ကွန်ကရစ်လမ်းလေးတစ်လျှောက် ကုက္ကိုရွက်လေးတွေ ကျနေသည်မှာ ကြည်နူးစရာ တောအရပ်မို့ ထင်သည် လေတဖြူးဖြူးနဲ့သိပ်ကိုအေးမြလှသည်။နော်ထူးတယောက် တံတောင်ဆစ်ကွေးရွာလေးကိုသွားရင်း သိပ်ပျော်နေရှာသည်။ လမ်းကရှူခင်းများကို တဝကြီးငေးနေ၏..။
"နော်ထူး မမောဘူးလား ငါ့ညမရယ် ဖြေးဖြေးလျှောက်မှပေါ့"
"မမောပါဘူး ကိုကြီးရာ နော်ထူးပျော်လို့ပါ..နော်ထူးတို့ရန်ကုန်မှာဆို မွန်းကြပ်မှုတွေ အများကြီးကြားမှာရှင်သန်ရတာ ဒီလိုမဟုတ်ဘူးကိုကြီးရဲ့ ဒီမှာဆို အေးအေးလူလူနဲ့ သဘာဝအလှကို ခံစားလို့ရတယ်လေ"
"ဟူတ်ပါပြီကွာ...ဒါပေမယ့် ဖြေးဖြေးလျှောက် တော်ကြာ နင်ချော်လဲရင် ငါ့ကိုဆရာမသတ်လိမ့်မယ်"
"အမလေး..သူများဆရာမကို..ဆရာမကကြင်နာတတ်ပါတယ်နော် အဲ့လိုမလုပ်ပါဘူး..ဆရာမဆိုလို့နောက်တခါလာရင် ဆရာမကိုခေါ်လာချင်တယ်"
"လာခဲ့ပေါ့ဟ...ငါလဲကူပြောပေးမယ်"
"ဟုတ် ကျေးကျေး"
"ထားပါထားပါ ဆက်သွားမယ်"
အမှန်တိုင်းဆိုပါလျှင် ကျော်ကိုကိုနိုင်လဲ ဒီကလေးကိုခင်တွယ်မိပါသည် မိမိထက် လေးနှစ်လောက်ငယ်သည့်ထိုကလေးမကို ကိုယ့်ညမလိုစောင့်ရှောက်ပေးချင်မိသည်။ ထိုကလေးကလဲ ချစ်ဖို့ကောင်းအောင်နေတတ်သည်လေ။..
"မိထူးရေ"
"ရှင် ကိုကြီး"
"အရှေ့မှာ တံတောင်ဆစ်ကွေးရွာ တွေ့လား"
"တွေ့ပြီ ဟိုနားကအဝင်လား"
"အေးလေ"
"အော်"
"ကလေးတွေရှိတယ် ကျောက်ကျောရွက်တွေလဲပေါတယ် ငါတို့ဆော့ကြမလား"
"ဆော့မယ် ဆော့မယ် ဒါနဲ့ကျောက်ကျောရွက်ဆိုတာဘာလဲ"
"ကျောက်ကျောရွက်ဆိုတာက အရွက်တစ်မျိုးလေ"
"အရွက်ကတော့ ကိုကြီးပြောမှလား ဘယ်လိုဆော့တာလဲလို့သိချင်တာ နမည်က အဆန်းမို့လို့လေ ရိုးရိုး ထမင်းချက်တမ်းပဲကစားတာလား"
"အဲ့လိုတော့ဘယ်ဟုတ်မလဲဟ ဒါပေမယ့်ထမင်းချက်တမ်းကစားရင်တော့ သုံးလို့ရတယ် အဲ့အရွက်က နွယ်ပင်လေးလိုမျိုးပဲ အဲ့အရွက်ကို ခူးပြီးရင် သူ့ကိုရေသေချာတစ်ထပ်ဆေး ဆေးပြီးရင် ရေအနေတော် အရွယ်များရင် များသလောက် နည်းရင်နည်းသလောက် ရေအသင့်အတင့်ထည့်ရတာပေါ့"
"အင်း"
"ပြီးရင် အဲ့ရေထဲမှာ အရွက်ကို ဘယ်လိုပြောမလဲ ချေရတယ်ပေါ့ကွာ..မွှေလိုက်ချေလိုက်ပေါ့ အဲ့လိုလုပ်နေရတာ ပြီးလို့ နည်းနည်းကြာလာရင် သူက ခပ်ပြစ်ပြစ်အရည်တွေရလာရော အဲ့လိုရရင် ကိုယ်ထည့်ချင်တဲ့ပုံစံခွက်လေးထဲကိုထည့်လိုက် ပြီးရင် နေပူလှန်း နေပူလှန်းလို့ခြောက်သွားရင် သူက ကျောင်ကျောလိုဖြစ်သွားတာ"
"အော် မိုက်တယ်နော် နော်ထူးတို့အဲ့တာလုပ်ကြမယ် လုပ်တာက ဟုတ်ပါပြီ ကိုကြီးလုပ်ပေးနော် "
"အမယ် လုပ်ပေးစရာလား ကိုယ့်ဘာသာလုပ်ပေါ့"
"ကိုကြီးနော် အကျင့်မယုတ်နဲ့ နော်ထူးမှမလုပ်တတ်တာ လုပ်ပေးပါဂျာ"
"မလုပ်ပေးဘူး"
"ကိုကြီးနော်"
"ဘာလဲ"
"ဟင့် ကိုကြီးကလဲဂျာ ကိုယ့်ညမလေးကို အနိုင်မကျင့်ရဘူးလေ"
လက်မောင်းကိုကိုင်ကာ ချွဲနွဲ့၍ လိုချင်တာကိုပြောနေသောနော်ထူးကြောင့် ကျော်ကိုနိုင်မှာ ကျောက်ကျောလုပ်ပေးချင်သော်လဲ စကောင်း၍ စနေခြင်းဖြစ်သည်။
"ငါကျောက်ကျောလုပ်ပေးရင် ဘာရမှာလဲ"
ကျော်ကိုနိုင်ရဲ့ အမေးစကားမှာ နော်ထူးတစ်ယောက် လှုပ်ရှားမှုတို့ရပ်တန့်သွားသည်။တစ်ခုခုကိုစဉ်းစားနေဟန် ထို့နောက်ရုတ်တရက် လမ်းပေါ်ထိုက်ချကာ...
"ဗြဲ.....ကိုကြီးက အငယ်ကိုအနိုင်ကျင့်တာ အီးဟီး...သူပဲဇာတ်လမ်းစပြီးတော့...ကြီးကြီးနဲ့တိုင်မှာ.... နော်ထူးမိန်းမနဲ့လဲ တိုင်ပြောမယ်...အီးဟီး..ကြယ်စင့်ကိုလဲလှမ်းတိုင်မယ်.."
တစ်ခုခုကိုစဉ်းစားနေပြီးမှ ရုတ်တရက်ထငိုတော့ ကျော်ကိုနိုင် ဆွံ့အ သွားသည်။နောက်ပြီးအမေနဲ့ရော ဆရာမနဲ့ပါတိုင်မယ်ဆိုတော့ နွေခေါင်ခေါင် ခေါင်းပေါ်သို့မိုးကြိုးပစ်ချလိုက်သလိုပင် နော်ထူးကစနေလားမသိ မျက်ရည်လဲမထွက်ငိုနေ၏..။လမ်းမပေါ်ဖြစ်တာတကြောင့် ရွာဝင်လမ်းမို့ လူတစ်ယောက်စ နှစ်ယောက်စ ဆိုင်ကယ်ဖြင့်ဖြတ်သွားတာတစ်ကြောင့် ကျော်ကိုနိုင့်ကိုကလေးကိုအနိုင်ကျင့်တယ်ဟုထင်ကုန်ကြတော့မယ်..။
"ဟဲ့ မငိုနဲ့လေ နော်ထူး..အော်..ဒီကလေးမနှယ့်"
"မငိုစေချင်ရင် ကျောက်ကျော်လုပ်ပေးလေ...ကိုကြီးရဲ့..အီးဟီး...ကြယ်စင်ရေ နင့်အကိုငါ့ကိုအနိင်ကျင့်တယ်..ဟင့်.."
"ဟဲ့ မိထူးရေ...ထလို့...ငါကျောက်ကျောလုပ်ပေးပါ့မယ်ဟာ...မငိုပါနဲ့ဟာ..နော်လို့.နင်ငိုတေ့ာငါလဲငိုချင်တယ်လေဟာ"
စောင့်ကြောင့် ထိုင်ကာ ငိုနေသော နော်ထူးကိုကျော်ကိုနိုင်တစ်ယောက်ချော့ပြောရပေသည်။ကြယ်စင်ကလဲ ဒီလိုသူငယ်ချင်းမျိုးကိုမှ ပို့ပေးရသလား..။သူအနိုင်ကျင့်တာအားမရလို့ သူငယ်ချင်းကိုပါ နှိပ်စက်ခိုင်းတာဖြစ်ရမည်။
"တကယ်လား..ကိုကြီးပြောတာနော် ကတိ"
"ကတိကတိ ထပါတော့ မယ်မင်းကြီးမရယ်"
"ဟီး..ဒါဆိုထပြီ သွားမယ်"
ချက်ချင်းပုံစံတစ်မျို့ပြောင်းသွားတဲ့ နော်ထူးကို ကျော်ကိုနိုင်လိုက်မမှီတော့ သူကရှေ့ကနေထွက်သွားကာ ကျော်ကိုနိုင့်ကိုပင်ပြန်ဟောက်နေသည်။ တယ်လည်း တတ်နိုင်တဲ့ကလေးမပင်
"ဘာလုပ်နေတာလဲ သွားမယ်လေ အူကြောင်ကြောင်နဲ့"
"ဒီစောက်ကလေး လာခဲ့စမ်း"
"စတာလို့ကိုကြီး"
"လာခဲ့"
ထိုသို့ပျော်ရွှင်စရာမြင်ကွင်းကလဲ ကြည်နူးစရာကောင်းလှသည်။ သွေးသားမတော်စပ်ပေမယ့် မောင်နှမ အရင်းကဲ့သို့ပျော်ရွှင်ရခြင်းမှာ နော်ထူးအတွက်ကံကောင်းခြင်းတစ်မျိုးပင်...
......
နော်ထူးတို့လဲ ရွာထဲကို တဖြေးဖြေးရောက်လာသည်။ထိုမှတစ်ဆင့် လေးလေးနောင်မိုးတို့အိမ်သို့ရောက်ရှိလာလေသည်။
"ဗျို့...လေးနောင်မိုး"
"ဟေ..ငါတူတို့ လာလေကွာ..အော်မြို့သူလေးလဲပါလာတာလား...လာလာထိုင်ကြ"
ကျော်ကိုကိုနိုင်တို့လဲ လေးနောင်မိုး အိမ်လေးထဲသို့ဝင်ကာ လေးကြီးတို့အိပ်တဲ့ သစ်သားစင်လေးပေါ်သို့ တက်သွားလိုက်သည်။
ထို့နောက် အမေမှာတဲ့ကိစ္စကိုအရင်ပြောရသည်။
"လေးလေး အမေက ပဲသီးနှစ်စည်းလောက်တဲ့"
"အေး အခင်းထဲမှာ ဆွတ်သွားလေ"
"ဟုတ်လေးနောင်မိုး"
"နို့..ဒါနဲ့ဒီက ကလေးမက မြို့သူလေးမလား...ကြည့်ပါဉီး ဖြူဖြူချောချောလေး"
နော်ထူးကိုကြည့်ကာ မေးနေသော လေးနောင်မိုးမှာ သဘောကောင်းမယ့်ပုံစံပင်..။အသားခပ်ညိုညို နှုတ်ခမ်းမွှေးအနည်းငယ်ရှိ၏..။ပုဆိုးကိုတော့ ခပ်တိုတို ဒူးအောက် ခြေသလုံးအထက်သာဝတ်ထားပေသည်။
"ဟုတ်ကဲ့ ဉီးလေး"
"ဉီးလေးတွေဘာတွေခေါ်မနေနဲ့ ငါ့တူမရေ နင့်အကိုခေါ်သလို လေးနောင်မိုးလို့သာခေါ်ဟူတ်ပြီလား"
"ဟုတ်ကဲ့ပါ လေးနောင်မိုး"
"အေးအေး..လေးကြီးတို့အိမ်က တွေ့တဲ့အတိုင်းပဲ တောဆိုတော့မြို့လောက်တော့ဘယ်စုံပါ့မလဲ ဒီမှာ ဇီးထန်းလျက်လေးရှိတယ်..စား အကြမ်းလေးလဲသောက် အလာ့"
"ဟုတ်ကဲ့ပါရှင့်"
"လေးလေး သားတို့ ကျောက်ကျောရွက် လေးလိုချင်လို့"
"အေး... ခြံနောက်က မှာရှိမယ်ထင်တယ် ခူးသွားလေ နို့ မင်းကဘာလုပ်မို့တုန်း"
"ကျုပ်ဘာမှမလုပ်ရပါဘူး..လေးနောင်မိုးရာ..ဒီမယ်မင်းကြီးမလေးပေါ့ မမြင်ဖူးဘူးတဲ့ ဆော့ချင်တယ်ဆိုလို့"
"ကိုကြီးနော်...ဒါနဲ့ကလေးတွေရှိတယ်ဆို"
"ကလေးတွေက ခုချိန်ကျောင်းမှာလေ တူမရဲ့ "
"အော် ဟုတ်သားပဲ..။"
နော်ထူးတို့စကားကောင်းနေတုန်း အိမ်ထဲသို့အမျိုးသမီးကြီးတစ်ယောက်ဝင်လာသည်။
"ကိုနောင်မိုးရေ...အော် ဧည့်သည်ရောက်နေတာပဲ "
"ကျုပ်တို့ပါ..အရီးရယ်"
"အော် အေးကျော်ကိုနိုင်မလား..ဘေးက လးတွေပြောပြောနေတဲ့မင်းတို့အိမ်ရောက်နေတဲ့ မြို့သူလေးလာဝေ့"
"ဟုတ်တယ်အရီး"
"အော် အေးပါကွယ် ကလေးမလေးက ချစ်စရာလေးပါ မျက်မှန်လေးနဲ့ရယ်..အရီးက ကိုနောင်မိုး ဇနီးကွဲ့"
"ဟုတ် အရီး"
နော်ထူးပြုံးပြမိသည်။ တော်ရွာကလးတွေက တယ်ရိုးသားကြသကို..။မာယာများတဲ့ရန်ကုန်နှင့်များကွာပါ့
နော်ထူးတို့လဲ စကားစမြည်ပြောရင်း ကိုကြီးကပဲသီးသွားခူးမယ်ဆိုလို့ တခါထဲ ထလိုက်သွားမိသည်။ပဲသီးခူးနေတဲ့ကိုကြီးကို လိုက်စရသည်မှာလဲအရသာတစ်မျိုး..။ပဲသီးခူးပြီးတော့ ကျောက်ကျောရွက်တွေခူးပြီး နော်ထူးတို့အိမ်ကိုပြန်ခဲ့ကြသည်။နော်ထူးတို့အိမ်ပြန်ရောက်ရင်ပဲ 12 နာရီထိုးနေပြီ။နော်ထူးက ညနေထက်မသွားရတာမို့ အိမ်ကိုသာတန်းပြန်လာမိတော့သည်။ကြီးကြီးကိုလဲ မပါမဖြစ်နှုတ်ဆက်ခဲ့ပါသေးသည်။
...
စာမေးပွဲနီးနေလို့ နားလည်ပေးကြပါ။
CDM students များအားလေးစားလျက်ပါ။