Seint (စိမ့်) >

By kokolayphilo

31.9K 1.5K 100

Ladyboy လေးကို ပြိုင်ကြိုက်ကြတဲ့ Seme နှစ်ယောက်။ လုံးဝမတည့်ရာကနေ ဘယ်လိုတွေ ချစ်သွားကြမှာလဲ? လူဆိုးဂိုဏ်းခေါင... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
19
20
End

18

1K 59 5
By kokolayphilo

စိမ့်။


အပိုင်း (၁၈)


“ငါတို့ ဘာမှ လုပ်လို့မရဘူးလေ မျိုးသက်။ မင်းရော ငါပါ စိမ့်ကို လိုချင်ခဲ့ကြတာ မဟုတ်ဘူးလား? အတူတူ ချစ်ခဲ့ကြတာပဲ မဟုတ်ဘူးလား?”

မျိုးသက် ခေါင်းကို ငြိမ့်လိုက်ရင်း

“အင်း ခုချိန်ထိလဲ ငါ စိမ့်ကို ချစ်နေတုန်းပါပဲ။”

“ငါလဲ ချစ်နေတုန်းပါပဲ။”

သူတို့ တစ်ယောက်ကို တစ်ယောက်ကြည့်နေ မိကြပြန်ပါတယ်။ ခနတာ ငြိမ်သက်သွားကြပြီးမှ

“ငါတို့ အတွက် အချိန်မရှိတော့ဘူးလို့ ငါထင်တယ် စိုင်းကို။”

“အင်း။”

“ငါ လေ….။”

ပြောလက်စ စကားကို ရပ်ထားတာမို့ စိုင်းကို မျက်ခုံးတွေကိုပင့်ပြီး

“ပြောလေ ဘာဖြစ်လို့လဲ မျိုးသက်။”

“ငါ………….. မင်းစီက ကြားချင်တဲ့ စကားတစ်ခွန်း ရှိတယ်။ ဒါပေမယ့် ငါမမေးလဲ မမေးချင်သလို မေးလဲ မမေးရဲဘူး ဖြစ်နေတယ်။”

မျိုးသက် စကားကြောင့် စိုင်းကို ပြုံးလိုက်ရင်းက

“မင်းတစ်ယောက်ထဲလို့ ထင်လို့လား မျိုးသက်။ ငါလည်း အတူတူပါပဲ။”

“ဒီလိုလုပ်မလား။ မင်းစီကိုငါ အသံ မက်ဆေ့ ပို့လိုက်မယ်။ မင်း နားထောင်ပြီးတာနဲ့ ငါပြန်ဖျက်လိုက်မယ်။ မင်းလဲ အဲဒီ့လို ငါ့ကိုပို့ပေး။”

စိုင်းကို ခေါင်းကို ငြိမ့်လိုက်ပြီး

“အင်း ကောင်းသားပဲ။”

“ဒါဆို ငါဖုန်းချလိုက်မယ်နော်။”

တစ်ယောက်မျက်နှာကို တစ်ယောက်ငေးကြည့်နေရင်းက ခေါင်းကို ပြိုင်တူငြိမ့်လိုက်ကြပါတယ်။ မျိုးသက် ဖုန်းကိုချလိုက်တော့ စိုင်းကို ဖုန်းလေးကို ကိုင်ကာ ငေးကြည့်နေရင်းက မျိုးသက်ပို့လာမယ့် အသံမက်ဆေ့ကို စောင့်နေလိုက်ပါတယ်။ ခနနေတော့ အသံဖိုင်လေး ရောက်လာတာမို့ အသာဖွင့်ကာ နားထောင် လိုက်မိပါတော့တယ်။

“မင်းငါ့ကို ချစ်ခဲ့လား?”

ရင်ဘတ်တွေ ပွင့်ထွက်မတက် ရင်ခုန်သံတွေ ဆူညံလို့လာရပါတော့တယ်။ အသက်ကို ဝအောင်ရှုသွင်းလိုက်ရင်း ဖုန်းထဲက အသံဖိုင်လေးကို နှိပ်ကာ နှုတ်ခမ်း နားကို ကပ်လိုက်ပါတော့တယ်။

“တစ်ခါမှ မချစ်ဖူးတဲ့ အချစ်မျိုးနဲ့ ငါ့ရင်ဘတ်တွေ ပေါက်ထွက်မတက် မင်းကိုချစ်ခဲ့တယ်။ အခုလဲ ချစ်နေတယ်။ နောင်လဲ ဆက်ချစ်နေမယ်။ အဲဒါ အမှန်တရားပဲ။”

မျိုးသက် အသံဖိုင်လေးကို နားထောင်လိုက်ပြီးမှ ဖုန်းကို လက်တစ်ဖက်နဲ့ တင်းနေအောင် စုပ်ကိုင်ထားလိုက်ပြီး လက်တစ်ဖက်က ပါးစပ်ကို ပိတ်ထားလိုက်မိပါတယ်။ ဟုတ်တာပေါ့ သူ မျိုးသက်ကို ချစ်ခဲ့တယ်ဆိုတာ တစ်ခါမှမပြောဖူးပေမယ့် သူ့အကြည့်တွေကနေ မျိုးသက် သိခဲ့သလို အကြွင်းမဲ့လဲ ယုံကြည်ခဲ့ပြီးသားပါ။

နောက်ထပ် အသံဖိုင်လေး တစ်ခုရောက်လာတော့ ဖွင့်နားထောင်လိုက်ကြည့်မိပါတယ်။

“မင်းကော ငါ့ကို ချစ်ခဲ့တယ်မဟုတ်လား မျိုးသက်။”

မျိုးသက် အသက်ကို ဝအောင်ရှုသွင်းလိုက်ရင်းက

“ဘာ့ကြောင့်လဲ ဘယ်အချိန်ကလဲ ဆိုတာ ငါမသိပေမယ့် မင်းကို ချစ်ခဲ့တယ်ဆိုတာတော့ ငါ သေသေချာချာကြီး ကိုယ့်ကိုယ်ကိုယ်သိနေတယ်။”

ပြောနေရင်းက ပါးပြင်ပေါ်ကျလာတဲ့ မျက်ရည််တို့ကို မျိုးသက် သုတ်လိုက်မိပါတယ်။ မငိုပေမယ့် မျက်ရည်တို့က တလိမ့်လိမ့်ကျလို့နေတုန်းပါပဲ။ မျိုးသက် ခုန စိုင်းကိုရဲ့ အသံဖိုင်လေးကို မဖျက်ပဲ ပြန်နားထောင်နေမိသလို စိုင်းကိုကလည်း မျိုးသက်ရဲ့ အသံဖိုင်ကို ပြန်ပြန်ပြီးနားထောင်နေမိပါတယ်။

ရင်ထဲက မွန်းကျပ်မှုတွေက ဘယ်ကိုထွက်ပေါက်အဖြစ် ရှာဖွေရမလဲ မသိပေ။ မျိုးသက် ထိုင်နေရာကနေ အိပ်ယာပေါ် လှဲချလိုက်ပါတော့တယ်။ ရင်ထဲမှာ စို့နင့်နေမှုက လည်ပင်းတွေ အထိ တက်လို့လာပါတယ်။ အပြင်က အေးမြလွန်းတဲ့ ရာသီဥတုက မျိုးသက်ရင်ထဲက အပူတွေကို လျော့ကျမသွားစေခဲ့ပါဘူး။

မျက်လုံးထဲမှာ ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်လာတာက စိမ့်တို့အိမ်မှာ စိုင်းကိုနဲ့ အတူရှိနေခဲ့တဲ့ အချိန်တွေ။ အမြဲတမ်း ရန်လိုနေတဲ့ ရုပ်တည်ကြီးနဲ့ စိုင်းကိုရဲ့ မျက်နှာထားတွေ။ အတူတူ အိပ်ခဲ့တဲ့ ညက ပုံရိပ်တွေ။ မျိုးသက်ကို စိုင်းကိုက ဖက်ကာ ခွထားတာကို မျိုးသက် သိပေမယ့် တမင်ပဲ အိပ်ပျော်ချင်ဟန်ဆောင် နေခဲ့လိုက်တာပါ။ သူကြောက်နေလို့ နေမှာပဲလို့ တွေးမိလို့ကော စိတ်ထဲကလဲ လက်ခံချင်ပြီးသား ဖြစ်နေလို့ပါပါမှာပေါ့။

…….. ဟိုး အိုး Goodluck … G .. O .. O .. D .. L .. U .. C .. K …… မင်းမျက်ရည်နဲ့ ရေးသားနေတဲ့ မင်းနဲ့ ငါရဲ့ ဒီအချစ်ဇာတ်လမ်းကို ရှေးဆက်ဖို့ အတွက် နင် ကြိုးစားမနေနဲ့ …. သိပ်ချစ်တာလဲ ငါသိပါတယ် …. နင့်အတွက် နင်လည်း စဉ်းစားပေးပါ … ဒီအချစ်တစ်ခု အတွက်နဲ့နင် ရူးမိုက်မနေနဲ့ …. အတူတူ လက်တွဲပုံဖော်ခဲ့သော ပျော်ရွှင်စရာများလဲ ….. ပြန်မလိုချင်နဲ့ မလွယ်ကူတော့ဘူး မေ့ပစ်လိုက်ပါတော့ …. နင်ငိုမနေပါနဲ့ နင့်အတွက် နင့်အတွက် …. အရာရာ အဆင်ပြေဖို့ Goodluck Goodluck ….. နင်ငိုမနေပါနဲ့ နင့်အတွက် နင့်အတွက် …. နင်ပျော်ရွှင်စေဖို့ Goodluck Goodluck ….. ဆုတောင်းပေးမယ် နင့်အတွက် ……

စိုင်းကို ထိုင်ရာကနေ ထကာ ထမင်းစားခန်းထဲဝင်လာပြီး အရက်တစ်ခွက်ကို ထည့်ကာ မော့သောက်လိုက်ပါတော့တယ်။ လက်ထဲက ဖုန်းကိုတော့မချပဲ။ အသံဖိုင်လေးကို အပြန်ပြန်အလှန်လှန်နားထောင်နေမိတယ်။ မစခင်ထဲက အဆုံးသတ်သွားခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်။ ဘယ်သူကမှားလဲ ဘယ်သူကမှန် လဲဆိုတာ မသိပေမယ့် ခံစားရမှုကတော့ အတိုင်းအဆမဲ့ပါပဲ။ လက်ထဲက အရက်ခွက်ကို ခပ်ပြင်းပြင်းလေး စားပွဲပေါ် စောင့်ချလိုက်တဲ့ အချိန်မှာ ပေါ်လာတဲ့ ဒုံးခနဲ အသံက လေယာဉ်ကွင်းမှာ မျိုးသက်ကို အခန်းနံရံမှာ ဖိကပ်လိုက်တဲ့ အသံနဲ့ တူနေလို့လား မသိ။ သူတို့ နှစ်ဦးရဲ့ ပုံရိပ်တွေ တစ်ခုပြီး တစ်ခုပေါ်လို့ နေပါတော့တယ်။

စိုင်းကို အရက်နောက်တစ်ခွက်ထည့်ကာ မော့ချလိုက်ပြီး နှုတ်ခမ်းမှာစိုနေတဲ့ အရက်အချို့ကို လျှာနဲ့သပ်လိုက် ချိန်မှာ ပေါ်လာတဲ့ တစ်ရှိုက်မတ်မတ်နမ်းခဲ့ ဖူးတဲ့ မျိုးသက်ရဲ့ နှုတ်ခမ်းတစ်စုံ။ လက်တစ်ဖက်က အရက်ခွက်ကို ကိုင်ကာ နောက်တစ်ဖက်က ဖုန်းကို ကိုင်ထားပြီး တောင့်တောင့်ကြီး ရပ်နေမိလိုက် ပါတော့တယ်။

….. တိတ် တိတ် တိတ် … ငိုမနေနဲ့ မျက်ရည်သုပ်လိုက် ပစ်စက်လက်ခက် လျှောက်တွေးမနေနဲ့ ရပ်လိုက် … မင်းသားနဲ့ မင်းသမီးနဲ့ Ending မှာ ပေါင်းဖက်တဲ့ နင်သိပ်ကို အားကျတဲ့ ဇာတ်လမ်းတွေ မေ့လိုက် … အတူတူ ဘုရားမှာတောင်းခဲ့ ဖူးတဲ့ဆုတွေကိုလဲ မေ့လိုက် …. အတူတူမော့ကြည့်ဖူးတဲ့ ကြယ်တွေဆုံတဲ့ ညတွေမေ့လိုက် …. နင်ဆုပ်ကာ ဖြဲလိုက် လေထဲမှာဝဲလိုက် လောက်ကျွမ်းပြာချလိုက် …. Yes, Baby that’s right. ….. နင့် နင့် နင့်အပြုံးများနဲ့ ဆေးချယ်ထားတဲ့ အပြာရောင်ကောင်းကင်ကြီးက လှပလွန်းခဲ့ဖူးတယ် ….. စည်းချက်မညီတဲ့ ရင်ခုန်သံစဉ်တွေ အတူတူ တန်ပို ညှိုခဲ့ဖူးတယ် …. နင်လည်း သိတာပဲ ရိုမီယို ဂျူးလိယက် သိပ်ပြီးချစ်သော်လည်း နောက်ဆုံး ဝေးကွာခဲ့ …. တကယ်တော့ အချစ်ဆိုတာ ဘဝလည်း မဟုတ်ပေမယ့် ဘဝမှာ အချစ်ကိုတော့ နင်မကိုးကွယ်နဲ့ နော် …. ဖုန်းတွေ ဆက်မနေနဲ့ မက်ဆေ့တွေ ဆက်တိုက်ပို့မနေနဲ့ …. ငါ့ကိုနင်သတိရတဲ့ အခါအိပ်ပစ်လိုက်ပါ … အဲဒါနင့် အတွက်ကောင်းပါတယ် ……. နင့်ခေါင်းထဲက ငါ့ရဲ့အကြောင်းတွေ အားလုံး ငါတို့ အားလုံး ငါတို့နှစ်ယောက်ရဲ့ အမှတ်တရတွေအားလုံး …. မေ့ပစ်ဖို့ မျက်ရည်တွေ ငါထိမ်းပြီးပြောမယ် …. I Love You But I HaveTo Go. …..

နှစ်ယောက်စလုံး ခံစားမှု ကိုယ်စီနဲ့ မျက်ဝန်းမှာ မျက်ရည်တွေစို့လို့ နေကြပါလေရဲ့။ အမြဲတမ်း ကြမ်းတမ်းခဲ့တဲ့ စိုင်းကိုရဲ့ အသည်းနှလုံးတွေ အရည်ပျော်ပြီး မျက်လုံးကနေ စိမ့်ထွက်လာတာလား? မငိုပေမယ့် ပါးပြင်ပေါ် တလိမ့်လိမ့် ဆင်းလာတဲ့ မျိုးသက်ရဲ့ မျက်ရည်တွေက မပိုင်ဆိုင်ခင်က ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်တွေ ကြောင့်လား? ဘာပဲဖြစ်ဖြစ် မနက်ဖြန်ဟာ သူတို့ရဲ့ အဆုံးသတ်လား?

…… နင်ငိုမနေပါနဲ့ နင့်အတွက် နင့် အတွက် …. အရာရာ အဆင်ပြေဖို့ Goodluck Goodluck …. နင်ငိုမနေပါနဲ့ နင့်အတွက် နင့်အတွက် နင်ပျော်ရွှင်စေဖို့ Goodluck Goodluck …… ဆုတောင်းပေးမယ် နင့်အတွက် …. မင်းအချစ်နဲ့ မတန်တဲ့ ငါ့အတွက် ပေးဆပ်ဖို့ မတန်တဲ့ ငါ့အတွက် … နင်ငိုမနေနဲ့တော့ …. မင်းလှည့်ထွက်သွားလိုက်တော့ မုန်းရရင်မုန်းလိုက်တော့ အရာအားလုံးမေ့ပြီးတော့ ……

…… နင်ငိုမနေပါနဲ့ နင့်အတွက် နင့် အတွက် …. အရာရာ အဆင်ပြေဖို့ Goodluck Goodluck …. နင်ငိုမနေပါနဲ့ နင့်အတွက် နင့်အတွက် နင်ပျော်ရွှင်စေဖို့ Goodluck Goodluck …… ဆုတောင်းပေးမယ် နင့်အတွက် ….


…………………………….

“တောက်ခ် ကားတွေကလည်း ကြပ်နေလိုက်တာ ဖာခ့်။”

“စိတ်လျှော့ပါ ကိုစိုင်းရယ်။ အစောကြီးရှိပါသေးတယ်။ တအားကြီးမလောပါနဲ့။ ကားကိုအေးဆေးပဲ မောင်းပါ။”

စိမ့်စကားကြောင့် စိုင်းကို သက်ပြင်းချလိုက်ပြီး လက်ကနာရီကို ကြည့်လိုက်မိတော့ လေယာဉ်ချိန်က အတော်လေး လိုနေသေးတာပဲ။

“စိတ်ကိုမရှည်ဘူး အကုန်ဝင်တိုက်ပစ်လိုက်ရရင် မကောင်းဖြစ်တော့မယ်။”

“ခိခိ။”

စိမ့် ရီသံကြားလိုက်တာမို့ ကားမောင်းနေရင်းက စိုင်းကို မလုံမလဲနဲ့ စိမ့်ဖက်လှည့်ကြည့်လိုက်ရင်း

“ဘာတွေ သဘောကျနေတာလဲ စိ်မ့်။”

“ဟင့်အင်း။”

စိမ့် ပြုံးဖြီးဖြီးလေးနဲ့ ခေါင်းကို ခါပြလိုက်တာမို့ စိုင်းကို ပြုံးလိုက်မိပါတယ်။ စိမ့်က ဒီနေ့လည်း အရမ်းလှနေတာ အမှန်ပါပဲ။ တခါတလေမှ ဒီလို ဘောင်းဘီရှည်နဲ့ မိမိ မိုက်မိုက်လေး ဝတ်တက်တဲ့ စိမ့်ဟာ သာမန်နေ့တွေထက် ကြည့်ကောင်းနေတာ ဘယ်လိုမှ ငြင်းမရပေ။ သုံးနှစ်ဆိုတဲ့ အတိုင်းအတာ ကျော်လာပေမယ့် စိမ့် ဆံပင်တွေကတော့ အရင်လို ပုခုံးကျော်ကျော်လေး ပါပဲ။ နဂိုထက် နဲနဲ တည်ငြိမ်ကာ ပိုပြီး ချစ်ဖို့ကောင်းတာလဲ အမှန်ပါပဲ။ စိမ့်အကြောင်းတွေး နေရင်းက အတွေးထဲ ဝင်ရောက်လာသူက မျိုးသက်။ စိုင်းကို ပင့်သက်ကို ရှိုက်လိုက်မိပါတယ်။

ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် လမ်းထဲကို ဝင်လာတာနဲ့ စိုင်းကို ရင်ခုန်သံတွေ ပိုပြီး မြန်လာတာ ဘေးကစိမ့်ကြားသွားမှာတောင် ကြောက်နေမိပါတယ်။ မျိုးသက်ကို အရမ်းတွေ့ချင်နေ ပြီလေ။ ဖုန်းထဲမှာ အမြဲတွေ့နေရပေမယ့် အပြင်မှာ မြင်ချင်တဲ့ စိတ်က ပိုပြီး ကြီးစိုးနေတယ်လေ။


……………………….

မျိုးသက် လက်ကနာရီကို ကြည့်လိုက်တော့ မြန်မာစံတော်ချိန်နဲ့ ညနေ (၄) နာရီ ထိုးနေပါပြီ။ အမှန်ဆို ဒီအချိန်ရောက်မယ်လို့ မှန်းထားပြီး မှန်းထားတဲ့ အချိန်ကိုပဲ ဆိုက်မြိုက်စွာ ရောက်လာခဲ့တာပါ။ ဒါပေမယ့် စိမ့်နဲ့ စိုင်းကို တို့ကို တမင် ညနေ (၅) နာရီလို့ ပြောထားခဲ့ လိုက်တာလေ။ အဲဒါက ဘာလို့လဲ ဆိုတော့ မျိုးသက်ကပဲ သူတို့ကို အရင်မြင်တွေ့ချင်လို့လေ။ မျိုးသက်ကို သူတို့ စောင့်နေတာမျိုး မဖြစ်စေချင်ပဲ ရောက်တာနဲ့ ဝမ်းသာအားရ တွေ့ချင်လို့ လဲ ပါတာပေါ့။ မျိုးသက် လက်ကေ့ချ်ကို ဆွဲကာ လေယာဉ် အဆောက်အဦး အပြင်ဖက် ကိုထွက်ခဲ့လိုက်ပါတယ်။ ပလက်ဖောင်းပေါ်ရောက်တော့ လက်ကေ့ချ် ကိုဘေးမှာ ထောင်ထားလိုက်ပြီး လက်လေးပိုက်ကာ ဟိုဟိုဒီဒီ ကြည့်နေမိတယ်။

ဒါဟာ အမိမြေ ဆိုတဲ့အသိ။ မြန်မာနိုင်ငံကို ပြန်ရောက်ပြီ ဆိုတဲ့ အသိက လူကို အရမ်းကို ပျော်ရွင်နေစေပါတော့တယ်။ ကားစိုက်တာနဲ့ မျိုးသက် ကိုတွေ့ရင် စိုင်းကိုနဲ့ စိမ့် အရမ်းဝမ်းသာသွားပြီး ပြေးလာကြမှာ မြင်ရောင်နေမိတယ်။ လက်ကေ့ချ် ဘေးမှာလဲ အထုပ်လေး နှစ်ထုပ် အဆင်သင့် ပါပြီးသား။ ဒါက စိမ့်နဲ့ စိုင်းကို အတွက်။ ကျန်တဲ့ သူတွေအတွက်က အိတ်ထဲမှာ ထည့်လာတာ။ သူတို့က လာကြိုမှာ ဆိုတော့ တခါထဲ ပေးလိုက်ချင်လို့လေ။

သူ့ကို တွေ့ရင် စိုင်းကိုနဲ့ စိမ့် အရမ်းဝမ်းသာသွားကြမှာ သေချာပါတယ်။ သူကလဲ တွေ့ချင်လှပါပြီ။ အခုလာမှာက သူ့အချစ်ဆုံး လူနှစ်ယောက်လေ။ ပြီးတော့ မတွေ့ရတာလဲ သုံးနှစ်သုံးမိုး ဆိုတော့ ကျန်တာတွေ နောက်ထားပြီး တွေ့ခွင့်ရရင်ကိုပဲ ပျော်နေရပါပြီ။ မျိုးသက် နာရီကို ကြည့်လိုက် လမ်းပေါ်က ကားတွေကို လိုက်နဲ့ တကြွကြွ ဖြစ်ပြီး ဂဏှာမငြိမ် ဖြစ်လို့နေပါတော့တယ်။


………………………….

“ဟာ ဟိုးမှာ အင်ကျီအဖြူနဲ့ အစ်ကို မဟုတ်လား ကိုစိုင်း။”

“အဟင်း ဟုတ်တာပေါ့။ အဲဒါ ဒီကောင်ပဲ သေချာတယ်။”

“ပြောတော့ ငါးနာရီမှ ဆိုပြီး သူကတောင် ကြိုရောက်နေပါ့လား။”

စိုင်းကိုတို့ကား ကားလမ်းမပေါ်ကနေ မျိုးသက်ကို လှမ်းတွေ့လိုက်တာပါ။ ကားကို အဆောက်အဦးဖက်ကို ဝင်ဖို့ ချိုးကွေ့လိုက်ချိန်မှာပဲ ကားပါကင်ထဲက ထွက်လာတဲ့ အာရာဖတ်ကားကြောင့် အရှိန်ကို အသာရှော့ချ လိုက်ရပါတော့တယ်။ ပထမကားပြီးတော့ သူနဲ့အတူ နောက်တစ်စီးကလဲ ပုံစံတူတာထက် အမှတ်တမဲ့ ကြည့်လိုက်မိတာ နံပါတ်တွေကပါ ရှေ့ဆင့် နောက်ဆင့်တွေမို့ စိုင်းကို မျက်မှောင်ကျုတ်လို့ သွားမိပါတော့တယ်။

“နောက်မှာကားပါသေးတယ် ကိုစိုင်း ခနလေး။”

အာရာဖတ် အနက်ရောက်နှစ်စီး နောက်ကမှ ကပ်ပြီးပါလာတာ မာစီဒီး အနက်ရောင်တစ်စီး။ ဘာတွေလဲလို့ တွေးလိုက်ရင်း သက်ပြင်းကို ချလိုက်မိပါတယ် စိတ်က မရှည်တော့ဘူး။ အမြန်လိုပါတယ််ဆိုမှ ရှေ့ကနေ အတန်းလိုက် လာပြီး ဖျတ်ဝင်နေတာ။

“တီး…….။”

စိုင်းကို ကားဟွန်းကို တစ်ချက်ဖိတီးလိုက်တာမို့

“သွားပါစေ ကိုစိုင်းရဲ့ ရောက်နေပြီပဲကို ဖြေးဖြေးပေါ့။”

အဲဒီ့ ကားသုံးစီးနောက်က စိုင်းကို ကားတဖြေးဖြေးချင်း လိုက်လာပါတယ်။ အရေးထဲ တစ်ချက်ရပ်သွားတာမို့ ကားကို ဘရိတ်နင်းကာ ရပ်ထားလိုက် ရပြန်ပါတယ်။

“ဟ့ာ ဘာလုပ်နေတာလဲကွာ။ ကြာလိုက်တာ တောက်ခ်။”

“ရှေ့နားဆို ရောက်ပါပြီ ကိုစိုင်းရ။ စိမ့် ဆင်းလျှောက်သွားလိုက်ရမလား?”

“မဆင်းနဲ့မဆင်းနဲ့။ ရတယ်။”

ရှေ့ကကား ထွက်သွားတော့မှ စိုင်းကိုကားလေး ရှေ့ကိုတိုးလာပါတယ်။ အဲဒီချိန်မှာပဲ စိမ့်စီက အသံထွက်လာပါတော့တယ်။

“ဟင်။ အစ်ကို ဘယ်ရောက်သွားတာလဲ။”

စိမ့် စကားကြောင်း စိုင်းကို စိုးရိမ်တကြီး ကြည့်လိုက်မိတော့ ခုနမျိုးသက်ရပ်နေတဲ့ နေရာမှာ မျိုးသက်မရှိတော့ပေ။

“ဟာ ဒီကောင်ဘယ်ရောက်သွားတာလဲ။”

စိုင်းကိုကားကို ရပ်လိုက်တာနဲ့ စိမ့်ကားပေါ်ကနေဆင်းလိုက်သလို စိုင်းကိုလဲ ကားပေါ်ကနေ ဆင်းလာပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်မိပါတယ်။

“မတွေ့ဘူး ကိုစိုင်း အခုလေးတင် တွေ့လိုက်သေးတာကို။”

“ဒီနားပတ်ဝန်းကျင်မှာလဲ မတွေ့ဘူး။ အထဲပြန်ဝင်ရအောင်လဲ ဝင်ပေါက်က ဟိုဖက်မှာ။”

“ဒီမှာ အထုပ်တွေလဲ ရှိနေတယ်။”

စိုင်းကို ရုတ်တရက် နောက်ကို လှည့်ကြည့်လိုက်မိပြီးမှ ခပ်လှမ်းလှမ်းမှာ ထွက်ခွါသွားနေတဲ့ မာစီဒီး ကားနဲ့ ကားနက်ကြီး နှစ်စီးကို မျက်လုံးတွေ မှေးစင်းလို့ သွားပါတော့တယ်။ ချက်ခြင်းပဲ ကားနောက်ခန်း တံခါးကို ဖွင့်ကာ မျိုးသက်ရဲ့ အထုပ်တွေ ပစ်တင်လိုက်ရင်း

“စိမ့် ကားပေါ်တက်။”

“ဘာဖြစ်လို့လဲ ကိုစိုင်း။”

စိုင်းကို ရှေ့ကို လက်ညှိုးထိုးပြလိုက်ကာ

“ရှေ့က ကားတွေ ပေါ်မှာ ပါသွားတာ ဖြစ်မယ်။ အမြန်လိုက်မှ ဖြစ်မယ်စိမ့်။”

စိ်မ့် ဘာမှ ပြန်ပြောမနေတော့ပဲ ကားတံခါးဖွင့်ကာ ကားပေါ်တက်ထိုင်လိုက် ပါတော့တယ်။ စိမ့်တက်ပြီးတာနဲ့ စိုင်းကို ကားပေါ် တက်လာပြီး ကားကို အမြန်မောင်း ထွက်လာခဲ့လိုက်ပါတော့တယ်။

“ကျွီး …….။”

Continue Reading

You'll Also Like

241K 17.2K 27
စကြဝဠာကြီးရဲ့ထောင့်တနေရာမှာ ကျွန်မအတွက်အချစ်တွေရှိနေမလား သံသရာကြီးရဲ့အစွန်းတဖက်မှာ ကျွန်မအတွက်အနွေးဓာတ်တွေများရပ်စောင့်နေမလား ကျွန်မလေ..ဘယ်နေရာဖြစ်ဖြ...
392K 29.7K 35
Kim - ချစ်~~ချစ်တယ်~~~မောင် Jeon - မောင်သိတယ် Cv_ Pinterest