Unicode
နှောင်းတေးမာန်ဟာ တစ်ယောက်ပြီးတစ်ယောက်ယှဉ်ပြိုင်တာကို ကြည့်နေရင်းနဲ့ သုတမြဲအလှည့်ကိုရောက်လာတော့သည်၊သုတမြဲဟာ အစတည်းက အွန်လိုင်းမှာ သူရဲ့သီဆိုမှုတွေကို တင်လေ့ရှိတာကြောင့် ပရိတ်သတ်အနည်းအများတော့ရှိပြီးသားပင်၊
နောက်ပြီးတော့ သုတမြဲဟာ တကယ်ကိုပင် အဆိုပိုင်းမှာ ကောင်းလှသည်၊သုတမြဲအသံဟာ ပျားရည်လိုချိုကာ ကြားရသူအဖို့နားဝင်ချိုရုံသာမက သုတမြဲရွေးချယ်သည့်သီချင်းဟာလည်း ငြိမ့်ငြိမ့်လေးနဲ့နားထောင်လို့ကောင်းတဲ့အချစ်သီချင်းဖြစ်သည်၊
သုတမြဲဟာ နှောင်းတေးမာန်ကို လှောင်တဲ့အကြည့်တစ်ချက်ကြည့်လိုက်ပြီးနောက်မှာ ချက်ချင်းချစ်ရည်လူးနေတဲ့အကြည့်တွေနဲ့ ရှေးခေတ်လင်္ကါကိုကြည့်ရင်း ဆိုနေတော့သည်၊
သုတမြဲဟာ ဘီတာတစ်ယောက်ပေမယ့် လှပပြီးချစ်စရာလည်းကောင်း ပါရမီလည်းကောင်းတာကြောင့် အွန်လိုင်းမှာနာမည်ရှိတဲ့သူတစ်ယောက်ဖြစ်ရုံသာမက အယ်လ်ဖာတွေကြားမှာလည်း လူသိများသည်၊
ရှေးခေတ်လင်္ကါသူငယ်ချင်းတွေဟာ ရှေးခေတ်လင်္ကါကို အားကျကြောင်း ဘာညာပြောနေချိန်မှာ သူဟာ သုတမြဲကိုဂုဏ်ယူတဲ့အပြုံးနဲ့ကြည့်နေတော့သည်၊ သူဟာ ဘယ်တုန်းကမှ လူရွေးမမှားခဲ့ပေ၊တေးမာန်မိသားစုကို တစ်နေ့တော့ သူဖျက်စီးပစ်ပြမည်၊
သုတမြဲ သီဆိုမှုပြီးချိန်မှာ လက်ခုပ်သံတွေထွက်ပေါ်လာကာ ဒိုင်တွေကလည်း ချီးကျူးကျတော့သည်၊
ထိုနောက်မှာတော့ နှောင်းတေးမာန်ဖျော်ဖြေသီဆိုမည့်အလှည့်ကိုရောက်လာတော့သည်၊လူတိုင်းဟာ စင်ပေါ်တက်လာတဲ့အလှလေးကို ငေးမောမိသွားသည်၊
နှောင်းတေးမာန်ဟာ ရိုးရှင်းတဲ့ရှပ်အင်္ကျီအဖြူရောင်နဲ့ဘောင်းဘီအနက်ကိုသာဝတ်ဆင်ထားပြီး အညိုရောင်ဂစ်တာကို ပိုက်ကာ တက်လာတော့သည်၊ထိုနောက်မှာ ထုံးစံအရ ဒိုင်တွေနဲ့ကြည့်ရှုသူတွေကို အပြုံးချိုချိုလေးနဲ့နူတ်ဆက်လိုက်သည်၊
အရည်အချင်းက အဓိကတဲ့လား၊သင်တို့မှားတယ် သင်သာ အရည်အချင်းရော ရုပ်ရည်ပါချောမောလှပနေရင် သင်ရဲ့အောင်မြင်မှုက ထိုးတက်သွားမှာ၊လူတွေက ရုပ်ဆိုးတဲ့ပါရမီရှင်ထက် ရုပ်ချောတဲ့ပါရမီကို ပိုအားပေးတယ်၊ အဲ့တာက ကမ္ဘာမြေရဲ့လူသားတွေသဘာဝပဲ၊
နှောင်းတေးမာန်ဟာ သစ်သားခုံမှာ ဝင်ထိုင်လိုက်ပြီး ဝန်ထမ်းတွေကို မိုက်ကို နိမ့်ခိုင်းလိုက်သည်၊ထိုနောက်မှာတော့ သူဟာဂစ်တာကို စတီးလိုက်သည်၊
ဂစ်တာသံငြိမ့်ငြိမ့်လေးဟာ နားစင်သူတွေနားထဲရောက်လာတော့သည်၊ထိုနောက်မှာတော့ ချိုသာတဲ့အသံလေးထွက်ပေါ်လာတော့သည်၊နှောင်းတေးမာန်ရဲ့အသံဟာ အနည်းငယ်အက်ရှရှလေးဖြစ်ပေမယ့် ချိုပြီးနားထောင်လိုက်တဲ့သူတိုင်း ထပ်ခါထပ်ခါနားထောင်ချင်တဲ့အသံမျိုးပေမယ့် အရင်နှောင်းတေးမာန်ဟာ ဒေါသကြီးတာကြောင့် အမြဲတစေ အော်ဟစ်ငေါက်နေတာကြောင့် သူရဲ့ပင်ကိုယ်အသံကို ကောင်းစွာအသုံးမချတတ်ခဲ့ပေ၊
လက်ရှိနှောင်းတေးမာန်ဟာ ဂစ်တာတီးရင်းသီချင်းဆိုနေရုံသာမက သူရဲ့အပြုံးချိုချိုလေးတွေကိုပင် ပေးကမ်းဖို့ မမေ့ပေ၊ရှေးရှေးပြောရရင် အပြုံးနဲ့အမှတ်ရအောင်လုပ်စားနေတဲ့ဒီပါခေတ်ပေါ့၊
"ဆိုးလွန်းတဲ့ကိုကို"သီချင်းဟာလည်း မြူးကြွပြီးနားထောင်လို့ကောင်းတဲ့သီချင်းအမျိုးအစားဖြစ်ပြီး ဂစ်တာသံစဥ်နဲ့တီးခတ်ရင်းဆိုပြတဲ့အခါမှာ လူတွေဟာ သီချင်းမှာပျော်ဝင်နေပြီး အနီးရှိသူတို့ချစ်သူတွေနဲ့ပင် ကြည်နူးတာအမှန်ပေ၊ ထိုထဲမှာ နှောင်းတေးမာန်မိဘနှစ်ပါးဟာ ထိပ်ဆုံးကပင်၊
သူတို့သားဟာ သူတို့အမှတ်အရအဖြင့် အမြဲနားစင်တဲ့သီချင်းကို ရွေးချယ်ထားရုံသာမက ကောင်းစွာဆိုပြနိုင်သည်ကိုမြင်တော့ ဂုဏ်မယူနိုင်ဘဲမနေနိုင်တော့ပေ၊ဒါပေမယ့် သုတမြဲကတော့ အခြားသူတွေလို နေမသာနိုင်ပေ၊သူဟာ လက်သီးကိုကျစ်ကျစ်ဆုပ်ထားပြီး ကောင်းစွာသီဆိုနိုင်တဲ့နှောင်းတေးမာန်ကို မုန်းတီးစွာစိုက်ကြည့်နေတော့သည်၊
အနုပညာလမ်းကြောင်းဟာ သူရဲ့အသက်မွေးလမ်းကြောင်းလိုပင်၊နှောင်းတေးမာန်ဟာ နေရာတကာကို သူနဲ့လိုက်ယှဥ်ပြိုင်နေသည်၊သူ့ဘာသာ သူ့မိဘအမွေနဲ့အေးအေးချမ်းချမ်းနေနေလို့မရဘူးလား!
နှောင်းတေးမာန်သီဆိုလို့အပြီးမှာတော့ လက်ခုပ်သံတွေ ကျယ်လောင်စွာထွက်ပေါ်လာတော့သည်၊ဒိုင်တွေဟာလည်း သဘောကျစွာချီးကျူးနေကျတော့သည်၊ထိုနောက်မှာတော့ ဒီနေ့ကြွရောက်လာတဲ့ကြည့်ရှုသူတွေနဲ့ဒိုင်တွေဆီကပေးတဲ့အမှတ်ကို ပြိုင်ပွဲဝင်တွေဟာ စိတ်လှုပ်ရှားစွာစောင့်နေတော့သည်၊
လရိပ်စစ်မာန်နဲ့ပိုးတေးမာန်လွှာဟာ နှောင်းတေးမာန်ကို အလွန်တော်ကြောင်းချီးကျူးနေပြီး သူတို့လေထုက အလွန်နွေးထွေးနေပြီး နှောင်းတေးမာန်ဟာလည်း ရလဒ်ကို စိတ်အေးအေးနဲ့သာစောင့်နေလိုက်သည်၊တကယ်လို့ တစ်စုံတစ်ယောက်ဟာ သူရဲ့အရည်အချင်းကို သံသယဝင်ရင် သူဟာပြန်လည်ဖြေရှင်းနိုင်မည့်နည်းလမ်းတွေအများကြီးရှိပြီးသားပင်၊
ပြီးတော့ နှောင်းတေးမာန်ရဲ့အရေးကြီးတဲ့မှတ်ဥာဏ်တွေကို တစ်ခါတလေလက်ခံရရှိလိုက်သည်မလား၊ဒါကြောင့် အများကြီး မစိုးရိမ်တော့ပေ၊
ထိုချိန်မှာ ရလဒ်ကိုကြေငြာရန်စီစဥ်ရေးမှူးဟာ စင်ပေါ်တက်လာတော့သည်၊သူဟာ စာရွက်အပိုင်းအစကို ကိုင်ထားလိုက်ပြီး စတင်ပြောဆိုတော့သည်၊
"ကဲ အကုန်လုံးစိတ်လှုပ်ရှားနေကျပြီမလား...ချန်ပီယံက တစ်ဦးတည်းရှိရမှာကြောင့် ဆုမရခဲ့ရင်တောင် မင်းတို့တွေ နောက်သုံးနှစ်အကြာကျရင် ပြန်ပြီးတော့ကြိုးစားနိုင်သေးတယ်..."
"ကျွန်တော်က ချန်ပီယံကို ကြေငြာတော့ပါမယ်...သူကတော့..."
သုတမြဲဟာ သူ့ကိုယ်သူသပ်သပ်ရပ်ရပ်ပြင်ဆင်လိုက်ပြီး ခါးမတ်လိုက်သည်၊သူရဲ့အပြာရောင်မျက်ဝန်းများဟာ ယုံကြည်ချက်အပြည့်ရှိပေမယ့် သူရဲ့လက်တွေကတော့ သစ္စာဖောက်စွာတုန်ယင်နေတော့သည်၊ဒါပေမယ့် အနီးနားရှိ ရှေးခေတ်လင်္ကါဟာ သုတမြဲလက်ကို ဖွဖွလေးကိုင်လိုက်ပြီး နှစ်သိမ့်လိုက်သည်၊သူသည်လည်း သုတမြဲရရှိမည်ဟု အလွန်ယုံကြည်လှသည်၊
"နှောင်းတေးမာန်ဖြစ်ပါတယ်!" လက်ခုတ်သံတွေထွက်ပေါ်လာချိန်မှာ နှောင်းတေးမာန်ဟာ စင်ပေါ်ကို အပြုံးချိုချိုလေးနဲ့တက်လာတော့သည်၊ထိုနောက်မှာ အမူအရာပျက်နေတဲ့သုတမြဲကို တစ်ချက်ကြည့်လိုက်ပြီး သူဟာ ဒိုင်တစ်ဦးက ပေးကမ်းလာတဲ့ရွှေရောင်ဆုဖလားကို တစ်ချက်နမ်းပြလိုက်သည်၊
ဒါဟာ အယ်လ်ဖာတွေရဲ့နှလုံးသားကို ပြုစားသွားသလိုပင်၊ဒါပေါ့ နှောင်းတေးမာန်ကို မုန်းတဲ့သူကတော့ နှောင်းတေးမာန်ရဲ့အပြုအမူဟာ သူ့ကိုလှောင်နေသည်ဟု ထင်မြင်သွားစေသည်၊တကယ်လည်း ဒီပါခေတ်ဟာ သုတမြဲကို လှောင်လိုက်ခြင်းဖြစ်သည်၊ဒီဆုကို သုတမြဲ သိပ်လိုချင်နေမှန်းသိတာကြောင့်ဖြစ်သည်၊
'အဟက် နှောင်းတေးမာန်ပိုင်ဆိုင်ချင်တဲ့အရာတွေကို လုယူတုန်းက မင်းပြုံးနေခဲ့တာပဲမလား...မင်းလိုချင်တာတွေကို ငါပြန်ယူပြတဲ့အခါမှာ မငိုနဲ့ ကောင်လေး'
ထိုနောက်မှာတော့ နှောင်းတေးမာန်ဟာ ကျေးဇူးတင်စကား ဘာညာပြောပြီးနောက်မှာ သူ့အစ်ကိုနဲ့အစ်မတို့ကို ခေါ်ကာထွက်သွားတော့သည်၊ ဒီနေ့တော့ ဒီလောက်ပဲေပါ့ ဆက်မကစားသေးပေ၊
"နှောင်းတေးမာန် ဂုဏ်ယူပါတယ်" အနောက်ကနေ သုတမြဲအသံကြောင့် နှောင်းတေးမာန်တို့ခြေလှမ်းရပ်သွားတော့သည်၊လရိပ်စစ်မာန်ဟာ မျက်မှောင်ကြုတ်သွားပေမယ့် သူ့ညီဟာ အောင်နိုင်သူဖြစ်တာကြောင့် သူတို့ဟာ ပြုံးပြုံးလေးနဲ့သာနေနေတော့သည်၊
နှောင်းတေးမာန်ဟာ အနောက်လှည့်ကာကြည့်လိုက်တော့ သုတမြဲဟာ ရှေးလက်ကို ကိုင်ထားရင်း သူ့ကို ပြုံးကာပြောနေသည်ကိုတွေ့လိုက်တော့ မျက်ခုံးတစ်ချက်ပင် ပင့်သွားသည်၊
'ဘာလဲ ဒီကောင်က ငါဒီပါခေတ်ကို ပါဝါပြချင်နေတာလား'
"မလိုပါဘူး" နှောင်းတေးမာန်ဟာ ဆုကို ညင်သာစွာကိုင်လိုက်ပြီး ဆက်ပြောလိုက်သည်၊
"ငါရဲ့အသံလေးနဲ့ငါရဲ့အပြုံးချိုချိုလေးကို လူတိုင်းက သိပ်ကို သဘောကျလိမ့်မယ် မထင်ခဲ့ဘူး...အာ... မင်းက တကယ်တော်ပါတယ်...ဒါပေမယ့် မင်းရုပ်ရည်ကတော့ ငါ့ထက် နည်း နည်း နိမ့် သေး တယ် " နှောင်းတေးမာန်ဟာ နောက်ဆုံးစကားကို ဖြေးဖြေးလေးပြောလိုက်ပြီးနောက်မှာ ကလူတဲ့အပြုံးလေးပြုံးပြလိုက်ပြီးနောက်မှာ ထွက်သွားတော့သည်၊ထိုနောက်မှာ သူဟာ ခြေလှမ်းရပ်သွားတာ နောက်ထပ်စကားတစ်ခွန်းကို ဆက်ပြောလိုက်သည်၊
"မေ့တော့မလို့...မင်းတို့စုံတွဲလည်း အိုအောင်မင်းအောင် ပေါင်းနိုင်ပါစေနော် "
"အဟွန်း" သူ့အစ်ကိုလရိပ်စစ်မာန်ဟာ ရီလိုက်ပြီးနောက်မှာ နှောင်းတေးမာန်ရဲ့ခေါင်းကို ညင်ညင်သာသာလေးဖွလိုက်သည်၊ထိုနောက်မှာ သူတို့ဟာထွက်သွားတော့သည်၊
သုတမြဲဟာ ဖြူဖျော့ကာကျန်ခဲ့ပြီးနောက်မှာ သူဟာ အားနည်းစွာပြုံးလိုက်ပြီး ရှေးခေတ်လင်္ကါကိုပြောလိုက်သည်၊
"ကျွန်တော်က သူ့ကို တကယ်ခင်ချင်ပေမယ့်...သူက ကျွန်တော့်ကို မုန်းနေပုံရတယ်..."
"အဲ့လို မောက်မာတဲ့ကောင်ကို သွားမပတ်သတ်ဖို့ မင်းကို ကိုယ်ပြောသားပဲ..." ရှေးရဲ့အသံဟာ လေသံနည်းနည်းမာသွားတာကြောင့် သုတမြဲဟာ မျက်ရည်များဝဲသွားပြီး
"အဟင့် တောင်း...တောင်းပန်ပါတယ်... ကျွန်တော်ကြောင့် ရှေးတက်လမ်းကို မပိတ်စေချင်လို့..."
"ကိုယ့်ကို ချစ်တယ်ဆိုရင် အဲ့လိုတွေ လုပ်ပေးစရာမလိုဘူး ကြားလား..." ရှေးစကားကြောင့် သုတမြဲဟာ ခေါင်းညိတ်လိုက်သည်၊နှောင်းတေးမာန် ဘယ်လိုပဲချမ်းသာပါစေ၊တော်လာပါစေ ရှေးက သူ့ကိုပဲ ချစ်မည်ဆိုတာကို ယုံကြည်သည်၊ဒါဟာ သူ့ကို ပျော်ရွှင်စေသည်၊
-*-*-*-*-*-*-*-*-
Chapter -9 မျှော်
-*-*-*-*-*
Zawgyi
ႏွောင္းေတးမာန္ဟာ တစ္ေယာက္ၿပီးတစ္ေယာက္ယွဥ္ၿပိဳင္တာကို ၾကည့္ေနရင္းနဲ႕ သုတၿမဲအလွည့္ကိုေရာက္လာေတာ့သည္၊သုတၿမဲဟာ အစတည္းက အြန္လိုင္းမွာ သူရဲ႕သီဆိုမႈေတြကို တင္ေလ့ရွိတာေၾကာင့္ ပရိတ္သတ္အနည္းအမ်ားေတာ့ရွိၿပီးသားပင္၊
ေနာက္ၿပီးေတာ့ သုတၿမဲဟာ တကယ္ကိုပင္ အဆိုပိုင္းမွာ ေကာင္းလွသည္၊သုတၿမဲအသံဟာ ပ်ားရည္လိုခ်ိဳကာ ၾကားရသူအဖို႔နားဝင္ခ်ိဳ႐ုံသာမက သုတၿမဲေ႐ြးခ်ယ္သည့္သီခ်င္းဟာလည္း ၿငိမ့္ၿငိမ့္ေလးနဲ႕နားေထာင္လို႔ေကာင္းတဲ့အခ်စ္သီခ်င္းျဖစ္သည္၊
သုတၿမဲဟာ ႏွောင္းေတးမာန္ကို ေလွာင္တဲ့အၾကည့္တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္မွာ ခ်က္ခ်င္းခ်စ္ရည္လူးေနတဲ့အၾကည့္ေတြနဲ႕ ေရွးေခတ္လကၤါကိုၾကည့္ရင္း ဆိုေနေတာ့သည္၊
သုတၿမဲဟာ ဘီတာတစ္ေယာက္ေပမယ့္ လွပၿပီးခ်စ္စရာလည္းေကာင္း ပါရမီလည္းေကာင္းတာေၾကာင့္ အြန္လိုင္းမွာနာမည္ရွိတဲ့သူတစ္ေယာက္ျဖစ္႐ုံသာမက အယ္လ္ဖာေတြၾကားမွာလည္း လူသိမ်ားသည္၊
ေရွးေခတ္လကၤါသူငယ္ခ်င္းေတြဟာ ေရွးေခတ္လကၤါကို အားက်ေၾကာင္း ဘာညာေျပာေနခ်ိန္မွာ သူဟာ သုတၿမဲကိုဂုဏ္ယူတဲ့အၿပဳံးနဲ႕ၾကည့္ေနေတာ့သည္၊ သူဟာ ဘယ္တုန္းကမွ လူေ႐ြးမမွားခဲ့ေပ၊ေတးမာန္မိသားစုကို တစ္ေန႕ေတာ့ သူဖ်က္စီးပစ္ျပမည္၊
သုတၿမဲ သီဆိုမႈၿပီးခ်ိန္မွာ လက္ခုပ္သံေတြထြက္ေပၚလာကာ ဒိုင္ေတြကလည္း ခ်ီးက်ဴးက်ေတာ့သည္၊
ထိုေနာက္မွာေတာ့ ႏွောင္းေတးမာန္ေဖ်ာ္ေျဖသီဆိုမည့္အလွည့္ကိုေရာက္လာေတာ့သည္၊လူတိုင္းဟာ စင္ေပၚတက္လာတဲ့အလွေလးကို ေငးေမာမိသြားသည္၊
ႏွောင္းေတးမာန္ဟာ ရိုးရွင္းတဲ့ရွပ္အကၤ်ီအျဖဴေရာင္နဲ႕ေဘာင္းဘီအနက္ကိုသာဝတ္ဆင္ထားၿပီး အညိုေရာင္ဂစ္တာကို ပိုက္ကာ တက္လာေတာ့သည္၊ထိုေနာက္မွာ ထုံးစံအရ ဒိုင္ေတြနဲ႕ၾကည့္ရႈသူေတြကို အၿပဳံးခ်ိဳခ်ိဳေလးနဲ႕ႏူတ္ဆက္လိုက္သည္၊
အရည္အခ်င္းက အဓိကတဲ့လား၊သင္တို႔မွားတယ္ သင္သာ အရည္အခ်င္းေရာ ႐ုပ္ရည္ပါေခ်ာေမာလွပေနရင္ သင္ရဲ႕ေအာင္ျမင္မႈက ထိုးတက္သြားမွာ၊လူေတြက ႐ုပ္ဆိုးတဲ့ပါရမီရွင္ထက္ ႐ုပ္ေခ်ာတဲ့ပါရမီကို ပိုအားေပးတယ္၊ အဲ့တာက ကမၻာေျမရဲ႕လူသားေတြသဘာဝပဲ၊
ႏွောင္းေတးမာန္ဟာ သစ္သားခုံမွာ ဝင္ထိုင္လိုက္ၿပီး ဝန္ထမ္းေတြကို မိုက္ကို နိမ့္ခိုင္းလိုက္သည္၊ထိုေနာက္မွာေတာ့ သူဟာဂစ္တာကို စတီးလိုက္သည္၊
ဂစ္တာသံၿငိမ့္ၿငိမ့္ေလးဟာ နားစင္သူေတြနားထဲေရာက္လာေတာ့သည္၊ထိုေနာက္မွာေတာ့ ခ်ိဳသာတဲ့အသံေလးထြက္ေပၚလာေတာ့သည္၊ႏွောင္းေတးမာန္ရဲ႕အသံဟာ အနည္းငယ္အက္ရွရွေလးျဖစ္ေပမယ့္ ခ်ိဳၿပီးနားေထာင္လိုက္တဲ့သူတိုင္း ထပ္ခါထပ္ခါနားေထာင္ခ်င္တဲ့အသံမ်ိဳးေပမယ့္ အရင္ႏွောင္းေတးမာန္ဟာ ေဒါသႀကီးတာေၾကာင့္ အၿမဲတေစ ေအာ္ဟစ္ေငါက္ေနတာေၾကာင့္ သူရဲ႕ပင္ကိုယ္အသံကို ေကာင္းစြာအသုံးမခ်တတ္ခဲ့ေပ၊
လက္ရွိႏွောင္းေတးမာန္ဟာ ဂစ္တာတီးရင္းသီခ်င္းဆိုေန႐ုံသာမက သူရဲ႕အၿပဳံးခ်ိဳခ်ိဳေလးေတြကိုပင္ ေပးကမ္းဖို႔ မေမ့ေပ၊ေရွးေရွးေျပာရရင္ အၿပဳံးနဲ႕အမွတ္ရေအာင္လုပ္စားေနတဲ့ဒီပါေခတ္ေပါ့၊
"ဆိုးလြန္းတဲ့ကိုကို"သီခ်င္းဟာလည္း ျမဴးႂကြၿပီးနားေထာင္လို႔ေကာင္းတဲ့သီခ်င္းအမ်ိဳးအစားျဖစ္ၿပီး ဂစ္တာသံစဥ္နဲ႕တီးခတ္ရင္းဆိုျပတဲ့အခါမွာ လူေတြဟာ သီခ်င္းမွာေပ်ာ္ဝင္ေနၿပီး အနီးရွိသူတို႔ခ်စ္သူေတြနဲ႕ပင္ ၾကည္ႏူးတာအမွန္ေပ၊ ထိုထဲမွာ ႏွောင္းေတးမာန္မိဘႏွစ္ပါးဟာ ထိပ္ဆုံးကပင္၊
သူတို႔သားဟာ သူတို႔အမွတ္အရအျဖင့္ အၿမဲနားစင္တဲ့သီခ်င္းကို ေ႐ြးခ်ယ္ထား႐ုံသာမက ေကာင္းစြာဆိုျပနိုင္သည္ကိုျမင္ေတာ့ ဂုဏ္မယူနိုင္ဘဲမေနနိုင္ေတာ့ေပ၊ဒါေပမယ့္ သုတၿမဲကေတာ့ အျခားသူေတြလို ေနမသာနိုင္ေပ၊သူဟာ လက္သီးကိုက်စ္က်စ္ဆုပ္ထားၿပီး ေကာင္းစြာသီဆိုနိုင္တဲ့ႏွောင္းေတးမာန္ကို မုန္းတီးစြာစိုက္ၾကည့္ေနေတာ့သည္၊
အႏုပညာလမ္းေၾကာင္းဟာ သူရဲ႕အသက္ေမြးလမ္းေၾကာင္းလိုပင္၊ႏွောင္းေတးမာန္ဟာ ေနရာတကာကို သူနဲ႕လိုက္ယွဥ္ၿပိဳင္ေနသည္၊သူ႕ဘာသာ သူ႕မိဘအေမြနဲ႕ေအးေအးခ်မ္းခ်မ္းေနေနလို႔မရဘူးလား!
ႏွောင္းေတးမာန္သီဆိုလို႔အၿပီးမွာေတာ့ လက္ခုပ္သံေတြ က်ယ္ေလာင္စြာထြက္ေပၚလာေတာ့သည္၊ဒိုင္ေတြဟာလည္း သေဘာက်စြာခ်ီးက်ဴးေနက်ေတာ့သည္၊ထိုေနာက္မွာေတာ့ ဒီေန႕ႂကြေရာက္လာတဲ့ၾကည့္ရႈသူေတြနဲ႕ဒိုင္ေတြဆီကေပးတဲ့အမွတ္ကို ၿပိဳင္ပြဲဝင္ေတြဟာ စိတ္လႈပ္ရွားစြာေစာင့္ေနေတာ့သည္၊
လရိပ္စစ္မာန္နဲ႕ပိုးေတးမာန္လႊာဟာ ႏွောင္းေတးမာန္ကို အလြန္ေတာ္ေၾကာင္းခ်ီးက်ဴးေနၿပီး သူတို႔ေလထုက အလြန္ႏြေးေထြးေနၿပီး ႏွောင္းေတးမာန္ဟာလည္း ရလဒ္ကို စိတ္ေအးေအးနဲ႕သာေစာင့္ေနလိုက္သည္၊တကယ္လို႔ တစ္စုံတစ္ေယာက္ဟာ သူရဲ႕အရည္အခ်င္းကို သံသယဝင္ရင္ သူဟာျပန္လည္ေျဖရွင္းနိုင္မည့္နည္းလမ္းေတြအမ်ားႀကီးရွိၿပီးသားပင္၊
ၿပီးေတာ့ ႏွောင္းေတးမာန္ရဲ႕အေရးႀကီးတဲ့မွတ္ဥာဏ္ေတြကို တစ္ခါတေလလက္ခံရရွိလိုက္သည္မလား၊ဒါေၾကာင့္ အမ်ားႀကီး မစိုးရိမ္ေတာ့ေပ၊
ထိုခ်ိန္မွာ ရလဒ္ကိုေၾကျငာရန္စီစဥ္ေရးမႉးဟာ စင္ေပၚတက္လာေတာ့သည္၊သူဟာ စာ႐ြက္အပိုင္းအစကို ကိုင္ထားလိုက္ၿပီး စတင္ေျပာဆိုေတာ့သည္၊
"ကဲ အကုန္လုံးစိတ္လႈပ္ရွားေနက်ၿပီမလား...ခ်န္ပီယံက တစ္ဦးတည္းရွိရမွာေၾကာင့္ ဆုမရခဲ့ရင္ေတာင္ မင္းတို႔ေတြ ေနာက္သုံးႏွစ္အၾကာက်ရင္ ျပန္ၿပီးေတာ့ႀကိဳးစားနိုင္ေသးတယ္..."
"ကြၽန္ေတာ္က ခ်န္ပီယံကို ေၾကျငာေတာ့ပါမယ္...သူကေတာ့..."
သုတၿမဲဟာ သူ႕ကိုယ္သူသပ္သပ္ရပ္ရပ္ျပင္ဆင္လိုက္ၿပီး ခါးမတ္လိုက္သည္၊သူရဲ႕အျပာေရာင္မ်က္ဝန္းမ်ားဟာ ယုံၾကည္ခ်က္အျပည့္ရွိေပမယ့္ သူရဲ႕လက္ေတြကေတာ့ သစၥာေဖာက္စြာတုန္ယင္ေနေတာ့သည္၊ဒါေပမယ့္ အနီးနားရွိ ေရွးေခတ္လကၤါဟာ သုတၿမဲလက္ကို ဖြဖြေလးကိုင္လိုက္ၿပီး ႏွစ္သိမ့္လိုက္သည္၊သူသည္လည္း သုတၿမဲရရွိမည္ဟု အလြန္ယုံၾကည္လွသည္၊
"ႏွောင္းေတးမာန္ျဖစ္ပါတယ္!" လက္ခုတ္သံေတြထြက္ေပၚလာခ်ိန္မွာ ႏွောင္းေတးမာန္ဟာ စင္ေပၚကို အၿပဳံးခ်ိဳခ်ိဳေလးနဲ႕တက္လာေတာ့သည္၊ထိုေနာက္မွာ အမူအရာပ်က္ေနတဲ့သုတၿမဲကို တစ္ခ်က္ၾကည့္လိုက္ၿပီး သူဟာ ဒိုင္တစ္ဦးက ေပးကမ္းလာတဲ့ေ႐ႊေရာင္ဆုဖလားကို တစ္ခ်က္နမ္းျပလိုက္သည္၊
ဒါဟာ အယ္လ္ဖာေတြရဲ႕ႏွလုံးသားကို ျပဳစားသြားသလိုပင္၊ဒါေပါ့ ႏွောင္းေတးမာန္ကို မုန္းတဲ့သူကေတာ့ ႏွောင္းေတးမာန္ရဲ႕အျပဳအမူဟာ သူ႕ကိုေလွာင္ေနသည္ဟု ထင္ျမင္သြားေစသည္၊တကယ္လည္း ဒီပါေခတ္ဟာ သုတၿမဲကို ေလွာင္လိုက္ျခင္းျဖစ္သည္၊ဒီဆုကို သုတၿမဲ သိပ္လိုခ်င္ေနမွန္းသိတာေၾကာင့္ျဖစ္သည္၊
'အဟက္ ႏွောင္းေတးမာန္ပိုင္ဆိုင္ခ်င္တဲ့အရာေတြကို လုယူတုန္းက မင္းၿပဳံးေနခဲ့တာပဲမလား...မင္းလိုခ်င္တာေတြကို ငါျပန္ယူျပတဲ့အခါမွာ မငိုနဲ႕ ေကာင္ေလး'
ထိုေနာက္မွာေတာ့ ႏွောင္းေတးမာန္ဟာ ေက်းဇူးတင္စကား ဘာညာေျပာၿပီးေနာက္မွာ သူ႕အစ္ကိုနဲ႕အစ္မတို႔ကို ေခၚကာထြက္သြားေတာ့သည္၊ ဒီေန႕ေတာ့ ဒီေလာက္ပဲေပါ့ ဆက္မကစားေသးေပ၊
"ႏွောင္းေတးမာန္ ဂုဏ္ယူပါတယ္" အေနာက္ကေန သုတၿမဲအသံေၾကာင့္ ႏွောင္းေတးမာန္တို႔ေျခလွမ္းရပ္သြားေတာ့သည္၊လရိပ္စစ္မာန္ဟာ မ်က္ေမွာင္ၾကဳတ္သြားေပမယ့္ သူ႕ညီဟာ ေအာင္နိုင္သူျဖစ္တာေၾကာင့္ သူတို႔ဟာ ၿပဳံးၿပဳံးေလးနဲ႕သာေနေနေတာ့သည္၊
ႏွောင္းေတးမာန္ဟာ အေနာက္လွည့္ကာၾကည့္လိုက္ေတာ့ သုတၿမဲဟာ ေရွးလက္ကို ကိုင္ထားရင္း သူ႕ကို ၿပဳံးကာေျပာေနသည္ကိုေတြ႕လိုက္ေတာ့ မ်က္ခုံးတစ္ခ်က္ပင္ ပင့္သြားသည္၊
'ဘာလဲ ဒီေကာင္က ငါဒီပါေခတ္ကို ပါဝါျပခ်င္ေနတာလား'
"မလိုပါဘူး" ႏွောင္းေတးမာန္ဟာ ဆုကို ညင္သာစြာကိုင္လိုက္ၿပီး ဆက္ေျပာလိုက္သည္၊
"ငါရဲ႕အသံေလးနဲ႕ငါရဲ႕အၿပဳံးခ်ိဳခ်ိဳေလးကို လူတိုင္းက သိပ္ကို သေဘာက်လိမ့္မယ္ မထင္ခဲ့ဘူး...အာ... မင္းက တကယ္ေတာ္ပါတယ္...ဒါေပမယ့္ မင္း႐ုပ္ရည္ကေတာ့ ငါ့ထက္ နည္း နည္း နိမ့္ ေသး တယ္ " ႏွောင္းေတးမာန္ဟာ ေနာက္ဆုံးစကားကို ေျဖးေျဖးေလးေျပာလိုက္ၿပီးေနာက္မွာ ကလူတဲ့အၿပဳံးေလးၿပဳံးျပလိုက္ၿပီးေနာက္မွာ ထြက္သြားေတာ့သည္၊ထိုေနာက္မွာ သူဟာ ေျခလွမ္းရပ္သြားတာ ေနာက္ထပ္စကားတစ္ခြန္းကို ဆက္ေျပာလိုက္သည္၊
"ေမ့ေတာ့မလို႔...မင္းတို႔စုံတြဲလည္း အိုေအာင္မင္းေအာင္ ေပါင္းနိုင္ပါေစေနာ္ "
"အဟြန္း" သူ႕အစ္ကိုလရိပ္စစ္မာန္ဟာ ရီလိုက္ၿပီးေနာက္မွာ ႏွောင္းေတးမာန္ရဲ႕ေခါင္းကို ညင္ညင္သာသာေလးဖြလိုက္သည္၊ထိုေနာက္မွာ သူတို႔ဟာထြက္သြားေတာ့သည္၊
သုတၿမဲဟာ ျဖဴေဖ်ာ့ကာက်န္ခဲ့ၿပီးေနာက္မွာ သူဟာ အားနည္းစြာၿပဳံးလိုက္ၿပီး ေရွးေခတ္လကၤါကိုေျပာလိုက္သည္၊
"ကြၽန္ေတာ္က သူ႕ကို တကယ္ခင္ခ်င္ေပမယ့္...သူက ကြၽန္ေတာ့္ကို မုန္းေနပုံရတယ္..."
"အဲ့လို ေမာက္မာတဲ့ေကာင္ကို သြားမပတ္သတ္ဖို႔ မင္းကို ကိုယ္ေျပာသားပဲ..." ေရွးရဲ႕အသံဟာ ေလသံနည္းနည္းမာသြားတာေၾကာင့္ သုတၿမဲဟာ မ်က္ရည္မ်ားဝဲသြားၿပီး
"အဟင့္ ေတာင္း...ေတာင္းပန္ပါတယ္... ကြၽန္ေတာ္ေၾကာင့္ ေရွးတက္လမ္းကို မပိတ္ေစခ်င္လို႔..."
"ကိုယ့္ကို ခ်စ္တယ္ဆိုရင္ အဲ့လိုေတြ လုပ္ေပးစရာမလိုဘူး ၾကားလား..." ေရွးစကားေၾကာင့္ သုတၿမဲဟာ ေခါင္းညိတ္လိုက္သည္၊ႏွောင္းေတးမာန္ ဘယ္လိုပဲခ်မ္းသာပါေစ၊ေတာ္လာပါေစ ေရွးက သူ႕ကိုပဲ ခ်စ္မည္ဆိုတာကို ယုံၾကည္သည္၊ဒါဟာ သူ႕ကို ေပ်ာ္႐ႊင္ေစသည္၊
-*-*-*-*-*-*-*-*-
Chapter -9 ေမွ်ာ္