ကံ့ကော် (mesua ferrea)

By EthanEain

27.9K 1.5K 47

ကံကော်ပန်းတွေကို မြတ်နိုးတတ်တဲ့ အမျိုးသမီးကိုမှ ချစ်မိသွားပြီထင်ပါရဲ့... တီချယ်က ကျနော့်နတ်သမီးလေးပါ 'ဒေါ် အိ... More

ကံကော်(mesua ferrea)part-1
ကံကော်(mesua ferrea)part-2
ကံကော်(mesua ferrea)part-3
ကံကော်(mesua ferrea)part-4
ကံကော်(mesua ferrea)part-6
ကံ့ကော်(mesua ferrea) part-7
ကံ့ကော်(mesua ferrea) part-8
Chracter မိတ်ဆက်
ကံ့ကော်(mesua ferrea)part-9
ကံ့ကော်(mesua ferrea)part-10
ကံ့ကော် (mesua ferrea)part-11
ကံ့ကော်(mesua ferrea)part-12(Final)
Hi!
extra

ကံကော်(mesua ferrea)part-5

1.6K 106 0
By EthanEain

'ရှိုင်းထက်အိမ်'

'ဗျာ တီချယ်'

'မနက်စာ စားပြီးပြီလား'

'မစားရသေးဘူး တီချယ်'

ဒီရက်ပိုင်း မာမီမှာ အလုပ်အလွန်ရှုပ်နေသဖြင့် ရှိုင်းမနက်စာ မစားရသည်မှာ 2ရက်3ရက်ရှိပြီ ဖြစ်သည်။

'ရော့ ဒီမှာ လဘက်ရည်နဲ့ အီကြာကွေးနဲ့ စားမလား'

'တီချယ်ကရော'

'တီချယ်က ဒီမှာ စားပြီးပြီ'

'သမီးဖို့ဝယ်ထားတာ'

'အော် ဟုတ်တီချယ် စားပြီးရင် ခွက်ဆေးပြီး လာပေးမယ်နော်'

'အေးအေး'

ခြူးမှာတော့ ထိုနေရာတွင် မရှိသလိုပင်။

'နှစ်ခါရှိပြီနော် နောက်ခါနင်နဲ့ ဘယ်ကိုမှ မလိုက်တော့ဘူး'

'ဘာဖြစ်လို့လဲ'

'နင်က နက့်တီချယ်နဲ့တွေ့ရင် ငါကမရှိသလိုဘဲ တကယ်တည်း နှစ်ယောက်သား ချစ်ကြည်နူးနေလိုက်တာများ ငါက သရဲမကြီးကို ကျနေတာဘဲ'

ခြူးမှ စိတ်ဆိုးသော အသံဖြင့် ပြောသောအခါ ရှိုင်းမှ ချော့ရပြန်သည်။ ခြူးတစ်ယောက်တည်းကိုမဟုတ် အုပ်စုထဲတွင် လူတိုင်းက ရှိုင်းကို သိတ်ကောက်တတ်ကြသည်။ သူတို့စိတ်ကောက်ရင်လည်း ရှိုင်းကမနေနိုင် လိုက်ချော့ရသည်။ ရှိုင်းစိတ်ကောက်လျှင် ချော့မည့်သူမရှိ။ ရှိုင်းကအမြဲ သီးခံပေးသည်။

'သူငယ်ချင်းလေးကလည်း ငါက တီချယ့်နဲ့ စကားပြောနေရရင် ဘယ်သူ့ကိုမှ မမြင်တော့လို့ပါဟ နင်ကလည်း နင်လည်း နင့်ဟာကြီးနဲ့ စကားပြောနေရင် ငါ့ကို အဖတ်တောင်လုပ်လို့လား'

'အေးပါ ကျေသွားပြီလို့ဘဲ သဘောထားလိုက်မယ်'

'ဒီလိုမှပေါ့'

မုန့်စားပြီးနောက် ခွက်ဆေးကာ တီချယ့်ကို သွားပေးလိုက်သည်။

ထို့နောက် တိတယအချိန်အရောက် မိကျော်မှ toiletသွားချင်သည်ဟု ပြောသဖြင့် toiletဘက်သို့ထွက်လာခဲ့သည်။ ထိုစဥ် toiletထဲတွင် တီချယ်ရှိနေသည်။

'တီချယ် ကျနော် ပြောအုန်းမယ်'

'အင်းပြော'

'တီချယ် ချောင်းဆိုးနေတာကို မနက်က လဘက်ရည်တွေ သောက်နေတယ် ဟုတ်လား'

'ဟုတ်သားဘဲ သမီးရယ် တီချယ် မေ့သွားလို့'

'ဆေးသောက်ထားအုန်း'

'ဟုတ်ကဲ့ပါရှင့်'

နှစ်ယောက်သား စကားပြောတာ အတေယ်ပင်ကြာနေပြီဖြစ်သည်။ မိကျော်မှာလည်း တော်တော်နှင့်ထွက်မလာ။ စကားတွေပြောလိုက် တီချယ်ကို ခိုးခိုးကြည့်လိုက်နှင့် ရှိုင်းအလုပ်ရှုပ်နေလေသည်။ ထို့နောက် မိကျော်ထွက်လာသဖြင့်

'တီချယ် သွားတော့မယ်နော်'

'အင်း'

ရိီုင်းတို့ထွက်လာပြီးမှ တီချယ်toilet ထဲသို့ဝင်သွားလေသည်။

'တော်တော်မှ စကားပြောခဲ့ရဲ့လား'

'ကျေးဇူးတင်ပါတယ် သယ်ရင်းလေးရယ် နင့်ကျေးဇူးနဲ့ စကားတွေ အများကြီး ပြောခဲ့ရတယ်'

'ကျေးဇူးတင်ရင် မုန့်ဝယ်ကျွေး'

'ရေခဲချောင်းဝယ်ကျွေးမယ်'

'ပြီးရော'

ထိုနေ့ညတွင် ရှိုင်းလုပ်နေကြအတိုင်း Diaryစာအုပ်နှင့် Guitarကိုင်ကာ ခေါင်မိုးထပ်သို့တတ်လာပြီး ဖြစ်ခဲ့သမျှ အရာအားလုံးကို ချရေးခဲ့သည်။

တဖက်တွင်လည်း

*တနေ့လုံး လူတိုင်းက Happy Birthday ပြောနေပေမယ့် ထိုကလေးပြောသည့် 'Happy Birthday တီချယ်'ဆိုတဲ့ စာကြောင်းလေးကိုဘဲ မျက်လုံးထဲမှာ မြင်နေမိတယ်။ ထိုကလေးနဲ့ စကားပြောနေရတဲ့ အချိန်တိုင်း ပျော်နေမိတယ်။ ငါရှိုင်းထက်အိမ်ကိုများ....အို...မဟုတ်လောက်ပါဘူးလေ။*
__________

ဒီလိုနဲ့ ရှိုင်းတို့ကျောင်း ကထိန်ခင်းမယ့်နေ့ကိုရောက်လာခဲ့တယ်။ ကထိန်ခင်းမည့်နေ့တွင် ယောကျ်ားလေးများကိုသာခေါ်ထားသည်။ သို့သော် ပဠာန်းရွတ်သည့် မိန်းကလေးများအဖွဲ့ကိုလည်း ခေါ်ထားလေသည်။ ရှိုင်းတို့သူငယ်ချင်း တစ်အုပ်စုလုံး ထိုအဖွဲ့တွင်ပါကြသည်။

ထိုနေ့ရှိုင်းအပေါ်သို့တတ်လာသောအခါ လူတိုင်းက ရှိုင်းကိုစကြသည်။ အကြောင်းမှာ ပဠာန်းရွတ်သည့် သူတိုင်း ရင်ဖုံးလက်ရှည် ဝတ်ရသောကြောင့်ဖြစ်သည်။ ရှိုင်းလက်ရှည်ဝတ်သည်က ရှားသည်။ 'တစ်နှစ်မှာ တစ်ရက်ဝတ်လျှင်တောင် ကံကောင်း' ဟုဆရာမတိုင်းကပြောကြသည်။

တီချယ်မှလည်း

'လက်ရှည်တွေ ဘာတွေနဲ့ မိန်းကလေးဆန်နေတာ'

'ဟာ...တီချယ်ကလည်း'

တီချယ်နှင့် ရှိုင်းတို့အုပ်စု ထရီလိုက်သည်။ တီချယ်မှာ အသားရောင် ဝမ်းဆက်ဖြင့်အလွန်ပင်လှနေသည်။ မပြင်ဆင်ဘဲ ပုံမှန်အတိုင်း မိတ်ကပ်ပါးပါးနှင့် နှုတ်ခမ်းနီ ဖျော့ဖျော့သာ ဆိုးထားသည်။ ရှိုင်း၏ မျက်လုံးထဲတွင် တီချယ်မှာ အလွန်ပင်လှနေတော့သည်။

ထို့နောက် အတန်းပိုင်ဆရာမမှ အတန်းထဲက ပဠာန်းရွတ် ပါသည့်သူများနှင့် ဓာတ်ပုံရိုက်သည်။ ထို့နောက် ပဠာန်းရွတ်ကြပြီး ပဠာန်းရွတ်သည့် အဖွဲ့များကို မုန့်ကျွေးသည်။ ပြီးနောက် အငယ်တန်းများအား ပြန်လွှတ်လိုက်ပြီး အထက်တန်းများကိုသာ တရားနာစေသည်။ တရားနာပြီး ဆရာ၊ဆရာမများနှင့် ကျောင်းကောင်စီအဖွဲ့ဝင်များက ဘုန်းကြီးကျောင်းသို့သွားပြီး ပဠာန်းရွတ်သည့် အဖွဲ့မှ ကျန်ခဲ့သူများကို အိမ်ပြန်လွှတ်လိုက်သည်။ ရှိုင်းမှာ အဒေါ်အိမ် သွားရမည်ဖြစ်သောကြောင့် အတန်းပိုင်ဆရာမစီခွင့်တောင်းကာ အဝတ်လဲလိုက်သည်။

ညဘက် အိမ်ပြန်ရောက်တော့ တီချယ်စီမှ ရိုက်ထားသောဓာတ်ပုံများသွားတောင်းကာ စာအပြန်အလှန်ပို့ရင်း ည7နာရီတွင် စကားစပြောကာ ည9နာရီခွဲကျော်လောက်မှ နှစ်ယောက်သားလိုင်းပေါ်မှ ဆင်းသွားကြသည်။ ထို့နောက်ကျောင်းသုံးရက် ပိတ်သဖြင့် အဖိုးအိမ်သွားနေကာ ညဘက် တီချယ်နှင့် အတူတူ စကားပြောကြသည်။ တီချယ်မှ အလုပ်မအားသည့် ကြားကပင် ရှိုင်းနှင့်စကားပြောပေးသည်။ လိုင်းပေါ်မှဆင်းကာနီတွင် ရှိုင်းမှ

'တီချယ် Goodnight kiss လေးမပေးချင်ဘူးလား'ဟု ပြောသဖြင့် တီချယ်မှ

'Goodnight😘'ဟုပြန်ပို့လိုက်ရာ ရှိုင်းမှလည်း ထိုကဲ့သို့ ပြန်ပို့ပြီး လိုင်းပေါ်မှ ဆင်းသွားကြသည်။ ရှိုင်းမှာ အိပ်နေရာကနေ ထခုန်လာသဖြင့် ညီမဖြစ်သူက အိပ်နေရာကနေ လန့်နိုးရလေသည်။

'ရှိုင်းနင်ဘလိုတေဖြစ်နေတာလဲ'

'နင်သိလား ငါ့တီချယ်ကလေ ငါ့ကို Goodnight kiss ပေးတယ်ကွ'ဟု ထအော်လိုက်သည်။

'ဟဲ့ တိုးတိုးပြောလေ လူကြီးတေ နိုးကုန်တော့မယ်'

'အာ sorry sorry ပျော်လွန်းလို့ မေ့သွားတယ်'

ရှိုင်း၏ ညီမဝမ်းကွဲဖြစ်သူ ဆုရတနာစံနှင့် ရှိုင်းတို့မှာ တစ်နှစ်ကြီး တစ်နှစ်ငယ်များဖြစ်သဖြင့် အလွန် ရင်းနှီးကြသည်။ နှစ်ယောက်တွင် လျှို့ဝှတ်ချက်မရှိ အကုန်ဖွင့်ပြောကြသည်။

ထို့နောက် အိပ်ရာဝင်ကြသည်။ရှိုင်းမှာတော့ အိပ်မပျော်နိုင်။ တီချယ်နှင့် စကားပြောသည် များကိုပင် ပြန်မြင်ယောင်နေသည်။

*တီချယ်က ငါ့ကို Goodnight kiss ပေးတယ်ကွာ ပျော်လိုက်တာ ငရှိုင်း မင်းကံဇာတာတွေတတ်နေတယ်။*

တဖက်တွင်လည်း

*ဒီကလေးလေးကတော့လေ ဘလိုလေးမှန်းကို မသိဘူး။ ငါကရော ဘာလို့ အဲ့ကလေးလေးကို Goodnight kiss ပေးမိပါလိမ့်။ အဲ့ကလေးလေးနဲ့ စကားပြောရတာဘဲ ဘာလို့အဲ့လောက်တောင်ပျော်နေမိပါလိမ့်။ အဲ့ကလေးကလည်း ပြုံးလိုက်တိုင်း တကယ်ချစ်စရာလေး။ ပါးဖောင်းဖောင်းလေးနဲ့။ မျက်မှန်အောက်က မျက်လုံးလေးတွေက ပြုံးလိုက်တိုင်း မှေးစင်းသွားတာ သိပ်ချစ်စရာကောင်းတာဘဲ။ ဘလိုလေးမှန်းကိုမသိ ချစ်စရာလေး။*

__________

ဒီနေ့တော့ နဲနဲဘဲ upပေးလိုက်တယ်။ ကျနော်မအားလို့ပါ။ ကျနော် 2ပတ်လောက်နားမယ်နော်။ ခွင့်တိုင်တာပါဗျ😁

Continue Reading

You'll Also Like

838K 64K 36
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
1.1M 29.1K 41
While moonlighting as a stripper, Emery Jones' mundane life takes a twisted and seductive turn when she finds herself relentlessly pursued by reclusi...
614K 32.6K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
40.6K 4.5K 33
သေရေးရှင်ရေးကြားမှာတောင် လူတွေက ဘာလို့ ချစ်ကြသလဲဆိုတာ ရီရီ့ ကို တွေ့တဲ့အခါ နားလည်သွားပါတယ် ။ ရီရီ ဟာ ဒီနွေ ရဲ့ လေ​ပြည်အေးလေး ဖြစ်ပြီး တစ်စုံတစ်ယောက်...