မြတ်နိုးရသူ

By BanMin4

72.3K 3.8K 216

မပိုင်ဆိုင်ချင်ပါဘူး ငေးကြည့်ရရုံနဲ့ကျေနပ်ပါတယ် ဆရာမရယ်...နှင်းဆီနီနီကိုသိပ်သဘောကျတဲ့ဆရာမ နော်ထူးကတော့...ဆရာ... More

p-1
p-2
p-3
p-4
p-5
p-6
p-7
p-8
p-9
p-10
p-11
p-12
p-13
p-14
p-15
p-16
p-17
p-18
p-19
p-20
p-21
p-22
p-23
p-24
p-25
p-26
p-28
p-29
p-30
p-31
P-32
p-33
p-34
p-35 (ဇာတ်သိမ်းပိုင်း)

p-27

1.6K 98 5
By BanMin4

နော်ထူးတို့မြစ်သာရွာလေးကိုရောက်တာ ငါးရက်ကျော် ရှိပြီ အရာရာဟာအဆင်ပြေမြဲ မြို့ပေါ်မှာတော့ ကိုကိုမျိုးတို့မြေလှန်ရှာနေသည်ဟုကြားသည်။ကြီးကြီးကလဲ လိုအပ်တာအကုန်ကူညီပေးလျက်ရှိသည်။
နော်ထူးတို့က ကြီးကြီးအိမ်မှာမနေတော့ပဲ ကြီးကြီးပိုင်တဲ့ ဒုတိယအိမ်လေးမှာနေသည်။ ထိုအိမ်လေးက ဝါးနဲ့ပြုလုပ်ထားပြီး မြေစိုက်အိမ်လေးဖြစ်ပေသည်။ခြံကလဲအတော်အသင့်ကျယ်ဝန်းကာ ​ခြံထောင့်၌ ပန်းပင်လေးများစိုက်ပျိုးထားပေသည်။
ဒီရွာလေးက မြို့ကလောက်မထွန်းကား လူအရောက်အပေါက်နည်းသည်မို့ လျှပ်စစ်မီးဟူ၍မရှိ ဆိုလာပြားကိုနေပူထဲတွင်ထုတ်ထား၍ ဘက်ထရီအိုးနဲ့ချိတ်ကာသုံးရသည်ဖြစ်သည်။ နော်ထူးတို့အိမ်လေးက နောက်ဖေးတန်းမှာဖြစ်ပြီး ကြီးကြီးတို့အိမ်ရဲ့အနောက်တည့်တည့်ပင်ဖြစ်ပေသည်။

"ဆရာမ..ဆရာမ"

"ရှင် ထူးငယ် ပြန်လာပြီလား"

"ဟုတ်ကဲ့ဆရာမ ဒီမှာချစ်ဇနီးလေးဖို့ မုန့်ဟင်းခါးဝယ်လာတယ်ရှင့်"

"ထူးငယ်နော် ဘယ်လိုလဲအလုပ်ကအဆင်ပြေရဲ့လား"

"ဟုတ်အဆင်ပြေတယ် ကြီးကြီးကလဲ ကိုင်းထဲလိုက်ခဲ့လို့ရတယ်တဲ့"

"အင်းပါ အဆင်ပြေရင်လဲ မျက်နှာသစ်ပြီးပြီမလား ခြေထောက်လက်ထောက်သွားဆေး သွား မုန့်ဟင်းခါးပြင်ထားမယ် ပြီးရင်လာစားလှည့်တော့နော်"

"ဟုတ်ကဲ့ပါရှင် ကျမအိမ်သူလေးသဘောပါ"

"ကဲ အကြီးကိုရွှတ်နောက်နောက်နဲ့"

"ရွှတ်..."

"ဟာ.."

နော်ထူးကိုဆရာလုပ်နေသည့် ဆရာမအားမနေနိုင်မထိုင်နိုင်အသံထွက်အောက်နမ်းလိုက်မိသည်။
ထိုအခါ ဆရာမဆီမှ မျက်စောင်းလှလှလေးက နော်ထူးဆီဒိုင်းခနဲရောက်လာပေသည်။
နော်ထူးတို့ဒီရွာကိုရောက်တဲ့ငါးရက်ကျော် အတွင်း ဆရာမက အိမ်နားက ကလေးများကိုစာပြပေးသည်။နော်ထူးကတော့ အလုပ်မရှိသည်မို့ ကလေးတွေကိုတခါတလေတော့စာကူပြပေးသည်။ ကလေးတွေကိုစာကူမပြရင် ကိုယ်တိုင်အရင်ကစာလေးတွေကိုမှတ်မိသလောက်ပြန်နွှေးတတ်သေးသည်။အိမ်မှာနေတာလဲဘာအလုပ်မှမရှိတာကြောင့် အလုပ်လေးတစ်ခုခုလုပ်ချင်မိသောကြောင့် ကြီးကြီးထံ အလုပ်သွားတောင်းခြင်းဖြစ်ပေသည်။ဆရာမကတော့ ပိုက်ဆံလောက်တယ်မလုပ်နဲ့ဟုတားပေမယ့် နော်ထူးကိုယ်တိုင်ငွေရှာချင်မိသည်။ဒါကြောင့်ကြီးကြီထံမှ အလုပ်တောင်းတော့ ကိုင်းထဲ၌ ပဲဆွတ်(ပဲသီးကိုခူးသည်)လိုက်လို့ရသည်တဲ့လေ။ပင်ပန်းမှာသိပေမယ့် နော်ထူးလက်ခံလိုက်သည်။ ဤဒေသလေးက လူသိပ်မသိသည်မို့စည်းစည်းကားကာတော့မရှိပေ တာပေါ်၌ ကုန်စုံဆိုင်လေးအနည်းငယ်နှင့် ဟင်းချက်စရာအသားငါးကတော့ စျေသည်များလာရောင်းခြင်းဖြစ်သည်။

နော်ထူးခြေထောက်လက်ထောက်ဆေးပြီးလို့ အိမ်ပေါ်ပြန်တက်တော့ ချစ်ရသူက ထမင်းဝိုင်းအသင့်ပြင်ကာစောင့်နေသည်။တောမုန့်ဟင်းခါးဖြစ်တာမို့ မြို့မှာလို့ဟင်းရည်ပြစ်ပြစ် ငှက်ပျောအူတို့မပါပေ ငါးဖြင့်ဟင်းရည်လုပ်ကာ ဆီချက် ပဲမုန့် တောငံပြာရည် အချိုမှုန့်စတာတွေထည့်ပြီး မုန့်ဖက်သုတ်လိုနယ်စားရခြင်းဖြစ်ပေသည်။မနက်တိုင်းမုန့်ဟင်းခါးသည်က လိုက်ရောင်းတာကိုစောင့်၍ ဝယ်စားရခြင်းဖြစ်သည်။တစ်ခါတလေတော့ ပန်းကန်မလောက်လို့ ကိုယ့်အိမ်ကပန်းကန်နဲ့စားရင်စား မစားရင် ထိုင်စောင့်ရသည့်အခါမျိုးလဲရှိပေသည်။ဒီနေ့တော့ကြီးကြီးဆီ အလုပ်တောင်းရင်း မုန့်ဟင်းခါးလုပ်တဲ့ အန်တီချမ်းသာတို့အိမ်ဝင်ကာ ပါဆယ်ဆွဲခဲ့ခြင်းပင်..။

"ထူးငယ် လာပြီလား ဒီမှာနယ်ပြီးသားလာစားတော့"

"ဟုတ်ကဲ့ပါရှင့်"

သနပ်ခါးပါးကွက်ကြားလေးအားညီညာစွာလိမ်ထားသောဆရာမ..ထဘီနဲ့ရင်ဖုံးလေးအကွက်လေးအားသပ်ရပ်စွာဝတ်ထားကာ သနပ်ခါးကိုညီညီလေးလိမ်းထားသည်။ ခါးထိရှည်သောဆံနွယ်တချို့တစ်ဝက်ကို အပြောင်သိမ်းပြီးစီးထားကာ တစ်ချို့ကိုချထားပေသည်။မနက်စောစော နော်ထူးဆရာမရဲ့အလှက နော်ထူးရင်ကိုအေးမြသွားစေသည်။

"ဆရာမ"

"ဟင်"

"ချစ်တယ်"

"တူတူပဲ ထပ်တူထပ်မျှချစ်တယ် အခြေအနေတွေအေးချမ်းသွားရင် ဒီရွာလေးမှာပဲနေချင်တော့တယ်"

.ကောင်းသားပဲ တကယ်လို့အဆင်ပြေရင် သမီးတို့ဒီရွာလေးမှာအ​ခြေချမယ် နှစ်ယောက်ထဲ ငြိမ်းချမ်းစွာနေမယ်..သမီးရှာကျွေးမယ်"

"ဟော အတတ်လေး တော်ကြာ ဒေါ်​နော်ထူးကလဲက သူ့သမီးကိုခိုင်းစားတယ်လို့ပြောနေဉီးမယ်"

"မပြောပါဘူး သမီးကဆရာမကို တစ်ဘဝလုံးစာချစ်တာမလို့ ဘယ်သူငြိုငြင်တာမှမခံဘူး မေမေကိုယ်တိုင် သမီးကိုနားလည်ပေးတယ်"

"အင်း အမကိုလဲကျေးဇူးတင်မိပါတယ် ဆရာမတို့ကိုနားလည်ပေးတာပဲ သိပ်ကျေးဇူးတင်လှပြီ"

"ဟုတ်ပါပြီ အဲ့တာနောက်ထား အခုမနက်စာကိုသေချာစား ခနနေရင် သမီးကိုင်းထဲလိုက်သွားတော့မယ် ဂရုစိုက်နေနော် အိမ်အလုပ်သမီးပြန်လာမှလုပ်မယ်"

"အို မဟုတ်တာ ကိုင်းထဲလဲသွားရ အိမ်အလုပ်ပါလုပ်ရဆိုဘယ်ဖြစ်မလဲ ဆရာမလုပ်ပါ့မယ်ကလေးရယ်"

"ဆရာမ ဆရာမကိုဖြစ်နိုင်ရင်သမီးကအလှတောင်ကြည့်ထားချင်တာ ဒီလိုဒုက္ခတွင်းထဲခေါ်လာရတာတောင် သမီးတကယ်အားနာနေမိတာ ဉီးကိုကိုမျိုး ကိုသာရွေးလိုက်ရင်ဒီလို ဆင်းရဲတဲ့နေရာမှာဆရာမ မနေရဘူးလေ...."

"မဟုတ်တာတွေမပြောစမ်းနဲ့ နော်ထူး ဒီလိုပြောတာက ဆရာမအချစ်ကိုစော်ကားတာနဲ့တူတူပဲ ဆယ်ထပ်တိုက်နဲ့ နေမယ့်အစား ဒီဝါးအိမ်လေးမှာနေတာကပိုအေးချမ်းတယ် မချစ်တဲ့လူနဲ့ ချမ်းချမ်းသာသာနေမယ့်အစား ချစ်တဲ့လူနဲ့ အတူတူဆင်းရဲတဲ့ ဘဝဖြတ်သန်းတာကို ပိုသဘောကျတယ် နောက်ပြီး ဆရာမကအဲ့လူကိုမချစ်တာမို့ရွေးစရာအကြောင်းမရှိဘူးနားလည်လား ဒီရွာလေးမှာနေချင်တယ် အေးချမ်းတယ် နောက်တခါဒီလိုစကားမျိုးမပြောပါနဲ့နော်ထူး"

တစ်ဖက်သို့မျက်နှာလွှဲသွားသောကြောင့် နော်ထူးစကားမှားမှန်းသိလိုက်ရသည်။ အနည်းငယ်မာနေသောလေသံမှာ အဖျားတုန်ခါသွားသည်။မျက်ရည်ဝဲကာအံကြိတ်၍ပြောနေသောဆရာမကိုကြည့်၍ နော်ထူးချော့ဖို့ပြင်လိုက်သည်။

"သမီးကအဲ့လိုသဘောမျိုးပြောတာမဟုတ်ပါဘူးဆရာမ သဘောကိုပြောပြတာ ဆရာမမကြိုက်ရင်မပြောဘူးနော်"

"........"

"ဆရာမလို့"

"ဆရာမ ဆရာမဒီဘက်လှည့်ပါဉီး"

တစ်ဖက်သို့လွှဲထားသောဆရာမ မျက်နှာကိုဆွဲလှည့်လိုက်တော့ သနပ်းခါးဖွေးဖွေးပေါ်မှာ မျက်ရည်စီးကြောင်းကအထင်းသား..

"ဆရာမရယ် မငိုပါနဲ့ ဆရာမ မကြိုက်ရင် မပြောဘူးလေနော် ဆရာမသမီးကိုရိုက်ချက်ရိုက်ပါမငိုပါနဲ့နော်"

ဆရာမခေါင်းလေးရင်ခွင်ထဲထည့်ကာ ဖက်ထားပေးလိုက်သည်။တအင့်အင့်ရှိုက်ငိုနေသောဆရာမ၏ လက်ချောင်းများက နော်ထူးခါးကိုဖက်တွယ်လို့ထားပေသည်။နော်ထူးကလဲ ဆရာမအချစ်ကိုစော်ကားသလိုဖြစ်ခဲ့သည်ကို..

"အဟင့်ဟင့် ဆရာမ မင်းကိုချစ်တယ် ဖြူဖြူစင်စင်လေးပဲ ချစ်နေချင်တယ် ဟင့် ဘာမဟုတ်တဲ့ပကာသနတွေမလိုအပ်ဘူး ရွှတ်.. အဓိက ကဆရာမအနားမှာမင်းရှိနေဖို့ပဲ"

ရှိုက်သံတစ်ဝက်နဲ့ပြောနေသော ဆရာမရဲ့စကားသံ ကနော်ထူးရင်ကိုခွဲနေသယောင်နာကျင်လှသည်။

"သမီးယုံပါတယ်ဆရာမ သမီးလဲချစ်တယ်နော်
မငိုနဲ့နော်"

နော်ထူးရင်ခွင်ထဲက ဆရာမမျက်နှာအားမော့စေကာ မျက်ရည်တချို့သုတ်ပေးလိုက်သည်။ထို့နောက် တစ်ဆက်ထဲနှုတ်ခမ်းဖူးဖူးလေးအား ခပ်ဖွဖွအနမ်းပေးမိ၏..။နူးညံ့လှသော ထိုအထိအတွေ့က ပင်လယ်ရေလိုသောက်လေသောက်လေ အငတ်မပြေဆိုသလိုပင်။သိပ်မကြာ စက္ကန့်ပိုင်းလောက်အနမ်းလေးကပင် ယစ်မူးချင်စရာကောင်းလှပေသည်။

"တိတ်တော့နော်"

"အင်းပါ"

"နော်ထူးရေ နော်ထူးညမလေး"

"ဘယ်သူလဲ"

"ကိုကြီး​​ပါ ကျော်ကိုကိုနိုင်ရယ်"

"အော် ကိုကြီးလာလေ"
အိမ်ရှေ့မှ လှမ်းခေါ်နေသောကိုကြီးအား နော်ထူးလှမ်းခေါ်လိုက်သည်။

"မလာတော့ဘူး ငါ့နှမရေ တို့တွေကိုင်းထဲသွားဖို့လာခေါ်တာရယ်"

"ဟုတ် လာပြီလာပြီ ကိုကြီးရေ"

"အေးအေး"

ရင်ခွင်ထဲမှ ဆရာမကိုဆွဲထုတ်ကာ မျက်ရည်များကိုသေချာသုတ်ပေးလိုက်သည်။နဖူးအားအနမ်းပေးကာ နှုတ်ဆက်ခဲ့လိုက်သည်။

"ဆရာမ သမီးသွားတော့မယ်နော် ဖြစ်ရဲ့လား"

"ဖြစ်ပါတယ်ဂရုစိုက်သွားနော်"

"အင်းပါ"
ငိုထားသောကြောင့်နီရဲနေတဲ့နှာခေါင်းအသဲယားစရာကောင်းနေသည်။

"သွားပြီချစ်တယ်"

"အင်းချစ်တယ်"

ထွက်သွားသောနော်ထူးကျောပြင်လေးအားကြည့်ရင်း နီနီသက်ပြင်းချမိသည်။ထို့နောက် ပြတင်းပေါက်နားကသစ်သားခုံလေးပေါ်ထိုင်ကာ ရန်ကုန်ထဲကပါလာသည့် စီးကရက်တစ်လိပ်ကိုထုတ်ပြီး မီးညှိ၍ ဖွာလိုက်သည်။စီးကရက်ထိပ်မှာရဲနေတဲ့ မီးစလေးက နီနီ့ရင်ထဲကအပူလောက် ပူလောင်ပါ့မလားလေ...။ဒီကလေးသိရင်တော့ နီနီ့ကိုဆူဉီးမှာ..ဆေးလိပ်သောက်ရလားဆိုပြီးတော့ပေါ့...နီနီတွေးနေရင်းတစ်ချက်ပြုံးမိသည်။သိပ်မကြာပါဘူးကွယ် တို့တွေအေးဆေးနေနိုင်တော့မှာပါ.....။

...

up တွေနောက်ကျရင်sry ပါအချစ်တို့ရေ
(မြေနီလမ်း အမြင့်ကို တာဟုခေါ်ကြသည်။တာအောက်၌သာ လူနေအိမ်များရှိပေသည်။)
ongoing လိုက်ပေးတဲ့သူလေးတွေ ဒီက သာသာက ရှဲရှဲပါနော်..။

Continue Reading

You'll Also Like

228K 23.9K 30
الرواية بقلمي أنا إنتصار لخضاري (غيمة) سأقاضي كل من ينقلها بدون إذني . 🍂تنتقل فتاة المدينة للعيش في بيت جدتها في الريف بعد ذلك الحادث الذي تسبب في م...
790K 22.5K 59
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။
19K 1K 25
''မွေ့အတိတ်ဘဝဆိုတာကိုယုံလား''
33.8K 2.9K 26
ඒ ආත්මෙ වගේ රූපෙ නොතිබුනත් අපි අපේමයි ඒ කෝපි ඇස් ඒක සනාත කරනවා.