ့မိတာကို ျပန္သတိရမိေတာ့ ရင္ထဲဆစ္ကနဲ႔။ ထို႔ေၾကာင့္ ေဂ်ာင္ဂုကို ပိုတိုးၿပီးဖက္တြယ္ရင္း ေမာ့ၾကည့္လိုက္မိသည္။ ေဂ်ာင္ဂုကေတာ့ ပိတ္သားျပင္ထက္က ပုံရိပ္ေတြကို တေမ့တေမာၾကည့္သည္။ သူလည္း ေဂ်ာင္ဂုကို အၾကည့္ျပန္လႊဲရင္း ပိတ္သားျပင္ကို ျပန္ၾကည့္လိုက္မိသည္။

" ... ငါေတာ္ေတာ္ဆိုးခဲ့တာပဲေနာ္ Gukie!! ...အဲ့ဒီလိုဆိုးေနတဲ့ငါက အခုဆို မင္းကိုပါ ေမ့ပစ္ေနမိၿပီ ... ငါ မင္းကို မေမ့ခ်င္ဘူး ဂြၽန္ေဂ်ာင္ဂု "

သူေျပာမိေတာ့ ေဂ်ာင္ဂုရဲ႕လက္ေတြက သူ႔ကို ခပ္တင္းတင္းေလး ေပြ႕ဖက္လာသည္။

" ... ေမ့ပစ္လိုက္လည္း အဆင္ေျပပါတယ္ .. ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္က အစ္ကို႔ကို တစ္ခုမက်န္ အကုန္ျပန္ေျပာျပမွာေလ ... အခုလိုေလးေပါ့ ... "

" ... ဘာလို႔ မလႊတ္ခ်ခဲ့တာလဲ ..."

ဒီေမးခြန္းမွာေတာ့ ေဂ်ာင္ဂု ၿငိမ္သက္သြားသည္။ ပိတ္ကားျပင္ေပၚမွာေတာ့ ပဲရစ္ကေန ကိုးရီးယားထိ ဘယ္လိုေရာက္လာတယ္ဆိုတဲ့ သူ႔ပုံရိပ္က ထင္းကနဲ႔။ ေဂ်ာင္ဂုက အဲ့ဒီကတည္းက သူ႔ကိုျပန္ျပဖို႔ documentary video ေလးေတြ ႐ိုက္ထားျဖစ္သည္။

" ... ဟင္ !! ဘာလို႔ မလႊတ္ခ်ခဲ့တာလဲ Gukie-ya ငါ မင္းကို ေမ့သြားတဲ့အခ်ိန္တိုင္း မင္းလည္း နာက်င္ေနရတာပဲ မဟုတ္ဘူးလား ..."

သူ ထပ္ေမးမိေတာ့ ေဂ်ာင္ဂုဆီက သက္ျပင္းယဲ့ယဲ့ေလးခ်လိုက္တာကို သူ သတိထားလိုက္မိသည္။

" ... ဘာျဖစ္လို႔လဲ ဆိုေတာ့ ..."

" ..... "

" ... ခ်စ္လို႔ ... ကြၽန္ေတာ္ အစ္ကို႔ကို သိပ္ခ်စ္လြန္းလို႔ ... အစ္ကိုနဲ႔ပတ္သက္ရင္ ကြၽန္ေတာ့္ခံစားခ်က္ေတြက အၿမဲတမ္း သစ္လြင္ေနတုန္းပဲ ... အစ္ကိုကလည္း ကြၽန္ေတာ့္ကို ခ်စ္တယ္ဆိုတာ ကြၽန္ေတာ္သိတယ္ေလ "

ဒီစကားမွာေတာ့ ေဆာ့ဂ်င္ ဝမ္းနည္းသြားမိသည္။ ဘာျဖစ္လို႔မ်ား ဒီေကာင္ေလးအေပၚ အနာတရေတြျဖစ္ေအာင္ အမ်ားႀကီးဆိုးသြမ္းမိခဲ့တာပါလိမ့္။

" ... ဒါေပမဲ့ ... ဒါေပမဲ့ ... ၾကာလာရင္ ငါက မင္းကို ေမ့ေတာ့မွာေလ Gukie-ya!! "

" ေမ့သြားရင္ေတာင္ အစ္ကိုက ကြၽန္ေတာ့္ကို ခ်စ္ေနတုန္းပဲဆိုတာ ကြၽန္ေတာ္သိတယ္ေလ ... ၿပီးေတာ့ ကြၽန္ေတာ္ ဒီေလာက္ျပဳစုေပးေနတာ အစ္ကို မေမ့ႏိုင္ပါဘူး .. ဒီေရာဂါက စိတ္ရွည္ရွည္နဲ႔ေသခ်ာဂ႐ုစိုက္ေပးႏိုင္ဖို႔ပဲလိုတာ ... အစ္ကိုက ကြၽန္ေတာ္နဲ႔ မေနခ်င္ေတာ့လို႔လားဟင္ "

ေမးလာတဲ့ေမးခြန္းအေပၚ သူေခါင္းခါရင္း ေဂ်ာင္ဂုရင္ခြင္ကေန ႐ုန္းထြက္ကာ ေဂ်ာင္ဂုကို ငုံ႔မိုးလိုက္မိသည္။ ႐ုတ္တရက္ဆန္တဲ့သူ႔အျပဳအမူေၾကာင့္ ေဂ်ာင္ဂုက လန႔္သြားေပမယ့္ သူ႔မ်က္ဝန္းေတြကို ၾကည္ၾကည္ႏူးႏူးစိုက္ၾကည့္ကာ ႏွာေခါင္းလုံးလုံးေလး တြန႔္သြားတဲ့အထိ ၿပဳံးျပန္သည္။

" ခ်စ္ဖို႔ေကာင္းလိုက္တာ အစ္ကိုရာ ... "

သူ႔ပုံစံကိုၾကည့္ကာ အားမလိုအားမရေရ႐ြတ္လာေတာ့ သူ ေဂ်ာင္ဂုရဲ႕ပါးလ်လ်ႏႈတ္ခမ္းအစုံကို ခဏတာ ဖိကပ္လိုက္မိသည္။

" ခ်စ္တယ္ ေဂ်ာင္ဂု "

သူ႔စကားေၾကာင့္ ေဂ်ာင္ဂုမ်က္ခုံးေလးတြန႔္ေကြးသြားေပမယ့္ မလုံေလာက္ေသးတဲ့ပုံစံမ်ိဳးနဲ႔ မ်က္ႏွာက ခပ္မဲ့မဲ့ျဖစ္လာသည္။

" ဒါပဲလား ... ကြၽန္ေတာ္ အစ္ကို႔အတြက္ အမ်ားႀကီးပင္ပန္းထားတာေနာ္ ... ဒီေလာက္ေလးက မလုံေလာက္ေသးဘူး "

ေဂ်ာင္ဂု စကားေၾကာင့္‌ သူရယ္လိုက္ရင္း ေဂ်ာင္ဂု ႏႈတ္ခမ္းေလးကို လက္ညႇိဳးေလးနဲ႔ ဖြဖြေလးထိၿပီး သူ ထပ္ေရ႐ြတ္လိုက္မိသည္။

" ခ်စ္တယ္ ~~ Gukie-ya!! မင္းကို ငါတစ္ေယာက္တည္းပဲ ဖြက္ထားခ်င္ရေလာက္တဲ့အထိ ခ်စ္တယ္ ... ခ်စ္တယ္ ... ခ်စ္တယ္ ... "

စကားလုံးေတြကို သူဆက္တိုက္ေရ႐ြတ္ကာ ၿပဳံးေပ်ာ္ေနတဲ့ ေဂ်ာင္ဂုႏႈတ္ခမ္းေလးေတြထက္ သူ႔ႏႈတ္ခမ္းေလးကို ဖိကပ္နမ္းလိုက္မိသည္။ ေပ်ာ္ဝင္သြားမိတဲ့တစ္ခဏမွာ သူ႔ႏွလုံးသားေလးဟာ တဒိတ္ဒိတ္နဲ႔ ေႏြးေထြးလႈိက္ဖိုလာေတာ့သည္။ အႀကိမ္အႀကိမ္အခါခါ အနမ္းေပးခဲ့ဖူးေပမယ့္လည္း ဒီတစ္ႀကိမ္ေတာ့ သူ႔အတြက္ ဆန္းသစ္လြန္းေနသည္။ ဂြၽန္ေဂ်ာင္ဂုဆိုတဲ့ အမည္နာမကို သူေမ့သြားခဲ့ရင္ေတာင္ ဒီႏွလုံးသားေလးကေတာ့ ဒီႏႈတ္ခမ္းအစုံကို အၿမဲခံစားမိေနေတာ့မွာ ျဖစ္သည္။

ဒီဇင္ဘာရဲ႕ ေအးခဲေနတဲ့ညေလးအလြန္မွာ မီးလင္းဖိုေရွ႕က လူသားႏွစ္ေယာက္ကေတာ့ တစ္ေယာက္ကို တစ္ေယာက္ ေႏြးေႏြးေထြးေထြး ေပြ႕ဖက္ရင္း အခ်စ္ကို လွပစြာ ေဖာ္ၾကဴးခဲ့ၾကပါသည္။ အဲ့ဒီ့အခ်ိန္မွာ ပိတ္ကားစာမ်က္ႏွာထက္ ပ်ံ႕လြင့္ေနတဲ့ သီခ်င္းေလးကေတာ့ Hold Me Tight ~~~။

« ...♪ … ကိုယ့္ကို ဖမ္းဆုပ္ထားေပးပါ … ♪ … ကိုယ့္ကို ယုံၾကည္ေပးႏိုင္မလား … ♪ … ကိုယ့္ကို ဖက္တြယ္ထားေပးပါ ...♪ ... ေက်းဇူးျပဳၿပီး ကိုယ့္ရဲ႕ငိုေႂကြးေနတဲ့ႏွလုံးသားတစ္စုံအတြက္ မင္းရဲ႕ႏွလုံးသားတံခါးကိုဖြင့္ေပးပါကြာ ... ဘာမွလဲ မေျပာနဲ႔ ...ဘယ္မွလဲ မထြက္သြားလိုက္နဲ႔ ... ဒီအတိုင္း တိတ္တိတ္ေလးနဲ႔ ကိုယ့္ကိုဖက္ထားေပးပါ ... »

𖧷𖧷𖧷𖧷𖧷𖧷𖧷


- The End -

ေျပာရမယ္ဆိုရင္ သတိထားမိမယ္ထင္ပါတယ္ တစ္ပုဒ္လုံးက Hold Me Tight သီခ်င္းကို အေျခခံၿပီးေရးထားတာပါ .. BTSသီခ်င္းေတြထဲက ဖတ္ခ်င္တဲ့စတိုရီလိုင္းေတြရွိရင္ recommend ျပန္ေပးခဲ့ၾကပါဦးေနာ္ ..

Continue Reading

You'll Also Like

569K 20.6K 95
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
1.2M 52K 98
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
6K 782 19
"မင်းရဲ့အဖေကငါ့ရဲ့Daddyပဲလေ"
860K 52.9K 117
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...