Heart Like Brilliant Words ||...

By _little_strawberry

77.7K 11.9K 271

Tittle: Heart Like Brilliant Words(心似耀言) Author: One Puffed Rice Cake (作者:一个米饼) English Translator: RoaminGol... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56

Chapter 41

841 162 1
By _little_strawberry

ခွဲခွါခြင်းကမည်မျှပင်ခက်ခဲသည်ဖြစ်စေ သူတို့ရင်ဆိုင်ရမည်သာ။

လင်းယွီရန်မှာ သူ၏ခက်ခဲပင်ပန်းလှမည့်အထက်တန်းစီနီယာနှစ်ကို စတင်တက်ရောက်ရန်အတွက် Mostine ၏အေးစက်သောဆောင်းရာသီမှ လင်းကျိုး၏ နွေလယ်ခေါင်သို့ပြန်လာခဲ့ရလေသည်။သူနှင့်ကုယောင်ယန်တို့က နေ့တိုင်းဗီဒီယိုကောလ်ခေါ်ရန် ချိန်းဆိုထားခဲ့ပြီး သူတို့၌ဖြစ်ပျက်သမျှ စိတ်ဝင်စားစရာကောင်းသည့်အရာမှန်သမျှအကြောင်း ပြောတတ်ကြလေသည်။

ကုယောင်ယန်က ပြိုင်ပွဲအတွက်စတင်ပြင်ဆင်နေပြီဖြစ်၏။လင်းယွီရန်ဆွဲ၍ပြီးစီးသွားသော ပန်းချီကားကို မစ္စတာကျန့်ကဂရုတစိုက်ဘောင်သွင်းကာ ဖုန်မပေနိုင်သောအဝတ်ဖြင့်အုပ်ပြီး တရုတ်နိုင်ငံသို့ပြန်ပို့ပေးမည်ဖြစ်လေသည်။၎င်းကို သူ့မိဘများအတူတူရောက်လာသည့်အခါ ပြမည်ဟုလည်းစီစဉ်ထားခဲ့၏။

တစ်ယောက်နှင့်တစ်ယောက် ဗီဒီယိုကောလ်ခေါ်၍မရနိုင်သည့် နေ့ရက်များတွင် ဖုန်းခေါ်ကာအသံနားထောင်ရန်တော့ အချိန်ရနေဆဲသာ။လင်းယွီရန်မှာအလွန်ပင်ကပ်တွယ်နေတတ်ကာ ကုတင်ပေါ်၌လှဲရင်း ကုယောင်ယန်လေ့ကျင့်မှုများပြုလုပ်နေသည်ကို ကြည့်နေလေ့ရှိ၏။တခါတရံ ညဉ့်နက်သွားသည့်အခါ သူကလက်ထဲ၌ဖုန်းကိုကိုင်ရင်း အိပ်ပျော်သွားတတ်လေသည်။ကုယောင်ယန်မှာတော့ လေ့ကျင့်ရေးပြီးသွားသည့်နောက်တွင် အိပ်ပျော်နေသော ထိုကောင်လေး၏မျက်နှာကို မြင်ရလေ့ရှိ၏။

လင်းယွီရန်၏ မျက်တောင်များက ဖန်သားပြင်နှင့် ဘေးတိုက်ပွတ်တိုက်နေကာ ပါးစပ်မှာလည်းအနည်းငယ်ပွင့်ရင်း သွားရည်များက သူ့နှုတ်ခမ်းပေါ်မှ အနည်းငယ်ကျနေတတ်၏။ကုယောင်ယန်က စခရင်ရှော့ရိုက်ထားပြီး နောက်တစ်နေ့မနက်၌ သူ့လက်နှင့်ကိုယ်တိုင် ဝက်နှာခေါင်းပုံဆွဲကာ လင်းယွီရန်ဆီ ပို့ပေးခဲ့၏။လင်းယွီရန်မှာ သူ့မျက်နှာကိုဓာတ်ပုံရိုက်ခံရသည့်အတွက် ဒေါသထွက်သွားကာ maskတစ်ခုကိုအထူးပင်ပြင်ဆင်ထားပြီး ညအိပ်ရာမဝင်ခင်၌ maskတပ်ရန်စီစဉ်ခဲ့လေသည်။

"သဘက်ခါ အနီးကပ်လေ့ကျင့်ရေးလုပ်ရမှာလား?"

လင်းယွီရန်က ကုတင်ပေါ်၌လှဲရင်းမေးလိုက်လေသည်။သူ၏လက်ချောင်းများက စခရင်ပေါ်ရှိ ချွေးသီးများတွဲခိုနေသော ကုယောင်ယန်၏ခန္ဓာကိုယ်ပေါ်တွင် ပြေးလွှားနေကာ ညှပ်ရိုးပေါ်၌ရပ်တန့်သွားလေသည်။

ကုယောင်ယန်ကပတ်တီးစကိုချွတ်လိုက်ရင်း ခေါင်းညိတ်ကာ မေးလိုက်၏။

"မင်းဘယ်လိုသိတာလဲ?"

NASCAR တွင်အခြေစိုက်သည့် အင်အားအကြီးဆုံး လက်ဝှေ့အဖွဲ့အစည်းသည် ကမ္ဘာ့အဆင့်မီလက်ဝှေ့ပြိုင်ပွဲကို နှစ်နှစ်တစ်ကြိမ်ကျင်းပလေ့ရှိ၏။ကုယောင်ယန်က ဤပွဲ၌ပါဝင်တော့မည်ဖြစ်ပြီး လာမည့်လတွင် အကြိုပွဲစဉ် အကြိုရွေးချယ်မှုပြုလုပ်မည်ဖြစ်လေသည်။တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ရန် အချိန်နည်းပါးလာတော့မည်ပင်။

ကုယောင်ယန်ကမေးလာ၏။

"မင်းလာပြီးကြည့်ချင်လား?"

ပရိုမိုးရှင်းပွဲ၏ ပထမဆုံးပွဲစဉ်သည် သူ၏ဆောင်းရာသီအားလပ်ရက်နှင့် တစ်ချိန်တည်းပင်။လင်းယွီရန်က ပြောလာ၏။

"ဒါပေါ့ ငါလာမှာ ဆောင်းရာသီအားလပ်ရက်မှာ မင်းဆီလာလည်မယ်လို့ ငါပြောခဲ့တာပဲ တကယ်အတည်ပြောခဲ့တာ ချိန်းထားတာရှိတယ်လို့တောင်ဆရာ့ကိုပြောထားတယ် ငါမင်းကိုအားပေးဖို့လာမှာ!"

ကုယောင်ယန်က မေးလာ၏။

"မင်း ဒီလိုပွဲတွေကိုကြည့်ရဲလား?"

လင်းယွီရန်ကစိတ်ဓာတ်ကျစွာဖြင့် ပြန်ဖြေလာ၏။

"မကြည့်ရဲဘူး"

ကုယောင်ယန်ကပြောလာ၏။

"ဒါဆို မင်းကိုယ့်ကိုဘယ်လိုအားပေးမှာလဲ?"

လင်းယွီရန်ကပြောလာ၏။

"ငါမျက်လုံးမှိတ်ထားပြီး မင်းကိုအားပေးလို့ရတာပဲလေ"

"ဒါဆို ကိုယ်မင်းကိုစောင့်နေမယ်"

ကုယောင်ယန်ကပြုံးကာ ကင်မရာကိုလှည့်လိုက်၏။သူကယနေ့တွင်မစ္စတာကျန့်နှင့် ဆွေးနွေးစရာရှိနေသဖြင့် အချိန်မတိုင်မီ ဗီဒီယိုကောလ်ကိုအဆုံးသတ်လိုက်ရလေသည်။

လင်းယွီရန်ကအချိန်ကိုကြည့်လိုက်ပြီး ညရှစ်နာရီဝန်းကျင်သာရှိသေး၏။သူ့တွင်စိတ်ဝင်တစားနှင့်ပြောစရာဘာမှမရှိသည့်တိုင် အိမ်စာပြီးသွားပြီးနောက် ခဏမျှစကားဆက်ပြောရန်စီစဉ်ထားခဲ့ခြင်းပင်။

ကုယောင်ယန်နှင့်ဖုန်းပြောသည့်အချိန်တိုင်း သူကထိုသူ၏အသက်ရှူသံကိုသာ နားထောင်နိုင်သည်ဆိုလျှင်တောင် စိတ်အေးသည်ဟုခံစားရလေသည်။ယနေ့တွင် သူ့အားဂရုစိုက်ပေးနေခဲ့သည့်အန်တီကလည်း ကိစ္စတစ်ခုကြောင့်ခွင့်ယူသွားခဲ့၏။လင်းယွီရန်ကဖုန်းကိုချကာ ရေသောက်ရန်အတွက် အောက်ထပ်သို့ဆင်းသွားလိုက်၏။

သူကအပေါ်သို့ပြန်တက်တော့မည့်အချိန်တွင် တစ်စုံတစ်ယောက်က အပြင်ဘက်မှနေ၍သော့တွဲကိုလှုပ်ယမ်းကာ တံခါးဖွင့်လာသံကိုကြားလိုက်ရလေသည်။

"မေမေ?"

လင်းယွီရန်ကခေါင်းကိုလှည့်ကာ တံခါးဝတွင် ရပ်နေသောလူကို မြင်လိုက်သည်နှင့် ချက်ချင်းပင် တောက်ပသော အပြုံးတစ်ခုကထွက်ပေါ်လာတော့သည်။တံခါးဝ၌ရပ်နေသည်က ကောင်းမွန်စွာချုပ်ထားသော အပြာနုရောင်ဝတ်စုံနှင့်လှပကြော့ရှင်းသော အမျိုးသမီးတစ်ယောက်ပင်။သူမက လင်းယွီရန်၏မိခင်ရွှီကျင်းလန်သာ။

"ဘာလို့ပြန်လာတာလဲ?"

လင်းယွီရန်က သူမကိုပွေ့ဖက်ရန်အတွက်ပြေးသွားလိုက်ပြီး ထိုမေးခွန်းကိုမေးရင်း ဝမ်းသာအားရ ခုန်ပေါက်နေလေသည်။သူကလှမ်းကြည့်လိုက်ရာ တံခါးအပြင်ဘက်၌ရပ်နေသော လင်းကျစ်ယွမ်ကိုလည်းမြင်လိုက်ရသဖြင့် မယုံနိုင်စွာဖြင့်မေးလာ၏။

"ဒီနေ့က ကျွန်တော်မွေးနေ့လား? မဟုတ်သေးပါဘူး နှစ်ရက်တောင်လိုသေးတာကို"

ရွှီကျင်းလန်မှာ သူမ၏သားကိုကြည့်ရင်း အစပိုင်း၌ ဖျော့တော့စွာပြုံးနေသော်လည်း ဤစကားကိုကြားလိုက်ရပြီးနောက် သူမကဝမ်းနည်းသွားလေသည်။လင်းယွီရန်၏နောက်ကျောလေးကိုပုတ်ပေးရင်း ပြောလာ၏။

"တောင်းပန်ပါတယ် ပေါင်ပေ့"

လင်းယွီရန်ကအလျင်အမြန်ပင် ခေါင်းခါလိုက်ကာ သူ့အမေ၏ရင်ခွင်ထဲမှထွက်ရင်း လင်းကျစ်ယွမ်အတွက်လမ်းဖယ်ပေးလိုက်၏။သူ့အဖေက အမြဲလိုလိုပင် လေးနက်နေခြင်းဖြစ်သဖြင့် သိပ်စဉ်းစားမနေတော့ဘဲ သူ့အမေကိုသာထိုင်ရန်အတွက် ဆိုဖာဆီသို့ဆွဲခေါ်သွားလိုက်၏။

"စကားမစပ် ကျွန်တော့်မှာပြစရာတစ်ခုရှိတယ်!"

ထိုသို့ပြောပြီးနောက်မှာ သူ့မိဘများ၏တုံ့ပြန်မှုကိုပင်မစောင့်တော့ဘဲ ဆိုဖာပေါ်မှခုန်ထကာ အပေါ်ထပ်သို့ အမြန်တက်သွားတော့သည်။

လင်းကျစ်ယွမ်ကမျက်မှောင်ကြုတ်ပြီး သူ့နောက်ကျောကိုစိုက်ကြည့်ကာ အပိုသတင်းစာတစ်စောင်ကို စားပွဲပေါ်၌တင်လိုက်၏။

"ပြောစရာရှိရင်လည်း ပေါ့ပေါ့ပါးပါးပဲပြောပါ!"

ရွှီကျင်းလန်သည် လွန်ခဲ့သောခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်က သတင်းကိုလှန်ကြည့်ရင်း အဆုံးတွင်တိုးတိုးလေးသက်ပြင်းချကာ ပြောလာ၏။

"ဘာလို့အဲ့လိုလုပ်ရမှာလဲ?"

လင်းကျစ်ယွမ်က သူ့ဒေါသကိုမျိုသိပ်ထားရင်း ဆက်ပြောလာ၏။

"ဒီနှစ်တွေတစ်လျှောက်လုံး သူ့ကိုအလိုလိုက်ထားတာမင်းပဲလေ မင်းသာငါတို့ခရီးထွက်ကျမယ်လို့ သူ့ကိုကတိမပေးထားရင် သူဒီလိုရှုပ်ယှက်ခတ်တဲ့ကိစ္စတွေလုပ်လာမှာတဲ့လား?"

ရွှီကျင်းလန်ကမျက်မှောင်ကြုတ်လိုက်ပြီး သူမအသံကို တိုးနိုင်သမျှတိုးအောင်လုပ်ရင်း ပြောလာ၏။

"ဘာလဲ? ငါကသူ့ကိုအလိုလိုက်တာလား? ဒီအချိန်တွေမှာ ရှင်သူ့ကိုဂရုစိုက်ခဲ့ဖူးလို့လား? အလုပ်ကိစ္စအပြင် ရှင်တခြားဘာတွေများတွေးဖူးလို့လဲ? ငါလား? ငါတို့သားအကြောင်းလား? သူ့ကိုဂရုစိုက်ပြီး စောင့်ကြည့်နေဖို့အတွက် ကလေးထိန်းတွေကိုပဲအမိန့်ပေးခဲ့တယ် အရမ်းကိုတော်တဲ့အဖေပဲနော်"

"မင်းမှာရော ငါ့ကိုဝေဖန်ပိုင်ခွင့်ရှိနေလို့လား?"

လင်းကျစ်ယွမ်ကပြောလာ၏။

"မမေ့လိုက်နဲ့ အလုပ်ကြောင့်နဲ့သူ့အပေါ်ကိုလက်လျော့ခဲ့တာ မင်းပဲလေ......"

"ရှင်....."

ရွှီကျင်းလန်ကခဏမျှတိတ်ဆိတ်သွားပြီး စက္ကန့်အနည်းငယ်မျှ သူမကိုယ်သူမတည်ငြိမ်အောင်ပြင်ဆင်လိုက်၏။

"ဒီကိစ္စက သူလူကြီးဖြစ်လာတဲ့အချိန်အထိစောင့်လို့ရနိုင်တာပဲ ပြီးတော့....."

လင်းယွီရန်မှာပန်းချီကားကိုယူရင်း အောက်ထပ်သို့ပြန်ဆင်းလာသည့်အခါ သူ့မိဘများကြားမှလေထုကမူမှန်မနေကြောင်း သူသတိပြုမိသွား၏။သူကမေးတော့မည်အချိန်တွင် သူ့အဖေကအေးစက်စွာဖြင့်မေးလာ၏။

"ကုယောင်ယန်က ဘယ်သူလဲ?"

သူကအချိန်ဖြုန်းချင်သည့်ပုံမပေါ်ပဲ တိုက်ရိုက်သာမေးလာခြင်း။

လင်းယွီရန်မှာ သူ၏မေးခွန်းကြောင့်ထိတ်လန့်သွားပြီး ပန်းချီကားကို လွှတ်ချမိတော့မလိုပင်။

"ပြော"

"သူ...."

"ဘယ်သူလဲ?"

"သူ—သူကကျွန်တော့်ရဲ့....."

"ကောင်လေး?"

လင်းကျစ်ယွမ်သည် ဓာတ်ပုံများစွာပါသော စာအိတ်ကို ထုတ်လိုက်၏။၎င်းတို့မှာ လမ်းပေါ်ရှိကင်မရာများဖြင့်ရိုက်ယူထားခြင်းဖြစ်ပြီး အများစုမှာ နိုင်ငံခြား၌ သူနှင့်ကုယောင်ယန်တို့၏ပွေ့ဖက်နမ်းရှုံ့နေကြသည့် ဓာတ်ပုံများသာ။သူနှင့်ကုယောင်ယန်တို့ ချိန်းတွေ့နေစဉ်အတွင်း အဆက်အသွယ်မှတ်တမ်းများဖြစ်သည့် ရှည်လျားသောဆက်သွယ်ရေးမှတ်တမ်းများလည်းပါဝင်နေ၏။

သူ့အဖေကချမ်းသာသောကြောင့် ဤအချက်အလက်များကို စုဆောင်းရသည်ကအလွန်လွယ်ကူလှ၏။

လင်းယွီရန်၏မျက်နှာမှာ ဖြူဖျော့နေပြီး သူ့အဖေက ဤကိစ္စကိုသိလိမ့်မည်ဟု ဘယ်တုန်းကမှမတွေးထားမိခဲ့ပေ။သူက လုံးဝပြင်ဆင်ထားခြင်းမရှိဘဲ ကုယောင်ယန်နှင့် သူ၏ဆက်ဆံရေးအပေါ် သူ့မိဘများ မည်သို့တုံ့ပြန်လိမ့်မည်ကိုလည်း စဉ်းစားရန် အချိန်မရှိခဲ့။

ယခုအချိန်တွင် သူကရွှီကျင်းလန်ကိုသာ အကူအညီတောင်းနိုင်လေသည်။သူမနှင့်အဆက်အသွယ်ရှိသောလိင်တူချစ်သူများစွာရှိနေခြင်းကြောင့် သူ့မိခင်ကပွင့်လင်းမြင်သာရှိမည်ဖြစ်ကာ သူ့ကိုသေချာပေါက် ကူညီနိုင်လိမ့်မည်ဟုတွေးခဲ့မိ၏။

သို့သော် မမျှော်လင့်ထားစွာပင် ရွှီကျင်းလန်ကရှေ့သို့တိုးလာပြီး သူ့လက်ကိုကိုင်ကာမေးလာ၏။

"ရန်ရန် မင်းယောက်ျားလေးတွေကို ကြိုက်တာကို မေမေက ကန့်ကွက်တာမျိုးမရှိပါဘူး ဒါပေမဲ့မင်းရဲ့အဲ့ဒီအတန်းဖော်ကုယောင်ယန် သူ့နောက်ခံအကြောင်း မင်းသိလား?"

လင်းယွီရန်ကပြောလာ၏။

"သိ—သိပါတယ်"

"မင်းသိတယ်ပေါ့?"

လင်းကျစ်ယွမ်က သတင်းစာကိုသူ့ရှေ့ရှိစားပွဲပေါ်မှပစ်ချလာပြီး ငေါက်ငမ်းလာတော့သည်။

"သူ့အဖေ ဘာလုပ်ခဲ့လဲမင်းသိလား?"

သတင်းစာသည် လင်းယွီရန်၏ရှေ့ရှိကြမ်းပြင်ပေါ်သို့ ကျသွားလေသည်။၎င်းသည် ဒုစရိုက်ရိပ်မြုံတစ်ခုကိုဖြိုခွင်းသည့် သတင်းဟောင်းတစ်ပုဒ်ဖြစ်ပြီး သတင်းစာခေါင်းစီးပိုင်း၌အပြည့်နေရာယူထား၏။

"မှောင်ခို၊မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ လင်းကျိုးမြို့က အကြီးမားဆုံးဒုစရိုက်အင်အားစုကကုမိသားစုပဲ! မင်းသိနေတာတောင် သူနဲ့တွဲဖို့ သတ္တိရှိနေသေးတယ်ပေါ့လေ! မင်းရူးနေပြီလား?!"

လင်းယွီရန်မှာ သူ့အဖေဤမျှဒေါသထွက်နေသည်ကို မမြင်ဖူးခဲ့ပေ။သူအလွန်ထိတ်လန့်သွားခဲ့ပြီး ခြေလှမ်းအနည်းငယ်မျှ နောက်ဆုတ်မိသွား၏။သတင်းစာ၏ထောင့်က သူ့မျက်နှာကိုပွတ်ဆွဲသွားခဲ့ခြင်း။ထိုအချိန်တွင် သူကနီရဲနေသောမျက်နှာနှင့် တုန်ယင်စွာပြောလာ၏။

"ဒါပေမဲ့ သူ့အဖေကဆုံးသွားတာကြာပြီ ကုယောင်ယန်က သူတို့ကိစ္စတွေမှာတစ်ခါမှမပတ်သက်ခဲ့ဖူးဘူး သူ့အဖေမှားတယ်ဆိုရင်တောင် သူကတော့အပြစ်ကင်းတယ်....."

"သူကအပြစ်မကင်းဘူး! အဲ့လိုအန္တရာယ်များတဲ့လူရဲ့မျိုးဆက်က ရှိကိုရှိမနေသင့်ဘူး! ငါမင်းကိုသတိပေးလိုက်မယ် လင်းယွီရန် သူနဲ့အဆက်အသွယ်တွေအားလုံးကို ချက်ချင်းဖြတ်လိုက်"

လင်းယွီရန်က ခေါင်းကိုအလျင်စလိုခါလိုက်၏။

"ကျွန်တော်—ကျွန်တော်မလုပ်ချင်ဘူး"

သူကနီရဲနေသောမျက်ဝန်းများဖြင့် သူ့မိခင်ကိုပြောလာ၏။

"မေမေ သူကလူကောင်းပါ သူကအဲဒီ့နောက်ခံကနေထွက်လာခဲ့တာတော်တော်ကြာပြီ အခုသူက သာမန်လူတစ်ယောက်ပါ....."

ရွှီကျင်းလန်ကပြန်ဖြေလာ၏။

"ရန်ရန် မေမေကသဘောမတူတာမျိုးမဟုတ်ပါဘူး ဒါပေမဲ့ အဲ့ဒီအတန်းဖော်ကအန္တရာယ်များလွန်းတယ်"

လင်းယွီရန်က အလျင်စလိုပြောလာ၏။

"သူကအန္တရာယ်မများပါဘူး သူကတကယ်ကောင်းမွန်တဲ့သူပါ"

သူ့လက်ထဲ၌ပန်းချီကားကို ကိုင်ထားရင်း ပြောလာ၏။

"ဒါကသူလေ ဒဏ်ရာရနေတဲ့ကြောင်လေးကိုကယ်ဖို့ သစ်ပင်ပေါ်တက်သွားပြီး ကြောင်လေးကိုညင်ညင်သာသာလေးပတ်တီးစည်းပေးနေတာ သူက တကယ်ကို....."

သူ့စကားမဆုံးခင်၌ ပန်းချီကားကို သူ့အဖေက ရုတ်တရက် လုယူသွားလေသည်။လင်းကျစ်ယွမ်မှာ ၎င်းကို မြေပြင်ပေါ်ရိုက်ချပစ်လိုက်၏။ကျယ်လောင်သောကျကွဲသံနှင့်အတူ ဘောင်ပေါ်ရှိမှန်များကကွဲအက်သွားကာ သစ်သားဘောင်မှာလည်းကျိုးသွားခဲ့လေသည်။လင်းကျစ်ယွမ်က သူ၏သားရေဖိနပ်နှင့်ပန်းချီကားကို နင်းပစ်လိုက်ပြီး တင်းမာသောလေသံဖြင့်ပြောလာ၏။

"သူကောင်းကောင်း၊ဆိုးဆိုး ဘာဖြစ်ဖြစ်ငါဂရုမစိုက်ဘူး အခုချိန်ကစပြီး မင်းသူနဲ့လုံးဝအဆက်အသွယ်မလုပ်ရဘူး"

မစ္စတာကျန့်နှင့်စကားပြောအပြီးတွင် ကုယောင်ယန်ကလင်းယွီရန်အား ဗီဒီယိုအနည်းငယ်ပို့ခဲ့သော်လည်း တစ်ခုကိုမှပြန်ဖြေမလာပေ။လင်းယွီရန်ရေချိုးနေသည်ဟုသာထင်လိုက်မိသောကြောင့် နောက်မှဖုန်းဆက်ရန် ဆုံးဖြတ်လိုက်လေသည်။ထိုအချိန်၌ မစ္စတာကျန့်ကရောက်လာပြီး ပြောလာ၏။

"မင်း အခုချက်ချင်းပြန်ဖို့စီစဉ်နေတာလား? အသွားအပြန်ကနာရီ 20 ကျော်တောင်ကြာမှာ ပြီးတော့တွေ့ရဖို့အချိန်ကလည်းနာရီဝက်ပဲရှိတယ် ဒါကအရမ်းမြန်တယ်မဟုတ်လား?"

ကုယောင်ယန်က ပြန်ဖြေလာ၏။

"ကျွန်တော် လေ့ကျင့်ရေးကိုမနှောင့်နှေးသရွေ့တော့အဆင်ပြေပါတယ်"

မစ္စတာကျန့်က အတင်းအဖျင်းပြောလိုသည့်လေသံဖြင့် မေးလာ၏။

"မင်းပြန်သွားပြီး ဘာလုပ်မလို့လဲဆိုတာမေးလို့ရမလား? အရေးပေါ်အခြေအနေက ဘာများလဲ?"

ကုယောင်ယန်သည် သူ၏လွယ်အိတ်ထဲမှ လှပသော ဘူးလေးကို ထုတ်လိုက်လေသည်။မစ္စတာကျန့်က၎င်းကိုမြင်ပြီးနောက် မေးလာ၏။

"လက်ဆောင်လား?သူ့မွေးနေ့လား?"

ကုယောင်ယန်က တိုတိုတုတ်တုတ်သာပြန်ဖြေလာ၏။

"ဟုတ်တယ်"

ကုယောင်ယန်ကမျက်ခုံးပင့်ကာ မစ္စတာကျန့်ကိုကြည့်ရင်း ဖျော့တော့သောအပြုံးလေးတစ်ပွင့်နှင့်အတူပြောလာ၏။

"ပြန်သွားပြီးတော့ သူ့ကိုပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေလို့ပြောတာက ကြီးမားတဲ့အရေးပေါ်အခြေအနေပဲလေ"

-Zawgyi

ခြဲခြါျခင္းကမည္မွ်ပင္ခက္ခဲသည္ျဖစ္ေစ သူတို႔ရင္ဆိုင္ရမည္သာ။

လင္းယြီရန္မွာ သူ၏ခက္ခဲပင္ပန္းလွမည့္အထက္တန္းစီနီယာႏွစ္ကို စတင္တက္ေရာက္ရန္အတြက္ Mostine ၏ေအးစက္ေသာေဆာင္းရာသီမွ လင္းက်ိဳး၏ ေႏြလယ္ေခါင္သို႔ျပန္လာခဲ့ရေလသည္။သူႏွင့္ကုေယာင္ယန္တို႔က ေန႔တိုင္းဗီဒီယိုေကာလ္ေခၚရန္ ခ်ိန္းဆိုထားခဲ့ၿပီး သူတို႔၌ျဖစ္ပ်က္သမွ် စိတ္ဝင္စားစရာေကာင္းသည့္အရာမွန္သမွ်အေၾကာင္း ေျပာတတ္ၾကေလသည္။

ကုေယာင္ယန္က ၿပိဳင္ပြဲအတြက္စတင္ျပင္ဆင္ေနၿပီျဖစ္၏။လင္းယြီရန္ဆြဲ၍ၿပီးစီးသြားေသာ ပန္းခ်ီကားကို မစၥတာက်န္႔ကဂ႐ုတစိုက္ေဘာင္သြင္းကာ ဖုန္မေပႏိုင္ေသာအဝတ္ျဖင့္အုပ္ၿပီး တ႐ုတ္ႏိုင္ငံသို႔ျပန္ပို႔ေပးမည္ျဖစ္ေလသည္။၎ကို သူ႔မိဘမ်ားအတူတူေရာက္လာသည့္အခါ ျပမည္ဟုလည္းစီစဥ္ထားခဲ့၏။

တစ္ေယာက္ႏွင့္တစ္ေယာက္ ဗီဒီယိုေကာလ္ေခၚ၍မရႏိုင္သည့္ ေန႔ရက္မ်ားတြင္ ဖုန္းေခၚကာအသံနားေထာင္ရန္ေတာ့ အခ်ိန္ရေနဆဲသာ။လင္းယြီရန္မွာအလြန္ပင္ကပ္တြယ္ေနတတ္ကာ ကုတင္ေပၚ၌လွဲရင္း ကုေယာင္ယန္ေလ့က်င့္မႈမ်ားျပဳလုပ္ေနသည္ကို ၾကည့္ေနေလ့ရွိ၏။တခါတရံ ညဥ့္နက္သြားသည့္အခါ သူကလက္ထဲ၌ဖုန္းကိုကိုင္ရင္း အိပ္ေပ်ာ္သြားတတ္ေလသည္။ကုေယာင္ယန္မွာေတာ့ ေလ့က်င့္ေရးၿပီးသြားသည့္ေနာက္တြင္ အိပ္ေပ်ာ္ေနေသာ ထိုေကာင္ေလး၏မ်က္ႏွာကို ျမင္ရေလ့ရွိ၏။

လင္းယြီရန္၏ မ်က္ေတာင္မ်ားက ဖန္သားျပင္ႏွင့္ ေဘးတိုက္ပြတ္တိုက္ေနကာ ပါးစပ္မွာလည္းအနည္းငယ္ပြင့္ရင္း သြားရည္မ်ားက သူ႔ႏႈတ္ခမ္းေပၚမွ အနည္းငယ္က်ေနတတ္၏။ကုေယာင္ယန္က စခရင္ေရွာ့႐ိုက္ထားၿပီး ေနာက္တစ္ေန႔မနက္၌ သူ႔လက္ႏွင့္ကိုယ္တိုင္ ဝက္ႏွာေခါင္းပုံဆြဲကာ လင္းယြီရန္ဆီ ပို႔ေပးခဲ့၏။လင္းယြီရန္မွာ သူ႔မ်က္ႏွာကိုဓာတ္ပုံ႐ိုက္ခံရသည့္အတြက္ ေဒါသထြက္သြားကာ maskတစ္ခုကိုအထူးပင္ျပင္ဆင္ထားၿပီး ညအိပ္ရာမဝင္ခင္၌ maskတပ္ရန္စီစဥ္ခဲ့ေလသည္။

"သဘက္ခါ အနီးကပ္ေလ့က်င့္ေရးလုပ္ရမွာလား?"

လင္းယြီရန္က ကုတင္ေပၚ၌လွဲရင္းေမးလိုက္ေလသည္။သူ၏လက္ေခ်ာင္းမ်ားက စခရင္ေပၚရွိ ေခြၽးသီးမ်ားတြဲခိုေနေသာ ကုေယာင္ယန္၏ခႏၶာကိုယ္ေပၚတြင္ ေျပးလႊားေနကာ ညႇပ္႐ိုးေပၚ၌ရပ္တန္႔သြားေလသည္။

ကုေယာင္ယန္ကပတ္တီးစကိုခြၽတ္လိုက္ရင္း ေခါင္းညိတ္ကာ ေမးလိုက္၏။

"မင္းဘယ္လိုသိတာလဲ?"

NASCAR တြင္အေျခစိုက္သည့္ အင္အားအႀကီးဆုံး လက္ေဝွ႔အဖြဲ႕အစည္းသည္ ကမာၻ႔အဆင့္မီလက္ေဝွ႔ၿပိဳင္ပြဲကို ႏွစ္ႏွစ္တစ္ႀကိမ္က်င္းပေလ့ရွိ၏။ကုေယာင္ယန္က ဤပြဲ၌ပါဝင္ေတာ့မည္ျဖစ္ၿပီး လာမည့္လတြင္ အႀကိဳပြဲစဥ္ အႀကိဳေ႐ြးခ်ယ္မႈျပဳလုပ္မည္ျဖစ္ေလသည္။တစ္ေယာက္ႏွင့္တစ္ေယာက္ ဆက္သြယ္ရန္ အခ်ိန္နည္းပါးလာေတာ့မည္ပင္။

ကုေယာင္ယန္ကေမးလာ၏။

"မင္းလာၿပီးၾကည့္ခ်င္လား?"

ပ႐ိုမိုးရွင္းပြဲ၏ ပထမဆုံးပြဲစဥ္သည္ သူ၏ေဆာင္းရာသီအားလပ္ရက္ႏွင့္ တစ္ခ်ိန္တည္းပင္။လင္းယြီရန္က ေျပာလာ၏။

"ဒါေပါ့ ငါလာမွာ ေဆာင္းရာသီအားလပ္ရက္မွာ မင္းဆီလာလည္မယ္လို႔ ငါေျပာခဲ့တာပဲ တကယ္အတည္ေျပာခဲ့တာ ခ်ိန္းထားတာရွိတယ္လို႔ေတာင္ဆရာ့ကိုေျပာထားတယ္ ငါမင္းကိုအားေပးဖို႔လာမွာ!"

ကုေယာင္ယန္က ေမးလာ၏။

"မင္း ဒီလိုပြဲေတြကိုၾကည့္ရဲလား?"

လင္းယြီရန္ကစိတ္ဓာတ္က်စြာျဖင့္ ျပန္ေျဖလာ၏။

"မၾကည့္ရဲဘူး"

ကုေယာင္ယန္ကေျပာလာ၏။

"ဒါဆို မင္းကိုယ့္ကိုဘယ္လိုအားေပးမွာလဲ?"

လင္းယြီရန္ကေျပာလာ၏။

"ငါမ်က္လုံးမွိတ္ထားၿပီး မင္းကိုအားေပးလို႔ရတာပဲေလ"

"ဒါဆို ကိုယ္မင္းကိုေစာင့္ေနမယ္"

ကုေယာင္ယန္ကၿပဳံးကာ ကင္မရာကိုလွည့္လိုက္၏။သူကယေန႔တြင္မစၥတာက်န္႔ႏွင့္ ေဆြးေႏြးစရာရွိေနသျဖင့္ အခ်ိန္မတိုင္မီ ဗီဒီယိုေကာလ္ကိုအဆုံးသတ္လိုက္ရေလသည္။

လင္းယြီရန္ကအခ်ိန္ကိုၾကည့္လိုက္ၿပီး ညရွစ္နာရီဝန္းက်င္သာရွိေသး၏။သူ႔တြင္စိတ္ဝင္တစားႏွင့္ေျပာစရာဘာမွမရွိသည့္တိုင္ အိမ္စာၿပီးသြားၿပီးေနာက္ ခဏမွ်စကားဆက္ေျပာရန္စီစဥ္ထားခဲ့ျခင္းပင္။

ကုေယာင္ယန္ႏွင့္ဖုန္းေျပာသည့္အခ်ိန္တိုင္း သူကထိုသူ၏အသက္ရွဴသံကိုသာ နားေထာင္ႏိုင္သည္ဆိုလွ်င္ေတာင္ စိတ္ေအးသည္ဟုခံစားရေလသည္။ယေန႔တြင္ သူ႔အားဂ႐ုစိုက္ေပးေနခဲ့သည့္အန္တီကလည္း ကိစၥတစ္ခုေၾကာင့္ခြင့္ယူသြားခဲ့၏။လင္းယြီရန္ကဖုန္းကိုခ်ကာ ေရေသာက္ရန္အတြက္ ေအာက္ထပ္သို႔ဆင္းသြားလိုက္၏။

သူကအေပၚသို႔ျပန္တက္ေတာ့မည့္အခ်ိန္တြင္ တစ္စုံတစ္ေယာက္က အျပင္ဘက္မွေန၍ေသာ့တြဲကိုလႈပ္ယမ္းကာ တံခါးဖြင့္လာသံကိုၾကားလိုက္ရေလသည္။

"ေမေမ?"

လင္းယြီရန္ကေခါင္းကိုလွည့္ကာ တံခါးဝတြင္ ရပ္ေနေသာလူကို ျမင္လိုက္သည္ႏွင့္ ခ်က္ခ်င္းပင္ ေတာက္ပေသာ အၿပဳံးတစ္ခုကထြက္ေပၚလာေတာ့သည္။တံခါးဝ၌ရပ္ေနသည္က ေကာင္းမြန္စြာခ်ဳပ္ထားေသာ အျပာႏုေရာင္ဝတ္စုံႏွင့္လွပေၾကာ့ရွင္းေသာ အမ်ိဳးသမီးတစ္ေယာက္ပင္။သူမက လင္းယြီရန္၏မိခင္႐ႊီက်င္းလန္သာ။

"ဘာလို႔ျပန္လာတာလဲ?"

လင္းယြီရန္က သူမကိုေပြ႕ဖက္ရန္အတြက္ေျပးသြားလိုက္ၿပီး ထိုေမးခြန္းကိုေမးရင္း ဝမ္းသာအားရ ခုန္ေပါက္ေနေလသည္။သူကလွမ္းၾကည့္လိုက္ရာ တံခါးအျပင္ဘက္၌ရပ္ေနေသာ လင္းက်စ္ယြမ္ကိုလည္းျမင္လိုက္ရသျဖင့္ မယုံႏိုင္စြာျဖင့္ေမးလာ၏။

"ဒီေန႔က ကြၽန္ေတာ္ေမြးေန႔လား? မဟုတ္ေသးပါဘူး ႏွစ္ရက္ေတာင္လိုေသးတာကို"

႐ႊီက်င္းလန္မွာ သူမ၏သားကိုၾကည့္ရင္း အစပိုင္း၌ ေဖ်ာ့ေတာ့စြာၿပဳံးေနေသာ္လည္း ဤစကားကိုၾကားလိုက္ရၿပီးေနာက္ သူမကဝမ္းနည္းသြားေလသည္။လင္းယြီရန္၏ေနာက္ေက်ာေလးကိုပုတ္ေပးရင္း ေျပာလာ၏။

"ေတာင္းပန္ပါတယ္ ေပါင္ေပ့"

လင္းယြီရန္ကအလ်င္အျမန္ပင္ ေခါင္းခါလိုက္ကာ သူ႔အေမ၏ရင္ခြင္ထဲမွထြက္ရင္း လင္းက်စ္ယြမ္အတြက္လမ္းဖယ္ေပးလိုက္၏။သူ႔အေဖက အၿမဲလိုလိုပင္ ေလးနက္ေနျခင္းျဖစ္သျဖင့္ သိပ္စဥ္းစားမေနေတာ့ဘဲ သူ႔အေမကိုသာထိုင္ရန္အတြက္ ဆိုဖာဆီသို႔ဆြဲေခၚသြားလိုက္၏။

"စကားမစပ္ ကြၽန္ေတာ့္မွာျပစရာတစ္ခုရွိတယ္!"

ထိုသို႔ေျပာၿပီးေနာက္မွာ သူ႔မိဘမ်ား၏တုံ႔ျပန္မႈကိုပင္မေစာင့္ေတာ့ဘဲ ဆိုဖာေပၚမွခုန္ထကာ အေပၚထပ္သို႔ အျမန္တက္သြားေတာ့သည္။

လင္းက်စ္ယြမ္ကမ်က္ေမွာင္ၾကဳတ္ၿပီး သူ႔ေနာက္ေက်ာကိုစိုက္ၾကည့္ကာ အပိုသတင္းစာတစ္ေစာင္ကို စားပြဲေပၚ၌တင္လိုက္၏။

"ေျပာစရာရွိရင္လည္း ေပါ့ေပါ့ပါးပါးပဲေျပာပါ!"

႐ႊီက်င္းလန္သည္ လြန္ခဲ့ေသာေျခာက္ႏွစ္ သို႔မဟုတ္ ခုနစ္ႏွစ္က သတင္းကိုလွန္ၾကည့္ရင္း အဆုံးတြင္တိုးတိုးေလးသက္ျပင္းခ်ကာ ေျပာလာ၏။

"ဘာလို႔အဲ့လိုလုပ္ရမွာလဲ?"

လင္းက်စ္ယြမ္က သူ႔ေဒါသကိုမ်ိဳသိပ္ထားရင္း ဆက္ေျပာလာ၏။

"ဒီႏွစ္ေတြတစ္ေလွ်ာက္လုံး သူ႔ကိုအလိုလိုက္ထားတာမင္းပဲေလ မင္းသာငါတို႔ခရီးထြက္က်မယ္လို႔ သူ႔ကိုကတိမေပးထားရင္ သူဒီလိုရႈပ္ယွက္ခတ္တဲ့ကိစၥေတြလုပ္လာမွာတဲ့လား?"

႐ႊီက်င္းလန္ကမ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သူမအသံကို တိုးႏိုင္သမွ်တိုးေအာင္လုပ္ရင္း ေျပာလာ၏။

"ဘာလဲ? ငါကသူ႔ကိုအလိုလိုက္တာလား? ဒီအခ်ိန္ေတြမွာ ရွင္သူ႔ကိုဂ႐ုစိုက္ခဲ့ဖူးလို႔လား? အလုပ္ကိစၥအျပင္ ရွင္တျခားဘာေတြမ်ားေတြးဖူးလို႔လဲ? ငါလား? ငါတို႔သားအေၾကာင္းလား? သူ႔ကိုဂ႐ုစိုက္ၿပီး ေစာင့္ၾကည့္ေနဖို႔အတြက္ ကေလးထိန္းေတြကိုပဲအမိန္႔ေပးခဲ့တယ္ အရမ္းကိုေတာ္တဲ့အေဖပဲေနာ္"

"မင္းမွာေရာ ငါ့ကိုေဝဖန္ပိုင္ခြင့္ရွိေနလို႔လား?"

လင္းက်စ္ယြမ္ကေျပာလာ၏။

"မေမ့လိုက္နဲ႔ အလုပ္ေၾကာင့္နဲ႔သူ႔အေပၚကိုလက္ေလ်ာ့ခဲ့တာ မင္းပဲေလ......"

"ရွင္....."

႐ႊီက်င္းလန္ကခဏမွ်တိတ္ဆိတ္သြားၿပီး စကၠန္႔အနည္းငယ္မွ် သူမကိုယ္သူမတည္ၿငိမ္ေအာင္ျပင္ဆင္လိုက္၏။

"ဒီကိစၥက သူလူႀကီးျဖစ္လာတဲ့အခ်ိန္အထိေစာင့္လို႔ရႏိုင္တာပဲ ၿပီးေတာ့....."

လင္းယြီရန္မွာပန္းခ်ီကားကိုယူရင္း ေအာက္ထပ္သို႔ျပန္ဆင္းလာသည့္အခါ သူ႔မိဘမ်ားၾကားမွေလထုကမူမွန္မေနေၾကာင္း သူသတိျပဳမိသြား၏။သူကေမးေတာ့မည္အခ်ိန္တြင္ သူ႔အေဖကေအးစက္စြာျဖင့္ေမးလာ၏။

"ကုေယာင္ယန္က ဘယ္သူလဲ?"

သူကအခ်ိန္ျဖဳန္းခ်င္သည့္ပုံမေပၚပဲ တိုက္႐ိုက္သာေမးလာျခင္း။

လင္းယြီရန္မွာ သူ၏ေမးခြန္းေၾကာင့္ထိတ္လန္႔သြားၿပီး ပန္းခ်ီကားကို လႊတ္ခ်မိေတာ့မလိုပင္။

"ေျပာ"

"သူ...."

"ဘယ္သူလဲ?"

"သူ—သူကကြၽန္ေတာ့္ရဲ႕....."

"ေကာင္ေလး?"

လင္းက်စ္ယြမ္သည္ ဓာတ္ပုံမ်ားစြာပါေသာ စာအိတ္ကို ထုတ္လိုက္၏။၎တို႔မွာ လမ္းေပၚရွိကင္မရာမ်ားျဖင့္႐ိုက္ယူထားျခင္းျဖစ္ၿပီး အမ်ားစုမွာ ႏိုင္ငံျခား၌ သူႏွင့္ကုေယာင္ယန္တို႔၏ေပြ႕ဖက္နမ္းရႈံ႕ေနၾကသည့္ ဓာတ္ပုံမ်ားသာ။သူႏွင့္ကုေယာင္ယန္တို႔ ခ်ိန္းေတြ႕ေနစဥ္အတြင္း အဆက္အသြယ္မွတ္တမ္းမ်ားျဖစ္သည့္ ရွည္လ်ားေသာဆက္သြယ္ေရးမွတ္တမ္းမ်ားလည္းပါဝင္ေန၏။

သူ႔အေဖကခ်မ္းသာေသာေၾကာင့္ ဤအခ်က္အလက္မ်ားကို စုေဆာင္းရသည္ကအလြန္လြယ္ကူလွ၏။

လင္းယြီရန္၏မ်က္ႏွာမွာ ျဖဴေဖ်ာ့ေနၿပီး သူ႔အေဖက ဤကိစၥကိုသိလိမ့္မည္ဟု ဘယ္တုန္းကမွမေတြးထားမိခဲ့ေပ။သူက လုံးဝျပင္ဆင္ထားျခင္းမရွိဘဲ ကုေယာင္ယန္ႏွင့္ သူ၏ဆက္ဆံေရးအေပၚ သူ႔မိဘမ်ား မည္သို႔တုံ႔ျပန္လိမ့္မည္ကိုလည္း စဥ္းစားရန္ အခ်ိန္မရွိခဲ့။

ယခုအခ်ိန္တြင္ သူက႐ႊီက်င္းလန္ကိုသာ အကူအညီေတာင္းႏိုင္ေလသည္။သူမႏွင့္အဆက္အသြယ္ရွိေသာလိင္တူခ်စ္သူမ်ားစြာရွိေနျခင္းေၾကာင့္ သူ႔မိခင္ကပြင့္လင္းျမင္သာရွိမည္ျဖစ္ကာ သူ႔ကိုေသခ်ာေပါက္ ကူညီႏိုင္လိမ့္မည္ဟုေတြးခဲ့မိ၏။

သို႔ေသာ္ မေမွ်ာ္လင့္ထားစြာပင္ ႐ႊီက်င္းလန္ကေရွ႕သို႔တိုးလာၿပီး သူ႔လက္ကိုကိုင္ကာေမးလာ၏။

"ရန္ရန္ မင္းေယာက္်ားေလးေတြကို ႀကိဳက္တာကို ေမေမက ကန႔္ကြက္တာမ်ိဳးမရွိပါဘူး ဒါေပမဲ့မင္းရဲ႕အဲ့ဒီအတန္းေဖာ္ကုေယာင္ယန္ သူ႔ေနာက္ခံအေၾကာင္း မင္းသိလား?"

လင္းယြီရန္ကေျပာလာ၏။

"သိ—သိပါတယ္"

"မင္းသိတယ္ေပါ့?"

လင္းက်စ္ယြမ္က သတင္းစာကိုသူ႔ေရွ႕ရွိစားပြဲေပၚမွပစ္ခ်လာၿပီး ေငါက္ငမ္းလာေတာ့သည္။

"သူ႔အေဖ ဘာလုပ္ခဲ့လဲမင္းသိလား?"

သတင္းစာသည္ လင္းယြီရန္၏ေရွ႕ရွိၾကမ္းျပင္ေပၚသို႔ က်သြားေလသည္။၎သည္ ဒုစ႐ိုက္ရိပ္ၿမဳံတစ္ခုကိုၿဖိဳခြင္းသည့္ သတင္းေဟာင္းတစ္ပုဒ္ျဖစ္ၿပီး သတင္းစာေခါင္းစီးပိုင္း၌အျပည့္ေနရာယူထား၏။

"ေမွာင္ခို၊မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားမႈ၊ လင္းက်ိဳးၿမိဳ႕က အႀကီးမားဆုံးဒုစ႐ိုက္အင္အားစုကကုမိသားစုပဲ! မင္းသိေနတာေတာင္ သူနဲ႔တြဲဖို႔ သတၱိရွိေနေသးတယ္ေပါ့ေလ! မင္း႐ူးေနၿပီလား?!"

လင္းယြီရန္မွာ သူ႔အေဖဤမွ်ေဒါသထြက္ေနသည္ကို မျမင္ဖူးခဲ့ေပ။သူအလြန္ထိတ္လန႔္သြားခဲ့ၿပီး ေျခလွမ္းအနည္းငယ္မွ် ေနာက္ဆုတ္မိသြား၏။သတင္းစာ၏ေထာင့္က သူ႔မ်က္ႏွာကိုပြတ္ဆြဲသြားခဲ့ျခင္း။ထိုအခ်ိန္တြင္ သူကနီရဲေနေသာမ်က္ႏွာႏွင့္ တုန္ယင္စြာေျပာလာ၏။

"ဒါေပမဲ့ သူ႔အေဖကဆုံးသြားတာၾကာၿပီ ကုေယာင္ယန္က သူတို႔ကိစၥေတြမွာတစ္ခါမွမပတ္သက္ခဲ့ဖူးဘူး သူ႔အေဖမွားတယ္ဆိုရင္ေတာင္ သူကေတာ့အျပစ္ကင္းတယ္....."

"သူကအျပစ္မကင္းဘူး! အဲ့လိုအႏၲရာယ္မ်ားတဲ့လူရဲ႕မ်ိဳးဆက္က ရွိကိုရွိမေနသင့္ဘူး! ငါမင္းကိုသတိေပးလိုက္မယ္ လင္းယြီရန္ သူနဲ႔အဆက္အသြယ္ေတြအားလုံးကို ခ်က္ခ်င္းျဖတ္လိုက္"

လင္းယြီရန္က ေခါင္းကိုအလ်င္စလိုခါလိုက္၏။

"ကြၽန္ေတာ္—ကြၽန္ေတာ္မလုပ္ခ်င္ဘူး"

သူကနီရဲေနေသာမ်က္ဝန္းမ်ားျဖင့္ သူ႔မိခင္ကိုေျပာလာ၏။

"ေမေမ သူကလူေကာင္းပါ သူကအဲဒီ့ေနာက္ခံကေနထြက္လာခဲ့တာေတာ္ေတာ္ၾကာၿပီ အခုသူက သာမန္လူတစ္ေယာက္ပါ....."

႐ႊီက်င္းလန္ကျပန္ေျဖလာ၏။

"ရန္ရန္ ေမေမကသေဘာမတူတာမ်ိဳးမဟုတ္ပါဘူး ဒါေပမဲ့ အဲ့ဒီအတန္းေဖာ္ကအႏၲရာယ္မ်ားလြန္းတယ္"

လင္းယြီရန္က အလ်င္စလိုေျပာလာ၏။

"သူကအႏၲရာယ္မမ်ားပါဘူး သူကတကယ္ေကာင္းမြန္တဲ့သူပါ"

သူ႔လက္ထဲ၌ပန္းခ်ီကားကို ကိုင္ထားရင္း ေျပာလာ၏။

"ဒါကသူေလ ဒဏ္ရာရေနတဲ့ေၾကာင္ေလးကိုကယ္ဖို႔ သစ္ပင္ေပၚတက္သြားၿပီး ေၾကာင္ေလးကိုညင္ညင္သာသာေလးပတ္တီးစည္းေပးေနတာ သူက တကယ္ကို....."

သူ႔စကားမဆုံးခင္၌ ပန္းခ်ီကားကို သူ႔အေဖက ႐ုတ္တရက္ လုယူသြားေလသည္။လင္းက်စ္ယြမ္မွာ ၎ကို ေျမျပင္ေပၚ႐ိုက္ခ်ပစ္လိုက္၏။က်ယ္ေလာင္ေသာက်ကြဲသံႏွင့္အတူ ေဘာင္ေပၚရွိမွန္မ်ားကကြဲအက္သြားကာ သစ္သားေဘာင္မွာလည္းက်ိဳးသြားခဲ့ေလသည္။လင္းက်စ္ယြမ္က သူ၏သားေရဖိနပ္ႏွင့္ပန္းခ်ီကားကို နင္းပစ္လိုက္ၿပီး တင္းမာေသာေလသံျဖင့္ေျပာလာ၏။

"သူေကာင္းေကာင္း၊ဆိုးဆိုး ဘာျဖစ္ျဖစ္ငါဂ႐ုမစိုက္ဘူး အခုခ်ိန္ကစၿပီး မင္းသူနဲ႔လုံးဝအဆက္အသြယ္မလုပ္ရဘူး"

မစၥတာက်န္႔ႏွင့္စကားေျပာအၿပီးတြင္ ကုေယာင္ယန္ကလင္းယြီရန္အား ဗီဒီယိုအနည္းငယ္ပို႔ခဲ့ေသာ္လည္း တစ္ခုကိုမွျပန္ေျဖမလာေပ။လင္းယြီရန္ေရခ်ိဳးေနသည္ဟုသာထင္လိုက္မိေသာေၾကာင့္ ေနာက္မွဖုန္းဆက္ရန္ ဆုံးျဖတ္လိုက္ေလသည္။ထိုအခ်ိန္၌ မစၥတာက်န္႔ကေရာက္လာၿပီး ေျပာလာ၏။

"မင္း အခုခ်က္ခ်င္းျပန္ဖို႔စီစဥ္ေနတာလား? အသြားအျပန္ကနာရီ 20 ေက်ာ္ေတာင္ၾကာမွာ ၿပီးေတာ့ေတြ႕ရဖို႔အခ်ိန္ကလည္းနာရီဝက္ပဲရွိတယ္ ဒါကအရမ္းျမန္တယ္မဟုတ္လား?"

ကုေယာင္ယန္က ျပန္ေျဖလာ၏။

"ကြၽန္ေတာ္ ေလ့က်င့္ေရးကိုမေႏွာင့္ေႏွးသေ႐ြ႕ေတာ့အဆင္ေျပပါတယ္"

မစၥတာက်န္႔က အတင္းအဖ်င္းေျပာလိုသည့္ေလသံျဖင့္ ေမးလာ၏။

"မင္းျပန္သြားၿပီး ဘာလုပ္မလို႔လဲဆိုတာေမးလို႔ရမလား? အေရးေပၚအေျခအေနက ဘာမ်ားလဲ?"

ကုေယာင္ယန္သည္ သူ၏လြယ္အိတ္ထဲမွ လွပေသာ ဘူးေလးကို ထုတ္လိုက္ေလသည္။မစၥတာက်န္႔က၎ကိုျမင္ၿပီးေနာက္ ေမးလာ၏။

"လက္ေဆာင္လား?သူ႔ေမြးေန႔လား?"

ကုေယာင္ယန္က တိုတိုတုတ္တုတ္သာျပန္ေျဖလာ၏။

"ဟုတ္တယ္"

ကုေယာင္ယန္ကမ်က္ခုံးပင့္ကာ မစၥတာက်န္႔ကိုၾကည့္ရင္း ေဖ်ာ့ေတာ့ေသာအၿပဳံးေလးတစ္ပြင့္ႏွင့္အတူေျပာလာ၏။

"ျပန္သြားၿပီးေတာ့ သူ႔ကိုေပ်ာ္႐ႊင္စရာေမြးေန႔ျဖစ္ပါေစလို႔ေျပာတာက ႀကီးမားတဲ့အေရးေပၚအေျခအေနပဲေလ"

Continue Reading

You'll Also Like

299K 10.7K 43
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.7M 71.1K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
67.5K 8.6K 33
Title ✿ Free RenYigu Original Author ✿ Your唯 Eng Translator : Rinisnotgold Status : 15 chapters (Completed) @Translated from English to Burmese S...
12.7K 1.6K 7
Title: It's Okay, I'll Take Care of You (没关系,我养你) Author: 半纸清骨 CP: Weed x Little Corn Translator: Polarbearadise Editor: Mosstree Disclaimer : I don'...