Seint (စိမ့်) >

By kokolayphilo

31.9K 1.5K 100

Ladyboy လေးကို ပြိုင်ကြိုက်ကြတဲ့ Seme နှစ်ယောက်။ လုံးဝမတည့်ရာကနေ ဘယ်လိုတွေ ချစ်သွားကြမှာလဲ? လူဆိုးဂိုဏ်းခေါင... More

1
2
3
4
5
6
7
8
9
11
12
13
14
15
16
17
18
19
20
End

10

1K 56 2
By kokolayphilo


စိမ့်။


အပိုင်း (၁၀)


လက်ကနာရီကိုပဲ အကြောင်းမဲ့ စိတ်လောစွာ ကြည့်နေမိရင်းက Taxi သမားကို အမြန်မောင်းဖို့ကို တောင်းဆိုနေမိတယ်။

“အစ်ကို မြန်မြန်လေး မောင်းပေးပါဗျာ။ ကျေးဇူးတင်ပါတယ်နော်။”

“အင်းပါ ညီလေးရာ။ တအားတော့ မလောပါနဲ့။ အန္တရယ်များတယ်လေ။”

“ဟုတ်ကဲ့ပါ။ ကျွန်တော် အရမ်းအရေးကြီးနေလို့ပါဗျာ။”

တကယ်လဲ စိတ်က မရှည်တော့တာ အမှန်ပေ။ စိမ့်ကို စိတ်အရမ်းပူနေမိတယ်။ လေယာဉ်ပေါ်ကနေ မနဲပြောပြီး အတင်းပြန်ဆင်းလာခဲ့တာလေ။ လေယာဉ်ခ ဒေါ်လာ (၇၀၀) အဆုံးခံခဲ့ သလို တန်ဆာဆောင်ထားတဲ့ ခရီးဆောင်အိတ်ကြီးလည်း ဘယ်စီရောက်သွားမှန်း သတိမရတော့။ အိမ်နဲ့တော့ အတော်လေး ပြောဆို တောင်းပန်ရပေဦးမည်။ တကယ်က မျိုးသက်က ရန်ဖြစ်လေ့မရှိပဲ အမြဲရှောင်တက်ပေမယ့် အခု စိမ့်ကို စိတ်မချလွန်းလို့ ပြန်လှည့်လာ လိုက်တာလေ။ နောက်ပြီး သေချာတာတစ်ခုက သူ စိမ့်ကို ချစ်နေမိတယ် ဆိုတာပေါ့။ အခုလည်း စိမ့်ပါမက အဖိုးရော ညီမလေးပါ ဒုက္ခရောက်နေတာကို မျိုးသက် ဒီတိုင်းထွက်မသွား နိုင်ပါဘူး။ ကျန်တဲ့ကိစ္စတွေ နောက်မှရှှင်းမယ်။ လောလောဆယ် စိမ့်နောက်ကို လိုက်သွားမယ်။

မျိုးသက် ဖုန်းကို ထုတ်လိုက်ပြီး သူငယ်ချင်းစီကို ဆက်လိုက်ပါတယ်။

“သားကြီး ငါ့ကို ဆိုင်ကယ်တစ်စီး ယူခဲ့ပေးပြီး သပြေရိပ်ကနေ စောင့်နေ ငါအခုပြန်လာနေပြီ။ နောက် မိနစ် (၂၀) လောက်ဆို ရောက်ပြီ။ အမြန်နော်။ ဟာ အဲဒါတွေ နောက်မှ ပြောစမ်းပါ။ ငါမှာတာ အမြန်လုပ်ပေး။ အေး။ အဲဒါဆို ဒါပဲ။”


…………………………………

စိုင်းကို ကားကို တစ်နေရာမှာ ရပ်လိုက်ပြီး စိမ့်ကို လှည့်ကြည့်လိုက်ပါတယ်။ ပြီးတော့ သက်ပြင်းကို ချလိုက်ရင်း

“မင်း အဆင်သင့် ဖြစ်ပြီလား စိမ့်။”

“ရောက်ပြီဆို သွားမယ်။ အချိန်မရှိဘူး။”

“နေဦး။ မင်းကို ငါတစ်ခုပြောစရာရှိလို့။”

“ဘာပြောမလို့လဲ အမြန်ပြောပါ။ ဟိုမှာ ဒုက္ခရောက်နေကြပြီဗျ။”

စိုင်းကို စိမ့်ကို စိုက်ကြည့်လိုက်ကာ

“ကိုယ်စခဲ့တဲ့ ဇာတ်လမ်းဆိုပေမယ့် ဒီကိစ္စတွေ ကို တစ်ကယ်မသိတာ အမှန်ပါ။ အဲဒီ့အတွက် မင်းကို့ကိုယ် စိတ်ဆိုးလို့ရတယ်။ စိတ်နာလို့ရတယ်။ ဒါပေမယ့် မင်း မုန်းလို့တော့မရဘူးနော်။ ဘာလို့လဲ ဆိုတော့ မင်းကို ငါသိပ်ချစ်နေလို့ပဲ စိမ့်။”

“အရေးထဲဗျာ။ သွားရအောင်ပါ။”

“အိုခေ မင်းဒါကို သိထားရင်ရပြီ။ ဒီကနေ ဆင်းပြီး ငါတို့ တောင်ကုန်းပေါ်ကနေ တက်သွားမယ်။ အရှေ့ကနေဆို ပိုပြီး အန္တရယ်များတယ်။”

“သွားမယ်။”

တောင်စောင်းလေးကနေ သစ်ပင်တွေကြားကနေ သူတို့ လမ်းလျှောက်တက်လာခဲ့ ကြပါတယ်။ ဟော ဟိုးမှာ ခပ်လှမ်းလှမ်းမှာ သစ်ပင်ခြုံနွယ်တွေ ကြားကနေ အိမ်ဟောင်းကြီး တစ်လုံးကို လှမ်းတွေ့လိုက်ရပါတယ်။

“စိတ်မလောနဲ့နော် စိမ့်။”

သူတို့ တိုက်အိုကြီးနောက်ဖက် အုတ်တံတိုင်းကို ရောက်တော့ ခြံထဲကို အခြေအနေလှမ်းကြည့်လိုက်တော့ ရပ်ထားတဲ့ ကားတွေ (၆) စီးရှိသလို အစောင့်လို့ ထင်ရတဲ့ သူတွေ တိုက်ကြီးရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ နှစ်ယောက်စီရှိနေပြီး အိမ်နောက်ဖက်မှာတော့ သုံးယောက်။ သုံးယောက်စလုံး သေနတ်ကိုင်ထား တာမတွေ့ရတာမို့ သူတို့ သစ်ပင်တစ်ပင်ကို ကွယ်ကာ ခြံထဲကိုကျော်ဝင်လိုက်ပါတော့တယ်။


………………………….

“ဟေ့ကောင် ဘယ်သွားမလို့လဲ။”

“သေးပေါက်မလို့ပါကွာ မင်းကလဲ နေဦး။”

“လုပ်တော့ လူမိုက်လုပ်နေပြီး ရှက်တက်နေလိုက်တာ အဲ့မှာကော့ပန်းလိုက်ရနေတာကို။”

စိမ့်တို့ သစ်ပင်ရှိရာနားကို တစ်ယောက်ကလျှောက်လာနေတာမို့ စိုင်းကို စိမ့်ကို လှည့်ကြည့်လိုက်တော့ စိမ့် လက်ကာပြလိုက်ရင်း အုတ်တံတိုင်းမှာ ကပ်ပြီး မတ််တပ်ရပ်လိုက်ကာ ခေါင်းမှာစီးထားတဲ့ သရေပင်းကို ဖြုတ်ကာ ဆံပင်ကို တဖက်ကိုသိမ်းကာ ရှေ့ကိုဆွဲချလိုက်ပါတယ်။ ပြီးတော့ မျက်နှာလေးကို ပြုံးထား လိုက်ပါတယ်။

အပေါ့သွားမယ့်သူက သစ်ပင်နားကို ရောက်တော့ စိမ့်ကို မြင်ကာ ရုတ်တရက် လန့်သွားပေမယ့် စိမ့်က နှုတ်ခမ်းမှာ လက်ညှိုးလေး အသာကပ်ကာ အသံမထွက်ဖို့ လုပ်ပြလိုက်ပြီး လက်ယက်ခေါ်လိုက်ပါတယ်။ ကြောင်တောင်တောင်နဲ့ တောင်မြောက်ကြည့်ရင်း စိမ့်ရှိရာကို လျှောက်လာတဲ့သူကို သစ်ပင်နားကို ရောက်တော့ စိုင်းကိုက သစ်ပင်နောက်ကို လှမ်းဆွဲကာ လည်ပင်းကို တစ်တောင်နဲ့ပတ်ရင်း လည်လိမ်ချိုးချလိုက်ပါတယ်။

ပြီးတော့စိမ့် ကိုတစ်ချက်ကြည့်ကာ ဘယ်ဖက်က လူကို တာဝန်ယူဖို့ ခြေဟန်လက်ဟန်နဲ့ ပြလိုက်ပါတယ်။ နှစ်ယောက်သား တစ်ပြိုင်နက် သစ်ပင်ကွယ်ကနေ ပြေးထွက်လိုက်ပြီး အိမ်ကြီးနောက်က နှစ်ယောက်စီ ပြေးဝင်သွားပါတော့တယ်။

“ဟေ့ကောင်။”

ရုတ်တရက်ပြေးဝင်လာတဲ့ စိမ့်ကို ခြေစောင်းနဲ့လှမ်းကန်တာမို့ စိမ့် ခြေထောက်ကို လက်နှစ်ဖက်နဲ့ ဖမ်းကိုင်လိုက်ရင်း ခြေထောက်တဖက်က ထိုလူရဲ့ ကျန်ခြေ တစ်ဖက်ကို နင်းလိုက်ကာ လက်တွေကို အပေါ်ကို ဆန့်ထုတ်လိုက်ပါတယ်။ ပေါင်နှစ်ဖက်ကို ဆွဲဖြဲလိုက်သလို ဖြစ်သွားတာမို့ အားခနဲ အော်ကာ လဲကျသွားပါတော့ယ်။ လဲကျသွားတဲ့သူကို လက်ပြန်ကိုင်လိုက်ကာ မှောက်ချလိုက်ပြီး အောက်က ရေညှိုတက်နေတဲ့ ကွန်ကရစ်နဲ့ ခေါင်းကို လေးငါးချက် ဆင့်ကာ စောင့်ချလိုက်တာမို့ သွေးတွေရဲခနဲဖြစ်ကာ ငြိမ်ကျသွားပါတယ်။

အဲဒီ့အချိန်မှာပဲ စိမ့်ဖက် အခြမ်းကို လူတစ်ယောက်ပြေးလာကာ အော်မလို့ လုပ်နေတုန်း စိမ့်ပုခုံးပေါ်က ပုဝါလေးကို လက်ထဲကနေ ဆန့်ထုတ်လိုက် တာမို့ ပါးစပ်ပြင်နေတုန်းမှာပဲ အသံတိတ်လို့ သွားရပါတော့တယ်။ ပုဝါလာထိတာမို့ မျက်နှာက လည်ထွက်သွားတုန်းမှာပဲ စိမ့် ခြေတစ်ဖက်က အဲဒီ့လူရဲ့လည်မြိုကို ဖောင်းခနဲ ဝင်သွားပါတော့တယ်။ အဲဒီ့လူ ပစ်လဲသွားတာနဲ့ တစ်ပြိုင်နက် ပါးစပ်က သွေးတွေ ထွက်လို့ လာပါတော့တယ်။ စိမ့်အနားကို ကပ်သွားကာ လည်ပင်းပေါ်ကို ခြေထောက်တင်လိုက်ပြီး ဆတ်ခနဲ နင်းချလိုက်တော့ အသံပင်မထွက်တော့ ငြိမ်သက်လို့သွားပါတော့တယ်။

စိုင်းကို ဖက်ကို လှည့်ကြည့်လိုက်တော့ စိုင်းကိုလဲ လက်စသပ်ကာ စိမ့်ကို လှည့်ကြည့်လိုက်တာမို့ တစ်ယောက်ကို တစ်ယောက်ခေါင်းငြိ်မ့်ပြလိုက်ကာ အိမ်ကြီးရဲ့ တဖက်တချက်စီကနေ လူခွဲကာ အိမ်ရှေ့ကို ထွက်လာကြပါတော့တယ်။ အိမ်ဘေးမှ လျှောက်လာတုန်း ကျောက်တုန်းတစ်တုန်းကို စိမ့် ကောက်ကိုင်လိုက်ကာ ပုဝါရဲ့ အလည်မှာ ထည့်လိုက်ပြီး လက်ကို ယမ်းလိုက်ပါတယ်။ ပုဝါလေးက လည်နေပြီး ကျောက်တုန်းကို ရစ်ပတ်ပြီးသား ဖြစ်လို့ နေပါတော့တယ်။

အိမ်ရှေ့မှာတော့ လူတွေ (၆) ယောက်လောက် ရှိနေတာမို့ စိမ့်နဲ့ စိုင်းကို အတူလူလုံးထွက်ပြလိုက်ပါတော့တယ်။ လူက တဖက်သုံးယောက်ခွဲကာ ထွက်လို့ လာတာမို့ စိမ့်က အသင့်အနေအထား ရပ်နေလိုက်သလို စိုင်းကိုကလည်း အားခနဲအော်ကာ ရှေ့ကိုပြေးတက်လာတာ တွေ့လိုက်ရပါတယ်။ စိမ့်လက်ထဲက ပုဝါနဲ့ပတ်ထားတဲ့ ကျောက်တုံးက ရှေ့ဆုံးက ရောက်လာတဲ့သူရဲ့ ဂျိုလ်စောင်းကို ခွပ်ကနဲ ရိုက်သွားကာစိမ့်လက်ထဲကို ချက်ခြင်းပြန်ရောက် လာပါတယ်။ နောက်မှာ နှစ်ယောက်တစ်ပြိုင်နက် တက်လာတာမို့ ပုဝါကိုင်တဲ့ လက်ကို ဆန့်ထုတ်ပြီး ရမ်းလိုက်ချိန်မှာ တစ်ယောက်ကို တော့ ထိသွားပေမယ့် ကျန်တဲ့ တစ်ယောက်က ဖမ်းကိုင်ထားခြင်းကို ခံလိုက်ရပါတယ်။

စိမ့် ပုဝါကိုင်တဲ့လက်အောက်ကို တစ်ပတ်လျှိုကာ ဝင်လိုက်ပြီး ပုဝါကို အားနဲ့ စောင့်ဆွဲလိုက်တာမို့ ဖမ်းကိုင်ထားတဲ့သူကို ကိုင်ပေါက်လိုက်သလို ဖြစ်ကာစိမ့်ပေါ်ကို ငိုက်ကျလို့ လာပါတော့တယ်။ စိမ့် တံတောင်စစ်တစ်ဖက်က ငိုက်ကျလာတဲ့ မျက်နှာကို အသင့် စောင့်ကြိုနေပြီးသား။ နောက်က ကောင် ဘေးကို လဲကျသွားချိန်မှာ ခုနက နှစ်ယောက်ပြန်ထလာပါတယ်။ နှစ်ယောက်စလုံး ခေါင်းမှာသွေးတွေနဲ့။ စိမ့် ပုဝါထဲက ကျောက်တုန်းကို ဖျည်လိုက်ပြီး လက်က ကိုင်ထားလိုက်ပါတော့တယ်။

နှစ်ယောက်တစ်ပြိုင်ထဲ ပြေးဝင်လာတာမို့ စိမ့်တစ်ယောက်ရဲ့ ခါးစောင်းကို ဖျတ်ကန်ရင်း နင်းချလိုက်ကာ လူကလေထဲ မြောက်တက်သွားပြီး ကျန်တစ်ယောက်ရဲ့ ခေါင်းကို လက်ထဲက ကျောက်တုံးနဲ့ အားရပါးရ ထုချလိုက်ပါတော့တယ်။ မြေပေါ်ပြန်ကျတာနဲ့ အကန်ခံရလို့ လဲသွားတဲ့ ကောင်ပေါ်ကို တက်ခွထိုင်လိုက်ကာ ခေါင်းကို ကျောက်ခဲနဲ့ ခွပ်ခနဲ ခွပ်ခနဲ ထုချလိုက်ပါတယ်။ ငြိမ်သွားလို့ နောက်လှည့်ကြည့်တော့ လဲနေတဲ့ တစ်ယောက်က ထကာ အိမ်ဖက်ပြေးသွား တာ တွေ့တာမို့ လက်ထဲက ကျောက်တုံးကို ဝှစ်ခနဲ ပစ်လွှတ်လိုက်တာ နောက်စေ့တည့်တည့်။ ကားခနဲမှောက်သွားချိန်မှာ စိမ့်ထပြေး သွားကာ နောက်ကနေ ဒူးထောက်ကာ တက်ထိုင်လိုက်ပြီး မေးစေ့ကို လှမ်းကိုင်လိုက်ကာ ဆတ်ခနဲ ဆွဲလှည့်လိုက်ပါတော့တယ်။

စိမ့်ကုန်းထပြီး စိုင်းကို ကိုလှမ်းကြည့် လိုက်တော့ တစ်ယောက်ကျန်နေသေးတာမို့ စိမ့် ပြေးသွာလိုက်ပါတယ်။ စိမ့် အနားကို ရောက်သွားချိန်မှာပဲ စိုင်းကိုက သူနဲ့ တိုက်နေတဲ့သူကို လှဲသိပ်လိုက်တာမို့ နှစ်ယောက်သား အိမ်ကြီးထဲကို ဝင်ခဲ့လိုက်ပါတော့တယ်။

“မင်းကတော့ သောက်ပြသနာပဲ မျိုးသက်ရာ။ မင်းအိမ်က သိရင် ကွိုင်တော့မှာ။”

“အဲဒါအသာထားလိုက် ဟေ့ကောင်။ ပေး ဆိုင်ကယ်သော့ ဘယ်ဆိုင်ကယ်လဲ။”

ထိုက်ကြီးက သော့ကိုလှမ်းပေးရင်း သပြေရိပ် လဖက်ရည်ဆိုင်လေး ရှေ့မှာရပ်ထားတဲ့ စကိုဖီး ဆိုင်ကယ် အနက်လေးကို လက်ညှိုးထိုး ပြလာပါတယ်။

“ဘာမှမဖြစ်စေနဲ့နော်။ လခွမ်း ငါဝယ်ထားတာ နှစ်လတောင်မပြည့်သေးဘူး။”

မျိုးသက် ကျောပိုးအိတ်လေးကို လွယ်ကာ ဆိုင်ကယ်လေး စီးပြီး ထွက်လာခဲ့လိုက်ပါတယ်။


………………………………….

“ကြိုဆိုပါတယ်ဗျာ။ မင်းငါ့လက်ကနေ ဘယ်လောက်ပြေးပြေး မလွတ်ဘူး ဆိုတာ မင်းယုံသွားပြီလား ညီညီဇော်။ ဟားဟားဟား။”

စိုင်းကို စိမ့်ဖက်ကို လှည့်ကြည့်ပြီး ကျန်တစ်ဖက်ကိုလဲ လှည့်ကြည့်လိုက်ပြီး စိမ့်ဖက် ပြန်လှည့်ကာ

“သူဘယ်သူ့ကိုပြောနေတာလဲ စိမ့်။”

“ဟမ် ခများက တမျိုး ညီညီဇော်ဆိုတာ ကျုပ်နာမည်။”

“အော်ဟီး။”

ဧည့်ခန်းမှာ ထိုင်နေတဲ့ ဘရန်တူးက မတ်တပ်ရပ်လိုက်ရင်း ပြောလိုက်သလို သူ့နောက်မှာ မင်းထက်နဲ့ လူဆယ်ယောက်လောက်က အသင့် အနေအထားနဲ့ ရပ်နေကြပါတယ်။ သေနတ်ကိုင်ထားတဲ့ သူက နှစ်ယောက်ပဲ ဖြစ်ပြီး ကျန်တဲ့သူတွေကတော့ ဘာလက်နက်မှ ကိုင်ဆောင်ထားခြင်းမရှိပေ။

စိမ့်နဲ့ စိုင်းကို ရပ်နေရာကနေ ရုတ်တရက် ဧည့်ခန်းကျယ်ကြီးရဲ့ ဘယ်ညာကို လူခွဲကာ ပြေးထွက်လိုက်ပါတယ်။ စိမ့်ဖက်ကို လေးယောက်ပြေးလာသလို စိုင်းကို ဖက်ကို လေးယောက်ပြေးလိုက်သွားလေရဲ့။ မင်းထက်ရယ် အခြား သေနတ်ကိုင်ထားတဲ့ နှစ်ယောက်ကတော့ ဘရန်တူးနားမှာ ရပ်ကျန်ရစ်ခဲ့ ကြပါတယ်။

စိမ့် နောက်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီး အပေါ်ထပ်ကိုတက်တဲ့ လှေခါး လက်ယမ်းတိုင်ကို ပြေးကိုင်လိုက်ကာ ခြေထောက်နှစ်ဖက်စလုံး မြှောက်ကာ နောက်ပြန်ကန်ချလိုက်တော့ နောက်က ဝင်လာတဲ့ ကောင်တစ်ယောက် လဲကျလို့သွားပါတော့တယ်။ လူကလည်သွားတာမို့ ခြေထောက်ချပြီးတာနဲ့ စိမ့် ကျန်တဲ့ သုံးယောက်နဲ့ မျက်နှာချင်းဆိုင်ပြီးသား ဖြစ်လို့သွားပါတော့တယ်။ စိမ့်က အခြေအနေစောင့် ကြည့်နေတုန်း တစ်ယောက်ပြေးဝင်လာကာ ဝှိုက်လက် သီး တစ်လုံးပစ်သွင်းလာတာမို့ စိမ့် ခေါင်းကို ငုံ့ကာ ရှောင်လိုက်ပြီး လက်နှစ်ဖက်ကို စုပ်ကိုင်ကာ ပေါင်ကြားထဲကို အားနဲ့ စောင့်ချလိုက်တော့ အားခနဲအော်ကာ တစ်ယောက်လဲသွားပြန် ပါတယ်။

စိမ့် ခန္ဓာကိုယ် အနေအထားကို ပြင်လိုက်ပြီး ကျန်နှစ်ယောက်ကို ရင်ဆိုင်ဖို့ ကြည့်လိုက်တော့ နှစ်ယောက်သား ရှေ့ကို တစ်ပြိုင်ထဲ တက်လာတာမို့ စိမ့် လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ကာ ယားခနဲ အော်ပြီး ပြေးကပ်ကာ ပစ်လှဲချဖို့ ကြိုးစားလိုက်ပေမယ့် ကံဆိုးစွာ လက်နှစ်ဖက်ကို ချုပ်ကိုင်ကာ တောင့်ပြီး ထိန်းထားခြင်း ခံလိုက်ရပါတယ်။ စိမ့်ကို လက်ကောက်ဝတ်နဲ့ လက်မောင်းရင်းကနေ ချုပ်ကိုင်ထားကြပြီး နောက်က လှေကားထိပ်မှ လက်ယမ်းတိုင်နဲ့ ပစ်တိုက် လိုက်ခြင်းခံရပါတော့တယ်။ ကျောဖက်မှာ အောင့်ခနဲ ဖြစ်သွားသလို ပါးစပ်ကနေလဲ အွတ်ဆိုတဲ့ အသံနဲ့ အတူသွေးတွေ စီးကျလို့ လာပါတယ်။

စိမ့် ပက်လန်လဲကျနေရာမှ ကုန်းထလိုက်ကာ နှုတ်ခမ်းကို သုတ်လိုက်ရင်း ခေါင်းကို လယ်ညာလှည့် ဇတ်ချိုးပြီး ပြုံးပြလိုက်မိပါရဲ့။ ပြီးတော့မှ ခုနနှစ်ယောက်ကို လက်ယက်ကာ ပြန်စဖို့ ဖိတ်ခေါ်လိုက် ပါတယ်။ ဟိုနှစ်ယောက်က ဒီတစ်ခါလည်း တပြိုင်ထဲဝင်လာကာ တစ်ယောက်က ဝမ်းဗိုက်စီကို လက်သီးက ဦးတည်လာသလို နောက်တစ်ယောက်က မျက်နှာစီကို ဦးတည်လို့လာပါတယ်။ မျက်နှာကို ရှောင်လိုက် နိုင်ပေမယ့် ဝမ်းဗိုက်ကို ဝင်လာတဲ့ လက်သီးကိုတော့ လွတ်အောင် မရှောင်နိုင်တော့ပေ။

“အ့ ကျွတ်။”

နောက်ကို ယိုင်သွားတဲ့ လူကို မနဲပြန်ထိန်းလိုက်ရင်း ခြေထောက်အနေအထား နဲ့ လက်အနေအထားကို အသင့်ပြန်ပြင်လိုက်ရ ပြန်ပါတယ်။ ဒီနှစ်ယောက် က အတော်လူညီပုံရတယ်။ စိမ့် သတိကောင်းကောင်းထားနေလိုက်ရပါတယ်။ အဲဒီ့အချိန်မှာပဲ နှစ်ယောက်သား စိမ့်စီကို ပြန်ဝင်လာပြန်ပါတယ်။ တစ်ယောက်က စိမ့် လည်တိုင်တွေစီကို ခြေစောင်းနဲ့ ပြေးကန်လာတာကို လက်တစ်ဖက်နဲ့ ပုတ်ထုတ်လိုက်ပြီး နောက်တစ်ယောက်က ပေါင်ကြားကို ဒူးနဲ့ ပြေးတိုက်တာမို့ အဲဒီ့ဒူးပေါ် လက်ကိုထောက်ကာ ပြန်ဖိချလိုက်ရင်း စိမ့်ဒူးတစ်ဖက် လေထဲမြောက်တက်သွားကာ သူ့နားထင်စီ ဖောင်းခနဲ ဝင်သွားပါတော့တယ်။ တုံးခနဲ ပစ်လဲသွားတာမို့ စိတ်ချလို့ရပြီ။

ကျန်တစ်ယောက်မျက်နှာကို လှမ်းကြည့်မိလိုက်တော့ ခုနက ဆုမွန်ရှေ့မှာ ထိုင်နေတာတွေ့ လိုက်ရတဲ့ တစ်ယောက်။ စိမ့် လှစ်ခနဲ သူ့နားပြေးကပ်သွား တော့ သူက ချက်ခြင်း နောက်ကို ဆုတ်လိုက်ပေမယ့် စိမ့်သူ့လည်ပင်းကို အမိအရဖမ်းစုပ်ကိုင်လိုက်ပြီး လူကိုယ်လှဲ့လိုက်ကာ ကိုင်ပေါက်ချလိုက်ပါတော့တယ်။ ပက်လန်လဲကျနေတဲ့ အဲဒီ့ကောင်ရဲ့ လည်ပင်းပေါ်ကို တံတောင်စစ်ကွေးပြီး အားရပါးရ ပစ်လှဲချလိုက်ပါတော့တယ်။ အနီးကပ်မို့ ဂျွတ်ခနဲ အသံကြားလိုက်ရပြီး ငြိမ်ကျလို့ သွားပါတော့တယ်။

စိမ့်အဲဒီ့ကောင်ရဲ့ မျက်နှာကို အနီးကပ် စက်စုပ်ရွံရှာစွာ ကြည့်လိုက်ပြီး မျက်နှာကို တံတွေးနဲ့ ထွေးချလိုက်ပါတော့တယ်။ ထမလို့ ပြင်လိုက်တော့ ကျောစီက အောင့်ခနဲ ဖြစ်ကာ လူက ယိုင်ခနဲ ဖြစ်လို့သွားပါတော့တယ်။

စိမ့် ဟန်ချက်ကို ထိမ်းကာ ကုန်းထရင်း စိုင်းကို ကိုလှမ်းကြည့်လိုက်တော့ နှစ်ယောက်ကျန်နေသေးပြီး ရှင်းနေကြတုန်းပါပဲ။ ပထမဆုံးပေါင်ကြားထဲ လက်စုပ်နဲ့ ပစ်ထည့်ခံထားရတဲ့ တစ်ယောက်က ပေါင်ကြားထဲလက်ထည့်ကာ ကွေးကွေးလေး လဲနေပါတယ်။ စိမ့် အနားကို သွားပြီးဘေးစောင်း အနေအထား ဖြစ်နေတဲ့ သူရဲ့ လည်ပင်းကို ခြေနဲ့ နင်းချလိုက်ပါတော့တယ်။ နောက််တစ်ယောက် ဘေးကို ဒူးတစ်ဖက်ထောက်ထိုင်ကာ ခေါင်းကို ဆွဲမရင်း ဘရန်တူးဖက်ကို လှမ်း ကြည့်လိုက်ပါတယ်။

ဘရန်တူးကော မင်းထက်ပါ စိမ့်ကို လှမ်းကြည့်နေကြတာမို့ စိမ့် နှုတ်ခမ်းလေး တစ်ဖက်ကိုကွေးအောင် မဲ့ခနဲ ပြုံးပြလိုက်ပြီး ခေါင်းကို လိမ်ချလိုက်ပါ တော့တယ်။ အဲဒီ့အချိန်မှာပဲ ဘရန်တူးနဲ့ သုံးယောက်က အောက်ထပ်က အခန်းတစ်ခန်းထဲ ဝင်သွားတာ တွေ့လိုက်ရတာမို့ လိုက်သွားဖို့ ပြင်လိုက်ပေမယ့် စိုင်းကိုကို လှမ်းကြည့်လိုက်တော့ ကြမ်းပြင်ပေါ်လဲနေတာ တွေ့တာမို့ စိမ့် စိုင်းကိုဖက်ကို ပြန်သွားလိုက်ရ ပါတော့တယ်။

စိုင်းကိုဖက်လှည့်နေတဲ့ တစ်ကောင်ကို နောက်ကနေ ပြေးကန်လိုက်ပြီး ကျန်တစ်ယောက်နားထင်စီ လက်သီးတစ်လုံး အားစိုက်ပြီးပစ် သွင်းလိုက်တော့မို့ နှစ်ယောက်စလုံး လဲကျလို့သွားပါတော့တယ်။ စိမ့် စိုင်းကိုဘေးမှာ ရပ်လိုက်ပြီး လက်တစ်ဖက် ကမ်းပေးလိုက်တော့ စိုင်းကို စိမ့်လက်ကို ဆွဲကာထရပ်လိုက် ပါတော့တယ်။

အဲဒီ့နှစ်ယောက်ကို လက်စသတ်ပြီး ဘရန်စိုင်းတို့ ဝင်သွားတဲ့ အခန်းကို လိုက်မလို့ ပြင်လိုက်စဉ်မှာပဲ သေနတ်သံနဲ့ အတူ စိိ်မ့်နားမှ ဖျတ်သွားတဲ့ ကျည်ဆံကြောင့် နှစ်ယောက်သား ခေါင်းကို ငုံ့ကာ နီးစပ်ရာ အကွယ်စီကို ပြေးကပ်လိုက်ကြရပါတော့တယ်။


…………………………………….

မျိုးသက် အရင်ဆုံးလာခဲ့တာက ရဲစခန်းကိုပါ။ အဲဒီကနေ တစ်ဆင့် စိုင်းကို အိမ်ရှိရာကို ရောက်တော့ စိုင်းကို တို့နဲ့ တိုက်ခိုက်ခဲ့တဲ့ တပည့် နှစ်ယောက်ကို ဖမ်းမိပေမယ့် ဘယ်လိုမှ မေးမရတာမို့ အချိန်က အတော်လေး ကြာနေပါတော့တယ်။ စိမ့်ကို စိတ်ပူနေတာမို့ မျိုးသက် ရင်တမမနဲ့ ဂနာမငြိမ် ဖြစ်လို့ နေရပါပြီ။

စိမ့် အန္တရယ်မှ ကင်းရဲ့လား မသိ။ အဖိုးနဲ့ ညီမလေး အတွက်လည်း အတော်လေး စိုးရိမ်နေမိတာ အမှန်ပင်။ စိမ့် ဘာမှ မဖြစ်စေဖို့ပဲ ရင်ထဲကနေ အထပ်ထပ် ဆုတောင်းနေမိပါတော့တယ်။

“ညီလေး။”

“ဗျာ သိရပြီလားဗျ။”

“အင်း။ ……… အဲဒီ့နေရာမှာ ….”

နေရာပြောပြပြီးတာနဲ့ မျိုးသက် သူ့စကားကို ဆုံးအောင်နားမထောင် တော့ပဲ အိမ်ထဲကနေ ထွက်ခဲ့လိုက်ပါတယ်။ ပြီးတော့ မျိုးသက် စကိုဖီး ဆိုင်ကယ်ပေါ် တက်ခွလိုက်ပြီး ဦးထုပ်ကို စောင်းကာ ဒလကြမ်း မောင်းထွက်ခဲ့ လိုက်ပါတော့တယ်။

Continue Reading

You'll Also Like

203K 15.2K 33
គ្រាន់តែបើកភ្នែកឡើង គេក៏បានក្លាយទៅជាភរិយារបស់ឧត្តមសេនីយ៍ឯកចនបាត់ទៅហើយ! JEON JUNGKOOK/KIM TAEHYUNG
392K 29.7K 35
Kim - ချစ်~~ချစ်တယ်~~~မောင် Jeon - မောင်သိတယ် Cv_ Pinterest
738K 41.7K 26
Jk - Possessive type #Warning Cv_ Pinterest