ဝရံတာလက္ရန္းေပၚက အရိပ္ကေလးသည္ လမင္းႀကီးကို ေမ်ွာ္ၾကည့္ေန၏။ၾကယ္ကေလးေတြ မွိတ္တုတ္မွိတ္တုတ္ႏွင့္ ျပည့္စံုေနေသာ ေကာင္းကင္ႀကီးကိုလည္း ၾကည့္ေနေသးသည္။သို႔ေပမယ့္ တစ္စံုတစ္ေယာက္က သူ႔ကို ၾကည့္ေနခဲ့တာကို သူမျမင္ခဲ့ပါ။
" Ring Ring~ "
" အဲ့မွာ ဘာလုပ္ေနတာလဲ? "
ဖုန္းတစ္ဖက္က အသံေၾကာင့္ ေယာင္ယမ္းၿပီး ေဘးအိမ္ကို လွမ္းၾကည့္မိလိုက္ေတာ့ ပန္းခ်ီဆြဲဖို႔ ပစၥည္းေတြနဲ႔ ဝရံတာကို ထြက္ေနတဲ့ ထယ္ဟြၽန္းကို ေတြ႔လိုက္ရတယ္။ပန္းခ်ီဆြဲဖို႔ ျပင္ထားရာကေန သူ႔ကို ေတြ႔လို႔ ရပ္ေနသည္ထင္။လက္တစ္ဖက္က ဖုန္းကို ကိုင္ထားဆဲ။
" အိပ္မေပ်ာ္လို႔ အျပင္ထြက္လာတာ "
ထယ္ဟြၽန္း၏ ေရးေတးေတး အျပံဳးကို အေဝးကပင္ လွမ္းျမင္ေနရသည္။
" ဒါဆို ကိုယ္နဲ႔စကားေျပာရေအာင္ "
" အင္း "
" ကိုယ္အခု ဘာဆြဲမယ္လို႔ ေဘာမ္ထင္လဲ? "
အင္း။လမင္းႀကီးပံုလား ၾကယ္ေလးေတြပံုလား ေကာင္းကင္ႀကီးပံုလား..
" မသိဘူး "
" အြန္ ထားပါေတာ့ ေဘာမ္မနက္ျဖန္ အလုပ္သြားမယ္မလား? "
သူက ေခါင္းကိုၿငိမ့္လိုက္ပါ၏။ဒါကို ထယ္ဟြၽန္း ျမင္ရလိမ့္မည္။
" ကိုယ္လိုက္ပို႔မယ္ "
" အင္း အခုေတာ့ အိပ္ေတာ့မယ္ "
" ဟမ္ ခုနကေတာ့ အိပ္မေပ်ာ္လို႔ဆို "
" ခုနက ခုန အခုက အခု အိပ္ၿပီ ဒါပဲ "
Goodnightလို႔ ေျပာမယ့္စကားေတြေတာင္ လည္ေခ်ာင္းဝမွာ တစ္စို႔သြားသလို အင္တင္တင္နဲ႔သာ က်န္ခဲ့ေတာ့သည္။တကယ့္ မလြယ္ေၾကာ။ဒါေပမယ့္ ခ်စ္ဖို႔ေတာ့ ေကာင္းတယ္။
.....
ျဖဴလြလြပံုရိပ္တစ္ခုသည္ သူ႔ေ႐ွ႕က တျဖည္းျဖည္း ေရြ႔လ်ားေနသည္။သူ႔လက္တစ္ဖက္ကိုလည္း ဆြဲကိုင္ထားရင္း...
မည္သည့္ေၾကာင့္မသိ။ထိုပံုရိပ္၏ လက္တို႔က အလြန္ကို ေႏြးေထြးေနခဲ့သည္။ေမွာင္မည္းေနေသာ ဤေလာကႀကီး အလယ္ဝယ္ ထိုပံုရိပ္တစ္ခုသာ တည္႐ွိေန၍ ထိုအရာကသာ သူ႔ကို ကာကြယ္ေပးေနသလို ေႏြးေထြးေစသည္။
" မင္းက ဘယ္သူလဲ? "
ထိုသူက ျပန္မေျဖခဲ့။သို႔ေပမယ့္ ေခါင္းကို အနည္းငယ္ ငဲ့ေစာင္းကာ ၾကည့္ခဲ့၏။သူ႔လက္တစ္ဖက္ကို လႊတ္ကာ..
" မင္းအခ်ိန္တန္ရင္ သိမွာေပါ့ "
ခပ္ေပါ့ေပါ့ ရယ္သံႏွင့္အတူ ဩ႐ွ႐ွစကားသံသည္ အလြန္ကို ရင္းႏွီးေနခဲ့တာ ဘယ္ခ်ိန္ကတည္းကမွန္း သူမသိ။ထိုသူသည္ ေလတစ္ခ်က္ကို ႐ႈသြင္းၿပီး သူ႔မ်က္လံုးေတြထဲ ႐ႈထုတ္လိုက္၏။အရမ္းကို ညင္သာေနေပမယ့္ အရမ္းကိုလည္း နာက်င္ေနခဲ့တယ္။
အိပ္မက္ကႏိုးၿပီးခ်ိန္ သူဟာ သိပ္ကိုႏြမ္းနယ္ေနခဲ့သည္။မိုင္ေထာင္ခ်ီေလာက္ ေျပးခဲ့ရသလို ခံစားရၿပီး အလြန္ကို ေမာဟိုက္ေနခဲ့သည္။ဒါေပမယ့္ ေပ်ာ္ရႊင္ေနသလို ခံစားခ်က္ကိုလည္း ရသည္။ေပ်ာက္ဆံုးသြားခဲ့တဲ့ တစ္စံုတစ္ခုကို ႐ွာေတြ႔လိုက္သလိုမ်ိဳး။
ေျခာက္ကပ္ကပ္ ႏႈတ္ခမ္းတို႔ကို ေရေအးေအးတစ္ခြက္က ထိေတြ႔သည္။စိုေျပသြားေသာ ႏႈတ္ခမ္းတို႔ိကို ဒီအတိုင္းထားကာ အလုပ္ခန္းထဲ ခပ္သြက္သြက္ ဝင္ျပန္သည္။နာရီသံတစ္ခ်က္ခ်က္ကို ၾကားေပမယ့္ လ်စ္လ်ဴ႐ႈကာ လုပ္စရာ႐ွိတာ ဆက္လုပ္သည္။
မ်က္ႏွာကို ေကာင္းေကာင္းမျမင္ရေပမယ့္ ရင္းႏွီးတဲ့ အေငြ႔အသက္ေတြ ရေနတာ ဘာေၾကာင့္ပါလိမ့္။သို႔ေပမယ့္ ထိုသူ႔ရဲ႕ အသံက ခ်ိဳသာလြန္းေနတယ္။
ေျဖ႐ွင္းရမယ့္ ပုစၦာတစ္ခုက သူ႔လက္တြင္းကို ထပ္ေရာက္႐ွိလာျပန္ၿပီ။
.....
မနက္ခင္းေတးသြားအစား ေရခ်ိဳးခန္းထဲက သီခ်င္းညည္းသံတိုးတိုးေလးက မနက္ခင္းကို အစျပဳဖို႔ ျပင္ဆင္ေနေၾကာင္း သိရသည္။
ဗီဒိုထဲက အဝတ္တစ္စံုကို ထုတ္လိုက္ၿပီး ျမန္ျမန္သာ ဝတ္လိုက္သည္။ကိုယ္လံုးေပၚမွန္ ေ႐ွ႕မွာလည္း အဆင္ေျပရဲ႕လား ၾကည့္လို႔ေကာင္းရဲ႕လားဆိုၿပီး ခဏခဏ အျပန္အလွန္ၾကည့္ေနရတာ သူ႔မွာ အေမာ။ဝတ္ထားတာကို ၾကည့္ရင္လည္း ႐ုပ္႐ွင္မင္းသားလား အဆိုေတာ္လား ထင္ရေပမယ့္ လုပ္တာက အခ်ိန္ပိုင္း စားပြဲထိုး။
စိုစိစိဆံပင္တို႔ကို သုတ္ပစ္လိုက္ေတာ့ အေတာ္အတန္ေတာ့ ေျခာက္သြားပါ၏။
" ဒီေန႔ အလုပ္ပိတ္တယ္ဆိုေတာ့ ဆူဘင္းတို႔ လာမွာပဲ "
တစ္ကိုယ္တည္း ေျပာရင္း တစ္ခုခုကို သတိရလိုက္သည္။
အား။ေသေတာ့မွာပဲ။ဟြၽန္းငါ့ကို လိုက္ပို႔မယ္ ေျပာထားေသးတယ္ေလ။မေန႔က လိုင္းမေကာင္းေတာ့ ေၾကာင္ေတာင္ေတာင္နဲ႔ ေခါင္းၿငိမ့္လိုက္တာ။
ကိုယ့္အေတြးနဲ႔ကိုယ္ ေအာက္ကို ဒုန္းစိုင္းကာ ဆင္းရသည္။အေမကေတာင္ ကြက္ၾကည့္ကြက္ၾကည့္ လုပ္သြားေပမယ့္ အခုအေရးႀကီးတာ လုပ္ရမယ္။
ျခံေ႐ွ႕ေလးမွာ တေမ်ွာ္ေမ်ွာ္နဲ႔ လုပ္ေနတဲ့ ထယ္ဟြၽန္းကိုေတာင္ နည္းနည္း သနားသြားရတယ္။
" ငါေတာင္းပန္ပါတယ္ အၾကာႀကီး ေစာင့္လိုက္ရတယ္ ထင္တယ္ "
" ရပါတယ္ သြားရေအာင္ေလ "
" ရာ့ ေဘာမ္ဂယူ ဘယ္သြားမလို႔လဲ? "
တစ္ခါမွ မျမင္ဖူးေသာ အရပ္႐ွည္႐ွည္ႏွင့္ လူတစ္ဦးသည္ ေဘာမ့္နာမည္ကို ေခၚ၏။
" ဘယ္မွမသြားပါဘူး မင္းတို႔ကို ေစာင့္ေနတာပဲ "
ၾကားထဲက ထယ္ဟြၽန္းသည္ ေဘာမ့္ကိုတစ္လွည့္ သူတို႔ကိုတစ္လွည့္ၾကည့္၍ စိတ္႐ုွပ္ေန႐ွာသည္။
" လာေလ ဟြၽန္း အထဲဝင္ၾကရေအာင္ ငါ႐ွင္းျပမယ္ "
" အမယ္ ဟြၽန္းတဲ့ ခ္ခ္ "
ကျပားမ်က္ႏွာေပါက္ႏွင့္ ေျပာေသာသူကို ေဘာမ္က မ်က္ေစာင္းလွည့္ထိုးကာ အိမ္ထဲ ဝင္သြားသည္။ေဘာမ့္ေနာက္က ထယ္ဟြၽန္းႏွင့္သူတို႔က လိုက္သြားၾကသည္။
" အာ ဆူဘင္းတို႔ပါလား ထိုင္ၾကေလ သူ႔ကိုေတာ့ တစ္ခါမွ မျမင္သလိုပဲ "
ထယ္ဟြၽန္းကို ေမးေငါ့ကာ ေျပာေနသူ အန္တီႀကီးသည္ ေဘာမ္ဂယူ အေမျဖစ္ဟန္တူသည္။
လွလြန္းတဲ့ မ်က္ဝန္းေတြက အေမ့ဆီက အေမြရခဲ့တာ ထင္ပါရဲ႕။
" သူက ေဘးအိမ္ကေလ ဂန္ထယ္ဟြၽန္းလို႔ေခၚတယ္ "
အဲ့ခ်ိန္ၾကမွ အကုန္လံုးက 'ေအာ္'ကုန္ၾကေတာ့တယ္။
" ဟြၽန္းသူက ဆူဘင္း သူက ေယာန္ဂြၽန္းေဟ်ာင္း သူကေတာ့ ဟ်ဴႏွင္းခါအီ "
" ေတြ႔ရတာ ဝမ္းသာပါတယ္ "
ဟ်ဴႏွင္းခါအီက ျပံဳးရင္း စိတ္လႈပ္႐ွားစြာ ေျပာသည္။
" အဲ့တာဆို ကြၽန္ေတာ္တို႔အဖြဲ႔ထဲမွာ ေနာက္တစ္ေယာက္ ထပ္တိုးၿပီေပါ့ "
အားလံုးက ေခါင္းဝိုင္းၿငိမ့္ၾကသည္။
" ငါက 1999ခုႏွစ္ဖြား မင္းကေရာ "
ေယာန္ဂြၽန္းက ေမးေတာ့ နည္းနည္း အ့ံဩသြားရသည္။မျဖစ္ႏိုင္စရာ တအားႏုပ်ိဳလြန္းတယ္။
" 2002ခုႏွစ္ဖြား "
" ဟမ္? "
" တကယ္လား? "
ထယ္ဟြၽန္းက ေခါင္းၿငိမ့္ျပလိုက္ေတာ့ ဟ်ဴႏွင္းက ငါနဲ႔အတူတူပဲ ဆိုၿပီး ေပ်ာ္သြားသည္။ေနာက္မွ သိလိုက္ရတာက ဟ်ဴႏွင္းကလြဲၿပီး အကုန္လံုးက သူ႔ထက္ အသက္ႀကီးေနတာကိုေပါ့။ေဘာမ္လည္းပါတယ္ေလ။ဒါေပမယ့္ ေဆာရီး ခ်စ္စရာေကာင္းလြန္းလို႔ ေဟ်ာင္းလို႔ေတာင္ မေခၚခ်င္ေတာ့ဘူး။
" အဲ့ဒီ ေဘာမ္ဂယူက အမွန္ဆို ကြၽန္ေတာ့္ကို ေဟ်ာင္းလို႔ ေခၚသင့္တာေနာ့ ေယာန္ဂြၽန္းေဟ်ာင္း "
ဆြဲထည့္ခံလိုက္ရေသာ ေယာန္ဂြၽန္းသည္ ဘာကိုမွန္း ေသခ်ာမသိဘဲ ေခါင္းသာၿငိမ့္ျပလိုက္ေတာ့ ဆူဘင္းက ေက်နပ္သြားသည္။
" ေလာ႐ွည္ေကာင္က ေလာ႐ွည္ေကာင္ပဲ ေဟ်ာင္းလို႔ ေခၚခံခ်င္ရင္ ေယာန္ဂြၽန္းေဟ်ာင္းအတိုင္း အႀကီးလို ေနေလေနာ့္ ေယာန္ဂြၽန္းေဟ်ာင္း "
ဒီတစ္ေခါက္လည္း ေယာန္ဂြၽန္းခမ်ာ ေယာင္ေတာင္ေတာင္ျဖစ္ၿပီး ေခါင္းၿငိမ့္မိလိုက္ျပန္သည္။
ေဘာမ္ဂယူနဲ႔ ဆူဘင္းတို႔ရဲ႕ မ်က္လံုးေတြက စစ္တိုက္ေနၾကသလို ျဖစ္ေနၿပီး တကယ္ ထသတ္ၾကေတာ့မယ့္ အတိုင္္း။
" အ႐ူးေကာင္ မင္းဘာျဖစ္ခ်င္ေနတာလဲ ဟမ္ "
" ေလာ႐ွည္ေကာင္ မင္းကေရာ ဘာျဖစ္ခ်င္ေနတာလဲ "
ရန္ျဖစ္ေတာ့မယ့္ဆဲဆဲ ထယ္ဟြၽန္းရယ္ ေယာန္ဂြၽန္းရယ္ ဟ်ဴႏွင္းရယ္ ဝင္ဆြဲရေတာ့သည္။မဟုတ္ရင္ အိမ္ႀကီးတစ္ခုလံုးသာ ၿပိဳသြားမယ္ သူတို႔ ရန္ပြဲက မၿပီးမွာ ေသခ်ာသည္။
ဆြဲထားတာကို မီးဝင္းဝင္းေတာက္ေနေသာ မ်က္လံုးမ်ားျဖင့္ တစ္ေယာက္ကို တစ္ေယာက္ၾကည့္ရင္း..
" အ႐ူးေကာင္! "
" ေလာ႐ွည္ေကာင္! "
" ေတာ္ၾကပါေတာ့! "
အိမ္ႀကီးထဲဝယ္ က်န္သံုးေယာက္၏ ေအာ္သံမ်ား ပဲ့တင္ထပ္၏။
.....
VOTE & COMMENT PLS^^
ဖတ္ရတာ အဆင္မွေျပရဲ႕လား မေျပရင္လည္း ကြၽန္ေတာ့္အျပစ္ပါပဲ..
.....
ဝရံတာလက်ရန်းပေါ်က အရိပ်ကလေးသည် လမင်းကြီးကို မျှော်ကြည့်နေ၏။ကြယ်ကလေးတွေ မှိတ်တုတ်မှိတ်တုတ်နှင့် ပြည့်စုံနေသော ကောင်းကင်ကြီးကိုလည်း ကြည့်နေသေးသည်။သို့ပေမယ့် တစ်စုံတစ်ယောက်က သူ့ကို ကြည့်နေခဲ့တာကို သူမမြင်ခဲ့ပါ။
" Ring Ring~ "
" အဲ့မှာ ဘာလုပ်နေတာလဲ? "
ဖုန်းတစ်ဖက်က အသံကြောင့် ယောင်ယမ်းပြီး ဘေးအိမ်ကို လှမ်းကြည့်မိလိုက်တော့ ပန်းချီဆွဲဖို့ ပစ္စည်းတွေနဲ့ ဝရံတာကို ထွက်နေတဲ့ ထယ်ဟျွန်းကို တွေ့လိုက်ရတယ်။ပန်းချီဆွဲဖို့ ပြင်ထားရာကနေ သူ့ကို တွေ့လို့ ရပ်နေသည်ထင်။လက်တစ်ဖက်က ဖုန်းကို ကိုင်ထားဆဲ။
" အိပ်မပျော်လို့ အပြင်ထွက်လာတာ "
ထယ်ဟျွန်း၏ ရေးတေးတေး အပြုံးကို အဝေးကပင် လှမ်းမြင်နေရသည်။
" ဒါဆို ကိုယ်နဲ့စကားပြောရအောင် "
" အင်း "
" ကိုယ်အခု ဘာဆွဲမယ်လို့ ဘောမ်ထင်လဲ? "
အင်း။လမင်းကြီးပုံလား ကြယ်လေးတွေပုံလား ကောင်းကင်ကြီးပုံလား..
" မသိဘူး "
" အွန် ထားပါတော့ ဘောမ်မနက်ဖြန် အလုပ်သွားမယ်မလား? "
သူက ခေါင်းကိုငြိမ့်လိုက်ပါ၏။ဒါကို ထယ်ဟျွန်း မြင်ရလိမ့်မည်။
" ကိုယ်လိုက်ပို့မယ် "
" အင်း အခုတော့ အိပ်တော့မယ် "
" ဟမ် ခုနကတော့ အိပ်မပျော်လို့ဆို "
" ခုနက ခုန အခုက အခု အိပ်ပြီ ဒါပဲ "
Goodnightလို့ ပြောမယ့်စကားတွေတောင် လည်ချောင်းဝမှာ တစ်စို့သွားသလို အင်တင်တင်နဲ့သာ ကျန်ခဲ့တော့သည်။တကယ့် မလွယ်ကြော။ဒါပေမယ့် ချစ်ဖို့တော့ ကောင်းတယ်။
.....
ဖြူလွလွပုံရိပ်တစ်ခုသည် သူ့ရှေ့က တဖြည်းဖြည်း ရွေ့လျားနေသည်။သူ့လက်တစ်ဖက်ကိုလည်း ဆွဲကိုင်ထားရင်း...
မည်သည့်ကြောင့်မသိ။ထိုပုံရိပ်၏ လက်တို့က အလွန်ကို နွေးထွေးနေခဲ့သည်။မှောင်မည်းနေသော ဤလောကကြီး အလယ်ဝယ် ထိုပုံရိပ်တစ်ခုသာ တည်ရှိနေ၍ ထိုအရာကသာ သူ့ကို ကာကွယ်ပေးနေသလို နွေးထွေးစေသည်။
" မင်းက ဘယ်သူလဲ? "
ထိုသူက ပြန်မဖြေခဲ့။သို့ပေမယ့် ခေါင်းကို အနည်းငယ် ငဲ့စောင်းကာ ကြည့်ခဲ့၏။သူ့လက်တစ်ဖက်ကို လွှတ်ကာ..
" မင်းအချိန်တန်ရင် သိမှာပေါ့ "
ခပ်ပေါ့ပေါ့ ရယ်သံနှင့်အတူ ဩရှရှစကားသံသည် အလွန်ကို ရင်းနှီးနေခဲ့တာ ဘယ်ချိန်ကတည်းကမှန်း သူမသိ။ထိုသူသည် လေတစ်ချက်ကို ရှုသွင်းပြီး သူ့မျက်လုံးတွေထဲ ရှုထုတ်လိုက်၏။အရမ်းကို ညင်သာနေပေမယ့် အရမ်းကိုလည်း နာကျင်နေခဲ့တယ်။
အိပ်မက်ကနိုးပြီးချိန် သူဟာ သိပ်ကိုနွမ်းနယ်နေခဲ့သည်။မိုင်ထောင်ချီလောက် ပြေးခဲ့ရသလို ခံစားရပြီး အလွန်ကို မောဟိုက်နေခဲ့သည်။ဒါပေမယ့် ပျော်ရွှင်နေသလို ခံစားချက်ကိုလည်း ရသည်။ပျောက်ဆုံးသွားခဲ့တဲ့ တစ်စုံတစ်ခုကို ရှာတွေ့လိုက်သလိုမျိုး။
ခြောက်ကပ်ကပ် နှုတ်ခမ်းတို့ကို ရေအေးအေးတစ်ခွက်က ထိတွေ့သည်။စိုပြေသွားသော နှုတ်ခမ်းတို့ိကို ဒီအတိုင်းထားကာ အလုပ်ခန်းထဲ ခပ်သွက်သွက် ဝင်ပြန်သည်။နာရီသံတစ်ချက်ချက်ကို ကြားပေမယ့် လျစ်လျူရှုကာ လုပ်စရာရှိတာ ဆက်လုပ်သည်။
မျက်နှာကို ကောင်းကောင်းမမြင်ရပေမယ့် ရင်းနှီးတဲ့ အငွေ့အသက်တွေ ရနေတာ ဘာကြောင့်ပါလိမ့်။သို့ပေမယ့် ထိုသူ့ရဲ့ အသံက ချိုသာလွန်းနေတယ်။
ဖြေရှင်းရမယ့် ပုစၦာတစ်ခုက သူ့လက်တွင်းကို ထပ်ရောက်ရှိလာပြန်ပြီ။
.....
မနက်ခင်းတေးသွားအစား ရေချိုးခန်းထဲက သီချင်းညည်းသံတိုးတိုးလေးက မနက်ခင်းကို အစပြုဖို့ ပြင်ဆင်နေကြောင်း သိရသည်။
ဗီဒိုထဲက အဝတ်တစ်စုံကို ထုတ်လိုက်ပြီး မြန်မြန်သာ ဝတ်လိုက်သည်။ကိုယ်လုံးပေါ်မှန် ရှေ့မှာလည်း အဆင်ပြေရဲ့လား ကြည့်လို့ကောင်းရဲ့လားဆိုပြီး ခဏခဏ အပြန်အလှန်ကြည့်နေရတာ သူ့မှာ အမော။ဝတ်ထားတာကို ကြည့်ရင်လည်း ရုပ်ရှင်မင်းသားလား အဆိုတော်လား ထင်ရပေမယ့် လုပ်တာက အချိန်ပိုင်း စားပွဲထိုး။
စိုစိစိဆံပင်တို့ကို သုတ်ပစ်လိုက်တော့ အတော်အတန်တော့ ခြောက်သွားပါ၏။
" ဒီနေ့ အလုပ်ပိတ်တယ်ဆိုတော့ ဆူဘင်းတို့ လာမှာပဲ "
တစ်ကိုယ်တည်း ပြောရင်း တစ်ခုခုကို သတိရလိုက်သည်။
အား။သေတော့မှာပဲ။ဟျွန်းငါ့ကို လိုက်ပို့မယ် ပြောထားသေးတယ်လေ။မနေ့က လိုင်းမကောင်းတော့ ကြောင်တောင်တောင်နဲ့ ခေါင်းငြိမ့်လိုက်တာ။
ကိုယ့်အတွေးနဲ့ကိုယ် အောက်ကို ဒုန်းစိုင်းကာ ဆင်းရသည်။အမေကတောင် ကွက်ကြည့်ကွက်ကြည့် လုပ်သွားပေမယ့် အခုအရေးကြီးတာ လုပ်ရမယ်။
ခြံရှေ့လေးမှာ တမျှော်မျှော်နဲ့ လုပ်နေတဲ့ ထယ်ဟျွန်းကိုတောင် နည်းနည်း သနားသွားရတယ်။
" ငါတောင်းပန်ပါတယ် အကြာကြီး စောင့်လိုက်ရတယ် ထင်တယ် "
" ရပါတယ် သွားရအောင်လေ "
" ရာ့ ဘောမ်ဂယူ ဘယ်သွားမလို့လဲ? "
တစ်ခါမှ မမြင်ဖူးသော အရပ်ရှည်ရှည်နှင့် လူတစ်ဦးသည် ဘောမ့်နာမည်ကို ခေါ်၏။
" ဘယ်မှမသွားပါဘူး မင်းတို့ကို စောင့်နေတာပဲ "
ကြားထဲက ထယ်ဟျွန်းသည် ဘောမ့်ကိုတစ်လှည့် သူတို့ကိုတစ်လှည့်ကြည့်၍ စိတ်ရုှပ်နေရှာသည်။
" လာလေ ဟျွန်း အထဲဝင်ကြရအောင် ငါရှင်းပြမယ် "
" အမယ် ဟျွန်းတဲ့ ခ်ခ် "
ကပြားမျက်နှာပေါက်နှင့် ပြောသောသူကို ဘောမ်က မျက်စောင်းလှည့်ထိုးကာ အိမ်ထဲ ဝင်သွားသည်။ဘောမ့်နောက်က ထယ်ဟျွန်းနှင့်သူတို့က လိုက်သွားကြသည်။
" အာ ဆူဘင်းတို့ပါလား ထိုင်ကြလေ သူ့ကိုတော့ တစ်ခါမှ မမြင်သလိုပဲ "
ထယ်ဟျွန်းကို မေးငေါ့ကာ ပြောနေသူ အန်တီကြီးသည် ဘောမ်ဂယူ အမေဖြစ်ဟန်တူသည်။
လှလွန်းတဲ့ မျက်ဝန်းတွေက အမေ့ဆီက အမွေရခဲ့တာ ထင်ပါရဲ့။
" သူက ဘေးအိမ်ကလေ ဂန်ထယ်ဟျွန်းလို့ခေါ်တယ် "
အဲ့ချိန်ကြမှ အကုန်လုံးက 'အော်'ကုန်ကြတော့တယ်။
" ဟျွန်းသူက ဆူဘင်း သူက ယောန်ဂျွန်းဟျောင်း သူကတော့ ဟျူနှင်းခါအီ "
" တွေ့ရတာ ဝမ်းသာပါတယ် "
ဟျူနှင်းခါအီက ပြုံးရင်း စိတ်လှုပ်ရှားစွာ ပြောသည်။
" အဲ့တာဆို ကျွန်တော်တို့အဖွဲ့ထဲမှာ နောက်တစ်ယောက် ထပ်တိုးပြီပေါ့ "
အားလုံးက ခေါင်းဝိုင်းငြိမ့်ကြသည်။
" ငါက 1999ခုနှစ်ဖွား မင်းကရော "
ယောန်ဂျွန်းက မေးတော့ နည်းနည်း အ့ံဩသွားရသည်။မဖြစ်နိုင်စရာ တအားနုပျိုလွန်းတယ်။
" 2002ခုနှစ်ဖွား "
" ဟမ်? "
" တကယ်လား? "
ထယ်ဟျွန်းက ခေါင်းငြိမ့်ပြလိုက်တော့ ဟျူနှင်းက ငါနဲ့အတူတူပဲ ဆိုပြီး ပျော်သွားသည်။နောက်မှ သိလိုက်ရတာက ဟျူနှင်းကလွဲပြီး အကုန်လုံးက သူ့ထက် အသက်ကြီးနေတာကိုပေါ့။ဘောမ်လည်းပါတယ်လေ။ဒါပေမယ့် ဆောရီး ချစ်စရာကောင်းလွန်းလို့ ဟျောင်းလို့တောင် မခေါ်ချင်တော့ဘူး။
" အဲ့ဒီ ဘောမ်ဂယူက အမှန်ဆို ကျွန်တော့်ကို ဟျောင်းလို့ ခေါ်သင့်တာနော့ ယောန်ဂျွန်းဟျောင်း "
ဆွဲထည့်ခံလိုက်ရသော ယောန်ဂျွန်းသည် ဘာကိုမှန်း သေချာမသိဘဲ ခေါင်းသာငြိမ့်ပြလိုက်တော့ ဆူဘင်းက ကျေနပ်သွားသည်။
" လောရှည်ကောင်က လောရှည်ကောင်ပဲ ဟျောင်းလို့ ခေါ်ခံချင်ရင် ယောန်ဂျွန်းဟျောင်းအတိုင်း အကြီးလို နေလေနော့် ယောန်ဂျွန်းဟျောင်း "
ဒီတစ်ခေါက်လည်း ယောန်ဂျွန်းခမျာ ယောင်တောင်တောင်ဖြစ်ပြီး ခေါင်းငြိမ့်မိလိုက်ပြန်သည်။
ဘောမ်ဂယူနဲ့ ဆူဘင်းတို့ရဲ့ မျက်လုံးတွေက စစ်တိုက်နေကြသလို ဖြစ်နေပြီး တကယ် ထသတ်ကြတော့မယ့် အတိုင််း။
" အရူးကောင် မင်းဘာဖြစ်ချင်နေတာလဲ ဟမ် "
" လောရှည်ကောင် မင်းကရော ဘာဖြစ်ချင်နေတာလဲ "
ရန်ဖြစ်တော့မယ့်ဆဲဆဲ ထယ်ဟျွန်းရယ် ယောန်ဂျွန်းရယ် ဟျူနှင်းရယ် ဝင်ဆွဲရတော့သည်။မဟုတ်ရင် အိမ်ကြီးတစ်ခုလုံးသာ ပြိုသွားမယ် သူတို့ ရန်ပွဲက မပြီးမှာ သေချာသည်။
ဆွဲထားတာကို မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း..
" အရူးကောင်! "
" လောရှည်ကောင်! "
" တော်ကြပါတော့! "
အိမ်ကြီးထဲဝယ် ကျန်သုံးယောက်၏ အော်သံများ ပဲ့တင်ထပ်၏။
.....
VOTE & COMMENT PLS^^
ဖတ်ရတာ အဆင်မှပြေရဲ့လား မပြေရင်လည်း ကျွန်တော့်အပြစ်ပါပဲ..
.....