Unicode
chapter-8
ငါဖျော်ဖြေချင်တဲ့အပိုင်းကို လေ့ကျင့်နေခဲ့သည်.... သို့ပေမဲ့ ငါသုံးနေကျတူရိယာတွေကို သုံးမှာမဟုတ်ပေ... ဒရမ်၊ ဗုံ၊ ချူတပ်ဗုံတွေနဲ့အတူ တယောတစ်လုံးကို အသုံးပြုပြီး ဖျော်ဖြေမှာဖြစ်၏...
ပွဲအခမ်းအနားမှာ ငါလိုချင်တဲ့ပုံစံအတိုင်း စတင်ခဲ့လေသည်... ငါ့လူတွေက ဘာလုပ်ရမလဲဆိုတာ သိပြီးသားမလို့ ဧကရီရဲ့မွေးနေ့ပွဲကို ဆင်နွှဲဖို့ရာ စောင့်နေကြလေ၏...
အလှဆင်တဲ့အချိန်ကနေ အစားအသောက်တွေတည်ခင်းတဲ့အချိန်အထိ အားလုံးအေးအေးဆေးဆေးပင်.. အမတ်တွေနဲ့ စစ်သူကြီးတွေက စိန်တွေ၊ ပုလဲတွေ၊ အဝတ်အထည်တွေ၊ ကျောက်မျတ်ရတနာတွေ အစရှိတဲ့လက်ဆောင်ပစ္စည်းတွေကို ပေးကြ၏...
ငါဝတ်နေကျ လိပ်ပြာမျက်နှာဖုံးကို မတပ်ချင်တာကြောင့် မိတ်ကပ်နည်းနည်းလောက်ပြင်ပြီး ငါ့မျက်နှာတစ်ဝက်ကိုဖုံးဖို့ ရွှေရောင်မျက်နှာဖုံးကို အသုံးပြုလိုက်သည်...
ငါဝတ်တဲ့ဝတ်စုံကတော့ ရိုးရိုးရှင်းရှင်းနဲ့ ကျက်သရေရှိသည့် ပုံစံမျိုးပင်... အဲ့တာက တောက်ပရဲ့အရောင်မဟုတ်သလို မျက်လုံးကိုလည်း မဖမ်းစားနိုင်ပေ... အဲ့တာကြောင့် ငါသစ်ပင်နားမှာရပ်ပြီး ဖျော်ဖြေမှုတွေကြည့်နေတာကို ဘယ်သူမှသတိမထားမိတာဖြစ်သည်... ငါ့လူတွေကတော့ သစ်ပင်တွေနောက်က ခေါင်မိုးပေါ်တွေမှာ ပုန်းနေကြတာဖြစ်၏...
နေရာအနှံ့အပြားမှ အမျိုးသား အမျိုးသမီးတွေက ဧကရီရဲ့မွေးနေ့အတွက် ဖျော်ဖြေပေးကြသည်... ဧကရီက သူမခင်ပွန်းဖြစ်တဲ့ ဧကရာဇ်ထုံယန်နားမှာ ပျင်းရိတဲ့အမူအရာနှင့် ထိုင်နေလေ၏...
မိဖုရားဖြစ်တဲ့ ဝမ်ရှုကတော့ ဧကရာဇ်ရဲ့တစ်ဆင့်နိမ့်သည့်နေရာတွင် ထိုင်ရတာပင်.... သူမရဲ့အစေခံက သူ့မအား စားစရာနှင့် ဝိုင်တွေပြင်ဆင်ပေးနေတာကြောင့် သူမမျက်နှာတွင် အပြုံးကြီးတစ်ခုပန်ဆင်ထားလေ၏...
တခြားကိုယ်လုပ်တော်တွေမှာတော့ ဝမ်ရှုအား စိမ်းစိမ်းဝါးဝါးကြည့်နေကြတာကြောင့် ငါပြုံးလိုက်သည်...ဧကရာဇ်ထုံယန်က ချောမောခန့်ညားတဲ့လူအဖြစ် ကြီးပြင်းလာတာကို သူပြောနိုင်သည်... သူက ငါ့Typeဆိုပေမဲ့ ငါဘာလို့ သူနဲ့ အကွာအဝေးတစ်ခုမှာနေနေလဲဆိုတော့ ငါမသိတော့ချေ...
ငါ့ရဲ့ဖျော်ဖြေမှုက နောက်ဆုံးမှာဖြစ်သည်... ပန်းသီးတစ်လုံးကို တဂျွတ်ဂျွတ်မြည့်အောင် ကိုက်ဝါးနေရင်း ငါ့ကိုစောင့်နေတဲ့ လူအုပ်ကိုကြည့်လိုက်သည်... တစ်နာရီလောက်ကြာပြီးနောက်မှာတော့ လူတွေ အတင်းအဖျင်းစပြောနေကြလေပြီ...
ထိုအချိန်မှာ အစေခံတစ်ယောက်က ဧကရာဇ်နားသွားကာ တစ်စုံတစ်ခုကို တီးတိုးပြောလိုက်သည်... သူကြေညာချက်ထုတ်မှာကို ငါရပ်ကြည့်နေတုန်း သူ့ရဲ့ကျေနပ်နေတဲ့ မျက်နှာထားမှာ မဲမှောင်သွားတာကို မြင်တွေလိုက်ရလေ၏... သူစကားတစ်ခွန်းမှမပြောရသေးခင်မှာပဲ ငါ့လူတွေကို စတင်ဖျော်ဖြေဖို့ အမူအရာပြလိုက်သည်...
တစ်စုံတစ်ယောက် ကုချင်းတီနေတာကို ကြားရတာကြောင့် သူပါးစပ်ပြန်ပိတ်သွား၏... လူတွေက အသံလာရာနေရာကို ရှာနေကြသော်လည်း ဘယ်သူ့ကိုမှမမြင်ချေ... ငါကုချင်းတီးပြီးတော့ တယောနဲ့ တခြားတူရိယာတွေကိုပါ ဆက်လက်တီးခတ်နေတာကြောင့် အားလုံးတိတ်ဆိတ်နေကြလေသည်...
တူရိယာတွေအားလုံးကို စုပေါင်းတီးခတ်လိုက်တော့ လှပတဲ့သံစဉ်တစ်ခုပေါ်ထွက်လာလေ၏... ကလေးတွေမှာ သီချင်းသံနှင့် ကခုန်နေကြပြီး လူတွေမှာလည်း အားပေးနေကြသည်... ဧကရာဇ်မှာတော့ သီချင်းနားထောင်ဖို့ရာ ခုံတွင်ပြန်ထိုင်လိုက်၏...
ဧကရီကလည်း ငါတို့ဖျော်ဖြေနေတာကိုနားထောင်ရင်း ပြုံးရွှင်နေလေသည်... ငါ့လူတွေက နှလုံးသားကိုသန့်စင်အောင်ထားပြီး ဖျော်ဖြေနေတာကို ငါမြင်နေရ၏.. ငါလည်းပဲ တယောကို ကောင်းမွန်စွာ တီးခတ်ဖျော်ဖြေနေလိုက်သည်...
ထို့နောက် ငါ့မျက်လုံးတွေကို မှိတ်ကာ သံစဉ်အား ပိုမိုမြူးအောင် တီးခတ်လိုက်တာကြောင့် လူတွေမှာ လက်ခုပ်တီးအားပေးကြလေ၏... ငါမျက်လုံးတွေပြန်ဖွင့်လိုက်တော့ လူတွေပျော်ရွှင်နေတာကို မြင်တွေ့လိုက်ရသည်... ယွမ်ယွမ်သည်လည်းပဲ သူ့အထိန်းတော်နဲ့အတူတူ လူအုပ်ထဲမှာ ကခုန်နေလေ၏...
သီချင်းဆုံးတော့ လူတိုင်း မတ်တပ်ရပ်ကာ လက်ခုပ်ဩဘာပေးကြသည်... တစ်ချို့ဆိုရင် ငါ့အား ထပ်ပြီးဖျော်ဖြေဖို့တောင်းဆိုပေမဲ့ ငါကတော့ တစ်ပုဒ်တည်းသာဖျော်ဖြေချင်၏...
သစ်ပင်နောက်ကနေ ယွမ်ယွမ်က အော်လိုက်၏... "အမေ!" လူတိုင်းက သူမခေါ်နေတဲ့လူကို လှည့်ကြည့်လိုက်ကြသည်..
ငါ ခေါင်မိုးပေါ်ကနေ ခုန်ချလာတော့ ယွမ်ယွမ်က ငါ့ကိုဖက်လိုက်တာကြောင့် တယော့ကို အထိန်းဆီလှမ်းပေးလိုက်၏... "အမေ... သီချင်းက အရမ်းကောင်းတာပဲ" သူမ ဆိုသည်...
ငါပြုံးရုံသာပြုံးလိုက်ပြီး ယွမ်ယွမ်ကို ခဏစောင့်ဖို့ပြောလိုက်၏... လူအုပ်ထဲကနေဖြတ်သွားပြီးနောက် ငါ ဧကရာဇ်နဲ့ ဧကရီရှေ့မှာ ရပ်လိုက်သည်...
ငါဦးညွှတ်လိုက်ပြီးနောက် ဧကရီကိုကြည့်ကာ မွေးနေ့ဆုတောင်းပေးလိုက်၏...
"ဧကရီ ချွင်ရုံ... ကျွန်တော်မျိုးမ ဘာကြောင့်နောက်ကျနေလဲဆိုတာကို သိချင်နေမယ်လို့ ထင်ပါတယ်... ပွဲအခမ်းအနားစကတည်းက ကျွန်မဒီကိုရောက်နေတာပါ.... ဒါပေမဲ့ လူအုပ်ကြားထဲမှာမနေချင်တာကြောင့် သစ်ပင်တွေနားမှာ ကျွန်မရဲ့လူတွေနဲ့အတူ ရှိနေတာပါ... ကျွန်မ မုန်တွေစားနေရင်းမှ တစ်နာရီလောက်ရှိသွားပြီဆိုတာ သတိရသွားရပါ... နောက်ကျတဲ့အတွက် ခွင့်လွှတ်ပေးတော်မူပါ" ငါ စိတ်လှုပ်ရှားစွာပြောလိုက်သည်....
ထိုအခါ ဧကရီက ပြုံးရုံသာပြုံးလိုက်ပြီး အဆင်ပြေကြောင်းဆို၏... ဘာလို့လဲဆိုတော့ ငါသာမဖျော်ဖြေရင် သူမရဲ့မွေးနေ့ပွဲကြီးက ပျင်းစရာဖြစ်သွားတော့မှာဟု ပြောလေသည်...
ထို့နောက် ငါပြန်ဖို့ခွင့်တောင်းလိုက်ပေမဲ့ ပထမမင်းသားက ငါနောက်ကျပြီးမှရောက်လာတာကြောင့် နောက်တစ်ပုဒ်ထပ်ပြီး ဖျော်ဖြေရန်ပြောလေသည်...
ငါငြင်းဆန်လိုက်သော်လည်း ငါက ဧကရာဇ်ရဲ့အမိန့်ကို လွန်ဆန်နေသလိုပုံပေါက်အောင် လုပ်လေသည်... ငါ နောက်ဆုံးတစ်ကြိမ်ဦးညွှတ်လိုက်လျက် ဝမ်ရှုကို တစ်ချက်ကြည့်ပြီးနောက် စကားတစ်ခွန်းမှထပ်မဆိုဘဲ ထွက်လာလိုက်လေ၏...
**********************************
chapter-9
ပထမမင်းသား ဖုန်းဆွန် ရောက်လာတဲ့အချိန်မှာ ငါက အိမ်တွင် ဆေးဝါးေတွပေးနေတာဖြစ်သည်.... ဧကရီရဲ့မွေးနေ့ပွဲပြီးကတည်းက သူငါ့ကို အဆက်မပြတ်နှောက်ယှက်နေတာပင်...
နေ့တိုင်း ငါ့ဆီကို လက်ဆောင်တွေပို့ပေးပြီး ငါငြင်းဖို့ကြိုးစားရင်လည်း ဥပဒေနဲ့ကိုင်ပေါက်တာကြောင့် ထိုပစ္စည်းတွေကို ငါ့ခြံဝင်းထဲမှာသာထည့်ထားလိုက်တော့သည်... အံ့ဩဖို့ကောင်းတာတစ်ခုက ဧကရီနဲ့ ငါဟာ သူငယ်ချင်းကောင်းတွေဖြစ်လာတာပင်...
ပထမမင်းသားက ငါ့ခြံဝန်းထဲကိုရောက်လာ၏... သူ့အစေခံတွေက ငါသူ့ကိုမနှုတ်ဆက်ဖူးလားဟု ဆိုလေသည်... သို့ပေမဲ့ ငါကတော့ ဧကရာဇ်ကိုယ်တိုင်ရောက်လာရင်တောင် ဂရုစိုက်ဖို့ အစီအစဉ်မရှိချေ...
"ငါအလုပ်များနေတယ်... ပထမမင်းသားမစောင့်နိုင်ရင်လည်း တံခါးက သူထွက်ဖို့အတွက် အမြဲတမ်းဖွင့်ထားတယ်" ငါ သူ့အစေခံတွေကို ပြောလိုက်သည်...
သူဒေါသထွက်သွားပြီး ငါ့ဆီက ဆေးလာယူတဲ့လူတွေကလည်း ထွက်ပြေးသွားကြ၏.. အပြင်ကိုထွက်ကြည့်လိုက်တော့ သူက လူတိုင်းကို အိမ်ပြန်ခိုင်းနေတာ တွေ့လိုက်ရသည်... လူတွေကို ငါပြန်ခေါ်လိုက်ပြီး ပထမမင်းသားရဲ့အပြုအမူတွေအတွက်လည်း တောင်းပန်လိုက်သည်...
တောင်းပန်ဖို့မလိုအပ်တာကြောင့် မတောင်းပန်ဖို့ သူတို့ကပြောသော်လည်း ငါကတော့ တောင်းပန်လိုက်သည်... ငါ့အစေခံတွေအား အလုပ်တွေအဆုံးသတ်ဖို့ပြောလိုက်ပြီး ပထမမင်းသားကို ဥယျာဉ်ထဲသို့ခေါ်သွားလိုက်၏... ငါတို့ စားပွဲနားမှာထိုင်ကာ သူ့ရဲ့အပြုအမူအားလုံးကို ငါစောင့်ကြည့်နေလိုက်သည်...
"ဒါဆို ကျိရော့... ကိုယ်တောင်းဆိုထားတာကို လက်ခံပြီလား"
"ဘာတောင်းဆိုတာလဲ"
"လက်ထပ်ဖို့အတွက် တောင်းဆိုတာလေ... မင်းကိုကိုယ့်ရဲ့ ပဏာမဇနီးအရာထားမှာပါ... ပြီးရင် ကိုယ်တို့အတူ အရှေ့ဘက်ဒေသကို အုပ်ချုပ်မယ်လေ... မင်းရဲ့ အရည်အချင်းနဲ့ အစွမ်းအစတွေက ကိုယ်တို့ ရှင်းနိုင်ငံတော်ကိုတောင် သိမ်းလို့ရတယ်"
"အင်း... စိတ်ဝင်စားစရာကောင်းသားပဲ"
"မင်းကို ကိုယ့်ရဲ့ဧကရီအဖြစ်တင်မြှောက်ပြီး ကိုယ်တို့နှစ်ယောက် နိုင်ငံကို အတူအုပ်ချုပ်လို့ရတယ်လေ"
"မင်းသားလိုချင်တာရသွားရင် ကျွန်မကို သစ္စာမဖောက်ပါဘူးလို့ ဘယ်လိုယုံကြည်ရမလဲ"
"ဘယ်တော့မှ ကိုယ်အဲ့လိုမလုပ်ပါဘူး... ဒါယောက်ျားစကားပါ"
"ကျွန်မ ရှင့်ကိုယုံကြည်ရမလားဆိုတာ မသိဘူး... ဒါပေမဲ့ ကျွန်မ ကိုယ့်ဘာသာကိုယ် ရှင်းနိုင်ငံကိုအုပ်ချုပ်လို့တဲ့အချိန်မှာ ဘာကြောင့်များ ရှင်နဲ့ပူးပေါင်းရမှာလဲ... ရှင်က ကျွန်မအတွက်တော့ တန်ဖိုးမရှိတဲ့ ချနင်းခံကျောက်တုံးသာသာပဲ... အကူအညီကို တခြားနေရာမှာသာ သွားရှာလိုက်ပါ"
"ငါ့ကိုများအထင်သေးရဲတယ်... ငါက ရှင်းနိုင်ငံရဲ့ပထမမင်းသားနော်"
"ကျွန်မကို ရီအောင်မလုပ်ပါနဲ့... ရှင့်ရဲ့အဆင့်အတန်းက ကျွန်မအတွက်တော့ ဘာမှမဟုတ်ဘူး... ရှင်က နောက်ခံသာမရှိရင် အသုံးမကျတဲ့မင်းသားပဲ... ရှင်းက ရှင်းနိုင်ငံရဲ့မင်းသားဆိုပေမဲ့ ရှင့်ညီကတော့ ရှင်းနိုင်ငံရဲ့ဧကရာဇ်လေ... ကျွန်မက ကောင်းကင်နဲ့ မြေကြီးရဲ့ ဘုရင်မဆိုတာကို ရှင်မကြားဖူးဘူးလား... ရှင်က ကျွန်မနဲ့ ဆွေးနွေးဖို့ အဆင့်မမီဘူး"
သူ့မျက်နှာကြီးနီရဲလာကာ ဒေါသတကြီး ထထွက်သွား၏... ငါပြုံးရုံသာပြုံးလိုက်ပြီး ဆေးတွေပေးဖို့ ပြန်သွားလိုက်သည်... နေ့လည်ရောက်တော့ ငါ့ကိုနန်းတော်ဆီဆင့်ခေါ်ကြောင်း ဧကရာဇ်ဆီကနေ စာရောက်လာလေသည်...
ဟိုအရင်အချိန်တွေကလို ငါသူနဲ့စကားပြောချင်ပေမဲ့ လမ်းမလျှောက်နိုင်ဘဲ "ဟေး.... ငါကမင်လေ... ရှင့်ကိုကယ်ခဲ့တဲ့မိန်းမလေး... ရီစရာကောင်းတာက ငါက မိန်းကလေးမဟုတ်ဘူးလေ...ဟားဟား"
အဲ့လောက်သာလွယ်ရင် ငါထုတ်ပြောပြီးပြီ.. သို့ပေမဲ့ ငါလို့ပြောတဲ့မိန်းမတွေရဲ့လျှာကို ဖြတ်ပစ်တယ်ဆိုတာ ငါသိလာရ၏... သူအဲ့လောက်ရက်စက်မယ်လို့ လုံးဝမထင်ထားချေ...
အစိမ်းရောင်ဝတ်စုံနဲ့ အစိမ်းရောင် မျက်နှာကာပဝါကို ဝတ်ဆင်ပြီးနောက် အပြင်ဘက်မှာ ငါ့ကိုစောင့်နေတဲ့ လှည်းဆီသွားလိုက်သည်... ရှင်းနန်းတော်ထဲကိုရောက်တော့ ငါမျက်နှာဖုံးတပ်ထားတာကြောင့် လူတွေက အတင်းစပြောလေတော့၏...
ငါအခန်းတစ်ခန်းကိုသွားလိုက်သည်... စာအုပ်တွေမျိုးစုံရှိတာကြောင့် စာကြည့်ခန်းဟုသိလိုက်သည်... ပျင်းရိစွာထိုင်နေရင်း သူ့စာအုပ်စင်တွေနားကို လျှောက်သွားလိုက်တော့ စာအုပ်တစ်အုပ်ကို ငါ့အာရုံကိုဖမ်းစားသွား၏...
စာအုပ်ကိုဆွဲထုတ်လိုက်ပြီးနောက် သူ့မှာဒီစာအုပ်ရှိနေသေးတာကြောင့် ပဝါအောက်ကနေ ငါပြုံးလိုက်သည်... ဒါက ငါတို့မခွဲခွာခင် ငါသူ့ကိုပေးခဲ့တဲ့စာအုပ်ဖြစ်သည်... ခေါင်းစဉ်က 'အချစ်နဲ့စစ်ပွဲ'
"ဒါက ကိုယ့်တော့်မိဖုရားဆီကလက်ဆောင်လေ" တစ်စုံတစ်ယောက်ကပြောလိုက်တာကြောင့် ငါလန့်ကာ စာအုပ်ပြုတ်ကျသွား၏... ငါလှည့်လိုက်တော့ ဧကရာဇ်ထုံယန်က စာအုပ်ကိုပြန်ကောက်ကာ သုတ်ပြီးနောက် စာအုပ်စင်ပေါ်ပြန်ထားလိုက်တာကို တွေ့လိုက်ရလေသည်...
"ကျွန်မတောင်းပန်ပါတယ်... ဒီလိုအဖိုးတန်တဲ့လက်ဆောင်မျိုးကို အောက်ပြုတ်ကျအောင်လုပ်မိသွားတယ်" ငါဒေါသမထွက်အောင် ကြိုးစားလျက် သူ့ကိုစကားပြောလိုက်သည်... သူက အဆင်ပြေကြောင်းပြောပြီးနောက် ငါ့ကို ရေတံခွန်အားအပေါ်စီးကနေ လှမ်းမြင်ရသည့် လသာဆောင်သို့ ခေါ်လာလေ၏...
သူ့အစေခံတွေက ငါတို့အား စားစရာတွေတည်ခင်းပေးသည်... "ဧကရာဇ်ထုံယန်က ကျွန်တော်မျိုးမကို ဘာကြောင့် ဒီနေရာကို ခေါ်တာပါလဲ" ငါ သူ့ကိုမကြည့်ဘဲပေးလိုက်၏...
"ဘာမှမဟုတ်ပါဘူး... ကိုယ်တော်မင်းနဲ့စကားပြောချင်ရုံပါ" ရေတံခွန်ကိုကြည့်ရင်း သူပြန်ဖြေလေသည်... "ဧကရာဇ်ကိုအပျင်းပြေအောင်လုပ်ဖို့ ဧကရာဇ်ရဲ့မိဖုရားတွေထဲကတစ်ယောက်ကို ခေါ်သင့်တယ်လို့ ကျွန်မထင်ပါတယ်" ငါသူ့အမူအရာကိုကြည့်လိုက်တော့ ဘာမှမပြောင်းလဲပေ...
"ကိုယ်တော့်မှာ မိဖုရားတစ်ယောက်ပဲ ရှိပေမဲ့ ထူးဆန်းနေတယ်... သူမက ကိုယ်တော် လွန်ခဲ့တဲ့သုံးနှစ်တုန်းက ချစ်မိခဲ့တဲ့အမျိုးသမီးမဟုတ်ဘူးလို့ ခံစားနေရတယ်" သူ မုန့်တစ်ခုကို ယူရင်းဆိုသည်...
"ဘယ်လိုမျိုးလဲ"
"အင်း... သူမက စည်းစိမ်ဥစ္စာတွေနဲ့ ချမ်းသာကြွယ်ဝမှုတွေကို ဘယ်တော့မှ မတွေးဘူး.... သူမက အခြားလူတွေကိုကူညီတတ်တဲ့ အလုပ်ကြိုးစားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်... ဒါပေမဲ့ အခုတော့ သူမက လုံးဝကိုပြောင်းလဲသွားတယ်"
"သူမပြောင်းလဲသွားစေဖို့ တစ်ခုခုကြုံခဲ့သေးလား.. ထိခိုက်တာမျိုးလေ"
"အင်း... ဖြစ်ခဲ့တယ်... လွန်ခဲ့တဲသုံးနှစ်လောက်တုန်းက သူ့အမေကို မောင်ဖြစ်တဲ့ ဝမ်ကျင်းက သတ်ပစ်ပြီး အဖေကိုလည်း သူကပဲ အဆိပ်ခတ်ခဲ့တယ်"
"ဪ... စိတ်ဝင်စားစရာကောင်းသားပဲ... ဒီလောက်ကြောက်စရာကောင်းတဲ့ကိစ္စကိုလုပ်ဖို့အတွက် သူ့(
ဝမ်ကျင်း)မှာအကြောင်းပြချက်ရှိတာလား"
"ကိုယ်တော်မသေချာဘူး... ကိုယ်တော် အဖြစ်အပျက်တွေကို ရှင်းရှင်းလင်းလင်း လုံးဝမသိခဲ့ရဘူး.... ဘာလို့လဲဆိုတော့ ဝမ်ရှုက အဲ့ကိစ္စနဲ့ပက်သက်ပြီး ဘာမမှတ်မိတော့ဘူးလို့ပြောတယ်"
"တစ်ရက်ရက်တော့ သူမရဲ့ မှတ်ဉာဏ်တွေပြန်ရလာနိုင်ပါတယ်... သူမက ဟန်ဆောင်ထားတာမဟုတ်ဘဲ 'မင်' အစစ်ဖြစ်ခဲ့ရင်ပေါ့"
"မင်းဘာလို့အဲ့လိုပြောရတာလဲ... ကိုယ်တော့်ဇနီးကို တစ်ခုခုမကျေနပ်စရာများရှိလို့လား"
"မရှိပါဘူး.. ဒီအတိုင်းပဲ ပြောလိုက်တာပါ.. ဧကရာဇ်ရဲ့နိုင်ငံကလူတွေက ဝမ်ရှုကို တကယ့် 'မင်' မဟုတ်ဘူးလို့ပြောနေကြတယ်"
"အတိအကျ ဘယ်ကနေ ကြားခဲ့တာလဲ"
"အကုန်လုံးဆီကပဲ... ကောလဟာလတွေလည်းဖြစ်နိုင်ပေမဲ့ သူတို့ကိုယ်သူတို့ 'မင်' လို့ပြောတဲ့မိန်းကလေးတွေအားလုံးကိုလည်း ဧကရာဇ်က သတ်ပစ်ခဲ့တယ်လို့ ကြားတယ်...ကျွန်မတစ်ခုလောက်မေးပါရစေ.... 'မင်' အစစ်က မိန်းကလေးမဟုတ်ဘဲ ယောက်ျားလေးဆိုရင်ရော ဧကရာဇ်ဘယ်လိုလုပ်မှာလဲ"
"ကိုယ်တော်မသိဘူး... ဒါပေမဲ့ မင်က မိန်းကလေးတစ်ယောက်ပါ.. အဲ့တာတော့ လုံးဝသေချာတယ်"
"အဲ့တာကို အတည်ပြုဖို့ သူ့မျက်နှာကိုမြင်ခဲ့လား.. ဒါမှမဟုတ် အခြားအစိတ်အပိုင်းတစ်ခုခုကိုရောမြင်ခဲ့လား"
"မမြင်ခဲ့ဘူး"
"ဒါဆို ဖြစ်နိုင်ပါတယ်... အမျိုးသားတစ်ယောက်ကလဲ အမျိုးသမီးတစ်ယောက်လို ဝတ်စားဆင်ယင်ပြီး စကားပြောဆိုနိုင်ပါတယ်... လူတွေက အပြင်ပုံပန်းသွင်ပြင်ကိုကြည့်ပြီး အမျိုးသမီးတစ်ယောက်လို့ပဲ သတ်မှတ်ကြတယ်"
"မင်းပြောတာမှန်တယ်... ကိုယ်တော်ဘာလို့ အဲ့လိုမစဉ်းစားမိတာပါလိမ့်... ဒါပေမဲ့ 'မင်' ကအမျိုးသားတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ဘာကြောင့်များ အမျိုးသမီးတစ်ယောက်လို ဝတ်စားထားမှာလဲ"
"ဖြစ်နိုင်တာကတော့ ဧကရာဇ်က အချစ်ကြောင့် စုံလုံးကန်းသွားပြီး မစဉ်းစားမိတာနေမှာပါ... သူဘာကြောင့် မိန်းကလေးလို ဝတ်စားထားလဲဆိုတာ ကျွန်မမသိဘူး... ဒါပေမဲ့ ဧကရာဇ်မှာ 'မင်' ရှိနေပြီးပြီဖြစ်တာမလို့ ဒီအရာတွေကို စဉ်းစားစရာမလိုတော့ပါဘူး... သူမက အယောင်ဆောင်မဟုတ်ခဲ့ရင်ပေါ့"
"မင်းတစ်ခုခုသိနေတယ်လို့ ကိုယ်တော် ဘာကြောင့်ခံစားနေရပါလိမ့်"
"ကျွန်မကဘယ်သူမလို့လဲ! ကျွန်မက ထင်မြင်ချက်ကိုပဲပြောကြည့်တာပါ တခြားဘာမှမရှိဘူး... ဒီလိုဖြစ်ရပ်မျိုး နေရာတော်တော်များများမှာ တွေ့ဖူးတာကြောင့် ကျွန်မရဲ့အမြင်ကို ပြောကြည့်တာပါ"
"အင်း"
"ကျွန်တော်မျိုးမက အမျိုးသမီးတစ်ယောက်လား"
"ဒါပေါ့"
"ဟားဟား... ဧကရာဇ်က ကျွန်မကို ရီအောင်လုပ်နေတာပဲ"
"ဘာကရီစရာကောင်းနေတာလဲ"
"ဧကရာဇ်ပေါ့!"
"ကိုယ်တော်က ဘယ်လိုလုပ်ရီစရာဖြစ်နေတာလဲ"
"ဧကရာဇ်က ကျွန်မကို မိန်းကလေးတစ်ယောက်လို့ထင်နေတာလေ"
"မင်းက မိန်းကလေးမဟုတ်ဘူးလား"
"မဟုတ်ဘူး!"
"နောက်ပြောင်မနေနဲ့"
ငါထိုင်နေရာမှ ထလိုက်ပြီး သူ့ဆီလျှောက်သွားကာ သူ့နားဆီကပ်လိုက်၏... "ကျွန်တော်နောက်နေတာမဟုတ်ဘူး ထုံယန်" ငါတိုးတိုးလေးပြောလိုက်တော့ သူက ငါ့ကို မယုံကြည့်နိုင်စွာကြည့်နေလေ၏...
ထို့နောက် သူ့ပေါင်ပေါ်တက်ကာ ငါ့လက်တွေကို သူ့လည်ပင်းဆီတွယ်ချိတ်လိုက်ပြီးနောက် ငါ့နှုတ်ခမ်းပေါ်အောင် ပဝါကို ချွတ်လိုက်လေ၏... သူဘာမှမတုံ့ပြန်နိုင်ခင်သေးမှာပင် သူ့ကိုနမ်းလိုက်လေသည်... သူအလျှော့ပေးသွားသည်ထိ ငါ့နှုတ်ခမ်းကို သူ့ပါးစပ်တွင်ကပ်ထားလိုက်၏...
သူငါ့ကို တွန်းထုတ်ဖို့ကြိုးစားပေမဲ့ ပိုပြီးမက်မောစွာဖြင့် အနမ်းတွေနက်ရှိုင်းစေကာ လျှာတွေအား လိမ်ယှက်စေလိုက်သည်... သူ့လက်တွေက ငါ့ခါးကိုဖက်ကာ သူ့နားနီးကပ်စေလိုက်ပြီး သူ့နှုတ်ခမ်းတွေဆီမှ နူးညံ့တဲ့ညည်းညူသံလေးထွက်လာလေသည်...
သူ့နားက ပြန်ခွာလိုက်ပြီးနောက် သူ့ရဲ့နီနေတဲ့ မျက်နှာကို ကြည့်လိုက်လေသည်... မျက်နှာကာပဝါကိုပြန်တပ်လိုက်ပြီးနောက် သူ့ပေါင်ပေါ်မှထကာ ထွက်သွားဖို့လုပ်လိုက်သည်... "အခုတော့ အမျိုးသားတစ်ယောက်ကိုနမ်းရတာဘယ်လိုလဲဆိုတာကို ဧကရာဇ်သိသွားပြီမလား" ငါစနောက်ပြီး ရယ်ချင်စရာ သနားစရာကောင်းတဲ့သူ့အား ထားခဲ့ကာ ထွက်လာလိုက်လေသည်...
Zawgyi
chapter-8
ငါဖျော်ဖြေချင်တဲ့အပိုင်းကို လေ့ကျင့်နေခဲ့သည်.... သိုပေမဲ့ ငါသုံးနေကျတူရိယာတွေကို သုံးမှာမဟုတ်ပေ... ဒရမ်၊ ဗုံ၊ ချူတပ်ဗုံတွေနဲ့အတူ တယောတစ်လုံးကို အသုံးပြုပြီး ဖျော်ဖြေမှာဖြစ်၏...
မိဖုရားဖြစ်တဲ့ ဝမ်ရှုကတော့ ဧကရာဇ်ရဲ့တစ်ဆင့်နိမ့်သည့်နေရာတွင် ထိုင်ရတာပင်.... သူမရဲ့အစေခံက သူ့မအား စားစရာနှင့် ဝိုင်တြွေပင်ဆင်ပေးနေတာကြောင့် သူမမျက်နှာတွင် အပြုံးကြီးတစ်ခုပန်ဆင်ထားလေ၏...
ထို့နောက် ငါ့မျက်လုံးတွေကို မှိတ်ကာ သံစဉ်အား ပိုမိုမြူးအောင် တီးခတ်လိုက်တာကြောင့် လူတွေမှာ လက်ခုပ်တီးအားပေးကြလေ၏... ငါမျက်လုံးတြွေပန်ဖွင့်လိုက်တော့ လူတွေပျော်ရွှင်နေတာကို မြင်တွေ့လိုက်ရသည်... ယွမ်ယွမ်သည်လည်းပဲ သူ့အထိန်းတော်နဲ့အတူတူ လူအုပ်ထဲမှာ ကခုန်နေလေ၏...
**********************************
chapter-9
ပထမမင်းသား ဖုန်းဆွန် ရောက်လာတဲ့အချိန်မှာ ငါက အိမ်တွင် ဆေးဝါးတွေပေးနေတာဖြစ်သည်.... ဧကရီရဲ့မွေးနေ့ပွဲပြီးကတည်းက သူငါ့ကို အဆက်မပြတ်နှောက်ယှက်နေတာပင်...
နေ့တိုင်း ငါ့ဆီကို လက်ဆောင်တွေပို့ပေးပြီး ငါငြင်းဖို့ကြိုးစားရင်လည်း ဥပဒေနဲ့ကိုင်ပေါက်တာကြောင့် ထိုပစ္စည်းတွေကို ငါ့ခြံဝင်းထဲမှာသာထည့်ထားလိုက်တော့သည်... အံ့ဩဖို့ကောင်းတာတစ်ခုက ဧကရီနဲ့ ငါဟာ သူငယ်ချင်းကောင်းတြွေဖစ်လာတာပင်...
"ဘာတောင်းဆိုတာလဲ"
"ဘယ်လိုမျိုးလဲ"
"တစ်ရက်ရက်တော့ သူမရဲ့ မှတ်ဉာဏ်တြွေပန်ရလာနိုင်ပါတယ်... သူမက ဟန်ဆောင်ထားတာမဟုတ်ဘဲ 'မင်' အစစ်ဖြစ်ခဲ့ရင်ပေါ့"
"မမြင်ခဲ့ဘူး"
"အင်း"
"ဒါပေါ့"
"ဧကရာဇ်ပေါ့!"
"မဟုတ်ဘူး!"
"နောက်ပြောင်မနေနဲ့"