Seint (စိမ့်) >
By kokolayphilo
31.7K 1.5K 100
Ladyboy လေးကို ပြိုင်ကြိုက်ကြတဲ့ Seme နှစ်ယောက်။ လုံးဝမတည့်ရာကနေ ဘယ်လိုတွေ ချစ်သွားကြမှာလဲ? လူဆိုးဂိုဏ်းခေါင... More
1
2
3
4
5
6
7
8
9
10
11
12
14
15
16
17
18
19
20
End
13
942 58 4
By kokolayphilo
စိမ့်။
အပိုင်း (၁၃)
မျိုးသက် ကြေးအိုး ထုပ်လေး ကိုင်ကာ စိမ့် အိမ်ကို ရောက်လာတော့ စိမ့်ဘေးမှာ ထိုင်နေတဲ့ စိုင်းကို ကိုတွေ့ရပါတယ်။ အရှေ့မှာ ချထားတဲ့ နို့ခွက်လေး တစ်ခွက်။ မျိုးသက် စိမ့်ဘေးက ခုံမှာ ဝင်ထိုင်လိုက်တော့ စိမ့်ဘယ်ညာမှာ သူနဲ့ စိုင်းကို ရံထားသလို ဖြစ်နေပါတယ်။
"စိမ့် ဘာစားပြီးပြီလဲ။ ကို ကြေးအိုး ဝယ်လာတယ်။ ဝင်သလောက်လေး သောက်လိုက်ပါလား။"
စိမ့်ခေါင်းကိုသာ အသာခါပြ လိုက်တာမို့ မျိုးသက် သက်ပြင်းချလိုက်ရင်း
"ဒါဆို အနောက်မှာပဲ ချိ်တ်ထားလိုက်မယ်။ စားချင်တဲ့ အချိန်ပြော ကိုနွှေးပေးမယ်။ အော် နို့သောက်ချင်တာ အစက မပြောဘူး မလိုင်တက်အောင် ပစ်ပစ်လေး ဖျော်ပေးမှာပေါ့။"
မျိုးသက် စကားဆုံးတော့ စိုင်းကိုက ဟက်ခနဲ ရီလိုက်ရင်း
"စောင်တောသား အဲဒါ နို့မဟုတ်ဘူး အဟာရဖြည့်ပေးတဲ့ Insure လို့ခေါ်တယ်။ အဟက်။"
မျိုးကို ဘုကြည့်တစ်ချက်ကြည့်ကာ ထိုင်ရာမှ ထလိုက်တုန်း စိုင်းကိုက
"ထမင်းမစားရင် ငါယူလာတဲ့ Brand ကြက်ပေါင်းရည်တို့ ငှက်သိုက်တို့တော့ မင်းသောက်မှ ရမယ် စိမ့်။"
ကြားလိုက်ရတဲ့ အသံကြောင့် မျိုးကို မျက်နှာကို မဲ့လိုက်ကာ အနားကနေ ထွက်လာလိုက်ပါတယ်။ ကြက်သရေတုံးကောင်။ စိတ်ထဲကနေလည်း ကြိမ်ဆဲလိုက် မိပါလေရဲ့။ နာရေး နှစ်ခု ဆက်နေတာကြောင့် ရပ်ကွက်ထဲက လူတွေ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြ သလို နားရေး အိမ်ကိုလဲ မျိုးသက်တို့ သူငယ်ချင်း တစ်စုနဲ့ စိုင်းကို အပြင် အခြားရပ်ကွက်မှ တာဝန်ရှိသူ တစ်ချို့သာ လာလိုက်ပြန်လိုက် လုပ်ကြပါတယ်။
ညနေပိုင်းရောက်တော့ စိုင်းကိုက စိမ့်နားကို ကပ်ကာ
"သူတို့က မပြန်ကြဘူးလား။"
အလုပ်လုပ်နေတဲ့ မျိုးသက်ကို မေးငေါ့ကာ မေးလာတာမို့ စိမ့် ခေါင်းကို အသာခါပြလိုက်ရင်း
"နာရေးစဖြစ်ထဲက သူတို့ ညတိုင်းဒီမှာပဲ စောင့်အိပ်ပေးကြတယ်။"
"အိုခေ။"
စိုင်းကို စကားကြောင့် စိမ့် စိုင်းကိုဖက်ကို လှည့်ကြည့်လိုက်ကာ
"ဘာဖြစ်လို့လဲ။"
"ငါလဲ ဒီမှာပဲ အိပ်မယ်လေ မင်းကို စိတ်မချလို့။"
"စိုးသူ မင်းလဲ နာရေးအိမ်လာပြီး ဘာသောက်လုပ်မှ မလုပ်ဘူးနော်။ အခန့်သား ထိုင်နေတာ။ အချိုးကို မပြေဘူး။"
အိမ်ရှေ့မှ မျိုးသက် အသံကြောင့် စိုင်းကို ခေါင်းမတ်ခနဲ ထောင်လို့သွားပါတော့တယ်။
"ဟ့ လိုအပ်တာ မင်းတို့ခိုင်းတာ အကုန်လုပ်ပေး နေတာပဲလေကွာ။ ငါမှ ဘာလုပ်ရမှန်းမသိတာ။"
"ပြောလိုက်ရင် မသိသလိုနဲ့ ငါ နားရင်းထအုပ်ရင်တော့ နာတော့မယ်။"
စိုင်းကို ထိုင်ရာမှ ထမလို့ပြင်လိုက်တုန်းမှာ စိမ့်က စိုင်းကို လက်ကို လှမ်းဆွဲထားတာမို့ စိုင်းကို ပြန်ထိုင်နေလိုက်ပါတော့တယ်။ ညဖက်ရောက်တာ့ စိမ့် အိမ်ရှေ့မှ မဏ္ဍပ်လေးထဲမှာ အားလုံးထိုင်ပါ ရက်လည်ဆွမ်းသွပ်ဖို့ တိုင်ပင်ကြပါတယ်။ စိမ့်ရဲ့ ဘယ်ညာမှာ စိုင်းကိုနဲ့ မျိုးသက်က နေရာယူထားပါတယ်။
"ရက်လည်ဆွမ်းသွပ်ကို နှစ်ခုပေါင်းလုပ်လိုက်လာမှာမို့ အောင်ကြီးက ဘုန်းကြီးကို ကြိုလျှောက်ထား ပြီးတော့ ပင့်ဖို့ကိုလဲ မင်းပဲ တာဝန်ယူလိုက်။"
"အင်း။ ရတယ်လေ။"
မျိုးသက် စကားကို အောင်ကြီးက ပြန်ဖြေပေးလိုက်ပါတယ်။
"စိုးသူက ဖိတ်စာ ရိုက်ပြီး ရပ်ကွက်ထဲ လိုက်ဝေပေးဖို့ တာဝန်ယူလိုက်။"
"အေး။ ကျွေးမွေးဖို့ကကော။"
"အဲဒါကတော့ အော်ဒါပဲ မှာလိုက်တော့မယ်ကွာ။ ကျန်တာတော့ ကြုံတဲ့သူ ဝိုင်းလုပ်ကြတာပေါ့။"
"မင်းကကော ဘာတာဝန်ယူမှာလဲ။"
"ဟ့ ငါက အကုန်လိုက်စီမံ ပေးနေတာလေကွာ။ ငါ့ကို သူများတွေလို ဘာမှ မလုပ်ပဲ ငုတ်တုတ်ထိုင်နေတယ် ထင်နေလား မင်းက။"
"ဟေ့ကောင်။"
မျိုးသက် စကားဆုံးတော့ စိုင်းကိုစီက အသံထွက်လာပါတယ်။ စိမ့် တစ်ချက်လှည့်ကြည့် လိုက်တော့မှ
"ငါက ဘာမှ မလုပ်တက်ဘူး။ လုပ်လဲ မလုပ်ဖူးဘူး။ အဲဒီတော့ မင်းတို့ လိုအပ်တာ အားလုံးစီစဉ် ကုန်ကြစားရိတ် အားလုံး ငါတာဝန်ယူမယ်။"
စကားဆုံးတာနဲ့ စိုင်းကိုက သူ့လက်ဆွဲအိတ်ကို လှမ်းယူကာ အိတ်ထဲမှ တစ်သောင်းတန် သုံးအုပ်ကို ထုတ်ကာ စိမ့်ရှေ့မှာ ချပေးလိုက်ပါတယ်။
"လိုအပ်တာသုံးဖို့ စိမ့်။ မလောက်ရင် ငါ့ကိုပြော ထပ်ပေးမယ်။"
"အဲ့လောက်ကြီး အလိုအပ်ဘူး ထင်တယ်။ များမနေဘူးလား။"
"ဘယ်က များမှာလဲ နောက်ထပ် နှစ်အုပ်လောက်တောင် လိုရင်လိုဦးမှာ။"
စိမ့်က အားနာစွာနဲ့ စိုင်းကိုကိုပြောနေတုန်း ကြားက မျိုးသက်က ဝင်ပြောလိုက်တော့ စိုင်းကို မျိုးသက်ကို တစ်ချက်စောင်းကြည့်လိုက်ကာ နောက်ထပ် ပိုက်ဆံနှိုက်နေတုန်းမှာပဲ စိမ့်က စိုင်းကိုလက်ကို လှမ်းကိုင်လိုက်ကာ
"နေပေ့စေတော့ တော်ပြီ။ လိုအပ်တာ သုံးပြီး ပိုတာ အားလုံး စိမ့်ပြန်ပေးပါ့မယ်။"
"မလိုပါဘူး မလောက်ရင်သာ ပြော။ ဘာမှ စိတ်မညစ်နဲ့ စိမ့်။ မင်းနားမှာ ငါတစ်ယောက်လုံးရှိတယ်။"
"ဟုတ်ကဲ့ ကျေးဇူးပါ။"
မျိုးသက် မျက်နှာမဲ့လို့ သွားရပြန်ပါတယ်။
"ဒါနဲ့ ကူလုပ်ပေးတဲ့ ညီလေးတွေ ဘယ်နှစ်ယောက်ရှိလဲ။"
စိုင်းကိုစကားကြောင့် ရန်နိုင်က ချက်ခြင်းပဲ
"ခြောက်ယောက်ပါဗျ။"
"ဟေ့ကောင် ငါးယောက်ပဲလေ။ ငါ့ကိုထည့်မတွက်နဲ့ ငါက ဒီကအိမ်ရှင်လို ဖြစ်နေပြီ။"
မျိုးသက် စကားကြောင့် စိုင်းကို မျိုးသက်ကို လှည့်ကြည့်လိုက်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အကြည့်ချင်းဆုံးတော့ မျက်နှာချင်းပြန်လွှဲလိုက်ကြပြီး
စိုင်းကိုက လက်ကိုင်အိတ်ထဲမှ ငါးထောင်တန်တစ်အုပ်ကို ထုတ်ကာ စိမ့်လက်ထဲထည့်ရင်း
"အားလုံးပြီးသွားတဲ့ နေ့ကျရင် သူတို့ကို မုန့်ဖိုးတစ်ယောက် တစ်သိန်းစီ ပေးလိုက်နော် စိမ့်။"
ဟိုကောင်တွေ ပျော်သွားကာ မျက်နှာတွေကို ဖြီးသွားကြတာ သိသာလှတာမို့ မျိုးသက် မျက်လုံးပြူးပြလိုက်ပါတယ်။ မျိုးသက် အတွက်ကတော့ လူအင်အားပဲ ကူညီနိုင်တာမို့ စိတ်မကောင်း ဖြစ်သွားမိပါတယ်။ တစ်ကယ်ဆို စိမ့်ကို လူကော ငွေကော အရာအားလုံး ကူညီပေးချင်တာ အမှန်ပါပဲ။ မျိုးသက် ထိုင်နေရာက နေထလာလိုက်ပါတော့တယ်။
"စိတ်ကောက်သွားပြီ ထင်တယ် ဟီး။"
မျိုးသက်ကို ကြည့်ရင်းစိုင်းကို ပြုံးကာ ပြောလိုက်မိပါတယ်။ စိမ့် စိုင်းကို ကိုကြည့်ရင်း မျက်မှောင်လေး တစ်ချက်ကျုံ့လို့ သွားပါတယ်။ လှစ်ခနဲ ခနလေး ပါပဲ။
ဒီနေ့က အိမ်မှာ သူတို့ သုံးယောက်သာ ရှိပါတယ်။ မျိုးသက် ဘော်ဒါတွေက ကိုယ်စီတာဝန်တွေ လပ်ဖို့ ထွက်သွားကြပြီလေ။ လဒတွေက ထမင်း စားချိန်ရောက်မှ ပြန်လာကြမှာ။ မျိုးသက် တံမြက်စည်း လှမ်းနေရင်းက ရေပုံးနှစ်ပုံးကို ဘယ်ညာစွဲလာတဲ့ စိမ့်ကို မြင်တာမို့ အိမ်ပေါ်ကနေ ပြေးဆင်းလာ လိုက်တုန်း ဖုန်းထိုင်ကြည့်နေတဲ့ စိုင်းကိုကလည်း စိမ့်နားကို ရောက်သွားပါတယ်။ ပြီးတော့နှစ်ယောက်သား ရေပုံးတွေကို အပြိုင်လှမ်းကိုင်လိုက်ပါတယ်။ ရေပုံးတစ်ဖက်မှာ စိုင်းကိုလက်ပေါ်ကနေ မျိုးသက်လက်က အုပ်ထားမိသလို ကျန်တစ်ပုံးမှာ မျိုးသက်လက်ပေါ်ကနေ စိုင်းကိုက အုပ်ထားမိပြီးသား ဖြစ်နေပါတယ်။
"ရတယ် ဖယ်ကြပါ။"
"အစ်ကို ဆွဲပေးမှာပေ့ါ စိမ့်ရာ လိုရင်ပြောပါဆိုတာကို။"
"ငါလဲဒီလောက်တော့ လုပ်နိုင်တယ်။ မင်းဖယ်လိုက်။"
"မင်းဖယ်လိုက်ပါ။"
"ကဲ ကြိုက်တဲ့သူသာ သယ်ခဲ့တော့ နောက်မှာ ထမင်းအိုး တန်းလန်းကြီးပါဆိုနေ။"
စိမ့် စိတ်မရှည်စွာပဲ ရေပုံးနှစ်ပုံးစလုံးကို မြေပြင်ပေါ်ချရင်း အိမ်ဘေးကနေ နောက်ဖေးဖက်ကို ထွက်သွားပါတယ်။ စိုင်းကိုနဲ့ မျိုးသက် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ရင်း ခေါင်းကို ပြိုင်တူငြိမ့်လိုက်ကြပါတယ်။ ပြီးတော့ ရေပုံးတစ်ယောက်တစ်ပုံးဆွဲကာ နောက်ကနေ လိုက်သွားပါတော့တယ်။ နောက်ဖေးရောက်တော့ မျိုးသက်က ရေပုံးချလိုက်ရင်း ထမင်းအိုး တည်နေတဲ့ စိမ့်နားကို သွားမလို့ လုပ်တုန်းနောက်ကနေ စိုင်းကို လိုက်လာတာ တွေ့တာမို့ ခြေလှမ်းတွေကို ရပ်လိုက်ရင်း အသံခပ်တိုးတိုးဖြင့့်
"မင်းဘာလို့ လိုက်လာတာလဲ။"
"မင်းကိစ္စမဟုတ်ဘူး ငါ့ဖာငါ ဘာလုပ်လုပ်။"
"မကူညီရင်နေ မနှောင့်ယှက်နဲ့ကွ။ ကိုယ့်ဖာကိုယ် အိမ်ရှေ့မှာ သွားထိုင်နေ။"
"မင်း လျှာမရှည်နဲ့ ဖယ်။"
စိုင်းကိုက မျိုးသက်ကို ဘေးဖယ်လိုက်ကာ စိမ့်ဘေးမှာ ငုတ်တုတ်လေး ဝင်ထိုင်လိုက်တော့ တဖက်ကနေ မျိုးသက်ကလည်း ဝင်ထိုင်လိုက်ပါတယ်။ စိမ့် နှစ်ယောက်စလုံး ဘယ်ညာလှည့်ကြည့်လိုက်ရင်း မျက်လုံးတွေ ပြူးသွားကာ
"ဘာလုပ်ကြတာလဲ အဲဒါ။ ဗိုက်ဆာနေကြပြီလား။"
"စိမ့်ကို ဝိုင်းကူမလို့။"
"မင်းကို ဝိုင်းကူမလို့။"
ဟင် နှစ်ယောက်သား ပြိုင်တူပြောလိုက်တာ အတူတူဖြစ်နေတာမို့ စိမ့် ခေါင်းပင် ထောင်လိ်ု့ သွားရပါတော့တယ်။ စိမ့် ထိုင်ရာမှ ထလိုက်ကာ ဓါးအပါးလေး နှစ်ချောင်းကို ယူကာ ဗန်းလေး တစ်ခုထဲ ကြက်သွန်နီတွေ ထည့်ရင်း သူတို့ နှစ်ယောက်ကြားမှာ ချပေးလိုက်ပါတယ်။
"အဲဒါတွေ ခွါပြီး ပါးပါးလှီးပေး ဟိုမှာ စဉ့်နီတုံး။"
မျိုးသက်က ဓါးကို ကောက်ကိုင်ကာ ခွါလိုက်ပေမယ့် စိုင်းကိုကတော့ ကြက်သွန်နီ ဘယ်ကနေ စခွါရမှန်းမသိ။ မျိုးသက်ကို လှမ်းကြည့်လိုက်တော့ မျိုးသက်က လူကို တစ်ဖက်လှည့်လိုက်ကာ တမင်ကွယ်ထား မှန်းသိလို့ စိုင်းကို မျက်နှာမဲ့ခနဲ ဖြစ်သွားရပါတယ်။
"နေပေါ့။ ငါဓါးနဲ့သာ စောင့်ထိုးချလိုက်ချင်တယ်။"
"မင်းဘာပြောတာလဲ။"
"ဒီကြက်သွန်နီကိုပြောတာ။"
"ဒီမှာကြည့် ဒီလို စပြီးခွါရတယ်။"
မျိုးသက်လုပ်ပြတာကို စိုင်းကိုက သေချာကြည့်ရင်း လိုက်လုပ်ပါတယ်။ အားလုံးခွါပြီးချိန်မှာတော့
"အား ကျစ်ကျစ် အားလား ပူလိုက်တာ။"
"လက်နဲ့ မပွတ်နဲ့လေ ပိုမွှန်မှာပေါ့ ဒါတောင်မသိဘူး။"
"မျက်လုံးတွေ ဖွင့်မရတော့ဘူး လုပ်ကြပါဦးဟ့။"
"ကောင်းတယ် ကောင်းတယ်။ ဟိဟိ။"
စိမ့် မျိုးသက်နဲ့ စိုင်းကို ကိုကြည့်ကာ ရီလိုက်မိပါတယ်။ တော်တော် ဆိုးတဲ့ သူတွေ။ စိမ့် ထမင်း/ဟင်း ချက်နေတာကို မျိုးသက်က ဝိုင်းကူသလို စိုင်းကိုကလည်း မလုပ်တက်လုပ်တက်နဲ့ အတင်းလိုက်ကူပေး နေတာမို့ ရီနေရတာမို့ စိတ်သောကတွေ ခနတာ ပြေပျောက်ပေါ့ပါးသွားတာတော့ အမှန်ပင်။
..... အားတင်းထားပါဦး မငိုနဲ့ကွာ ဆက်ပြီးတော့ ... အရှုံးမပေးဘူးနော် ငါတို့ဘဝအတွက်ပေါ့ .... အတူတူကြိုးစားခဲ့တာပဲ ကံတရားဟာ ထင်သလောက်တော့ .... မရက်စက်ခဲ့တဲ့ အတွက် ဒို့နှစ်ယောက် မျှော်လင့် နိုင်ပါသေးတယ် ..... အုပ်တစ်ချပ်နဲ့ သဲတစ်ပွင့်နဲ့ ဆောက်ခဲ့ပြီးမှ အိပ်မက်တို့ မဝေးတော့လို့ အားမလျှော့နဲ့ ..... ဆက်လျှောက်မယ် .....
တကယ်ဆို စိုင်းကို ဒါမျိုးတွေ တစ်ခါမှ မလုပ်ဖူးပါ။ စိမ့်နားကပ်နေတဲ့ ငတိကို ကြည့်မရတာကော စိမ့်ကို ကူညီချင်တာ ကြောင့်ပါ ဝင်ကူရင်းက စိမ့် ရီတာတွေ့ တော့ ဆက်ပြီးကူညီပေးနေမိတယ်။ စိမ့် ပျော်နေရင် အပူတွေ ခနမေ့သွားရင် သူပေါတောတော လုပ်ပြရတာလည်း တန်ပါတယ်။ စိမ့်ကို စိတ်ချမ်းသာစေချင် လို့လေ။
...... ဘေဘီမင်းမျက်လုံးတို့ အားဖျော့ခိုက် ငါ့ရဲ့ ပုခုံးထက် မှေးစက်လိုက် ... အခက်အခဲများအတွက် ငါအရှေ့က ရှိတာပဲ ... ဘယ်လို အဆိုးဆုံးနေ့တို့ ဖြတ်ရလည်း ရောင့်ရဲတဲ့ အတွက် ကျေးဇူးတင်တယ် .... နောက်ထပ် အဆိုးတို့ မရှိဖို့ ကတိတွေပဲ ... လာပါ ဝမ်းနည်းတက်တဲ့ ချစ်သူ အားမငယ်နဲ့ .....
တကယ်ဆို စိုင်းကိုကို လုံးဝ ကြည့်မရပေမယ့် စိမ့်ကို ကူညီနေတဲ့ သူဖြစ်သလို စိမ့်အသက်ကိုလည်း ကယ်ခဲ့တဲ့သူ ဖြစ်တာမို့ မျိုးသက် ဘာမှ မပြောတာပါ။ အခုလို သူနဲ့ အပြိုင်လိုက်လုပ်နေတာကိုလဲ အစက အတော်လေး မျက်မုန်းကျိုးသလို ခံစားရပေမယ့် နောက်ပိုင်းတော့ သဘောကျလာမိသလို ခံစားရတယ်။ နောက်ပြီး စိမ့် ပြုံး ရီနေတာတွေ့ ရတော့လဲ ဘယ်လောက်ဆိုးဝါးနေပါစေ စိမ့်ကျေနပ်ရင် အရာအားလုံးကို သည်းခံပေးဖို့ သူအသင့်ပဲလေ။
...... ဘဝရဲ့ အဓိပ္ပါယ်ကို ငါတို့အတူဖွင့်ပြီးတော့ ကြိုးစားကြမယ် ဘာများခက်လို့လဲ မနက်အသစ်မရောက်ခင်သာ အမှောင်ထုဟာ ကြာလွန်းခဲ့ ... နွေးထွေးခြင်းတို့နဲ့ နေမင်းရဲ့ အလင်းရောင်လာတော့မယ် ......အုပ်တစ်ချပ်နဲ့ သဲတစ်ပွင့်နဲ့ ဆောက်ခဲ့ပြီးမှ အိပ်မက်တို့ မဝေးတော့လို့ အားမလျော့နဲ့ .... အားမလျော့နဲ့ .....
...... ဝမ်းနည်းရတဲ့ နေ့တွေ ပြန်ရေတွက်ဦးဟေ့ ... မဆိုစလောက်လေးပါ နင်ယုံကြည်ထားပေး ... တစ်နေ့နေ့ အကောင်းဆုံး ဖြစ်မယ် အားတင်းထးလိုက်တော့ တဒင်္ဂလေးပဲ ... လာပါ ငိုမနေတော့နဲ့ ....
..... ဘေဘီမင်း မျက်လုံးတို့ အားဖျော့ခိုက် ငါ့ရဲ့ ပုခုံးထက်မှေးစက်လိုက် အခက်အခဲများအတွက် ငါအရှေ့က ရှိတာပဲ ဘယ်လို အဆိုးဆုံးနေ့တို့ ဖြတ်ရလည်း ရောင့်ရဲတဲ့ အတွက် ကျေးဇူးတင်တယ် နောက်ထပ် အဆိုးတို့မရှိဖို့ ကတိတွေပဲ ... လာပါ ဝမ်းနည်းတက်တဲ့ ချစ်သူ အားမငယ်နဲ့ .... လာပါ ဝမ်းနည်းတက်တဲ့ ချစ်သူ အားမငယ်နဲ့ ... လာပါ ဝမ်းနည်းတက်တဲ့ ချစ်သူအားမငယ်နဲ့ ... အားတင်းထားပါဦး .... မငိုနဲ့ကွာ ဆက်ပြီးတော့ အရှုံးမပေးဘူးနော် ... ငါတို့ဘဝအတွက်ပေါ့ .........
.............................................
နာရေး အားလုံး ပြီးဆုံးသွားတော့ စိမ့်အိမ်မှာ စိမ့်ရယ် မျိုးသက်ရယ် စိုင်းကိုရယ် သုံးဦးသာ ကျန်ခဲ့ပါတော့တယ်။ အားလုံး လက်စသတ် သိမ်းဆည်းပြီး သွားပြီမို့ စိမ့်တို့ အိမ်ရှေ့ခန်းလေးမှာ သုံးယောက်သား မျက်နှာချင်းဆိုင် ထိုင်ပြီး စကားပြော ဖြစ်ကြပါတယ်။ စိမ့်က လက်ထဲက စာရွက်လေး တစ်ရွက်နဲ့ ပိုက်ဆံ အချို့ကို စိုင်းကို ရှေ့ကို ချပေးလိုက်ရင်း
"အဲဒါက ကုန်ကျငွေ စာရင်းနဲ့ ပိုတဲ့ငွေပါ ကိုစိုင်း။"
"ဟာ ဘာလုပ်ရမှာလဲ စိမ့် သုံးဖို့ သိမ်းထားပါ။ ကိုက ထပ်ပြီးတောင် ပေးထားမလို့ လောလောဆယ် ဆိုင်မထွက်နဲ့ဦးလေ။ အေးဆေးနားရအောင်လို့ ဒီကြားထဲ သုံးဖို့ကို ကို တာဝန်ယူပါတယ်။ ယူထားလိုက်ပါ စိမ့်။"
စိမ့် ခေါင်းကို ခါလိုက်ရင်းက
"ဒီလောက်ထိတော့ လက်မခံပါရစေနဲ့။ အခုတောင် အရမ်းအားနာနေပါပြီ။"
"အားနာစရာမလိုဘူး။ အခုကော ရှေ့လျှောက်ကော စိမ့် တစ်ဘဝလုံးစာပါ ကိုက တာဝန်ယူပေးမှာ။"
"ဟင်။"
"ဟေ့လူ။"
Continue Reading
You'll Also Like
173K 5K 44
320K 41.1K 200
All credits given to original author Goose Five and translator. Image is given credit to novel..... ဝိညာဉ်ကြောမရှိလျှင် မကျင့်ကြံနိုင်သည့် လောကတွင်...
78K 10.6K 77
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...
329K 19.1K 59
•ប្រភេទរឿងមនុស្សប្រុសអាចពពោះបាន