လရောင်ဖြာမှ...အေးသောကြောင့်(လ...

By Hsu_BlueRose

56.6K 4.6K 763

Unicode '' ကံကြမ္မာဆိုတဲ့ အရာတောင် အသက်အတွက်ဆို ပြောင်းပြန်လှန်ပစ်မှာ မို့ မောင့်လက်ကိုသာရဲရဲတွဲထားပါ အသက်ရယ်... More

Intro🧡
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း (၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း(၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း(၂၀)
hello
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)

အပိုင်း (၁၆)

1.5K 146 28
By Hsu_BlueRose

'' ဘယ်လို ကိုကိုကျော် ကိုမိုးမောင်ရဲ့သား
သစ်ဦးဟာ မေမြို့ရဲ့ မြို့အုပ်မင်း ဟုတ်သလား ''

ရန်ကုန်မြို့ရှိ ရတနာကျော်စံအိမ်ကြီးအတွင်းမှ သူဌေးကတော် ဒေါ်မာရင်မြင့် ၏ အသံသည် ဧည့်ခန်းတစ်ခုလုံး ဟိန်းထွက်နေလေသည်။

'' ဟုတ်တယ် မြင့် ကိုကိုကျော် လည်း သိသိချင်း သိပ်ကို အံ့သြသွားတာ ။ တော်သေးသပေါ့ သမီးမော်လီကို မလွှတ်မိတာ ''

'' အို တကယ်သာ ဆို လွှတ်လိုက်ရမှာ ''

'' ဘာတဲ့ မြင့် ။ ဘယ်လို ''

'' လွှတ်လိုက်ရမှာ ကိုကိုကျော်ရဲ့ တကယ်သာဆို မြင့်တို့ကသမီးမော်လီကို လွှတ်လိုက်ရမှာ။ သမီး မော်လီဟာ ထက်မြတ်တယ်။ လှတယ်။ သမီးမော်လီကိုသာ လွှတ်လိုက်ရင် သေချာပေါက် သဘောကျမှာပဲ။ အဲ့အချိန်ဆို မြင့်တို့လည်း သမီးမျက်နှာနဲ့အလုပ်လုပ်ရတာ အဆင်ပြေမယ်။ သူက သီပေါက စော်ဘွားတွေအထိပါ မိတ်တွေရှိတော့ မြင့်တို့အတွက် သာလို့တောင်ကောင်းသွားသပေါ့။ မဟုတ်ဘူးလား။ ဘာလို့များအစောကြီးကတည်းက မြို့အုပ်မင်းမှန်းမသိရတာလဲ။ ဒါဟာ ကိုကိုကျော် လိုတာ။ အစကတည်းက သေသေချာချာ စုံစမ်းရမယ်မဟုတ်ဘူးလား။ ခုတော့ ဟို ဘာမှ သုံးစားမရ၊ နုံနုံအအ လရောင်ခင်ကို လွှတ်လိုက်တော့ ဒီလိုတွေဖြစ်ပြီပေါ့။ ''

'' နို့ မြင့်ပဲ လွှတ်ချင်ခဲ့တာမဟုတ်လား။ ''

'' အို ဒါကတော့ ဒါပေါ့ ခုတော့ မြင့်တို့ ဘယ်နှယ်လုပ်ကြမတုန်း။ ပြန်ခေါ်မလား အဲ့ကောင်လေးကို''

'' ပြန်လွှတ်မယ်မထင်ဘူး။''

'' အို ကိုယ့်အိမ်ကလူ ကိုယ်ပြန်ခေါ်တာပဲ ဘာခက်တာမှတ်လို့။ ''

'' နေပါအုံး မြင့်ရယ် ကိုကိုကျော် ကြံပါဖန်ပါအုံးမယ်''

ဧည့်ခန်းထဲမှ သခင်ကြီးနှင့် သခင်မကြီး၏ စကားများကို ခင်ထွေး အမှတ်တမဲ့ကြားကာ မျက်ခုံးတွန့်မိလေတော့သည်။ ဘာတွေများ လုပ်ကြအုံးမလို့ပါလိမ့်။

>>>>>>>>
<<<<<<<<

'' 🎼🎼ချစ်တာကိုလေပြောပြစမ်းချင်တယ်..ခင်ယုံကွယ် ကျိန်စာမောင်ပြုပါမယ်...
ကြိုက်တာကိုလေ ပြောပြစမ်းချင်တယ် ...ခင်ယုံကွယ် ကျိန်စာမောင်ပြုပါ့မယ်..ချစ်လို့ရယ် သက်ဆုံးပေါင်းဖို့ရွယ် မောင့်ရဲ့ အသည်းနှလုံးကို ခွဲပြချင်တယ်...လှသူဇာနွယ်ချောလည်း ချောပေတယ်...ချစ်ခြင်ဖွယ် ကိုကိုရှောင်ရှားမရတယ်...🎼🎼🎼🎼''

'' ဘယ်လို မြို့အုပ်မင်းပါလိမ့် ။အရှက်ကိုမရှိဘူး ဒီလူနှယ် ။ မျက်နှာရူး။ ''

တစ်မနက်ခင်းလုံး လရောင်နောက်ကို တကောက်ကောက် လိုက်ကာ သီချင်းတကျော်ကျော် နှင့် မျက်နှာရူးနေသည့် မြို့အုပ်မင်း ဆိုသူကြောင့် လရောင် မျက်စောင်းကလေး ထိုး၍သာပြောလေတော့သည်။ အခုလည်းကြည့် ပန်းပင်ရေလောင်းနေသည့် လရောင်နောက် မယောင်မလည် လုပ်ကာ သီးချင်းဆိုနေပြန်ပါသည်။ လရောင် အနှီးလူအား မြို့အုပ်မင်းလို့ သိပြီးသွားကတည်းက ခက်တန်းတန်းသာ နေခဲ့ပါသည်။ စိတ်ဆိုး၍ လည်းပါမည်ထင်ပါသည်။

'' 🎼🎼 ချစ်မယ်...ကြိုက်မယ် သက်လည်အတည်ပြောတာပါကွယ်...ခက်တယ် သက်လည် မျက်ချယ် ဘယ်သူများကြားက ဖျက်တယ်ပြောပါ့ခင်လေးရယ်...🎶🎶

'' ဒီမယ် မြို့အုပ်မင်းဆိုသူကြီး ခင်ဗျားနှယ်အားနေရောလားကွယ်..''

''လရောင်မှ တစ်ပါး တစ်ခြားအရေးကြီးအရာ မရှိသေးပါပေါ့ကွယ်''

'' အလကား မျက်နှာရူး ။ မြို့အုပ်မင်းတို့ ရုံးက ဘာအလုပ်မှ မရှိဘူးလား။ ဒီအချိန် ရုံးသွားရမှာ မဟုတ်ဘူးလား။ ဘယ်နှဲ့ ခုတော့ဖြင့် ဘာကိစ္စ လရောင်နောက် တစ်ကောက်ကောက်လိုက်နေရသလဲ။ ''

'' ရော် ခက်ပ။ မောင် ဒီတိုင်းပဲ နေတာပါ လရောင်လေးရယ်။ ''

'' အို တော်တန်တိတ်။ ဘာကိစ္စ အဲ့နာမ်စား သုံးရလဲ။ ''

လရောင် စိတ်ဘဝင်မကျစွာ အပင်ရေလောင်းနေရာမှ ထလိုက်ပြီး အောက်နှုတ်ခမ်းလေးအားကိုက်ကာ ရန်တွေ့လိုက်လေသည်။

'' မောင့်ကို စိတ်မဆိုးပါနဲ့ လရောင်ရယ်။ မောင် မဖြစ်မနေမို့သာ ဖုံးကွယ်ထားတာပါ။''

'' အို မသုံးနဲ့ဆိုနေ။ ''

'' မောင်တကယ်မှားပါတယ် လရောင်။ ''

သစ်ဦး လရောင်ဘေးနား အလျင်အမြန်ကပ်ကာ လရောင်၏ လက်ကလေးနှစ်ဖက်အား ဆွဲကာ လရောင်၏ လက်ဖမိုးလေးနှစ်ဖက်အပေါ် ပါးကလေး နှင့်ကပ်ကာပြောလိုက်လေသည်။

'' အို .. လွှတ်ပါ။ ဒါဘာလုပ်တာလဲ ။ ''

'' ဟင့်အင်း မလွှတ်ဘူး ။ မောင်တကယ်မှားပါတယ်။ ''

သစ်ဦးသည် လရောင်၏ လက်ဖမိုးလေးများအား ပါးကလေးဖြင့် ပွတ်သတ်ရင်းသာ ပြောနေလေသည်။

'' မြို့အုပ်မင်း''

'' အဲ့သလိုကြီး ခေါ်ရင် ကိုလို့တောင် မလွှတ်ချင်သေး ။ ''

'' ကို...ကို သစ်ဦး..''

'' မောင် တကယ်မှားပါတယ်။ တကယ်က လရောင်ကို ကြိုပြောခဲ့ရမှာ။ လရောင် ခံစားသွားရတာ မောင်နားလည်ပါတယ်။ ဝမ်းလည်းနည်းသွားမပေါ့။ မောင် လရောင်အပေါ်လိမ်ညာ ခဲ့တာမှန်ပေမဲ့ လရောင်အပေါ် မေတ္တာသက်ဝင်နေတဲ့ အချစ်ကတော့ စင်စစ် အမှန်ပါ လရောင်ရယ်။ ဒါကြောင့် လရောင်ဟာ မောင့်အပေါ်စိတ်ဆိုးလို့ရတယ်။ နို့ပေမဲ့ စိတ်နာလို့၊ မုန်းလို့တော့မရဘူး။ လရောင် ကို မောင် တကယ်ချစ်တယ်။ လရောင်ဟာ ဦးကိုကိုကျော်ရဲ့ သွေးသား ဖြစ်သည်ဖြစ်စေ ၊ မဖြစ်သည်ဖြစ်စေ မောင့် အချစ် ဟာ ပြောင်းလဲမသွားဘူး။
မောင် လရောင့်ရဲ့ မိဘတွေအပေါ်မှာ အငြိုးအတေးထားတာမှန်ပါတယ်။ဒါဟာလည်း အကြောင်းကိစ္စတွေ ရှိတယ်။ နောင်တစ်ချိန် လရောင်သိလာမှာပါ။ အဲ့ဒါကြောင့် လရောင်ဟာ မဟုတ်တဲ့အတွေးတွေ ကိုယ့်ကိုကိုယ် သိမ်ငယ်စေမဲ့ အတွေးတွေးတွေ မတွေးဘဲ မောင့်ကို ပြန်ချစ်ပေးဖို့ပဲ စဥ်းစားပေးပါ။ ''

သစ်ဦး ၏ စကားများကြောင့် လရောင် အပြုံးမမြည်သော အပြုံးလေးတွေသာ ပြုံးမိလိုက်သည်။ စိတ်ဆိုးနေ ရိုးအမှန် ဖြစ်ပေမဲ့ ထိုစကားလေးတွေကို ကြားတော့ လရောင် စိတ်ထဲ စိုးရိမ်စိတ်တွေ၊ သိမ်ငယ်စိတ်တွေ တစ်ဝက်ထက်မက သက်သာသွားလေသည်။

'' အလို အချို့အချို့တွေများ တယ်လည်း သာယာသကိုး ...ကြည့်ကောင်းချက် ..ဝမ်းစမိုး..တူးစမိုး ဝိုးဟိုးဟိုး ''

မိမိ ကိုကျ အလုပ်ပုံထဲ ခေါင်းစိုက်ခိုင်းပြီး ကိုယ်တိုင်ကျ အချစ်ကလေးနှင့် ဓာတ်ရှင် ရိုက်နေသည့် ဆရာဖြစ်သူကြောင့် ထွန်းတောက်အမြင်ကပ်ကပ်နှင့် ပန်းရုံမှ ကွယ်၍ အော်ပြေးလေတော့သည်။

'' အို... လွှတ်..လွှတ်ပါ...''

'' ဟာ... လရောင်...လရောင်လေး...''

ထွန်းတောက်၏ အော်သံကြောင့် မိမိ၏ လက်ထဲမှ ဆုတ်ကိုင်ထားသော လက်ကလေးအား အတင်းရုန်းလွှတ်ကာ ရှက်ကိုး ရှက်ကန်းနှင့် အိမ်ထဲ ပြေးဝင်သွားသည့် လရောင်ကြောင့် သစ်ဦး ဟက်ကော့ကြီးသာ ကျန်ခဲ့လေတော့သည်။

'' ထွန်းတောက် ဒီငနဲ!''

ထွန်းတောက်အား ဆဲရန် ကြည့်လိုက်ပေမဲ့ စပ်ဖြဲဖြဲဖြင့် အိမ်နောက်ဘက် တန်းနေအောင် ​ပြေးဝင်သွားသည့် တပည့်ဖြစ်သူကြောင့် လက်သီးတပြင်ပြင်နှင့်သာဖြစ်နေလေတော့သည်။

>>>>>
<<<<<

'' အစ်မလေး...''

ထွန်းတောက် ခေါ်လိုက်ပေမဲ့ တစ်ချက်ကလေးမျှ အဖတ်မလုပ်သည့် အစ်မလေး လရောင်ကြောင့် ထွန်းတောက် ခေါင်းကလေးတစ်ချက်ကုပ် လိုက်ကာ ဆူဆူ ပုတ်ပုတ်လေး ဖြစ်သွားလေသည်။

'' ဟင်း အဓိက တရားခံ နဲ့ကျတော့ မနက်က နှစ်ကိုယ်သူ ချစ်တိုင်းပြည်ထူထောင်ပြီး ဓာတ်ရှင် ရိုက်နေကြပြီးတော့ ဒီက ဘာမသိညာမသိ ဘာမဆိုင်ညာမဆိုင် ဖိုးသခွားလေး ထွန်းတောက်ကိုကျ ခုထိ အမျက်တော်က မပြေနိုင်သေးဘူး။ ''

ခုထိ မိမိကိုအဖတ်မလုပ်ဘဲခြံဘေးမှာ အဝတ်လှန်းနေသည့် အစ်မလေး ကို ကြည့်ပြီး ထွန်းတောက် ပွစိ ပွစိနဲ့သာ ပြောနေမိသည်။

'' ဘာ ပြောတယ် ကိုထွန်းတောက် ''

လရောင် မျက်စောင်းကလေးထိုးပြီး ထွန်းတောက်အားကြည့်ကာပြောလိုက်လေသည်။

'' ဟီး အစ်မလေး ''

ထွန်းတောက်လရောင်အား သွား၃၂ ချောင်း လုံးအ အသားကုန်ဖြဲပြကာ မျက်နှာချိုသွေးလိုက်လေသည်။

'' ခုမှာ လာပြီး သွားဖြဲပြမနေနဲ့။ လရောင်ဟာ နွားပွဲစားမဟုတ်ဘူး။ ''

'' အို အစ်မလေးကလည်း ကျုပ်ကလည်း နွားပွဲစား မလုပ်ပါဘူး။ အချစ်ပွဲစား လုပ်ပေးမယ်။ ကျုပ်ဆရာကို ပြန်ပြီး ခွင့်လွတ်ပေးလိုက်ပါဗျာ ။ ကျုပ်ဆရာက အရင်က ဒီလို အချစ်ရေး ကိစ္စတွေကို ခေါင်းထဲ ထည့်တာ မဟုတ်ဘူး အစ်မလေးရဲ့ ။ အစ်မလေးနဲ့တွေ့မှသာ အမြဲသူ့ခေါင်းထဲ ထည့်ထားတဲ့ အမှူကိစ္စတွေကို ကျုပ်ခေါင်းစိုက်နေရတာ။ ''

'' အော် လက်စ သက်တော့ ကိုထွန်းတောက်က အလုပ်မလုပ်ချင်တာနဲ့ဘဲ လရောင်ကို အတင်းထိုးထည့်ပေးနေတာပေါ့လေ။ ''

'' အို တစ်မှု မပြီးသေးဘူး တစ်မှုတော့ အပတ်မခံရပါစေနဲ့ အစ်မလေးရယ် ။ ကျုပ်က ပြောပြတာပါ။ အစ်မလေး ကျုပ်ဆရာကို စိတ်မဆိုးဖို့။ ''

'' ဆရာ တပည့် လိုက်လည်း လိုက်ပ့နော် ''

လရောင် ထို့သိုသာ ပြောပြီး အပြုံးကလေးနဲ့သာ အဝတ်များ လှန်းနေလေသည်။ ထွန်းတောက်လည်း မျက်နှာလို မျက်နှာ ရလေးလုပ်ကာ လရောင်ဘေးနား ပြုံးပြုံး ပြုံးပြုံး ဖြင့်သာ အဝတ်ကူလှန်းနေလေတော့သည်။

>>>>>>
<<<<<<

'' ဖြစ်ပါ့ မလား ထွန်းတောက်ရဲ့ ..''

'' သြော် ကိုယ့်ဆရာရယ် ယုံစမ်းပါ ။ ဘာဖြစ်သလဲ က်ုယ့်ဂုဏ်တွေ ၊ ရာထူးတွေ ခဏ မေ့ထား အရေးကြီးတာက အစ်မလေး ပြန်ချစ်ဖို့ပဲ မဟုတ်လား ။ လုပ်စမ်းပါ လူငယ်ဆန်ဆန်လေး ပိုးတာပေါ့။ ''

ညကြီးမင်းကြီး ဆရာတပည့်နှစ်ယောက် ဓာတ်စက် တစ်လုံးပိုက်ကာ ခြံထဲ ဆင်းပြီး ခိုးကြောင်းခိုးဝှက် လုပ်နေသော မြို့အုပ်မင်း ဆရာတပည့် နှစ်ယောက်ကြောင့် တိတ်ဆိတ်ငြိမ်သက်နေသောညသည် အသက်ဝင်နေလေသည်။

'' ကျုပ် ဖြစ်မယ်မထင်ပါဘူး ''

''ရော် ဓာတ်စက်ဖွင့်ပေးထားမဲ့ ဟာကို ''

'' သူများတွေ အိပ်ချိန်ကွဲ မဖြစ်ပါဘူး။ ''

'' ဒီလိုပဲ ပိုးကြပန်းကြတာပါပဲ စိတ်မပူနဲ့ ကျုပ်ကိုယုံ''

''🎼🎼🎼🎼🎼''

စိတ်မြန်လက်မြန်ဖြင့်ဓာတ်စက်အား ပိတ်ဖွင့်လိုက်သည့် ထွန်းတောက်ကြောင့် တေးသွားသံ လွင့်လွင့်သည် ခြံထဲတွင်ထွက်ပေါ်သွားလေသည်။

''🎶🎶🎶 ခင်မင်စရာ မင်စရာ ရူပါရုံချောသူသက်လျာ ...ကြင်နာစွာ မောင့်စိတ်ထဲမှာ ချစ်မိတာ ...ကြိုက်မိတာ..
စေတနာ ဝေဖြာ ခင်သူဇာလှပျို့မျက်နှာ..
အသည်းထဲမှာ စွဲကာ.. ထာဝစဥ်သာခင်တာ
ဂေါ်သဇင်ပန်း ပွင့်လန်း နန်းဥယာဥ်မှာ..
ခြူ ချင်သော်လည်းစိတ်ထဲ.. ရဲသွေးမဝင်ပါ..
ခင်နှမသက်လျာ သနားကြင်နာ...ခွင့်ပေးဖို့ရာ တောင်းပန်ရတာ..
သဒ္ဒါဟုန်ဇော..မနော..ပြောလို့ကုန်မကုန်ပါ.. ခင်မင်သူလေးအချစ်ရေး..တွေးမိပြန်ကာ..
ရွှေပါးအပ်ကာ ..စကား..ချ်ိုစွာ..စောင့်စားသူ့မောင့်ကို ကြည်ဖြူစေချင်တာ🎶🎶🎶''

ဓာတ်စက်မှ တေးသံ အေအေး ထွက်ပေါ်လာချိန်တော့ သစ်ဦးတစ်ယောက် သီချင်းပေါ်စိတ်နှစ်ကာ လရောင်၏ အိပ်ခန်း တံခါးအား မော့ကြည့်၍ ဆိုလေတော့သည်။ သီချင်းဆိုရင်း အခြေအနေစောင့်ကြည့်တော့ ဖယောင်းတိုင်မီးကလေး လက်သွားသည့် လရောင်၏ အခန်းကြောင့် သစ်ဦး တက်ကြွသွားလေသည်။

''🎶🎶( ချစ်မေတ္တာ ဖြိုးကြွကာ ..မိုးကျမယ်လှသူဇာ..ကြည်နူးစွာ ဖူးစာဖက်နဲ့ မောင်းဆက်နိုင်အောင်သာ ...
အို ဒေဝါသိကြား မစပါ)🎶🎶🎶''

အခန်းတံခါး လေးဖွင့်ကာ မတ်တပ်ရပ်လာသည့် လရောင်ကြောင့် သစ်ဦး မျက်နှာ ထက်အပြုံးပန်းတို့ ပွင့်လန်းကာ တက်ကြွသွားလေသည်။

''🎶🎶(ဘရဏီ ပုံနှုန်း ပြုံးလျက်မူရာ ..ခုံးမျက်စချီကာ..
စန္ဒာ လမင်း အဆင်းနဲ့တူစွာ..ဝင်းဝင်းပပဖြာ

ဘရဏီ ပုံနှုန်း ပြုံးလျက်မူရာ..ခုံးမျက်စချီကာ...
စန္ဒာလမင်း အဆင်းနဲ့တူစွာ..ဝင်းဝင်းပပဖြာ

ကြည်လင်ပေတာ..မြင်ရသူချစ်ချင်စရာ..တော်ဝင်သူပါ နန်းထိုက်ပန်းမကိုဋ်ညာ
အသာဝါ ရွှေသွေး..မွှေးလျက်ကြူကာ ပန်းပေါင်းရနံ့တွေဖြာ ...ခင်ခင်ပျိုနှမ လှရက်ပေတာ ချစ်မိကြိုက်မိတာ🎶🎶)''

သီချင်း အား ဟန်နှင့်ပန်နှင့် ဆိုကာ လရောင့်အား လက်တွေပြပြီး တစ်ယောက်တည်း အလုပ်ရှုပ်နေသော မြို့အုပ်မင်းကြီးသည် တစ်ခြားသူများသာ ရုတ်တရက်မြင်ရင် အံ့သြစရာအတိပင်။

လရောင် မေမေကြီးအား ဆေးလိမ်းပေးပြီး သိပ်အပြီးတွင် အလွင့်လွင့် ပျံ့နှံ့လာသော ဓာတ်ပြားသံလေးကြောင့် အာရုံစိုက်နားထောင်မိတုန်း ထွက်ပေါ်လာသော အသံကြောင့် မျက်လုံးလေး ကလေးပြူးကာ တိတ်တိတ်ကလေးနားထောင်နေရင်း မနေနိုင်နော့ဘဲ တံခါးဖွင့်ကြည့်မိတော့ အမှောင် ထဲမှာ မီးအိမ်တစ်လုံးနှင့် အသံကုန်ဟစ်နေသည့် ဆရာတပည့် နှစ်ယောက်ကြောင့် လရောင် ပြုံးမိသွားလေသည်။ လရောင်ကိုမြင်သွားသည့်နှယ် ပြုံးကာ အသံကုန်ဟစ်ရင် လက်ပြလာသောလူကြောင့် မျက်စောင်းကလေးထိုး၍ သာ သီချင်းအား နားစိုက်ထောင်နေမိလေသည်။

'' ဘယ်လို မြို့အုပ်မင်းမှန်းမသိဘူး။ မျက်နှာရူးကြီး။ ''

>>>>>>
<<<<<<

22.2.2023

TBC___

ရေးနေရင်း plot တွေ မေ့သွားလို့ စိတ်ဓာတ်တွေကျပြီး ပြစ်ထားမိတာ မနေ့ညကတော့ မနေနိုင်တာနဲ့ အကုန်အစအဆုံး ပြန်ဖတ်ပြီး တတ်နိုင်သလောက်ကြိုးစားပြီး ရေးလိုက်ပါတယ်။ plot တွေပျောက်သွားတော့ ပေါ့သွားမှာ ဆိုးပြီး ဆက်ရေးဖို့အများကြီး စဥ်းစားနေရပေမဲ့ အဆုံးထိစောင့်နေပေးကြတဲ့ကလေးတွေကြောင့် ကြိုးစားပြီး ပြန်ရေးပါ့မယ်။ စောင့်နေပေးကြတဲ့အတွက်ကျေးဇူးလည်းတင်ပါတယ်။💙

Zawgyi___

'' ဘယ္လို ကိုကိုေက်ာ္ ကိုမိုးေမာင္ရဲ႕သား
သစ္ဦးဟာ ေမၿမိဳ႕ရဲ႕ ၿမိဳ႕အုပ္မင္း ဟုတ္သလား ''

ရန္ကုန္ၿမိဳ႕ရွိ ရတနာေက်ာ္စံအိမ္ႀကီးအတြင္းမွ သူေဌးကေတာ္ ေဒၚမာရင္ျမင့္ ၏ အသံသည္ ဧည့္ခန္းတစ္ခုလုံး ဟိန္းထြက္ေနေလသည္။

'' ဟုတ္တယ္ ျမင့္ ကိုကိုေက်ာ္ လည္း သိသိခ်င္း သိပ္ကို အံ့ၾသသြားတာ ။ ေတာ္ေသးသေပါ႔ သမီးေမာ္လီကို မလႊတ္မိတာ ''

'' အို တကယ္သာ ဆို လႊတ္လိုက္ရမွာ ''

'' ဘာတဲ့ ျမင့္ ။ ဘယ္လို ''

'' လႊတ္လိုက္ရမွာ ကိုကိုေက်ာ္ရဲ႕ တကယ္သာဆို ျမင့္တို႔ကသမီးေမာ္လီကို လႊတ္လိုက္ရမွာ။ သမီး ေမာ္လီဟာ ထက္ျမတ္တယ္။ လွတယ္။ သမီးေမာ္လီကိုသာ လႊတ္လိုက္ရင္ ေသခ်ာေပါက္ သေဘာက်မွာပဲ။ အဲ့အခ်ိန္ဆို ျမင့္တို႔လည္း သမီးမ်က္ႏွာနဲ႔အလုပ္လုပ္ရတာ အဆင္ေျပမယ္။ သူက သီေပါက ေစာ္ဘြားေတြအထိပါ မိတ္ေတြရွိေတာ့ ျမင့္တို႔အတြက္ သာလို႔ေတာင္ေကာင္းသြားသေပါ႔။ မဟုတ္ဘူးလား။ ဘာလို႔မ်ားအေစာႀကီးကတည္းက ၿမိဳ႕အုပ္မင္းမွန္းမသိရတာလဲ။ ဒါဟာ ကိုကိုေက်ာ္ လိုတာ။ အစကတည္းက ေသေသခ်ာခ်ာ စုံစမ္းရမယ္မဟုတ္ဘူးလား။ ခုေတာ့ ဟို ဘာမွ သုံးစားမရ၊ ႏုံႏုံအအ လေရာင္ခင္ကို လႊတ္လိုက္ေတာ့ ဒီလိုေတြျဖစ္ၿပီေပါ႔။ ''

'' ႏို႔ ျမင့္ပဲ လႊတ္ခ်င္ခဲ့တာမဟုတ္လား။ ''

'' အို ဒါကေတာ့ ဒါေပါ႔ ခုေတာ့ ျမင့္တို႔ ဘယ္ႏွယ္လုပ္ၾကမတုန္း။ ျပန္ေခၚမလား အဲ့ေကာင္ေလးကို''

'' ျပန္လႊတ္မယ္မထင္ဘူး။''

'' အို ကိုယ့္အိမ္ကလူ ကိုယ္ျပန္ေခၚတာပဲ ဘာခက္တာမွတ္လို႔။ ''

'' ေနပါအုံး ျမင့္ရယ္ ကိုကိုေက်ာ္ ႀကံပါဖန္ပါအုံးမယ္''

ဧည့္ခန္းထဲမွ သခင္ႀကီးႏွင့္ သခင္မႀကီး၏ စကားမ်ားကို ခင္ေထြး အမွတ္တမဲ့ၾကားကာ မ်က္ခုံးတြန္႔မိေလေတာ့သည္။ ဘာေတြမ်ား လုပ္ၾကအုံးမလို႔ပါလိမ့္။

>>>>>>>>
<<<<<<<<

'' 🎼🎼ခ်စ္တာကိုေလေျပာျပစမ္းခ်င္တယ္..ခင္ယုံကြယ္ က်ိန္စာေမာင္ျပဳပါမယ္...
ႀကိဳက္တာကိုေလ ေျပာျပစမ္းခ်င္တယ္ ...ခင္ယုံကြယ္ က်ိန္စာေမာင္ျပဳပါ႔မယ္..ခ်စ္လို႔ရယ္ သက္ဆုံးေပါင္းဖို႔ရြယ္ ေမာင့္ရဲ႕ အသည္းႏွလုံးကို ခြဲျပခ်င္တယ္...လွသူဇာႏြယ္ေခ်ာလည္း ေခ်ာေပတယ္...ခ်စ္ျခင္ဖြယ္ ကိုကိုေရွာင္ရွားမရတယ္...🎼🎼🎼🎼''

'' ဘယ္လို ၿမိဳ႕အုပ္မင္းပါလိမ့္ ။အရွက္ကိုမရွိဘူး ဒီလူႏွယ္ ။ မ်က္ႏွာ႐ူး။ ''

တစ္မနက္ခင္းလုံး လေရာင္ေနာက္ကို တေကာက္ေကာက္ လိုက္ကာ သီခ်င္းတေက်ာ္ေက်ာ္ ႏွင့္ မ်က္ႏွာ႐ူးေနသည့္ ၿမိဳ႕အုပ္မင္း ဆိုသူေၾကာင့္ လေရာင္ မ်က္ေစာင္းကေလး ထိုး၍သာေျပာေလေတာ့သည္။ အခုလည္းၾကည့္ ပန္းပင္ေရေလာင္းေနသည့္ လေရာင္ေနာက္ မေယာင္မလည္ လုပ္ကာ သီးခ်င္းဆိုေနျပန္ပါသည္။ လေရာင္ အႏွီးလူအား ၿမိဳ႕အုပ္မင္းလို႔ သိၿပီးသြားကတည္းက ခက္တန္းတန္းသာ ေနခဲ့ပါသည္။ စိတ္ဆိုး၍ လည္းပါမည္ထင္ပါသည္။

'' 🎼🎼 ခ်စ္မယ္...ႀကိဳက္မယ္ သက္လည္အတည္ေျပာတာပါကြယ္...ခက္တယ္ သက္လည္ မ်က္ခ်ယ္ ဘယ္သူမ်ားၾကားက ဖ်က္တယ္ေျပာပါ႔ခင္ေလးရယ္...🎶🎶

'' ဒီမယ္ ၿမိဳ႕အုပ္မင္းဆိုသူႀကီး ခင္ဗ်ားႏွယ္အားေနေရာလားကြယ္..''

''လေရာင္မွ တစ္ပါး တစ္ျခားအေရးႀကီးအရာ မရွိေသးပါေပါ႔ကြယ္''

'' အလကား မ်က္ႏွာ႐ူး ။ ၿမိဳ႕အုပ္မင္းတို႔ ႐ုံးက ဘာအလုပ္မွ မရွိဘူးလား။ ဒီအခ်ိန္ ႐ုံးသြားရမွာ မဟုတ္ဘူးလား။ ဘယ္ႏွဲ႔ ခုေတာ့ျဖင့္ ဘာကိစၥ လေရာင္ေနာက္ တစ္ေကာက္ေကာက္လိုက္ေနရသလဲ။ ''

'' ေရာ္ ခက္ပ။ ေမာင္ ဒီတိုင္းပဲ ေနတာပါ လေရာင္ေလးရယ္။ ''

'' အို ေတာ္တန္တိတ္။ ဘာကိစၥ အဲ့နာမ္စား သုံးရလဲ။ ''

လေရာင္ စိတ္ဘဝင္မက်စြာ အပင္ေရေလာင္းေနရာမွ ထလိုက္ၿပီး ေအာက္ႏႈတ္ခမ္းေလးအားကိုက္ကာ ရန္ေတြ႕လိုက္ေလသည္။

'' ေမာင့္ကို စိတ္မဆိုးပါနဲ႔ လေရာင္ရယ္။ ေမာင္ မျဖစ္မေနမို႔သာ ဖုံးကြယ္ထားတာပါ။''

'' အို မသုံးနဲ႔ဆိုေန။ ''

'' ေမာင္တကယ္မွားပါတယ္ လေရာင္။ ''

သစ္ဦး လေရာင္ေဘးနား အလ်င္အျမန္ကပ္ကာ လေရာင္၏ လက္ကေလးႏွစ္ဖက္အား ဆြဲကာ လေရာင္၏ လက္ဖမိုးေလးႏွစ္ဖက္အေပၚ ပါးကေလး ႏွင့္ကပ္ကာေျပာလိုက္ေလသည္။

'' အို .. လႊတ္ပါ။ ဒါဘာလုပ္တာလဲ ။ ''

'' ဟင့္အင္း မလႊတ္ဘူး ။ ေမာင္တကယ္မွားပါတယ္။ ''

သစ္ဦးသည္ လေရာင္၏ လက္ဖမိုးေလးမ်ားအား ပါးကေလးျဖင့္ ပြတ္သတ္ရင္းသာ ေျပာေနေလသည္။

'' ၿမိဳ႕အုပ္မင္း''

'' အဲ့သလိုႀကီး ေခၚရင္ ကိုလို႔ေတာင္ မလႊတ္ခ်င္ေသး ။ ''

'' ကို...ကို သစ္ဦး..''

'' ေမာင္ တကယ္မွားပါတယ္။ တကယ္က လေရာင္ကို ႀကိဳေျပာခဲ့ရမွာ။ လေရာင္ ခံစားသြားရတာ ေမာင္နားလည္ပါတယ္။ ဝမ္းလည္းနည္းသြားမေပါ႔။ ေမာင္ လေရာင္အေပၚလိမ္ညာ ခဲ့တာမွန္ေပမဲ့ လေရာင္အေပၚ ေမတၱာသက္ဝင္ေနတဲ့ အခ်စ္ကေတာ့ စင္စစ္ အမွန္ပါ လေရာင္ရယ္။ ဒါေၾကာင့္ လေရာင္ဟာ ေမာင့္အေပၚစိတ္ဆိုးလို႔ရတယ္။ ႏို႔ေပမဲ့ စိတ္နာလို႔၊ မုန္းလို႔ေတာ့မရဘူး။ လေရာင္ ကို ေမာင္ တကယ္ခ်စ္တယ္။ လေရာင္ဟာ ဦးကိုကိုေက်ာ္ရဲ႕ ေသြးသား ျဖစ္သည္ျဖစ္ေစ ၊ မျဖစ္သည္ျဖစ္ေစ ေမာင့္ အခ်စ္ ဟာ ေျပာင္းလဲမသြားဘူး။
ေမာင္ လေရာင့္ရဲ႕ မိဘေတြအေပၚမွာ အၿငိဳးအေတးထားတာမွန္ပါတယ္။ဒါဟာလည္း အေၾကာင္းကိစၥေတြ ရွိတယ္။ ေနာင္တစ္ခ်ိန္ လေရာင္သိလာမွာပါ။ အဲ့ဒါေၾကာင့္ လေရာင္ဟာ မဟုတ္တဲ့အေတြးေတြ ကိုယ့္ကိုကိုယ္ သိမ္ငယ္ေစမဲ့ အေတြးေတြးေတြ မေတြးဘဲ ေမာင့္ကို ျပန္ခ်စ္ေပးဖို႔ပဲ စဥ္းစားေပးပါ။ ''

သစ္ဦး ၏ စကားမ်ားေၾကာင့္ လေရာင္ အၿပဳံးမျမည္ေသာ အၿပဳံးေလးေတြသာ ၿပဳံးမိလိုက္သည္။ စိတ္ဆိုးေန ႐ိုးအမွန္ ျဖစ္ေပမဲ့ ထိုစကားေလးေတြကို ၾကားေတာ့ လေရာင္ စိတ္ထဲ စိုးရိမ္စိတ္ေတြ၊ သိမ္ငယ္စိတ္ေတြ တစ္ဝက္ထက္မက သက္သာသြားေလသည္။

'' အလို အခ်ိဳ႕အခ်ိဳ႕ေတြမ်ား တယ္လည္း သာယာသကိုး ...ၾကည့္ေကာင္းခ်က္ ..ဝမ္းစမိုး..တူးစမိုး ဝိုးဟိုးဟိုး ''

မိမိ ကိုက် အလုပ္ပုံထဲ ေခါင္းစိုက္ခိုင္းၿပီး ကိုယ္တိုင္က် အခ်စ္ကေလးႏွင့္ ဓာတ္ရွင္ ႐ိုက္ေနသည့္ ဆရာျဖစ္သူေၾကာင့္ ထြန္းေတာက္အျမင္ကပ္ကပ္ႏွင့္ ပန္း႐ုံမွ ကြယ္၍ ေအာ္ေျပးေလေတာ့သည္။

'' အို... လႊတ္..လႊတ္ပါ...''

'' ဟာ... လေရာင္...လေရာင္ေလး...''

ထြန္းေတာက္၏ ေအာ္သံေၾကာင့္ မိမိ၏ လက္ထဲမွ ဆုတ္ကိုင္ထားေသာ လက္ကေလးအား အတင္း႐ုန္းလႊတ္ကာ ရွက္ကိုး ရွက္ကန္းႏွင့္ အိမ္ထဲ ေျပးဝင္သြားသည့္ လေရာင္ေၾကာင့္ သစ္ဦး ဟက္ေကာ့ႀကီးသာ က်န္ခဲ့ေလေတာ့သည္။

'' ထြန္းေတာက္ ဒီငနဲ!''

ထြန္းေတာက္အား ဆဲရန္ ၾကည့္လိုက္ေပမဲ့ စပ္ၿဖဲၿဖဲျဖင့္ အိမ္ေနာက္ဘက္ တန္းေနေအာင္ ​ေျပးဝင္သြားသည့္ တပည့္ျဖစ္သူေၾကာင့္ လက္သီးတျပင္ျပင္ႏွင့္သာျဖစ္ေနေလေတာ့သည္။

>>>>>
<<<<<

'' အစ္မေလး...''

ထြန္းေတာက္ ေခၚလိုက္ေပမဲ့ တစ္ခ်က္ကေလးမွ် အဖတ္မလုပ္သည့္ အစ္မေလး လေရာင္ေၾကာင့္ ထြန္းေတာက္ ေခါင္းကေလးတစ္ခ်က္ကုပ္ လိုက္ကာ ဆူဆူ ပုတ္ပုတ္ေလး ျဖစ္သြားေလသည္။

'' ဟင္း အဓိက တရားခံ နဲ႔က်ေတာ့ မနက္က ႏွစ္ကိုယ္သူ ခ်စ္တိုင္းျပည္ထူေထာင္ၿပီး ဓာတ္ရွင္ ႐ိုက္ေနၾကၿပီးေတာ့ ဒီက ဘာမသိညာမသိ ဘာမဆိုင္ညာမဆိုင္ ဖိုးသခြားေလး ထြန္းေတာက္ကိုက် ခုထိ အမ်က္ေတာ္က မေျပႏိုင္ေသးဘူး။ ''

ခုထိ မိမိကိုအဖတ္မလုပ္ဘဲၿခံေဘးမွာ အဝတ္လွန္းေနသည့္ အစ္မေလး ကို ၾကည့္ၿပီး ထြန္းေတာက္ ပြစိ ပြစိနဲ႔သာ ေျပာေနမိသည္။

'' ဘာ ေျပာတယ္ ကိုထြန္းေတာက္ ''

လေရာင္ မ်က္ေစာင္းကေလးထိုးၿပီး ထြန္းေတာက္အားၾကည့္ကာေျပာလိုက္ေလသည္။

'' ဟီး အစ္မေလး ''

ထြန္းေတာက္လေရာင္အား သြား၃၂ ေခ်ာင္း လုံးအ အသားကုန္ၿဖဲျပကာ မ်က္ႏွာခ်ိဳေသြးလိုက္ေလသည္။

'' ခုမွာ လာၿပီး သြားၿဖဲျပမေနနဲ႔။ လေရာင္ဟာ ႏြားပြဲစားမဟုတ္ဘူး။ ''

'' အို အစ္မေလးကလည္း က်ဳပ္ကလည္း ႏြားပြဲစား မလုပ္ပါဘူး။ အခ်စ္ပြဲစား လုပ္ေပးမယ္။ က်ဳပ္ဆရာကို ျပန္ၿပီး ခြင့္လြတ္ေပးလိုက္ပါဗ်ာ ။ က်ဳပ္ဆရာက အရင္က ဒီလို အခ်စ္ေရး ကိစၥေတြကို ေခါင္းထဲ ထည့္တာ မဟုတ္ဘူး အစ္မေလးရဲ႕ ။ အစ္မေလးနဲ႔ေတြ႕မွသာ အၿမဲသူ့ေခါင္းထဲ ထည့္ထားတဲ့ အမွဴကိစၥေတြကို က်ဳပ္ေခါင္းစိုက္ေနရတာ။ ''

'' ေအာ္ လက္စ သက္ေတာ့ ကိုထြန္းေတာက္က အလုပ္မလုပ္ခ်င္တာနဲ႔ဘဲ လေရာင္ကို အတင္းထိုးထည့္ေပးေနတာေပါ႔ေလ။ ''

'' အို တစ္မႈ မၿပီးေသးဘူး တစ္မႈေတာ့ အပတ္မခံရပါေစနဲ႔ အစ္မေလးရယ္ ။ က်ဳပ္က ေျပာျပတာပါ။ အစ္မေလး က်ဳပ္ဆရာကို စိတ္မဆိုးဖို႔။ ''

'' ဆရာ တပည့္ လိုက္လည္း လိုက္ပ့ေနာ္ ''

လေရာင္ ထို႔သိုသာ ေျပာၿပီး အၿပဳံးကေလးနဲ႔သာ အဝတ္မ်ား လွန္းေနေလသည္။ ထြန္းေတာက္လည္း မ်က္ႏွာလို မ်က္ႏွာ ရေလးလုပ္ကာ လေရာင္ေဘးနား ၿပဳံးၿပဳံး ၿပဳံးၿပဳံး ျဖင့္သာ အဝတ္ကူလွန္းေနေလေတာ့သည္။

>>>>>>
<<<<<<

'' ျဖစ္ပါ႔ မလား ထြန္းေတာက္ရဲ႕ ..''

'' ေၾသာ္ ကိုယ့္ဆရာရယ္ ယုံစမ္းပါ ။ ဘာျဖစ္သလဲ က္ုယ့္ဂုဏ္ေတြ ၊ ရာထူးေတြ ခဏ ေမ့ထား အေရးႀကီးတာက အစ္မေလး ျပန္ခ်စ္ဖို႔ပဲ မဟုတ္လား ။ လုပ္စမ္းပါ လူငယ္ဆန္ဆန္ေလး ပိုးတာေပါ႔။ ''

ညႀကီးမင္းႀကီး ဆရာတပည့္ႏွစ္ေယာက္ ဓာတ္စက္ တစ္လုံးပိုက္ကာ ၿခံထဲ ဆင္းၿပီး ခိုးေၾကာင္းခိုးဝွက္ လုပ္ေနေသာ ၿမိဳ႕အုပ္မင္း ဆရာတပည့္ ႏွစ္ေယာက္ေၾကာင့္ တိတ္ဆိတ္ၿငိမ္သက္ေနေသာညသည္ အသက္ဝင္ေနေလသည္။

'' က်ဳပ္ ျဖစ္မယ္မထင္ပါဘူး ''

''ေရာ္ ဓာတ္စက္ဖြင့္ေပးထားမဲ့ ဟာကို ''

'' သူမ်ားေတြ အိပ္ခ်ိန္ကြဲ မျဖစ္ပါဘူး။ ''

'' ဒီလိုပဲ ပိုးၾကပန္းၾကတာပါပဲ စိတ္မပူနဲ႔ က်ဳပ္ကိုယုံ''

''🎼🎼🎼🎼🎼''

စိတ္ျမန္လက္ျမန္ျဖင့္ဓာတ္စက္အား ပိတ္ဖြင့္လိုက္သည့္ ထြန္းေတာက္ေၾကာင့္ ေတးသြားသံ လြင့္လြင့္သည္ ၿခံထဲတြင္ထြက္ေပၚသြားေလသည္။

''🎶🎶🎶 ခင္မင္စရာ မင္စရာ ႐ူပါ႐ုံေခ်ာသူသက္လ်ာ ...ၾကင္နာစြာ ေမာင့္စိတ္ထဲမွာ ခ်စ္မိတာ ...ႀကိဳက္မိတာ..
ေစတနာ ေဝျဖာ ခင္သူဇာလွပ်ိဳ႕မ်က္ႏွာ..
အသည္းထဲမွာ စြဲကာ.. ထာဝစဥ္သာခင္တာ
ေဂၚသဇင္ပန္း ပြင့္လန္း နန္းဥယာဥ္မွာ..
ျခဴ ခ်င္ေသာ္လည္းစိတ္ထဲ.. ရဲေသြးမဝင္ပါ..
ခင္ႏွမသက္လ်ာ သနားၾကင္နာ...ခြင့္ေပးဖို႔ရာ ေတာင္းပန္ရတာ..
သဒၵါဟုန္ေဇာ..မေနာ..ေျပာလို႔ကုန္မကုန္ပါ.. ခင္မင္သူေလးအခ်စ္ေရး..ေတြးမိျပန္ကာ..
ေရႊပါးအပ္ကာ ..စကား..ခ်္ိဳစြာ..ေစာင့္စားသူ့ေမာင့္ကို ၾကည္ျဖဴေစခ်င္တာ🎶🎶🎶''

ဓာတ္စက္မွ ေတးသံ ေအေအး ထြက္ေပၚလာခ်ိန္ေတာ့ သစ္ဦးတစ္ေယာက္ သီခ်င္းေပၚစိတ္ႏွစ္ကာ လေရာင္၏ အိပ္ခန္း တံခါးအား ေမာ့ၾကည့္၍ ဆိုေလေတာ့သည္။ သီခ်င္းဆိုရင္း အေျခအေနေစာင့္ၾကည့္ေတာ့ ဖေယာင္းတိုင္မီးကေလး လက္သြားသည့္ လေရာင္၏ အခန္းေၾကာင့္ သစ္ဦး တက္ႂကြသြားေလသည္။

''🎶🎶( ခ်စ္ေမတၱာ ၿဖိဳးႂကြကာ ..မိုးက်မယ္လွသူဇာ..ၾကည္ႏူးစြာ ဖူးစာဖက္နဲ႔ ေမာင္းဆက္ႏိုင္ေအာင္သာ ...
အို ေဒဝါသိၾကား မစပါ)🎶🎶🎶''

အခန္းတံခါး ေလးဖြင့္ကာ မတ္တပ္ရပ္လာသည့္ လေရာင္ေၾကာင့္ သစ္ဦး မ်က္ႏွာ ထက္အၿပဳံးပန္းတို႔ ပြင့္လန္းကာ တက္ႂကြသြားေလသည္။

''🎶🎶(ဘရဏီ ပုံႏႈန္း ၿပဳံးလ်က္မူရာ ..ခုံးမ်က္စခ်ီကာ..
စႏၵာ လမင္း အဆင္းနဲ႔တူစြာ..ဝင္းဝငးပပျဖာ

ဘရဏီ ပုံႏႈန္း ၿပဳံးလ်က္မူရာ..ခုံးမ်က္စခ်ီကာ...
စႏၵာလမင္း အဆင္းနဲ႔တူစြာ..ဝင္းဝင္းပပျဖာ

ၾကည္လင္ေပတာ..ျမင္ရသူခ်စ္ခ်င္စရာ..ေတာ္ဝင္သူပါ နန္းထိုက္ပန္းမကိုဋ္ညာ
အသာဝါ ေရႊေသြး..ေမႊးလ်က္ၾကဴကာ ပန္းေပါင္းရနံ႔ေတြျဖာ ...ခင္ခင္ပ်ိဳႏွမ လွရက္ေပတာ ခ်စ္မိႀကိဳက္မိတာ🎶🎶)''

သီခ်င္း အား ဟန္ႏွင့္ပန္ႏွင့္ ဆိုကာ လေရာင့္အား လက္ေတြျပၿပီး တစ္ေယာက္တည္း အလုပ္ရႈပ္ေနေသာ ၿမိဳ႕အုပ္မင္းႀကီးသည္ တစ္ျခားသူမ်ားသာ ႐ုတ္တရက္ျမင္ရင္ အံ့ၾသစရာအတိပင္။

လေရာင္ ေမေမႀကီးအား ေဆးလိမ္းေပးၿပီး သိပ္အၿပီးတြင္ အလြင့္လြင့္ ပ်ံ႕ႏွံ႔လာေသာ ဓာတ္ျပားသံေလးေၾကာင့္ အာ႐ုံစိုက္နားေထာင္မိတုန္း ထြက္ေပၚလာေသာ အသံေၾကာင့္ မ်က္လုံးေလး ကေလးျပဴးကာ တိတ္တိတ္ကေလးနားေထာင္ေနရင္း မေနႏိုင္ေနာ႔ဘဲ တံခါးဖြင့္ၾကည့္မိေတာ့ အေမွာင္ ထဲမွာ မီးအိမ္တစ္လုံးႏွင့္ အသံကုန္ဟစ္ေနသည့္ ဆရာတပည့္ ႏွစ္ေယာက္ေၾကာင့္ လေရာင္ ၿပဳံးမိသြားေလသည္။ လေရာင္ကိုျမင္သြားသည့္ႏွယ္ ၿပဳံးကာ အသံကုန္ဟစ္ရင္ လက္ျပလာေသာလူေၾကာင့္ မ်က္ေစာင္းကေလးထိုး၍ သာ သီခ်င္းအား နားစိုက္ေထာင္ေနမိေလသည္။

'' ဘယ္လို ၿမိဳ႕အုပ္မင္းမွန္းမသိဘူး။ မ်က္ႏွာ႐ူးႀကီး။ ''

>>>>>>
<<<<<<

22.2.2023

TBC___

ေရးေနရင္း plot ေတြ ေမ့သြားလို႔ စိတ္ဓာတ္ေတြက်ၿပီး ျပစ္ထားမိတာ မေန႔ညကေတာ့ မေနႏိုင္တာနဲ႔ အကုန္အစအဆုံး ျပန္ဖတ္ၿပီး တတ္ႏိုင္သေလာက္ႀကိဳးစားၿပီး ေရးလိုက္ပါတယ္။ plot ေတြေပ်ာက္သြားေတာ့ ေပါ႔သြားမွာ ဆိုးၿပီး ဆက္ေရးဖို႔အမ်ားႀကီး စဥ္းစားေနရေပမဲ့ အဆုံးထိေစာင့္ေနေပးၾကတဲ့ကေလးေတြေၾကာင့္ ႀကိဳးစားၿပီး ျပန္ေရးပါ႔မယ္💙

Continue Reading

You'll Also Like

773K 46.6K 30
A love contest between a boy who likes to kick football and a little doctor.
398K 3K 4
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
275K 26.1K 77
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
259K 7.1K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...