နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်း...

By Azure5549

44.1K 4.2K 53

ယန်ချီရောက်ရှိသွားတဲ့ လောကကြီးမှာဆိုရင် နတ်ဆိုးမိစ္ဆာတွေနဲ့ လူသားတွေက နေရာလု တိုက်ခိုက်နေကြပြီး တနေ့မှာတော့ ယ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဥ်းချုပ်
Ch 1 to 5
Ch 6 to 10
Ch 11 to 15
Ch 16 to 20
Ch 21 to 25
Ch 26 to 30
Ch 31 to 35
Ch 36 to 40
Ch 41 to 45
Ch 46 to 50
Ch 51 to 55
Ch 56 to 60
Ch 61 to 65
Ch 66 to 70
Ch 71 to 75
Ch 76 to 80
Ch 81 to 85
Ch 86 to 90
Ch 91 to 95
Ch 96 to 100
Ch 101 to 105
Ch 106 to 110
Ch 111 to 115
Ch 116 to 120
Ch 121 to 125
Ch 126 to 130
Ch 131 to 135
Ch 136 to 140
Ch 141 to 145
Ch 146 to 150
အပိုင်း ၁၅၁ မှ ၁၅၅
အပိုင်း ၁၅၆ မှ ၁၆၀
အပိုင်း ၁၆၁ မှ ၁၆၅
အပိုင်း ၁၆၆ မှ ၁၇၀
အပိုင်း ၁၇၁ မှ ၁၇၅
Ch 176 to 180
Ch 181 to 185
Ch 186 to 190
Ch 191 to 195
Ch 196 to 200
Ch 201 to 205
Ch 206 to 210
Ch 211 to 215
Ch 216 to 220
Ch 221 to 225
Ch 226 to 230
Ch 231 to 235
Ch 231 to 235
Ch 236 to 240
Ch 241 to 245
Ch 246 to 250
Ch 251 to 255
Ch 256 to 260
Ch 261 to 265
Ch 266 to 270
Ch 271 to 275
Ch 276 to 280
Ch 281 to 285
Ch 286 to 290
Ch 291 to 295
Ch 296 to 300
Ch 301 to 305
Ch 306 to 310
Ch 311 to 315
Ch 316 to 320
Ch 321 to 325
Ch 326 to 330
Ch 331 to 335
Ch 336 to 340
Ch 341 to 345
Ch 346 to 350
Ch 351 to 355
Ch 356 to 360
Ch 361 to 365
Ch 366 to 370
Ch 371 to 375
Ch 376 to 380
Ch 381 to 385
Ch 386 to 390
Ch 391 to 395
Ch 396 to 400
Ch 401 to 405
Ch 406 to 410
Ch 411 to 415
Ch 416 to 420
Ch 421 to 425
Ch 426 to 430
Ch 431 to 435
Ch 436 to 440
Ch 441 to 445
Ch 446 to 450
Ch 451 to 455
Ch 456 to 460
Ch 461 to 465
Ch 466 to 470
Ch 471 to 475
Ch 476 to 480
Ch 481 to 485
Ch 486 to 490
Ch 491 to 495
Ch 496 to 500
Ch 501 to 505
Ch 506 to 510
Ch 511 to 515
Ch 516 to 520
Ch 521 to 525
Ch 526 to 530
Ch 531 to 535
Ch 536 to 540
Ch 541 to 545
Ch 546 to 550
Ch 551 to Ch 555
Ch 556 to Ch 560
Ch 561 to Ch 565
Ch 566 to Ch 570
Ch 576 to Ch 580
Ch 581 to 585
Ch 586 to 590
Ch 591 to 595
Ch 596 to 600
Ch 601 to 605
Ch 606 to 610
Ch 611 to 615
Ch 616 to 620
Ch 621 to 625
Ch 626 to 630
Ch 631 to 635
Ch 636 to 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
စာဖတ်သူများကို အနူးအညွတ်တောင်းပန်ခြင်း
756 - 760
761 - 765
766 - 770
771 - 775
776 - 780
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
781 - 785
786 - 790
791 - 795
တစ်ခုပြောချင်လို့ပါရှင့်
hello
hello

Ch 571 to Ch 575

183 15 1
By Azure5549


Chapter 571 - ကျုံနန်ကျောင်းရဲ့ကျောင်းအုပ်ကြီး

"ဂျူနီယာ မင်းက ငါတို့အလယ်ပိုင်းနယ်မြေက မဟုတ်ဘူးမလား"

အဖိုးအိုက ယန်ချီကိုကြည့်ပြီး မေးလိုက်တယ်။

ယန်ချီက ခေါင်းညိတ်လိုက်တယ်။

"ဟုတ်ပါတယ် စီနီယာ။ကျွန်တော်က အရှေ့ပိုင်းနယ်မြေကပါ။ဒီတကြိမ် အလယ်ပိုင်းနယ်မြေကိုလာတာက ကျုံနန်ကျောင်းကို သွားမလို့ပါ။

ယန်ချီက သူ့ရည်ရွယ်ချက်ကို ပြောလိုက်တယ်။

စိတ်၀ိဉာဥ်အင်ပါယာရဲ့အရှေ့မှာ သူ့အနေနဲ့ ဘာမှဖုံးကွယ်ထားစရာမလိုဘူးလေ။

ဘာကြောင့်လဲဆိုတော့ စိတ်၀ိဉာဥ်အင်ပါယာသာ သူ့ကိုသတ်ချင်ရင် ဘာမှတောင် လှုပ်ရှားစရာ မလိုပါဘူး။

"အိုး"

အဖိုးအိုက ဒီစကားကိုကြားတော့ သူ့မျက်နှာထက်မှာ ဘ၀င်ကျတဲ့အမူအယာပေါ်လာခဲ့တယ်။

"ယန်ချီ မင်းက ကျုံနန်ကျောင်းကို သွားမလို့လား"

" ဟုတ်ပါတယ်"

ယန်ချီက ခေါင်းညိတ်ပြလိုက်တယ်။

အဖိုးအိုက ယန်ချီရဲ့အဖြေကိုကြားပြီးနောက် အဖိုးအိုက စက္ကန့်အနည်းငယ်လောက်စဥ်းစားလိုက်ပြီး ယန်ချီကိုမေးလိုက်တယ်။

ဘာပဲဖြစ်ဖြစ် အဖိုးအိုက အလယ်ပိုင်းနယ်မြေအနေနဲ့ အရှေ့ပိုင်းနယ်မြေထက်ပိုပြီးကောင်းတယ်လို့ တွေးနေခဲ့တယ်။အရှေ့ပိုင်းနယ်မြေက ပါရမီရှင် တွေက  အလယ်ပိုင်းနယ်မြေမှာ ပါရမီရှင်ဖြစ်နိုင်ပေမယ့်လည်း အောက်ဆုံးအဆင့်မှာသာ ရှိပါတယ်။

ဒါပေမယ့်လည်း ယန်ချီက ဒီလိုစကားကိုပြောလိမ့်မယ်လို့ အဖိုးအိုအနေနဲ့  မထင်ထားမိဘူးလေ။

ယန်ချီက ခဏလောက်စဥ်းစားလိုက်ပြီး အဖိုးအိုကို ပြောလိုက်တယ်။

"ကျွန်တော့်အနေနဲ့ အလယ်ပိုင်းနယ်မြေမှာ နံပါတ်တစ် ပါရမီရှင် ဖြစ်နိုင်တယ်"

ယန်ချီရဲ့ပြောလိုက်တဲ့လေသံက အလွန်တရာကို တည်ငြိမ်နေခဲ့တယ်။

"ဘာ....ဘာ..."

အဖိုးအိုအနေနဲ့ စိတ်၀ိဉာဥ်အင်ပါယာတစ်ယောက်ဖြစ်ပေမယ့်လည်း ဒီအချိန်မှာတော့ အံ့သြတုန်လှုပ်သွားသလို ခံစားမိလိုက်တယ်။ယန်ချီက သူဘယ်လိုမှ မထင်ထားတဲ့စကားကိုပြောလိမ့်မယ်လို့ မထင်ထားခဲ့လို့ပါ။

"ယန်ချီ မင်းက အနည်းငယ်မောက်မာတယ်လို့ မထင်မိဘူးလား" အဖိုးအိုက ယန်ချီကိုကြည့်ပြီး ဆက်ပြောလိုက်တယ်။ "အလယ်ပိုင်းနယ်မြေမှာ အစွမ်းထက်တဲ့လူတွေ အများကြီးရှိတယ်။ဒီနေရာမှာ များပြားလှတဲ့ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာလေ"

အဖိုးအိုအနေနဲ့ ယန်ချီက အရှေ့ဖက်နယ်မြေ ကောင်းကင်ကြယ်အင်ပါယာမှာ နံပါတ်တစ်ပါရမီရှင်ဖြစ်လောက်တယ်လို့ တွေးနေခဲ့တယ်။

"လူငယ်တွေက တကယ်ကို မြင့်မြင့် တွေးထားကြတာပဲ"

"အင်း..."

ယန်ချီလည်း ဘယ်လိုပြန်ဖြေရမှန်း မသိတော့ပါဘူး။

"ယန်ချီ....မင်း..." အဖိုးအိုက ယန်ချီကိုကြည့်ပြီး တောင်းဆိုလိုက်တယ်။ "ငါ့ကို မင်းရဲ့စွမ်းအား ပြနိုင်မလား"

ယန်ချီက အလယ်ပိုင်းနယ်မြေမှာ နံပါတ်တစ်ပါရမီရှင်ဖြစ်နိုင်တယ်လို့ ပြောပြီးကတည်းက အဖိုးအိုအနေနဲ့ ယန်ချီရဲ့ထူးခြားတဲ့အစွမ်းတွေကို မြင်ချင်နေခဲ့တယ်။

"စီနီယာ.....စီနီယာရဲ့အကြောင်းကို ကျွန်တော် အရင်ဆုံး သိခွင့်ရှိမလား"

"ငါ့ရဲ့အကြောင်းလား"

အဖိုးအိုက ဒီစကားကြောင့် ဆန်းကြယ်သလိုပြုံးလိုက်ပြီးနောက် ပြောလိုက်တယ်။ "ငါ့နာမည်က ဟွမ်ချောင်။ကျုံနန်ကျောင်းရဲ့ကျောင်းအုပ်ကြီးဖြစ်ပြီး အဆင့် ၉၄ စိတ်၀ိဉာဥ်အင်ပါယာအဆင့်ပဲ"

ယန်ချီက အဖိုးအိုရဲ့စကားကိုကြားပြီးနောက် အံ့အားသင့်သွားခဲ့ရတယ်။

ယန်ချီတစ်ယောက် အဖိုးအိုက ကျုံနန်ကျောင်းရဲ့ကျောင်းအုပ်ကြီးဖြစ်လိမ့်မယ်လို့ လုံး၀ကို မထင်ထားမိပါဘူး။

စက္ကန့်အနည်းငယ်ကြာအောင် အံ့အားသင့်နေခဲ့ပြီးနောက် ယန်ချီက သတိပြန်၀င်လာခဲ့ပြီး သူ့လက်က နောက်ကျောမှာလွယ်ထားတဲ့ ဓားလက်ကိုင်ရိုးပေါ်ရောက်သွားခဲ့တယ်။

ယန်ချီရဲ့လှုပ်ရှားမှုကိုမြင်တော့ ဟွမ်ချောင်ရဲ့မျက်နှာထက်မှာ အပြုံးတစ်ခုပေါ်လာခဲ့တယ်။

"၀ှစ်"

အေးစက်စက်အလင်းတစ်ခုက ဟွမ်ချောင်ရဲ့မျက်နှာထက်မှာ ဖျတ်ခနဲ လက်သွားခဲ့တယ်။

ယန်ချီက နောက်ကျောမှာလွယ်ထားတဲ့ ဓားသွားတစ်ထောင်မှော်ဓားကို ဆွဲထုတ်လိုက်တာပါ"

"ကောင်းကင်အဆင့် အဆင့်မြင့်ဆက်နွှယ်မှုလက်နက်ပါလား"

ဟွမ်ချောင်ရဲ့လေသံထဲမှာ အံ့အားသင့်မှုတွေ ပါ၀င်နေခဲ့တယ်။

ယန်ချီက တကယ်ကို ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွှယ်မှုလက်နက်ကို ပိုင်ဆိုင်လိမ့်မယ်လို့ မထင်ထားမိဘူး​လေ။

"ငါက မမျှော်လင့်စွာပဲ အရှေ့ပိုင်းနယ်​မြေက နံပါတ်တစ်ပါရမီရှင်ကို လျှော့တွက်မိပုံပဲ"

အစောပိုင်းမှာတော့ အဖိုးအိုရဲ့အမြင်မှာ အရှေ့ပိုင်းနယ်မြေရဲ့ပါရမီရှင် နဲ့ အလယ်ပိုင်းနယ်မြေရဲ့ပါရမီရှင်က နှိုင်းစရာအကြောင်းမရှိဘူးလို့ မြင်နေခဲ့တယ်။

ဒါပေမယ့် အခုတော့ ကြည့်ရတာ သူ အမြင်မှားယွင်းနေပုံပါပဲ။

"စီနီယာ ကျွန်တော် တစ်ခုခုကို ပြသပေးပါ့မယ်"

နောက်ဆုံးတော့ ယန်ချီက ဓားသွားတစ်ထောင်မှော်ဓားကို နောက်ကျောရှိ ဓားအိမ်ထဲ ပြန်ထည့်လိုက်တယ်။

ယန်ချီတစ်ယောက် ဓားသွားတစ်ထောင်မှော်ဓားကို နောက်ကျောရှိဓားအိမ်ထဲ ပြန်ထည့်လိုက်တာကိုမြင်တော့ ဟွမ်ချောင်အနေနဲ့ ယန်ချီ ဘာလုပ်ချင်တယ်ဆိုတာကို အနည်းငယ် နားမလည်နိုင်ဖြစ်သွားခဲ့ရတယ်။

ဒါပေမယ့်လည်း သူက ဘာမှမပြောဘဲ ယန်ချီရဲ့အစွမ်းပြသမှာကို စောင့်ဆိုင်းနေခဲ့တယ်။

🐼🐼🐼🐼🐼🐼🐼

Chapter 572 - ဟွမ်ချောင်ရဲ့ အံ့အားသင့်မှု

အဲ့ဒီ့နောက်တော့ ယန်ချီက ဓားကိုပြန်ဆွဲထုတ်တာ မြင်လိုက်ရတယ်။

တချိန်ထဲမှာပဲ ယန်ချီက အထူးဓားဆွဲထုတ်ခြင်းနည်းစနစ်ကို အသုံးပြုလိုက်တယ်။

အခုဆိုရင် အထူးဓားဆွဲထုတ်ခြင်းနည်းစနစ်က အဆ ဆယ်သန်း တိုးမြှင့်မြန်ဆန်ခြင်းကို ရောက်ရှိနေပါပြီ။

"အဆ ၅၀၀၀၀၀ တိုးမြှင့်မြန်ဆန်ခြင်း"

"အဆ ၆၀၀၀၀၀ တိုးမြှင့်မြန်ဆန်ခြင်း"

"အဆ ၇၀၀၀၀၀ တိုးမြှင့်မြန်ဆန်ခြင်း"

ယန်ချီက ဓားသွားတစ်ထောင်မှော်ဓားကိုဆွဲထုတ်နေတဲ့ အချိန်ခဏလေးအတွင်းမှာပဲ အဆ ၅၀၀၀၀၀ တိုးမြှင့်မြန်ဆန်ခြင်းကို ရောက်သွားခဲ့တယ်။

ဒါပေမယ့်လည်း ယန်ချီကတော့ အဲ့ဒီ့လောက်နဲ့ မရပ်တန့်သေးဘဲ ဆက်လက်တိုးမြှင့်လိုက်တယ်။

"အဲ့ဒါ....အဲ့ဒါ...အဲ့ဒါ"

ကျုံနန်ကျောင်းရဲ့ကျောင်းအုပ်ကြီးဖြစ်တဲ့ ဟွမ်ချောင်တစ်ယောက် ဒီမြင်ကွင်းကို အံ့သြမှင်သက်စွာနဲ့ ကြည့်နေခဲ့တယ်။

သူက သူ့ရဲ့ဂုဏ်သိက္ခာကိုတောင် မထောက်ထားဘဲ သူ့မျက်လုံးတွေကို လျင်မြန်စွာ ပွတ်သပ်ကြည့်လိုက်တယ်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ဟွမ်ချောင်က အမြင်မမှားကြောင်း သိပြီးနောက် အံ့သြနေခဲ့ရတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူ့အနေနဲ့ စိတ်၀ိဉာဥ်ကုန်းမြေမှာ ဓားကိုဒီလောက်အမြန်ကြီး ဆွဲထုတ်နိုင်လိမ့်မယ်လို့ မထင်ထားမိဘူးလေ။

"ဒီအလျင်နှုန်းက တကယ်ကို ကြောက်စရာကောင်းတာပဲ"

ဟွမ်ချောင်က ကျုံနန်ကျောင်းရဲ့ကျောင်းအုပ်ကြီးဖြစ်ပြီး အဆင့် ၉၄ စိတ်၀ိဉာဥ်အင်ပါယာ အဆင့်ပါ။

ဒါပေမယ့်လည်း ဒီအချိန်မှာတော့ ကြောက်စရာကောင်းလွန်းတယ်လို့သာ ပြောနိုင်ပါတော့တယ်။

ယန်ချီက ဓားဆွဲထုတ်တာကိုရပ်တန့်လိုက်ပြီးနောက် ဓားသွားတစ်ထောင်မှော်ဓားကို နောက်ကျောရှိ ဓားအိမ်ထဲ ပြန်ထည့်လိုက်တယ်။

သူက ဟွမ်ချောင်ကိုလှမ်းကြည့်လိုက်တော့ နေရာမှာတင် တုံဏှိဘာဝေအမူအယာနဲ့ ကျောက်ရုပ်အလားဖြစ်နေတဲ့ ဟွမ်ချောင်ကိုမြင်လိုက်ရတယ်။

"စီနီယာ"

ယန်ချီက ဟွမ်ချောင်ကို ခေါ်လိုက်တယ်။

ဟွမ်ချောင်တစ်ယောက် ယန်ချီရဲ့အသံကိုကြားပြီးနောက် သတိပြန်၀င်လာခဲ့တယ်။

"ယန်ချီ...မင်း..မင်း ဘာကြောင့် ဓားကို ဒီလောက်မြန်မြန်ကြီး ဆွဲထုတ်နိုင်တာလဲ"

စိတ်၀ိဉာဥ်အင်ပါယာအနေနဲ့ အလွန်တရာကို သိချင်စိတ်ဖြစ်နေခဲ့တယ်။

သူ့အနေနဲ့ ယန်ချီက ဓားကို ဘာကြောင့် ဒီလောက်မြန်မြန်ကြီး ဆွဲထုတ်နိုင်တာလဲဆိုတာကို သိချင်နေခဲ့တယ်။

"ဘာကြောင့်လဲဆိုတော့..." ယန်ချီက ခဏလောက် စဥ်းစားလိုက်ပြီးနောက် ပြောလိုက်တယ်။ "ကျွန်တော်က ယန်ချီ ဖြစ်နေလို့လေ"

"ကျွန်တော်က ယန်ချီဖြစ်နေလို့"

ဟွမ်ချောင်တစ်ယောက် ယန်ချီက ဒီစကားကိုပြောလိမ့်မယ်လို့ မထင်ထားမိဘူးလေ။

စိတ်၀ိဉာဥ်အင်ပါယာတစ်ယောက်ရဲ့အရှေ့မှာ ဒီလိုစကားမျိုးကို ပြော၀ံ့တယ်။

ကြည့်ရတာ သေချင်နေတာလား။

ဟွမ်ချောင်က ယန်ချီကိုလေ့လာကြည့်လိုက်တော့ ယန်ချီရဲ့မျက်လုံးထဲက သိပ်သည်းတဲ့ သတ်ဖြတ်ချင်စိတ်ဆန္ဒတွေကို မြင်လိုက်ရတယ်။

ဒီလိုလူငယ်လေးကို အရင်က ကြားဖူးဖို့မပြောနဲ့။မြင်တောင် မမြင်ဖူးပါဘူး။

"ယန်ချီ မင်းက တကယ်ကို ကြောက်စရာကောင်းတာပဲ။တကယ်ကို ကြောက်စရာကောင်းတာပဲ"

ဟွမ်ချောင်က ယန်ချီကိုကြည့်ပြီး ပြောလိုက်တယ်။

သူက ခေါင်းကိုမော့ပြီး ကောင်းကင်ကြီးကို ကြည့်လိုက်တယ်။ယန်ချီသာ ကျုံနန်ကျောင်းကို တက်ရောက်မယ်ဆိုရင် ကျုံနန်ကျောင်းရဲ့စွမ်းအားက ပြောင်းလဲသွားလောက်ပါတယ်။

"ဒါနဲ့ စကားမစပ် ယန်ချီ မင်းရဲ့ကျင့်စဥ်အဆင့်က ဘယ်လောက်လဲ"

ယန်ချီက အလယ်ပိုင်းနယ်မြေကိုရောက်တဲ့အခါ သူ့ရဲ့ကျင့်စဥ်အဆင့်ကို ဖုံးကွယ်ထားခဲ့တယ်။

ဒီအတွက် ဟွမ်ချောင်အနေနဲ့ ယန်ချီရဲ့ကျင့်စဥ်အဆင့်ကို မမြင်နိုင်ပါဘူး။

ဒါပေမယ့်လည်း ဟွမ်ချောင်ရဲ့မှန်းဆချက်အရ ယန်ချီက အဆင့် ၅၀ အထက် အစွမ်းထက်တဲ့ပါရမီရှင်တစ်ယောက် ဖြစ်လိမ့်မယ်လို့ မှန်းထားခဲ့တယ်။

"အဆင့် ၇၁ ပါ"
ယန်ချီက ဖြေးညှင်းစွာ ပြောလိုက်တယ်။

ယန်ချီက ဟွမ်ချောင်အနေနဲ့ သူ့ရဲ့ကျင့်စဥ်အဆင့်ကို အနှေးနဲ့အမြန်သိမှာဖြစ်တာကြောင့် အခုပြောလိုက်တာ အကောင်းဆုံးပါပဲ။

"အဆင့် ၇၁ လား"

ဟွမ်ချောင်တစ်ယောက် ယန်ချီရဲ့စကားကိုကြားလိုက်တော့ စိတ်ထဲတုန်လှုပ်သွားခဲ့ပြီး နောက်ကိုခြေလှမ်းအနည်းငယ် ဆုတ်မိလိုက်တယ်။သူ့အနေနဲ့ ဒီလိုစကားကို တခါမှမကြားဖူးသလို အံ့သြတုန်လှုပ်သွားခဲ့တယ်။

"ယန်ချီ မင်းက ငါ့ကို နောက်နေတာလား"

ဟွမ်ချောင်က ယန်ချီကိုကြည့်ပြီး မေးလိုက်တယ်။ယန်ချီက သူ့ကို ဟာသပြောနေတယ်လို့ တွေးလိုက်မိလို့ပါ။

အကယ်၍ ယန်ချီက ဟာသပြောတာမဟုတ်ဘူးဆိုရင် ယန်ချီက စိတ်၀ိဉာဥ်ကုန်းမြေမှာ အစွမ်းအထက်ဆုံး ပါရမီရှင်တစ်ယောက် ဖြစ်လာလိမ့်မှာပါ။

ယန်ချီက သူ့ရဲ့ကျင့်စဥ်အဆင့်ကို ဖုံးကွယ်မထားတော့ပါဘူး။

သူ့ခန္ဓာကိုယ်ပတ်လည်မှာ စိတ်၀ိဉာဥ်စွမ်းအားတွေ စတင်လွှမ်းခြုံလာခဲ့တယ်။

ဟွမ်ချောင်က ယန်ချီကို အံ့သြမှင်သက်စွာကြည့်ပြီး စိတ်ထဲ ရုတ်တရက် တုန်လှုပ်နေခဲ့တယ်။

"သူက အဆင့် ၇၁ ဆိုတာ တကယ်ပဲလား"

ဟွမ်ချောင်အနေနဲ့ အရင်က တခါမှ မမြင်ဖူးတဲ့မြင်ကွင်းကို မြင်လိုက်ရသလို မှင်သက်နေခဲ့တယ်။

ယန်ချီက ဒီလောက်ကြီး အစွမ်းထက်လိမ့်မယ်လို့ ဘယ်လိုမှမထင်မိပါဘူး။

ယန်ချီကိုကြည့်ရတာ အသက် နှစ်ဆယ်အောက်ပဲ ရှိနေတာလေ။

စိတ်၀ိဉာဥ်ကုန်းမြေမှာ ဒီလိုပါရမီရှင် ရှိနေသေးတာလား။

ဒါက တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းတဲ့ သတင်းပဲ။

ဟွမ်ချောင်ရဲ့နှုတ်ခမ်းတွေ အနည်းငယ် တုန်ယင်သွားခဲ့ရတယ်။ဘာကြောင့်လဲဆိုတော့ ဒါက ကျုံနန်ကျောင်းရဲ့ပြောင်းလဲမှုမဟုတ်ဘဲ အလယ်ပိုင်းနယ်မြေတစ်ခုလုံး ပြောင်းလဲမှုဖြစ်သွားမှာပါ။

🐼🐼🐼🐼🐼🐼🐼

Chapter 573 - ထိတ်လန့်သွားမှာစိုးလို့ပါ။

"ယန်ချီ မင်းက ငါမြင်ဖူးသမျှထဲမှာ ကြောက်စရာ အကောင်းဆုံးပဲ"

ဟွမ်ချောင်က ယန်ချီီကို ပြောလိုက်တယ်။

တချိန်တည်းမှာပဲ သူက အနည်းငယ် ပျော်ရွှင်သွားခဲ့တယ်။ဘာကြောင့်လဲဆိုတော့ ယန်ချီက ကျုံနန်ကျောင်းကိုသွားမယ်ဆိုတာ သိတဲ့အတွက်ပါ။

"အင်း"

ရိုးရိုးသားသားပြောရမယ်ဆိုရင် ယန်ချီက ဘယ်လိုပြန်ဖြေရမှန်း မသိတော့ပါဘူး။

နောက်ဆုံးတော့ သူ့အရှေ့မှာရှိနေတဲ့လူက အစွမ်းထက်စိတ်၀ိဉာဥ်အင်ပါယာတစ်ယောက်လေ။

ဟွမ်ချောင်က စက္ကန့်အနည်းငယ်လောက် စဥ်းစားလိုက်ပြီးနောက် သူတွေးမိတာတွေကို ယန်ချီကို မေးလိုက်တယ်။

"ယန်ချီ မင်းရဲ့စိတ်၀ိဉာဥ်လက်နက်က..."

ယန်ချီရဲ့စိတ်၀ိဉာဥ်လက်နက်တွေက မကောင်းဘူးဆိုရင် သူက အစွမ်းထက်တဲ့ စိတ်၀ိဉာဥ်ပညာရှင်တစ်ယောက်ဖြစ်လာမှာမဟုတ်ဘူးလို့ ဟွမ်ချောင်တစ်ယောက် တွေးမိလိုက်တယ်။

ဥပမာအရ အ၀ါရောင်စိတ်၀ိဉာဥ်လက်နက်ပိုင်ဆိုင်တဲ့ မဟာစိတ်၀ိဉာဥ်သူတော်စင်နဲ့ မြေကမ္ဘာအဆင့် စိတ်၀ိဉာဥ်လက်နက်ပိုင်ဆိုင်တဲ့ မဟာစိတ်၀ိဉာဥ်သူတော်စင်တို့အကြား လုံး၀ကိုနှိုင်းယှဥ်လို့ မရဘူး။

"စီနီယာ ကျွန်တော့်ရဲ့စိတ်၀ိဉာဥ်လက်နက်ကို မြင်ချင်တာလား"

ယန်ချီက ဟွမ်ချောင်ကိုကြည့်ပြီး မေးလိုက်တယ်။

ဟွမ်ချောင်က ယန်ချီရဲ့စိတ်၀ိဉာဥ်လက်နက်ကို မြင်ဖူးချင်တာကြောင့် ခေါင်းညိတ်လိုက်တယ်။

ဒါပေမယ့် ယန်ချီက အနည်းငယ် ရှက်ရွံ့နေခဲ့တယ်။

ဟွမ်ချောင်လည်း အံ့အားသင့်သွားခဲ့တယ်။ "ယန်ချီ မင်းက ငါ့ကို အများကြီးပြသခဲ့ပြီးပြီ။မင်းက ငါ့ကို မယုံကြည်သေးဘူးလား"

"အဲ့ဒီ့အတွက်ကြောင့် မဟုတ်ဘူး"

"ဘာအတွက်ကြောင့်လဲ"

ဟွမ်ချောင်က ဘယ်လိုပင် စဥ်းစားစေကာမူ ယန်ချီပြောချင်တာကို နားမလည်ပါဘူး။

"ဘာကြောင့်လဲဆိုတော့ ကျွန်တော်က စိတ်၀ိဉာဥ်လက်နက်ကိုပြသလိုက်မယ်ဆိုရင် စီနီယာ တုန်လှုပ်သွားမှာစိုးလို့ပါ"

"ဘာ....ဘာ"

ဟွမ်ချောင်တစ်ယောက် ယန်ချီရဲ့စကားကြောင့် အံ့အားသင့်သွားခဲ့တယ်။

ယန်ချီတစ်ယောက် ဒီစကားကိုပြောလိမ့်မယ်လို့ သူက ဘယ်လိုလုပ်ပြီးထင်မိမှာလဲ။

"ယန်ချီ မင်းပြောလိုက်ရင် ငါထပ်ပြီး အံ့အားသင့်သွားမှာလား"

ဟွမ်ချောင်က ယန်ချီလို အဆင့် ၇၁ စိတ်၀ိဉာဥ်သူတော်စင်အဖြစ်သိရှိပြီးနောက်မှာ သူက ပုံမှန်ထက်ပိုပြီး တုန်လှုပ်သွားခဲ့တယ်။ဒီလို အံ့သြတုန်လှုပ်မှုမျိုး အရင်ကမဖြစ်ဖူးပါဘူး။

"ဟုတ်ပါတယ် စီနီယာ"

ယန်ချီက ဟွမ်ချောင်တစ်ယောက် အံ့အားသင့်သွားတာမြင်တော့ ခေါင်းညိတ်ပြီးပြောလိုက်တယ်။

ယန်ချီက သူ့ရဲ့စိတ်၀ိဉာဥ်လက်နက်ကိုပြသတဲ့အခါ သူက ထပ်ပြီး ပုံမှန်ထက်ပိုပြီး အံ့အားသင့်ဦးမှာလား။

"ဟား....ဟား...ဟား"

ဟွမ်ချောင်က အရင်က ဒီလိုဟာသစကားမျိုးကို တခါမှမကြားဖူးသလို ရုတ်တရက် အားပါးတရ ရယ်မောလိုက်တယ်။

"ယန်ချီ ငါက အဆင့် ၉၄ စိတ်၀ိဉာဥ်အင်ပါယာအဆင့်ရှိပြီး ကျုံနန်ကျောင်းရဲ့ကျောင်းအုပ်ကြီး။မင်းရဲ့စိတ်၀ိဉာဥ်ကြောင့် အံ့အားသင့်သွားမယ်လို့ထင်လား"

ဟွမ်ချောင်က မည်သည့်စိတ်၀ိဉာဥ်လက်နက်မျိုးမဆို မြင်ဖူးကြောင်းပြောလိုက်တယ်။ယန်ချီရဲ့ စိတ်၀ိဉာဥ်လက်နက်က တကယ်ကို ကြောက်စရာကောင်းနေမယ်ဆိုလည်း သူ့ကို ပုံမှန်ထက်ပိုပြီး ထိတ်လန့်စေဖို့ မဖြစ်နိုင်ပါဘူး။

ယန်ချီက ဟွမ်ချောင်ရဲ့စကားကြောင့် တိတ်တဆိတ် သက်ပြင်းချမိလိုက်တယ်။

သူကအမှန်အတိုင်းပြောခဲ့ပေမယ့် အခြားသူတွေက ဘာကြောင့်မယုံကြည်တာလဲဆိုတာ နားမလည်ဘူးဖြစ်နေခဲ့တယ်။

"စီနီယာက ဒီလောက်တောင်းဆိုနေမှတော့ ဂျူနီယာကလည်း လေးစားမှာအတွက် ပြသပေးရမှာပေါ့"

စကားသံဆုံးသွားပြီးနောက် ယန်ချီက သူ့ရဲ့စိတ်၀ိဉာဥ်လက်နက်ကို ဆင့်ခေါ်လိုက်တယ်။

ချက်ချင်းပင် ယန်ချီရဲ့ခန္ဓာကိုယ်ပတ်လည်မှာ အစွမ်းထက်စိတ်၀ိဉာဥ်လက်နက် ခုနှစ်ခုပေါ်လာခဲ့တယ်။

တိုက်ပွဲ မီးတောက်ကျား။

တိမ်လွှာနဂါးဓား။

သွေးသံမဏိအရိုးလှံ။

ကျားအာဏာရှင်ဓား။

ငရဲရေနတ်ဆိုးလှံ။

ကောင်းကင်ဘုံနဂါး၀ိဉာဥ်။

"ပင်လယ်ပြင်ကြေးမုံဘုရင်"

"ဟူးး..."

ယန်ချီရဲ့ခန္ဓာကိုယ်ပတ်လည်မှာ ၀န်းရံတဲ့ စိတ်၀ိဉာဥ်လက်နက်တွေကိုမြင်ပြီးနောက် ဟွမ်ချောင်တစ်​ယောက် ပင့်သက်ရှိုက်မိလိုက်တယ်။

သူ့ရဲ့မျက်လုံးတွေက ပြူးကျယ်၀ိုင်းစက်နေခဲ့ပြီး သူ့ပါးစပ်ကလည်း အချိန်အတော်ကြာတဲ့အထိ ပြန်မစိနိုင်ပါဘူး။

သူက အမြင်များမှားသလားဆိုပြီး မျက်လုံးကို လျင်မြန်စွာ ပွတ်သပ်ကြည့်လိုက်တယ်။

ဘယ်လောက်ပဲပွတ်သပ်စေကာမူ ရလာဒ်ကတော့ အတူတူပါပဲ။

စိတ်၀ိဉာဥ်လက်နက်အားလုံးက ကောင်းကင်အဆင့် စိတ်၀ိဉာဥ်လက်နက်တွေဖြစ်နေခဲ့တယ်။

ဟွမ်ချောင်တစ်ယောက် တံတွေးမြိုချမိလိုက်တယ်။ယန်ချီတို့မျိုးဆက်မှာဆိုရင် ယန်ချီက တကယ်ကိုပြိုင်ဖက်ကင်းပါပဲ။

ယန်ချီရဲ့စိတ်၀ိဉာဥ်လက်နက်တွေက စိတ်၀ိဉာဥ်လက်နက်ရဲ့အဆင့် နှစ်ဆယ်အတွင်းမှာ ရှိနေခဲ့တယ်။

"စိတ်၀ိဉာဥ်ကုန်းမြေမှာ ဒီလိုပါရမီရှင်မျိုး ရှိတာလား"

ဒါတွေအားလုံးက အိပ်မက်တစ်ခုလို ဟွမ်ချောင်တစ်ယောက် ထင်မှတ်နေခဲ့တယ်။

"သူ အိပ်မက်များ မက်နေတာလား"

ချက်ချင်းပင် ဟွမ်ချောင်က သူ့မျက်နှာကို လက်နဲ့ပုတ်ကြည့်လိုက်တယ်။ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ သူအိပ်မက် မက်နေတာမဟုတ်မှန်း သိလိုက်ရတယ်။

🐼🐼🐼🐼🐼🐼🐼🐼

Chapter 574 - ကျုံနန်ကျောင်း

"တကယ်ကို ဂုဏ်ယူရတဲ့လူငယ်ပဲ။တကယ်ကို ဂုဏ်ယူရတဲ့လူငယ်ပဲ"

ဟွမ်ချောင်အနေနဲ့ ယန်ချီက တကယ်ကို ပါရမီရှင်တစ်ယောက်လို့ တွေးလိုက်မိတယ်။

ယန်ချီနဲ့နှိုင်းယှဥ်မယ်ဆိုရင် ကျုံနန်ကျောင်းမှာရှိတဲ့ပါရမီရှင်တွေက အတော်လေးကို ကွာခြားပါတယ်။

"ယန်ချီ မင်း အခု ကျုံနန်ကျောင်းကို သွားမှာလား"

ဟွမ်ချောင်က ယန်ချီကိုကြည့်ပြီး မေးလိုက်တယ်။

ယန်ချီလည်း ခေါင်းညိတ်ပြလိုက်တယ်။

ယန်ချီအနေနဲ့ ကျုံနန်ကျောင်းကိုသွားဖို့အတွက် အလယ်ပိုင်းဒေသကိုရောက်လာတာပါ။

ဟွမ်ချောင်က ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီးနောက်မှာ တစ်ခုခုကိုတွေးလိုက်မိသလို ရပ်တန့်လိုက်တယ်။

"ယန်ချီ မင်းမှာ စိတ်၀ိဉာဥ်လက်နက် ခုနှစ်ခုရှိတာဆိုတော့ နောက်ထပ် စိတ်၀ိဉာဥ်လက်နက်တစ်ခုပဲ ပေါင်းစည်းဖို့လိုသေးတယ်မလား"

"ဟုတ်ပါတယ် စီနီယာ"

"အင်း...မင်း ဘယ်လိုစိတ်၀ိဉာဥ်လက်နက်မျိုးနဲ့ ပေါင်းစည်းချင်တာလဲ"

ဟွမ်ချောင်က ယန်ချီကိုကြည့်ပြီး မေးလိုက်တယ်။

"ဟုတ်ကဲ့"

"ဘယ်လိုစိတ်၀ိဉာဥ်မျိုးလဲ"

"ဟိုတျနိးနတ်ဆိုးတူ" ယန်ချီက ဟွမ်ချောင်ကိုကြည့်ပြီး ပြောလိုက်တယ်။

"ဘာ"

ဟွမ်ချောင်တစ်ယောက် ယန်ချီရဲ့စကားကိုကြားပြီးနောက် ထိတ်လန့်သွားတာကြောင့် နောက်ကိုခြေလှမ်းအနည်းငယ် ဆုတ်မိလိုက်တယ်။

"ဟိုတျန်းနတ်ဆိုးတူလား"

"ယန်ချီ မင်း ကျုံနန်ကျောင်းကိုလာတာက ဟိုတျန်းနတ်ဆိုးတူအတွက်လား"

ဟွမ်ချောင်က ယန်ချီကို သိချင်စိတ်နဲ့မေးလိုက်တယ်။

"ဟုတ်ပါတယ်" ယန်ချီက တိုက်ရိုက်ပြောလိုက်တယ်။

ဟိုတျန်းနတ်ဆိုးတူက ကျုံနန်ကျောင်းရဲ့သိုင်းပညာမျှော်စင် အပေါ်ဆုံးထပ်မှာရှိပါတယ်။ ဘယ်သူမှ ဟိုတျန်းနတ်ဆိုးတူကို သိမ်းသွင်းနိုင်ခြင်းမရှိတဲ့ အလယ်ပိုင်းနယ်မြေရဲ့အစွမ်းအထက်ဆုံး စိတ်၀ိဉာဥ်လက်နက်ပါ။

"မင်းရဲ့ဆန္ဒတွေ မပြည့်တာက တကယ်ကို စိတ်မကောင်းဘူး"

ဟွမ်ချောင်က ယန်ချီကိုကြည့်ပြီး ပြောလိုက်တယ်။

"စီနီယာ...ကျွန်တော် စီနီယာပြောတာကို နားမလည်ဘူး"

"အလယ်ပိုင်းနယ်မြေတစ်ခုလုံးမှာ ဘယ်လောက်အစွမ်းထက်တဲ့သူတွေဖြစ်ဖြစ် ဟိုတျန်းနတ်ဆိုးတူကို မသိမ်းသွင်းနိုင်ဘူး"

ယန်ချီလည်း ဟွမ်ချီရဲ့စကားကြောင့် မှင်သက်သွားခဲ့ရတယ်။

ဒီအကြောင်းကိုစဥ်းစားမိလိုက်တော့ သူ့အနေနဲ့ အနည်းငယ် ခေါင်းကိုက်နေခဲ့တယ်။

အလယ်ပိုင်းနယ်မြေမှာရှိတဲ့ စိတ်၀ိဉာဥ်ပညာရှင်တွေက ဟိုတျန်းနတ်ဆိုးတူကို မသိမ်းသွင်းနိုင်မှတော့ သူလည်း ဘယ်လိုလုပ်ပြီး ဟိုတျန်းနတ်ဆိုးတူကို သိမ်းသွင်းနိုင်မှာလဲ။

"ပိုင်ရှင်အနေနဲ့ သာလွန်ကောင်းကင်အဆင့် ကျင့်ကြံခြင်းနည်းစနစ် သတ္တမအဆင့် ဓားအကြိမ် သန်း ၁၀၀ ဆွဲထုတ်အောင်မြင်ခဲ့ရင် အထူးရတနာသေတ္တာတစ်လုံးကို ရရှိမှာပါ"

ရုတ်တရက် စနစ်ရဲ့အသံက ယန်ချီရဲ့စိတ်ထဲ ထွက်ပေါ်လာခဲ့တယ်။

စနစ်က ဒီလိုပြောတယ်ဆိုမှတော့ ယန်ချီအနေနဲ့ အရင်ဆုံး သတ္တမအဆင့်ကိုအောင်မြင်မှ ရတနာသေတ္တာရရှိမယ်မှန်း သိလိုက်ရတယ်။

"ဖြစ်နိုင်တာက...." ယန်ချီအနေနဲ့ အံ့အားသင့်ဖို့ကောင်းတဲ့ ဖြစ်နိုင်တာတစ်ခုကို စဥ်းစားမိလိုက်တယ်။

အဲ့ဒါကတော့ အထူးရတနာသေတ္တာထဲကပစ္စည်းက ဟိုတျန်းနတ်ဆိုးတူကိုသိမ်းသွင်းနိုင်မယ့် ပစ္စည်းဖြစ်နိုင်ဖွယ်ရှိပါတယ်။

ဒီအကြောင်းကိုတွေးမိလိုက်တော့ ယန်ချီတစ်ယောက် အားအင်ပြည့်၀သွားသလို ခံစားမိလိုက်တယ်။

"စီနီယာ အခု သွားကြတော့မလား"

ယန်ချီက ဟွမ်ချောင်ကို ပြောလိုက်တယ်။

ဟွမ်ချောင်လည်း ခေါင်းညိတ်ပြလိုက်တယ်။

အဲ့ဒီ့နောက်မှာတော့ သူတို့နှစ်ယောက်က ကျုံနန်ကျောင်းကို ဦးတည်သွားခဲ့ကြတယ်။

ကျုံနန်ကျောင်း...။

ဒီကျောင်းက အလယ်ပိုင်းနယ်မြေမှာ အစွမ်းအထက်ဆုံးကျောင်းတော်တစ်ခုပါ။

ကောင်းကင်ကတောင် ဂုဏ်ယူရတဲ့လူငယ်တွေ မိန်းကလေးတွေက ဒီကျောင်းကိုတက်ခွင့်ရှိပါတယ်။

ပြီးတော့ ဒီကျောင်းကိုတက်ရောက်တဲ့သူတွေက အလယ်ပိုင်းနယ်မြေမှာ အစွမ်းထက်အင်အားစုတွေက မျိုးဆက်သစ်တွေပါ။

ဒီအတွက်ကြောင့် ကျုံနန်ကျောင်းက ယှဥ်ပြိုင်မှုပြင်းထန်တဲ့နေရာတစ်ခု ဖြစ်လာခဲ့တယ်။

တရုတ်ပြည်မှာခေတ်စားနေတဲ့ League of Heros Game လိုပဲ ဒီကျောင်းမှာ လေ့ကျင့်ဖို့ ရောက်လာကြတဲ့လူငယ်တွေက တကယ်ကိုလက်ရွေးစင်တွေပါ။

ဟွမ်ချောင်ရဲ့ဦးဆောင်မှုအောက်မှာ ယန်ချီနဲ့ဟွမ်ချောင်တို့နှစ်ယောက်က ကျုံနန်ကျောင်းရဲ့၀င်ပေါက်ကို ရောက်လာခဲ့ကြတယ်။

ယန်ချီက ၀င်ပေါက်အရှေ့ရောက်တော့ ကျုံနန်ကျောင်းကိုကြည့်လိုက်တယ်။သူက ကျုံနန်ကျောင်းက တကယ်ကို အလယ်ပိုင်းဒေသမှာအစွမ်းအထက်ဆုံး ကျောင်း ပီသတယ်လို့ တွေးနေခဲ့တယ်။

သူက ကျောင်းအဆောက်အဦး အပြင်အဆင်တွေကို စိတ်၀င်စားသူတစ်ယောက် မဟုတ်ပေမယ့်လည်း ကျုံနန်ကျောင်းရဲ့ခမ်းနားမှုကိုတော့ အံ့အားသင့်မိပါတယ်။

ယန်ချီ နဲ့ ဟွမ်ချောင်တို့နှစ်ယောက် ကျုံနန်ကျောင်းရဲ့၀င်ပေါက်ကိုရောက်ပြီးနောက် မရေမတွက်နိုင်တဲ့မျက်လုံးတွေက သူတို့တွေကို အကဲခတ်နေခဲ့ကြတယ်။

"ကျောင်းအုပ်ကြီးဘေးက လူငယ်က ဘယ်သူလဲ"

"သူက ပြိုင်ဖက်ကင်းပါရမီရှင် တစ်ယောက်ပဲလား"

"ကျောင်းအုပ်ကြီးနဲ့အတူတူ လမ်းလျှောက်လာတာဆိုတော့ ဖြစ်နိုင်တယ်လို့ ထင်မိတယ်"

ကျုံနန်ကျောင်းက ကျောင်းသားများစွာက ဒီအကြောင်းကို ပြောဆိုဆွေးနွှေးနေကြတယ်။

ယန်ချီက ကျုံနန်ကျောင်းကိုရောက်ရှိပြီးနောက် မ၀င်သေးဘဲ ဒီီလိုတက်ကြွတဲ့ခံစားချက်မျိုး ခံစားရလိမ့်မယ်လို့ မထင်မိပါဘူး။

ရိုးရိုးသားသားပြောရမယ်ဆိုရင် သူက တကယ်ကို နိမ့်ကျတဲ့လူငယ်တစ်ယောက်ပါ။

🐼🐼🐼🐼🐼🐼🐼

Chapter 575 - နည်းပြဆရာ လူလင်နာ

"အထဲကို သွားကြစို့"

ဟွမ်ချောင် ယန်ချီကို ပြောလိုက်တယ်။

အဲ့ဒီ့နောက်မှာတော့ ဟွမ်ချောင် နဲ့ ယန်ချီ တို့နှစ်ယောက်က ကျုံနန်ကျောင်းထဲ ၀င်လာခဲ့ကြတယ်။

ကျုံနန်ကျောင်းက ကျောင်းသားတွေကိုကြည့်ပြီး ယန်ချီရဲ့မျက်နှာက ဘာမှထူးထူးခြားခြား ပြောင်းလဲခြင်းမရှိပါဘူး။

တခြားသူတွေရဲ့အမြင်မှာတော့ ဒီကျောင်းက ကျောင်းသားတွေက အလွန်တရာအစွမ်းထက်တဲ့ပါရမီရှင်တွေဖြစ်ပေမယ့် သူတို့တွေက ယန်ချီရဲ့အရှေ့မှာတော့ ဘာမှမဟုတ်ပါဘူး။

ယန်ချီ နဲ့ ဟွမ်ချောင်တို့နှစ်ယောက် ကျုံနန်ကျောင်းအတွင်း ၀င်လာတဲ့အခါ ထူးဆန်းတဲ့အကြည့်တွေက သူတို့ဆီကို ကျရောက်လာခဲ့တယ်။

ဒီကျောင်းက ကျောင်းသားတွေရဲ့အမြင်ကလည်း မတူညီပါဘူး။

တချို့က ယန်ချီကို ကျောင်းအုပ်ကြီးကိုယ်တိုင်ခေါ်လာတဲ့ ပြိုင်ဖက်ကင်းပါရမီရှင်တစ်ယောက် လို့ပြောဆိုကြတယ်။

အချို့ကတော့ ယန်ချီမှာ ထူးခြားတဲ့နောက်ခံရှိတာကြောင့် ကျောင်းအုပ်ကြီးက ဒီလိုပြုမူနေတယ်လို့ ပြောဆိုနေကြတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သိပ်မကြာခင်မှာပဲ ကျောင်းအုပ်ကြီးနဲ့အတူ ကျောင်းထဲလမ်းလျှောက်၀င်လာတဲ့လူငယ်တစ်ယောက်အကြောင်းက ကျုံနန်ကျောင်းတစ်ခုလုံး ပျံ့နှံ့သွားခဲ့တယ်။

ဟွမ်ချောင်က ယန်ချီကို အမျိုးသမီးနည်းပြတစ်ဦးဆီကို ခေါ်သွားခဲ့တယ်။

အဲ့ဒီ့အမျိုးသမီးနည်းပြက အလွန်ငယ်ရွယ်ပြီး ကြည့်ရတာ အသက် သုံးဆယ်လောက်သာ ရှိသေးပုံရပါတယ်။

ယန်ချီလည်း အမျိုးသမီးနည်းပြက ငယ်ရွယ်တာကိုမြင်တော့ အနည်းငယ် ပဟေဠိဖြစ်သွားခဲ့ရတယ်။

သူက အမျိုးသမီးနည်းပြကိုကြည့်လိုက်တော့ အဆင့် ၅၇ စိတ်၀ိဉာဥ်ဂိုဏ်းချုပ်အဆင့်ပဲရှိသေးပြီး သိပ်ပြီးအစွမ်းမထက်တာကိုမြင်လိုက်ရတယ်။

နောက်ပိုင်းမှာတော့ သူက အမျိုးသမီးနည်းပြဆီကနေ များပြားလှတဲ့အသိပညာတွေကို ကြားသိခဲ့ရတယ်။

အမျိုးသမီးနည်းပြရဲ့နာမည်က လူလင်နာ ပါ။

"ရှောင်နာ သူ့ကို မင်းဆီ ထားခဲ့မယ်"

"ဟုတ်ကဲ့ပါ ကျောင်းအုပ်ကြီး"

လူလင်နာလည်း ခေါင်းညိတ်လိုက်တယ်။

ဟွမ်ချောင်က ပြောဆိုပြီးနောက် ထွက်သွားခဲ့ပါတော့တယ်။

အခုအချိန်မှာတော့ နည်းပြတွေရဲ့အခန်းထဲမှာ နည်းပြ တစ်ဒါဇင်ကျော်လောက်ရှိပြီး သူတို့ရဲ့မျက်နှာထက်မှာလည်း သံသယတွေနဲ့ ပြည့်နှက်သွားခဲ့ရတယ်။

ယန်ချီက ကျောင်းအုပ်ကြီးကိုယ်တိုင် လိုက်ပို့တာကြောင့် အံ့အားသင့်ဖွယ်ကောင်းတဲ့နောက်ခံ ရှိနိုင်တယ်လို့ တွေးလိုက်မိကြတယ်။

"မင်းရဲ့နောက်ခံက အလွန်အစွမ်းထက်တာလား"

လူလင်နာက ယန်ချီကိုစူးစိုက်ကြည့်ပြီး မေးလိုက်တယ်။

"မဟုတ်ပါဘူး"

ယန်ချီက ခေါင်းခါလိုက်တယ်။

"ဟား...ဟား" လူလင်နာတစ်ယောက် နှာခေါင်းရှုံ့ပြီး ပြောလိုက်တယ်။ " မင်းက ဘယ်လောက်ပဲ အစွမ်းထက်တဲ့နောက်ခံရှိပါစေ....ငါ ဂရုမစိုက်ဘူး။မင်းက ကျုံနန်ကျောင်းကိုရောက်လာပြီး ငါ့လက်အောက်မှာ ကျောင်းသားတစ်ယောက်ဖြစ်လာပြီဆိုမှတော့ ပြင်းပြင်းထန်ထန် လေ့ကျင့်ရမယ်"

ယန်ချီလို အစွမ်းထက်တဲ့နောက်ခံရှိတဲ့ ကျောင်းသားတွေက ၀င့်ကြွားတတ်ကြောင်း သိတဲ့အတွက် သူတို့တွေကိုသာ အရင်ဆုံး ကောင်းကောင်းမကိုင်တွယ်နိုင်ရင် နောက်ဆိုရင် ဒီကျောင်းသားက ပိုပြီး လွန်ကဲလာနိုင်တယ်လို့ တွေးနေခဲ့တယ်။

"ဟုတ်ကဲ့ပါ"

ယန်ချီက ခေါင်းညိတ်လိုက်ပြီး ဘာမှမပြောတော့ပါဘူး။

လူလင်နာလည်း အံ့အားသင့်သွားခဲ့တယ်။

ယန်ချီက မထီမဲ့မြင်စကားကိုပြောသင့်ပြီး သူ့ရဲ့မျိုးနွယ်က ဘယ်လိုဘယ်၀ါဆိုတာကို ပြောသင့်တာကို ဘာကြောင့်မပြောလဲ သူမ သိချင်သွားခဲ့တယ်။

အခုတော့ အင်း တစ်ခုပဲ ပြောတာလား။

"မင်းရဲ့ နာမည်က...."

လူလင်နာတစ်ယောက် တွေးတောနေရင်း သတိပြန်၀င်လာတဲ့အခါ သူမက နာမည်ကို မသိသေးကြောင်း သတိပြုမိလိုက်တယ်။

"ယန်ချီပါ"

ယန်ချီက သူ့နာမည်ကို အမှန်အတိုင်း ပြောလိုက်တယ်။

"ကောင်းပြီ။ဒါနဲ့ ယန်ချီ မင်းနဲ့အတန်းထဲမှာ တွေ့ကြတာပေါ့"

လူလင်နာက ပြောလိုက်တယ်။

ယန်ချီကတော့ အင်းမလုပ် အဲမလုပ်ပါ။

"နည်းပြလူ...ငါ့အထင် အဲ့ဒါတွေ မလိုအပ်ဘူး ထင်တယ်။မင်း ငါ့အတွက် တိတ်ဆိတ်တဲ့နေရာတစ်ခုသာ ရှာပေးပါ။ငါ တစ်ယောက်ထဲ လေ့ကျင့်ချင်လို့ပါ"

"မင်း..."

ဒီစကားတွေကိုကြားလိုက်တော့ လူလင်နာ သာမက နည်းပြအခန်းထဲမှာရှိနေတဲ့ နည်းပြတစ်ဒါဇင်ကျော်ကလည်း ယန်ချီက ဒီလိုစကားကိုပြောလိမ့်မယ်လို့ မထင်ထားတဲ့အတွက် မှင်သက်သွားခဲ့ကြတယ်။

စက္ကန့်အနည်းငယ်​​ကြာအောင် အံ့အားသင့်သွားပြီးနောက် လူလင်နာတစ်ယောက် သတိပြန်၀င်လာခဲ့ပြီး မျက်မှောင်ကြုတ်ကာ ယန်ချီကို မကျေမနပ်ကြည့်လိုက်တယ်။

"မင်း ကျုံနန်ကျောင်းကို ဘာကြောင့်ရောက်လာတာလဲ"

"တစ်ခုခုကိုရှာဖို့ပါ"

ယန်ချီက တည်ငြိမ်စွာနဲ့ ပြန်ပြောလိုက်တယ်။

"တစ်ခုခုကိုရှာဖို့အတွက်လား....."

နည်းပြတွေကလည်း မှင်သက်သွားကြပြန်တယ်။ကျုံနန်ကျောင်းမှာ ဘာတစ်ခုခုကို ရှာချင်လဲဆိုတာ သူတို့တွေ နားမလည်ခဲ့ကြပါဘူး။

"မင်းက လေ့ကျင့်ဖို့အတွက် ကျုံနန်ကျောင်းကို လာတာ မဟုတ်ဘူးလား"

သူတို့တွေက ယန်ချီရဲ့နောက်ခံနဲ့ပတ်သတ်ပြီး စိုးရွံ့နေခဲ့ကြတယ်။အဲ့ဒီလိုမှမဟုတ်ရင် သူတို့တွေက ယန်ချီကို အခန်းထဲကနေ မောင်းထုတ်လိုက်ကြပါပြီ။

"မင်းက ဘာကိုရှာဖို့လဲ"

"အဲ့ဒါက ကျုံနန်ကျောင်းမှာသာရှိတဲ့ ပစ္စည်းတစ်ခုပါ"

ယန်ချီက ဖြေးညှင်းစွာပြောလိုက်တယ်။

လူလင်နာတစ်ယောက် ယန်ချီရဲ့မျက်နှာအမူအယာကို လေ့လာကြည့်လိုက်တော့ ယန်ချီရဲ့မျက်နှာ အမူအယာက အလွန်တည်ငြိမ်နေတာကို မြင်လိုက်ရတယ်။

ဒီလိုအမူအယာကိုမြင်တော့ သူမ ဘယ်လိုပြောရမှန်း မသိတော့ပါဘူး။ယန်ချီလို အသက်အရွယ်နဲ့ ဒီလိုအမူအယာမျိုး မရှိသင့်ဘူးလို့ သူမ ခံစားလိုက်မိတယ်။

Zawgyi

















































🐼🐼🐼🐼🐼🐼🐼


























































🐼🐼🐼🐼🐼🐼🐼

























































🐼🐼🐼🐼🐼🐼🐼🐼

























































🐼🐼🐼🐼🐼🐼🐼


























































Continue Reading

You'll Also Like

390K 49.9K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
47.9K 3.8K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...
62.5K 5.6K 200
လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး