အပိုင်း ၁၇
“ စကားမစပ် ယန်ကျစ်က ဘာလို့ထွက်သွားတာလဲ”
“ ခဏစောင့်ဦး”
သူ၏ ၀မ်းကွဲလျိုစစ်က ကုတ်ကို ၀တ်ပြီး ဆံပင်ကို အမြင့်စည်းသည်။ ယန်ကျစ်က တံခါးကို လက်တဖက်ဖြင့် ဖွင့်ထားပြီး အခြားတဖက်က ထီးကို ဖွင့်လိုက်သား ကိုင်ထားသည်။
“ အေးလိုက်တာ”
လျိုစစ်က ကုတ်ကို ခပ်တင်းတင်း ဆွဲကပ်လိုက်ပြီးနောက် ဆက်ပြောသည်။
“ ကောပြောတဲ့ ကျိုင်ရှင်းချန်ရဲ့ မိဘတွေလည်း ဒီမှာ နေတယ်”
ယန်ကျစ်က ပြောသည်။
“ မနောက်နဲ့”
ယန်ကျစ်:” သွားတော့မယ်”
ယန်ကျစ်က အပြာအနီစံအိမ်သို့ ပြန်လာသောအခါ ဟူရင်းက အအေးဒဏ်ကြောင့် တုန်ရင်နေပြီဖြစ်သည်။
“ ဘာလို့ အခုမှ ပြန်လာတာလဲ”
“ ကိစ္စ တစ်ခု ရှိနေလို့ပါ”
ယန်ကျစ်က ဆက်ပြောသည်။
အပိုင်း ၁၇
ယန်ကျစ်၏နာမည်က ပါလာသည့်အခါ လူတစ်ယောက်က ၀င်မေးသည်။
"စကားမစပ် ယန္က်စ္က ဘာလို့ထွက်သွားတာလဲ"
"သူ အပြင်ထွက်သွားတာ ကြာပြီ"
အပြင်တွင် မိုးအလွန်သည်းနေသည်။ ယန္က်စ္က မွန္တခါးကို တွန်းဖွင့်ပြီးနောက် နောက်လှည့်ကြည့်ကာ ပြောသည်။
""ခဏစောင့်ဦး"
သူ၏ ၀မ်းကွဲလျိုစစ်က ကုတ္ကို ၀တ်ပြီး ဆံပင်ကို အမြင့်စည်းသည်။ ယန္က်စ္က တံခါးကို လက်တဖက်ဖြင့် ဖွင့်ထားပြီး အျခားတဖက္က ထီးကို ဖွင့်လိုက်သား ကိုင်ထားသည်။
သူတို့နှစ်ယောက်က စားသောက်ဆိုင်ထဲက ထွက်လာသောအခါ လျိုစစ်က သူ၏ လက်မောင်းကို လာဖက်သည်။
"အေးလိုက်တာ"
ဖြတ်သွားဖြတ်လာများ၏ မျက်လုံးများက သူတို့ထံတွင်ဖြစ်သည်။
အမျိုးသားက အရပ်ရှည်ကာ ပိန်ပါးပြီး ရှပ်နှင့် ဘောင်းဘီရှည်ကို ၀တ်ထားသလို အဆင့်အတန်းမြင့်ကာ ချောမာသည်။ အမျိုးသမီးက ဒူးအထိရှည်သော စကတ္ကို ၀တ်ထားသည်။ နှစ်ယောက်က အလွန်ကြည့်ကောင်းပြီး လိုက်ဖက်သည်။
လျိုစစ်က ဒုတိယနှစ်တွင် ကျောင်းတွင် မေနေတာ့ဘဲ မြို့ပြရပ်ကွက်တစ်ခုတွင် တစ်ယောက်အိပ် အိပ်ခန်းတစ်ခန်း၊နှစ်ယောက်အိပ် အိပ်ခန်းတစ်ခန်းပါသော အိမ်တွင် ဌားနေသည်။ လမ်းတွင် လမ်းမီးများကလည်း ထိန်လင်းနေသော်လည်း မိုးသည်းနေသောကြောင့် မှောင်မည်းနေသည့်အပြင် လမ်းတွင် ရေလည်း များနေသည်။ ယန္က်စ္က ပြောလို်က်သည်။
"မင်းလို မိန်းကလေး တစ်ယောက်က ဒီနေရာမှာ နေတာ လုံခြုံရဲ့လား"
"ဒီနေရာကို မကောင်းဘူးလို့ မထင်နဲ့၊ လုံခြုံရေးက တကယ ်စိတ်ချရတယ်၊ နေရာတိုင်းမှာ ကင်မရာတွေချည်းပဲ။ နောက်ပြီး ဒီနေရာက ကျောင်းနဲ့လည်း နီးတော့ အတန်းတွေအတွက ်အဆင်ပြေတယ်"
လျိုစစ်က ကုတ္ကို ခပ်တင်းတင်း ဆွဲကပ်လိုက်ပြီးနောက် ဆက်ပြောသည်။
"ကောပြောတဲ့ ကျိုင်ရှင်းချန်ရဲ့ မိဘတွေလည်း ဒီမွာ နေတယ်"
ယန္က်စ္က ချက်ချင်းခေါင်းလှည့်ကာ ကြည့်သည်။ သူ၏ မျက်မှန်တွင် နူးညံ့မှုနှင့် အေးစက်မှု ရောနှောနေသော အကြည့်က ထင်ဟပ်နေသည်။
" ညီမ သူနဲ့ ကျောင်းမှာ တစ်ကြိမ်လား နှစ်ကြိမ်လားပဲ ဆုံဖူးတယ်။ နောက်တစ်ကြိမ်က ညဘက် အိပ်ပြန်လာတော့ ဆုံတာ"
လျိုစစ်က သက်ပြင်းချပြီး ပြောသည်။
" တကယ်တော့ ညီမ သူ့ကို လိုက်ချင်ခဲ့တာ ကံကောင်းစွာနဲ့ မလိုက်ဖြစ်ခဲ့ဘူး"
ယန္က်စ္က ခပ်ဟဟရယ်ပြီး ရှေ့သို့ ကျော်ကြည့်လိုက်သည်။ ဟိုးအေ၀းက မီးတိုင်မှ အလင်းက နှစ်ဘက်လုံးရှိ အဆောက်အဦများထံ ကျဆင်းနေသည်။ မိုးသည်းနေပြီး မည်းမှောင်နေသာ အချိန်တွင် ထိုနေရာက ခြောက်ခြားဖွယ်ဖြစ်နေသည်။
ကျိုင်ရှင်းချန်ရဲ့ မိသားစုက အဆင်ပြေမယ်လို့ သူ အမြဲတမ်း ထင်နေခဲ့တာ ချမ်းသာတဲ့ မိသားစု မဟုတ်ရင်တောင် အလယ်အလတ်အဆင့်လောက်လို့တော့ တွေးမိခဲ့တာ
အကပညာကို လေ့လာတဲ့သူတွေရဲ့ မိသားစု အခြေအနေက မဆိုးရွားတတ်ဘူး
ရုတ်တရက် သူ၏ နှလုံးသားထဲမှ သနားစိတ္က လှိုဏ်တက်လာသည်။ ကျိုင်ရှင်းချန်ကဲ့သို့ နေမင်းလို တောက်ပသော သူဟာ အကောင်းဆုံးများကိုသာ ပိုင်ဆိုင်ရသင့်သည်။
သူက လျိုစစ်၏ အခန်းသို့ လိုက်ပို့ပေးပြီးနောက် လျိုစစ်က ပြောသည်။
"အထဲ၀င်ပြီး ခဏထိုင်ဦးမလား တန်း ပြန်မလား"
"ငါ မြန်မြန်ပြန်သွားရမယ်"
ယန္က်စ္က ပြောသည်။
လျိုစစ်က ခေါင်းညိတ်ပြီး အပြုံးနှင့် ပြောသည်။
"ဒါဆိုလည်း မနက်ဖန်မှ တွေ့မယ်"
"အချိန်ကျလာတဲ့အခါ အရမ်းကြီး စိုးရိမ်စိတ်များမနေနဲ့ သူ့ကို ညီမရဲ့ သာမန်သူငယ်ချင်းလိုပဲ ဆက်ဆံလိုက်ပါ။ နောက်တော့ အတူ ညစာ စားရအောင်လား"
" မနောက်နဲ့"
လျိုစစ်က ရယ်ပြီး ပြောသည်။
" သိပါပြီ၊ သူကလည်း ဖန်းလန်(အျပာအနီ)က ကောလိုဧည့်သည်ပဲ။ သူက ကောရဲ့ ပုံစံကို မကြိုက်လောက်ဘူး။ ကောအနေနဲ့ အချိန်ယူပြီး အကြိမ်ရှစ်ရာလောက် ဖွင့်ပြောမှရမယ်။ ကောကို ဒီလိုမြင်ရတာ ပထမဆုံးတော့ တကယ္ကို ကျင့်သားမရဘူး။ စကားမစပ် ကော ဒါက ကောချစ်မိသွားတဲ့ပုံစံလား"
ယန်ကျစ်: "သွားတော့မယ်"
လျိုစစ်က ရယ်ပြီး ရပ်နေလျက် ထွက်သွားသည့် ယန်ကျစ်၏ နောက်ကျောကို ကြည့်သည်။
ယန္က်စ္က ထီးကို ကိုင်လျက် ပြန်လျှောက်လာသည်။ သူက ကျုံး၀ူ၏ တောင်ဘက်ဂိတ်သို့ ရောက်သောအခါ အေနာက္သိုက လှည့်ပြီး တိုက်ခန်းများဘက်ရှိ လမ်းပေါ်သို့ကြည့်သည်။ လမ်းက တိတ်ဆိတ်နေပြီး အဆုံးအစမဲ့သော အမှောင်ထုကသာ ကြီးစိုးနေသည်။ရင်ထဲ အားလှိုှု်င်းများထလာပြီး သူကသာ ကျိုင်ရှင်းချန်နဲ့ ချစ်သွားကြရင် ဒီလမ်းကဖြတ်ပြီး နေ့တိုင်း အိမ်ပြန်လိုက်ပို့ရမှာပဲ
ဒီလိုအမှောင် ဒီလိုတိတ်ဆိတ်မှုကြားမှာ ပွေ့ဖက်ရင်း နမ်းရှိုက်တဲ့အခြေအနေမျိုးတောင် ဖြစ်သွားနိုင်တယ်
ကျိုင်ရှင်းချန်နှင့် ပက်သတ်ပြီး သူ၏ အေတြးစိတ္ကူးမ်ားက တစ်ခုပြီးတစ်ခု ပေါ်လာသည်။ကျိုင်ရှင်းချန် ဖြစ်နေ၍ ထိုအတွေးနှင့် စိတ္ကူးမ်ားက ပို၍ ချိုမြိန်နေသလို ပို၍လည်း ပူလောင်းပြင်းပြလာစေသည်။ထိုကြောင့် သူ၏ ကိုယ်အောက်ပိုင်းကပင် တုန့်ပြန်လာသည်။မိုးရွာနေသော ညတွင် ယန်ကျစ်၏ မျက်နှာက ပို၍ အေးစက်ကာ ပို၍ ချောမောလာသည်။
ယန္က်စ္က အပြာအနီစံအိမ်သို့ ပြန်လာသောအခါ ဟူရင်းက အအေးဒဏ်ကြောင့် တုန်ရင်နေပြီဖြစ်သည်။
ယန္က်စ္က ကားကို ရပ်ပြီး ပြတင်းပေါက်ကိုဖွင့်ကာ ဟူရင်းကို ကြည့်သည်။ဟူရင်းက အနားသို့ ကပ်လာပြီးပြောသည်။
"ဘာလို့ အခုမွ ပြန်လာတာလဲ"
"ကိစ္စ တစ္ခု ရှိနေလို့ပါ"
ယန္က်စ္က ဆက်ပြောသည်။
"ကျွန်တော ်ကားထားးလိုက်ဦးမယ်"
ဟူရင်းက အေနာက္သို ဆုတ်ပေးသည်။ လေကဖြတ်တိုက်သွားသည့်အခါ တစ်ကိုယ်လုံး တုန်သွားသည်။ မိုးရေထဲတွင် အချိန်အတန်ကြာ နေခဲ့ရသဖြင့် ချမ်းတုန်နေတော့သည်။
ဘာသာပြန်သူမှာ ပြောစရာ ရှိပါတယ်
တစ်ပိုင်းတော့ မပြီးသေးဘူး တ၀က်နဲက ဖြတ်ထားလိုက်မယ်နော် နောက်နေ့တင်ရင် ၁၈က ပြန်စလိုက်မယ်၊နံပါတ်ခွဲလိုက်တော့မလို့