LORD OF ALL {Ongoing}

By _nayyyyy_

19.3K 1.3K 71

The contents of this story are written only with the writer's thoughts and ideas, and do not want to hurt or... More

CHAPTER - 1 [Unicode]
CHAPTER - 1 [Zawgyi]
CHAPTER - 2 [Unicode]
CHAPTER - 2 [Zawgyi]
CHAPTER - 3 [Unicode]
CHAPTER - 3 [Zawgyi]
CHAPTER - 4 [Unicode]
CHAPTER - 4 [Zawgyi]
CHAPTER - 5 [Unicode]
CHAPTER - 5 [Zawgyi]
CHAPTER - 6 [Unicode]
CHAPTER - 7 [Unicode]
CHAPTER - 7 [Zawgyi]
CHAPTER - 8 [Unicode]
CHAPTER - 8 [Zawgyi]
CHAPTER - 9 [Unicode]
CHAPTER - 9 [Zawgyi]
CHAPTER - 10 [Unicode]
CHAPTER - 10 [Zawgyi]
CHAPTER - 11 [Unicode]
CHAPTER - 11 [Zawgyi]
CHAPTER - 12 [Unicode]
CHAPTER - 12 [Zawgyi]
CHAPTER - 13 [Unicode]
CHAPTER - 13 [Zawgyi]
CHAPTER -14 [Unicode]
CHAPTER - 14 [Zawgyi]
CHAPTER - 15 [Unicode]
CHAPTER - 15 [Zawgyi]
CHAPTER - 16 [Unicode]
CHAPTER - 16 [Zawgyi]
CHAPTER - 17 [Unicode]
CHAPTER - 17 [Zawgyi]
CHAPTER - 18 [Unicode]
CHAPTER - 18 [Zawgyi]
CHAPTER - 19 [Unicode]
CHAPTER - 19 [Zawgyi]
CHAPTER - 20 [Unicode]
CHAPTER -20 [Zawgyi]
CHAPTER - 21 [Unicode]
CHAPTER - 21 [Zawgyi]
CHAPTER - 22 [Unicode]
CHAPTER - 22 [Zawgyi]

CHAPTER - 6 [Zawgyi]

139 11 0
By _nayyyyy_

UKRAINE နိုင်ငံ၊မြို့တော် KYIV

မီးရောင်စုံထိန်ထိန်လင်းနေသည့်
ခန်းမကြီးတစ်ခုထဲ၌ ရောင်စုံအသီးသီးသောလူများကစကားစမြည်ပြောကာ ရယ်မောနေကြလျက်။

တန်ဖိုးကြီးပစ္စည်းများဖြင့်သာ အလှဆင်ထားသည့် အဆင်တန်ဆာများ၊ခန်းမဆောင်၏ အထက်တန်းကျပုံကိုကြည့်ခြင်းအားဖြင့် တက်ရောက်လာကြသူများသည် ပေါ့သေးသေးတော့မဟုတ်တန်။

ခန်းမ၏ အလယ်၌ အမျိုးမျိုးသော အမျိုးသမီးများက သူတို့၏တွဲဖက်များနှင့် ကနေကြကာ ထိုကခုန်နေကြသော အတွဲများသည် ဆယ်တွဲထက်မနည်းရှိ၏။

ထိုထဲမှာမှ လူအများ၏ အာရုံကိုပို၍ ဆွဲဆောင်နိုင်သည့် အတွဲတစ်တွဲ။

အနီရောင်ပိုးသားဂါဝန်အား သွယ်လှသေးသွယ်သောခန္ဓာကိုယ်၌ ဝတ်ဆင်ထားပြီး ရွှေအိုရောင်ဆံနွယ်ခွေများကို ကျောပေါ်၌ဖြန့်ချထားလျက် ကနေပါသော အမျိုးသမီး။

ထိုအမျိုးသမီး၏ ခါးသွယ်သွယ်ကို
လက်တစ်ဖက်နှင့် ‌ထွေးဖက်ထားကာ
အမျိုးသမီး၏ ဆံနွယ်များကို နမ်းရှိုက်ရင်း
သံစဉ်အတိုင်းလိုက်ပါစီးမြောနေသော အမျိုးသားတစ်ဦး။

ရှည်လျားလှသည့်အရပ်အမောင်းက
အများကြားထဲထင်းထွက်နေကာ
တည်တံ့သောမျက်နှာက ထိုလူ၏ချောမောမှုကိုအထောက်အပံပေးနေ၏။

ကြီးမားလှသည့် ဩဇာအာဏာတို့ကို
ပိုင်ဆိုင်ထားမှုကြောင့်
လူအများ၏ အာရုံစူးစိုက်မှုက ထိုလူ့ထံပို၍သက်ရောက်သလို

ထိုအမျိုးသမီးအားကြည့်‌နေသော
အခြားအမျိုးသမီးများကလည်း အားကျမှုများပြည့်နေသည့်အကြည့်များဖြင့်။

"တက်ရောက်လာကြသော ဂုဏ်သရေရှိဧည့်သည်တော်ကြီးများခင်ဗျာ။
မကြာမီအချိန်အတွင်းမှာ လေလံပွဲစတင်ပါတော့မယ်"

နာရီဝက်လောက်အကြာမှာတော့ ခန်းမအတွင်းပျံ့နှံ့လာသည့် အသံကြောင့်
သီချင်းသံတိတ်သွားသလို
လူအားလုံးသည်လည်း နေရာ၌ ထိုင်ရန်သာ ပြင်ကြတော့၏။

သိပ်မကြာလိုက် ခန်းမတစ်ခုလုံးအမှောင်ကျသွားတော့သည်။

///////////////////////////////

စင်ပေါ်ရှိ လှုပ်ရှားနေသောလူအား သေချာကြည့်နေပါသော Frederick

အကြည့်များကစူးရှနေကာ
မျက်တောင်မခတ်တမ်းကြည့်ရှုနေသလို

ခဏကြာတော့ လက်ထဲရှိ Rolex watch အားငုံ့ကြည့်လိုက်ပြီးနောက် ဘေးရှိ Olivia အား ‌ကြည့်လိုက်၏။

သူကြည့်နေသည်ကို Olivia ကလည်းပြန်ကြည့်လာကာ ပြုံးပြလာ၏။

Frederickမျက်နှာထက် အပြုံးတို့ဖြစ်ထွန်းသွား၏။

"သွားတော့မလို့လား"

ခန့်ညားလှသည့် ချစ်ရသူအား oliviaမေးလိုက်သည်။

ခေါင်းညိတ်ပြလာသည့် Frederick၏မျက်ဝန်းများက ကြင်နာမှုများအပြည့်ဖြင့်။

ယခင် စင်ထက်ရှိလူအားကြည့်နေသော အကြည့်များနှင့် လားလားမျှမသက်ဆိုင်။

"အင်း"

"ဂရုစိုက်နော်"

သူမ၏ပါးထက် နူးညံ့သည့်အနမ်းတို့ခြွေချလာကာ ခေါင်းညိတ်ပြပြီးထွက်သွားသည့် Frederickအား Oliviaလိုက်ကြည့်နေမိ၏။

အလိုလိုနေရင်းကို အရှိန်အဝါအပြည့်ရှိနေသည့်Frederick ကဲ့သို့သော အမျိုးသားအား
ပိုင်ဆိုင်ရသည့်အတွက် သူမသိပ်ကိုကံကောင်းပါ၏။

အလုပ်‌ဘယ်လောက်ပဲရှုပ်ရှုပ် သူမကိုအချိန်အမြဲပေးတတ်သည့် Frederick

အခုချိန်ထိ သစ္စာဖောက်ဖျက်ခြင်း
မြူတစ်မှုန်စာတောင်မရှိခဲ့သည့် Frederick

တည်ကြည်ခန့်ညားပြီး အများလေးစားအားကျရသော Frederick ကဲ့သို့ အမျိုးသားသည်ကား သူမ၏ပိုင်ဆိုင်သူတဲ့‌လေ။

ဘယ်လောက်သဘောကျစရာကောင်းလိုက်ပါသလဲ...

/////////////////

Olivia၏အနီးနား၌ အသင့်ရပ်နေရသော Ian၏မျက်ဝန်းများက အနည်းငယ်မှုန်မှိုင်းနေ၏။

လေလံပွဲအား စိတ်ဝင်တစားကြည့်နေသော သူ့ရှေ့ရှိအမျိုးသမီးအား ကြည့်လိုက်မိချိန်တိုင်း အလိုလိုသိမ်ငယ်စိတ်ဝင်သွားရစမြဲ

သူမကိုမုန်းလားဟုမေးလာလျှင်လည်း
ဘာအကြောင်းကြောင့်နဲ့မှမမုန်းရက်။

တကယ်ဆို သူမနဲ့မှမသက်ဆိုင်ပဲလေ။

"သူမကိုမထိခိုက်စေနဲ့" တဲ့

Prime Minister နဲ့တွေ့ဖို့ တစ်ဖက်အခန်းထဲသို့သွားခါနီး သူ့အားမှာကြားလာခဲ့သည့်Lord..

ဟုတ်ကဲ့ဟုပြောလိုက်ပေမယ့် သူ့ရင်ဘတ်ထဲက အနည်းငယ်တော့အောင့်သက်သက်

Lordတို့နှစ်ယောက် ကနေချိန်တည်းက
သူမြင်ပါ၏။

ထိုမှအစ နောက်ဆုံး ထိုအမျိုးသမီး၏ ပါးတစ်ဖက်ကိုတယုတယနမ်းကာ ထွက်လာသည့်မြင်ကွင်းများကိုလည်းမြင်၏။

တမင်လိုက်ကြည့်နေတာမဟုတ်သလို
မမြင်ချင်သည့် ထိုမြင်ကွင်းများကိုလည်းမျက်နှာလွှဲ၍မရ။

Lord တို့အနား၌ လုံခြုံရေးယူနေရသည့်အတွက်ကြောင့်..

ရှေ့မြှမင်ကွင်းကြောင့် အဆင်မပြေဖြစ်‌နေသည့် သူ့ကို Lordက စကားတစ်ခွန်းတည်းနဲ့
ထပ်ပြီးချည်နဲ့သွားစေပြန်သည်။

ချစ်ရသူ၏ မြတ်နိုးရသူအား မထိခိုက်စေရန်
ရည်ရွယ်ရင်း ကျန်ရစ်ခဲ့ရသော သူကတော့ နေရာမှာတင်တောင့်တင်းနေလျက်

ဝမ်းနည်းမှုတွေ၊သိမ်ငယ်မှုတွေနဲ့မသေချာတဲ့အနာဂတ်ကိုတွေးလိုက်မိတော့ လက်ရှိရောက်နေသည့် မြို့တော်Kyivရဲ့ဆောင်းညတွေက
လိုတာထက်ပိုပြီး အအေးဓာတ်ပိုနေသလို။

ဟုတ်တယ်
ဒါဟာသူ့အတွက် နေရာစိမ်းနေလို့
ဒီရေ၊ဒီမြေကို သူ မရင်းနှီးသေးလို့။

ထို့ကြောင့် ဒီနိုင်ငံ၏ အအေးဓာတ်ဟာ သူ့အတွက် အကျွမ်းမဝင်သေးလို့သာ ‌အေးနေခြင်းဖြစ်နိုင်၏။
ထိုသို့သာ သူမှတ်ယူ၏။

တကယ်တော့ ရင်းနှီးစရာလည်းမလိုအပ်သလို အံဝင်ခွင်ကျဖြစ်အောင်နေထိုင်စရာမလို‌။ဒီနေရာကိုသူဟာ တစ်ခဏသာလာခြင်းမဟုတ်လား။

ဟက်!!
အလုပ်နဲ့တစ်ခဏလာတဲ့အချိန်မှာတောင်
သူဟာ သူ့ခံစားချက်တွေကို ဘေးဖယ်ထားလို့မရနိုင်ခဲ့သေး။

တစ်ယောက်နဲ့တစ်ယောက်ရဲ့ကြားမှာ ပတ်သက်စရာ တာဝန်နဲ့အမိန့်ဆိုသည့်
အကြောင်းအရင်းကလွဲပြီးမရှိတဲ့အခါ

ကိုယ့်အချစ်တွေကို သူ မသိတဲ့အခါ

သူသိအောင်လည်း ကိုယ်ကမကြိုးစားမိတဲ့အခါ

အဆိုးဆုံးက သူ့မှာပိုင်ဆိုင်သူရှိနေတဲ့အခါ

နာခံခြင်း၊ကာကွယ်ခြင်း၊စောင့်ရှောက်ခြင်း၊ငေးမောခြင်း၊မျှော်လင့်ခြင်း..စတဲ့ ခြင်းပေါင်းများစွာနဲ့

ဒီလောက်တွေနဲ့

ဒီလိုလောက်တွေနဲ့ပဲ သူဟာတတ်နိုင်ခဲ့တော့တယ်။

တချို့ချစ်ခြင်းတွေကျတော့လည်း
အလိုက်တသိဘေးနားထွက်နေပေးခြင်း၊

တစ်ဖက်သတ်ချစ်ရခြင်းတွေနဲ့
မသေချာတဲ့မျှော်လင့်ချက်တွေရောယှက်သွားတဲ့အခါ

ကမ္ဘာမှာတစ်ဖက်သတ်အချစ်တွေရှိနေမှုကြီးကလည်း အံ့ဩစရာကောင်းခြင်းတစ်ခုပါပဲ။

စတွေ့ချိန်တည်းကသာ ဖွင့်ပြောဖြစ်ခဲ့ရင်

သဘောကျမိကြောင်းသိစေခဲ့ရင်

အဲ့အချိန်ကသာမတွန့်ဆုတ်ခဲ့ရင်

သူတို့နှစ်ယောက်ကြားမှာ တာဝန်၊ဝတ္တရား၊အမိန့်၊အလုပ်ဆိုတာထက်ပိုပြီး ခင်မင်မှု၊ရင်းနှီးမှုလေး တစ်ပိုင်းတစ်စ တိုးတက်လာနိုင်ခဲ့မှာ အမှန်ပင်။

အခုတော့..

အချစ်များစွာဖြင့်
နေး

27.12.2022(21hr56min)

//////////////////////////////////
/////////////////////////////////////////////////////////////////

Continue Reading

You'll Also Like

991K 76.7K 64
"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Pinterest
471K 56.9K 200
Book-4 I just translate this story. I don't own this story. All credits go to the original writer and English translator team. Title ကိုသိချင်ရင် cb...
1.1M 65.7K 58
သူ့နာမည်က ' တော်ဝင်မင်းခက်ထန် ' တဲ့... ကျွန်တော့်ရဲ့ ခက်ထန် ၊ ကျွန်တော့်ကို မုန်းတဲ့ခက်ထန် ၊ ကျွန်တော့်ကို မြေကြီးပေါ်က သဲမှုန့်လေးလို စုပ်ချေ ဖျက်စီးပ...