စံအိမ်ရဲ့အပေါ်ထပ်၌ အနောက်တိုင်းဝတ်စုံနဲ့ ရမ်ကျွင့် ဟာသေသပ်ခန်းနားစွာဖြင့် စန္ဒရားကိုတီးခတ်နေတာ နတ်ပြည်ပေါ်မှာရှိတဲ့ တူရိယာနတ်သားလိုပဲ... ။
သိပ်လှပတာပေါ့..! ပြီးတော့ သိပ်ပြီးတော့လဲ.... ကြောက်ဖို့ကောင်းတယ်....
အနက်ရောင် နက်ကတိုင် , အနက်ရောင် suit , အနက်ရောင် ဆံနွယ်တွေနဲ့ အောက်ပိုင်းနားက ဆံပင်တွေကိုတော့ အဖြူရောင်ချယ်သ ကာဆိုးထားသည် ။
ဈေးကြီးလှတဲ့ ပြောင်လက်လက် shoes ပေါ်ကို ရေကလေးတစ်စက်ကျရောက်သွားချိန်....
"တောက်ခ်...!"
အခန်းကြီးထဲ ရမ်ကျွင့် အသံကဟိန်း...လို့ !
အိမ်အကူမလေးရဲ့ ကော်ဖီဗန်းလေးကိုင်ထားတဲ့လက်တွေဟာ တဆက်ဆက်တုန်လို့ ဒူးကိုထောက်ချလိုက်သည် ။
ဗန်းကိုလဲမလွှတ်ချရဲပဲ ခါးကိုကုန်းကာ ကြမ်းပြင်မှာဝတ်တွားရင်း...
"တောင်းပန်ပါတယ် သခင်လေး... တောင်းပန်ပါတယ် ကျွန်မမှားသွားပါတယ်"
"ငါ့ခွင့်ပြုချက်မရပဲ ဘယ်အကြောင်းပြချက်နဲ့မှမဝင်ရတာ မသိတာလား!!!!!!!!!!!!!!"
အော်သံရဲ့အဆုံး အိမ်အကူမလေးရဲ့မျက်ရည်တွေဟာ ပိုးပိုးပေါက်ပေါက်ကျလို့ရယ်.. ။
သူမ ကျတဲ့မျက်ရည်ဟာ အလုပ်ထုတ်ခံရမှာကြောင့်မဟုတ်ပဲ သူမကိုအပိုင်းပိုင်းသတ်ဖြတ်ကြတော့မှာကို ကြိုသိနေလို့တဲ့လေ... ။
_
[လွန်ခဲ့သော ၉ ရက်ခန့်က]
ပုံမှန်အလုပ်ပြန်ချိန်မှာ အေးဆေးစွာဘက်စ်မှတ်တိုင်ကိုလျှောက်လာတဲ့ ရမ်ကျွင့် ။
နားဂျပ်ကလေးနဲ့သီချင်းနားထောင်လို့ သံစဉ်အလိုက် ခေါင်းကလေးကလဲတယိမ်းယိမ်း....
မထင်မှတ်ထားသည်ကတော့ ပြောင်ပြောင်နက်နက် ကားအမဲတစ်စီးဟာ ဘာမဆီညာမဆိုင်သကဲ့သို့ အေးဆေးစွာလမ်းလျှောက်နေတဲ့ ရမ်ကျွင့်အား ကားတင်ပြေးသွားခဲ့သည် ။
ကားထဲက ရမ်ကျွင့် မှာအော်ဟစ်သောင်းကျန်းသော်လည်း မေ့ဆေးနဲ့ထိတွေ့ရတဲ့အခါ အမှောင်အတိကျ၍ ထိုကားနဲ့ လိုက်ပါသွားခဲ့ရတော့တယ် ။
ထိုအချိန်မှာလူပျက်၍ ညပိုင်းဖြစ်သည် ။
ကြီးမားလှတဲ့ ခြံဝန်းကျယ်ကြီးနဲ့အတူ အသားနုရောင် တိုက်အကြီးကြီးဟာ ကြီးမားတာထပ်ကိုပိုလို့ ခန်းနားဖွယ်ရာ အတိ ။
အိမ်ရှေ့မျက်နှာစာ၌ ပန်းခြံကြီးရှိ၍ ဘေးတစ်ဖက်တစ်ချက်စီတွင် ရေကူးကန်တို့တည်ရှိသည် ။
အကျယ်အဝန်းကခန့်မှန်းခြေ (၃) ဧကစာလောက်ရှိမည် , သို့သည်ကား အိမ်အတွက်သာဖြစ်၍ အနောက်ဘက်နှင့်အရှေ့ဘက်က ခြံအကျယ်စာမပါသေးပေ ။
အပြင်ပန်းကကြည့်လျှင်တော့ ခန်းနား၍ဂုဏ်ကြီးတဲ့အိမ်ဟူ၍သက်မှတ်နိုင်သော်လည်း တကယ်တမ်း အတွင်းပိုင်းက ဇာတ်လမ်းမှာတော့ ရှုပ်ထွေးသည် , နက်နဲသည် , ပြဿနာများသည် ။
"မြန်မြန်လာကြလေ!!!!"
စတိုင်ပန့်အနက်က ပေါင်တံရှည်ရှည်တွေနှင့်ပဏံသင့်၍ ရှပ် အနက်ရောင်မှာလဲ ရင်ဘက်အလယ်ထိ မဟူရာကျယ်သီးများအား ဖြုတ်၍ထားသည် ။
အသက်အား ၂၀ ကျော်ဟုထင်ရသော်လည်း ထိုသူမှာ ၄၃ နှစ်အရွယ်ရှိသော သက်လတ်ပိုင်းအမျိုးသားဖြစ်လေသည် ။
"ကျစ်! ဒါလေးလုပ်တာတောင် ေ-ာက်ဖြစ်မရှိကြဘူး!!!"
အိမ်အကူမလေးတွေဟာ ထိုသူအားမော်မကြည့်ကြရဲ , ဒူးကိုထောက်လို့ တစ်ယောက်က ဖိနပ်ကိုကိုင်ထားရသည် , တစ်ယောက်ကတော့ ကြိုးချည်ပေးရန် အသင့်ဖြစ်နေ၍ ကျန်တစ်ယောက်မှာ ဖုန်တစ်စ မရှိစေရန် ကတ္တီပါအဝတ်အားကိုင်၍ထားသည် ။
"ဟွမ်ရမ်ကျွင့် နိုးပြီလား????"
"ဟုတ်ကဲ့ သခင်ကြီး နိုးနေပါပြီ"
ထိုသူဟာ အိမ်အကူမလေးစကားမဆုံးခင် ထ၍ထွက်သွားသည် , လားရာကတော့ ရမ်ကျွင့်ရှိနေတဲ့ အခန်းဘက်အခြမ်းကိုပေါ့ ။
တံခါးကို ခေါက်ရင်းဝင်၍သွားတော့ ရမ်ကျွင့် ဟာ ဇိမ်ခံကုတင်ပေါ်မှာ မျက်နှာရှစ်ခေါက်ချိုးနဲ့ထိုင်နေသည် ။
"အဖေဖြစ်သူကိုတွေ့ရတာ အဲ့လောက်ပျော်တယ်ပေါ့!"
စကားပြန်မပြောပုံကိုကြည့်ရင်ဖြင့် ဟွမ်ရမ်ကျွင့် ဟာသူ့အား မုန်းတီးနေသေးတာ သိသာထင်ရှားသည် ။
"စကားတော့ပြန်ပြောပါအုံး သားရာ ။ ပါပါး တောင်းပန်ပြီးပြီပဲ"
"ဘာပါပါးလဲ!!!!!"
"ခင်များ လက်အောက်ကလူတွေကိုဆက်ဆံသလိုမျိုး ကျွန်တော့်ကိုငွေပုံပေးပြီး တောင်းပန်ရုံနဲ့ရမယ်ထင်နေတာလား????"
"ဟက်! ခလေးတွေအရွယ်ရောက်ရင် ပြန်ခံပြောတက်လာတယ်ဆိုတာမှန်တဲ့စကားပဲ! အခုတော့ ဖအေကိုပြန်ပြောတက်နေပြီပေါ့..?"
"ဟားဟား ဟုတ်တာပဲ.. အပြင်လောကကိုတောင်ခိုးထွက်တက်တဲ့ ပါပါးရဲ့မြေခွေးလေးပဲဟာ"
ထိုကြည့်ကောင်းလှတဲ့ယောင်္ကျားကချိုသာတဲ့အပြုံးတွေနဲ့ပြောလိုက်တယ် ။
"တော်စမ်းပါ! ကျွန်တော်နဲ့လာမပက်သတ်နဲ့! ကျွန်တော်က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တယ် ခင်များအကူညီမလိုဘူး"
"Huang Renjun!!!!!!"
ထိုအမျိုးသားရဲ့အသံဟာ ဩဇာရှိစွာနှင့်အတူ ကျယ်လောင်စွာဖြင့်အိမ်ကြီးအတွင်းလျှံထွက်သွားသည် , မျက်ခုံးတွေကလဲအနည်းငယ်တော့ တွန့်ချိုးလျှက်သားပေါ့ ။
ရမ်ကျွင့် ပုခုံးကလေးတစ်ချက်တွန့်လို့ကြောက်ရွံ့သွားပင်မယ့်လဲ ဆက်လက်၍မာန်တင်းထားဆဲသာ ။
"ကဲ! အခုစကားမပြောချင်သေးလဲမပြောနဲ့အုံးပေါ့ ညနေ ပါပါး ပြန်လာရင် သားဖြစ်ချင်တဲ့အရာအတွက် ပါပါး နားထောင်ပေးမယ်"
ရမ်ကျွင့် ခေါင်းကိုပုတ်ကာထွက်သွားတဲ့ အဖေဖြစ်သူကို ရမ်ကျွင့် စိတ်ကောက်ထားဆဲ,စိတ်ဆိုးထားဆဲဖြစ်တယ် ။
စဉ်းစားကြည့်ရင် ဒါတွေရဲ့ , ပြဿနာအစကတော့ ရိုးရိုးလေးနဲ့ရှင်းရှင်းလေးပါပဲ , အပြင်လောကကိုအလုပ်ထွက်လုပ်ကာ အတွေ့အကြုံများစွာလိုချင်တဲ့ ရမ်ကျွင့် နဲ့ ! သူ့အလုပ်သာမဟုတ်လျှင်စိတ်မချဘူးဆိုတဲ့ အဖေဖြစ်သူတို့ရဲ့ စကားတိုက်ပွဲဟာ နေ့စဉ်လိုလို အချေအတင်တွေသာ ။
ရမ်ကျွင့် ဆိုတာကလဲဖြစ်ချင်တာကို မဖြစ်ဖြစ်အောင်လုပ်တက်တာ ဖျောက်ဖျက်မရတဲ့အကျင့် ။
အဖေကလဲ တစ်ဦးတည်းရှိသည့်ရတနာမလို့ သားကိုသူ့မျက်စိရှေ့မှာပဲထားချင်တာကလဲတားမရသည့်အရာဖြစ်သည် ။
အရာရာတိုင်းဟာအကျိုးနဲ့အကြောင်းဆိုပင်မယ့်လို့ ထိုအရာတွေထဲ ရှောင်ရှောင်းကျန့် နဲ့ ဟွမ်ရမ်ကျွင့် နဲ့ တို့ကတော့အနည်းငယ်လွဲစောင်းနေကြတာဖြစ်သည် ။
_
ကိုယ့်ဘာသာကိုယ် ဂိမ်းဆော့မယ်လုပ်ရင်း living room ကဆိုဖာမှာထိုင်နေတာအကောင်း , ပါပါးရောက်လာမှအဆိုးဖြစ်တော့သည် ။
ပါပါးရှေ့ကဒူးထောက်ထိုင်ထားတဲ့ဦးလေးမှာပါပါးထပ်တောင်အသက်ကြီးပေအုံးမည် ။
ဒါပေမယ့် ပါပါး ကတော့ဂရုစိုက်ပုံမပေါ် ထိုဦးလေးကိုအော်ငေါက်ရင်းသာ...
"ခင်များကိုစောင့်ပေးခဲ့တာ ၆ လနော် အဲ့တာကလဲ ခင်များကသတင်းတချို့ပေးခဲ့လို့စောင့်ပေးရုံပဲ အခုတော့လက်မခံချင်လဲမရတော့ဘူး ။ ဆက်ငြင်းနေအုံးမယ်ဆိုရင်အဲ့ဒီနေရာကိုတခါထဲချိတ်ပိတ်ရလိမ့်မယ်"
ပါပါး ကလက်ပိုက်ထား၍ခန့်ညားမှု့နဲ့အတူ ပြုံးရယ်ခြင်းမရှိတဲ့ပုံစံနဲ့မို့ ရမ်ကျွင့် ကတော့သိလိုက်ပါပြီ ဒါပါပါးစိတ်ဆိုးနေတာပဲ...
ထိုဦးလေးကခေါင်းငိုက်စိုက်၍ကတိတွေအထပ်ထပ်ပေးကာပြန်သွားပင်မယ့် ရမ်ကျွင့် ကတော့ ပါပါးစကားကြောင့်ဒေါသထွက်သွားရသည် ။
"သူ့အိမ်ရော သူ့ရုံးခန်းပါရှင်းပစ်လိုက်တော့!"
ရမ်ကျွင့် က ပါပါးနားသွားထိုင်ကာ
"ပါပါး!! အဲ့တာကြီးကျမလွန်ဘူးလား?"
"ဟင်?"
မသိချင်ယောင်ပဲဆောင်နေသလား သူ့ကိုပဲရှောင်ပြောချင်နေသလားဆိုတာကတော့ ရှောင်းကျမ့် ပဲသိမယ့်အရာ ။
"ဟိုဦးလေးကြီးသနားပါတယ်"
သူ့အပြောကိုကြားမှ ပါပါး ကသက်ပြင်းချရင်း
"သားကဘာသိလို့လဲကွာ.."
ဟူ၍ သက်ပြင်းတခါချလာပြန်သည် ။
"ပါပါး ကတကယ်ရက်စက်တာပဲ"
မျက်စောင်းထိုးကာပြောလိုက်တော့ အဖေဖြစ်သူမှာ စိတ်သာလျော့၍
"ကျွင့်ကျွင့်..."
ရမ်ကျွင့် လှည့်ကြည့်လိုက်သည် , ပါပါး ကသူ့ကိုချော့ချင်ရင် အဲ့ဒီနာမ်စားကိုသုံးတက်တယ်လေ
"ပါး ပြောပြမယ် ကမ္ဘာပေါ်မှာမယုံကြည်ရဆုံးနဲ့ ကြောက်ဖို့အကောင်းဆုံးကဘာတွေလဲသိလား?"
ရမ်ကျွင့် ဖြေးဖြေးချင်းခေါင်းကိုခါလိုက်တော့ ပါး ကပြုံးပြလာသည် , တကယ်ကိုနူးနူးညံ့ညံ့ပြုံးတဲ့အပြုံး ။
"အဲ့တာ လူ လို့ခေါ်တဲ့သတ္တဝါတွေပဲ ကျွင့်ကျွင့်"
"အဲ့ဒီအဖိုးကြီး ပါး ဆီကဘယ်လောက်ချေးထားလဲသိလား?"
"ဟင့်အင်း.."
"30 million နော် ဒါကမပြောပါ့လောက်ပင်မယ့်.. သူ့စည်းပွားရေးအောင်မြင်ပြီးအမြတ်တွေရတော့ ပါး ကိုအကြွေးလာဆပ်တယ်ထင်လား?"
ရမ်ကျွင့် မျက်လုံးလေးတွေကအဝိုင်းသား ။
"မဆပ်ဘူး.. အဲ့ဒီအစား လောင်းကစားရုံမှာ အကုန်သုံးပစ်လိုက်တယ်လေ သုံးရက်အတွင်းနော်!!"
"အဲ့လောက်တောင်???"
"အင်း! အဲ့လောက်တောင်..!"
ရှောင်းကျန့် , ရမ်ကျွင့် ခေါင်းကိုသာသာပွတ်ရ
င်း ။
"ပါပါး က ကျွင့်ကျွင့် ကိုအဲ့လိုလူတွေနဲ့တွေ့မှာကိုအရမ်းကြောက်တယ် ။ "
"ကျွန်တော်...."
"ကျွင့်ကျွင့် ကတကယ်ဆိုခလေးလေးပဲလေ လောကကြီးအကြောင်းဘာမှမသိသေးဘူး"
ရမ်ကျွင့် လုပ်သမျှအချိန်ပိုင်းဆိုင်တိုင်းမှာလဲ ရှောင်းကျန့် ကသူ့လူတွေကိုချပေးပြီးသား သူ့သားမနှိပ်စက်ခံရအောင် , လူတွေသူ့သားကိုအနှိင်ကျင့်မရအောင် လုံခြုံမှု့အပြည့်ပေးထားတာ ။
ဒါတောင် Bar ကဟိုအဆိုတော်ဆိုတဲ့ကောင် သူ့ သားကိုထိုးလို့ အပြတ်ရှင်းလိုက်တာကိုတော့ ကျွင့်ကျွင့် ကိုမပြောပြနေတော့ပါဘူး အဲ့ကောင်အပြစ်ကြောင့်အဲ့ကောင်သေရတာပဲမှတ်လိုက်ပါတယ် ။
"ကျွန်တော်ကဒ်ိအတိုင်းအတွေ့ကြုံသစ်ရချင်ရုံပါ .. ။ ပါး ကိုစိတ်မထိခိုက်စေချင်တာတော့အမှန်ပဲ"
"ပါး သိပါတယ် ကျွင့်ကျွင့် ကလိမ္မာပြီးသားပဲကို ဒါဆို.. ပါးဆီပြန်နေမယ်မှတ်လား?"
သူ့အပြောကို ရမ်ကျွင့် ကဖြေရခက်နေပုံပဲ .. ဘယ်လိုနည်းနဲ့မှတော့ လူ့ငနွားတွေရှိတဲ့အရပ်ကို ရမ်ကျွင့် အားပေးမပြန်နိုင်ပါ ။
"ပါး ဆီမှာကခုနလိုတွေမြင်နေကြားနေရတာ ကျွန်တော်စိတ်မချမ်းသာဘူး..."
"ကျွင့်ကျွင့်...! ပါး ကဘာတွေများသူတို့ကိုနှိပ်စက်နေလို့လဲ? ကျွင့်ကျွင့်ရှိရင် သူတို့ကိုလေသံမာမာနဲ့တောင်အော်ဖူးလား?"
ဟုတ်တော့လဲဟုတ်ပါသည် , သိတက်စ အရွက်ကတည်းကပင် ပါး ဟာစိတ်တိုဒေါသထွက်လွယ်ပင်မယ့် သူသာရှိနေလျှင် သူ့ဒေါသတွေထိန်းတာများတယ်လေ ။ တခါမှလဲသူ့အရှေ့မှာလူတွေကိုမရိုက်နှက်ဖူးပါဘူး ဒါမယ့် သူ့ကွယ်ရာကတော့ချွင်းချက်ပေါ့ ဘယ်လိုပဲဖြစ်ဖြစ် အဲ့တာကလဲမကောင်းမှု့တွေပဲကို.. ။
"အင်း.. ဒီလိုလုပ်မယ်လေ ပါး အိမ်မှာလဲနေမယ် မြို့ထဲကအိမ်ကိုလဲပြန်ချင်တယ်"
"ဟိုကောင်လေးကြောင့်လား?"
ရှောင်းကျန့် အမေးမှာတော့ ရမ်ကျွင့် ဇက်ခလေးပုဝင်သွားရသည် ။
"ပါး သိပါတယ်ကွာ.. ဟိုကိုရီးယားလေးမှတ်လား??"
"ဟီး .. သူက ကျွန်တော့်ကိုသေချာလေးဂရုစိုက်ပေးတဲ့ ဖွားနဲ့အန်တီ့အပြင် တစ်ဦးတည်းသောသူစိမ်းပဲ ပါး ရဲ့"
အဲ့ဒီကောင်လေးကသားကိုဘယ်ချိန်ထိအပြည့်အဝဂရုစိုက်ပေးနိုင်မှာလဲ..? ဒီကမ္ဘာပေါ်မှာ ပါး လောက် ကျွင့်ကျွင့် ကိုဂရုစိုက်ပေး , ချစ်ပေးနိုင်တဲ့သူဆိုတာမရှိဘူးလေ ။
"အဲ့တာဆိုလဲမိတ်ဆက်ပေးလေ ပါပါး နဲ့"
ရမ်ကျွင့် ကစဉ်းစားနေရင်း..
"မဖြစ်နိုင်ဘူးထင်တယ် ကျွန်တော်ကဆင်းရဲတယ်လို့လိမ်ထားတာ သူသာအမှန်တရားကိုသိရင်စိတ်ပျက်သွားမှာပေါ့"
ဘယ်လိုပဲ ပါး ကလူဆိုးမဟုတ်ဘူးဆိုပါစေအုံး.. စည်းပွားရေးလောကမှာ အပြိုင်အဆိုင်ရှိလာရင် , အန္တရာယ်ဆိုတာကြုံလာရင် လက်တွေမှာသွေးပေရစမြဲပဲလေ.. ။
ပြီးတော့ ပါး ကသူ့ကိုပဲချိုတာ ကျန်တဲ့သူဆို မကောင်းဆိုးဝါးကြီးလိုပဲ ဆက်ဆံနေတာဆိုတော့.. ဂျဲနို နဲ့တွေ့ပေးဖို့ကိုရင်လေးမိတာတော့အမှန်ပါပဲ ။
"သားကလဲသူ့ကိုစိတ်ထဲရှိနေတာပဲကို.. အမှန်တရားကိုအခုထဲကပြောထားတော့မကောင်းဘူးလား? တကယ်ရစ်တွယ်မိသွားမှပြောတာထပ်စာရင် အခုထဲကပြောထားတော့ သူစိတ်ပျက်သွားလဲ သားခံနိုင်ရည်ရှိအုံးမယ့်အချိန်လေ.."
ဒီလိုကျတော့လဲ ပါး စကားကမှန်သား..
ရမ်ကျွင့် ခေါင်းဖြေးဖြေးငြိမ့်ရင်း ပါး ကိုပြုံးပြလိုက်တယ် ။
ဒီတခါတော့ ပါး စကားနားထောင်ကြည့်ပါ့မယ်...!
အရမ်းအရမ်းကြာမှ NoRen update 🙏🏻
[ဟိုဘက်မှာညီအကို ဒီဘက်မှာသားအဖပါ "))) update တွေနောက်ကျနေတာတကယ်တောင်းပန်ပါတယ်လို့]
Zawgyi
"တောက်ခ်...!"
_
[လွန်ခဲ့သော ၉ ရက်ခန့်က]
"မြန်မြန်လာကြလေ!!!!"
"ဘာပါပါးလဲ!!!!!"
"Huang Renjun!!!!!!"
_
"ဟင်?"
"သားကဘာသိလို့လဲကွာ.."
"ကျွင့်ကျွင့်..."
"ဟင့်အင်း.."
"အဲ့လောက်တောင်???"
"အင်း! အဲ့လောက်တောင်..!"
င်း ။
"ကျွန်တော်...."