ေနမင္းႀကီး၏ အလင္းေရာင္ေၾကာင့္ ခပ္ေႏြးေႏြးျဖစ္ေနေသာ ဤေန့တြင္ ျပတင္းေပါက္အနီး စာအုပ္ကို အာ႐ုံစိုက္ကာ ဖတ္ေနသူသည္ အနည္းငယ္ေတာ့ စိတ္႐ုွပ္ဟန္ေပါက္ေန၏။
ေကာ့ရႊတ္ရႊတ္ မ်က္ေတာင္႐ွည္ႀကီးမ်ားသည္ အမ်ားသူငါတို႔အား သေဘာက်ႏွစ္ၿခိဳက္ရေလာက္ေအာင္ ဆြဲေဆာင္ႏိုင္စြမ္း ႐ွိသည္။ဆံႏြယ္ ညိဳညိဳတို႔သည္ ေပ်ာ့အိစင္းကာ ေနသည္မွာ ေရလႈိင္းမ်ားကဲ့သို႔။ႏွင္းဆီဖူး ႏႈတ္ခမ္းသားေတြကို အနည္းငယ္ တင္းထားပံုက လွသည္ဆိုတာထက္ ပိုသည္။
ဖတ္လက္စ စာအုပ္မွာ စာမ်က္ႏွာတစ္ခုထဲတြင္ ရပ္တန္႔ေနသည္။ထိုအစား သူသည္ ျပတင္းေပါက္အျပင္ဆီသို႔ အၾကည့္ေရာက္၏။
ေနေရာင္ေအာက္တြင္ စိမ္းလဲ့ေနေသာ ျမက္ခင္းျပင္ႀကီးသည္ အဆံုးမ႐ွိသကဲ့သို႔။ေလႏွင္ရာ ယိမ္းေနေသာ သစ္ပင္တို႔မွ သစ္ရြက္တို႔သည္လည္း တစိမ့္စိမ့္ ေႂကြက်သည္။ေက်းငွက္တို႔၏ ေအာ္သံမွာလည္း တစာစာျဖင့္ သာယာမႈေတာ့ ႐ွိ၏။
" ေဒါက္ ေဒါက္ "
႐ုတ္တရက္ ထြက္လာေသာ တံခါးေခါက္သံေၾကာင့္ သူ႔ကုိယ္ေလးမွာ ဆတ္ခနဲ လႈပ္သြားရသည္။
" အေမလား "
ခပ္သာသာ ဖြင့္၍ ဝင္လာေသာ အေမသည္ ျပံဳးေနလ်က္။
" တစ္ဖက္အိမ္မွာ လူသစ္တစ္ေယာက္ ေျပာင္းလာတယ္တဲ့ အကူအညီေတြမ်ား လိုမလား သြားေမးၾကည့္ခိုင္းမလို႔ "
အေမက ထိုအတိုင္းသာ လူတိုင္းကို ကူညီခ်င္စိတ္ အျပည့္႐ွိၿပီး ၾကင္နာတတ္တဲ့ မိန္းမသားဆိုလည္း မမွားပါေပ။သို႔ေၾကာင့္ အေမကိုဆို ဒီၿမိဳ႕တစ္ခြင္ မသိသူ ႐ွားပါးသည္။
" ဟုတ္ ကြၽန္ေတာ္ ခဏေနသြားလိုက္မယ္ "
အေမက ေခါင္းၿငိမ့္ကာ ျပန္သြားသည္။
တစ္ဖက္အိမ္..?
အေႏြးထည္ပါးပါးအား ခနၶာကိုယ္တြင္ ဝတ္ဆင္ၿပီး စာအုပ္ကို ေနရာတက် ထားလိုက္သည္။ဆံႏြယ္တို႔ကို ညႇင္သာစြာ ၿဖီးသင္ၿပီး အသာအယာ ထလိုက္သည္။
" အေမ ကြၽန္ေတာ္ သြားၿပီ "
သူတို႔ေနတဲ့ အိမ္ႀကီးက ႏွစ္ထပ္အိမ္ျဖစ္ၿပီး အခန္းေတြလည္း ေတာ္ေတာ္မ်ားသည္။ဤကဲ့သို႔ ပံုစံတူအိမ္မ်ားလည္း ႐ွိေသး၏။စိတ္ေအးခ်မ္းေစၿပီး ေပ်ာ္ဖြယ္ရာျဖစ္ေသာေၾကာင့္ ေျပာင္းလာၿပီး စိတ္ပ်က္လက္ပ်က္ႏွင့္ ထြက္သြားရသည္ဟူ၍ မၾကားဘူးေသး။
ခပ္ပါးပါး အေႏြးထည္ၾကားမွ တိုးဝင္လာေသာ ေလညႇင္းတို႔သည္ ေအးသည္ဆိုလ်ွင္လည္း မဟုတ္ ၊ ေႏြးေနသည္လားဆိုေတာ့လည္း မဟုတ္ျပန္ေပ။ေပ်ာ့စင္းေနေသာ ဆံႏြယ္တို႔ပင္ ေလညႇင္းတို႔ေၾကာင့္ တစ္ခါတစ္ခါ လႈပ္ခတ္သြားေသးသည္။
ေျခလွမ္းေသးေသးေလးေတြက အိမ္အႀကီးႀကီးေ႐ွ႕တြင္ ရပ္သည္။သို႔ေသာ္ ဝင္သြားဖို႔ေတာ့ တံု႔ဆိုင္းေန၏။
ဒီအိမ္ႀကီးက သရဲေျခာက္တယ္ဆိုၿပီး နာမည္ႀကီးတာ သူသိသည္။ထိုကဲ့သို႔ အိမ္မ်ိဳးမွာ ဘယ္သူက ေနမလဲလို႔ သိခ်င္႐ုံသက္သက္ျဖင့္ အေမကို မျငင္းဘဲ ထြက္လာျခင္းပင္။ဒါေပမယ့္ ႐ုတ္တရက္ ၾကက္သီးထလာတာေၾကာင့္ ရပ္လိုက္ရသည္။
စိမ့္ကနဲ အ႐ုိးထဲထိ ေအးလာသည္။သစ္ပင္ေတြ မ်ားလို႔ေနမွာပါဟုဆိုကာ တစ္ကိုယ္တည္း တံခါးကိုေခါက္မိသည္။
" ေဒါက္ ေဒါက္ "
တံု႔ျပန္မႈအလ်င္းမ႐ွိ။လူက သရဲမေၾကာက္တတ္ေပမယ့္ ဒီအိမ္အေၾကာင္းကို အေတာ္ေလးၾကားဖူးတာမို႔ အနည္းငယ္ေတာ့ ေၾကာက္စိတ္ျဖစ္မိ၏။
ေနာက္တစ္ႀကိမ္ ထပ္ေခါက္လို့မွ လူမ႐ွိဘူးဆိုရင္ ျပန္႐ုံေပါ့။
တံခါးေခါက္ဖို႔ ျပင္ေနေသာလက္က ေလထဲတြင္ ရပ္သြားရသည္။တစ္စံုတစ္ေယာက္က တံခါးကို လာဖြင့္ေသာေၾကာင့္ ျဖစ္၏။
တံခါးခ်ပ္ေနာက္တြင္ ေပၚလာသည္က ေယာက်ာ္းငယ္တစ္ဦး။
ေမး႐ုိးထင္းထင္း ၊ ႏွာတံခြၽန္ခြၽန္ႏွင့္ ဝိုင္းစက္ေသာမ်က္လံုးကို ပုိင္ဆိုင္ထားသူျဖစ္သည္။မည္းနက္ေနေသာ မ်က္ခံုးတန္းမ်ားမွာ အနည္းငယ္ စုက်ံဳ႕လို႔ေနသည္။သို႔ေသာ္ သူ႔ကို ျမင္သည္ႏွင့္ မ်က္ခံုးမ်ားကို ေျပေလ်ာ့ကာ ျပံဳးျပလာသည္။
" ဘာကိစၥ႐ွိလို႔လဲ မသိဘူး "
ေလထုသည္ အနည္းငယ္ ေႏြးေနသလို ခံစားရသည္။အဘယ္ေၾကာင့္ရယ္ေတာ့ သူမသိပါေခ်။
" ငါက ဟိုဘက္အိမ္ကပါ အကူအညီလိုမလားလို႔ လာၾကည့္တာ အခုမွေျပာင္းလာတာဆို? "
" ဟုတ္တယ္ အိမ္ထဲဝင္ဦးေလ "
တစ္ခါမွ မေရာက္ဘူးသည္ေရာ စပ္စုခ်င္သည္ေရာေၾကာင့္ အိမ္ထဲကို ဝင္လိုက္သည္။ထိုတြင္ အထင္ႏွင့္အျမင္ တက္တက္စင္ေအာင္ လြဲေတာ့သည္။
လွလိုက္တဲ့ အိမ္ႀကီး။
အရင္က သူထင္တာ သရဲအိမ္ဆိုေတာ့ အိမ္အထဲမွာ ယိုယြင္းပ်က္ဆီးၿပီး ရစရာ မ႐ွိေအာင္ ျဖစ္ေနမည္ ထင္ခဲ့မိ၏။သို႔ေသာ္ မဟုတ္ေပ။ပစၥည္းပစၥယမ်ားအား သူ႔ေနရာႏွင့္သူ တိက်စြာ ႐ွိေနၿပီး သန္႔႐ွင္းသပ္ရပ္ေနသည္မွာ ေလာေလာလတ္လတ္ လူေနထားသည့္အတိုင္း။ေျပာင္းလာတဲ့လူ ႐ွင္းတယ္လို႔ ထင္ရေအာင္လည္း ထိုသူက မေန႔ကမွ ေျပာင္းလာျခင္း။ဒီအိမ္ႀကီးကို တစ္ရက္ထဲနဲ႔ လူႏွစ္ေယာက္႐ွင္းေတာင္ ေျပာင္မွာမဟုတ္။
ပန္းခ်ီကားေတြ...။
နံရံေတြမွာ ပန္ခ်ီကားတခ်ိဳ႕ကို ေတြ႔ရေသးသည္။တခ်ိဳ႕က ခ်ိတ္ဆြဲလ်က္သား ျဖစ္ေပမယ့္ တခ်ိဳ႕က ခ်ိတ္မလို႔ ျပင္တုန္းပဲ ႐ွိေသးသည္။႐ႈခင္းပံု ၊ မိန္းကေလးတစ္ေယာက္ရဲ႕ပံု ၊ ေနဝင္ဆည္းဆာပံု ၊ ငွက္ကေလးေတြပံု အို စံုလို႔ပါပဲ။ေဆးခ်က္ေတြက သပ္သပ္ရပ္ရပ္နဲ႔ တကယ္ၾကည့္လို႔ေကာင္းတာ နာမည္ေက်ာ္တဲ့ ပန္းခ်ီဆရာေတြ ဆြဲထားတဲ့အတိုင္း။
" လွလိုက္တာ "
ဆိုဖာေပၚ ထိုင္ေနရင္း ႐ုတ္တရက္ ထြက္က်လာေသာ ထိုအသံသည္ သူ႔ဆီမွသာ ျဖစ္၏။
" ပန္းခ်ီကားေတြကို သေဘာက်တာလား? "
ထိုေယာက်ာ္းငယ္၏ အေမးသံသည္ သူ႔ကို ေခါင္းၿငိမ့္ေစ၏။ထိုတြင္ ေယာက်ာ္းငယ္သည္ ပါးခ်ိဳင့္ေရးေရးေပၚေသာ အျပံဳးျဖင့္ ျပန္လည္ေျဖၾကားသည္။
" အဲ့ဒါေတြကိုယ္ ဆြဲထားတာေလ "
" ဝါး တကယ္လား အရမ္းမိုက္တာပဲ ငါက နာမည္ေက်ာ္ ပန္းခ်ီဆရာေတြမ်ား ဆြဲထားတာလားလို႔ေတာင္ ထင္သြားတာ "
တအံ့တဩဆိုေတာ့ ေယာက်ာ္းငယ္က ခပ္သာသာ ရယ္သည္။ထိုေယာက်ာ္းငယ္၏ ႐ုပ္ရည္သည္ ၾကည့္ေကာင္း႐ုံမက ရင့္က်က္မႈေတြ အ႐ွိန္အဝါေတြပါ ထြက္ေနသလို ခံစားရ၏။တစ္ခ်ိန္တည္း ခ်စ္စရာေကာင္းသည္ဟု ေဖာ္ျပရမည့္ မ်က္လံုးဝိုင္းေလးေတြလည္း ႐ွိေသးသည္။
" ကိုယ့္ နာမည္က ဂန္ထယ္ဟြၽန္း "
ေလတိုးသံကဲ့သို႔ တိုး႐ွလြန္းေသာ ႏုွတ္ဆက္သံသည္ ႏုွတ္ခမ္းထူထူမွ ထြက္ေပၚ၍ လာသည္။စကားတစ္လံုးေျပာလိုက္တိုင္း ေလယူေလသိမ္းက သိပ္ကိုသိမ္ေမြ႔လြန္းတာ သူသတိထားမိ၏။
" ငါ့နာမည္က ခြၽဲေဘာမ္ဂယူ "
ေယာက်ာ္းငယ္က ဒုတိယအႀကိမ္ ရယ္ျပန္သည္။သည္တစ္ခါတြင္ေတာ့ သြားခြၽန္ေသးေသးေလးေတြကိုပါ ျမင္ရသည္အထိ။
ဘာလို႔ ရယ္တာေတာင္ ၾကည့္ေကာင္းေနရတာလဲ?
သူ႔ေမးခြန္းကို ေျဖၾကားမည့္သူ မ႐ွိေပ။
သူဟာ ထိုေယာက်ာ္းငယ္၏ အလံုးစံုတို႔၌ ေပ်ာ္ဝင္ေနခဲ့ၿပီး ျဖစ္မည္။ဆံႏြယ္ညိဳညိဳတို႔သည္ သည္တစ္ခါတြင္ေတာ့ လႈပ္ယမ္း၏။ႏႈတ္ခမ္းဖူးဖူးတို႔၏ ေထာင့္စြန္းသည္ သတိမထားမိေလာက္သည္အထိ အနည္းငယ္ေတာ့ ေကာ့တက္သြားခဲ့ေပသည္။
.....
I'm back┌|o^▽^o|┘♪
ဟဲဟဲ စတာ😁
ဒါေလးကေတာ့ အသစ္ေလးေပါ့ဗ်ာ။လူနွစ္ေယာက္ရဲ့ ခ်စ္ျခင္းေမတၲာကို ပံုေဖာ္ခ်င္တာကေန မျပၫ့္မစံုျဖစ္သြားရင္ ခြင့္လြွတ္ဖို႔ ႀကိဳေတာင္းပန္ခ်င္ပါတယ္🙇🏻♀️
တစ္ပတ္တစ္ခါေတာ့ အပ္ႏိုင္မယ္ ထင္တာပဲ💗
.....
နေမင်းကြီး၏ အလင်းရောင်ကြောင့် ခပ်နွေးနွေးဖြစ်နေသော ဤနေ့တွင် ပြတင်းပေါက်အနီး စာအုပ်ကို အာရုံစိုက်ကာ ဖတ်နေသူသည် အနည်းငယ်တော့ စိတ်ရုှပ်ဟန်ပေါက်နေ၏။
ကော့ရွှတ်ရွှတ် မျက်တောင်ရှည်ကြီးများသည် အများသူငါတို့အား သဘောကျနှစ်ခြိုက်ရလောက်အောင် ဆွဲဆောင်နိုင်စွမ်း ရှိသည်။ဆံနွယ် ညိုညိုတို့သည် ပျော့အိစင်းကာ နေသည်မှာ ရေလှိုင်းများကဲ့သို့။နှင်းဆီဖူး နှုတ်ခမ်းသားတွေကို အနည်းငယ် တင်းထားပုံက လှသည်ဆိုတာထက် ပိုသည်။
ဖတ်လက်စ စာအုပ်မှာ စာမျက်နှာတစ်ခုထဲတွင် ရပ်တန့်နေသည်။ထိုအစား သူသည် ပြတင်းပေါက်အပြင်ဆီသို့ အကြည့်ရောက်၏။
နေရောင်အောက်တွင် စိမ်းလဲ့နေသော မြက်ခင်းပြင်ကြီးသည် အဆုံးမရှိသကဲ့သို့။လေနှင်ရာ ယိမ်းနေသော သစ်ပင်တို့မှ သစ်ရွက်တို့သည်လည်း တစိမ့်စိမ့် ကြွေကျသည်။ကျေးငှက်တို့၏ အော်သံမှာလည်း တစာစာဖြင့် သာယာမှုတော့ ရှိ၏။
" ဒေါက် ဒေါက် "
ရုတ်တရက် ထွက်လာသော တံခါးခေါက်သံကြောင့် သူ့ကိုယ်လေးမှာ ဆတ်ခနဲ လှုပ်သွားရသည်။
" အမေလား "
ခပ်သာသာ ဖွင့်၍ ဝင်လာသော အမေသည် ပြုံးနေလျက်။
" တစ်ဖက်အိမ်မှာ လူသစ်တစ်ယောက် ပြောင်းလာတယ်တဲ့ အကူအညီတွေများ လိုမလား သွားမေးကြည့်ခိုင်းမလို့ "
အမေက ထိုအတိုင်းသာ လူတိုင်းကို ကူညီချင်စိတ် အပြည့်ရှိပြီး ကြင်နာတတ်တဲ့ မိန်းမသားဆိုလည်း မမှားပါပေ။သို့ကြောင့် အမေကိုဆို ဒီမြို့တစ်ခွင် မသိသူ ရှားပါးသည်။
" ဟုတ် ကျွန်တော် ခဏနေသွားလိုက်မယ် "
အမေက ခေါင်းငြိမ့်ကာ ပြန်သွားသည်။
တစ်ဖက်အိမ်..?
အနွေးထည်ပါးပါးအား ခန္ဓာကိုယ်တွင် ဝတ်ဆင်ပြီး စာအုပ်ကို နေရာတကျ ထားလိုက်သည်။ဆံနွယ်တို့ကို ညှင်သာစွာ ဖြီးသင်ပြီး အသာအယာ ထလိုက်သည်။
" အမေ ကျွန်တော် သွားပြီ "
သူတို့နေတဲ့ အိမ်ကြီးက နှစ်ထပ်အိမ်ဖြစ်ပြီး အခန်းတွေလည်း တော်တော်များသည်။ဤကဲ့သို့ ပုံစံတူအိမ်များလည်း ရှိသေး၏။စိတ်အေးချမ်းစေပြီး ပျော်ဖွယ်ရာဖြစ်သောကြောင့် ပြောင်းလာပြီး စိတ်ပျက်လက်ပျက်နှင့် ထွက်သွားရသည်ဟူ၍ မကြားဘူးသေး။
ခပ်ပါးပါး အနွေးထည်ကြားမှ တိုးဝင်လာသော လေညှင်းတို့သည် အေးသည်ဆိုလျှင်လည်း မဟုတ် ၊ နွေးနေသည်လားဆိုတော့လည်း မဟုတ်ပြန်ပေ။ပျော့စင်းနေသော ဆံနွယ်တို့ပင် လေညှင်းတို့ကြောင့် တစ်ခါတစ်ခါ လှုပ်ခတ်သွားသေးသည်။
ခြေလှမ်းသေးသေးလေးတွေက အိမ်အကြီးကြီးရှေ့တွင် ရပ်သည်။သို့သော် ဝင်သွားဖို့တော့ တုံ့ဆိုင်းနေ၏။
ဒီအိမ်ကြီးက သရဲခြောက်တယ်ဆိုပြီး နာမည်ကြီးတာ သူသိသည်။ထိုကဲ့သို့ အိမ်မျိုးမှာ ဘယ်သူက နေမလဲလို့ သိချင်ရုံသက်သက်ဖြင့် အမေကို မငြင်းဘဲ ထွက်လာခြင်းပင်။ဒါပေမယ့် ရုတ်တရက် ကြက်သီးထလာတာကြောင့် ရပ်လိုက်ရသည်။
စိမ့်ကနဲ အရိုးထဲထိ အေးလာသည်။သစ်ပင်တွေ များလို့နေမှာပါဟုဆိုကာ တစ်ကိုယ်တည်း တံခါးကိုခေါက်မိသည်။
" ဒေါက် ဒေါက် "
တုံ့ပြန်မှုအလျင်းမရှိ။လူက သရဲမကြောက်တတ်ပေမယ့် ဒီအိမ်အကြောင်းကို အတော်လေးကြားဖူးတာမို့ အနည်းငယ်တော့ ကြောက်စိတ်ဖြစ်မိ၏။
နောက်တစ်ကြိမ် ထပ်ခေါက်လို့မှ လူမရှိဘူးဆိုရင် ပြန်ရုံပေါ့။
တံခါးခေါက်ဖို့ ပြင်နေသောလက်က လေထဲတွင် ရပ်သွားရသည်။တစ်စုံတစ်ယောက်က တံခါးကို လာဖွင့်သောကြောင့် ဖြစ်၏။
တံခါးချပ်နောက်တွင် ပေါ်လာသည်က ယောကျာ်းငယ်တစ်ဦး။
မေးရိုးထင်းထင်း ၊ နှာတံချွန်ချွန်နှင့် ဝိုင်းစက်သောမျက်လုံးကို ပိုင်ဆိုင်ထားသူဖြစ်သည်။မည်းနက်နေသော မျက်ခုံးတန်းများမှာ အနည်းငယ် စုကျုံ့လို့နေသည်။သို့သော် သူ့ကို မြင်သည်နှင့် မျက်ခုံးများကို ပြေလျော့ကာ ပြုံးပြလာသည်။
" ဘာကိစ္စရှိလို့လဲ မသိဘူး "
လေထုသည် အနည်းငယ် နွေးနေသလို ခံစားရသည်။အဘယ်ကြောင့်ရယ်တော့ သူမသိပါချေ။
" ငါက ဟိုဘက်အိမ်ကပါ အကူအညီလိုမလားလို့ လာကြည့်တာ အခုမှပြောင်းလာတာဆို? "
" ဟုတ်တယ် အိမ်ထဲဝင်ဦးလေ "
တစ်ခါမှ မရောက်ဘူးသည်ရော စပ်စုချင်သည်ရောကြောင့် အိမ်ထဲကို ဝင်လိုက်သည်။ထိုတွင် အထင်နှင့်အမြင် တက်တက်စင်အောင် လွဲတော့သည်။
လှလိုက်တဲ့ အိမ်ကြီး။
အရင်က သူထင်တာ သရဲအိမ်ဆိုတော့ အိမ်အထဲမှာ ယိုယွင်းပျက်ဆီးပြီး ရစရာ မရှိအောင် ဖြစ်နေမည် ထင်ခဲ့မိ၏။သို့သော် မဟုတ်ပေ။ပစ္စည်းပစ္စယများအား သူ့နေရာနှင့်သူ တိကျစွာ ရှိနေပြီး သန့်ရှင်းသပ်ရပ်နေသည်မှာ လောလောလတ်လတ် လူနေထားသည့်အတိုင်း။ပြောင်းလာတဲ့လူ ရှင်းတယ်လို့ ထင်ရအောင်လည်း ထိုသူက မနေ့ကမှ ပြောင်းလာခြင်း။ဒီအိမ်ကြီးကို တစ်ရက်ထဲနဲ့ လူနှစ်ယောက်ရှင်းတောင် ပြောင်မှာမဟုတ်။
ပန်းချီကားတွေ...။
နံရံတွေမှာ ပန်ချီကားတချို့ကို တွေ့ရသေးသည်။တချို့က ချိတ်ဆွဲလျက်သား ဖြစ်ပေမယ့် တချို့က ချိတ်မလို့ ပြင်တုန်းပဲ ရှိသေးသည်။ရှုခင်းပုံ ၊ မိန်းကလေးတစ်ယောက်ရဲ့ပုံ ၊ နေဝင်ဆည်းဆာပုံ ၊ ငှက်ကလေးတွေပုံ အို စုံလို့ပါပဲ။ဆေးချက်တွေက သပ်သပ်ရပ်ရပ်နဲ့ တကယ်ကြည့်လို့ကောင်းတာ နာမည်ကျော်တဲ့ ပန်းချီဆရာတွေ ဆွဲထားတဲ့အတိုင်း။
" လှလိုက်တာ "
ဆိုဖာပေါ် ထိုင်နေရင်း ရုတ်တရက် ထွက်ကျလာသော ထိုအသံသည် သူ့ဆီမှသာ ဖြစ်၏။
" ပန်းချီကားတွေကို သဘောကျတာလား? "
ထိုယောကျာ်းငယ်၏ အမေးသံသည် သူ့ကို ခေါင်းငြိမ့်စေ၏။ထိုတွင် ယောကျာ်းငယ်သည် ပါးချိုင့်ရေးရေးပေါ်သော အပြုံးဖြင့် ပြန်လည်ဖြေကြားသည်။
" အဲ့ဒါတွေကိုယ် ဆွဲထားတာလေ "
" ဝါး တကယ်လား အရမ်းမိုက်တာပဲ ငါက နာမည်ကျော် ပန်းချီဆရာတွေများ ဆွဲထားတာလားလို့တောင် ထင်သွားတာ "
တအံ့တဩဆိုတော့ ယောကျာ်းငယ်က ခပ်သာသာ ရယ်သည်။ထိုယောကျာ်းငယ်၏ ရုပ်ရည်သည် ကြည့်ကောင်းရုံမက ရင့်ကျက်မှုတွေ အရှိန်အဝါတွေပါ ထွက်နေသလို ခံစားရ၏။တစ်ချိန်တည်း ချစ်စရာကောင်းသည်ဟု ဖော်ပြရမည့် မျက်လုံးဝိုင်းလေးတွေလည်း ရှိသေးသည်။
" ကိုယ့် နာမည်က ဂန်ထယ်ဟျွန်း "
လေတိုးသံကဲ့သို့ တိုးရှလွန်းသော နုှတ်ဆက်သံသည် နုှတ်ခမ်းထူထူမှ ထွက်ပေါ်၍ လာသည်။စကားတစ်လုံးပြောလိုက်တိုင်း လေယူလေသိမ်းက သိပ်ကိုသိမ်မွေ့လွန်းတာ သူသတိထားမိ၏။
" ငါ့နာမည်က ချွဲဘောမ်ဂယူ "
ယောကျာ်းငယ်က ဒုတိယအကြိမ် ရယ်ပြန်သည်။သည်တစ်ခါတွင်တော့ သွားချွန်သေးသေးလေးတွေကိုပါ မြင်ရသည်အထိ။
ဘာလို့ ရယ်တာတောင် ကြည့်ကောင်းနေရတာလဲ?
သူ့မေးခွန်းကို ဖြေကြားမည့်သူ မရှိပေ။
သူဟာ ထိုယောကျာ်းငယ်၏ အလုံးစုံတို့၌ ပျော်ဝင်နေခဲ့ပြီး ဖြစ်မည်။ဆံနွယ်ညိုညိုတို့သည် သည်တစ်ခါတွင်တော့ လှုပ်ယမ်း၏။နှုတ်ခမ်းဖူးဖူးတို့၏ ထောင့်စွန်းသည် သတိမထားမိလောက်သည်အထိ အနည်းငယ်တော့ ကော့တက်သွားခဲ့ပေသည်။
.....
I'm back┌|o^▽^o|┘♪
ဟဲဟဲ စတာ😁
ဒါလေးကတော့ အသစ်လေးပေါ့ဗျာ။လူနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ချင်တာကနေ မပြည့်မစုံဖြစ်သွားရင် ခွင့်လွှတ်ဖို့ ကြိုတောင်းပန်ချင်ပါတယ်🙇🏻♀️
တစ်ပတ်တစ်ခါတော့ အပ်နိုင်မယ် ထင်တာပဲ💗
.....