ငါ့ခင်ပွန်းကို နေ့တိုင်း အလို...

By NyeinHlaingZin123

193K 15.3K 151

Title - Pampering My Husband Every Day Type - Web Novel (CN) Genre - Romance , Slice of Life Author - Grumpy... More

Description
အပိုင်း ၂
အပိုင်း ၃
paid gp
အပိုင်း ၄
promotion
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
ပရိုမိုးရှင်း
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
လျော့စျေး
အပိုင်း ၄၁
အပိုင်း ၄၂
gp ပြီးဆုံးခြင်း
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
၃ နှစ်ပြည့် 😍😘😘
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
အပိုင်း ၆၂
အပိုင်း ၆၃
အပိုင်း ၆၄

အပိုင်း ၁

9.2K 405 4
By NyeinHlaingZin123

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၁ - ချင်ကောနဲ့ ဝူထုန် ၁

ကျောက်စိမ်းတောင်သည် မြို့တော်၏ဆင်ခြေဖုံးတွင်ရှိသော ဗီလာခရိုင်တစ်ခုဖြစ်သည်။ အစောကြီးကတည်းက တည်ဆောက်ထားတာဖြစ်တာကြောင့် ခရိုင်က မြို့လယ်ခေါင် နှင့် သိပ်မဝေးပေ။ ဒါပေမယ့် ၎င်း၏တည်နေရာကြောင့် ဗီလာအိမ်များတွင် နေထိုင်သူအများစုမှာ ချမ်းသာပြီး သြဇာညောင်းသူများဖြစ်သည်။

ချင် မိသားစုသည် ဤနေရာတွင် အခြေချနေထိုင်သည့် ပထမဆုံးမိသားစုများထဲမှ တစ်စုဖြစ်သည်။

သူတို့သည် အဖြူရောင်ဥရောပပုံစံ ဗီလာ၊ သုံးထပ်မြင့်သော သစ်ပင်ဥယျာဉ်တစ်ခု၊ ပြောင်မြောက်လှသော ရေပန်းများနှင့် ကျက်သရေရှိသော ပန်းပုရုပ်တုများဖြင့် နေထိုင်ကြသည်။ ပထမတစ်ချက်တွင် ၎င်း၏မြက်ခင်းပြင်ထက်တွင် ပျံသန်းနေသော စွန်များသည် အရှေ့ပိုင်းယဉ်ကျေးမှု၏ အသွင်အပြင်ကို ကိုင်စွဲထားပုံရသည်။

ဒုတိယထပ် လသာဆောင်မှ မစ္စစ်ချင်သည် မြက်ခင်းပြင်၌ ယောက်ျားလေးတစ်ယောက်နှင့် ဆော့ကစားနေသည့် သားကြီးကို ကြည့်ရှုနေစဉ် လေးလေးနက်နက် မျက်မှောင်ကြုတ်ထားခဲ့သည်။

ဒုတိယသားဖြစ်သူ ချင်ဟွိုက်သည် သူ့မိခင် မျက်နှာပေါ်က မည်းမှောင်တဲ့ အမူအရာကိုမြင်ပြီး "ဘာဖြစ်လို့လဲ အမေ"ဟုမေးလိုက်သည်။

"မင်း အစ်ကိုပေါ့ " မစ္စစ်ချင်က သက်ပြင်းချပြီး ဧည့်ခန်းဆီသို့ လှည့်ပြန်သွားခဲ့သည်။

ချင်ဟွိုက်က မြက်ခင်းပြင်ဆီ ငုံ့ကြည့်ပြီးနောက် လှည့်ကာ ဧည့်ခန်းဆီသို့ သူ့အမေနောက်ကနေ လိုက်သွားခဲ့သည်။

မစ္စတာ ချင်က လှေကားက ဆင်းလာတဲ့ ဇနီးဖြစ်သူရဲ့ မျက်နှာအမူအရာကို မြင်သောအခါ သူသည် သတင်းစာဖတ်နေရာမှ ချလိုက်ပြီး "မျက်နှာက ဘာဖြစ်နေတာလဲ" ဟု မေးလိုက်သည်။

"ရှင့်အပူမပါဘူး" ဟု တစ်ချက်ကြည့်ပြီး တုံ့ပြန်သည်။

"ဒီတစ်​ခါ မင်းကို ဘယ်​သူ စိတ်အနှောင့်​အယှက်​ဖြစ်အောင်လုပ်လိုက်တာလဲ "

"ချင်ကောကလွဲရင် ဘယ်သူရှိမှာလဲ" မစ္စ ချင်က သူ့ဘေးက ထိုင်ခုံပေါ်မှာ ထိုင်ချလိုက်သည်။

"ချင်ကောလား။ ချင်ကောက တော်တော်လေး လိမ္မာတယ် မဟုတ်လား" မစ္စတာ ချင်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

"ရှင်က အလုပ်၊ အလုပ်၊ အလုပ်အကြောင်းပဲ တွေးနေတာလေ။ ကျွန်မတို့ သားကို ရှင် လုံးဝ ဂရုမစိုက်ဘူးလား"

"ဂရုစိုက်ပါတယ်! သူနေမကောင်းဖြစ်တုန်းက မင်းလိုပဲ ကိုယ်လည်း စိတ်ပူခဲ့ပေမယ့် စိတ်ရောဂါဆရာဝန်က သူပြန်ကောင်းနေပြီလို့ ပြောခဲ့တယ်မဟုတ်ဘူးလား"

"ဒေါက်တာလီရဲ့ နောက်ဆုံးညွှန်ကြားချက်ကို ရှင် မေ့သွားပြီလား" မစ္စစ် ချင်က သူ့ကို သတိပေးလိုက်သည်။ "သူ့ စိတ်ပိုင်းဆိုင်ရာက ပြန်လည်ကောင်းမွန်လာပေမယ့်လည်း ရန်လိုမှု၊ စိတ်အားထက်သန်မှုလိုမျိုး နောက်ဆက်တွဲဆိုးကျိုးတွေအများ ရှိသေးတယ်..."

"ချင်ကောက စစ်သားတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီးပြီ ပြီးတော့သူက အဲဒီ့မှာ အထူးအရာရှိတစ်ယောက်။ ဒေါသနည်းနည်း ထွက်တတ်တာက ပုံမှန်ပါပဲ" မစ္စတာ ချင် က ငြင်းဆိုခဲ့သည်။

"ရှင်နဲ့ ငြင်းခုံပြီး အချိန်မဖြုန်းချင်ဘူး" မစ္စစ် ချင် ဒေါကန်သွားသည်။ "ဘာပဲဖြစ်ဖြစ် ဒေါက်တာလင်းပြောထားပြီးသားပဲ သူ့ကို ကူညီဖို့ အကောင်းဆုံးနည်းလမ်းက သူ့ရဲ့ရန်လိုမှုတွေကို ဖြေးဖြေးချင်း ပြေပျောက်သွားစေဖို့ မိသားစုချစ်ခြင်းမေတ္တာကို သုံးဖို့ပဲ"

"ဒါဆို မင်းဘာလို့ စိတ်ပူနေသေးတာလဲ။ ကိုယ်တို့ရဲ့ နေ့ရက်တွေကို ခါတိုင်းလို ရှင်သန်နေဖို့ပဲလိုတယ်လို့ ထင်တယ်"

"ရှင်နားကန်းနေတာလား ဘာဖြစ်နေတာလဲ။ ဒေါက်တာ လီက ချင်ကော အတွက် ဇနီးတစ်ယောက်ရှာပြီး သူ့မိသားစုဘဝကို စတင်ခွင့်ပြုဖို့အကြောင်း ရှင်းရှင်းလင်းလင်းပြောခဲ့တယ်လေ "

"အဲ့တာကြောင့် မင်းဒီရက်တွေမှာ သူ့အတွက် blind date စီစဉ်နေတာကိုး " သူက ကောက်ချက်ချခဲ့သည်။

"ဒါပေါ့!"

"အဲ့တော့ ရလဒ်တွေကရော?" ဟုသူ မေးလိုက်သည်။

"မကောင်းဘူး" သူမက အနည်းငယ် သဘာဝမကျသော လေသံဖြင့် ပြန်ဖြေခဲ့သည်။

"မကောင်းဘူးဆိုတဲ့ စကားက မင်း လျှော့ပေါ့ပြောနေတာ။ မင်းသိထားတဲ့ သင့်တော်တဲ့ မိန်းမပျိုလေးတိုင်းနဲ့ ငါတို့သားလေးကို အိမ်ထောင်ချပေးဖို့ မင်းကြိုးစားနေတာ။ ငါတောင် အဲ့ဒါကို ကြားဖူးတယ်။ သူတို့က မင်းကို အဲ့နေရာမှာတင် ငြင်းတာပဲဖြစ်ဖြစ်၊ ချင်ကော အစား ချင်ဟွိုက်ရဲ့ ဖုန်းနံပါတ်ကို တောင်းဖို့ ကြိုးစားနေကြတာ "

"ဒီအချိန်မှာ ရှင် မလိုအပ်ဘဲ ဒုက္ခပေးနေတာ မဟုတ်ဘူးလား" မစ္စစ် ချင်က ဒေါသတကြီးနဲ့ဆက်ပြောခဲ့သည်။ "ဒီလိုတွေဆက်ဖြစ်ရင် ချင်ကောနဲ့ ချင်ဟွိုက်တို့ရဲ့ ဆက်ဆံရေးကိုတောင် ထိခိုက်သွားနိုင်တယ်!"

"ကိုယ်က ဘယ်လိုဒုက္ခပေးတာလဲ။ ကိုယ်တို့သားအတွက်ပဲ ကိုယ်လုပ်နေတာလေ !"

"ဖန့်ချင်း...ကိုယ်တို့မျက်စိထဲမှာ ကိုယ်တို့သားတွေက တန်းတူရည်တူ ထူးချွန်ကြတာကို ကိုယ်သိတယ်။ ဒါပေမယ့် ချင်ကောက စစ်ထဲဝင်သွားပြီး ဒဏ်ရာပေါင်းများစွာ ခံစားခဲ့ရပြီး PTSD နဲ့တောင် ပြန်လာခဲ့ရတာကို မင်းသဘောပေါက်မှရမယ်။ ကိုယ်တို့တွေ တစ်ကမ္ဘာလုံးက စိတ်ရောဂါဆရာဝန်ကို ရှာဖွေခဲ့ကြတာပဲ။ ကိုယ်တို့ အသိုင်းအဝိုင်းထဲက လူတိုင်းက ဒါကို သိတယ်။ ချင်ကော အတွက် ဇနီးမယားကို တကယ်ရှာချင်တယ်ဆိုရင်တော့ ကိုယ်တို့ လူမှုအသိုင်းအဝိုင်းရဲ့ အပြင်ဘက်မှာ ကြည့်တာက ပိုကောင်းလိမ့်မယ်"

"အဲ့တော့ ဘာဖြစ်လဲ။ ကျွန်မတို့သားက စစ်သား၊ သူရဲကောင်းတစ်ယောက်။ ဟုတ်တယ် သူ့မှာ PTSD ရှိတယ်။ ဒါပေမယ့် ပြန်ကောင်းလာပြီလေ " မစ္စစ်ချင်ရဲ့ လေသံကမြင့်လာခဲ့သည်။ "အဲဒီလို မဆီမဆိုင်တဲ့ ကောလာဟလတွေကို သူတို့ တကယ်ယုံကြတာလား။ အဲ့ဒါကြောင့် သူ လူသတ်ခဲ့လို့လား၊ သူ့မိန်းမကို ရိုက်မှာလား။ နောက်ပြီး ချွေးမကို ဘာလို့ အပြင်မှာ ရှာရမှာလဲ။ ကျွန်မတို့ဘာကြောင့် အပေးအယူလုပ်ရမှာလဲ"

မစ္စတာ ချင်က သူ့မိန်းမပြောတာကို နားလည်ပေမယ့် ဂရုမထားမိတဲ့ အချက်ကိုညွှန်ပြခဲ့သည်။ "ချင်ကော အပြင်လူနဲ့ လက်ထပ်ရင် ကိုယ်တို့ရဲ့အနာဂတ်ခမည်းခမက်တွေနဲ့ လူမှုရေးတွေ ပြိုကွဲမှာကို မင်းစိုးရိမ်နေတာ ကိုယ်သိပါတယ်။ ဒါပေမယ့် တကယ့်အဖြစ်မှန်ကို မင်းစဉ်းစားရမယ် "

ချင်ဟွိုက်သည် သူ့မိဘများ ငြင်းခုံသံကို နားထောင်ရင်း လှေကားထစ်ဘေးတွင် ရပ်နေသည်။ ဒီလိုပဲ သူ့အမေ ဘာကို စိတ်ပူနေလဲဆိုတာ သူသိတယ်။ သူ့အစ်ကိုက စစ်တပ်ကျောင်းပြီးပြီးချင်းမှာပဲ စစ်တပ်ထဲဝင်သွားတော့ ညီဖြစ်သူက ချင် အုပ်စု ထဲကို ဝင်ခဲ့ရသည်။ ချင်ကော ဒဏ်ရာကြောင့် အနားယူချိန်တွင် ချင်ဟွိုက်က "မန်နေဂျာချုပ်" ရာထူးသို့ တက်လှမ်းနေပြီဖြစ်သည်။

ထို့နောက် ချင်ကောသည် စိတ်ရောဂါကုထုံးဖြင့် နှစ်နှစ်ကြာအောင် အနားယူခဲ့သည်။ ပြန်လည်ကောင်းမွန်လာပြီးနောက် သူသည် ချင် အုပ်စုထဲ ဝင်ရောက်ရန်ငြင်းဆိုခဲ့ပြီး လုပ်ငန်းတစ်ခုလုံးကို ချင်ဟွိုက်ဆီ ထားခဲ့သည်။ ယခုဆိုလျှင် ချင် အုပ်စု၏ အကြီးဆုံး သခင်လေးက မတူမတန်သလို အထင်အမြင်သေးတာခံရပြီး ဇနီးမယားကိုပင် မရှာဖွေနိုင်တော့ပေ။

"အမေ! အဖေ!" ချင်ဟွိုက် ရုတ်တရက် စကားပြောလိုက်သည်။

"ချင်ဟွိုက် " မစ္စတာ ချင် လှည့်ကြည့်လိုက်တော့ ချင်ဟွိုက်က ခေါင်းညိတ်ပြခဲ့သည်။

"အမေ၊ အမေ တကော အတွက် ဒီ blind date အားလုံးကို စီစဉ်နေခဲ့ပေမယ့် အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သူ့ထင်မြင်ချက်ကို မေးဖူးလား"

"သူငြင်းမှာမဟုတ်ဘူးဆိုတာ အမေ သိတယ်။ သူ ဖေးဖေး ကို ပြီးပြည့်စုံတဲ့ မိသားစု ပေးချင်တယ်လို့ အမေ့ကို ပြောခဲ့တယ်" လို့ မစ္စစ် ချင်က တုံ့ပြန်ခဲ့သည်။

"ဒါဆို.....အဆင်ပြေတဲ့ အိမ်ထောင်ရေးကကော " ချင်ဟွိုက် အကြံပြုလိုက်သည်။

" အဆင်ပြေတဲ့အိမ်ထောင်ရေးလား?" သူ့မိဘတွေက သူ့ကို တပြိုင်နက်တည်းကြည့်လာကြသည်။

"မကြာသေးခင်ကတော့ မိသားစုတော်တော်များများက ချင် အုပ်စုနဲ့ အလုပ်လုပ်ဖို့ တောင်းဆိုလာကြတယ်။ အဆင်ပြေတဲ့အိမ်ထောင်ရေးက မကောင်းတဲ့အိုင်ဒီယာလို့တော့ မထင်ဘူး"

မစ္စစ် ချင်သည် ချက်ချင်း ခေါင်းငုံ့ကာ အကြံဥာဏ်ကို စတင်စဉ်းစားခဲ့သည်။ မစ္စတာ ချင်က သူ့ ဒုတိယသားကို ကြည့်လိုက်ပေမယ့် နောက်ဆုံးတွင် တိတ်တိတ်ဆိတ်ဆိတ်နေရန် ရွေးချယ်ခဲ့သည်။

***

တစ်ပတ်ကြာပြီးနောက် အင်ပါယာ ဟိုတယ် ဝင်ပေါက်၌

ဝူထုန်သည် သူမ ဒုတိယ ဦးလေးရဲ့ မိသားစု လာမှာကို တစ်နေ့ခင်းလုံး စောင့်ခဲ့သည်။ နောက်ဆုံးတွင် ဘန်တလေ ကားသည် ဝင်ပေါက်ရှေ့တွင် ရပ်တန့်သွားခဲ့သည်။သူတို့ ကားပေါ်မှ ဆင်းကာ ဟိုတယ်ထဲသို့ လျှောက်သွားသည်ကို သူမ ကြည့်နေခဲ့ပြီး ချက်ချင်းပင် နောက်သို့ လိုက်သွားခဲ့သည်။

သူမ ဒုတိယဦးလေးရဲ့ မိသားစုက သူမကို ရှောင်နေတာ ရက်သတ္တပတ် အတော်ကြာနေပြီ။ သူမ သူတို့နေတဲ့နေရာသို့သွားတိုင်း သူမကို လုံခြုံရေးအစောင့်များက တားပြီး အိမ်တွင်မည်သူမျှမရှိကြောင်း ပြောကြသည်။ သူမဖုန်းခေါ်လိုက်တိုင်းကို တစ်ခါမှဖြေကြားခြင်းမရှိသောကြောင့် သူမကို blacklist ထဲထည့်ထားသည်ဟု ခံစားခဲ့ရသည်။ သူမ သူတို့ ကုမ္ပဏီ အဆောက်အဦးထဲကို ၀င်ဖို့ ကြိုးစားတာတောင် ဝင်ပေါက်မှာ ရပ်တန့်သွားခဲ့ရသည်။

ဒေါသဖြစ်စရာကောင်းတယ်။

ဒီနေ့တော့ ဘာပဲဖြစ်ဖြစ် ဝူထုန်က သူ့ဦးလေးသဘောတူလာအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူမရဲ့မောင်လေးက သူမကို ဆေးရုံမှာ စောင့်နေတုန်းပဲ။ အချိန်ကကုန်လွယ်သည်။

သူမ ဒုတိယဦးလေးရဲ့ မိသားစုက လော်ဘီ ဓာတ်လှေကားထဲသို့ ဝင်သွားခဲ့ကြသည်။ သူတို့ဘယ်ထပ်သွားမလဲဆိုတာကို သူမအပြေးအလွှားကြည့်ရင်းနဲ့ ကောင်လေးတစ်ယောက် မတော်တဆဝင်တိုက်မိပြီး သူ့ရဲ့အရုပ်သေနတ်က မြေပြင်ပေါ်ပြုတ်ကျသွားခဲ့သည်။

"အိုး... တောင်းပန်ပါတယ်! ရည်ရွယ်ချက်ရှိရှိလုပ်လိုက်တာ မဟုတ်ဘူးနော်!" ကလေးက မလှုပ်ဘဲ သူ့အရုပ်သေနတ်ကို စိုက်ကြည့်နေသည်။ သူက ငိုတာ ဒါမှမဟုတ် ဆူညံအောင်လုပ်တာမျိုး မရှိတာကြောင့်သူ ကြောက်လန့်သွားတယ်လို့ သူမ ထင်ခဲ့သည်။ အရုပ်သေနတ်ကို အလျင်အမြန် ကောက်ယူပြီး ကလေးကို ပြန်ပေးလိုက်သည်။

••••••••••

Zawgyi

ငါ့င္ပြန္းကို ေန႔တိုင္း အလိုလိုက္ေနရယ္

ပိုင္း ၁ - ခ်င္ေကာနဲ႔ ဝူထုန္

ေက်ာက္စိမ္းေတာင္သည္ ၿမိဳ႕ေတာ္၏ဆင္ေျခဖုံးတြင္႐ွိေသာ ဗီလာခ႐ိုင္တစ္ခုျဖစ္သည္။ အေစာႀကီးကတည္းက တည္ေဆာက္ထားတာျဖစ္တာေၾကာင့္ ခ႐ိုင္က ၿမိဳ႕လယ္ေခါင္ ႏွင့္ သိပ္မေဝးေပ။ ဒါေပမယ့္ ၎၏တည္ေနရာေၾကာင့္ ဗီလာအိမ္မ်ားတြင္ ေနထိုင္သူအမ်ားစုမွာ ခ်မ္းသာၿပီး ၾသဇာေညာင္းသူမ်ားျဖစ္သည္။

ခ်င္ မိသားစုသည္ ဤေနရာတြင္ အေျခခ်ေနထိုင္သည့္ ပထမဆုံးမိသားစုမ်ားထဲမွ တစ္စုျဖစ္သည္။

သူတို႔သည္ အျဖဴေရာင္ဥေရာပပုံစံ ဗီလာ၊ သုံးထပ္ျမင့္ေသာ သစ္ပင္ဥယ်ာဥ္တစ္ခု၊ ေျပာင္ေျမာက္လွေသာ ေရပန္းမ်ားႏွင့္ က်က္သေရ႐ွိေသာ ပန္းပု႐ုပ္တုမ်ားျဖင့္ ေနထိုင္ၾကသည္။ ပထမတစ္ခ်က္တြင္ ၎၏ျမက္ခင္းျပင္ထက္တြင္ ပ်ံသန္းေနေသာ စြန္မ်ားသည္ အေ႐ွ႕ပိုင္းယဥ္ေက်းမႈ၏ အသြင္အျပင္ကို ကိုင္စြဲထားပုံရသည္။

ဒုတိယထပ္ လသာေဆာင္မွ မစၥစ္ခ်င္သည္ ျမက္ခင္းျပင္၌ ေယာက်္ားေလးတစ္ေယာက္ႏွင့္ ေဆာ့ကစားေနသည့္ သားႀကီးကို ၾကည့္႐ႈေနစဥ္ ေလးေလးနက္နက္ မ်က္ေမွာင္ၾကဳတ္ထားခဲ့သည္။

ဒုတိယသားျဖစ္သူ ခ်င္ဟြိဳက္သည္ သူ႕မိခင္ မ်က္ႏွာေပၚက မည္းေမွာင္တဲ့ အမူအရာကိုျမင္ၿပီး "ဘာျဖစ္လို႔လဲ အေမ"ဟုေမးလိုက္သည္။

"မင္း အစ္ကိုေပါ့ " မစၥစ္ခ်င္က သက္ျပင္းခ်ၿပီး ဧည့္ခန္းဆီသို႔ လွည့္ျပန္သြားခဲ့သည္။

ခ်င္ဟြိဳက္က ျမက္ခင္းျပင္ဆီ ငုံ႔ၾကည့္ၿပီးေနာက္ လွည့္ကာ ဧည့္ခန္းဆီသို႔ သူ႕အေမေနာက္ကေန လိုက္သြားခဲ့သည္။

မစၥတာ ခ်င္က ေလွကားက ဆင္းလာတဲ့ ဇနီးျဖစ္သူရဲ႕ မ်က္ႏွာအမူအရာကို ျမင္ေသာအခါ သူသည္ သတင္းစာဖတ္ေနရာမွ ခ်လိုက္ၿပီး "မ်က္ႏွာက ဘာျဖစ္ေနတာလဲ" ဟု ေမးလိုက္သည္။

"႐ွင့္အပူမပါဘူး" ဟု တစ္ခ်က္ၾကည့္ၿပီး တုံ႔ျပန္သည္။

"ဒီတစ္​ခါ မင္းကို ဘယ္​သူ စိတ္အေႏွာင့္​အယွက္​ျဖစ္ေအာင္လုပ္လိုက္တာလဲ "

"ခ်င္ေကာကလြဲရင္ ဘယ္သူ႐ွိမွာလဲ" မစၥ ခ်င္က သူ႕ေဘးက ထိုင္ခုံေပၚမွာ ထိုင္ခ်လိုက္သည္။

"ခ်င္ေကာလား။ ခ်င္ေကာက ေတာ္ေတာ္ေလး လိမၼာတယ္ မဟုတ္လား" မစၥတာ ခ်င္က စိတ္႐ႈပ္ေထြးစြာ ေမးလိုက္သည္။

"႐ွင္က အလုပ္၊ အလုပ္၊ အလုပ္အေၾကာင္းပဲ ေတြးေနတာေလ။ ကြၽန္မတို႔ သားကို ႐ွင္ လုံးဝ ဂ႐ုမစိုက္ဘူးလား"

"ဂ႐ုစိုက္ပါတယ္! သူေနမေကာင္းျဖစ္တုန္းက မင္းလိုပဲ ကိုယ္လည္း စိတ္ပူခဲ့ေပမယ့္ စိတ္ေရာဂါဆရာဝန္က သူျပန္ေကာင္းေနၿပီလို႔ ေျပာခဲ့တယ္မဟုတ္ဘူးလား"

"ေဒါက္တာလီရဲ႕ ေနာက္ဆုံးၫႊန္ၾကားခ်က္ကို ႐ွင္ ေမ့သြားၿပီလား" မစၥစ္ ခ်င္က သူ႕ကို သတိေပးလိုက္သည္။ "သူ႕ စိတ္ပိုင္းဆိုင္ရာက ျပန္လည္ေကာင္းမြန္လာေပမယ့္လည္း ရန္လိုမႈ၊ စိတ္အားထက္သန္မႈလိုမ်ိဳး ေနာက္ဆက္တြဲဆိုးက်ိဳးေတြအမ်ား ႐ွိေသးတယ္..."

"ခ်င္ေကာက စစ္သားတစ္ေယာက္အေနနဲ႔ တာဝန္ထမ္းေဆာင္ခဲ့ၿပီးၿပီ ၿပီးေတာ့သူက အဲဒီ့မွာ အထူးအရာ႐ွိတစ္ေယာက္။ ေဒါသနည္းနည္း ထြက္တတ္တာက ပုံမွန္ပါပဲ" မစၥတာ ခ်င္ က ျငင္းဆိုခဲ့သည္။

"႐ွင္နဲ႔ ျငင္းခုံၿပီး အခ်ိန္မျဖဳန္းခ်င္ဘူး" မစၥစ္ ခ်င္ ေဒါကန္သြားသည္။ "ဘာပဲျဖစ္ျဖစ္ ေဒါက္တာလင္းေျပာထားၿပီးသားပဲ သူ႕ကို ကူညီဖို႔ အေကာင္းဆုံးနည္းလမ္းက သူ႕ရဲ႕ရန္လိုမႈေတြကို ေျဖးေျဖးခ်င္း ေျပေပ်ာက္သြားေစဖို႔ မိသားစုခ်စ္ျခင္းေမတၱာကို သုံးဖို႔ပဲ"

"ဒါဆို မင္းဘာလို႔ စိတ္ပူေနေသးတာလဲ။ ကိုယ္တို႔ရဲ႕ ေန႔ရက္ေတြကို ခါတိုင္းလို ႐ွင္သန္ေနဖို႔ပဲလိုတယ္လို႔ ထင္တယ္"

"႐ွင္နားကန္းေနတာလား ဘာျဖစ္ေနတာလဲ။ ေဒါက္တာ လီက ခ်င္ေကာ အတြက္ ဇနီးတစ္ေယာက္႐ွာၿပီး သူ႕မိသားစုဘဝကို စတင္ခြင့္ျပဳဖို႔အေၾကာင္း ႐ွင္း႐ွင္းလင္းလင္းေျပာခဲ့တယ္ေလ "

"အဲ့တာေၾကာင့္ မင္းဒီရက္ေတြမွာ သူ႕အတြက္ blind date စီစဥ္ေနတာကိုး " သူက ေကာက္ခ်က္ခ်ခဲ့သည္။

"ဒါေပါ့!"

"အဲ့ေတာ့ ရလဒ္ေတြကေရာ?" ဟုသူ ေမးလိုက္သည္။

"မေကာင္းဘူး" သူမက အနည္းငယ္ သဘာဝမက်ေသာ ေလသံျဖင့္ ျပန္ေျဖခဲ့သည္။

"မေကာင္းဘူးဆိုတဲ့ စကားက မင္း ေလွ်ာ့ေပါ့ေျပာေနတာ။ မင္းသိထားတဲ့ သင့္ေတာ္တဲ့ မိန္းမပ်ိဳေလးတိုင္းနဲ႔ ငါတို႔သားေလးကို အိမ္ေထာင္ခ်ေပးဖို႔ မင္းႀကိဳးစားေနတာ။ ငါေတာင္ အဲ့ဒါကို ၾကားဖူးတယ္။ သူတို႔က မင္းကို အဲ့ေနရာမွာတင္ ျငင္းတာပဲျဖစ္ျဖစ္၊ ခ်င္ေကာ အစား ခ်င္ဟြိဳက္ရဲ႕ ဖုန္းနံပါတ္ကို ေတာင္းဖို႔ ႀကိဳးစားေနၾကတာ "

"ဒီအခ်ိန္မွာ ႐ွင္ မလိုအပ္ဘဲ ဒုကၡေပးေနတာ မဟုတ္ဘူးလား" မစၥစ္ ခ်င္က ေဒါသတႀကီးနဲ႔ဆက္ေျပာခဲ့သည္။ "ဒီလိုေတြဆက္ျဖစ္ရင္ ခ်င္ေကာနဲ႔ ခ်င္ဟြိဳက္တို႔ရဲ႕ ဆက္ဆံေရးကိုေတာင္ ထိခိုက္သြားႏိုင္တယ္!"

"ကိုယ္က ဘယ္လိုဒုကၡေပးတာလဲ။ ကိုယ္တို႔သားအတြက္ပဲ ကိုယ္လုပ္ေနတာေလ !"

"ဖန္႔ခ်င္း...ကိုယ္တို႔မ်က္စိထဲမွာ ကိုယ္တို႔သားေတြက တန္းတူရည္တူ ထူးခြၽန္ၾကတာကို ကိုယ္သိတယ္။ ဒါေပမယ့္ ခ်င္ေကာက စစ္ထဲဝင္သြားၿပီး ဒဏ္ရာေပါင္းမ်ားစြာ ခံစားခဲ့ရၿပီး PTSD နဲ႔ေတာင္ ျပန္လာခဲ့ရတာကို မင္းသေဘာေပါက္မွရမယ္။ ကိုယ္တို႔ေတြ တစ္ကမ႓ာလုံးက စိတ္ေရာဂါဆရာဝန္ကို ႐ွာေဖြခဲ့ၾကတာပဲ။ ကိုယ္တို႔ အသိုင္းအဝိုင္းထဲက လူတိုင္းက ဒါကို သိတယ္။ ခ်င္ေကာ အတြက္ ဇနီးမယားကို တကယ္႐ွာခ်င္တယ္ဆိုရင္ေတာ့ ကိုယ္တို႔ လူမႈအသိုင္းအဝိုင္းရဲ႕ အျပင္ဘက္မွာ ၾကည့္တာက ပိုေကာင္းလိမ့္မယ္"

"အဲ့ေတာ့ ဘာျဖစ္လဲ။ ကြၽန္မတို႔သားက စစ္သား၊ သူရဲေကာင္းတစ္ေယာက္။ ဟုတ္တယ္ သူ႕မွာ PTSD ႐ွိတယ္။ ဒါေပမယ့္ ျပန္ေကာင္းလာၿပီေလ " မစၥစ္ခ်င္ရဲ႕ ေလသံကျမင့္လာခဲ့သည္။ "အဲဒီလို မဆီမဆိုင္တဲ့ ေကာလာဟလေတြကို သူတို႔ တကယ္ယုံၾကတာလား။ အဲ့ဒါေၾကာင့္ သူ လူသတ္ခဲ့လို႔လား၊ သူ႕မိန္းမကို ႐ိုက္မွာလား။ ေနာက္ၿပီး ေခြၽးမကို ဘာလို႔ အျပင္မွာ ႐ွာရမွာလဲ။ ကြၽန္မတို႔ဘာေၾကာင့္ အေပးအယူလုပ္ရမွာလဲ"

မစၥတာ ခ်င္က သူ႕မိန္းမေျပာတာကို နားလည္ေပမယ့္ ဂ႐ုမထားမိတဲ့ အခ်က္ကိုၫႊန္ျပခဲ့သည္။ "ခ်င္ေကာ အျပင္လူနဲ႔ လက္ထပ္ရင္ ကိုယ္တို႔ရဲ႕အနာဂတ္ခမည္းခမက္ေတြနဲ႔ လူမႈေရးေတြ ၿပိဳကြဲမွာကို မင္းစိုးရိမ္ေနတာ ကိုယ္သိပါတယ္။ ဒါေပမယ့္ တကယ့္အျဖစ္မွန္ကို မင္းစဥ္းစားရမယ္ "

ခ်င္ဟြိဳက္သည္ သူ႕မိဘမ်ား ျငင္းခုံသံကို နားေထာင္ရင္း ေလွကားထစ္ေဘးတြင္ ရပ္ေနသည္။ ဒီလိုပဲ သူ႕အေမ ဘာကို စိတ္ပူေနလဲဆိုတာ သူသိတယ္။ သူ႕အစ္ကိုက စစ္တပ္ေက်ာင္းၿပီးၿပီးခ်င္းမွာပဲ စစ္တပ္ထဲဝင္သြားေတာ့ ညီျဖစ္သူက ခ်င္ အုပ္စု ထဲကို ဝင္ခဲ့ရသည္။ ခ်င္ေကာ ဒဏ္ရာေၾကာင့္ အနားယူခ်ိန္တြင္ ခ်င္ဟြိဳက္က "မန္ေနဂ်ာခ်ဳပ္" ရာထူးသို႔ တက္လွမ္းေနၿပီျဖစ္သည္။

ထို႔ေနာက္ ခ်င္ေကာသည္ စိတ္ေရာဂါကုထုံးျဖင့္ ႏွစ္ႏွစ္ၾကာေအာင္ အနားယူခဲ့သည္။ ျပန္လည္ေကာင္းမြန္လာၿပီးေနာက္ သူသည္ ခ်င္ အုပ္စုထဲ ဝင္ေရာက္ရန္ျငင္းဆိုခဲ့ၿပီး လုပ္ငန္းတစ္ခုလုံးကို ခ်င္ဟြိဳက္ဆီ ထားခဲ့သည္။ ယခုဆိုလွ်င္ ခ်င္ အုပ္စု၏ အႀကီးဆုံး သခင္ေလးက မတူမတန္သလို အထင္အျမင္ေသးတာခံရၿပီး ဇနီးမယားကိုပင္ မ႐ွာေဖြႏိုင္ေတာ့ေပ။

"အေမ! အေဖ!" ခ်င္ဟြိဳက္ ႐ုတ္တရက္ စကားေျပာလိုက္သည္။

"ခ်င္ဟြိဳက္ " မစၥတာ ခ်င္ လွည့္ၾကည့္လိုက္ေတာ့ ခ်င္ဟြိဳက္က ေခါင္းညိတ္ျပခဲ့သည္။

"အေမ၊ အေမ တေကာ အတြက္ ဒီ blind date အားလုံးကို စီစဥ္ေနခဲ့ေပမယ့္ အိမ္ေထာင္ေရးနဲ႔ ပတ္သက္ၿပီး သူ႕ထင္ျမင္ခ်က္ကို ေမးဖူးလား"

"သူျငင္းမွာမဟုတ္ဘူးဆိုတာ အေမ သိတယ္။ သူ ေဖးေဖး ကို ၿပီးျပည့္စုံတဲ့ မိသားစု ေပးခ်င္တယ္လို႔ အေမ့ကို ေျပာခဲ့တယ္" လို႔ မစၥစ္ ခ်င္က တုံ႔ျပန္ခဲ့သည္။

"ဒါဆို.....အဆင္ေျပတဲ့ အိမ္ေထာင္ေရးကေကာ " ခ်င္ဟြိဳက္ အၾကံျပဳလိုက္သည္။

" အဆင္ေျပတဲ့အိမ္ေထာင္ေရးလား?" သူ႕မိဘေတြက သူ႕ကို တၿပိဳင္နက္တည္းၾကည့္လာၾကသည္။

"မၾကာေသးခင္ကေတာ့ မိသားစုေတာ္ေတာ္မ်ားမ်ားက ခ်င္ အုပ္စုနဲ႔ အလုပ္လုပ္ဖို႔ ေတာင္းဆိုလာၾကတယ္။ အဆင္ေျပတဲ့အိမ္ေထာင္ေရးက မေကာင္းတဲ့အိုင္ဒီယာလို႔ေတာ့ မထင္ဘူး"

မစၥစ္ ခ်င္သည္ ခ်က္ခ်င္း ေခါင္းငုံ႔ကာ အၾကံဥာဏ္ကို စတင္စဥ္းစားခဲ့သည္။ မစၥတာ ခ်င္က သူ႕ ဒုတိယသားကို ၾကည့္လိုက္ေပမယ့္ ေနာက္ဆုံးတြင္ တိတ္တိတ္ဆိတ္ဆိတ္ေနရန္ ေ႐ြးခ်ယ္ခဲ့သည္။

***

တစ္ပတ္ၾကာၿပီးေနာက္ အင္ပါယာ ဟိုတယ္ ဝင္ေပါက္၌

ဝူထုန္သည္ သူမ ဒုတိယ ဦးေလးရဲ႕ မိသားစု လာမွာကို တစ္ေန႔ခင္းလုံး ေစာင့္ခဲ့သည္။ ေနာက္ဆုံးတြင္ ဘန္တေလ ကားသည္ ဝင္ေပါက္ေ႐ွ႕တြင္ ရပ္တန္႔သြားခဲ့သည္။သူတို႔ ကားေပၚမွ ဆင္းကာ ဟိုတယ္ထဲသို႔ ေလွ်ာက္သြားသည္ကို သူမ ၾကည့္ေနခဲ့ၿပီး ခ်က္ခ်င္းပင္ ေနာက္သို႔ လိုက္သြားခဲ့သည္။

သူမ ဒုတိယဦးေလးရဲ႕ မိသားစုက သူမကို ေ႐ွာင္ေနတာ ရက္သတၱပတ္ အေတာ္ၾကာေနၿပီ။ သူမ သူတို႔ေနတဲ့ေနရာသို႔သြားတိုင္း သူမကို လုံျခဳံေရးအေစာင့္မ်ားက တားၿပီး အိမ္တြင္မည္သူမွ်မ႐ွိေၾကာင္း ေျပာၾကသည္။ သူမဖုန္းေခၚလိုက္တိုင္းကို တစ္ခါမွေျဖၾကားျခင္းမ႐ွိေသာေၾကာင့္ သူမကို blacklist ထဲထည့္ထားသည္ဟု ခံစားခဲ့ရသည္။ သူမ သူတို႔ ကုမၸဏီ အေဆာက္အဦးထဲကို ၀င္ဖို႔ ႀကိဳးစားတာေတာင္ ဝင္ေပါက္မွာ ရပ္တန္႔သြားခဲ့ရသည္။

ေဒါသျဖစ္စရာေကာင္းတယ္။

ဒီေန႔ေတာ့ ဘာပဲျဖစ္ျဖစ္ ဝူထုန္က သူ႕ဦးေလးသေဘာတူလာေအာင္လုပ္ဖို႔ ဆုံးျဖတ္လိုက္သည္။ သူမရဲ႕ေမာင္ေလးက သူမကို ေဆး႐ုံမွာ ေစာင့္ေနတုန္းပဲ။ အခ်ိန္ကကုန္လြယ္သည္။

သူမ ဒုတိယဦးေလးရဲ႕ မိသားစုက ေလာ္ဘီ ဓာတ္ေလွကားထဲသို႔ ဝင္သြားခဲ့ၾကသည္။ သူတို႔ဘယ္ထပ္သြားမလဲဆိုတာကို သူမအေျပးအလႊားၾကည့္ရင္းနဲ႔ ေကာင္ေလးတစ္ေယာက္ မေတာ္တဆဝင္တိုက္မိၿပီး သူ႕ရဲ႕အ႐ုပ္ေသနတ္က ေျမျပင္ေပၚျပဳတ္က်သြားခဲ့သည္။

"အိုး... ေတာင္းပန္ပါတယ္! ရည္႐ြယ္ခ်က္႐ွိ႐ွိလုပ္လိုက္တာ မဟုတ္ဘူးေနာ္!" ကေလးက မလႈပ္ဘဲ သူ႕အ႐ုပ္ေသနတ္ကို စိုက္ၾကည့္ေနသည္။ သူက ငိုတာ ဒါမွမဟုတ္ ဆူညံေအာင္လုပ္တာမ်ိဳး မ႐ွိတာေၾကာင့္သူ ေၾကာက္လန္႔သြားတယ္လို႔ သူမ ထင္ခဲ့သည္။ အ႐ုပ္ေသနတ္ကို အလ်င္အျမန္ ေကာက္ယူၿပီး ကေလးကို ျပန္ေပးလိုက္သည္။


#28.1.2023

Continue Reading

You'll Also Like

551K 14.9K 20
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
1.5M 32.7K 71
အချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်
552K 12.4K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်