ဒေါက်!!ဒေါက်!!
တောက်ပြောင်ခမ်းနားလှသည့် တံခါးမကြီးရှေ့ကိုရောက်တော့ သူရောက်လာပြီဖြစ်ကြောင်း တံခါးခေါက်လိုက်ခြင်းဖြင့် အထဲမှသူအား သိစေလိုက်သည်။
ဝင်လာခဲ့ဟုဆိုလာသည့်အသံမကြားရသလို တုံ့ပြန်မှုလည်းမရှိလာ။
သို့ပါသော်လည်း Ianအသာအယာဖွင့်ကာဝင်လိုက်၏။
ဝင်လိုက်သော်လည်း lordအားမတွေ့ရ။
ဘေးဘက်သို့ကြည့်လိုက်တော့မှ ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့
ငေးနေသည့်Lord...
ဘေးရှိစားပွဲထက်၌ မီးခိုးရောင် နဂါးကနုတ်ပုံဖော်ထားသည့် ပန်းအိုးတစ်လုံးရှိကာ ထိုအိုးထဲ၌ နှင်းဆီရဲရဲတစ်ပွင့်က ဝံ့ဝံ့ကြွားကြွား။
Ianဒီအခန်းထဲကိုရောက်ဖူးသည့်အရေအတွက်က လက်ချိုးရေလို့ရ၏။
Lord ၏ ဘယ်၊ညာလက်ရုံးနှစ်ယောက်မှလွဲ၍ တော်တန်လူလာခွင့်မရှိသော ဤအခန်းထဲသို့ အခုအကြိမ်နဲ့ဆို သူရောက်ဖူးသည်မှာ သုံးကြိမ်ရှိပြီ။
ရုံးခန်း၏ အရှင်သခင်သည် ထုံးစံအတိုင်းတစ်ဖက်သို့လှည့်နေကာ သူ့ကိုလှည့်ကြည့်မလာခဲ့။
"Lord"
သူအသံကြောင့်လှည့်ကြည့်လာ
သည့်Lordက လက်ထဲမှာ cigarette
တစ်လိပ်နှင့်။
တဖြည်းဖြည်း သူရှိရာသို့လျှောက်လှမ်းလာကာ စားပွဲပေါ်ရှိ Cigarette Ashtray ထဲသို့ ဆေးလိပ်ကိုထိုးခြေကာ မီးငြိမ်းလိုက်၏။
"ထိုင်လေ"
ဆိုဖာကိုလက်ညှိုးထိုးကာ ထိုင်ခိုင်းလာသည့်အတွက် အနီးနားရှိဆိုဖာပေါ်မှာIanဝင်ထိုင်လိုက်သည်။
Lordကတော့ ဝင်ထိုင်မလာခဲ့။
ရုံးစားပွဲကို မှီလိုက်ကာ လက်နှစ်ဖက်ပိုက်လျက်ရပ်နေ၏။
"ဒီတစ်ခေါက် Las Vegas ကိုသွားရမယ်"
ကြားလိုက်ရသည့်စကားကြောင့် Ianမော့ကြည့်လိုက်သည်။
မော့ကြည့်လိုက်ပြန်တော့လည်း သူ့ကိုပြန်ကြည့်နေသည့် Lordကြောင့် ကြာကြာမကြည့်နိုင်ခဲ့။
ခေါင်းငုံ့လိုက်ရတာက သူသာ။
"နောက်တစ်ခေါက် chance ပေးတဲ့အတွက်ကြောင့်မလို့ Lord Frederickရဲ့
Gang members အားလုံးက အရည်အချင်းရှိတယ်ဆိုတဲ့ ရလဒ်ကိုပဲလိုချင်တယ်"
"ဟုတ်ကဲ့"
"Mission ဆောင်ရွက်မယ့်အချိန် Evanနဲ့ Silasကလည်း ရှိမှာမဟုတ်တော့ တစ်ခုခုလိုအပ်ရင် ငါ့ဆီလာခဲ့။ခဏနေရင် အချက်အလက်တွေပို့ပေးလိုက်မယ်"
သူခေါင်းညိတ်ပြလိုက်သည်။
နောက်တစ်ခေါက်ရှိလာသည့် အခွင့်အရေး
မလို့ သူတို့အဖွဲ့ကြိုးစားမြှဖစ်မည်။
ဒါမှသူတို့ လုပ်နိုင်ကြောင်း၊သူတို့ထမ်းဆောင်နိုင်ကြောင်း Lordအားပြသလို့ရမည်မဟုတ်ပါလား။
"သွားလို့ရပြီ"
ပြောပြီးထိုင်ခုံပေါ်သို့သွားထိုင်လိုက်သည့်lordက လည်ပင်းမှ necktie ကိုအနည်းငယ်ဖြေလျှော့ကာ ငြိမ်သက်သွား၏။
ဘယ်လောက် တက်ကြွသည့်ပုံစံဖြစ်နေပါစေ
Lord၏အလုပ်လုပ်နှုန်းနှင့်ဆိုလျှင် ပင်ပန်းမှာကတော့အသေအချာပင်။
"Lord"
ပင်ပန်းနေမှာသိပေမယ့် သူလည်းပြောစရာ
ရှိတာပြောချင်သေး၏။
ထို့ကြောင့်အရဲတင်းကာခေါ်လိုက်သည်။
သူ့အဖွဲ့၏ ဂုဏ်သိက္ခာ၊သူ့အဖွဲ့သားများ၏ ကြိုးစားမှုကို အမှတ်မထင်ဖြစ်ခဲ့သည့် ရှုံးနိမ့်မှုဖြစ်ရပ်နှင့်ရော၍ တာဝန်မကျေပြွန်ဟုမသတ်မှတ်စေချင်။
သို့ပါသော်လည်း
အရဲတင်းထားသည့်စိတ်များက မှိတ်ထားသည့်မျက်လုံးများဖွင့်ကာကြည့်လာသည့် Lord၏ အကြည့်များအောက်မှာ ကျရှုံးခဲ့ရပြန်သည်မှာ ကယ်မရဆယ်မရ။
"တောင်းဆိုခွင့်မရှိမှန်းသိပေမယ့် အရင်တစ်ခေါက် စစ်ဆင်ရေးတုန်းက အချက်အလက်တွေ ကျွန်တော်ပြန်လိုချင်ပါတယ်"
"ဘာအတွက်လဲ"
Ianမေးခွန်းအဆုံးမှာ lord ၏မေးခွန်းကချက်ချင်းထွက်လာ၏။
သူဘယ်လိုပြန်ပြောရမလဲဆိုတာ ရုတ်ချည်းစဉ်းစား၍မရခဲ့။
ဘယ်လောက်ပဲရဲတင်းတဲ့လူတစ်ယောက်ဖြစ်နေပါစေ lordရှေ့မှာတော့ သူဟာ
စကားတစ်ခွန်းတောင်ခွန်းတုံ့မပြန်နိုင်တဲ့
ယုန်သူငယ်သာသာ..
"ယူခွင့်မရှိမှန်း မင်းသိပါတယ်"
"Lord ကျွန်တော်..."
"သွားလို့ရပြီ"
သူအတွန့်ထပ်တက်မရဲတော့။
အေးစက်လာသည့်စကားသံက ထပ်မပြောနဲ့ဆိုသည့် အရှိန်အဝါများပါဝင်နေ၏။
ပြော၍မရမယ့်အတူ Ianလည်းဘာမှဆက်မပြောတော့ဘဲ ခေါင်းညိတ်ပြပြီးသာ လှည့်ထွက်လာခဲ့၏။
တစ်လှမ်းချင်းတစ်လှမ်းချင်း လျှောက်လှမ်းနေသော Ian၏ခြေလှမ်းများ။
တိတ်ဆိတ်နေသော အခန်းထဲမှ ထိုခြေလှမ်းသံမှလွဲ၍ တခြားအသံမကြားရ။
"Ian"
တံခါးနားရောက်တော့ တံခါးဖွင့်ဖို့လက်လှမ်းလိုက်သည့် လက်များက လေထဲ၌ တန့်သွား၏။
ခေါ်သံကြောင့် အသံလားရာ လှည့်ကြည့်မိတဲ့အခါ သူ့မျက်လုံးတွေ အမြင်မှားသွားသလား ထင်ခဲ့ရ။
ထိုင်ရာမှ မတ်တပ်ရပ်ကာ Ianအား ကြည့်နေသူlord၏ မျက်နှာက ပြုံးသလိုဖြစ်နေသည်မှာ သူ့မျက်စိများဝေဝါးခဲ့၍လား။
"အကြောင်းမှန်ကို သိပြီးပြီမလို့ သက်သေပြဖို့မကြိုးစားနဲ့တော့။Frederick ရဲ့ ဂိုဏ်းသားတွေအားလုံးက အရည်အချင်းရှိတာကို ယုံကြည်တာမလို့ ဒီတစ်ခေါက် missionကိုပဲ အာရုံစိုက်"
တည်ကြည်စွာပြောလာသည့် အသံကြားသူနစ်မြောနေခဲ့သည်။
ခပ်စူးစူးမျက်လုံးတစ်စုံ၏ မီးခိုးရောင်မျက်ဝန်းတွေကို စိုက်ကြည့်နေမိရင်း
Lord Frederick ၏ အကြည့်များအောက် သူထပ်မံကျဆုံးခဲ့ရပြန်ပြီ။
အင်း မဖြစ်သင့်မှန်း သိခဲ့ပေမယ့်လည်း.....
///////////////////////////////////
Frederick ရှေ့မှ သူ့အားစိုက်ကြည့်ကာ ငေးနေသည့်ကောင်လေးအား ပြန်ကြည့်နေမိသည်။
ငြိမ်သက်ကာ လှုပ်ရှားမှုပင်မရှိတော့သောကောင်လေးကြောင့် မိမိပြောလိုက်သည့်စကားထဲ ဘာအမှားပါသွားဆိုတာပြန်ဆန်းစစ်လိုက်မိ၏။
ဂိုဏ်းသားအားလုံးထဲမှာ Aအဖွဲ့ကအရဲတင်းဆုံးဖြစ်သလို အရည်အချင်းအရှိဆုံးလည်းဖြစ်၏။
အမှတ်မထင်ဘဲ ဖြစ်ခဲ့သည့် ဖြစ်ရပ်ကြောင့် စစ်ဆင်ရေးမှာ ရှုံးနိမ့်ခဲ့သလိုဖြစ်ခဲ့ပေမယ့် တကယ်တမ်းရလဒ်က အောင်မြင်ခဲ့ခြင်းသာ။
သို့ပေမယ့် အများက Aအဖွဲ့သည် ရှုံးနိမ့်လာခဲ့သည်ဟုထင်မြင်နေကြသည့်အတွက် ပြန်လည်ဖြေရှင်းခြင်းမပြုဘဲ Las vegas မှာထမ်းဆောင်ရမည့် စစ်ဆင်ရေးနှင့်သက်သေပြစေချင်ခဲ့၏။
သို့ပါသော်လည်း ထိုကောင်လေးက ကျေနပ်ပုံမရခဲ့။
ပြီးခဲ့သည့်ကိစ္စများအားအစမဖော်စေချင်တော့သည့်အတွက် ပေးဖို့ရာငြင်းဆန်လိုက်တော့ ပျက်ယွင်းသွားခဲ့သည့် မျက်နှာချောချော။
လှည့်ထွက်သွားသည့် ကျောပြင်ငယ်ကိုကြည့်နေရင်း သူခေါ်လိုက်မိတော့
ပြန်ကြည့်လာသည့် ထိုကောင်လေး၏ မျက်နှာထက် အံ့ဩမှုများအထင်းသား။
သူခပ်ဖွဖွပြုံးပြလိုက်၏။
ခပ်တည်တည်သာနေတတ်သော မျက်နှာက အပြုံးနှင့်ဖြစ်နေတော့ ထိုကောင်လေးက ငေးနေသည်မှာတမေ့တမော။
အဖြစ်မှန်ကိုသိကြောင်းပြောပြလိုက်တော့
မျက်ရည်များဝဲနေခဲ့သည့် မျက်ဝန်းများနှင့် ထိုကောင်လေးက
"ဟုတ်ကဲ့"
ဟုပြောပြီးထွက်သွားသည့်တိုင်အောင် မလှုပ်မယှက်ကျန်ခဲ့ရသူကသူသာ။
ထွက်ခွာသွားသည့်
ခပ်ပြေပြကျောပြင်ငယ်က ဘာအတွက်ကြောင့်ဝမ်းနည်းသွားမှန်းတော့ သူမသိ။
သေချာတာကတော့ သူပြောလိုက်တာသည်
အားပေးသည့်အနေနှင့်သာ ပြောလိုက်ခြင်းဖြစ်၏။
အချစ်များစွာဖြင့်
နေး
20.12.2022(13hr50min)
/////////////////////////////
/////////////////////////////////////////////////////////////////