Secret of My Heart [Completed...

By Athena_Th1nzar

29.6K 4.5K 1.3K

လူတစ်ယောက်အပေါ်အချစ်ဦးရဲ့လွှမ်းမိုးနိုင်မှုကိုငါကအသိဆုံးပဲမို့မင်းကိုအပြည့်အဝနားလည်ပေးနိုင်ပါတယ်🍁🍂🍂🍂🍃 #M... More

Part 1 🍂
Part 2 🍂
Part 3 🍂
Part 4 🍂
Part 5 🍂
Part 6 🍂
Part 7 🍂
Part 8 🍂
Part 9 🍂
Part 10 🍂
Part 12 🍂
Part 13 🍂
Part 14 🍂
Part 15 🍂
Part 16 🍂
Part 17 🍂
Part 18 🍂
Part 19 🍂
Part 20 🍂
Part 21 🍂
Part 22 🍂 Final

Part 11 🍂

1.1K 197 51
By Athena_Th1nzar

ဂျွန်က ညလုံးပေါက်ဖွင့်တဲ့ဘားတစ်ခုမှာ လူမှန်းသူမှန်းမသိလောက်အောင် အရက်မူးနေသည်တဲ့... ပိုဆိုးတာက ရန်လည်းဖြစ်ထားပြန်တယ်တဲ့လေ... သူ့ကိုယ်သူ ဝိတ်တာတစ်ဦးဖြစ်ကြောင်း မိတ်ဆက်လာတဲ့တစ်ယောက်က ဂျွန်ရှိနေတဲ့ဘားရဲ့လိပ်စာကိုပေးသည်... 

ဂျွန့်ဖုန်းထဲက နံပါတ်တွေအများကြီးထဲမှာမှ ဘာကြောင့်များ ဒီကကင်မ်ဆော့ဂျင်ဆီကို  ဆိုက်ဆိုက်မြိုက်မြိုက်ကြီးခေါ်ဆိုလာရတာလဲ... ထိုအတွေးက ခေါင်းထဲကိုခဏတာဝင်လာခဲ့ပေမယ့် အရေးကြီးတာကဂျွန့်ကို အန္တရာယ်တစ်စုံတစ်ရာမထိခိုက်စေရအောင် အမြန်ဆုံးသွားခေါ်ပေးဖို့... တိုက်ဆိုင်စွာ သူ့ဆီကိုဖုန်းဆက်အကြောင်းကြားပေးခဲ့တဲ့ ဝိတ်တာလေးကိုလည်း စိတ်ထဲကနေကျေးဇူးကြံဖန်တင်မိသည်... 

ချမ်းစီးစီးရာသီဥတုမှာ အပေါ်ဝတ်အကျီလည်း ထပ်ဝတ်ခဲ့ဖို့မေ့လျော့ခဲ့ပြန်သည်... အကျီပြန်ယူနေရင်လည်း အချိန်ကလင့်နေမှာစိုးသည်ကြောင့် အိမ်ပြန်မနေတော့ပဲ ကားကိုသာမြန်မြန်ဌားလိုက်ပြီး လိပ်စာအတိုင်းလိုက်လာလိုက်တယ်...

ရောက်ရောက်ချင်းမှာပဲ ဂျွန်ရှိနေတယ်ဆိုတဲ့ Private VIP Room လေးကိုမေးမြန်းကာ အဆောတလျင်သွားလိုက်သည်... သူဟာဒီလိုနေရာမျိုးတွေနဲ့ အကျွမ်းတဝင်မရှိသူမို့ လူရှုပ်ရှုပ်ကြားကဖြတ်သွားရတဲ့ခံစားချက်ကအစ သူ့ကိုချွေးပြန်စေသည်... ကြောက်လန့်စေသည်...

အခန်းတံခါးကိုလှပ်လိုက်သည်နှင့် ဆိုဖာပေါ်မှာတစောင်းအနေအထားဖြင့် လဲကျအိပ်ပျော်နေသည့်ဂျွန်ကိုတွေ့သည်...

"ဂျွန်...?? ဂျောင်ကု... ဂျောင်ကု..."

"ဟင်းးးး... အိပ်.ချင်.နေ.ပြီ....ဟင်းးးးးးး"

"ဒီမှာအိပ်လို့မရဘူးဂျောင်ကု... အိမ်ကိုပြန်မှရမှာလေ..."

ဝိတ်တာဝတ်စုံနဲ့ ကောင်လေးတစ်ယောက်က အခန်းဝမှာလာရပ်ပြီး သူ့ကိုအကူအညီလိုသလားမေးသည်...

"အစ်ကို... ကားလိုက်ဌားပေးဖို့လိုသေးလား... ကျွန်တော်ကူတွဲပေးမယ်လေ..."

"ညီလေးတစ်ချက်လောက်ကူညီပေးပါဦး... ပိုက်ဆံရောရှင်းပြီးသားလား..."

မေးမယ့်သာမေးရတာ အဆောတလျင်ထွက်လာရသည်မို့ ပိုက်ဆံသိပ်များများစားစားပါမလာပေ...

"ဒီအစ်ကိုနဲ့အတူလာတဲ့သူတွေ ရှင်းပေးပြီးသားပါအစ်ကို... လာ... ကျွန်တော်ကူတွဲပေးမယ်..."

အတူလာတဲ့သူတွေက စောပြီးများပြန်သွား၍လား... ဘာကြောင့် ဂျွန့်ကိုတစ်ယောက်တည်းပစ်ထားခဲ့ရတာလဲ... ဆော့ဂျင်, အတွေးတချို့ခေါင်းထဲကိုဖျက်ခနဲဝင်လာ၏...

ဝိတ်တာကောင်လေးအကူအညီဖြင့် အဌားကားပေါ် လျောလျောရှူရှူရောက်သွားပြီးတဲ့နောက် ဆော့ဂျင်ထိုကောင်လေးကို ကျေးဇူးတင်စကားပြောလိုက်သည်...

"ညီလေး... အစ်ကို့ဆီဖုန်းဆက်ခေါ်ပေးလို့လည်း ကျေးဇူးတင်ပါတယ်..."

"ကျွန်တော်... ခေါ်တာ... မဟုတ်..."

🍂🍂

"ဂျွန်... ဂျောင်ကု... တအား... တအားမမှီထားနဲ့... ငါ..."

လူချင်းသိပ်ကိုနီးကပ်လွန်းသည်မို့ ခန္ဓာကိုယ်ကရတဲ့ ကိုယ်သင်းနံ့ခပ်ပြေပြေလေးက နှာသီးဖျားကနေခွင့်မတောင်းပဲ တိုးဝင်လာသည်... ထိုချွေးနံ့ရောနေတဲ့ ကိုယ်သင်းနံ့လေးအား ဆော့ဂျင်ခိုးပြီးနမ်းရှိုက်လိုက်၏...ထို့နောက် မလုံမလဲစိတ်ကြောင့် ဂျွန့်မျက်နှာဆီခေါင်းလေးစောင်းကြည့်သည်... ဂျွန်ကတော့မျက်လုံးတွေပိတ်ကျနေကာ ပါးစပ်ကဗလုံးဗထွေးလျှောက်ပြောနေပါ၏... သူ့ခန္ဓာကိုယ်လေးတစ်ခုလုံးမှာ ဂျွန့်ရဲ့ရင်ခွင်ထဲတွင်ရောက်ကာ မြုပ်လုမတတ်... ဂျွန်ကခြေထောက်တွေမှာ အားပြုထားခြင်းမျိုးမရှိပဲ ခန္ဓာကိုယ်တစ်ခုလုံးကို သူ့အပေါ်တွင်သာအလုံးစုံမှီတွယ်ထားခြင်းပင်... 

အဌားကားပေါ်ကနေဆင်းလာကတည်းက တစ်ယောက်တည်းတွဲထားရတာမို့ ဆော့ဂျင်ခါးနေရာကနာကျင်လာသည်...

"ဂျောင်ကု... ခဏ... အ့..."

ဂျောင်ကုရဲ့ခန္ဓာကိုယ်အား ဆက်ပြီးထိန်းထားနိုင်ခြင်းမရှိတော့ပဲ အိမ်အဝင်ဖိနပ်စင်တွေရှိတဲ့နားတွင် နှစ်ယောက်သားချော်လဲကုန်တော့၏...

"ဂျောင်... ဂျောင်ကု... ဖယ်ပါဦး..."

"အင်းးးးးးးး....."

ဂျောင်ကုရဲ့ခန္ဓာကိုယ် တစ်ဝက်ကျော်ကျော်က ဆော့ဂျင်အပေါ်ကို ဖိမိလျက်သားဖြစ်လို့နေသည်...

ဆော့ဂျင်မှာ ဂျောင်ကုကိုလက်မောင်းကနေ ဖြည်းဖြည်းစီတွန်းကန်ကာ နောက်ဆုံး,အားနည်းနည်းသုံးပြီးတွန်းပစ်လိုက်သည်... ပက်လက်အနေအထားဖြစ်သွားတဲ့ဂျောင်ကုက ပါးစပ်ကနေမသီမသတွေကို ဗလုံးဗထွေးတွေပြောနေပြန်၏...

"ကြမ်းပြင်ကအေးတယ်ဂျောင်ကု... ထပါဦး... အိပ်မသွားပါနဲ့..."

ဂျောင်ကုကို လက်မောင်းကကိုင်ဆွဲထူကြည့်ပေမယ့်သူမနိုင်... ဘာလုပ်လို့လုပ်ရမှန်းလည်းမသိတော့ပေ... ထိုင်နေလျက်အနေအထားကို ဆွဲထူမလို့ရပေမယ့် ကြမ်းပေါ်မှာလုံးလုံးလျားလျားလဲနေတဲ့ ခန္ဓာကိုယ်ထွားထွားကိုတော့ထူရခက်ခဲနေ၏... အားနည်းနည်းပိုသုံးလိုက်တော့ ခန္ဓာကိုယ်ကအနည်းငယ်သာကြွလာပြီး ကြမ်းပေါ်တွင်သာလည်နေတော့သည်...

"ဂျောင်ကု..."

ခေါ်လို့လည်းမရတဲ့အဆုံး အိပ်ခန်းထဲအထိတော့မသယ်သွားနိုင်ပေမယ့် ဧည့်ခန်းထဲကဆိုဖာဆီကိုတော့ ရအောင်တင်ပေးလိုက်သည်... ထို့နောက် အပေါ်ဝတ်အကျီထူထူကြီးအား စိတ်ရှုပ်နေပုံရတာကြောင့် ဆော့ဂျင်,မရဲတရဲဖြင့် ချွတ်ပေးလိုက်ပြန်သည်...

ဂျွန့်ရဲ့မျက်နှာနဲ့နဖူးစပ်နေရာ လည်ပင်းနေရာတွေမှာချွေးစို့နေကာ အနည်းငယ်ပူအိုက်နေသယောင်ပင်... ထို့ကြောင့် တဘတ်တစ်ထည်လောက်ရှာယူလိုက်ပြီး ရေခဲတုံးလေးတွေကိုစတီးဇလုံထဲထည့်ကာ ရေပတ်တိုက်ပေးဖို့ပြင်သည်... တစ်ကြိမ်တစ်ခါရောက်ထားဖူးသည့် အိမ်ခန်းဖြစ်သည်မို့ ပစ္စည်းရှာယူရတာဆော့ဂျင်အတွက် အခက်အခဲတော့မရှိ...

ခက်နေတာက ဂျွန့်ခန္ဓာကိုယ်အပါအဝင် မေးရိုးထင်းထင်းမျက်နှာကအစ သူမထိတွေ့ရဲလေတာ... 

ယောကျာ်းလေးနှစ်ယောက်အတွက် ဒီလိုအခြေအနေဆိုတာမျိုးက ရှက်ရွံ့နေစရာ မဝံ့မရဲဖြစ်နေစရာအကြောင်းမရှိပေမယ့် သူဘက်ကစ, မရိုးသားမိသည်ကိုး... 

ဂျွန်က လောလောဆယ်မှာ အသိစိတ်သေချာကပ်မနေဘူးဆိုပေမယ့် ဆော့ဂျင်ရဲ့ရှက်ရွံ့သည့်စိတ်ကတော့ နည်းနည်းလေးမှလျော့မသွားခဲ့ပါ... ဂျွန့်ဘေးနားမှာ မဝံ့မရဲထိုင်လိုက်ပြီး တဘတ်လေးကိုရေစွတ်ကာခြောက်လုနီးပါးညှစ်ပစ်သည်... ထို့နောက် ဂျွန့်ဘက်ကိုအကြည့်လွှဲကာ မျက်နှာတစ်ဝိုက်ကို ဖွဖွလေးသန့်စင်ပေးလိုက်၏... နဖူးစပ်နေရာကတဆင့်ပါးပြင်ပေါ်... ပါးပြင်ပေါ်ကနေ ထင်းနေတဲ့မေးရိုးနေရာ... ထိုမှတဆင့် လည်တိုင်တလျှောက်ဆီ တဘတ်သေးသေးလေးရောက်သွားတော့ ဂျွန့်ရဲ့လည်စလုပ်နေရာလေးက သိသိသာသာလှုပ်ရှားသွားသည်... 

ဂျွန့်ရဲ့ရှပ်အကျီက ကြယ်သီးသုံးလုံးခန့်ပြုတ်နေလက်စဆိုပေမယ့် ရင်ဘတ်နေရာတွေအထိတော့ မလိုအပ်ဟုဆော့ဂျင်ယူဆသည်... ထို့ကြောင့် အကျီကိုတံတောင်ဆစ်အထိ ခေါက်တင်ထားလို့ပေါ်နေတဲ့ လက်တလျှောက်ကိုသာ ရေအေးအေးဖြင့်ရေပတ်တိုက်ပေးလိုက်တယ်... သွေးကြောစိမ်းစိမ်းထင်းထင်းတို့ပေါ်လွင်နေသော ဂျွန့်ရဲ့ယောကျာ်းပီသတဲ့လက်တစ်စုံက သူ့ရဲ့ခပ်သွယ်သွယ်လက်ကလေးတွေထဲတွင် လိုသလိုအလိုက်သင့်လေးပါလာ၏...

"ဟင်းးးးးး...."

"ဂျောင်ကု... နိုး... နိုးလာပြီလား..."

"ခေါင်း... ခေါင်းက... အရမ်းကိုက်နေတယ်..."

"ပျားရည်လေးပဲဖြစ်ဖြစ်......."

နားထင်ကို လက်ချောင်းထိပ်များဖြင့် ဖိသပ်နေတဲ့ဂျောင်ကုမှာ တော်တော်လေးခံစားရခက်နေပုံပင်...

"ဟင်းးးးးးး.... ခွေးမသားတွေက.... ငါ့ကိုချည်းပဲ..... အတင်းတိုက်သွားကြတယ်... ချီးပဲ...... ခေါင်းကိုက်လိုက်တာ.........."

စကားတို့ကမပီမသလုံးထွေးလျက်...

"အိမ်မှာပျားရည်ရှိလားဂျောင်ကု..."

"............"

"ဂျောင်ကု...."

မရဲတရဲနဲ့အားပါးပါးလေး ဂျောင်ကုလက်မောင်းကို လှုပ်ပစ်လိုက်သည်... ဒါပေမယ့် ဂျောင်ကုကတအင်းးး အင်းးးဖြင့် အိပ်ပျော်လို့သွားလေပြီ...

အချိန်ကမနက် ၂ နာရီခွဲ...

ဒါပေမယ့် ၂၄ နာရီဖွင့်တဲ့ convenient store တစ်ခုခုမှာတော့ ဂျွန့်အတွက်လိုအပ်တာတွေ ဝယ်လို့ရနိုင်ပါသေးသည်...

ဤသို့ဖြင့် ပျားရည်အပါအဝင် မနက်ဂျွန့်အတွက်ဟင်းရည်ချက်ပေးဖို့ ပါဝင်ပစ္စည်းလေးတွေကိုပါ ဆော့ဂျင်တွက်ဆပြီးဝယ်လာလိုက်သည်...

အမေကတော့ ဒီညတွင်လည်း အလုပ်ခန်းတွင်အိပ်မည်ဟု ထင်ကောင်းထင်လိမ့်မည်... အိမ်ကိုပြန်၍လည်း ဒီအချိန်ကြီးကမသင့်တော်တော့ပေ... နေရာချင်းသိပ်အဝေးကြီးမဟုတ်လို့ ပြန်ချင်ရင်ပြန်၍ရသော်လည်းဆော့ဂျင်အိမ်ပြန်ချင်စိတ်အနည်းငယ်မျှမရှိ... 

ဂျွန်နဲ့နည်းနည်းလေးနီးစပ်လာလေသမျှ သူ့ဘက်ကရှေ့ကိုသာ ဆက်၍တိုးချင်နေသည်... တတ်နိုင်သလောက် ဂျွန်ရှိနေတဲ့ရပ်ဝန်းလေးမှာသာနေလိုပြီး ဂျွန်နဲ့အတူနေရာတစ်ခုတည်းမှာ ခိုလှုံချင်မိ၏... ဤသည်ကိုဂျွန်သိဖို့လည်းမလိုအပ်... ဒီအတိုင်းပဲ... ဂျွန်နဲ့မဝေးတဲ့နေရာလေးက သူ့ကိုနွေးထွေးလုံခြုံစေတာမို့...

"ဂျောင်ကု... ပျားရည်နည်းနည်းသောက်ပြီးမှပြန်အိပ်နော်..."

"အင်းးးးး ဟင်းးးး...."

အနည်းငယ်ကြွပေးလာသောခန္ဓာကိုယ်မှာ ဖျော်ထားသောပျားရည်အားမော့ချပြီးသည်နှင့် ပြန်လည်အိပ်ပျော်သွားခဲ့သည်... ရှုပ်ပွကာမျက်နှာတစ်ဝက်လောက်ထိ ဖုံးနေလေသောဆံနွယ်တို့ကို လက်ဖြင့်မျက်နှာပေါ်ရုံဖယ်ပေးတော့ ပါးစပ်ကနေခပ်တိုးတိုးဖြင့် ဗလုံးဗထွေးတွေပြောနေပြန်၏...

"ဟင်... ဘာဖြစ်လို့လဲ... ဘာလိုချင်လို့လဲဂျောင်ကု..."

နားသယ်စပ်နားမှာရောက်နေလက်စ ဆော့ဂျင်လက်ကလေးအား လက်ကောက်ဝတ်ကနေ မိမိရရဆွဲကိုင်ထားသည်... 

"ခေါင်း... ခေါင်းကိုက်တယ်..."

"ငါ... ငါဘာလုပ်ပေးရမလဲဟင်..."

ဆွဲထားတဲ့လက်ကောက်ဝတ်ကို ရုန်းကြည့်ပေမယ့်မထူးပေ... 

"တောင်း... တောင်းပန်...ပါတယ်... အချစ်... ကိုယ်က...... အသုံးမကျခဲ့တဲ့အတွက်......."

ပပီမသစကားတို့အား ကြားကြားချင်းမှာတော့ ဆော့ဂျင်တခဏလေး ငြိမ်သက်သလိုဖြစ်သွားသည်... ဒါပေမယ့် ခေါင်းကိုခပ်နာနာယမ်းလိုက်ကာ အံကိုကြိတ်လျက် ထိုစကားတို့အား မကြားခဲ့ဟန်ဆောင်လိုက်၏... လွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရနေသေးတဲ့ လက်တစ်ဖက်နဲ့ ဂျွန့်အပေါ်ကို စောင်ပါးလေးလွှားပေးလိုက်သည်...

ထို့နောက်, ဂျောင်ကုမှာတော့ငြိမ်သက်ကာ နောက်တစ်ကြိမ်ပြန်ပြီး အိပ်ပျော်သွားခဲ့ပြန်ပြီ...

ဂျွန့်လက်ထဲက သူ့ရဲ့လက်ကောက်ဝတ်လေးကို ထပ်ပြီးရုန်းကြည့်ဖို့လည်းမကြိုးစားမိ... အိပ်ပျော်နေတဲ့သူရဲ့ ဆိုဖာအောက်နားလေးတွင် ကျုံ့ကျုံ့လေးထိုင်ကာ ငြိမ်ငြိမ်လေးနေနေသည်...

နီးကပ်စွာမြင်နေရသော ဂျွန့်ရဲ့မျက်တောင်စိပ်စိပ်, နှုတ်ခမ်းပါးတွေနဲ့ ထင်ရှားသောမေးရိုး, ယောကျာ်းပီသလွန်းသောမျက်နှာကျ... တဖြည်းဖြည်းနဲ့ ရှက်ကိုးရှက်ကန်းမဖြစ်တော့ပဲ စေ့စေ့စပ်စပ်ကြည့်ရဲလာခဲ့ပြီ...

လက်ကောက်ဝတ်ကို ဖွဖွကိုင်ဆွဲထားတဲ့ တက်တူးတချို့နဲ့သွေးကြောစိမ်းတို့ဖြင့် လိုက်ဖက်နေသောလက်တစ်ဖက်... ထိုလက်တစ်ဖက်ကို ဆော့ဂျင်,အတွေးတချို့နဲ့ ပေါင်းစပ်မိကာ ခပ်ကြာကြာလေးကြည့်သည်... ထို့နောက် လက်ခုံနေရာကိုငုံ့ကာ ဖွဖွနမ်းလိုက်မိ၏... လုပ်ချင်ရာလုပ်ချလိုက်ပြီးမှ ဆော့ဂျင်ခန္ဓာကိုယ်လေး တုန့်ခနဲဖြစ်သွားကာ, ကာယကံရှင်သိသွားလေမလား မလုံမလဲဖြင့်မျက်နှာကိုအကဲခတ်သည်... ဂျောင်ကုကတော့ ပကတိငြိမ်သက်နေတုန်း...

ဒီညတော့ ဆော့ဂျင်အိပ်စက်အနားယူရန်မဖြစ်နိုင်... ဒီလိုညမှာ အိပ်စက်ပစ်လိုက်ဖို့က သိပ်ကိုနှမြောဖို့ကောင်းလွန်းနေသည်...

ဒီလောက်နှစ်တွေအများကြီး စွဲမြဲစွာသဘောကျချစ်ခင်ခဲ့လေသောဂျွန်... ဂျွန့်မျက်နှာပေါ်က အသေးစိတ်ကိုဒီလောက်အနီးကပ်ကြီးမြင်ခွင့်ရဖို့ဆိုတာ အိမ်မက်ထဲတောင်မမက်ခဲ့ဖူးလေတာ...

ဝင်လေထွက်လေလေးကအစ အသက်ရှူသံမြှင်းမြှင်းအဆုံး တိတ်ဆိတ်ဆိတ်ဧည့်ခန်းထဲဝယ် အထင်းသားကြားနေရသည်... ဂျွန့်အသက်ရှူသံကိုနားထောင် ဂျွန့်မျက်နှာကိုကြည့်ရင်းနဲ့ပဲ ဆော့ဂျင်,မရေတွက်နိုင်အောင်အကြိမ်ကြိမ်ပြုံးမိပါ၏...


အချိန်ကတရွေ့ရွေ့ဖြင့် ဖြည်းဖြည်းချင်းစီ ကုန်လွန်လာလေဒီအနေအထားကို လက်မလွှတ်ပေးနိုင်သောသူမှာ ဝမ်းနည်းစိတ်ဝင်လာမိလေ... နီးစပ်လာလေ, ပိုပြီးနီးနိုင်အောင်တိုးဝင်ချင်လေ... မိုက်ရူးရဲဆန်တယ်ပဲပြောပြော... တစ်ကြိမ်တစ်ခါဝေးခဲ့လေပြီးသောဂျွန့်ကို ကံကြမ္မာကတစ်ခေါက်ပြန်ဆုံခွင့်ပေးခဲ့သည်... ဒီတစ်ခါတော့ နီးနိုင်သမျှနီးအောင်တိုးလာကြည့်မည်...

လောလောဆယ်မှာတော့ ဆော့ဂျင်မှာကလေးဆန်စွာပင်... ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းလေးကိုထုတ်လိုက်ပြီး သူတို့နှစ်ယောက်ရဲ့လက်လေးနှစ်ဖက်ကို ဓာတ်ပုံရိုက်ယူသည်... ဂျွန်ရဲ့လက်ကသူ့ရဲ့လက်ကောက်ဝတ်လေးပေါ်မှာ...

ထိုပုံလေးအား တစ်ချိန်ချိန်မှာ ဂျွန့်အားကြည်ကြည်နူးနူးပြသခွင့်ရရင်လည်းရနိုင်မည်... 

ဒါမှမဟုတ် မနီးစပ်နိုင်တော့တဲ့တစ်နေ့ သတိရလို့အလွမ်းပြေအနေနဲ့လည်း သိမ်းထား၍ရနိုင်သည်...

🍂🍂

"ဟင်းးးး....."

နိုးလာသည်နှင့်ခံစားမိလိုက်တာက ခေါင်းတစ်ခုလုံးအုံခဲကာကိုက်ခဲနေသည်... မှန်ပြတင်းမှဝင်လာသော အလင်းကြည်ကြည်သည် စိတ်ကိုပိုမိုရှုပ်ထွေးစေသည်မို့ မျက်ခုံးတို့ကိုစုကျုံ့မိ၏...

"ကျစ်..."

ဆိုဖာအောက်နားကလှုပ်တုတ်တုတ်ဖြင့် တစ်ခုခုလှုပ်ရှားသွားတာသိလိုက်တော့ ထိုနေရာကိုခေါင်းကိုငဲ့စောင်းကာကြည့်သည်... ထိုအခါ ကြမ်းပေါ်တွင်ငုတ်တုတ်အိပ်နေသောကင်မ်ဆော့ဂျင်... ပြီးတော့ ကင်မ်ဆော့ဂျင်ရဲ့လက်တစ်ဖက်ကို သူကကိုင်၍ထားသေးသည်...

မနေ့ညကဘာတွေဖြစ်ကုန်တာလဲ မတွေးအားသေးပဲ ဆွဲကိုင်ထားတဲ့လက်ကို မြန်မြန်လွှတ်ပေးလိုက်သည်... နီရဲရဲဖြစ်နေတဲ့ လက်ကောက်ဝတ်လေးအား နေရာတကျချပေးကာ မကြည်လင်တဲ့ခေါင်းကို ဖွဖွနှိပ်လေ၏...

သူအနည်းငယ်လှုပ်လှုပ်ရှားရှားပြုမိသည်နှင့် ကင်မ်ဆော့ဂျင်မှာလည်း နိုးစပြုလာတော့သည်... ထို့ကြောင့် သူသည်လည်းအခုမှနိုးလာသူတစ်ဦးကဲ့သို့ တအင်းအင်းဖြင့်မျက်လုံးတွေကိုဖိမှိတ်ကာ မျက်မှောင်ကျုံ့ထားလိုက်၏... ဒါကိုမသိတဲ့ကင်မ်ဆော့ဂျင်မှာတော့ မေးခွန်းတွေသာစွတ်မေးနေလေသည်...

"ဂျောင်ကု... ခေါင်း... ခေါင်းကိုက်နေသေးတာလား... အလင်း... အလင်း စူးနေလို့လား..."

ဂျောင်ကုက မျက်လုံးတွေကိုမဖွင့်သေးပဲ ခေါင်းကိုတဆဆငြိမ့်ကာ မူယာမာယာအနည်းငယ်များလိုက်သည်...

ဆော့ဂျင်မှာတော့ပြာပြာသလဲပင်... အလင်းတွေဖြာဝင်နေသော ပြတင်းပေါက်အကြီးကြီးရဲ့ ခန်းစီးတွေကိုအပြေးအလွှားလေးသွားပိတ်ပေးရှာသည်...

"ခေါင်းကြည်သွားအောင်... ဟင်း... ဟင်းရည်လေးချက်ထားပေးမယ်နော်... ရေ... ရေအရင်ချိုးလိုက်မလား..."

ပြောပြောဆိုဆိုဖြင့် မီးဖိုခန်းဆီ လုံးနေအောင် ပြေးဝင်သွားသောဆော့ဂျင်ကိုကြည့်ရင်း နမ်ဂီတို့ပြောတာတွေခေါင်းထဲဝင်လာသည်... အနီးနားကိုကြည့်မိပြန်တော့ ဆိုဖာဘေးစားပွဲပေါ်မှာရှိနေတဲ့ ရေစိုတဘတ်လေး, အဖုံးပွင့်နေတဲ့ပျားရည်နဲ့ နေရာတကျဖြစ်နေတဲ့ မနေ့ညကဝတ်ထားသောခြေအိတ်... 

ပျင်းပျင်းရှိသည်နှင့် ရေကိုအချိန်ဆွဲချိုးမနေပဲ လန်းဆန်းသွားရုံသာချိုးလိုက်ပြီး ဧည့်ခန်းကိုပြန်ထွက်လာလိုက်သည်... မှန်တံခါးသာခြားထားသာ မီးဖိုခန်းထဲမှာတော့ ကင်မ်ဆော့ဂျင်က ဟင်းရည်ကိုအလျင်မှီအောင် ခပ်သွက်သွက်လေးလုပ်ပေးနေ၏...

ထမင်းစားပွဲထိပ်ဆုံးနေရာမှာတော့ လက်သုတ်ပဝါသန့်သန့်, ရေတစ်ခွက်, ဟင်းရည်သောက်သည့်ဇွန်းနှင့် ကြက်ဥလိပ်ပူနွေးနွေးကို ပန်းကန်ထဲတွင်ထည့်ထားသည်...

သူ့လာတာကိုလှမ်းမြင်လိုက်တော့ ရှက်ရွံ့နေတဲ့မျက်နှာက ကြောင်စီစီလေး... 

"ဂျောင်ကု... ဒီမှာထိုင်... ရေညှိလေးထည့်ပြီးရင်စားလို့ရပြီ..."

သူ့အိမ်မှာသူ့ကိုပြန်ပြီးနေရာချပေးကာ သူစောင့်နေရမှာစိုး၍ အရမ်းကိုအလျင်စလိုဖြစ်နေတဲ့ဆော့ဂျင်ကိုပြန်တောင်အားနာစိတ်ဝင်မိတော့၏...

"ဆော့ဂျင်... ဖြည်းဖြည်းလုပ်လို့ရပါတယ်... ကျွန်တော်က........"

"ရတယ်... အခုရပြီ... ညကအများကြီးသောက်ထားတော့ ဗိုက်ထဲမှာဘာမှရှိနေဘူးထင်တယ်... ဘာမှမစားချင်သလိုကြီးဖြစ်နေပေမယ့် မစားရင်ကျန်းမာရေးထိခိုက်တတ်တယ်... ခဏပဲ... အခုရပြီ..."

ဂွမ်!!!

ဆော့ဂျင်က ချက်ချင်းကြီးဟင်းရည်ချက်နေတဲ့အဖုံးကို လှန်ချလိုက်တော့အပူလောင်သွားပုံရသည်... ပူသွားတဲ့လက်က နားရွက်ကိုကိုင်ကာ ဆွေ့ဆွေ့ခုန်နေ၏... ပြီးမှ သူရှိနေတာကိုသတိရသွားဟန်ဖြင့် ရုပ်ကိုပြန်တည်သွားလေသည်...

"အေးအေးဆေးဆေးလုပ်ပါ... ကျွန်တော်ဒီဟာစားပြီးမှ အလုပ်ကိုသွားမှာပါ..."

ဆော့ဂျင်က ခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြရင်း ပဲပင်ပေါက်ဟင်းရည်ကိုပန်းကန်လုံးထဲလောင်းထည့်သည်... ထို့နောက် သူ့ရှေ့ကိုချပေးလိုက်ပြီး သူနဲ့တစ်ခုံကျော်မှာဝင်ထိုင်၏... မပြောပေမယ့် ဆော့ဂျင်ရဲ့မျက်လုံးတွေက သူချက်ထားတဲ့ဟင်းရည်အပေါ်  မှတ်ချက်တစ်စုံတစ်ခုလိုချင်နေဟန် မျက်လုံးတွေကဝိုင်းစက်နေသည်...

"မင်းကစားဖိုမှူးလုပ်ရမှာ..."

ဖြည်းဖြည်းချင်းစီပြုံးရယ်လာတဲ့ ဆော့ဂျင်အပြုံးထဲတွင် မေတ္တာဓာတ်တွေပျော်ဝင်နေပါ၏... 

ချယ်ယောင်းနဲ့တွဲခဲ့တဲ့နှစ်တွေအတွင်းမှာ မရခဲ့ဖူးတဲ့ဂရုစိုက်ခြင်းတွေ သူ့တစ်ယောက်တည်းကိုသာကြည့်တတတ်တဲ့ ရှက်သွေးဖြာနေသောနူးညံ့ညံ့အကြည့်တွေ, သည်းသည်းလှုပ်နိုင်ခြင်းတွေ, သည်းခံခြင်းတွေ... 

ဆော့ဂျင်ရဲ့သဘောထားကမသေချာပေမယ့် နမ်ဂီတို့မြှောက်ပေးတဲ့စကားတွေကတော့ ခေါင်းထဲကိုထပ်မံတိုးဝင်လာသည်... 

နမ်ဂီတို့ပြောသလို ဆော့ဂျင်ကသူ့ကိုစိတ်ဝင်စားနေတာလား...

ဒါမှမဟုတ် ဆော့ဂျင်ကလူတိုင်းအပေါ်ကို ဒီလိုမျိုးပဲကောင်းပေးတတ်တာလား... ဘယ်သူပဲကြည့်ကြည့် ဆော့ဂျင်ရဲ့နူးညံ့တဲ့စိတ်ထားက ကြည်လင်တဲ့မျက်နှာပေါ်မှာ ထင်ဟပ်နေသည်မဟုတ်လား...

ကင်မ်ဆော့ဂျင်ကဒီနှစ်တွေမှာ ကိုယ်ပိုင်လုပ်ငန်းလေးနဲ့ ကုန်ဆုံးခဲ့တာဆိုပေမယ့် သူ့ဘက်ကကုမ္ပဏီမှာအလုပ်ဝင်ဖို့ကမ်းလှမ်းခြင်းကို နှစ်ကြိမ်မစဥ်းစားပဲ လက်ခံပေးခဲ့တယ်... လူများများနဲ့အလုပ်လုပ်ရတာမကြိုက်သူ လူတွေနဲ့ဆက်သွယ်ညှိနှိုင်းရတာကိုမနှစ်မြို့တဲ့သူက စိန်ခေါ်မှုတစ်ခုအနေနဲ့ သူ့တောင်းဆိုချက်ကိုအကောင်အထည်ဖော်ပေးခဲ့သည်... ကင်မ်ဆော့ဂျင်က သူ့ကိုမြင်မြင်ချင်းကြွေဆင်းသွားခဲ့ပြီးတောင်းဆိုချက်အား မငြင်းပယ်နိုင်ပုံပင်... မြင်မြင်ချင်းသဘောကျတယ်ဆိုမှ ပထမဆုံးအကြိမ် ဆောက်လုပ်ရေး site ထဲမှာတွေ့တော့ သူ့ကိုကြောင်တောင်တောင်နဲ့ မလှုပ်မယှက်ကြည့်နေခဲ့တာကို သတိပြန်ရလာခဲ့သည်...

ထိုအတွေးတို့ကြောင့် ဟင်းရည်ပူပူကိုဇွန်းနဲ့မွှေခပ်ထားရင်း လက်ထဲမှာကိုင်ထားလျက် တွေတွေကြီးပြုံးမိ၏...

"တစ်ခါတည်းဝင်စားလိုက်ပါလားဆော့ဂျင်... မနက်စာမစားရသေးဘူးမဟုတ်လား..."

"အင်း..."

"အလုပ်ကိုကျွန်တော့်အိမ်ကပဲ တစ်ခါတည်းသွားလိုက်ကြမလား... အခုတောင်အလုပ်ချိန်ကကပ်နေပြီဆိုတော့လေ..."

"ဝတ်... ဝတ်စရာက..."

"ကျွန်တော့်မှာအသစ်တွေရှိပါတယ်... ခန္ဓာကိုယ်ချင်းအရမ်းကြီးကွာမယ်မထင်ဘူး..."

"ဒါဆိုကျွန်တော်ကသေချာလေးလျှော်ပြီး ပြန်ပေးပါ့မယ်..."

ပေါင်မုန့်အပိုင်းလေးနဲ့ ကော်ဖီခွက်ကိုယူကာ သူနဲ့တစ်ခုံကျော်မှာသွားထိုင်တဲ့ဆော့ဂျင်က တစ်ကယ်ကိုအဖြူထည်လေး...

"အဟမ်းးးးး ဒီရှေ့ခုံမှာထိုင်လို့မရဘူးလား..."

မျက်နှာချင်းဆိုင်ကထိုင်ခုံဆီ ဂျောင်ကုကမေးငေါ့ပြသည်... မျက်နှာပေါ်မှာလည်း ချိုမြိန်နူးညံ့တဲ့အပြုံးတစ်ခုကို ချိတ်ဆွဲလျက်ပေါ့... ယောကျာ်းလေးတွေနဲ့ flirt တာမျိုးက သူ့အတွက်တော့ တမျိုးကြီးဖြစ်နေပေမယ့် ကင်မ်ဆော့ဂျင်ကလိုတာထက်ပိုပြီး အရှက်အကြောက်ကြီးသည့်ပုံပင်... သူ့စကားကိုနားထောင်ပြီး ရှေ့ကထိုင်ခုံဆီ ဖြည်းဖြည်းချင်းပြောင်းထိုင်ပေမယ့် ခေါင်းကိုတော့အတင်းငုံ့ထားလေသည်...

ဆော့ဂျင်ရဲ့အပြုအမူလေးတွေ တစ်ခုချင်းစီတိုင်းက, ကလေးဆန်သည်... ဟန်ဆောင်မှုကင်းကာ နူးညံ့ဖြူစင်သည်... အခုအချိန်မှာတော့ ဆော့ဂျင်က ချယ်ယောင်းကြောင့်လစ်လပ်နေရတဲ့ ကွက်လပ်တစ်ခုအတွက် အသင့်တော်ဆုံးသောသူတစ်ယောက်...

🍁🍁🍁🍁🍁

13.2.2023

မီ့ရဲ့ဂျောင်ဂျောင်အဆူခံရပါတော့မယ်... 😝

Continue Reading

You'll Also Like

856K 34.4K 82
မာန်ထက်လွှား ~ မင်းကို ​ဒေါ်​ဒေါ့်​ကြောင့် ငါအ​တော်သည်းခံ​နေရတာ ရွန်း​ဝေလ ​တော်​တော်စိတ်ပျက်ဖို့​ကောင်းတဲ့​ကောင်ပဲ ကျစ်! ရွန်း​ဝေလ ~ မင်းရဲ့ကံဆိုးမှု...
157K 9.8K 47
ចន ជុងហ្គុក / គីម ថេយ៉ុង
292K 311 12
စာရေးရမှာ ပျင်းနေသေးလို့ ရေမယ်ဆိုရင် ဘယ်လိုလေးတွေရေးပေးရမလဲ ပြောပြခဲ့နော်
487K 26.8K 68
စိတ်ကူးယဥ်ဇာတ်လမ်းသက်သက်သာဖြစ်သည်