LORD OF ALL {Ongoing}

By _nayyyyy_

19.3K 1.3K 71

The contents of this story are written only with the writer's thoughts and ideas, and do not want to hurt or... More

CHAPTER - 1 [Unicode]
CHAPTER - 1 [Zawgyi]
CHAPTER - 2 [Unicode]
CHAPTER - 2 [Zawgyi]
CHAPTER - 3 [Unicode]
CHAPTER - 3 [Zawgyi]
CHAPTER - 4 [Unicode]
CHAPTER - 4 [Zawgyi]
CHAPTER - 5 [Unicode]
CHAPTER - 5 [Zawgyi]
CHAPTER - 6 [Unicode]
CHAPTER - 6 [Zawgyi]
CHAPTER - 7 [Unicode]
CHAPTER - 7 [Zawgyi]
CHAPTER - 8 [Unicode]
CHAPTER - 9 [Unicode]
CHAPTER - 9 [Zawgyi]
CHAPTER - 10 [Unicode]
CHAPTER - 10 [Zawgyi]
CHAPTER - 11 [Unicode]
CHAPTER - 11 [Zawgyi]
CHAPTER - 12 [Unicode]
CHAPTER - 12 [Zawgyi]
CHAPTER - 13 [Unicode]
CHAPTER - 13 [Zawgyi]
CHAPTER -14 [Unicode]
CHAPTER - 14 [Zawgyi]
CHAPTER - 15 [Unicode]
CHAPTER - 15 [Zawgyi]
CHAPTER - 16 [Unicode]
CHAPTER - 16 [Zawgyi]
CHAPTER - 17 [Unicode]
CHAPTER - 17 [Zawgyi]
CHAPTER - 18 [Unicode]
CHAPTER - 18 [Zawgyi]
CHAPTER - 19 [Unicode]
CHAPTER - 19 [Zawgyi]
CHAPTER - 20 [Unicode]
CHAPTER -20 [Zawgyi]
CHAPTER - 21 [Unicode]
CHAPTER - 21 [Zawgyi]
CHAPTER - 22 [Unicode]
CHAPTER - 22 [Zawgyi]

CHAPTER - 8 [Zawgyi]

111 10 0
By _nayyyyy_

"Sniper ရှိတယ်!!"

သတိပေးလိုက်သော လူတစ်ယောက်၏အသံကြောင့်ဝုန်းဒိုင်းကြဲသွားသော ခန်းမကြီးက အစောက ကခုန်ငြိမ်သက်မှုများနှင့်လားလားမျှမသက်ဆိုင်။

Bodygardကိုယ်စီကလည်း ဆိုင်ရာဆိုင်ရာများအား ကာကွယ်ကြရန် လက်နက်ကိုယ်စီထုတ်ဆောင်လိုက်တော့ ခန်းမကြီးကပုံရိပ်က သွေးသံတရဲရဲ။

အမျိုးသမီးများ၏အော်ဟစ်သံများ၊
ခန်းမထဲမှ မှန်များ၊မီး‌ဆိုင်းများ၏ ကွဲရှကြေကွဲပျက်စီးမှုများက ကြမ်းခင်း၏နေရာအနှံ့။

ဘယ်နားကရောက်လာမှန်းမသိသည့်
လူအုပ်စုတစ်စုက ဘေး၌ပေါ်လာကာ ‌ခန်းမထဲရှိ ရှိရှိသမျှလူများအားပစ်ခတ်နေသလို အဖက်ဖက်မှ တုန့်ပြန်ပစ်ခတ်မှုများကလည်း မရပ်မနား။

ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေမှုကြောင့် Ianမျက်လုံးရှင်ရှင်ထားကာ ရှေ့ရှိအသက်စွန့်ကာကွယ်ရမည့် အမျိုးသမီးထိုင်နေသည့်နေရာသို့ ချည်းကပ်ရန်ကြိုးပမ်းတော့သည်။

ပစ်စတိုတစ်လက်ကိုင်ထားသည့် Olivia
က တစ်ဖက်လူများကို ပစ်ခတ်နေသည်မှာ ထိထိမိမိ။

ဖြတ်သွား၍မရအောင်ပစ်ခတ်နေမှုကြောင့် Ianကိုယ်တိုင်လည်းလှုပ်ရှား၍မရသလို အဖွဲ့ဝင်များကလည်း လှုပ်ရှား၍မရ။

လက်ထဲကိုင်ထားသည့် ပစ်စတိုနှင့်သာ
ရန်သူများရှိသည့်နေရာသည့်နေရာသို့ပစ်ခတ်နေရသည်။

"ဟိုဘက်ကထွက်ကြရအောင်"

ကျယ်လောင်သည့်သေနတ်သံများကြားမှ အနားနားကပ်ကာ Ian ပြောလိုက်တော့
ခေါင်းညိတ်ပြလာသည့်Oliviaက ထိတ်လန့်မှုများကင်းမဲ့နေသလို။

ဘေးမှ ကာပစ်ပေးနေသည့်အဖွဲ့သားများကြောင့်
နှစ်ယောက်သား ပုန်းရှောင်ရင်းနှင့် တံခါးပေါက်နားရောက်ခါနီးမှာတော့ ပိုများလာသည့်ရန်သူများကြောင့် ဆက်ပြေး၍
မဖြစ်တော့ဘဲ တစ်နေရာကိုအကာအကွယ်ယူကာ ပုန်းခိုလိုက်ရ၏။

ပြန်လည်ပစ်ခတ်နေရင်း Ianက တစ်နေရာ
Oliviaကတစ်နေရာဖြစ်သွားကာ လူစုကွဲသွားသလို

"အနောက်မှာ"

ရုတ်တရက် Oliviaအနောက်မှပေါ်လာကာ
ပစ်ဖို့ချိန်ရွယ်နေသည့်လူကြောင့် Ianသတိလှမ်းပေးကာပစ်ဖို့ကြိုးစားလိုက်၏သည်။

သို့ပါသော်လည်း ဘယ်ကပေါ်လာမှန်းမသိသည့် lordက သူတို့ရှေ့ရောက်လာကာ ရန်သူအားပစ်ခတ်လိုက်မှုကြောင့် Ian၏လှုပ်ရှားမှုများရပ်တန့်သွားသည်။

ထို့နောက်ဘေးရှိ ရန်သူများအား မနားတမ်းပစ်ခတ်မှုကြောင့် အလဲလဲအပြိုပြိုဖြစ်သွားသည့်ခန္ဓာကိုယ်များ

"ဘာဖြစ်သွားသေးလဲ"

စိုးရိမ်မှုအပြည့်ပါဝင်သည့်အသံနှင့် Oliviaအား တယုတယထိကိုင်လိုက်သည့် lordအား မြင်နေရသည်။

Olivia သည် ခပ်နုနု ပျော့ညံ့သည့် မိန်းမငယ်လေးမဟုတ်သည့်တိုင်

မည်သူ့အကူအညီမှမပါဘဲ ပစ်ခတ်နိုင်သည့်တိုင်

Lordကတော့ Oliviaအ‌ပေါ် စိုးရိမ်မှုများနှင့်။

Ian ဘေးရှိပစ်ခတ်မှုများကို သတိမရတော့ဘဲ မျက်စိရှေ့ရြှိမင်ကွင်းကိုသာ
သတိလက်လွတ် အသိမရှိသူတစ်ယောက်လို ကြည့်နေမိသည်။

နှလုံးသား၏နူးညံတဲ့နေရာက နာကျင်လာတဲ့အခါ အသိဉာဏ်တွေ ပျောက်ဆုံးသွားတတ်တယ်ထင်ရဲ့။

လှုပ်ရှားမှုလည်း မလုပ်မိသလို ပစ်ခတ်နေတဲ့ကျည်ဆံတစ်တောင့်ရဲ့အန္တရာယ်ကိုလည်းသတိမရတော့။

"Ian ဘေးကိုရှောင်"

အော်ပြောလာသည့် Owenစကားကိုကြားလိုက်သော်လည်း သူ‌ရှောင်ဖို့မေ့နေခဲ့ပြန်ပြီ။

Owen အော်ပြောလိုက်သည့်စကားမို့ Lordလည်းကြားသွားပုံရပြီး Ianဘက်သို့ကြည့်လာ၏။

"ဒိုင်း!!"

"အ့"

သိပ်မကြာလိုက်။ခန္ဓာကိုယ်၏ ဘယ်ဘက်ရင်အုံသို့ နက်နက်နဲနဲ ဝင်ရောက်ထိုးဖောက်သွားသည့် နာကျင်မှုတစ်ခုကြောင့် သူခံစားလိုက်ရသည်မှာ စူးစူးရှရှ

ခန္ဓာကိုယ်မှ အနည်းငယ်ပူနွေးသော သွေးများထွက်လာတာကို သူသိလိုက်သလို
လဲပြိုတော့မည့်ခန္ဓာကိုယ်က ထိန်း၍မရတော့။

တဖြည်းဖြည်းမူးဝေလာသည့်‌ ခေါင်း‌ကြောင့်ဘေးပတ်ပတ်လည်ကို သေချာမကြည့်နိုင်ခဲ့။

ခန္ဓာကိုယ်ကလည်းမြေပြင်ပေါ်သို့ဒူးထောက်ကျသွားသလို ပြေးလာသည့် Owenကိုလည်း ဝေးဝေဝါးဝါးမြင်လိုက်ရသည်။

"Ian!!"

စိုးရိမ်တကြီးအော်နေသည့် Owenအသံကြောင့်
သူပြုံးမိမလိုဖြစ်သွား၏။

သူ့ကိုစိတ်ပူပေးတဲ့ သူ့အဖွဲ့သားတွေရှိနေသေးတာပဲ။

တွေးရင်းမှိတ်ကျချင်နေသည့်မျက်လုံးများက
သတိလက်လွတ်ဖြစ်ခါနီးအချိန်ထိ ချစ်ရသူအား မြင်ဖြစ်အောင်မြင်၏။

ကိုင်ထားသည့် olivia ၏လက်ကိုမလွှတ်ဘဲ
ရပ်မြဲအတိုင်း နေရာကနေသာ Ianကိုကြည့်နေသည့်မျက်ဝန်းများက အနည်းငယ် တွန့်ချိုးနေသလို။

ဘာတွေစိတ်အလိုမကျဖြစ်နေပြန်ပြီလဲမသိ။

အနည်းဆုံးတော့ ဒီလိုအချိန်မှာသူ့အနားကို လာကြည့်သင့်တယ်လို့တွေးမိရင် သူ
မလွန်ဘူးထင်ရဲ့။
Ianဟာ Frederickရဲ့ လက်အောက်ငယ်သားတစ်ယောက်ပဲလေ။

ဒါပေမယ့် lordက နေရာကမရွေ့လာခဲ့။

ပြီးတော့တာဝန်ချိန်မှာ သတိလက်လွတ်ဖြစ်သွားခဲ့တဲ့အကြောင်းကို သိသွားရင်လည်း Lordကအပြစ်ပေးဦးမှာ သေချာပေါက်။

အဆုံးမှာတော့ ပတ်ဝန်းကျင်ကအမှောင်ဖုံးသွားသလို သူ့အသိဉာဏ်များလည်း ပျောက်ဆုံးသွားခဲ့၏။

//////////////////////////////

လွန်ခဲ့သော(7)နှစ်ခန့်

Spain,Madrid

နှင်းတဖွဲဖွဲကျနေသော ပတ်ဝန်းကျင်ရှိ busကားမှတ်တိုင်တစ်ခု၌ ရှိနေခဲ့သော
လူသုံးယောက်

တစ်ဦးသည်ထိုင်နေကာ ကျန်နှစ်ဦးကတော့ မတ်တပ်ရပ်နေ၏။

"ကောင်လေး"

ခပ်ရှရှအသံတစ်ခုနှင့် Ianကိုခေါ်လာသည့်
အမျိုးသားကို သတိထားမိခဲ့သည်မှာ
ထိုအချိန်တည်းက။

5'10"ရှိသည့် သူ့အရပ်ကမြင့်သည့်အထဲပါ
ပေမယ့် သူ့ဘေးမှာရပ်နေသည့်အမျိုးသားနှင့် ယှဉ်တွဲလိုက်တော့ သေးသွားသည်မှာ
သိသိသာသာ။

လောင်းကုတ်အမည်းကိုဝတ်ရင်း လက်နှစ်ဖက်ပိုက်ကာ သူ့ကိုကြည့်နေသည့်
ထိုအမျိုးသားက ရင့်ကျက်တည်ငြိမ်နေပါသော်လည်းစိုးရိမ်သည့်မျက်ဝန်းများနှင့်။

ဘေး၌ ထိုလူနှင့် ရွယ်တူ အမျိုးသားတစ်ယောက်ပါကာ နှစ်ယောက်လုံးသည် Ianကိုသာ အာရုံစိုက်နေ၏။

"အဆင်ပြေရဲ့လား"

စိုးရိမ်သည့်အသံနှင့်မေးလာရသည်အထိ
Ianဖြစ်နေပုံက ဆိုးရွားနေသည်ထင်ရဲ့။

နီရဲနေသည့် မျက်ဝန်းများနှင့် Ianက
တကယ်လည်းဖရိုဖရဲ။

ဘေးရှိbus ကားမှတ်တိုင်နှင့် ဦးခေါင်းကို အကြိမ်ကြိမ်ဆောင့်နေမှုကြောင့် နဖူးမှသွေးများကျနေသည်မှာ မရပ်မနား။

"ရော့"

ကမ်းပေးလာသည့်တစ်ရှူးအား အချိန်ကြာသည်အထိ သူ မယူမိတော့ ထိုလူ၏
လက်တစ်ဖက်ကလေထဲ၌ တို့လို့တန်းလန်း။

လက်ထဲအတင်းထိုးထည့်ပေးလာသည့်
တစ်ရှူးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း တုန်ယင်လာသည့် ခန္ဓာကိုယ်က ရှေ့ရှိလူများကိုလည်း မရှက်နိုင်တော့။

"ကိုယ်တို့နဲ့လိုက်ခဲ့မလား"

မေးလာသည့် ထိုလူအား
သူမော့ကြည့်မိပေမယ့် အဖြေပြန်မပေးဖြစ်။

ခုမှစတွေ့သည့်လူနောက်လိုက်ရအောင်
သူမရူးသေးဘူးဆိုသည့်အကြည့်ဖြင့်ကြည့်မိတော့ ထိုလူကခပ်ဖွဖွပြုံးလိုက်၏။

ထိုအချိန် ပုခုံးပေါ်သို့ရောက်လာသည့် လက်တစ်ဖက်က သူ့ကိုနွေးထွေးစေသလို နာကျင်မှုများသက်သာစေသည့်နိုင်သည်ဟု သူခံစားလိုက်ရသည်မှာ ထူးဆန်း၏။

ထို့နောက် ဖရိုဖရဲဖြစ်နေသည့် သူ့အပေါ်သို့ ကုတ်တစ်ထည်ခြုံပေးလာကာ လိုက်ချင်ရင်လိုက်ခဲ့လို့ရတယ်ဆိုသည့် အကြည့်များဖြင့်

မြေကြီးပေါ်ကျောက်ချထားသည့် Ianခြေထောက်များ လှုပ်ရှားသွား၏။

အခုမှစတွေ့တဲ့လူကိုမယုံသင့်မှန်းသိပေမယ့်
ထူးဆန်းစွာနဲ့ပဲ သူသည် ခြေလှမ်းများကိုတစ်လှမ်းချင်းရွေ့မိသွားသည်။

ပြီးတော့ယုံယုံကြည်ကြည်နဲ့ပဲ.....

စတွေ့တည်းက ချွင်းချက်မရှိထိုလူ့အပေါ်ယုံကြည်မှုများသည် အခုချိန်ထိမပြောင်းလဲခဲ့။

လေးစားခြင်း၊အားကျခြင်းများတဖြည်းဖြည်းပါဝင်လာခဲ့သလို
သဘောကျခြင်းဆိုသည့် စိတ်ခံစားမှုကလည်း မသိမသာကပ်ပါလာ၏။

‌နှင်းဖွေးဖွေးကျနေချိန်၌ သေမတတ်ဖြစ်နေသည့်၊ငိုကြွေးနေခဲ့သည့်သူ့ဘဝထဲသို့
ဝင်ရောက်လာသည့် ထိုအမျိုးသားနှင့်တွေ့ဆုံခြင်းသည် ထိုအချိန်၌စတင်ခဲ့ပြီး

18နှစ်အရွယ် လူငယ်လေးတစ်ယောက်၏ တိတ်တခိုးသဘောကျမှုက လှပခဲ့ပါ၏။

အချစ်များစွာဖြင့်
နေး

31.12.2022(22hr15min)

(အားလုံးပဲပျော်ရွှင်စရာကောင်းတဲ့နှစ်သစ်ဖြစ်ပါစေ။
2022မှာ နာကျင်ခဲ့၊ပင်ပန်းခဲ့သမျှကို
မေ့ပစ်ပြီး နှစ်သစ်မှာပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနိုင်ပါစေ။နေးနဲ့အတူ ရှိလာပေးကြတဲ့ ချစ်သောတို့နဲ့လည်း 2023နှစ်သစ်မှစပြီး နောက်နှစ်တွေအထိ အတူတူရှိသွားချင်ပါတယ်ဗျာ💗)






Continue Reading

You'll Also Like

49.4K 6K 200
အပိုင်း ၁၂၈၁ မှ ၁၇၇၃ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလ...
257K 24.9K 188
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...
1.1M 65.6K 58
သူ့နာမည်က ' တော်ဝင်မင်းခက်ထန် ' တဲ့... ကျွန်တော့်ရဲ့ ခက်ထန် ၊ ကျွန်တော့်ကို မုန်းတဲ့ခက်ထန် ၊ ကျွန်တော့်ကို မြေကြီးပေါ်က သဲမှုန့်လေးလို စုပ်ချေ ဖျက်စီးပ...
731K 41.5K 26
Jk - Possessive type #Warning Cv_ Pinterest