Chapter 586 - ယန်ချီ ရောက်ရှိလာပြီ
လင်းတျန်က ကျုံနန်ကျောင်းရဲ့ ရင်ပြင်ကို ရောက်တဲ့အခါ ရင်ပြင်က ကျောင်းသားတွေကို ကြည့်ပြီး ဖြေးညှင်းစွာ မေးလိုက်တယ်။
“ယန်ချီက ဘယ်မှာလဲ”
ရင်ပြင်ထက်မှာ ရှိနေတဲ့ ကျောင်းသားအားလုံး တွေးနေသလိုပါပဲ။ လင်းတျန်းက ယန်ချီကို တကယ် တိုက်ခိုက်ချင်နေတာပဲ။
ဘေးမှာ ရပ်နေတဲ့ လင်းချန်ကလည်း စိုးရိမ်နေခဲ့တယ်။ သူက ယန်ချီနဲ့ တိုက်ခိုက်ဖူးတာကြောင့် ယန်ချီရဲ့ အစွမ်းကို သိနေခဲ့တယ်။
သူ့ရဲ့အမြင်အရတော့ သူ့အစ်ကိုဖြစ်သူက ယန်ချီရဲ့ အရှေ့မှာတော့ ပုရွတ်ဆိတ်တစ်ကောင်ပဲဆိုတာ သိနေခဲ့တယ်။
ဒါပေမယ့်လည်း သူက ဘာမှ ဝင်မပြောရဲပါဘူး။
ကျောင်းသားတွေကလည်း ဟိုဟိုဒီဒီ လိုက်ကြည့်လိုက်ကြတယ်။
ဒီဆယ်ရက်အတွင်းမှာ သူတို့အားလုံးက ယန်ချီကို ဘယ်နေရာမှာမှ မတွေ့ခဲ့ကြပါဘူး။
“ယန်ချီ ဘယ်ရောက်နေလဲ”
လူတိုင်းက ဘာစကားမှ မပြောတာကို မြင်တော့ လင်းတျန်က ထပ်မေးလိုက်တယ်။
“အစ်ကို လင်းတျန် ကျွန်တော်တို့တွေ ယန်ချီကို မတွေ့တာ ဆယ်ရက်လောက် ရှိပြီး”
ကျောင်းသားတစ်ယောက်က လင်းတျန်ဆီကို လျှောက်လာပြီး လင်းတျန်ကို ပြောလိုက်တယ်။
လင်းတျန်က ဒီစကားကို ကြားတဲ့အခါ သူ့ရဲ့ အကြည့်တွေက အေးစက်သွားခဲ့တယ်။
သူက ဘဝင်မြင့်တဲ့သူတစ်ယောက်ပါ။ သူက နှာခေါင်းရှုံ့ပြီး လှောင်ပြောင်ပြောဆိုလိုက်တယ်။
“ကြည့်ရတာ ယန်ချီက အစွမ်းသိပ်မရှိဘူးနဲ့တူတယ်။ ဒီလိုပဲ ရှောင်ဖယ်နေတာလား”
ကျိုးဇီလည်းပဲ ရင်ပြင်မှာ ရှိနေခဲ့တယ်။
ဘာကြောင့်မှန်းမသိ လင်းတျန်ရဲ့ စကားတွေက သူမကို အလွန် မပျော်မရွှင်ဖြစ်သွားစေခဲ့တယ်။
“လင်းတျန် စီနီယာက ရှောင်ဖယ်စရာ အကြောင်းမရှိဘူး”
ကျိုးဇီက လင်းတျန်ကို ပြောလိုက်တယ်။
လင်းတျန်က အသံ ထွက်ပေါ်ရာကို ကြည့်လိုက်တော့ ကျိုးဇီကို မြင်လိုက်ပြီး သူ့ရဲ့ မျက်နှာထက်မှာ မထီတရီ အမူအယာ ပေါ်လာခဲ့တယ်။
“ကျိုးဇီ မင်းက ဘာကို ပြောချင်တာလဲ။ မင်းက ယန်ချီ ဘယ်မှာလဲ သိလား”
“တကယ်တော့ ငါ သိတယ်။ ဒါပေမယ့် .. . .”
ကျိုးဇီရဲ့ စကားမဆုံးခင်မှာပဲ သူမအနေနဲ့ တစ်ခုခု မှားနေပြီဆိုတာ သိလိုက်တယ်။
“မင်းက ယန်ချီ ဘယ်မှာလဲ သိနေတာဆိုရင် ဘာကို စောင့်နေတာလဲ”
လင်းတျန်က ကျိုးဇီကို အထင်သေးစွာ ကြည့်ပြီးပြောလိုက်တယ်။
ကျိုးဇီလည်း ဘာဆက်ပြောရမှန်း မသိတာကြောင့် လင်းတျန်ကို စိုက်ကြည့်နေခဲ့တယ်။
စက္ကန့်အနည်းငယ်အကြာ စဉ်းစားပြီးနောက် ကျိုးဇီက လင်းတျန်ကို ပြောလိုက်တယ်။
“နင် စောင့်နေ ငါ အခုပဲ စီနီယာကို သွားပြောလိုက်မယ်”
သူမက ပြောပြီးပြီးဖြစ်တာကြောင့် ယန်ချီကို သွားပြောမှ ဖြစ်မယ်လို့ တွေးလိုက်မိတယ်။
အဲ့ဒီနောက်တော့ ကျိုးဇီက တောင်ကြားဆီကို ဦးတည်ထွက်လာခဲ့တယ်။
သိပ်မကြာခင်မှာပဲ ယန်ချီကတောင်ကြားဆီကို ရောက်လာခဲ့တယ်။
“စီနီယာ ”
ကျိုးဇီက ယန်ချီကို ခေါ်လိုက်တယ်။
ယန်ချီလည်း သူမရဲ့ အသံကို ကြားတဲ့အခါ ဓါးဆွဲထုတ်တာကို ရပ်တန့်လိုက်ပြီး ကျိုးဇီကို နားမလည်နိုင်စွာ ကြည့်လိုက်တယ်။
“ဘာများ ကိစ္စရှိလို့လဲ”
“စီနီယာ လင်းတျန်လေ့ကျင့်တာကနေ အပြင် ပြန်ထွက်လာပြီ”
ကျိုးဇီက ယန်ချီကို ပြောပြလိုက်တယ်။
“လင်းတျန်လား”
ခဏလောက် စဉ်းစားပြီးနောက် လင်းတျန်ဆိုတာ ကျုံနန်ကျောင်း ကျောင်းသားအဆင့်မှာ နံပါတ်နှစ် ဖြစ်ကြောင်းကို အမှတ်ရလိုက်တယ်။
“သူက လေ့ကျင့်တာကနေ အပြင်ထွက်လာတာ ငါနဲ့ ဘာပတ်သတ်လို့လဲ”
ယန်ချီက ကျိုးဇီကို နားမလည်နိုင်စွာ မေးလိုက်တယ်။
“လင်းတျန်က ရှင့်ကို စိန်ခေါ်နေတယ်”
ကျိုးဇီက ယန်ချီကို ပြောလိုက်တယ်။
ယန်ချီက ကျိုးဇီရဲ့ စကားကို ကြာြး့ပီးနောက် သူ နားလည်သွားခဲ့တယ်။
“ဒီအတွက်လား .. . ”
ယန်ချီက ပေါ့ပါးစွာ ပြောလိုက်တယ်။
“အဲ့ဒါဆိုရင် သွားရအောင်”
ယန်ချီက ကျိုးဇီကို ပြောလိုက်တယ်။
ကျိုးဇီလည်း မှင်သက်သွားခဲ့တယ်။
“စီနီယာ ရှင် တကယ်ကို သွားမှာလား”
ကျိုးဇီအနေနဲ့ အစောပိုင်းမှာ ယန်ချီတစ်ယောက် ဒေါသထွက်လိမ့်မယ်လို့ တွေးလိုက်မိတယ်။ ဒါပေမယ့် ယန်ချီက ဒေါသထွက်ရမယ့်အစား ပျော်ရွှင်နေလိမ့်မယ်လို့ ဘယ်လိုလုပ်ပြီး ထင်မိမှာလဲ။
ကျိုးဇီတစ်ယောက်သတြိ့ပန်ဝင်လာတဲ့အခါ ယန်ချီက သူမနဲ့ ခြေလှမ်း တဒါဇင်ကျော်လောက် ဝေးကွာနေပါပြီ။
အဲ့ဒီအတွက် သူမလည်း အနောက်ကနေ လျင်မြန်စွာ လိုက်သွားခဲ့တယ်။
ဒီအချိန်မှာတော့ လင်းတျန်က တိုက်ခိုက်ရေးကွင်းထဲမှာ ရပ်နေခဲ့တယ်။
သူရဲ့ အမူအယာက တည်ငြိမ်နေခဲ့ပြီး ယန်ချီ ရောက်လာမှာကို စောင့်ဆိုင်းနေခဲ့တယ်။
တကယ်တော့ တိုက်ခိုက်ရေးကွင်းအောက်ကနေ ကြည့်နေကြတဲ့ ကျောင်းသားတွေ အားလုံးကလည်း ယန်ချီ ရောက်လာပြီး စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ တိုက်ပွဲတစ်ခုကို မြင်ရတော့မယ် ဆိုကာ အလွန်တရာ တွေးတော မျှော်လင့်နေခဲ့ကြတယ်။
သူတို့အနေနဲ့ ယနချီက ရောက်လာမှ မဟုတ်ဘူးလို့ တွေးထားခဲ့ကြတာပါ။
“ယန်ချီ ရောက်လာပြီ”
ရင်ပြင်မှာ ရှိတဲ့ ကျောင်းသားတွေအားလုံးက ယန်ချီ ရောက်မလာတော့ဘူးလို့ တွေးလိုက်တဲ့အချိန်မှာပဲ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သံကို ကြားလိုက်ရတယ်။
သူတို့တွေက ရင်ပြင်ဝင်ပေါက်ကို လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့ ယန်ချီက တကယ်ကို ရောက်လာတာ မြင်လိုက်ရတယ်။
🐼🐼🐼🐼🐼🐼🐼
Chapter 587 - ဒေါသထွက်နေတဲ့ လင်းတျန်
ရင်ပြင်ထက်မှာ ရှိနေတဲ့ ကျောင်းသားတွေအားလုံးရဲ့ မျက်နှာထက်မှာ စိတ်လှုပ်ရှားတဲ့အမူအယာ ပေါ်လာခဲ့တယ်။
သူတို့တွေက ယန်ချီ တကယ်ကို ရောက်လာလိမ့်မယ်လို့ မထင်ထားမိဘူးလေ။
လင်းတျန်လည်း ယန်ချီ ရောက်လာတာကို ကြည့်ပြီး အံ့အားသင့်နေခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ သူက ဒီလို ချောမောခန့်ညားတဲ့ ပြိုင်ဖက်ကင်း လူမျိုးကို တခါမှ မမြင်ဖူးဘူးလေ။
သူလည်း ချောမောခန့်ညားသူ တစ်ယောက်ဆိုပေမယ့်လည်း ယန်ချီနဲ့ ယှဉ်ရင်တော့ နည်းနည်း အောက်ကျနေပါသေးတယ်။
တိုက်ခိုက်ရေးကွင်းအောက်က ကြည့်နေတဲ့ ကျောင်းသားတွေရဲ့ မှင်သက်နေတဲ့ အကြည့်အောက်မှာပဲ ယန်ချီက တည်ငြိမ်စွာနဲ့ တိုက်ခိုက်ရေးကွင်းထဲ ဝင်လာခဲ့တယ်။
ဒီတစ်ကြိမ်မှာတော့ ကျောင်းသားတွေသာမက နည်းပြဆရာတွေကလည်း ဒီတိုက်ပွဲကို စောင့်ကြည့်နေကြတယ်။
ဒီတိုက်ပွဲက အဆင့် တစ်နဲ့ အဆင့်နှစ်တို့ကြားက တိုက်ပွဲတစ်ခုပါ။
ဒါပေမယ့် ကျိုးဇီ၊ လူလင်နာနဲ့ လင်းချန်တို့ကတော့ လင်းတျန်အနေနဲ့ ယန်ချီရဲ့ ပြိုင်ဖက် မဖြစ်နိုင်မှန်း သိကြတယ်။
တိုက်ခိုက်ရေးကွင်းထဲမှာတော့ ယန်ချီနဲ့ လင်းတျန်တို့ နှစ်ယောက်က အသီးသီး မျက်နှာ ချင်းဆိုင် ရပ်နေခဲ့ကြတယ်။
“ယန်ချီ ငါ မင်းကို တကယ်နားမလည်ဘူးဆိုတာ မင်းသိလား”
လင်းတျန်က ယန်ချီကို မကျေမနပ်နဲ့ ကြည့်ပြီး ပြောလိုက်တယ်။
“မင်းဘာ ဘာကို နားမလည်တာလဲ”
ယန်ချီရဲ့ အမူအယာကတော့ တည်ငြိမ်နေခဲ့ပြီးလေသံကလည်း အတက်အကျ မရှိပါဘူး။
“ဟား ဟာ း”
လင်းတျန်က အေးစက်စက်ပြုံးလိုက်ပြီး ဆက်ပြောလိုက်တယ်။ “မင်းက ဘာကြောင့်နံပါတ်တစ်ဖြစ်ပြီး ငါ့က နံပါတ်နှစ် ဖြစ်ရလဲဆိုတာကိုပေါ့”
“အဲ့ဒါကတော့. . . မင်းက ငါ့ထက်ပိုပြီး အစွမ်းမထက်လို့ပဲ” ယန်ချီက စက္ကန့်အနည်းငယ်လောက် စဉ်းစားပြီးနောက် ပြောလိုက်တယ်။
ဒီစကားကို ကြားတော့ လင်းတျန်ရဲ့ အမူအယာ အေးစက်သွားခဲ့တယ်။
“ယန်ချီ မင်းက ငါ့ကို ဒီလို စကားပြောရဲတယ်ပေါ့”
“ဘာကြောင့် မပြောရဲရမှာလဲ။ မင်းက ပုရွတ်ဆိတ်ငယ်လေး တစ်ကောင်မဟုတ်ဘူးလား”
ယန်ချီက လင်းတျန်ကို ပေါ့ပါးစွာကြည့်ပြီး ပြောလိုက်တယ်။
လင်းတျန်က ဒီစကားကို ကြားတဲ့အခါ ဒေါသတွေ အလိမ့်လိမ့် ထွက်လာခဲ့တယ်။
“ယန်ချီ ငါ ဘယ်လောက်အစွမ်းထက်လဲဆိုတာ မင်းသိလား”
“အဆင့် ၅၆ စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့်လေးကို ။ ဘာများ အစွမ်းထက်နိုင်မှာလဲ”
ယန်ချီက ဘာမှ မဟုတ်သလို ပြောလိုက်တယ်။
လင်းတျန်တစ်ယောက် ဒေါသကို ဘယ်လိုမှ ထိန်းမရခဲ့ပါဘူး။
သူ့အနေနဲ့ မွေးကတည်းက ဒီလိုစကားမျိုး ဘယ်သူမှ မပြောရဲခဲ့ဘူးလေ။
သူ့ကို လူတိုင်းက ကောင်းကင်ကတောင် ဂုဏ်ယူရတဲ့ လူငယ်တစ်ယောက်ဆိုပြီး မျက်နှာသာပေးသလို မဟာယန် အင်ပါယာမှာလည်း ဒီအတိုင်း ပြုမူဆက်ဆံခဲ့ကြတယ်။
အခုအချိန်မှာတော့ ယန်ချီရဲ့ အမြင်မှာတော့ သူက ပုရွတ်ဆိတ်လေးတစ်ကောင် အဖြစ် သတ်မှတ်ခံရလိမ့်မယ်လို့ ဘယ်လိုမှ မထင်ခဲ့မိဘူးလေ။
ဒါက ဘဝင်မြင့်တက်တဲ့ လင်းတျန်အတွက် သည်းမခံနိုင်တဲ့ စကားတွေပါ။
“ယန်ချီ ဒါက ဘာလဲ”
လင်းတျန်က ယန်ချီကို အေးစက်စက်မေးလိုက်တယ်။
လင်းတျန်းက လက်ထဲမှာ ဘယ်အချိန်ကမှန်းမသိ ပေါ်လာတဲ့ အနက်ရောင် သုံးခွမှိန်း တစ်ခု ရောက်လာခဲ့တယ်။
အနက်ရောင် သုံးခွမှိန်း ပေါ်မှာတော့ အနက်ရောင် ကွင်းသုံးကွင်းပါရှိနေခဲ့တယ်။
မြေကမ္ဘာအဆင့် အဆင့်မြင့် ဆက်နွယ်မှုလက်နက် သုံးခွနတ်ဆိုး မှိန်းတစ်ချောင်း ပါ။
တိုက်ခိုက်ရေးကွင်းအောက်ကနေ ကြည့်နေတဲ့ ကျောင်းသားတွေက လင်းတျန်းရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ သုံးခွ နတ်ဆိုးမှိန်းကို ကြည့်ပြီး မည်သည့် ထိတ်လန့်တုန်လှုပ်မှုမျိုး မှ ထွက်ပေါ်မလာခဲ့ပါဘူး။
ဘာကြောင့်လဲဆိုတော့ သူတို့အားလုံးက ယန်ချီရဲ့ ဆက်နွယ်မှု လက်နက်က ပိုပြီးအဆင့်မြင့်မှန်း သိထားတဲ့အတွက် ကြောင့်ပါ။
တကယ်တော့ လင်းတျန်လည်း သူ့ရဲ့ ဆက်နွယ်မှုလက်နက်ကို ဆင့်ခေါ်ပြီးနောက်မှာတော့ နောင်တ ရသွားခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ညီဖြစ်သူ လင်းချန်က ယန်ချီရဲ့ ဆက်နွယ်မှု လက်နက်က ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွယ်မှု လက်နက်ဆိုတာ ပြောပြထားခဲ့လို့ပါ။
သူက မြေကမ္ဘာအဆင့် အဆင့်မြင့် ဆက်နွယ်မှုလက်နက် သုံးခွ နတ်ဆိုးမှိန်းကိုသာ ဆင့်ခေါ်ခဲ့တာက သူ့ကိုယ်သူ စော်ကားသလို ဖြစ်နေခဲ့တယ်။
ဒီအတွက် လင်းတျန်တစ်ယောက် မျက်နှာအနည်းငယ် ပျက်သွားခဲ့ရတယ်။
“ယန်ချီ မင်းမှာ ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွယ်မှု လက်နက် ရှိမှန်း ငါသိတယ်။ ဒါပေမယ့် မင်းက ငါ့ပြိုင်ဖက် ဖြစ်မယ်လို့ ငါမထင်ဘူး”
စက္ကန့်အနည်းငယ်ကြာတော့ လင်းတျန်က ယန်ချီကို အေးစက်စက် ပြောလိုက်တယ်။
ယန်ချီလည်း ပေါ့ပါးစွာ ပြုံးပြီး ပြန်ပြောလိုက်တယ်။ “မင်း ထင်ချင်သလို ထင်နိုင်တယ်”
ပြောပြီးနောက် သူက သမ်းဝေကာ လင်းတျန်ကို လက်ညိုးညွှန်လိုက်ပြီး ဖြေးညှင်းစွာ ပြောလိုက်တယ်။
“ဒီကိုလာခဲ့ ငါမင်းကို ရိုက်ပေးမယ်”
လင်းတျန်တစ်ယောက် ဒီစကားကို ကြားတဲ့အခါ ဒေါသတွေ ထိန်းမရအောင် ထွက်သွားပါတော့တယ်။
“လင်းတျန် ငါက မင်းကို ကြည့်ကောင်းလို့ ကြည့်နေတယ် ထင်နေတာလား”
စကားသံ ဆုံးတာနဲ့ လင်းတျန်က မြေကမ္ဘာအဆင့် အဆင့်မြင့် သုံးခွ နတ်ဆိုးမှိန်းကို ကိုင်ပြီး ယန်ချီကို ပြေးဝင်လာခဲ့တယ်။
ဒီအချိန်မှာတော့ လင်းတျန်က ဒေါသအထွက်ဆုံး အချိန် ဖြစ်နေခဲ့တယ်။
🐼🐼🐼🐼🐼🐼🐼🐼🐼
Chapter 588 - ငါက မင်းအနောက်မှာ
ကောင်းကင်ကတောင် ဂုဏ်ယူရတဲ့ လူငယ်တစ်ယောက်ဖြစ်သူ လင်းတျန်အနေနဲ့ ဒီလို စော်ကားမှုမျိုး တခါမှ မခံဖူးပါဘူး။
ယန်ချီလည်း လင်းတျန်က ကောင်းကင်က ဂုဏ်ယူရတဲ့ လူငယ်တစ်ယောက်ဖြစ်မှန်း သိပြီး သူ့အရှေ့က လူငယ်ကို ကြည့်ကာ အနည်းငယ် စိတ်ဝင်စားသွားခဲ့တယ်။
လင်းတျန်က မြေကမ္ဘာအဆင့် အဆင့်မြင့် ဆက်နွယ်မှု လက်နက် သုံးခွ နတ်ဆိုးမှိန်းကို ကိုင်ပြီး ယန်ချီအရှေ့ကို ရောက်လာတော့မှာပါ။
သူက ဒီမြင်ကွင်းကို မြင်ပေမယ့် တည်ငြိမ်စွာနဲ့ လင်းတျန်ကို စူးစိုက်ကြည့်လိုက်တယ်။
လင်းတျန်လည်း ယန်ချီကို ဂရုတစိုက်ကြည့်နေတော့ ယန်ချီရဲ့ အမူအယာကို မြင်တဲ့အခါ ဒေါသ ထွက်သထက် ထွက်လာခဲ့တယ်။
ဒီအချိန်မှာယန်ချီရဲ့ မျက်နှာက ဒီလို အမူအယာမျိုး ဖြစ်နေလဲဆိုတာကို သူ တကယ် နားမလည်ခဲ့ပါဘူး။
သူက သူ့ကိုယ်သူ ပြိုင်ဖက်ကင်းတစ်ယောက်လို့ ထင်နေတာလား။
တိုက်ခိုက်ရေးကွင်းအောက်မှာ ကြည့်နေကြတဲ့ ကျောင်းသားတွေရဲ့ အကြည့်အောက်မှာပဲ လင်းတျန်က ယန်ချီအရှေ့ကို ရောက်လာလာခဲ့တယ်။
လင်းတျန်က မြေကမ္ဘာအဆင့် အဆင့်မြင့် သုံးခွနတ်ဆိုးမှိန်းကို မြှောက်ပြီး ယန်ချီကို တိုက်ခိုက်လိုက်တယ်။
သုံးခွ နတ်ဆိုးမှိန်ရဲ့ အသွားထိပ်မှာတော့ ကြောက်စရာ ကောင်းတဲ့ စိတ်ဝိဉာဉ်စွမ်းအားတွေ စုစည်းနေခဲ့တယ်။
အဲ့ဒီ ကြောက်မက်ဖွယ်ကောင်းတဲ့ စိတ်ဝိဉာဉ်စွမ်းအားတွေက ယန်ချီဆီကို ဦးတည်ပြေးဝင်သွားခဲ့တယ်။
တကယ်တော့ လင်းတျန်လို့ စိတ်ဝိဉာဉ်ပညာရှင်ကို ယန်ချီက ဘာမှ အားစိုက်စရာ မလိုပဲ အနိုင်ယူနိုင်ပါတယ်။
ဒါပေမယ့်လည်း ယန်ချီက လူကြီးလူကောင်းတစ်ဦးပါ။ သူက လင်းတျန်ကို အမှန်တရားတစ်ခုကို နားလည်စေချင်ခဲ့တယ်။
အဲ့ဒီအမှန်တရားကတော့ အမြဲတမ်းအစွမ်းထက်နေသူဆိုတာ မရှိပဲ သူ့ထက်ပိုပြီး အစွမ်းထက်သူ ဒါမှမဟုတ် တောင်တစ်တောင်ထက်ပိုပြီးမြင့်မားတဲ့ တောင်ရှိတယ်ဆိုတာ သိစေချင်ပါတယ်။
အဲ့ဒီလိုမှ မဟုတ်ရင် လင်းတျန်အနေနဲ့ ယန်ချီကို တိုက်ကွက်တောင် ထုတ်ချိန်ရမှာ မဟုတ်ပါဘူး။
မြေကမ္ဘာအဆင့် အဆင့်မြင့် ဆက်နွယ်မှုလက်နက် သုံးခွနတ်ဆိုးမှိန်းရဲ့ ထိပ်ကနေ ထွက်ပေါ်လာတဲ့ အေးစက်စက်အလင်းတွေက ယန်ချီကို ထိမှန်ဖို့ အနည်းငယ်သာ ကွာဝေးပါတော့တယ်။
တိုက်ခိုက်ရေးကွင်းအောက်က လူတိုင်းကတော့ ယန်ချီတစ်ယောက် မရှောင်တိမ်းတာကို မြင်လိုက်ရတယ်။
“ဖြစ်နိုင်တာက .. .” ဘယ်လိုမှ မရှောင်တိမ်းနိုင်တာလား။
ယန်ချီက မရှောင်တိမ်းတာကို မြင်တော့ လင်းတျန်က နှာခေါင်းရှုံ့လိုက်မိတယ်။
ယန်ချီသာ မရှောင်တိမ်းဘူးဆိုရင် ဒီတိုက်ခိုက်မှုအောက်မှာ ထိခိုက်ဒဏ်ရာ ရသွားလိမ့်မယ်လို့ သိလိုက်ပါပြီ။
ဒီအချိန်မှာတော့ ကျုံနန်ကျောင်းက လူတိုင်းရဲ့ အမြင်မှာတော့ လင်းတျန်က နံပါတ်တစ်နေရာကို ပြန်လည် ရရှိတော့မယ်လို့ တွေးလိုက်မိကြတယ်။
ကြောက်မက်ဖွယ်ကောင်းတဲ့ အေးစက်စက်အလင်းက ယန်ချီကို ထိမှန်တော့မယ်အချိန်မှာ ယန်ချီက အဲ့ဒီ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်တာ မြင်လိုက်ရတယ်။
“ဟူး .. .”
ယန်ချီ ရှောင်တိမ်းနိုင်တာကို မြင်တဲ့အခါ တိုက်ခိုက်ရေးကွင်း အောက်က လူတိုင်း အံ့အားသင့်သွားကြတယ်။
သူတို့တွေက ဘယ်လိုပင် တွေးတောစေကာမူ ဒီလိုမြင်ကွင်းမျိုး ဖြစ်လာလိမ့်မယ်လို့ မထင်ထားမိဘူးလေ။
တိုက်ခိုက်ရေးကွင်းထဲမှာ ရှိနေတဲ့ လင်းတျန်လည်း မှင်သက်သွားမိတယ်။
ယန်ချီက သူ့တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်မယ်လို့ ဘယ်လိုလုပ်ပြီး ထင်မိမှာလဲ။
“မင်း . . မင်း ဘယ်လိုလုပ်ပြီး ရှောင်တိမ်းလိုက်တာလဲ”
လင်းတျန်က ယန်ချီကို ထိတ်လန့်စွာ ကြည့်ပြီးမေးလိုက်တယ်။
ဒီမြင်ကွင်းက အလွန် အံ့အားသင့်ဖို့ကောင်းတဲ့ မြင်ကွင်းတစ်ခု ဖြစ်တာကြောင့် သူ့အနေနဲ့ အမှန်မဟုတ်ဘူးလို့ ယုံကြည်နေခဲ့တယ်။
“မင်းရဲ့ တိုက်ခိုက်မှုက နှေးကွေးလွန်းတာကိုး”
ယန်ချီက လင်းတျန်ကို မထူးခြားသလို ကြည့်ပြီး ပြောလိုက်တယ်။
ဒီစကားကို ကြားတော့ လင်းတျန်ရဲ့နဖူးပြင်ကနေ ချွေးတွေ စီးကျလာခဲ့တယ်။
အချိန်အတော်ကြာပြီးနာက်မှာတော့ လင်းတျန်က ယန်ချီကို ပြောလိုက်တယ်။
“မင်း မင်းက အရမ်း မြန်ဆန်တယ်ဆိုတိုင်း ငါ့ကို ရိုက်နှက်နိုင်မယ်လို့ ထင်နေတာလား။ ငါ. . . .”
လင်းတျန်ရဲ့ စကား မဆုံးခင်မှာပဲ တိုက်ခိုက်ရေးကွင်းထဲမှာ မှော်အရိပ်တွေ ပြည့်နှက်သွားခဲ့တယ်။
တိုက်ခိုက်ရေးကွင်းအောက်က လူတိုင်းကတော့ တိုက်ခိုက်ရေးကွင်းထဲက မှော်အရိပ်များစွာကို ကြည့်ပြီး သူတို့တစ်ကိုယ်လုံး တုန်လှုပ်သွားကြတယ်။
ဒီလို မှော်အရိပ်တွေကို မြင်ပြီးနောက် သူတို့အနေနဲ့ ဒီတိုက်ခိုက်မှုကနေ အသက်ရှင်လွှတ်မြောက်မယ့်အခွင့်အရေး မရှိတော့ဘူးလို့ တွေးမိလိုက်ကြတယ်။
“အဲ့ဒါ .. အဲ့ဒါက ကောင်းကင်အဆင့်အဆင့်မြင့် စိတ်ဝိဉာဉ်နည်းစနစ် မိုးကြိုးမှော်အရိပ်ခြေလှမ်းမှတ်လား”
တိုက်ခိုက်ရေးကွင်းအောက်မှာ ရှိနေတဲ့ လူလင်နာတစ်ယောက် မှင်သက်သွားမိတယ်။
ဒီအချိန်မှာတော့ လင်းတျန်တစ်ယောက် ကြောက်လန့်တကြား ဖြစ်နေခဲ့ပြီး ဝိဉာဉ်လွင့်ထွက်မတက် ဖြစ်နေခဲ့တယ်။
“အဲ့ဒါ .. အဲ့ဒါ .. အဲ့ဒါ. . .”
လင်တျန်းတစ်ယောက် အံ့သြတုန်လှုပ်နေခဲ့ပြီး သူ့မျက်လုံးကလည်း ပြူးကျယ်နေခဲ့ကာ မျက်နှာမှာလည်း ကြောက်လန့်တဲ့ အမူအယာ အပြည့်နဲ့ပါ။
သူက ယန်ချီကို ရှာကြည့်လိုက်တယ်။
ဒါပေမယ့် တိုက်ခိုက်ရေးကွင်းထဲမှာ ရှိနေတဲ့ မှော်အရိပ်တွေကြောင့် သူက ဘယ်လိုလုပ်ပြီး ယန်ချီကို ရှာနိုင်မှာလဲ။
“တကယ်တော့ ငါ က မင်းအနောက်မှာ”
ယန်ချီရဲ့ အသံက လင်းတျန်ရဲ့ အနောက်ကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။
🐼🐼🐼🐼🐼🐼🐼🐼
Chapter 589 - သာလွန်ကောင်းကင်အဆင့် စိတ်ဝိဉာဉ်နည်းစနစ်
ယန်ချီရဲ့ အသံကို ကြားတဲ့အခါ လင်းတျန်တစ်ယောက် အံ့အားသင့်သွားခဲ့တယ်။
သူက ထိတ်လန့်တုန်လှုပ်စွာနဲ့ နောက်လှည့်ကြည့်လိုက်တယ်။
အဲ့ဒီအခါမှာတော့ သူ့နောက်မှာ ယန်ချီ ရောက်နေတာကို မြင်လိုက်ရတယ်။
“ယန်ချီ မင်း. .. ”
လင်းတျန်တစ်ယောက် စကားကို ဆုံးအောင် ပြောခွင့် မရှိတော့ပါဘူး။
ဘာကြောင့်လဲဆိုတော့ ဓါးသွားတစ်ထောင်မှော်ဓါးက ဓါးအိမ်ထဲကနေ ထွက်လာလို့ပါ။
အဲ့ဒီအချိန်မှာ လင်းတျန်ရဲ့ မြင်ကွင်းထဲကို အေးစက်စက် အလင်းတစ်ခုကို ကြောက်မက်ဖွယ်ရာ မြင်လိုက်ရတယ်။
ဓါးသွားတစ်ထောင်မှော်ဓါးရဲ့ အဖျားက သူ့လည်ချောင်းမှာ ထောက်ထားခဲ့ပြီး အချိန်မရွေး သူ့အသက်က ဒီလောက ကနေ နှုတ်ဆက် ထွက်သွားတော့မလို ဖြစ်နေခဲ့တယ်။
“ယန်ချီ မင်း. . . မင်း. . . ”
လင်းတျန်တစ်ယောက် အလွန် ထိတ်လန့်နေခဲ့တာကြောင့် စကားကိုတောင် ဆုံးအောင် မပြောနိုင်ခဲ့ပါဘူး။
ယန်ချီကတော့ တည်ငြိမ်စွာနဲ့ လင်းတျန်ကို ပေါ့ပါးစွာ ကြည့်လိုက်တယ်။
“အခု မင်း ငါ့ကို တိုက်ခိုက်ချင်သေးလား”
လင်းတျန်လည်း ဒီအခြေအနေမှာ ဘယ်လိုလုပ်ပြီး လှုပ်လှုပ်ရှားရှာ းလုပ်ရဲမှာလဲ။
“ငါ မင်းကို သတ်ဖို့ ရည်ရွယ်မထားပါဘူး။ မင်းက ငါ ယန်ချီရဲ့ အသတ်ခံရဖို့ မထိုက်တန်ဘူး။ အဲ့ဒီလိုမှ မဟုတ်ရင် မင်း သေတာ ကြာပြီပေါ့”
ယန်ချီက လင်းတျန်ကို ပြောလိုက်တယ်။
ယန်ချီပြောတာတွေက အမှန်ပါ။ ယန်ချီသာ လင်းတျန်ကို သတ်ချင်တယ်ဆိုရင် ဘာမှတောင် လှုပ်ရှားစရာ မလိုပါဘူး။
ယန်ချီက လင်းတျန်ရဲ့ လည်ချောင်းမှာ ထောက်ထားတဲ့ ဓါးသွားတစ်ထောင်မှော်ဓါးကို ပြန်ဆွဲယူပြီး နောက်ကျောမှာ လွယ်ထားတဲ့ ဓါးအိမ်ထဲ ပြန်ထည့်လိုက်တယ်။
အဲ့ဒီနောက်တော့ သူက တိုက်ခိုက်ရေးကွင်းထဲကနေ ပုံမှန်အတိုင်း ပြန်ထွက်ခွာသွားခဲ့တယ်။
စိတ်ဝိဉာဉ်ကုန်းမြေမှာ ဘယ်လောက်ပင် အစွမ်းထက်တဲ့ ပါရမီရှင် ဖြစ်နေပါစေ ယန်ချီအရှေ့မှာတော့ ဘာမှ မဟုတ်ခဲ့ပါဘူး။
တိုက်ခိုက်ရေးကွင်းအောက်ကနေ ကြည့်နေကြတဲ့ လူတိုင်းကတော့ ကျောင်းအုပ်ကြီးအနေနဲ့ ယန်ချီကို ကျုံနန်ကျောင်းဆီ ဘာကြောင့်ခေါ်လာရလဲဆိုတာကို နောက်ဆုံးမှာတော့ နားလည်လိုက်တယ်။
“ဖြစ်နိုင်တာက. . . .”
လူတိုင်းအနေနဲ့ အံ့အားသင့်ဖို့ ကောင်းတဲ့ ဖြစ်နိုင်တာ တစ်ခုကို တွေးမိလိုက်တယ်။ အဲ့ဒါကတော့ ယန်ချီက စိတ်ဝိဉာဉ်ကုန်းမြေမှာ အစွမ်းအထက်ဆုံးပါရမီရှင်ဆိုတာပါ။
အစွမ်းထက်တဲ့ပါရမီရှင် မဟုတ်ခဲ့ရင် ဘာလို့ ဒီလောက် အစွမ်းထက်နေမှာလဲ။
ယန်ချီက တကယ်ကို အစွမ်းထက်လွန်းပါတယ်။
ယန်ချီလည်း ရင်ပြင်ကနေ ထွက်လာပြီးနောက် တောင်ကြားဆီကို ပြန်လာခဲ့တယ်။
ဒါပေမယ်လည်း မထင်မှတ်စွာနဲ့ ကျောင်းအုပ်ကြီး ဟွမ်ချောင်က သူ့အရှေ့ကို ရောက်လာခဲ့တယ်။
ရင်ပြင်မှာ ရှိနေကြတဲ့ လူတိုင်းကလည်း ကျောင်းအုပ်ကြီး ရောက်လာတာကို မြင်တော့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။
“စီနီယာ လည်း ဒီကို လာတာလား”
ယန်ချီက ကျောင်းအုပ်ကြီး ဟွမ်ချောင်ကို အရိုအသေပေးပြီး နှုတ်ဆက်လိုက်တယ်။
ဟွမ်ချောင်လည်း ခေါင်းညိတ်လိုက်ပြီး ယန်ချီကို မေးလိုက်တယ်။
“ယန်ချီ မင်းက ကျုံနန်ကျောင်းကို လာတာ ဟိုတျန်နတ်ဆိုးတူအတွက်လို့ ပြောခဲ့တယ်နော်။ အဲ့ဒါ တကယ်လား”
“ဟုတ်ကဲ့ တကယ်ပါ”
ယန်ချီလည်း ပြန်ပြောလိုက်တယ်။
ဟွမ်ချောင်လည်း ယန်ချီတစ်ယောက် ဒီလို ပြန်ပြောလိမ့်မယ်လို့ မထင်ထားတဲ့အတွက် အံ့အားသင့်နေခဲ့တယ်။
“ယန်ချီ ဒါပေမယ့် ဟိုတျန်းနတ်ဆိုးတူဆိုတာက ဟိုးအရင်ကတည်းက ဘယ်သူမှ မသိမ်းသွင်းနိုင်တဲ့ စိတ်ဝိဉာဉ်လက်နက်နော်”
“ဟိုတျန်းနတ်ဆိုးတူဆိုတာ ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် တစ်ခုဆိုတာထက် မပိုပါဘူး။ တစ်ယောက်ယောက်ကတော့ သူ့ကို သိမ်းသွင်းနိုင်မှာပါ”
ယန်ချီက ပုံမှန်အတိုင်းပဲ ပြန်ပြောလိုက်တယ်။
ကျောင်းအုပ်ကြီး ဟွမ်ချောင်လည်း ယန်ချီကို ဆုံးဖြတ်ချက်ပြတ်သားတဲ့ လူငယ်တစ်ယောက်လို့ မထင်မိတဲ့အတွက် သက်ပြင်းချမိလိုက်တယ်။
“ရိုးရိုးသားသား ပြောရမယ်ဆိုရင် ငါ မယုံကြည်နိုင်ဘူး”
ကျောင်းအုပ်ကြီး ဟွမ်ချောင်က ယန်ချီကို ပြောလိုက်တယ်။
ယန်ချီက ကျောင်းအုပ်ကြီး ယုံကြည်တာ မယုံကြည်တာက သူနဲ့ မပတ်သတ်ဘူးလို့ တွေးလိုက်မိတယ်။ သူသာ သာလွန်ကောင်းကင်အဆင့် ကျင့်ကြံခြင်းနည်းစနစ် ဓါးအကြိမ်သန်းထောင်ပေါင်းများစွာ ဆွဲထုတ်ခြင်း သတ္တမအဆင့် ကို အောင်မြင်ခဲ့မယ်ဆိုရင် ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် ဟိုတျန်း နတ်ဆိုးတူကို သိမ်းသွင်းနိုင်မယ့် ပစ္စည်းကို ရရှိလိမ့်မယ်ဆိုတာ သိနေခဲ့တယ်။
အဲ့ဒီအချိန်ကျရင် မယုံကြည်ချင်လည်း ယုံကြည်ရတော့မှာပါ။
“ကောင်းပြီးလေ ယန်ချီ မင်းက ဟိုတျန်း နတ်ဆိုးတူကို နှစ်လနဲ့ ဆယ့်ငါးရက်အတွင်းသိမ်းသွင်းနိုင်ခဲ့မယ်ဆိုရင် ငါ မင်းကို အလယ်ပိုင်းဒေသမှာ ကျင်းပမယ့် ပါရမီရှင် နှီးနှောဖလှယ်ပွဲမှာပါဝင်ခွင့်ပေးမယ်”
ကျောင်းအုပ်ကြီး ဟွမ်ချောင်က ယန်ချီကို ပြောလိုက်တယ်။
“အလယ်ပိုင်းဒေသရဲ့ ပါရမီရှင် နှီးနှောဖလှယ်ပွဲလား”
ယန်ချီလည်း မှင်သက်သွားပြီး ပြောလိုက်တယ်။ “ကျောင်းအုပ်ကြီး ကျွန်တော် အလယ်ပိုင်း ဒေသ ပါရမီရှင် နှီးနှောဖလှယ်ပွဲကို စိတ်မဝင်စားဘူး”
ဒီစကားကြောင့် ကျောင်းအုပ်ကြီး ဟွမ်ချောင်လည်း ပြုံးလိုက်ပြီးနောက် ဆက်ပြောလိုက်တယ်။ “အနိုင်ရရှိသူက သာလွန်ကောင်းကင်အဆင့် စိတ်ဝိဉာဉ်နည်းစနစ် တစ်ခု ရရှိမယ်လို့ပြောမယ်ဆိုရင်ရော. . .. ”
🐼🐼🐼🐼🐼🐼🐼
Chapter 590 - အဲ့ဒီ ပါရမီရှင်ရဲ့ စိတ်က သိပ်မှန်ပုံမရဘူး
“သာလွန်ကောင်းကင်အဆင့် စိတ်ဝိဉာဉ်နည်းစနစ်တစ်ခုလား”
ယန်ချီလည်း ဒီအကြောင်းကို တွေးမိပြီး အနည်းငယ် စ်ိတ်ဝင်စားခဲ့တယ်။
“စီနီယာ ပြောတာတွေက အမှန်တွေလား”
ယန်ချီက ကျောင်းအုပ်ကြီး ဟွမ်ချောင်ကို ကြည့်ပြီး မေးလိုက်တယ်။
ဟွမ်ချောင်က ပြုံးလိုက်ပြီး ပြန်ပြောလိုက်တယ်။ “ယန်ချီ ငါလို့ ဂုဏ်သရေ စိတ်ဝိဉာဉ်အင်ပါယာတစ်ယောက်အနေနဲ့ မင်းကို လိမ်မယ်လို့များ ထင်နေတာလား”
“ဒါဆိုလည်း လက်ခံပါတယ်”
ယန်ချီလည်း သဘောတူလိုက်တယ်။
ယန်ချီသဘောတူလိုက်ချင်းချင်းမှာပဲ ကျောင်းအုပ်ကြီး ဟွမ်ချောင်က ရင်ပြင်မှာ ရှိတဲ့ အမြင့်ဆုံး စင်မြင့်ပေါ်သို့ ခုန်တက်သွားလိမ့်မယ်လို့ ယန်ချီ မထင်မိလိုက်ပါဘူး။
“ကျုံနန်ကျောင်းက လူတိုင်း အားထောင်ကြပါ။ ယန်ချီက သိုင်းပညာမျှော်စင်မှာ ရှိတဲ့ ဟိုတျန်းတူကို နှစ်လခွဲအတွင်း အောင်မြင်စွာ သိမ်းသွင်းမယ်. . . ”
ကျောင်းအုပ်ကြီး ဟွမ်ချောင်က သူ့ရဲ့ အသံနဲ့အတူ စိတ်ဝိဉာဉ်စွမ်းတွေ ထုတ်ပြီး ပြောလိုက်တော့ ကျုံနန်ကျောင်းအတွင်း ပျံ့နှံ့သွားခဲ့တယ်။
“ဝိုး. ..”
ကျောင်းအုပ်ကြီး ဟွမ်ချောင်ပြောပြီးပြီးချင်မှာပဲ ကျုံနန်ကျောင်းရင်ပြင်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ရတယ်။
“အဲ့ဒါ . .အဲ့ဒါ. . အဲ့ဒါ .. .ဟာသ မဟုတ်ဘူးမှတ်လား”
“ဒီစကားက ဟာသ ဖြစ်မယ်ထင်တယ်”
“ဘယ်သူက မဖြစ်နိုင်ဘူးပြောလဲ”
ရင်ပြင်မှာ ရှိနေကြတဲ့ ကျောင်းသားတွေ နည်းပြဆရာတွေအားလုံး ခေါင်းခါယမ်းလိုက်ကြတယ်။
သူတို့တွေက ယန်ချီအနေနဲ့ သိုင်းပညာမျှော်စင်မှာ ရှိတဲ့ ဟိုတျန်း နတ်ဆိုးတူကို သိမ်းသွင်းဖို့ဆိုတာက တကယ်ကို စိတ်ကူးယဉ်အိမ်မက်တစ်ခုဆိုတာ သိကြပါတယ်။
သူတို့တွေအနေနဲ့ ကောင်းကင်ကြီးပြိုကျသွားတယ်ဆိုတဲ့ စကားကိုသာ ယုံချင်ယုံမယ်၊ ယန်ချီက သိုင်းပညာမျှော်စင်က ဟိုတျန်းနတ်ဆိုးတူကို သိမ်းသွင်းဖမ်းဆီးဖို့ဆိုတာကိုတော့ မယုံကြည်ကြပါဘူး။
ယန်ချီက ရင်ပြင်မှာ ရှိတဲ့လူတိုင်းရဲ့ အမူအယာကို ကြည့်လိုက်တယ်။ ဒီလူတွေက သူတို့ရဲ့ အကြောင်းပြချက် ကိုယ်စီကြောင့် မယုံကြည်ကြမှန်း သိပါတယ်။
ဒီအတွက် သူက ဒီလူတွေကို စိတ်ပျက်စေဖို့ မဖြစ်ပါဘူး။
ယန်ချီရဲ့ နည်းပြဆရာဖြစ်တဲ့ လူလင်နာက ယန်ချီဆီကို လျင်မြန်စွာ လျှောက်လာပြီး မေးလိုက်တယ်။
“ယန်ချီ ရှင်က ရူးနေတာလား”
“နည်းပြလူ ငါ ရူးနေတယ်လို့ မင်းထင်နေတာလား”
လူလင်နာက ခြေထောင့်ကို ဆောင့်လိုက်ပြီး ယန်ချီကို အဆောတလျင်မေးလိုက်တယ်။
“ယန်ချီ သိုင်းမျှော်စင်က ဘယ်လောက်မြင့်လဲ ရှင်သိလား”
“အထပ် တရာလောက်မဟုတ်ဘူးလား”
“အဲ့ဒါဆိုရင် အစွမ်းထက်တဲ့ စိတ်ဝိဉာဉ်သူတောင်စင်အဆင့် မဟုတ်ပဲ သိုင်းပညာမျှော်စင်အထပ်တရာကို မရောက်နိုင်ဘူး ဆိုတာရော မသိဘူးလား”
ယန်ချီက သူမရဲ့စကားကို ကြားတဲ့အခါ သိုင်းပညာမျှော်စင်က အနည်းငယ် ကြောက်စရာ ကောင်းတယ်လို့ တွေးမိလိုက်တယ်။
“မစိုးရိမ်ပါနဲ့”
ယန်ချီက ပုံမှန်အတိုင်း လူလင်နာကို ပြောလိုက်တယ်။
ပြောပြီးနောက် တောင်ကြားထဲ ပြန်လျှောက်သွားခဲ့တယ်။
လူလင်နာလည်း ယန်ချီရဲ့ နောက်ကျောကို ကြည့်ပြီး တိတ်တဆိတ် သက်ပြင်းချလိုက်တယ်။
ယန်ချီအတွက် ဒီကိစ္စက ခက်ခဲတယ်ဆိုတာ သူမသိပါတယ်။
ပါရမီရှင်တွေက တကယ်ကို ကိုယ်ယုံကြည်ရာ လုပ်တက်ကြတာလား။
ယန်ချီက သိုင်းပညာမျှော်စင်မှာ ရှိတဲ့ ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် ဟိုတျန်းတူကို ဖမ်းဆီးချင်နေခဲ့တယ်။
လူတိုင်းကတော့ ကျုံနန်ကျောင်းကို ပါရမီရှင်တစ်ယောက်တော့ ရောက်လာပြီလို့ သိလိုက်ကြတယ်။
ဒါပေမယ့်လည်း သူတို့အားလုံးက ရောက်လာတဲ့ပါရမီရှင်က စဉ်းစားဉာဏ်မရှိဘူးလို့ပါ သိလိုက်ကြတယ်။
.. . .. . . . .။
တောင်ကြားထဲမှာတော့ ယန်ချီက မအိပ်မစားပဲ ဓါးကို ဆွဲထုတ်နေခဲ့တယ်။
သူက သာလွန်ကောင်းကင်အဆင့် ကျင့်ကြံခြင်းနည်းစနစ် ဓါးအကြိမ်ထောင်ပေါင်းများစွာ ဆွဲထုတ်ခြင်း သတ္တမအဆင့်ကို အောင်မြင့်ဖို့ ကြိုးစားနေခဲ့တယ်။
“အဆ ငါးသန်း တိုးမြင့်မြန်ဆန်ခြင်း”
“အဆ ခြောက်သန်း တိုးမြင့်မြန်ဆန်ခြင်း”
“အဆ ခုနှစ်သန်း တိုးမြင့်မြန်ဆန်ခြင်း”
တောင်ကြားတစ်ခုလုံးမှာတော့ ဓါးဆွဲထုတ်သံတွေနဲ့ ဆူညံနေခဲ့တယ်။
“အဆ ရှစ်သန်း တိုးမြင့်မြန်ဆန်ခြင်း”
“အဆ ကိုးသန်း တိုးမြင့်မြန်ဆန်ခြင်း”
“အဆ ဆယ်သန်း တိုးမြင့်မြန်ဆန်ခြင်း”
အထူးဓါးဆွဲထုတ်ခြင်းနည်းစနစ်က အဆ ဆယ်သန်း တိုးမြင့်မြန်ဆန်ခြင်းကို ရောက်ရှိသွားခဲ့တယ်။
သာလွန်ကျင့်ကြံခြင်းနည်းစနစ် သတ္တမအဆင့် ဓါးအကြိမ် သန်းတရာ ဆွဲထုတ်ခြင်းမှာ အကြိမ် သန်း ၇၀ ကို ရောက်ရှိသွားခဲ့ပါပြီ။
သူ့အနေနဲ့ အချိန် တလ ကုန်သွားခဲ့ပါပြီ။
လက်ရှိမှာတော့ အလယ်ပိုင်းဒေသ ပါရမီရှင် နှီးနှောဖလှယ်ပွဲက ကျင်းပဖို့ အချိန် တစ်လခွဲသာ ကျန်ပါတော့တယ်။
ယန်ချီကတော့ သတ္တမအဆင့်ကို တခါတည်း အောင်မြင်ချင်နေခဲ့တယ်။
ယန်ချီက လူလင်နာတစ်ယောက် တောင်ကြားထဲ ရောက်လာလိမ့်မယ်လို့ မထင်ထားမိပါဘူး။
သူမရဲ့ ဖြူလွှလွှ မျက်နှာထက်မှာ စိုးရိမ်ပူပန်တဲ့ အမူအယာတွေ ရှိနေခဲ့တယ်။
Zawgyi
“ဘာမြား ကိစ်စရှိလို့လဲ”
🐼🐼🐼🐼🐼🐼🐼
🐼🐼🐼🐼🐼🐼🐼🐼🐼
🐼🐼🐼🐼🐼🐼🐼🐼
🐼🐼🐼🐼🐼🐼🐼
ယနျခြီအတှကျ ဒီကိစ်စက ခကျခဲတယျဆိုတာ သူမသိပါတယျ။