The Dream is...(complete)

By XiaoMiWang5513

49.5K 2.1K 65

Uni and Zaw ( The Dream is) YiZhan fic အိပ့်မက်က ( သို့ ) ကံကြမ္မာလှည့်စားသော အချစ်..... YiZhan 18+ ပါ။ #X... More

Part 0 ( The Dream is...)
Part 1 ( The Dream Is)
Part 2 ( The Dream iS)
Part 3 (The Dream is) 🚨warning🚨
Part 4(The Dream is)
Part 5 (The Dream is) 🚨Warning🚨
Part 6 (The Dream is)
Part 7( The Dream is)
Part 8 (The Dream is)
Part 9 (The Dream is)
Part 10 ( The Dream is)
Part 11 (The Dream is)🚨Warning🚨
Part 12 (The Dream is)
Part 13 (The Dream Is )
Part 14 (The Dream is) ⚠️Warning⚠️
Part 15 (The Dream is)⚠️Warning⚠️
Part 16( The Dream is)
Part 17 (The Dream is)
Part 19 (The Dream is)
Final Part 20 (The Dream is)
update days

Part 18 (The Dream is)

1.1K 82 4
By XiaoMiWang5513

Unicode

အပိုင်း ၁၈

" သား company ကို......"

မားက အခန်းထဲကို မဝင်ခင် စကားပြောလာခဲ့သည်။ ပါးကလည်း နောက်မှဝင်လာခဲ့ပြီး အထဲကအခြေအနေကို တွေ့လိုက်တော့ နှစ်ယောကါလုံးအေးခဲလျက် ...

"ပါး !"

ရိပေါ်ရဲ့အော်သံအဆုံးမှာ ပါးနဲ့မားရော တံခါးပိတ်ပြီး အပြင်ပြန်ထွက်သွားကြသည်။

ရှောင်းကျန့်မှာ အမြန်ထပြီး ရိပေါ်ကျောကုန်းကို ခပ်ပြင်းပြင်းရိုက်လိုက်တယ်။

ရှက်စရာကောင်းလိုက်တာ။ ပါးနဲ့မားအရှေ့မှာမှ မိရတယ်လို့... ဒီနားမှာ တွင်းလေးများရှိရင် ပြောကြပါလား ခဏလောက်ဝင်ပုန်းလိုက်ချင်လို့!

" ကြည့်ပါလား အလုပ်မှာပါဆိုတာကို သတိပေးနေရက်နဲ့ ဝမ်ရိပေါ် !!! နောက်ထိဖို့ဆိုတဲ့အတွေး အဝေးကိုပို့ထားလိုက်တော့ "

ရှောင်းကျန့်တစ်ယောက် ဆူပုတ်နေတုန်း ရိပေါ်မှာ အဝတ်အစားတွေသေသပ်အောင် ပြန်လုပ်နေရပြီး ကျထားတဲ့ဖိုင်တွေကို ပြန်ကောက်ရသည်။ ထို့နောက် သူ့ကိုကျောပေးထားတဲ့ ယုန်ပေါက်အနားကိုသွားကာ

" ge ပါးတို့က နားလည်ပါတယ်ဆို အဲ့အတွေးကိုတော့ အဝေးမလွှတ်ပြစ်ချင်ဘူးနော်လို့ အခုတောင် မကျသေးတာ "

ရိပေါ် မျက်လုံးမှေးစဥ်းရင်း ရိပေါ်ရဲ့ခန္ဓာကိုယ်အလည်ပိုင်းကို မသိမသာကြည့်လိုက်သည်။ ထိုနေရာက မသိမသာလေး ဖောင်းနေတုန်း ....

ခံလိုက်တော့ ခွေးပေါက်လေး....

ရှောင်းကျန့်မှာ ထိုအချက်ကြောင့် စိတ်ရှုပ်နေတာတွေတောင် လျော့နည်းသွားရတယ်။

သူ ဒီလိုပိုင်စိုးပိုင်နင်းလုပ်တတ်တဲ့ ခွေးပေါက်လေးကို မကျေမနပ်ဖြစ်နေခဲ့တာ အခုတော့နည်းနည်းလောက်ခံစား ခိုင်းရမည်လေ။

ခဏကြာတော့ ပါးနဲ့မားကို ရိပေါ်တံခါးဖွင့်ပေးလိုက်သည်။ ရိပေါ်မားက ဆိုဖာခုံမှာဝင်ထိုင်လိုက်ပြီး မျက်နှာချင်းဆိုင်မှာ ဝမ်ပါးက ဝင်ထိုင်သည်။

ဒီလိုအခြေအနေက ပထမဆုံးမိခဲ့တဲ့ အချိန်ထပ်တောင် လေထုအခြေအနေက သိပ်သည်းနေသေးတယ်။

ထိုအခြေအနေကြီးကို ရိပေါ်မားက ဝင်ဖြတ်ပေးရသည်။ မဟုတ်ရင် တသက်လုံး တစ်ယောက်ကိုယ်တစ်ယောက်ကြည့်ရင်း ထိုင်နေကြတော့မှာ မြင်ယောင်နေမိသည်။

မား - " မားတို့က ရှောင်းအာကို အိမ်မှာထင်လို့ သွားကြည့်သေးတယ်။ ပြီးမှအတူတူသားဆီခေါ်လာမို့ ဒါမဲ့အိမ်မှာမရှိလို့ company ကိုဝင်ခဲ့တာ "

ရှောင်းကျန့်က ရိပေါ်ကြည့်ရင်း အရှက်ပြေတဟီးဟီးလုပ်လိုက်ပြီး အကြောင်းပြချက်လေးဆွဲတွေးလိုက်သည်။

" ဟုတ်...ဒီနေ့ကျွန်တော်companyကိုလိုက်မယ်လို့ပြောထားလို့ပါ အန်တီ "

ဝမ်မာမားက ရှောင်းကျန့်ရဲ့ အန်တီဆိုတဲ့အခေါ်အဝေါ်ကို ကြားလိုက်တာကြောင့် သူတို့မှာပါလာတဲ့ စာရွက်တစ်ချို့ကိုချပေးတယ်။ ရှောင်းကျန့်နဲ့ရိပေါ်က ထိုစာရွက်တွေကို အူကြောင်ကြောင်ကြည့်လိုက်သည်။

စာရွက်ပေါ်မှာက ဗေဒင်မေးထားတာတွေဖြစ်ပြီး ဘယ်လ၊ဘယ်ရက် ကျရင်လက်ထပ်ဖို့ အကောင်းဆုံးလဲဆိုတာကို ပြောထားတာဖြစ်တယ်။

" မားကြိုက်တဲ့ရက်က နောက်လပဲ့  5 ရက် 9 လပိုင်းဆိုရင်ရော "

ရိပေါ်မှာ ချက်ခြင်းခေါင်းငုံ့ရင်း

" အင်းကောင်းသားပဲ့ အ့ "

ရှောင်းကျန့်က စားပွဲအောက်ကနေ ရိပေါ်ပေါင်ကို ရိုက်လိုက်ပေမဲ့ မထင်မှတ်ထားပဲ တောင်ပုလေးကိုပုတ်မိသွားသည်။ ရှောင်းကျန့်လည်း မရည်ရွယ်တာမို့ လန့်သွားကာ ရိပေါ်ကလည်း ပြုံးစိစိနဲ့ သူ့မိဘကိုပြန်ကြည့်သည်။

ပါးနဲ့မားမှာတော့ မနိုင်ဘူး ဟူသည့် အကြည့်နဲ့ ထိုနှစ်ယောက်ကိုသာ ကြည့်နိုင်တော့သည်။

မား - " ဒါဆို မားတို့သွားအုံးမယ် ရက်တွေသေချာရွေးပြီးသွားပြီဆို မားကိုပြောလိုက်နော် နောက်ပြီး ရှောင်းအာ "

နားရွက်နီနီလေးနဲ့ ရှောင်းအာလေးမှာ ချက်ခြင်းထူးရှာသည်။

" ဟုတ် "

မား - " မကြာခင်လက်ထပ်တော့မှာ နောက်ပြီးမားတို့ သားတို့နှစ်ယောက်အကြောင်းအကုန်သိပြီးနေတာ အခုထိ အန်တီလို့ ခေါ်တုန်းလား "

ရှောင်းကျန့်က လည်ကုတ်လေးကိုပွတ်လိုက်ပြီး မရဲတရဲလေးခေါ်လိုက်သည်။

" မား "

" အေး... ဒီလိုမှပေါ့ ကဲ့သွားတော့မယ်နော် ... ကို သွားမယ် "

ဝမ်မာမားက အပြင်ထွက်ပြီးနောက် တစ်ခွန်းမှမပြောပဲ ငြိမ်နေတဲ့ပါးက တံခါးနားကရပ်ပြီး သားနဲ့သမက်ကိုလှမ်းပြောသည်။

" ရိပေါ် ရှောင်းအာ မင်းတို့ကလူငယ်ဆိုတော့ စိတ်အားထက်သန်နေကြမှာပေါ့ နည်းနည်းပါးပါးတော့လျော့ကြအုံးနော် မနက်ရောညရောဆို ..... ဟင်းးးး အသက်ကြီးလာမှသိမှာပါလေ ပါး သွားတော့မယ် "

ဝမ်ပါးက ခါးကိုကိုယ့်လက်သီးနဲ့ကိုယ် ထုလိုက်ပြီး အပြင်ထွက်သွားသည်။

" ရိပေါ် ပါးပြောတာ ကြားတယ်မလား လျော့ လျော့လုပ် အင်းးးး ပါးပြောတာ မှန်တယ် "

ရိပေါ် ကရှောင်းကျန့်ကို ကြည့်လိုက်ပြီး

" အခုချိန်များများလုပ်ရမယ်လေ အသက်ကြီးသွားရင် ge မခံနိုင်တော့မှာစိုးတယ် "

ရှောင်းကျန့်က ယုန်သွားလေးနှစ်ချောင်းထုတ်ပြလာပြီး

" ဘယ်သူ့ကို အသက်ကြီးတယ်လို့ပြောလိုက်တာလဲ "

ရိပေါ်မှာ မနေနိုင်စွာနဲ့ အနောက်ကနေ သိမ်းကြုံးဖက်ထားလိုက်ပြီး နားရွက်နီနီလေးကို ခပ်ဖွဖွစုပ်လိုက်တယ်။ ရှောင်းကျန့်မှာ ရိပေါ်စိတ်လွတ်နေတုန်း ချက်ခြင်း သူ့ခုံလေးအနားကိုပြေးသွားပြီး

" ရိပေါ် မားတို့အခုမှပြန်သွားတာနော် ... အလုပ်လုပ်တော့ "

ရိပေါ်က အင်တင်တင်လုပ်နေပြီးမှ သူ့နေရာသူသွားပြီး အလုပ်ကိုအာရုံစိုက်နိုင်ဖို့ ကြိုးစားလိုက်သည်။

.............................

ရိပေါ်အစည်းအဝေးအခန်းသွားတုန်း ရုံးခန်းထဲမှာ ရှောင်းကျန့် တစ်ယောက် ဂိမ်းဆော့ဝဲလ်လေးလုပ်ရင်းကျန်ခဲ့သည်။

ပြင်းပြင်းနဲ့ ရိပေါ်အစည်းအဝေးမတတ်ခင် ဝယ်ပေးသွားတဲ့ အာလူးကြော်ထုတ်တွေကို ထိုင်စားနေခဲ့တယ်၊၊ နောက်ပြီး ရိပေါ်ကွန်ပျူတာနဲ့ ဂိမ်းလေးတွေဆော့နေလိုက်သည်။

ထိုအချိန်မှာ တံခါးလက်ကိုင်လှည့်သွားပြီး တံခါးပွင့်လာတာမို့ ရိပေါ်ပြန်လာပြီအထင်နဲ့ ကြည့်လိုက်တယ်။

မထင်မှတ်ထားတာက ဟိုင်မေ့မေ့နဲ့ ဆုရန်ရှန်း ဖြစ်နေခဲ့တာ...

" နင်က ဘယ်လိုလုပ်ပြီး ဒီခုံမှာထိုင်နေတာလဲ "

ဟိုင်မေ့မေ့က ဘောက်ဆက်ဆက်နဲ့ပြောတယ်။ အရင်က မေ့မေ့ရဲ့ဒီလိုခက်ထန်တဲ့ ပုံကိုမမြင်ဖူးဘူး။ ဒါ့အပြင် သူမအနောက်က ဆုရန်ရှန်း လည်းပါလာတာမို့ ခံစားချက်မကောင်းပေ၊၊

" ဟိုင်မိန်းကလေး ဒီကိုဘာကိစ္စရှိလို့လဲ "

ရှောင်းကျန့်က ဆုရန်ရှန်း ကိုလုံးဝမကြည့်ပေ။ သူ့ရဲ့ကြောက်စရာကောင်းတဲ့ နေ့ရက်ကို ပြန်သတိရလာစေတယ်၊၊

" ငါ ရိပေါ်နဲ့လာတွေ့တာ နောက်ပြီး နင်နဲ့တွေ့တာအတော်ပဲ့ ရန်ရှန်းက နင့်ကိုပြောစရာရှိတယ်တဲ့ "

ဆုရန်ရှန်းက အချိုးမပြေတဲ့ရုပ်နဲ့ ရှောင်းကျန့်ကိုကြည့်လာတယ်။ ရှောင်းကျန့်ကလည်း ခပ်ထန်ထန်ပြန်ကြည့်သည်။

" ကျစ် ... မင်းကရိပေါ်ရဲ့ အရုပ်လေးလား ငါသာအချိန်မဆွဲခဲ့ရင် မင်းကိုစားပြီးနေလောက်ပြီ "

ဒုန်း.....

ရှောင်းကျန့်က စားပွဲခုံပေါ်တင်ထားတဲ့ မီးအိမ်ကို တွန်းချလိုက်ပြီး ထိုင်ရာကနေထရပ်လိုက်တယ်။ အဲ့အကောင်ပြောတာ လွန်သွားပြီ ...

" f*ck မင်းကိုငါဘာမှမပြောဘူးဆိုတိုင်း ကြောက်နေမယ်မထင်နဲ့ ငါသီးခံနေတုန်း အခုချက်ခြင်းငါ့ရုံးခန်းထဲက ထွက်သွား !"

ဟိုင်မေ့မေ့က ကြားဝင်ဖြတ်ပြောသည်။

" ဘာ နင့်ရုံးခန်းလဲ စကားကိုသေချာပြော ရိပေါ်အနားကပ်နေတဲ့ ကောင်ကများ "

ရှောင်းကျန့် ဒေါသလေးပေါက်ကွဲပြီး ဟက် ခနဲရယ်လိုက်သည်။

" ဘာ လိုက်ကပ်နေတာ ဟုတ်လား ဘာပြောတာ အော် ဘာမင်းရုံးခန်းလဲတဲ့လား .... ငါပြောလိုက်မယ် ငါက လိုက်ကပ်စရာမလိုဘူး ငါဆိုတဲ့ရှောင်းကျန့်က အရာအားလုံးထပ်သာတာမို့ ရိပေါ်ကငါ့ကိုကြိုက်တာ သေချာမှတ်ထား ဟိုစားပွဲပေါ်မှာ စာရွက်မြင်လား အဲ့တာ ဝမ်မာမားနဲ့ပါး ယူလာပေးတဲ့ လက်ထပ်မဲ့နေ့ကောင်းရက်ကောင်းတွေပဲ့ "

ဟိုင်မေ့မေ့က အံ့သြသွားပြီး စာရွက်ကိုသွားကြည့်သည်။ ထို့နောက် ကြမ်းပြင်ပေါ်ပြစ်ချလိုက်ကာ

" ရိပေါ်ကို နင်ရမယ်မတွေးနဲ့ ဟက် ရန်ရှန်း နင်ဘာလုပ်နေတာလဲ အဲ့ကောင်ကိုငါ့အရှေ့ကနေ ပျောက်ကွယ်သွားအောင်လုပ်လိုက်ပါလား!!"

ဆုရန်ရှန်းက ရှောင်းကျန့်အရှေ့ကို တိုးလာတော့ ရှောင်းကျန့်မျက်လုံးလှန်ပြီး ပြင်းတယ်ဆိုတဲ့အကြည့်နဲ့ ကြည့်လိုက်သည်။ ထို့နောက် သူ့အနားကိုလာပြီး ဘယ်ကဆွဲထုတ်လိုက်တဲ့ သံချောင်းအသေးလေးနဲ့ ရိုက်မယ်ပြင်နေတဲ့ ဆုရန်ရှန်း ကိုကန်လိုက်သည်။

" ငါ ဟိုတစ်ခေါက်က မူးနေလို့ကွ "

ခွမ်း ...,,

ရှောင်းကျန့်က သူကန်လို့ လဲသွားတဲ့ ဆုရန်ရှန်း ခေါင်းပေါ် ကြွေပန်းအိုးကြီးနဲ့ ရိုက်လိုက်သည်။ ထို့နောက် သွေးတွေစီးကျနေတဲ့ ဆုရန်းရှန်းကို အဖြူစင်ဆုံးပြုံးပြကာ

" ငါက သိပ်နူးညံတဲ့ ကောင်လေးပါ "

ထို့နောက် နာကျင်လို့ အော်ဟစ်တဲ့အသံက ပဲ့တင်ထပ်သွားရသည်။

ဆုရန်ရှန်းရဲ့ လက်တစ်ဖက်တော့ ကိုယ်တော်‌ေလးရှောင်းရဲ့လက်ချက်နဲ့ ကြိုးသွားရသည်။

" ပြီးပြီ .... ငါငယ်ငယ်က ကိုယ်ခံပညာသင်တာ အလကားမဟုတ်ဘူးကွ ဒီလိုနေရာပြောင်းပြီး ငါလက်ချိုးတာ နှစ်ခါမြှောက်ပဲ့ "

ဂျိန်း .....

ကျယ်လောင်တဲ့ တံခါးပွင့်သံနဲ့အတူ ရိပေါ်နဲ့ အတွင်းရေးမှူးမှာ ကမန်းကတန်းရောက်လာခဲ့တယ်။ သွေးတွေမြင်တော့ ရိပေါ်ပထမဆုံးလုပ်တာ ရှောင်းကျန့် ကိုရှာတာပင်။

"Ge ထိခိုက်မိသွားသေးလား!"

ရှောင်းကျန့်က ခေါင်းခါပြပြီး တစ်ချိန်လုံး တုန်ရိစွာ ကြည့်နေတဲ့ ဟိုင်မေ့မေ့ကို ကြည့်လိုက်သည်။ ထိုအကြည့်က သေစေလောက်တာမို့ မေ့မေ့မှာ ကြောက်ပြီး တန်းထွက်ပြေးသွားခဲ့တယ်။

" အတွင်းရေးမှူးလီ ဒီကောင်ကိုရဲစခန်းပို့ "

လီလျှိ့ကွမ်းမှာ ထိုလူကို ရဲစခန်းမပို့ပဲ ဆေးရုံအရင်ပို့ရမယ်လို့ စိတ်ထဲကနေပြောနေမိတယ်။

" ge ...... ကျွန်တော်လေ ge ကိုတစ်ယောက်ထဲမထားခဲ့ချင်လို့ အလုပ်ကိုခေါ်လာပါတယ်ဆို... အခု .... "

" အခု ge ကိုအထင်သေးနေတာပဲ့ မြင်လား နောက်တစ်ဖက်ထပ်ချိုးနိုင်သေးတယ် "

ရိပေါ် သက်ပြင်းချရင်း မနိုင်ဘူးဟူသည့် အပြုံးကိုသာပြုံးနိုင်တော့သည်။

===========The Dream Is=============

ကတိအတိုင်း တင်ပေးတယ်နော်။
ရှောင်းကျန့်လေး ပထမဆုံးဘယ်သူလက်ကို ချိုးခဲ့လဲ မှတ်မိရင် နေ့တိုင်းတင်ပေးမှာနော် .....

XiaoMimi

====================

Zawgyi

အပိုင်း ၁၈

" သား company ကို......"


"ပါး !"





















" အင်းကောင်းသားပဲ့ အ့ "





" ဟုတ် "



" မား "













.............................












ဒုန်း.....











ခွမ်း ...,,




ဆုရန်ရှန်းရဲ့ လက်တစ်ဖက်တော့ ကိုယ်တော်‌လေးရှောင်းရဲ့လက်ချက်နဲ့ ကြိုးသွားရသည်။


ဂျိန်း .....









===========The Dream Is=============


XiaoMimi

===================

Continue Reading

You'll Also Like

271K 17.6K 75
ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់បង គឺដូចជាពន្លឺដែលរះបំភ្លឺបងអោយចេញពីភាពងង...
34.2K 1K 42
Zawgyi ဝမ်းရိပေါ် မြင်မြင်ခြင်း ချစ်မိပြီး မင်းကိုမရရအောင်ယူမှာ ကောင်လေး ရှောင်ကျန်း အကြောင်းကိစ္စတစ်ခုကြောင့် လက်ထက်ထားပေမဲ့ ကျတော့မချစ်...
444K 16.5K 41
18 + ပါမည်​ ကြို​ပြောထားတာပါ​နော်​ အင်​နိုးစန့်​​လေး​တေ မဖတ်​သင့်​ပါ 'မင်းကငါ့ကိုစိတ်​ဝင်​စား​အောင်​လုပ်​နိုင်​တာပဲ' wang yibo 'မင်းကိုကြည့်​လို့က...
153K 22.1K 16
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."