နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်း...

By Azure5549

44.8K 4.2K 53

ယန်ချီရောက်ရှိသွားတဲ့ လောကကြီးမှာဆိုရင် နတ်ဆိုးမိစ္ဆာတွေနဲ့ လူသားတွေက နေရာလု တိုက်ခိုက်နေကြပြီး တနေ့မှာတော့ ယ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဥ်းချုပ်
Ch 1 to 5
Ch 6 to 10
Ch 11 to 15
Ch 16 to 20
Ch 21 to 25
Ch 26 to 30
Ch 31 to 35
Ch 36 to 40
Ch 41 to 45
Ch 46 to 50
Ch 51 to 55
Ch 56 to 60
Ch 61 to 65
Ch 66 to 70
Ch 71 to 75
Ch 76 to 80
Ch 81 to 85
Ch 86 to 90
Ch 91 to 95
Ch 96 to 100
Ch 101 to 105
Ch 106 to 110
Ch 111 to 115
Ch 116 to 120
Ch 121 to 125
Ch 126 to 130
Ch 131 to 135
Ch 136 to 140
Ch 141 to 145
Ch 146 to 150
အပိုင်း ၁၅၁ မှ ၁၅၅
အပိုင်း ၁၅၆ မှ ၁၆၀
အပိုင်း ၁၆၁ မှ ၁၆၅
အပိုင်း ၁၆၆ မှ ၁၇၀
အပိုင်း ၁၇၁ မှ ၁၇၅
Ch 176 to 180
Ch 181 to 185
Ch 186 to 190
Ch 191 to 195
Ch 196 to 200
Ch 201 to 205
Ch 206 to 210
Ch 211 to 215
Ch 216 to 220
Ch 221 to 225
Ch 226 to 230
Ch 231 to 235
Ch 231 to 235
Ch 236 to 240
Ch 241 to 245
Ch 246 to 250
Ch 251 to 255
Ch 256 to 260
Ch 261 to 265
Ch 266 to 270
Ch 271 to 275
Ch 276 to 280
Ch 281 to 285
Ch 286 to 290
Ch 291 to 295
Ch 296 to 300
Ch 301 to 305
Ch 306 to 310
Ch 311 to 315
Ch 316 to 320
Ch 321 to 325
Ch 326 to 330
Ch 331 to 335
Ch 336 to 340
Ch 341 to 345
Ch 346 to 350
Ch 351 to 355
Ch 356 to 360
Ch 361 to 365
Ch 366 to 370
Ch 371 to 375
Ch 376 to 380
Ch 381 to 385
Ch 386 to 390
Ch 391 to 395
Ch 396 to 400
Ch 401 to 405
Ch 406 to 410
Ch 411 to 415
Ch 416 to 420
Ch 421 to 425
Ch 426 to 430
Ch 431 to 435
Ch 436 to 440
Ch 441 to 445
Ch 446 to 450
Ch 451 to 455
Ch 456 to 460
Ch 461 to 465
Ch 466 to 470
Ch 471 to 475
Ch 476 to 480
Ch 481 to 485
Ch 486 to 490
Ch 491 to 495
Ch 496 to 500
Ch 501 to 505
Ch 506 to 510
Ch 511 to 515
Ch 516 to 520
Ch 521 to 525
Ch 526 to 530
Ch 531 to 535
Ch 536 to 540
Ch 541 to 545
Ch 546 to 550
Ch 551 to Ch 555
Ch 556 to Ch 560
Ch 561 to Ch 565
Ch 571 to Ch 575
Ch 576 to Ch 580
Ch 581 to 585
Ch 586 to 590
Ch 591 to 595
Ch 596 to 600
Ch 601 to 605
Ch 606 to 610
Ch 611 to 615
Ch 616 to 620
Ch 621 to 625
Ch 626 to 630
Ch 631 to 635
Ch 636 to 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
စာဖတ်သူများကို အနူးအညွတ်တောင်းပန်ခြင်း
756 - 760
761 - 765
766 - 770
771 - 775
776 - 780
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
781 - 785
786 - 790
791 - 795
တစ်ခုပြောချင်လို့ပါရှင့်
hello
hello

Ch 566 to Ch 570

189 16 1
By Azure5549

Chapter 566 - မင်းတို့တွေက လက်ဗလာနဲ့ လာကြတာလား

ယန်ချီက ခဏလောက်စဥ်းစားလိုက်ပြီး ပြောလိုက်တယ်။

"၀င်ခိုင်းလိုက်ပါ"

ယန်ချီရဲ့မျက်နှာက တည်ငြိမ်နေခဲ့တယ်။သူက ယန်မျိုးနွယ်အတွက် မည်သည့်လက်ဆောင်မှမပါခဲ့ပေမဲ့ အခုတော့ ယန်မျိုးနွယ်ကို သူ့မျက်နှာနဲ့ လက်ဆောင်ပေးမယ့်သူတွေ ရောက်လာပြီလေ။

ယန်မျိုးနွယ်အိမ်အပြင်ဖက်မှာတော့ မြေတိမ်တိုက်တစ်နယ်လုံးမှာရှိတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေက စိုးရိမ်ပူပန်စွာနဲ့ စောင့်ဆိုင်းနေခဲ့ကြတယ်။သူတို့တွေက မြေတိမ်တိုက်နယ်မှာဆိုရင် လူသိများကြပေမယ့်လည်း ယန်ချီအရှေ့မှာတော့ အရိုက်ခံရမယ့် ဖားတွေလိုပါပဲ။

ယန်ချီကသာ သူတို့ကိုလက်ခံတွေ့ဆုံမယ်ဆိုရင် သူတို့အတွက် ဂုဏ်ယူစရာပါပဲ။

မြေတိမ်တိုက်နယ်က အစွမ်းထက်ပုဂ္ဂိုလ်တွေရဲ့စိတ်ထဲ တဒုန်းဒုန်းခုန်နေစဥ်မှာပဲ ယန်မျိုးနွယ်၀င်တစ်ယောက် ထွက်ပေါ်လာခဲ့တယ်။

"သခင်လေး ယန်ချီက အားလုံးကို အထဲကြွခဲ့ပါတဲ့"

ဒီစကားကိုကြားတော့ မြေတိမ်တိုက်နယ်က အစွမ်းထက်လူတွေအားလုံးရဲ့မျက်နှာပေါ်မှာ အံ့အားသင့်တဲ့အရိပ်အယောင်တွေ ပေါ်လာခဲ့တယ်။

"ကျေးဇူးတင်ပါတယ်"

သူတို့တွေက အလွန်တရာ စိတ်လှုပ်ရှားစွာနဲ့ပြောလိုက်တယ်။

ချက်ချင်းပင် မြေတိမ်တိုက်နယ်က အစွမ်းထက်လူတွေအားလုံး ယန်မျိုးနွယ်စံအိမ်ထဲသို့ လျင်မြန်စွာ ၀င်ရောက်သွားခဲ့တယ်။

သူတို့တွေအားလုံးက မြေတိမ်တိုက်နယ်မှာ အစွမ်းထက်တဲ့သူတွေလို့ လူသိများပြီး နာမည်ကျော်ကြားသူတွေပါ။

သူတို့တွေက အိမ်၀န်းထဲကိုရောက်တော့......

မြေတိမ်တိုက်နယ်က အစွမ်းထက်လူတွေအားလုံးက ယန်ချီတို့ကို ခြံ၀န်းထဲမှာပဲ စောင့်ဆိုင်းနေခဲ့ကြတယ်။

အဲ့ဒီ့အချိန်မှာပဲ ယန်ချီနဲ့ အခြားသူတွေက ခန်းမထဲကနေ အပြင်ကိုထွက်လာခဲ့ကြတယ်။

မြေတိမ်တိုက်နယ်က အစွမ်းထက်လူတွေအားလုံး ယန်ချီကိုမြင်လိုက်တဲ့အခါ စိတ်ထဲ လွန်စွာတုန်လှုပ်သွားခဲ့တယ်။

"အဲ့ဒါ သခင်လေး ယန်ချီလား"

သူတို့တွေက ယန်ချီကို အလွန်ငယ်ရွယ်မှန်းတွေ့လိုက်ရပြီး ယန်ချီရဲ့အကြည့်တစ်ချက်ကို ဘယ်လိုမှမေ့ပျောက်လို့ရတော့မှာ မဟုတ်ပါဘူး။

သူ့ရဲ့အကြည့်တွေက ညအမှောင်လို သိပ်သည်းပြီး ပင်လယ်ကြီးတစ်ခုလို နက်ရှိုင်းလွန်းပါတယ်။

"သခင်လေး ယန်ချီ"

မြေတိမ်တိုက်နယ်က အစွမ်းထက်ပုဂ္ဂိုလ်တွေအားလုံး သတိပြန်၀င်လာခဲ့ပြီး ယန်ချီကို အရိုအသေပေးလိုက်တယ်။

"မင်းတို့တွေ ဒီမှာ ဘာလာလုပ်တာလဲ"

ယန်ချီက မြေတိမ်တိုက်နယ်က အစွမ်းထက်ပုဂ္ဂိုလ်တွေကို ကြည့်ပြီး မေးလိုက်တယ်။

"ကျွန်တော်တို့အားလုံး ဒီကိုရောက်လာတာက သခင်လေး ယန်ချီရဲ့ပြိုင်ဘက်ကင်းစွမ်းအားကို လေးစားတဲ့အတွက်ပါ"

"သခင်လေး ယန်ချီက အလွန်တရာ ချောမောခန့်ညားသူပဲ။သခင်လေး ယန်ချီလို ချောမောခန့်ညားသူကို တစ်ခါမှမမြင်ဖူးဘူးလို့ ကျွန်တော် ကျိန်ဆိုရဲတယ်"

"သခင်လေး ယန်ချီက ကောင်းကင်ကြယ်အင်ပါယာမှာ အစွမ်းထက်ဆုံး စိတ်၀ိဉာဥ်ပညာရှင်ပဲ။ဒီအတွက် ကျွန်တော်တို့အားလုံးက သခင်လေးယန်ချီကို တွေ့ဆုံဂါရ၀ပြုဖို့ ရောက်လာကြတာပါ"

မြေတိမ်တိုက်နယ်က အစွမ်းထက်လူတွေအားလုံး တစ်ယောက်တစ်ပေါက်နဲ့ပြောလိုက်ကြတယ်။

"အင်....မင်းတို့တွေက လက်ဗလာနဲ့ လာကြတာလား"

ယန်ချီက မြေတိမ်တိုက်နယ်က အစွမ်းထက်ပုဂ္ဂိုလ်တွေကိုကြည့်ပြီး ရှက်ရွံ့သလို ပြောလိုက်တယ်။

မြေတိမ်တိုက်နယ်က အစွမ်းထက်ပုဂ္ဂိုလ် တစ်ဒါဇင်ကျော်ကလည်း ယန်ချီဘာကိုဆိုလိုချင်တာလဲ နားမလည်တာကြောင့် အနည်းငယ် အံ့အားသင့်သွားကြတယ်။

"သခင်လေး ယန်ချီ။ဘာကိုပြောချင်တာလဲဗျ"

အဖိုးအိုတစ်ယောက်က ယန်ချီကို နားမလည်နိုင်စွာနဲ့ မေးလိုက်တယ်။

ကျန်တဲ့မြေတိမ်တိုက်နယ်က အစွမ်းထက်ပုဂ္ဂိုလ်တွေကလည်း ယန်ချီကိုအလွန် နားမလည်နိုင်စွာနဲ့ ကြည့်လိုက်တယ်။

"ငါပြောတာကို နားမလည်ကြဘူးလား"
ယနချီက အနညငယ်ရှက်ရွံ့သွားပြီး ဆက်ပြောလိုက်တယ်။ "အဲ့ဒါက...."

ယန်ချီစကားပြောလို့မပြီးခင်မှာပဲ ယန်မျိုးနွယ်၀င်တစ်ယောက် ထိတ်လန့်တုန်လှုပ်စွာနဲ့ ပြေး၀င်လာခဲ့တယ်။

"သခင်လေး ယန်ချီ"

အဲ့ဒီ့ယန်မျိုးနွယ်၀င်က ယန်ချီကို အံ့အားသင့်စွာနဲ့ကြည့်နေခဲ့တယ်။

"ဘာကိစ္စလဲ"

ယန်ချီက သူ့အရှေ့မှာရှိတဲ့ ယန်မျိုးနွယ်အဖွဲ့၀င်ကိုကြည့်ပြီး မေးလိုက်တယ်။

သူ့အတွက် ဒီကနေ့မှာ ကောင်းကင်ကြယ်အင်ပါယာအတွင်း ဘာမှစိုးရိမ်ရမယ့်သူမရှိဘူးလို့ တွေးနေခဲ့တယ်။

"ယန်မျိုးနွယ်စံအိမ် အပြင်ဖက်မှာ......ယန်မျိုးနွယ်စံအိမ်အပြင်ဖက်မှာ နောက်ထပ်အစွမ်းထက်လူတွေ အများအပြားရောက်နေကြတယ်"

"အစွမ်းထက်တဲ့လူတွေ အများကြီးလား"

ယန်ချီတစ်ယောက် ဘယ်ကအစွမ်းထက်တဲ့လူတွေလဲဆိုတာ သိချင်သွားခဲ့တယ်။

"သူတို့ကို အထဲ၀င်ခိုင်းလိုက်လေ"

ခဏလောက်စဥ်းစားလိုက်ပြီးနောက် ယန်ချီက ယန်မျိုးနွယ်အဖွဲ့၀င်ကို ပြောလိုက်တယ်။

ယန်မျိုးနွယ်အဖွဲ့၀င်လည်း ယန်ချီစကားကိုကြားလိုက်တော့ ခေါင်းကိုလေးပင်စွာ ညိတ်လိုက်ပြီး ချက်ချင်းပြန်လည်ပြေးထွက်သွားခဲ့တယ်။

ယန်မျိုးနွယ်စံအိမ်အပြင်ဖက်ကိုရောက်တော့ ယန်မျိုးနွယ်အဖွဲ့၀င်က သူ့အရှေ့က အကြီးအကဲတွေကိုကြည့်ပြီး ပြောလိုက်တယ်။

"အကြီးအကဲတို့....သခင်လေး ယန်ချီကို အထဲကိုကြွဖို့ ဖိတ်ခိုင်းလိုက်တယ်"

ဒီစကားကိုကြားတော့ အသက် ငါးဆယ်လောက်ရှိပုံရတဲ့လူတစ်ယောက် ပြုံးပြီးပြောလိုက်တယ်။

"ညီငယ်လေး...ငါတို့တွေက ကောင်းကင်ကြယ်အင်ပါယာမှာ ဂုဏ်သရေရှိပုဂ္ဂိုလ်တွေပါ။ငါတို့တွေ ယန်မျိုးနွယ်စံအိမ်ထဲ ရောက်တဲ့အတွက် ငါတို့အတွက် စကားလေးပြောပေးပါဦး"

အဲ့ဒီ့လိုပြောလိုက်ပြီးနောက် အဲ့ဒီ့လူက ယန်မျိုးနွယ်အဖွဲ့၀င်ရဲ့လက်ထဲ နာမည်စာရင်းတစ်ခုကို ပေးလိုက်တယ်။

ယန်မျိုးနွယ်အဖွဲ့၀င်လည်း မှင်သက်သွားခဲ့တယ်။

သူက ဘယ်လိုပင်တွေးတောစေကာမူ ဒီလူတွေက နာမည်စာရင်းကိုတောင် ရေးချထားပြီးပြီလို့ ထင်မထားမိဘူးလေ။

🐼🐼🐼🐼🐼🐼🐼🐼

Chapter 567 - အင်ပါယာယီယွင် ရောက်ရှိလာခြင်း

တန်းစီနေတဲ့ အကြီးအကဲ တစ်ဒါဇင်ကျော်က ယန်မျိုးနွယ်စံအိမ်ထဲကို စတင် ၀င်ရောက်လာခဲ့တယ်။

"ချင်ကျိုးမြို့တော်သခင် တန်လုံ ရောက်လာပါပြီ"

"စစ်သူကြီး ယိုဟွိုင်တျန်းဇောင် ရောက်လာပါပြီ"

"ရှုဟီချန်မြို့က လီမြို့နွယ်ခေါင်းဆောင် လီချန်ဖန် ရောက်လာပါပြီ"

ယန်မျိုးနွယ်ခြံ၀န်းထဲမှာရှိနေတဲ့ လူတွေအားလုံး ဒီအသံကိုကြားတဲ့အခါ သူတို့ရဲ့ခန္ဓာကိုယ်တွေ ထိန်းချုပ်မရအောင် တုန်ယင်သွားခဲ့ကြတယ်။

ဘာကြောင့်လဲဆိုတော့ သူတို့အားလုံးက ဒီနာမည်တွေကို ကြားဖူးတာကြောင့်ပါ။

ဒီလူတွေက ကောင်းကင်ကြယ်အင်ပါယာမှာ အစွမ်းထက်တဲ့ပုဂ္ဂိုလ်တွေပါ။

ဒါပေမယ့်လည်း သူတို့တွေရဲ့ ထိတ်လန့်တုန်လှုပ်မှုက မပြီးသေးပါဘူး။

"စစ်ပင်လယ်ဂိုဏ်းက ဂိုဏ်းခေါင်းဆောင် ယွင်ယွဲ့ ရောက်လာပါပြီ"

"မြောက်ပင်လယ်က ကောင်းကင်သတ်ဖြတ်သူ ရောက်လာပါပြီ"

"တျန်းဟီ တံခါးမှူး သခင်ကြီးရှောင်ပိုင် ရောက်လာပါပြီ"

ယန်မျိုးနွယ်ခေါင်းဆောင် ယန်ရှင်းဟီနဲ့အကြီးအကဲတွေအားလုံးက ထိတ်လန့်နေခဲ့ပြီး သတိအတန်ကြာ ပြန်မလည်လာတဲ့အထိ နေရာမှာတင် ကျောက်ရုပ်အလား ဖြစ်နေခဲ့ကြတယ်။

"ကောင်းကင်ကြယ်အင်ပါယာထဲ နဂါးစာရင်း၀င်တွေ အများကြီး ရောက်လာပါလား"

သူတို့တွေက ၀င်လာတဲ့သူတွေကို ရေတွက်ကြည့်လိုက်တော့ တစ်ဒါဇင်လောက်ရှိတာကို တွေ့လိုက်ရတယ်။

ယန်ချီက စိတ်၀ိဉာဥ်ကုန်းမြေကိုရောက်ရှိပြီးနောက် ဒီအချိန်က သူ အရယ်ချင်ဆုံးအချိန်ပါ။

ဒီလူတွေက နာမည်တွေခေါ်ရင်း ရောက်လာတာကိုကြည့်ပြီး ရယ်ချင်နေခဲ့တယ်။

ဒါပေမယ့်လည်း ယန်ချီကတော့ သူ့အရှေ့ကိုရောက်လာတဲ့လူတွေထဲက အချို့ကိုသိပြီး အချို့ကိုတော့ မသိပါဘူး။

ဒီအဖိုးအိုတွေက ကြည့်လိုက်ရင် အလွန်ထူးခြားနေပုံရပေမယ့်လည်း တူညီတာတစ်ခုတော့ ရှိပါတယ်။

အဲ့ဒါကတော့ သူတို့တွေကလည်း လက်ဗလာနဲ့ပါ။

ယန်ချီက ဘာကြောင့် ဒီလူတွေ ကျင့်၀တ်လေးတောင် နားမလည်ဘူးလားဆိုပြီး တိတ်တဆိတ် သက်ပြင်းချမိလိုက်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် စိတ်၀ိဉာဥ်နည်းစနစ် ဆေးလုံးတွေတော့ ယူလာသင့်တယ်လေ။

ရိုးရိုးသားသားပြောရမယ်ဆိုရင် သူ့အနေနဲ့ဒီလူတွေကို လက်ဆောင်အကြောင်း ပြောရမှာ ရှက်ဖို့​ကောင်းပါတယ်။

"သခင်လေး ယန်ချီ"

ကောင်းကင်ကြယ်အင်ပါယာမှာ အစွမ်းအထက်ဆုံးလူတွေက ယန်ချီကို အရိုအသေပေးလိုက်ကြတယ်။

ယန်ချီကတော့ ခေါင်းညိတ်အသိအမှတ်ပြုရုံမှတပါး အခြားဘာများ လုပ်နိုင်ဦးမှာလဲ။

"သခင်လေး ယန်ချီ"

အဲ့ဒီ့အချိန်မှာပဲ နောက်ထပ် ယန်အဖွဲ့၀င်တစ်ယောက် ပြေး၀င်လာခဲ့ပြန်တယ်။

အဲ့ဒီ့ ယန်မျိုးနွယ်အဖွဲ့၀င်ရဲ့မျက်နှာပေါ်မှာ ကောင်းကင်ကြီးပြိုကျတာကို မြင်လိုက်ရသလို ထိတ်လန့်မှုတွေ ပြည့်နှက်နေခဲ့တယ်။

"ဘာတွေဖြစ်နေလို့လဲ"

ယန်ချီက ဘယ်သူများထပ်လာတာလဲလို့ သိချင်သွားခဲ့တယ်။

အဲ့ဒီ့အချိန်မှာတော့ ယန်မျိုးနွယ် ခြံ၀န်းထဲမှာရှိတဲ့လူတိုင်းက ထိတ်လန့်နေတဲ့လူငယ်ကို ကြည့်လိုက်ကြတယ်။

"အပြင်မှာ.....အပြင်မှာ အလွန်တရာ အစွမ်းထက်သူနှစ်ယောက် ရောက်လာတယ်"

ယန်မျိုးနွယ် အဖွဲ့၀င်လည်း ယန်ချီကိုကြောက်လန့်စွာနဲ့ ပြောလိုက်တယ်။

ဒီစကားကိုကြားပေမယ့်လည်း ယန်ချီရဲ့မျက်နှာပေါ်မှာတော့ ဘာမှပြောင်းလဲခြင်း မရှိပါဘူး။

သူ့ရဲ့စိတ်ထဲမှာတော့ သူ့ထက်ပိုပြီး အစွမ်းထက်တဲ့သူမရှိနိုင်ဘူးလို့ ယုံကြည်နေခဲ့တယ်။

"သွားပြီးတော့ အထဲကိုခေါ်ခဲ့"

ယန်ချီက အလွန်တရာ အစွမ်းထက်သူတွေကို မြင်ချင်ခဲ့တယ်။

ခြံ၀န်းထဲမှာရှိနေတဲ့လူတိုင်းကတော့ ဘယ်လိုအစွမ်းထက်တဲ့သူရောက်လာမလဲဆိုပြီး မျှော်လင့်နေခဲ့ကြတယ်။

"လင်ဂိုဏ်းခေါင်းဆောင် ကျန်၀ူယီ ရောက်လာပါပြီ"

"ကောင်းကင်ကြယ်အင်ပါယာ အင်ပါယာယီယွင် ရောက်လာပါပြီ"

"ဟူး....."

ယန်မျိုးနွယ် ခြံ၀န်းထဲမှာရှိတဲ့လူတိုင်း ပင့်သက်ရှိုက်မိလိုက်ကြတယ်။သူတို့တွေ ခေါင်းကိုက်လုမတတ် စဥ်းစားခဲ့ပေမယ့်လည်း သူတို့နှစ်ယောက်ဖြစ်လိမ့်မယ်လို့ မထင်မိခဲ့ကြပါဘူး။

"အင်ပါယာ ယီယွင် နဲ့ လင်ဂိုဏ်းခေါင်းဆောင်တို့ရောက်လာကြတာလား"

ယန်ချီလည်း အနည်းငယ် မှင်သက်သွားမိတယ်။

တကယ်တမ်းလည်း သူက အင်ပါယာနဲ့ ဂိုဏ်းခေါင်းဆောင်ရောက်လာလိမ့်မယ်လို့ မထင်ထားမိပါဘူး။

ခဏအကြာမှာတော့ အင်ပါယာယီယွင် နဲ့ ဂိုဏ်းခေါင်းဆောင် ကျန်၀ူယီတို့ ရောက်လာခဲ့ကြတယ်။

"အင်ပါယာ......ဂိုဏ်းခေါင်းဆောင် ကျန်...."

ယန်မျိုးနွယ်ခြံ၀န်းထဲမှာရှိတဲ့လူတိုင်းက အင်ပါယာယီယွင်နဲ့ လင်ဂိုဏ်းခေါင်းဆောင် ကျန်၀ူယီကိုမြင်လိုက်တော့ မရည်ရွယ်ပဲ ရေရွတ်လိုက်မိကြတယ်။

"ယန်ချီ...."

အင်ပါယာယီယွင်က ယန်ချီကိုပြုံးပြီး နှုတ်ဆက်လိုက်တယ်။

"အင်ပါယာ ....ဒီီကိုရောက်လာလိမ့်မယ်လို့ မမျှော်လင့်မိဘူး"

ယန်ချီလည်း ပြုံးကာ ပြောလိုက်တယ်။

အင်ပါယာယီယွင်လည်း ခဏလောက်စဥ်းစားပြီး ပြောလိုက်တယ်။

"ဒီတစ်ကြိမ် ငါလာတာက အင်ပါယာနန်းတော်ကနေ စိတ်၀ိဉာဥ်နည်းစနစ်တွေနဲ့ ဆေး၀ါးတွေအများကြီး ယူလာခဲ့တယ်။အဲ့ဒီ့ထဲက အချို့က အဖိုးထိုက်တန်တယ်"

အင်ပါယာကပြောလိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းကာ အချက်ပြလိုက်တယ်။

အဲ့ဒီ့အခါမှာ ရာချီတဲ့စစ်သားတွေက ကြီးမားတဲ့သေတ္တာတစ်ဒါဇင်လောက်ကို သယ်ဆောင်လာခဲ့ကြတယ်။

သေတ္တာကြီးတွေကိုဖွင့်ကြည့်ပြီးနောက် ခြံ၀န်းထဲမှာရှိတဲ့လူတိုင်းက သေတ္တာကြီးတွေထဲမှာ ဘာတွေပါလဲဆိုပြီး ကြည့်လိုက်ကြတယ်။

"အ၀ါရောင်အဆင့် အဆင့်မြင့် စိတ်၀ိဉာဥ်နည်းစနစ် ၊ မြေကမ္ဘာအဆင့် အဆင့်နိမ့် စိတ်၀ိဉာဥ်နည်းစနစ် နဲ့ မြေကမ္ဘာအဆင့် အလယ်အလတ် စိတ်၀ိဉာဥ်နည်းစနစ်...."

"ချိုရွယ်ဆေးလုံး၊ ဟွိုင်လင်ဆေးလုံး၊ ချင်လီဆေးလုံး၊ ဂူလင်ဆေးလုံး....."

ခြံ၀န်းထဲမှာရှိတဲ့လူတိုင်း မှင်သက်သွားကြတယ်။

🐼🐼🐼🐼🐼🐼

Chapter 568 - အမြင့်ဆုံး ဆုလာဒ်

ယန်မျိုးနွယ်က လူတွေကတော့ ဒီမြင်ကွင်းကြောင့် ပိုပြီး ပျော်ရွှင်သွားခဲ့ကြတယ်။

ဒီစိတ်၀ိဉာဥ်နည်းစနစ်တွေနဲ့ ဆေးလုံးတွေကြောင့် သူတို့ ယန်မျိုးနွယ်ကပိုပြီး မြင့်တက်လာနိုင်ပါတယ်။

ယန်ချီလည်း သက်ပြင်းတစ်ချက် ရှိုက်လိုက်မိတယ်။

သူမွေးဖွားခဲ့တဲ့အခြေအနေကို အင်ပါယာက သိခဲ့ရပါတယ်။

"ဒါနဲ့ စကားမစပ် ယန်ချီ....လူရှင်းတဲ့နေရာတစ်ခုမှာ စကားပြောကြမယ်"

အင်ပါယာယီယွင်က ယန်ချီကို ပြောလိုက်တယ်။

အင်ပါယာတစ်ယောက် ဘာတွေဖြစ်နေလဲဆိုတာ နားမလည်တာကြောင့် အံ့အားသင့်နေခဲ့တယ်။

"မင်းလည်း ငါတို့နဲ့ လိုက်ခဲ့လိုက်"

အင်ပါယာယီယွင်က ကျိုးဇီကိုကြည့်ပြီး ပြောလိုက်တယ်။

ကျိုးဇီလည်း မှင်သက်သွားခဲ့တယ်။

အင်ပါယာက သူတို့နဲ့အတူ သူမကိုခေါ်လိမ့်မယ်လို့ မထင်မိပါဘူး။

ချက်ချင်းပင် သူတို့တွေက လူသူရှင်းတဲ့နေရာတစ်ခုကို ရောက်သွားခဲ့တယ်။

အင်ပါယာ ၊ ကျန်၀ူယီ ၊ ယန်ချီ နဲ့ ကျိုးဇီ တို့လေးယောက်ပါ။

"အင်ပါယာ ဘာတွေဖြစ်နေလို့လဲ"

ယန်ချီက အင်ပါယာကို သိချင်စိတ်ပြင်းပြစွာနဲ့ မေးလိုက်တယ်။

"ဒါနဲ့...." အင်ပါယာက ကျိုးဇီကိုကြည့်ပြီး မေးလိုက်တယ်။ "မင်းက အလယ်ပိုင်းနယ်မြေ ကောင်းကင်ဓားဂိုဏ်းကလား"

ကျိုးဇီလည်း အင်ပါယာရဲ့မေးခွန်းကိုကြားတော့ အံ့အားသင့်သွားခဲ့တယ်။

အင်ပါယာ ဒီမေးခွန်းကိုမေးလိမ့်မယ်လို့ သူမ မထင်ထားမိဘူးလေ။

"အင်ပါယာ....ဘယ်လိုလုပ်ပြီး သူမကိုသိတာလဲ"

"မင်းရဲ့အဖေက ငါ့ဆီကိုရောက်လာပြီး မင်းကိုကာကွယ်ပေးဖို့ တောင်းဆိုသွားတယ်။မင်းက ယန်ချီက အတူတူနေတာဆိုတော့ ငါ မင်းကို မစိုးရိမ်တော့ပါဘူး"

အင်ပါယာ ယီယွင်က ပြောလိုက်တယ်။

ကျိုးဇီလည်း နောက်ဆုံးတော့ နားလည်သွားခဲ့တယ်။

သူမရဲ့အ​ဖေဖြစ်သူက ကောင်းကင်ဓားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ပါ။

သတ်ဖြတ်သူ စိတ်၀ိဉာဥ်အင်ပါယာကလည်း ကောင်းကင်ဓားဂိုဏ်းရဲ့အကြီးအကဲတစ်ဦးမှန်း ယန်ချီသိပါတယ်။

"မင်းရဲ့အဖေက ကျုံနန်ကတော့ တံဆိပ်ပြားတစ်ခုကိုပေးပြီး မင်းပတ်၀န်းကျင်က လူတွေကိုပေးဖို့ တောင်းဆိုထားတယ်"

အင်ပါယာယီယွင်က ထပ်ပြောလိုက်တယ်။

"ကျုံနန်ကျောင်း"

ယန်ချီက သူ့အနေနဲ့ ကျုံနန်ကျောင်းဆိုတဲ့စကားလုံးကိုကြားတဲ့အခါ စိတ်လှုပ်ရှားသွားခဲ့တယ်။

ဘာကြောင့်လဲဆိုတော့ ကောင်းကင်အဆင့် အဆင့်မြင့်စိတ်၀ိဉာဥ်လက်နက် ဟိုတျန်းနတ်ဆိုးတူက ကျုံနန်ကျောင်းရဲ့သိုင်းမျှော်စင်မှာ ရှိတာကြောင့်ပါ။

"အဲ့ဒါက စီနီယာအတွက်လား"

"ဟုတ်တယ်"

အင်ပါယာက ခေါင်းညိတ်လိုက်တယ်။

ပြောပြီးနောက် အင်ပါယာယီယွင်က ယန်ချီကို ကျုံနန်ကျောင်းရဲ့တံဆိပ်ပြားကို ပေးလိုက်တယ်။

ယန်ချီက သူ့ကိုယ်သူ ကံကောင်းသူတစ်ယောက်လို့တွေးလိုက်ပြီး တံဆိပ်ပြားကို လှမ်းယူလိုက်တယ်။

ဒီတံဆိပ်ပြားနဲ့ဆိုရင် သူက ကျုံနန်ကျောင်းကို ၀င်ရောက်နိုင်မှာပါ။

သူက ကောင်းကင်အဆင့် အဆင့်မြင့်စိတ်၀ိဉာဥ်လက်နက် ဟိုတျန်းနတ်ဆိုးတူကိုရှာဖွေဖို့ရောက်လာခဲ့ပြီး သူ့ရဲ့ခန္ဓာကိုယ်နဲ့ပေါင်းစည်းပြီးနောက် လိုအပ်တဲ့စိတ်၀ိဉာဥ်လက်နက်ကို ရရှိတော့မယ့်အတွက် ပျော်ရွှင်နေခဲ့တယ်။

ကျိုးဇီရဲ့ဖြူလွှလွှမျက်နှာထက်မှာတော့ အံ့အားသင့်တဲ့အငွေ့အသက်တွေပေါ်လွင်နေခဲ့ပြီး ယန်ချီကိုကြည့်ကာ ပြောလိုက်တယ်။

"စီနီယာ....ကျွန်မ ကျုံနန်ကျောင်းကို သွားလို့ရပြီ။အခု ကျွန်မတို့တွေ အတူတူ သွားရအောင်"

ယန်ချီတစ်ယောက် တိတ်တဆိတ် သက်ပြင်းချမိလိုက်တယ်။

ဒီလိုအကြောင်းတွေးရတာ ပျော်စရာမကောင်းပါဘူး။

"ယန်ချီ မင်းက စိတ်၀ိဉာဥ်ကုန်းမြေမှာ ပါရမီအရှိဆုံးလူတစ်ယောက်ဖြစ်နေပြီဆိုတော့ မင်းရဲ့အနာဂတ်ကလည်း အဆုံးမရှိဘူး။မင်က ပိုမိုကျယ်ပြန့်တဲ့ လောကကြီးကို သွားရောက်သင့်တယ်"

အင်ပါယာယီယွင်က ယန်ချီကိုပြောလိုက်တယ်။

ယန်ချီလည်း ဒီကိစ္စကိုသိပါတယ်။လူတွေက ပိုပြီးမြင့်မားတဲ့နေရာကို သွားကြသလို ရေတွေကလည်း နိမ့်ကျတဲ့နေရာကို စီးဆင်းတတ်ပါတယ်။စိတ်၀ိဉာဥ်ကုန်းမြေမှာရှိတဲ့လူတိုင်းက ငါ့အကြောင်း မသိသွားမှာစိုးရိမ်မိတယ်။

နောက်တစ်ရက်ရောက်တော့ ယန်မျိုးနွယ်ကိုရောက်လာကြတဲ့ အစွမ်းထက်လူတွေအားလုံး ပြန်သွားကြပါပြီ။

ကျိုးဇီ မှတပါး ကျန်တဲ့မိန်းကလေး လေးဦးကလည်း သက်ဆိုင်ရာနေရာအသီးသီးကို ပြန်သွားခဲ့ကြတယ်။

ကျိုးဇီကလည်း ယန်ချီကို တုန့်ဆိုင်းစွာနဲ့ကြည့်ပြီး မေးလိုက်တယ်။

"စီနီယာ ရှင်က တကယ်ကို ကျွန်မနဲ့အတူ ကျုံနန်ကျောင်းကို မသွားချင်ဘူးလား"

ကျိုးဇီက ယန်ချီကို သနားစဖွယ်အမူအယာနဲ့ မေးလိုက်တာပါ။

တကယ်တော့ သူမက ယန်ချီနဲ့အတူ အလယ်ပိုင်းနယ်မြေကို အတူ ပြန်ချင်ခဲ့တယ်။

"မင်း အရင်ပြန်လိုက်လေ။နောက်ပိုင်းကျရင် ငါ လိုက်ခဲ့မယ်"

ယန်ချီက ကျိုးဇီကိုကြည့်ပြီး ပြောလိုက်တယ်။

ကျိုးဇီလည်း ခေါင်းညိတ်လိုက်ပြီးနောက် ချက်ချင်းပင် ထွက်ခွာသွားခဲ့တယ်။

ယန်ချီကတော့ ယန်မျိုးနွယ်စံအိမ်မှာ ရှိနေတုန်းပါပဲ။

သူက ယန်မျိုးနွယ်စံအိမ်မှာ ရက်အနည်းငယ်လောက် ဆက်နေခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် သူ ဒီတစ်ကြိမ် ထွက်သွားပြီးရင် ဘယ်အချိန်ပြန်လာနိုင်မလဲဆိုတာ မသိနိုင်ဘူးလေ။

ညအချိန်မှာတော့ ကြယ်ရောင်တွေက လင်းလက်နေခဲ့တယ်။

ယန်ချီကတော့ ခြံ၀န်းထဲမှာရှိတဲ့ ကျောက်တုံးခုံလေးမှာ ထိုင်နေခဲ့တယ်။

ရုတ်တရက် ယန်ခိုင်တစ်ယောက် သူ့သားဆီကို လျှောက်လာခဲ့တယ်။

ယန်ခိုင်က တကယ်ဆိုရင် ယန်ချီနဲ့သွေးချင်းမဆက်နွှယ်ပေမယ့်လည်း ဒီလောကမှာ ယန်ချီရဲ့အဖေ ဖြစ်နေတာပါ။

"အဖေ ရောက်လာပြီလား"

ယန်ချီက ယန်ခိုင်ကို နှုတ်ဆက်လိုက်တယ်။

ယန်ခိုင်တစ်ယောက် ခေါင်းညိတ်ပြလိုက်တယ်။

ယန်ခိုင်လည်း ၀င်ထိုင်ပြီးနောက် ယန်ချီကိုကြည့်လိုက်တယ်။

"သား...ငါ့ဘ၀ရဲ့အကြီးကျယ်ဆုံး ဂုဏ်ယူမှုက ဘာလဲဆိုတာ သိလား"

"အဲ့ဒါက ဘာလဲ"

"ငါ့မှာ မင်းလိုသားတစ်ယောက်ကို မွေးခဲ့လို့ပဲ"

ယန်ချီတစ်ယောက် ဒီစကားကြောင့် တိတ်တဆိတ် ခါးသီးစွာ ပြုံးလိုက်မိတယ်။တကယ်တော့ ငါက မင်းရဲ့သား မဟုတ်ဘူးလေ။

🐼🐼🐼🐼🐼🐼🐼

Chapter 569 - ငါ့ဓားချက်က ဘယ်လောက်ထိ ရောက်နိုင်လဲ သိလား

နောက်တနေ့ နေရောင်ထွက်လာတဲ့အချိန်မှာပဲ ယန်ချီကို ယန်မျိုးနွယ်လူငယ်တွေက ၀န်းရံပြောဆိုနေကြတယ်။

"အစ်ကိုကြီး ယန်ချီ.....အစ်ကိုကြီးရဲ့စွမ်းအားကို ကျွန်တော်တို့ကိုပြနိုင်မလား"

မိန်းကလေးတစ်ယောက်က ယန်ချီကို ပြောလိုက်တယ်။

ယန်မျိုးနွယ်ခြံ၀န်းထဲမှာရှိတဲ့လူငယ်တိုင်း ယန်ချီကိုကြည့်နေခဲ့ကြတယ်။

သူတို့ရဲ့မျက်နှာထက်မှာတော့ မျှော်လင့်နေတဲ့အမူအယာတွေနဲ့ပါ။

"မင်းတို့တွေက ငါ့ရဲ့စွမ်းအားကို တကယ်မြင်ချင်တာလား"

"ဟုတ်ကဲ့"

ယန်ချီက ခဏလောက်စဥ်းစားလိုက်ပြီးနောက် သူ့လက်ကိုနောက်ကျောရှိ ဓလက်ကိုင်ပေါ်ကိုတင်ထားလိုက်တယ်။

ခြံ၀န်းထဲမှာရှိတဲ့ယန်မျိုးနွယ်လူငယ်တွေကတော့ သူတို့ရဲ့အာရုံကို ပုံမှန်ထက်ပိုပြီး စူးစိုက်ထားလိုက်ကြတယ်။

"၀ှစ်"

အေးစက်စက်အလင်း ဖျတ်ခနဲလက်သွားခဲ့ပြီး ဓားက ဓားအိမ်ထဲကနေ ထွက်လာခဲ့တယ်။

ယန်ချီက ကောင်းကင်အဆင့် အဆင့်မြင့် စိတ်၀ိဉာဥ်လက်နက် ဓားသွားတစ်ထောင်မှော်ဓားကို ဆွဲထုတ်လိုက်တယ်။

ခြံ၀န်းထဲမှာရှိနေကြတဲ့ ယန်မျိုးနွယ်လူငယ်တွေကတော့ ယန်ချီရဲ့လက်ထဲက ဓားသွားတစ်ထောင်မှော်ဓားကိုကြည့်ပြီး မှင်သက်သွားကြတယ်။

"အဲ့ဒါ....အဲ့ဒါ....အဲ့ဒါ..."

သူတို့တွေက ယန်ချီရဲ့လက်ထဲက ဓားကိုမြင်ပြီးနောက် ထိတ်လန့်သွားကြတယ်။

"ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွှယ်မှုလက်နက်"

သူတို့အားလုံး မိုးကြိုးပစ်ခံလိုက်ရသလို ထိတ်လန့်သွားကြတာပါ။သူတို့ ဆယ်ရက်ဆယ်ည စဥ်းစားမယ်ဆိုရင်တောင် ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွှယ်မှုလက်နက်ကို မြင်ရလိမ့်မယ်လို့ ဘယ်လိုမှမထင်မိပါဘူး။

အချိန်အတော်ကြာ ထိတ်လန့်သွားကြပြီးနောက် နောက်ဆုံးမှာတော့ ယန်မျိုးနွယ်လူငယ်တွေအားလုံး သတိပြန်၀င်လာခဲ့ကြတယ်။သူတို့အားလုံးက အခုဆိုရင် ယန်ချီက ကောင်းကင်ကြယ်အင်ပါယာမှာ အစွမ်းအထက်ဆုံး စိတ်၀ိဉာဥ်ပညာရှင်ဖြစ်နိုင်တယ်လို့ တွေးမိလိုက်ပြတယ်။

သူတို့တွေက ကောင်းကင်အဆင့် အဆင့်မြင့် စိတ်၀ိဉာဥ်လက်နက်ကို စူးစိုက်ကြည့်နေခဲ့တယ်။

"မင်းတို့အရှေ့မှာရှိတဲ့ ကျောက်တုံးကြီးကို မြင်ကြလား"

ယန်ချီက မနီးမဝေးမှာရှိတဲ့ ဂျင်တစ်သောင်းလောက်လေးသောကျောက်တုံးကြီးကိုကြည့်ပြီး မေးလိုက်တယ်။

"ဟုတ်ကဲ့ မြင်ပါတယ်"

ခြံ၀န်းထဲမှာရှိနေတဲ့ ယန်မျိုးနွယ်လူငယ်တွေအားလုံးက ခေါင်းညိတ်လိုက်ကြတယ်။

"ယုံချင်ယုံ မယုံချင်နေ။ငါ ဘယ်လိုလှုပ်ရှားလိုက်လဲဆိုတာ မင်းတို့တွေ မမြင်ရဘဲ အဲ့ဒီ့ကျောက်တုံးကြီးက အမှုန့်ဖြစ်သွားစေရမယ်"

ယန်ချီက လူငယ်တွေကိုပြောလိုက်တယ်။

လူငယ်တွေလည်း ယန်ချီရဲ့စကားကိုကြားတဲ့အခါ မှင်သက်သွားကြပြန်တယ်။

သူတို့တွေကတော့ ယန်ချီက ကောင်းကင်ကြယ်အင်ပါယာမှာ အစွမ်းအထက်ဆုံး စိတ်၀ိဉာဥ်ပညာရှင်ဖြစ်ပေမယ့်လည်း ဒီကိစ္စက အနည်းငယ် စိတ်ကူးယဥ်ဆန်လွန်းတယ်လို့ တွေးနေမိကြတယ်။

လူငယ်လေးတွေရဲ့မျက်နှာပေါ်က အမူအယာကိုမြင်ပြီးနောက် ယန်ချီက တိတ်တဆိတ် ခေါင်းခါလိုက်တယ်။ဒီလူငယ်လေးတွေရဲ့အမြင်က အားနည်နေသေးတယ်လို့ တွေးလိုက်မိတယ်။

သူတို့တွေက အစွမ်းထက်စိတ်၀ိဉာဥ်ပညာရှင်တွေကို မမြင်ဖူးကြသေးတော့ အစွမ်းကို မသိကြတာ ထင်ရှားပါတယ်။

ယန်မျိုးနွယ်လူငယ်လေးတွေ မှင်သက်နေကြတဲ့အချိန်မှာပဲ ယန်ချီက ကောင်းကင်အဆင့် အဆင့်မြင့် အမြန်နှုန်းနည်းစနစ် မိုးကြိုးမှော်အရိပ်ခြေလှမ်းကို အသုံးပြုလိုက်တယ်။

ဒီအချိန်မှာတော့ ၀ှစ်ခနဲမြည်သံနဲ့အတူ ယန်ချီက နေရာကနေ ပျောက်ကွယ်သွားခဲ့တယ်။

မနီးမဝေးမှာရှိတဲ့ကျောက်တုံးကြီးကတော့ အမှုန့်အဖြစ် ပြောင်းလဲသွားခဲ့တယ်။

"၀ိုး"

သူတို့အရှေ့က မြင်ကွင်းကိုကြည့်ပြီးနောက် ခြံထဲမှာရှိတဲ့ယန်မျိုးနွယ်လူငယ်တိုင်း မှင်သက်သွားကြတယ်။

အစောပိုင်းမှာ သူတို့တွေက ယန်ချီပြောတာ အမှန်တွေလို့ မထင်မိကြပါဘူး။

အခုတော့ သူတို့တွေက မဖြစ်နိုင်တဲ့တစ်ခုကို မြင်လိုက်ရသလို ယန်ချီကို မှင်သက်စွာကြည့်နေခဲ့ကြတယ်။

"ဒါနဲ့ စကားမစပ် ငါက ဓားတစ်ချက်ထဲနဲ့ပိုင်းဖြတ်လိုက်တာ ဘယ်လောက်ဝေးတယ်လို့ ဘယ်သူပြောနိုင်လဲ"

ယန်ချီက ယန်မျိုးနွယ်လူငယ်တွေကိုကြည့်ပြီး မေးလိုက်တယ်။

ယန်မျိုးနွယ်လူငယ်တွေက ဒီစကားကိုကြားတော့ ခဏလောက်စဥ်းစားလိုက်ပြီး ပြောလိုက်တယ်။

"အစ်ကိုကြီး ယန်ချီ။ကျွန်မ မှန်းဆမိတာကတော့ ဆယ်ပေလောက်ပေါ့"

မိန်းကလေးတစ်ယောက်က ယန်ချီကိုကြည့်ပြီး လက်ကိုဖြန့်ပြကာ ပြောလိုက်တယ်။

"မဟုတ်သေးဘူး"

ယန်ချီက ခေါင်းခါပြလိုက်တယ်။

"ပေ နှစ်ဆယ်"

"မရသေးဘူး"

"ပေ သုံးဆယ်"

"မဟုတ်သေးဘူး"

ယန်ချီက ခေါင်းခါလိုက်ပြန်တယ်။

ခြံ၀န်းထဲမှာရှိတဲ့ ယန်မျိုးနွယ်လူငယ်တွေအားလုံး ယန်ချီကြောင့် ထိတ်လန့်ကုန်ကြတယ်။

"အဲ့ဒါဆိုရင် အစ်ကိုကြီး ယန်ချီ ဘယ်လောက်လဲ"

မိန်းကလေးရဲ့စကားမဆုံးခင်မှာပဲ ယန်ချီက ဓားကို ဝှေ့ယမ်းလိုက်တယ်။

ကြောက်မက်ဖွယ်ကောင်းတဲ့ ဓားအလင်းတစ်ခုက ဓားသွားတစ်ထောင်မှော်ဓားဆီကနေ ထွက်ပေါ်လာခဲ့တယ်။

အဲ့ဒီ့ကြောက်မက်ဖွယ်ကောင်းတဲ့ ဓားအလင်းက ၇၁၀ ပေ ရှည်လျားနေတယ်။

"အိုး....ဘုရားရေ"

ခြံ၀န်းထဲမှာရှိနေတဲ့ ယန်မျိုးနွယ်လူငယ်တွေအားလုံး မိုးကြိုးအပစ်ခံလိုက်ရသလို ဖြစ်သွားခဲ့ကြပြီး သူတို့ရဲ့မျက်လုံးတွေကလည်း အပြူးကျယ်ဆုံးဖြစ်သွားကြကာ ပါးစပ်တွေလည်း အဟောင်းသားဖြစ်သွားကြတယ်။

"ဒါက အစွမ်းထက်သူတစ်ယောက်ရဲ့စွမ်းအားလား"

အခြားတစ်နည်းပြောရမယ်ဆိုရင် သူတို့တွေက ယန်ချီလိုလူနဲ့ ပေ ၇၀၀ကျော်မှာ ရင်ဆိုင်ရမယ်ဆိုရင် အသက်ရှင်လွတ်မြောက်ဖို့အခွင့်အရေးမရှိဘူးလို့ ဆိုလိုနေတာပါပဲ။

ဒါက တကယ်ကို ကြောက်စရာကောင်းတဲ့ အကွာအဝေးတစ်ခုပဲ။

🐼🐼🐼🐼🐼🐼🐼🐼

Chapter 570 - အလယ်ပိုင်းဒေသ

ခြံထဲမှာရှိနေကြတဲ့ ယန်မျိုးနွယ်လူငယ်တွေကတော့ ယန်ချီကို ထိိတ်လန့်စွာနဲ့ ကြည့်လိုက်မိကြတယ်။

သူတို့တွေက ယန်ချီရဲ့အစွမ်းက ကြောက်ဖို့ကောင်းတယ်လို့ ဒီမတိုင်ခင်က တွေးထားမိပေမယ့်လည်း အခုတော့ သူတို့တွေးထင်ထားတာထက်ပိုပြီး ကြောက်မက်ဖွယ်ကောင်းနေလိမ့်မယ်လို့ မထင်မိပါဘူး။

ယန်မျိုးနွယ်လူငယ်အားလုံးက ယန်ချီကိုလေးစားအားကျတဲ့အကြည့်တွေနဲ့ ကြည့်နေခဲ့ကြတယ်။

သူတို့ရဲ့စိတ်ထဲမှာတော့ ယန်ချီက ဒီလောကမှာ အစွမ်းအထက်ဆုံး စိတ်၀ိဉာဥ်ပညာရှင်တစ်ယောက်ပါ။

ယန်ချီ ယန်မျိုးနွယ်မှာ သုံးရက်ခန့်နေထိုင်ပြီးနောက် အလယ်ပိုင်းဒေသဆီကို ထွက်လာခဲ့တယ်။

အလယ်ပိုင်းဒေသဆိုတာ စိတ်၀ိဉာဥ်ကုန်းမြေမှာ အကြီးမားဆုံးနယ်မြေဖြစ်ပြီး အစွမ်းအထက်ဆုံးနယ်မြေလည်း ဖြစ်ပါတယ်။

သာမန်လူတစ်ယောက်အနေနဲ့ သူတို့ရဲ့တစ်သက်တာမှာ အလယ်ပိုင်းနယ်မြေကိုဆုံးအောင် ခရီးနှင်ဖို့ မဖြစ်နိုင်ပါဘူး။

ယန်ချီက အခုဆိုရင် အလယ်ပိုင်းဒေသမှာရှိတဲ့ အမည်မသိ တောင်ကုန်းတစ်ခုပေါ်ရောက်နေခဲ့တယ်။

ယန်ချီအနေနဲ့ အလယ်ပိုင်းနယ်မြေကိုလာရတဲ့ ပထမအချက်ကတော့ ကောင်းကင်အဆင့် အဆင့်မြင့်စိတ်၀ိဉာဥ်လက်နက် ဟိုတျန်းနတ်ဆိူးတူအတွက်ပါ။

ကျိုးဇီရဲ့စကားအရ ကောင်းကင်အဆင့် အဆင့်မြင့် စိတ်၀ိဉာဥ်လက်နက် ဟိုတျန်းနတ်ဆိုးတူက ကျုံနန်​ကျောင်းရဲ့သိုင်းပညာမျှော်စင်မှာရှိတယ်လို့ ကြားခဲ့ရတယ်။

သူက ကျုံနန်ကျောင်းက ဘယ်မှာရှိတယ်ဆိုတာ မသိပေမဲ့လည်း သူ့စိတ်ထဲမှာရှိတဲ့ စိတ်၀ိဉာဥ်လက်နက်တည်နေရာပြထားတဲ့အတိုင်း သွားမယ်ဆိုရင် ရောက်နိုင်ပါတယ်။

ယန်ချီက လမ်းပေါ်မှာ ဆက်လျှောက်ဖို့အသင့်ဖြစ်တဲ့အခါ ဆန်းကြယ်တဲ့စိတ်၀ိဉာဥ်စွမ်းအားကို ခံစားမိလိုက်တယ်။

ဒီအတွက် ယန်ချီတစ်ယောက် တိတ်တဆိတ် ထိတ်လန့်သွားမိတယ်။

"ဒီတောင်ကုန်းပေါ်မှာ ဒီလိုအစွမ်းထက်တဲ့ စိတ်၀ိဉာဥ်စွမ်းအားက ဘယ်လိုဖြစ်ပြီး ရှိနေတာလဲ"

သူ့ရဲ့အမြင်အရ ဒီကိစ္စက အလွန်တရာ မယုံနိုင်စရာကောင်းတဲ့ကိစ္စပါ။

စိတ်၀ိဉာဥ်ကုန်းမြေမှာ သာမန်လူတွေဖြစ်ဖြစ် စိတ်၀ိဉာဥ်ပညာရှင်တွေဖြစ်ဖြစ် စူးစမ်းချင်သူတွေအပြည့်ပါ။

ယန်ချီလည်း ချွင်းချက် မဟုတ်ပါဘူး။

သူက ဒီတောင်ပေါ်မှာ ဘယ်လိုအစွမ်းထက် စိတ်၀ိဉာဥ်ပညာရှင်ရောက်နေတာလဲဆိုတာ မြင်ချင်နေခဲ့တယ်။

ဒါကြောင့် သူက စိတ်၀ိဉာဥ်စွမ်းအားတွေ သိပ်သည်းစွာထွက်ပေါ်နေတဲ့နေရာဆီသို့ ဦးတည်လျှောက်လာကြတယ်။

"ဖြစ်နိုင်တာ တစ်ခုက...."ယန်ချီအနေနဲ့ အံ့အားသင့်ဖွယ်ကောင်းတဲ့ ဖြစ်နိုင်တာတစ်ခုကို တွေးမိလိုက်တယ်။အဲ့ဒါကတော့ ဒီတောင်ကုန်းမှာ အစွမ်းထက် စိတ်၀ိဉာဥ်ပညာရှင်တစ်ယောက်က အဆင့်ချိုးဖြတ်နေတာလား။

အဲ့ဒီ့နောက် ယန်ချီက ဆက်လျှောက်သွားတဲ့အခါ နောက်ဆုံးမှာတော့ သစ်ပင်ကြီးလေးပင်ကြီးမှာ ရှင်းလင်းနေတဲ့မြေပြင်တစ်ခုကို ရောက်သွားခဲ့တယ်။

အဲ့ဒီ့နေရာကို အစွမ်းထက်စိတ်၀ိဉာဥ်စွမ်းအားတွေ လွှမ်းခြုံနေခဲ့တယ်။

ယန်ချီက ဒီနေရာမှာ အစွမ်းထက် စိတ်၀ိဉာဥ်ပညာရှင်တစ်ယောက် အဆင့်ချိုးဖြတ်နေတယ်လို့ တွေးမိလိုက်တယ်။

ယန်ချီက အဆင့်ချိုးဖြတ်နေသူက စိတ်၀ိဉာဥ်အင်ပါယာအဆင့်ဖြစ်မှာကို စိုးကြောက်နေခဲ့တယ်။

သူက အလျင်စလို နှောင့်ယှက်ဖို့မရှိပါဘူး။အကယ်၍ သူ့ကြောင့်သာ စိတ်၀ိဉာဥ်အင်ပါယာအဆင့်က အဆင့်မချိုးဖြတ်နိုင်ဘူးဆိုရင် ဖြစ်လာမယ့်အကျိုးဆက်က မတွေးရဲလောက်ပါဘူး။

ဒီအတွက် ယန်ချီက စောင့်ဆိုင်းနေခဲ့တယ်။

အချိန်အတော်ကြာပြီးနောက် အစွမ်းထက် စိတ်၀ိဉာဥ်စွမ်းအားတွေက လျော့ကျလာခဲ့တယ်။

နောက်ဆုံးမှာတော့ စိတ်၀ိဉာဥ်စွမ်းအားတွေက ဖြေးညှင်းစွာ ပျောက်ကွယ်သွားပါတော့တယ်။

ဒါကြောင့် ယန်ချီက ရှင်းလင်းတဲ့နေရာမှာထိုင်နေတဲ့လူတစ်ယောက်ကို မြင်လိုက်ရတယ်။

သူ့အရှေ့မှာပေါ်လာသူက အသက် ခုနှစ်ဆယ်လောက်ရှိတဲ့ အဖိုးအိုတစ်ယောက်ပါ။

အဖိုးအိုက အနည်းငယ်ပိန်ပါးပြီး မျက်လုံးတွေက လင်းယုန်တစ်ကောင်အလား စူးရှနေခဲ့ပြီး မျက်နှာကနေလည်း အရှိန်အ၀ါတစ်မျိုး ထုတ်လွှတ်နေခဲ့တယ်။

အဖိုးအိုရဲ့ရင်ဘတ်မှာချိတ်ဆွဲထားတဲ့ ရွှေရောက်ကြယ်ကိုးလုံး တံဆိပ်ပြားကိုကြည့်ပြီး ယန်ချီက သူ့မှန်းဆချက်မှန်သွားပြီဆိုတာ သိလိုက်တယ်။

ဒီအသက် ခုနှစ်ဆယ်ကျော်အဖိုးကြီးက တကယ်ကို စိတ်၀ိဉာဥ်အင်ပါယာအဆင့်ပါ။

ဒီအဖိုးအိုရဲ့အာရုံခံနိုင်စွမ်းက အလွန်အားကောင်းတာကြောင့် ယန်ချီရောက်ရှိနေတာကို သတိပြုမိလိုက်တယ်။

"ဂျူနီယာ....မင်းက ဘာကြောင့် ငါ့အရှေ့ကို ရောက်လာတာလဲ"

အဖိုးအိုရဲ့မျက်လုံးကနေ အလင်းရောင်တစ်ချက် ဖျတ်ခနဲလက်သွားခဲ့ပြီး မေးလိုက်တယ်။

ယန်ချီကတော့ စိတ်၀ိဉာဥ်အင်ပါယာက တကယ်ကို အစွမ်းထက်တာပဲလို့ တွေးလိုက်မိတယ်။

"စီနီယာ ကျွန်တော်က ဒီနေရာကို ဖြတ်သွားတာပါ။ဒီနေရာမှာ အစွမ်းထက် စိတ်၀ိဉာဥ်စွမ်းအားတွေကို ခံစားမိတာကြောင့် လာကြည့်တာပါ"

ယန်ချီရဲ့စကားတွေကိုကြားပြီးနောက်မှာတော့ အဖိုးအိုအနေနဲ့ နားလည်သွားခဲ့တယ်။

ဒါပေမယ့်လည်း အဖိုးအိုရဲ့မျက်နှာပေါ်မှာတော့ သံသယအချို့ ရှိနေဆဲပါ။

အဲ့ဒါကတော့ သူ့ရင်ဘတ်က တံဆိပ်ပြားကြောင့်ပါ။

အခြားဂျူနီယာလေးတွေက သူ့ရင်ဘတ်မှာချိတ်ဆွဲထားတဲ့ တံဆိပ်ပြားကိုမြင်တဲ့အခါ သူတို့တွေက အလွန်ကြောက်ရွံ့သွားကြပေမယ့်လည်း ဒီလူငယ်ကတော့.....။

ဒီအတွက် အဖိုးအိုက ယန်ချီကို အနည်းငယ်ထူးခြားနေတယ်လို့ ခံစားမိလိုက်တယ်။

"ဂျူနီယာ မင်းရဲ့နာမည်က...."

အဖိုးအိုက ယန်ချီကို စူးစိုက်ကြည့်ပြီး မေးလိုက်တယ်။

"ယန်ချီပါ"

ယန်ချီလည်း သူ့နာမည်ကိုဖုံးကွယ်ထားစရာမလိုဘူးလို့တွေးမိလိုက်တာကြောင့် အမှန်အတိုင်း ပြောလိုက်တယ်။

"ယန်ချီလား"

အဖိုးအိုက ခဏလောက်စဥ်းစားလိုက်ပြီးနောက် ယန်ချီဆိုတဲ့နာမည်က အလယ်ပိုင်းဒေသမှာရှိတဲ့ ပါရမီရှင်တစ်ယောက်မဟုတ်ဘူးဆိုတာ သိလိုက်တယ်။

စိတ်၀ိဉာဥ်အင်ပါယာအဆင့်ဖြစ်တဲ့သူက ယန်ချီကို အမှန်တကယ် ပါရမီရှင်တစ်ယောက်မှန်း မြင်နိုင်ခဲ့တယ်။

Zawgyi







































"ဘာကိစ်စလဲ"
















🐼🐼🐼🐼🐼🐼🐼🐼






























































🐼🐼🐼🐼🐼🐼





































































🐼🐼🐼🐼🐼🐼🐼




























































🐼🐼🐼🐼🐼🐼🐼🐼




















































Continue Reading

You'll Also Like

86.5K 10.2K 117
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
96.8K 13.1K 68
Title- Who Touched My Tail! Author- Xiao Xuan «筱玄» Total chapter - 206+ 5 Extra Start date : May - 26 -2022 End date : This is my first translatio...
21.4K 2.1K 38
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...