ကျတော့်ရဲ့ နဂါးကောင်လေး(MM tr...

By mizzle69

218K 39.2K 1.1K

ကျတော့ရဲ့ gongက အမြီးအကြီးကြီးနဲ့ နဂါးကြီး More

ဇာတ်လမ်း အကျဥ်း
chapter 1
chapter 2
chapter 3
chapter 4
chapter 5
chapter 6
chapter 7
chapter 8
chapter 9
chapter 10
chapter 11
chapter 12
chapter 13
chapter 14
chapter 15
chapter 16
chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28 ( Uni)
Chapter 28 (Zawgyi)
Chapter 29 (part 1)
Chapter 29 (Part 2)
Chapter 30 (Part 1)
Chapter 30 ( Part 2)
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Request !! Please..🫶
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72

Chapter 55

2.4K 494 8
By mizzle69

ပေါင့်ကွေးချန်က နန်ဟွိုင်လင်ထက် အသက်တစ်နှစ်သာ ပိုကြီးတာဖြစ်သည်။ ငယ်ငယ်လေးတည်းက အတူတူဆော့ကြီး ကြီးပြင်းလာတာကြောင့် သူတို့ရဲ့ ဆက်ဆံရေးက ညီအကိုအရင်းတွေထက်တောင် ပိုကောင်းနေသေး၏။

ဟိုရင်အချိန်က နန်ဟွိုင်လင် ရှစ်ယန်နဲ့ ပေကျင်းကို လိုက်သွားချင်ခဲ့တုန်းက သူ့အဖေက လုံးဝသဘောမတူခဲ့ဘဲ သူ့ကို အိမ်ထဲမှာ တစ်ပတ်လောက်ထိ ပိတ်ထားခဲ့သည်။ နောက်ဆုံး ပေါင့်ကွေးချန်က သော့ကိုခိုးပြီး သူ့ကိုထုတ်ပေးမှသာ လွတ်မြောက်ခဲ့တာဖြစ်သည်။

သူ့နာမည်ကို အော်ခေါ်လိုက်တဲ့ နန်ဟွိုင်လင့်အသံကိုကြားတော့ ပေါင့်ကွေးချန်က ခေါင်းလှည့်ကြည့်လာပြီး ပြုံးပြရင်း လက်ယမ်းပြလာသည်။ ထို့နောက် ဆေးလိပ်ကို မီးငြှိမ်းသတ်ပြီး သူ့နားမှာရှိတဲ့ အမိုက်ပုံးထဲသို့ လွင့်ပစ်လိုက်သည်။

နန်ဟွိုင်လင် ဖေ့ချန်လက်ကို ကိုင်ကာ မြန်မြန်လျှောက်သွားလိုက်ရင်း ပေါင့်ကွေးချန်နားရောက်တော့ သူ့အကိုကို တင်းကျင်းစွာ ဖက်ပစ်လိုက်သည်။ ထို့နောက် ပြုံးကာ နှုတ်ဆက်လိုက်သည်။

" အကို...မတွေ့ရတာ တော်တော်ကြာပြီ "

" ဟုတ်တယ်..တော်တော်ကြာပြီ...တစ်နှစ်တောင်ကျော်နေပြီမလား..ဟမ်? " ပေါင့်ကွေးချန်က သူ့ဘေးမှာရပ်နေတဲ့ ဖေ့ချန်ကို တစ်ချက်ကြည့်လာပြီး ပြုံးကာဆိုလာ၏။ " လုပ်ပါဦး...မင်းကိုယ်မင်း မိတ်ဆက်စမ်းပါဦး "

ဖေ့ချန်က နန်ဟွိုင်လင်ကူပြောပေးမှာကို စောင့်မနေပေ။ သူက ပေါင့်ကွေးချန်ဆီ လက်ဆန့်တန်းလိုက်ပြီး မပြုံးခင်အရင် " အကို "လို့ ခေါ်ဆိုလာ၏။

" ကျတော့်နာမည်က ဖေ့ချန်ပါ...နန်ဟွိုင်လင်ရဲ့ ကောင်လေးပေါ့ "

ထို့နောက် ပေါင့်ကွေးချန်ကလည်း လက်ဆန့်တန်းလာပြီး အချင်းချင်း ဆက်ဆွဲနှုတ်ဆက်လိုက်ကြသည်။

ပေါင့်ကွေးချန်, " ဟုတ်ပြီ..ကားထဲအရင်ဝင်ရအောင် "

ဖေ့ချန် ကားနောက်ဖုံးထဲကို ပစ္စည်းတွေထည့်ပြီးတော့ သူ့ကို နန်ဟွိုင်လင်က ကားနောက်ခန်းထဲကို တွန်းပို့သွားပြီး သူကိုယ်တိုင်ကတော့ ကားရှေ့ခန်းမှာ သွားထိုင်ကာ မျက်နှာအုပ်တွေ မျက်မှန်တွေ ချွတ်နေတော့၏။

" တီဗွီထဲမှာကြည့်ရတာနဲ့ အပြင်ဘက်မှာ လူအစစ်လိုက်ကြီး မြင်ရတာက အတော်ကို ကွာခြားတာပဲ " ကားစတီယာတိုင်ရဲ့နောက်မှာ ထိုင်နေတဲ့ ပေါင့်ကွေးချန်က နန်ဟွိုင်လင်ကို စိုက်ကြည့်ကာ ပြောလာသည်။ " မင်းက ငါ့ညီအစစ်ရော ဟုတ်ရဲ့လား? "

" အကို ငါးတန်းတုန်းကလေ..အီးပါချထားတဲ့အထုပ်ကြီးကို အိမ်ရှေ့ကို လှမ်းပစ်တာလေ..အဲ့မှာ ကျတော့်အန်တီရဲ့ယောက်ျားက အပြင်ထွက်လာတော့ သူ့မျက်နှာကို အီးတွေ စင်သွားတာလေ...ပြီးတော့ သူ အကို့ကို လိုက်ရိုက်တော့တာပဲ..အဲ့တာ အကိုက ကြောက်အားလန့်အားနဲ့ မြစ်ထဲကို အလောတကြီးခုန်ဆင်းလို့ ရေနစ်သေတော့မလို့တောင် ဖြစ်သွားသေးတယ်လေ"

နန်ဟွိုင်လင့်အပြောကြောင့် ဖေ့ချန် မထိန်းနိုင်ဘဲ ရယ်မိတော့သည်။

ထိုအခါ ပေါင့်ကွေးချန်ရော နန်ဟွိုင်လင်ကပါ သူ့ကို တစ်ချိန်တည်းလှည့်ကြည့်လာ၏။ "....."

ထို့ကြောင့် ဖေ့ချန် မသိသလိုပဲ ချောင်းပြန်ဟန့်ကာ ရယ်တာကိုရပ်တန့်လိုက်ရ၏။ " အာ..ဆောရီး "

ပေါင့်ကွေးချန်က နန်ဟွိုင်လင့်ခေါင်းကို တွန်းကာဆိုလာ၏။ " မင်း ငါ့အကြောင်း တခြားနဲနဲလေးပိုကောင်းတဲ့ အရာများမမှတ်မိတာလား? မျက်လုံးဖြူလေးနဲ့ ဝံပုလွေကောင်ပဲ "

"အကိုက မယုံဘူးဆိုလို့ သက်သေပြတဲ့ဟာကို" နန်ဟွိုင်လင် ပြုံးကာ ပြောလိုက်သည်။

ထို့နောက် ပေါင့်ကွေးချန်က လမ်းပေါ်ကို ကားမောင်းထွက်လာခဲ့သည်။ " မင်းလာမဲ့အကြောင်းကိုကြားထားတဲ့ အိမ်နီးချင်းတွေကြောင့် မင်းအိမ်ကတော့ လူတွေနဲ့ပြည့်နေလောက်ပြီ..အဲ့တာကြောင့် အသင့်ပြင်ထားဦး "

" အခု ကျတော်သွားတဲ့နေရာတိုင်းကို လူတွေစုပြုံလာတာကို အကျင့်တောင်ရနေပါပြီ "

ထိုအခါ ပေါင့်ကွေးချန်က ကားနောက်ကြည့်မှန်ကနေ ဖေ့ချန်ကို တစ်ချက်ကြည့်ပြီး တုံ့ဆိုင်းစွာပြောလာ၏။ " အဲ့တာဆို...ဘယ်လိုလုပ်မလဲ...မင်းကောင်လေးကို အရင်ဆုံး ဟိုတယ်ခေါ်သွားမလား? ဘေးမှာလည်းလူတွေကအများကြီးရောက်နေမှာဆိုတော့လေ...ငါ စိတ်တော့နဲနဲစိတ်ပူမိတယ်...မင်းက အိမ်ကို ကောင်လေးခေါ်လာတယ်ဆိုရင် မင်းမိဘတွေက-"

" အကို " နန်ဟွိုင်လင် ကြားဖြတ်ကာ ပွင့်ပွင့်လင်းလင်းပြောပြလိုက်သည်။ " ကျတော် ဒီတစ်ခါပြန်လာတာက လက်ထပ်ဖို့နဲ့ မှတ်ပုံတင်စာအုပ်လုပ်ဖို့ပဲ "

ထိုအခါ ပေါင့်ကွေးချန်က သူ့ကို အံ့အားသင့်စွာကြည့်လာ၏။ " မင်းက လက်ထပ်ရအောင် အသက်ဘယ်လောက်ရှိသေးလို့လဲ? အဲ့အပြင်..အနုပညာလောကထဲမှာ ဖန်တွေမလျော့သွားစေဖို့ မင်းရဲ့အချစ်ကို ဖုံးကွယ်ထားရမယ်လေ..မင်းက ဘယ်လိုလုပ် လက်ထပ်ဖို့ဖြစ်သွားတာလဲ? "

ထို့ကြောင့် နန်ဟွိုင်လင် အလေးအနက်ထားကာ ပြန်ဖြေလိုက်သည်။ " ဘာလို့လဲဆိုတော့ ကျတော်တို့ ဘယ်တော့မှမပြောင်းလဲပဲ ထာဝရအတူရှိနေကြမယ်လို့ စိတ်ပိုင်းဖြတ်ထားပြီးပြီ။ အဲ့တာကြောင့် ကျတော် လက်ထပ်ချင်တယ်..သူနဲ့ တရားဝင်အသိအမှတ်ပြုမှုတစ်ခုနဲ့အတူ အတူတူနေသွားချင်တယ် "

ထို့နောက် ပေါင့်ကွေးချန်က အချိန်ခနလောက်ထိ တိတ်ဆိတ်သွားခဲ့သည်။ " မင်းမိဘတွေက ဘယ်တော့မှ သဘောတူမှာမဟုတ်ဘူး "

" အကိုကတော့ ကျတော့်ဘက်မှာ ရှိနေပေးမယ်မလား? "

ပေါင့်ကွေးချန်က အကူအညီမဲ့စွာ ပြုံးလာခဲ့သည်။ " ငါ မင်းကို ကောင်းကောင်းမသိသေးဘူးပဲ..မင်းက နူးညံ့တဲ့တည်သီးတစ်လုံးနဲ့တူပေမယ့် တကယ်တော့ မင်းက အမာဆုံးပဲ..မင်းလုပ်မယ်လို့ ဆုံးဖြတ်ပြီးရင် ဘယ်သူပဲ မင်းကိုလာကူပြောပြော မရဘူး "

နန်ဟွိုင်လင်က နောက်လှည့်ပြီး ဖေ့ချန်ကို မျက်စိမှတ်ပြတော့ ဖေ့ချန်က သူ့ကို နမ်းလာခဲ့သည်။ ထို့နောက် ဖေ့ချန် ပေါင့်ကွေးချန်ကို သတိပေးလိုက်၏။

" အကို..ကျေးဇူးပြုပြီး စူပါမားကတ်မှာ ခနရပ်ပေးပါလား..အန်တီနဲ့ဦးလေးအတွက် လက်ဆောင်လေး နည်းနည်းဝယ်ချင်လို့ "

ပေါင့်ကွေးချန်က ကျောက်တုံးဖြင့်လုပ်ထားသောလမ်းမပေါ်က လူသွားဖို့လုပ်ထားတဲ့လမ်းသွယ်နားလေးထိ တန်းတန်းမောင်းသွားပြီး လမ်းမတစ်ဖက်မှာ ကားရပ်ကာ ဖေ့ချန်ကို ပစ္စည်းဝယ်ဖို့ ခေါ်ထုတ်သွား၏။ နန်ဟွိုင်လင်ပါ လိုက်ဝင်လို့ မဖြစ်တာကြောင့် သူက ဖေ့ချန်ကို ဘယ်လိုပစ္စည်းဝယ်ဖို့ သင်​ပေးလိုက်ဖို့သာ တက်နိုင်တော့သည်။

" အရမ်းစျေးကြီးတာကြီးတွေ မဝယ်ခဲ့နဲ့နော်..ကျတော့်အမေက ပိုက်ဆံကို လက်လွတ်စပယ်သုံးရင် မကြိုက်ဘူး "

" အင်းပါ.." ဖေ့ချန်က ပြုံးကာ​ဆိုလာသည်။ " ကိုယ်မှတ်ထားပါ့မယ် "

နန်ဟွိုင်လင် ကားထဲမှာထိုင်စောင့်နေရင်း ဘာမှ ထွေထွေထူးထူးလုပ်စရာမရှိတာကြောင့် မိန်ထျန်းကျူဆီ ဖုန်းခေါ်လိုက်သည်။

" အမကျူ...ကျတော့်ရဲ့အဓိကဝီဘိုအကောင့်ရဲ့ လျှို့ဝှက်နံပါတ်လေး ပို့ပေးပါလား? "

ဒီအချိန်တွေတစ်လျှောက်လုံးမှာ နန်ဟွိုင်လင် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေရတာကြောင့် သူ့ရဲ့ဝီဘိုကို မိန်ထျန်းကျူက စီမံပေးနေတာဖြစ်သည်။ ဒါပေမယ့် သူမ ပို့စ်တင်မယ်ဆိုရင်တော့ သူ့ခွင့်ပြုချက်ရမှာသာ တင်ရတာဖြစ်သည်။ သူမ အဓိကတင်တာကတော့ သူ့တီဗွီစီရီးတွေရဲ့ များစွာသောပရိုမိုးရှင်းဘလော့တွေပဲဖြစ်ပြီး တစ်ခါတစ်လေ သူ ရိုက်ကွင်းမှာရှိနေတဲ့ပုံဖြစ်ဖြစ် ပွဲတွေမှာရှိနေတဲ့ပုံပဲဖြစ်ဖြစ် နှစ်ပုံလောက် တင်တက်သေး၏။

" အိုကေ..ငါ မင်းကို ခနနေကျရင် ဝီချက်မှာပို့ပေးလိုက်မယ်...မင်း အလုပ်တွေအကုန်ထားသွားတာ..အရေးကြီးတာတစ်ခုခုဖြစ်လို့လား? "

" မဟုတ်ဘူးရယ်..." နန်ဟွိုင်လင် ပြုံးကာဆိုလိုက်သည်။ " ကျတော့်ကောင်လေးပြန်ရောက်လာတော့...ကျတော် သူ့နဲ့အချစ်အကြောင်းတွေ ပြောချင်လို့ "

"....." မထင်မှတ်ထားတဲ့အချိန်မှာ ခွေးစာတွေအဝကျွေးခံလိုက်ရတာကြောင့် မိန်ထျန်းကျူ ခနလောက်ထိကို ဘာပြောလို့ပြောရမှန်းမသိ ကြောင်သွားရသည်။

" ဒါဆို မင်းရဲ့အလုပ်တွေ ဘယ်တော့ပြန်စမှာလဲ? ငါ အလုပ်ရှုပ်နေရတာနဲ့ နေသားကျလာခဲ့တော့...အခု ရုတ်တရက်ကြီး မနေတက်ဖြစ်နေတယ်"

" ကျတော် အမရှန်ဆီက တစ်လခွင့်ယူထားပြီးပြီ..အဲ့အကြောင်းတွေကို မေလတစ်ရက်နေ့ပြီးမှ ထပ်ပြောရအောင်လေ "

" ကောင်းပြီလေ...ဒါဆိုလည်း ကောင်းကောင်းပျော်ကြပါ...ပါပါရာဇီတွေဆီကနေလည်း ဓာတ်ပုံရိုက်မခံရအောင် သတိထားဦး "

" ဟုတ်ကဲ့..ဘိုင်ဘိုင် "

ထို့နောက် နန်ဟွိုင်လင် ဝီဘိုအကောင့်ကိုဝင်ကာ ကွန်မန့်တစ်ချို့ကို ဟာသနှောကာပြန်ဖြေလိုက်သည်။ ပြီးနောက် အခုတလော ဘာသတင်းတွေ ဟော့ဖြစ်နေလဲဆိုတာကို ရှာဖွေလိုက်၏။

နာရီဝက်ကျော်ကျော်လိုင်းသုံးလိုက်ရပြီး နောက်ဆုံးတွင်တော့ ပေါင့်ကွေးချန်နှင့် ဖေ့ချန်က ပြန်ရောက်လာခဲ့သည်။

နန်ဟွိုင်လင်, " ဘယ်တွေဝယ်လာခဲ့လဲ? "

" အဝတ်စားနည်းနည်းရယ် ဖြည့်စွက်စာတွေရယ် "

ဒီပစ္စည်းတွေက သိပ်အထူးတဆန်းမဟုတ်တာကြောင့် နန်ဟွိုင်လင် ဘာမှ ပြောစရာမလိုတော့ပေ။

နောက်ထပ်မိနစ်နှစ်ဆယ်အကြာတွင် ကားက ကျယ်ဝန်းတဲ့လမ်းမကြီးကနေ လမ်းသေးသေးကျဥ်းကျဥ်းလေးထဲကို ကွေ့ဝင်သွားခဲ့ပြီး တဖြေးဖြေး ကားအရှိန်ကိုလည်း လျော့ပြီးမောင်းရတော့သည်။

ဖေ့ချန် မှန်ကိုအောက်ဆွဲချလိုက်ပြီး အပြင်ကိုကြည့်လိုက်တော့ မျက်လုံးထဲတွေ့ရတာဆိုလို့ အဖြူရောင်နံရံတွေနဲ့အနက်ရောင်အုပ်ကြွပ်အမိုးတွေသာဖြစ်သည်။ အမြင့်တွေကလည်း မညီမညာနဲ့ အများစုက နှစ်တော်တော်ကြာတဲ့ အိမ်ဟောင်းကြီးတွေဖြစ်သည်။ ကားက ထောင့်ချိုးကာထပ်ကွေ့လိုက်တော့ အရမ်းမကျယ်လွန်းပေမယ့် အရမ်းလည်းမကျဥ်းလွန်းတဲ့ မြစ်တစ်စင်းကိုတွေ့ရသည်။ မြစ်ထဲက လှေတွေပေါ်မှာစီးနှင်းနေတဲ့ နိုင်ငံခြားသားများကိုလည်း တွေ့ရသေးသည်။

" ဒါ မင်းကြီးပြင်းခဲ့တဲ့နေရာလား? "

" ဟမ်....ကျတော့်အသက်ဆယ့်ရှစ်နှစ် ပေကျင်းကို မရောက်ခင်ထိပေါ့ "

ဒီလမ်းကြားထဲမှာ ပဲပုပ်ပဲလိုဗာရှင်းနဲ့နန်ဟွိုင်လင်က ထောင်ထောင်ထောင်ထောင်နဲ့ ဟိုပြေးဒီပြေးဆော့ကစားနေတယ်လို့ တွေးလိုက်မိတော့ ဖေ့ချန်၏နှုတ်ခမ်းထောင့်စွန်းများက ကွေးတက်လာခဲ့သည်။

ဖေ့ချန်, " ဒီနေရာက အရမ်းလှတာပဲ "

တကယ်က ဒီနေရာက အဲ့လောက်လှတာလည်း မဟုတ်ပါဘူး..ဒါပေမယ့်လို့ သူ့မိန်းမနေခဲ့တဲ့နေရာဖြစ်တာကြောင့် အရမ်းလှသွားတာ....

မြစ်ကမ်းတစ်လျှောက်ကို အချိန်ခနမောင်းလာခဲ့ပြီးနောက် ကားက ကျဥ်းမြောင်းတဲ့လမ်းကြားထဲကို ထပ်ကွေ့သွားပြီး မကြာခင်မှာ ရပ်တန့်သွား၏။

အကြောင်းအရင်းကတော့ လမ်းပေါ်မှာရှိနေတဲ့လူအုပ်ကြီးက တားဆီးလိုက်တာကြောင့်ဖြစ်သည်။

" ငါတို့ ဒီကနေပဲသွားမှရမယ်..လူတွေက အရမ်းများလွန်းတယ်..နော်? " ပေါင့်ကွေးချန်က အံအားသင့်စွာဆိုလာ၏။ " ထွက်မယ် "

သူတို့သုံးယောက် ကားထဲကထွက်လိုက်ကြပြီး ဖေ့ချန်က လက်နှစ်ဖက်လုံးနဲ့လက်ဆောင်ပစ္စည်းတွေ ဆွဲထားသည်။ ပေါင့်ကွေးချန်က ကားနောက်ဖုံးကိုအရင်ဖွင့်ကာ ပစ္စည်းတွေ ဆွဲထုတ်ပြီး ဖေ့ချန်ကို လှမ်းဆွဲထားလိုက်ရ၏။

နန်ဟွိုင်လင်ကတော့ သူ ကားထဲကထွက်ထွက်ချင်း လူအုပ်ကြားထဲပျောက်သွားကာ ဖေ့ချန်တောင် သူ့ကိုမမြင်ရဘဲ လူတွေကိုနှုတ်ဆက်နေတဲ့ နန်ဟွိုင်လင့် အသံသဲ့သဲ့သာကြားနေရ၏။

ပေါင့်ကွေးချန်က ပြုံးကာ ဖေ့ချန်ကိုမေးလာ၏။ " ငါ့ညီက အခုအရမ်းပေါ်ပြူလာဖြစ်နေတာလား? "

ဖေ့ချန်, " သူက အခု နေ့တစ်နေ့ရှည်လျားသလောက်ကို ပေါ်ပြူလာဖြစ်နေတာ..ဘယ်သူမှသူ့ကို မယှဥ်နိုင်ဘူး "

ထိုအခါ ပေါင့်ကွေးချန်က အသံနိမ့်ကာ ထပ်​မေးလာ၏။ " ဒါဆို သူအခု လက်ထပ်လိုက်ရင် သူ့ရဲ့အလုပ်မှာ တကယ်ပဲအကျိုးသက်ရောက်မှု မရှိဘူးလား? "

" ကျတော့်မိသားစုက မီဒီယာကုမ္ပဏီပိုင်ဆိုင်ထားတာမို့...ကျတော်က သူ့ကို ပိုပိုပြီးကောင်းတာတွေဖြစ်လာအောင် လုပ်ပေးသွားမှာပါ..အကို စိတ်အေးအေးထားလို့ရတယ် "

ထိုအခါ ပေါင့်ကွေးချန်က သူ့ကို သံသယရှိစွာ မေးလာ၏။ " မင်း...မင်း..မဟုတ်ဘူးမလား...မင်း..ငါ့ညီကို အကျပ်ကိုင်ထားတာတော့ မဟုတ်ဘူးမလား? "

ဖေ့ချန် မြန်မြန်ရှင်းပြရတော့သည်။ " ကျတော့်ရဲ့ သိက္ခာနဲ့ထပ်တူ အာမခံပါတယ်ဗျာ..နန်ဟွိုင်လင်နဲ့ကျတော်က တစ်ကယ်ပဲချစ်နေကြတာပါ"

ထို့နောက်မှ ပေါင့်ကွေးချန်က ပြုံးလာပြီး သူ့ပခုံးကို ခပ်ဖွဖွပုတ်ကာ ပြောလာ၏။ " ငါက စနေတာ...စိုးရိမ်မနေနဲ့ " သူက ရှေ့ကို တစ်ချက်ကြည့်ကာ ထပ်ပြောလာ၏။ " ဒါပေမယ့် မင်း အခုတော့ စိုးရိမ်သင့်တယ်..တွေ့လား..အစိမ်းရောင်သိုးမွှေးစကပ်ဝတ်ထားတဲ့တစ်ယောက်ကို? အဲ့တာ လင်လင်ရဲ့ အမေပဲ..သူမရဲ့ဘေးက လင်လင့်အဖေ...ငါ့ဦးလေးက အရမ်းစိတ်တိုတတ်တာ..အဲ့တာကြောင့် သူ မင်းကိုရိုက်ရင် မရှောင်နဲ့ "

ဖေ့ချန် သူတို့ကို တွေ့ပါ၏။

နန်ဟွိုင်လင့်အမေက ငြိမ်းချမ်းတဲ့မျက်နှာနဲ့ ကြင်နာပြီး ဖော်ရွေတတ်တဲ့ပုံပဲ။ နန်ဟွိုင်လင့်အဖေကတော့ တင်းမာတဲ့မျက်နှာထားနဲ့ အမူအရာမဲ့သလိုဖြစ်နေတာကြောင့် တည်ကြည်လေးနက်တဲ့လူတစ်ယောက်လိုပဲ။

တကယ်ပဲ ဖေ့ချန် စိုးရိမ်နေမိသည်။ နှစ်နှစ်ရာကျော်သက်တမ်းရှိတဲ့ သူ့ဘဝမှာ ဒါက ပထမဆုံးအကြိမ် သူ့နှလုံးသားက လည်ချောင်းထဲကထွက်တော့မလို ခုန်ပေါက်နေတာဖြစ်သည်။

နန်ဟွိုင်လင်က သူ့မိဘတွေနား ရောက်သွားပြီဖြစ်သည်။

" အဖေ..မေ.." နန်ဟွိုင်လင်က နဲနဲစိတ်လှုပ်ရှားနေတဲ့ ပုံစံနဲ့ ပြောနေ၏။ " သား ပြန်လာပြီ "

ကန်းရှောင်ရုံက သူမသားရဲ့ ရင်းနှီးပေမယ့် မရင်းနှီးသလိုဖြစ်နေတဲ့ မျက်နှာကို ငေးကြည့်နေ၏။ သူမက ဒီနားကို မရောက်လာသေးတဲ့ ဖေ့ချန်ကိုလည်း တစ်ချက်လှမ်းကြည့်လိုက်ပြီး သူမသားရဲ့ လက်ကို မဆွဲကိုင်ခင်မှာ နွေးထွေးစွာပြုံးရင်း ဆိုလာသည်။ " လာ..အိမ်ကိုသွားမယ်"

နန်ဟွိုင်လင်က လက်ယမ်းပြလာပြီး ဖေ့ချန်နဲ့ ပေါင့်ကွေးချန်ကို မြန်မြန်လိုက်လာဖို့ အချက်ပြကာ ခြံဝင်းထဲကို သူတို့မိဘတွေနဲ့အတူ လိုက်ဝင်သွား၏။

အိမ်က သေးတဲ့နှစ်ထပ်အိမ်လေးဖြစ်ကာ ပေကျင်းခြံဝန်းတွေထဲမှာရှိတဲ့ပုံစံတွေနဲ့ဆင်တူပြီး မိသားစုလေးခုနေလို့ရကာ အပေါ်ထပ်နှစ်ခန်း အောက်ထပ်နှစ်ခန်းပါရှိ၏။ နန်ဟွိုင်လင့်အိမ်က အပေါ်ထပ်မှာရှိပြီး အခန်းသုံးခုကို တစ်ဆက်တည်းလုပ်ထားကာ တစ်ခန်းက သူ့မိဘတွေအခန်း..တစ်ခန်းက နန်ဟွိုင်လင့်အခန်းဖြစ်ပြီး နောက်တစ်ခန်းကိုတော့ ဧည့်ခန်းလုပ်ထားတာဖြစ်သည်။ ထမင်းစားခန်းကတော့ အနည်းငယ်ကျဥ်းတဲ့စင်္ကြံလမ်းမှာ တည်ရှိသည်။

နန်ဟွိုင်လင် သူ့မိဘတွေနဲ့အတူ ဧည့်ခန်းထဲလိုက်ဝင်လိုက်တော့ ထိုထဲမှာလည်း လူတွေရောက်နေတာ တွေ့လိုက်ရ၏။ သူ့ ဦးလေးနဲ့အန်တီအရင်းရယ် ဒီဆောက်အအုံက ဦးလေးနဲ့အန်တီတွေရယ်..ညီတွေ..ညမလေးတွေရယ်..သူ့ရဲ့လူတွေနဲ့ပြည့်ကျပ်နေတာကိုကြောက်တဲ့စိတ်က အခုတော့ ပိုကောင်းနေပြီဖြစ်သည်။

နန်ဟွိုင်လင် သူတို့ရဲ့နာမည်တစ်ယောက်ချင်းဆီကို ယဥ်ကျေးစွာ ခေါ်ဆိုလိုက်သည်။ သူ မပြီးခင်မှာပဲ ပေါင့်ကွေးချန်နှင့်ဖေ့ချန်က အခန်းထဲကို ဝင်လာတော့၏။

ဖေ့ချန် နန်ဟွိုင်လင့်မိဘတွေကို နှုတ်ဆက်ချင်ပေမယ့် ပေါင့်ကွေးချန်က သူ့ကို တိတ်တိတ်နေဖို့ အမြန်​သတိပေးလာတာကြောင့် ဖေ့ချန် ဘေးမှာတိတ်ဆိတ်စွာရပ်နေရပြီး သူ့ရဲ့စိုးရိမ်မှုတွေက ပိုပြီးမြှင့်တက်လာခဲ့သည်။

အချိန်အတော်ကြာ ယောက်ယက်ခက်စကားစမြည်ပြောဆိုကြပြီးနောက် နန်ဇွင်းရှန်က အမူအရာမဲ့မျက်နှာနဲ့ တခြားသူတွေကိုထွက်သွားဖို့ ပြောလာ၏။ " မင်းတို့လည်း တွေ့ပြီးပြီဆိုတော့..အရင်ဆုံး အကုန်လုံးပြန်လိုက်ကြဦး..ငါတို့ မိသားစုတွေ စကားပြောဦးမယ် "

ထို့နောက် အခန်းနဲ့အပြည့်လူတွေက ထွက်သွားကြပြီး ကျန်တာဆိုလို့ နန်ဟွိုင်လင့်မိသားစုရယ်..ပေါင့်ကွေးချန်မိသားစုရယ်..ဖေ့ချန်ရယ်ပဲရှိတော့တယ်

နန်ဇွင်းရှန်က ထကာ တံခါးကိုပိတ်ပစ်လိုက်၏။

ခနအတွင်း အခန်းထဲကလေထုက တင်းမာသွားပြီး မည်သူမှ စကားစမပြောကြပေ။

" အဖေ- " နန်ဟွိုင်လင် ပါးစပ်ဖွင့်ကာစရှိသေး နန်ဇွင်းရှန်က သူ့ပါးကိုဖြတ်ရိုက်ဖို့ ပြင်လိုက်၏။

နန်ဟွိုင်လင်ဘေးမှာ ရပ်နေတဲ့ဖေ့ချန်က သူတို့ကြားကို လျင်မြန်စွာ ရွေ့သွားပြီး နန်ဟွိုင်လင်ကို သူ့လက်မောင်းတွေကြား ဖုံးကွယ်ထားလိုက်သည်။

ထိုသို့နှင့် နန်ဇွင်းရှန်ရဲ့လက်ဝါးက ဖေ့ချန်ရဲ့ ကျောက်သားလိုမာတဲ့ဦးခေါင်းအနောက်ဘက်ကို ရိုက်မိသွားပြီး ကျယ်လောင်တဲ့အသံတစ်ခုထွက်ပေါ်လာတော့သည်။

____________

27. 1. 23 (Fri)

TN/ ယူတို့က နဂါးပေါက်လေးတွေကို မျှော်နေတာသိပါတယ်...ဒါပေမယ့် နန်နန်က ဖေ့ချန်ကို ဆွေပြမျိုးပြလိုက်ပို့နေတာဖြစ်တဲ့အတွက် အဲ့အပိုင်းတွေက နောက်ထပ် ၅ပိုင်းလောက်မှပြီးမှာပါ...အဲ့အပိုင်းတွေပြီးရင် နဂါးပေါက်လေးတွေနဲ့ တွေ့ကြမယ်နော်...

Mizzleက Bangkokရောက်နေတာမို့လို့ ဒီဒေသနဲ့သွားတက်လာတက်အောင် လုပ်နေရတာကြောင့် ဒီဘက်ကို သိပ်အားမစိုက်နိုင်တော့တာကြောင့် updateတွေ ကြာကုန်ရတာပါ...

ဒါနဲ့ မနက်ဖြန် Bangkokမှာ Enhypen concertရှိပေမယ့် ပိုက်ဆံမရှိလို့ မသွားနိုင်ပါဘူး...နီးရက်နဲ့ဝေးနေတယ်...တကယ်ပါ..

ဒီအပိုင်းက စာလုံးရေ3000ကျော်တာဖြစ်လို့ Mizzleရဲ့တစ်နေ့တာအချိန်တွေအကုန်ပေးလိုက်ရပါတယ်...ယူတို့ရဲ့ Mizzleက ဒီficလေးကို အဆုံးထိပြီးအောင်တာဝန်ယူပေးမှာဖြစ်လို့ စိတ်ရှည်ရှည်နဲ့ စောင့်ဖတ်ပေးကြပါနော်..စောင့်ဖတ်ရတာမကြိုက်ရင်လည်း ဥထားပြီးမှ ဖတ်ကြပါလို့

----------

Zawgyi

ေပါင့္ေကြးခ်န္က နန္ဟြိုင္လင္ထက္ အသက္တစ္ႏွစ္သာ ပိုႀကီးတာျဖစ္သည္။ ငယ္ငယ္ေလးတည္းက အတူတူေဆာ့ႀကီး ႀကီးျပင္းလာတာေၾကာင့္ သူတို႔ရဲ့ ဆက္ဆံေရးက ညီအကိုအရင္းေတြထက္ေတာင္ ပိုေကာင္းေနေသး၏။

ဟိုရင္အခ်ိန္က နန္ဟြိုင္လင္ ရွစ္ယန္နဲ႔ ေပက်င္းကို လိုက္သြားခ်င္ခဲ့တုန္းက သူ႔အေဖက လံုးဝသေဘာမတူခဲ့ဘဲ သူ႔ကို အိမ္ထဲမွာ တစ္ပတ္ေလာက္ထိ ပိတ္ထားခဲ့သည္။ ေနာက္ဆံုး ေပါင့္ေကြးခ်န္က ေသာ့ကိုခိုးၿပီး သူ႔ကိုထုတ္ေပးမွသာ လြတ္ေျမာက္ခဲ့တာျဖစ္သည္။

သူ႔နာမည္ကို ေအာ္ေခၚလိုက္တဲ့ နန္ဟြိုင္လင့္အသံကိုၾကားေတာ့ ေပါင့္ေကြးခ်န္က ေခါင္းလွည့္ၾကည့္လာၿပီး ၿပံဳးျပရင္း လက္ယမ္းျပလာသည္။ ထို႔ေနာက္ ေဆးလိပ္ကို မီးၿငႇိမ္းသတ္ၿပီး သူ႔နားမွာရိွတဲ့ အမိုက္ပံုးထဲသို႔ လြင့္ပစ္လိုက္သည္။

နန္ဟြိုင္လင္ ေဖ့ခ်န္လက္ကို ကိုင္ကာ ျမန္ျမန္ေလ်ွာက္သြားလိုက္ရင္း ေပါင့္ေကြးခ်န္နားေရာက္ေတာ့ သူ႔အကိုကို တင္းက်င္းစြာ ဖက္ပစ္လိုက္သည္။ ထို႔ေနာက္ ၿပံဳးကာ ႏႈတ္ဆက္လိုက္သည္။

" အကို...မေတြ့ရတာ ေတာ္ေတာ္ၾကာၿပီ "

" ဟုတ္တယ္..ေတာ္ေတာ္ၾကာၿပီ...တစ္ႏွစ္ေတာင္ေက်ာ္ေနၿပီမလား..ဟမ္? " ေပါင့္ေကြးခ်န္က သူ႔ေဘးမွာရပ္ေနတဲ့ ေဖ့ခ်န္ကို တစ္ခ်က္ၾကည့္လာၿပီး ၿပံဳးကာဆိုလာ၏။ " လုပ္ပါၪီး...မင္းကိုယ္မင္း မိတ္ဆက္စမ္းပါၪီး "

ေဖ့ခ်န္က နန္ဟြိုင္လင္ကူေျပာေပးမွာကို ေစာင့္မေနေပ။ သူက ေပါင့္ေကြးခ်န္ဆီ လက္ဆန္႔တန္းလိုက္ၿပီး မၿပံဳးခင္အရင္ " အကို "လို႔ ေခၚဆိုလာ၏။

" က်ေတာ့္နာမည္က ေဖ့ခ်န္ပါ...နန္ဟြိုင္လင္ရဲ့ ေကာင္ေလးေပါ့ "

ထို႔ေနာက္ ေပါင့္ေကြးခ်န္ကလည္း လက္ဆန္႔တန္းလာၿပီး အခ်င္းခ်င္း ဆက္ဆြဲႏႈတ္ဆက္လိုက္ၾကသည္။

ေပါင့္ေကြးခ်န္, " ဟုတ္ၿပီ..ကားထဲအရင္ဝင္ရေအာင္ "

ေဖ့ခ်န္ ကားေနာက္ဖံုးထဲကို ပစၥည္းေတြထည့္ၿပီးေတာ့ သူ႔ကို နန္ဟြိုင္လင္က ကားေနာက္ခန္းထဲကို တြန္းပို႔သြားၿပီး သူကိုယ္တိုင္ကေတာ့ ကားေရ႔ွခန္းမွာ သြားထိုင္ကာ မ်က္ႏွာအုပ္ေတြ မ်က္မွန္ေတြ ခြၽတ္ေနေတာ့၏။

" တီဗြီထဲမွာၾကည့္ရတာနဲ႔ အျပင္ဘက္မွာ လူအစစ္လိုက္ႀကီး ျမင္ရတာက အေတာ္ကို ကြာျခားတာပဲ " ကားစတီယာတိုင္ရဲ့ေနာက္မွာ ထိုင္ေနတဲ့ ေပါင့္ေကြးခ်န္က နန္ဟြိုင္လင္ကို စိုက္ၾကည့္ကာ ေျပာလာသည္။ " မင္းက ငါ့ညီအစစ္ေရာ ဟုတ္ရဲ့လား? "

" အကို ငါးတန္းတုန္းကေလ..အီးပါခ်ထားတဲ့အထုပ္ႀကီးကို အိမ္ေရ႔ွကို လွမ္းပစ္တာေလ..အဲ့မွာ က်ေတာ့္အန္တီရဲ့ေယာက္်ားက အျပင္ထြက္လာေတာ့ သူ႔မ်က္ႏွာကို အီးေတြ စင္သြားတာေလ...ၿပီးေတာ့ သူ အကို႔ကို လိုက္ရိုက္ေတာ့တာပဲ..အဲ့တာ အကိုက ေၾကာက္အားလန္႔အားနဲ႔ ျမစ္ထဲကို အေလာတႀကီးခုန္ဆင္းလို႔ ေရနစ္ေသေတာ့မလို႔ေတာင္ ျဖစ္သြားေသးတယ္ေလ"

နန္ဟြိုင္လင့္အေျပာေၾကာင့္ ေဖ့ခ်န္ မထိန္းႏိုင္ဘဲ ရယ္မိေတာ့သည္။

ထိုအခါ ေပါင့္ေကြးခ်န္ေရာ နန္ဟြိုင္လင္ကပါ သူ႔ကို တစ္ခ်ိန္တည္းလွည့္ၾကည့္လာ၏။ "....."

ထို႔ေၾကာင့္ ေဖ့ခ်န္ မသိသလိုပဲ ေခ်ာင္းျပန္ဟန္႔ကာ ရယ္တာကိုရပ္တန္႔လိုက္ရ၏။ " အာ..ေဆာရီး "

ေပါင့္ေကြးခ်န္က နန္ဟြိုင္လင့္ေခါင္းကို တြန္းကာဆိုလာ၏။ " မင္း ငါ့အေၾကာင္း တျခားနဲနဲေလးပိုေကာင္းတဲ့ အရာမ်ားမမွတ္မိတာလား? မ်က္လံုးျဖဴေလးနဲ႔ ဝံပုေလြေကာင္ပဲ "

"အကိုက မယံုဘူးဆိုလို႔ သက္ေသျပတဲ့ဟာကို" နန္ဟြိုင္လင္ ၿပံဳးကာ ေျပာလိုက္သည္။

ထို႔ေနာက္ ေပါင့္ေကြးခ်န္က လမ္းေပၚကို ကားေမာင္းထြက္လာခဲ့သည္။ " မင္းလာမဲ့အေၾကာင္းကိုၾကားထားတဲ့ အိမ္နီးခ်င္းေတြေၾကာင့္ မင္းအိမ္ကေတာ့ လူေတြနဲ႔ျပည့္ေနေလာက္ၿပီ..အဲ့တာေၾကာင့္ အသင့္ျပင္ထားၪီး "

" အခု က်ေတာ္သြားတဲ့ေနရာတိုင္းကို လူေတြစုၿပံဳလာတာကို အက်င့္ေတာင္ရေနပါၿပီ "

ထိုအခါ ေပါင့္ေကြးခ်န္က ကားေနာက္ၾကည့္မွန္ကေန ေဖ့ခ်န္ကို တစ္ခ်က္ၾကည့္ၿပီး တံု႔ဆိုင္းစြာေျပာလာ၏။ " အဲ့တာဆို...ဘယ္လိုလုပ္မလဲ...မင္းေကာင္ေလးကို အရင္ဆံုး ဟိုတယ္ေခၚသြားမလား? ေဘးမွာလည္းလူေတြကအမ်ားႀကီးေရာက္ေနမွာဆိုေတာ့ေလ...ငါ စိတ္ေတာ့နဲနဲစိတ္ပူမိတယ္...မင္းက အိမ္ကို ေကာင္ေလးေခၚလာတယ္ဆိုရင္ မင္းမိဘေတြက-"

" အကို " နန္ဟြိုင္လင္ ၾကားျဖတ္ကာ ပြင့္ပြင့္လင္းလင္းေျပာျပလိုက္သည္။ " က်ေတာ္ ဒီတစ္ခါျပန္လာတာက လက္ထပ္ဖို႔နဲ႔ မွတ္ပံုတင္စာအုပ္လုပ္ဖို႔ပဲ "

ထိုအခါ ေပါင့္ေကြးခ်န္က သူ႔ကို အံ့အားသင့္စြာၾကည့္လာ၏။ " မင္းက လက္ထပ္ရေအာင္ အသက္ဘယ္ေလာက္ရိွေသးလို႔လဲ? အဲ့အျပင္..အႏုပညာေလာကထဲမွာ ဖန္ေတြမေလ်ာ့သြားေစဖို႔ မင္းရဲ့အခ်စ္ကို ဖံုးကြယ္ထားရမယ္ေလ..မင္းက ဘယ္လိုလုပ္ လက္ထပ္ဖို႔ျဖစ္သြားတာလဲ? "

ထို႔ေၾကာင့္ နန္ဟြိုင္လင္ အေလးအနက္ထားကာ ျပန္ေျဖလိုက္သည္။ " ဘာလို႔လဲဆိုေတာ့ က်ေတာ္တို႔ ဘယ္ေတာ့မွမေျပာင္းလဲပဲ ထာဝရအတူရိွေနၾကမယ္လို႔ စိတ္ပိုင္းျဖတ္ထားၿပီးၿပီ။ အဲ့တာေၾကာင့္ က်ေတာ္ လက္ထပ္ခ်င္တယ္..သူနဲ႔ တရားဝင္အသိအမွတ္ျပဳမႈတစ္ခုနဲ႔အတူ အတူတူေနသြားခ်င္တယ္ "

ထို႔ေနာက္ ေပါင့္ေကြးခ်န္က အခ်ိန္ခနေလာက္ထိ တိတ္ဆိတ္သြားခဲ့သည္။ " မင္းမိဘေတြက ဘယ္ေတာ့မွ သေဘာတူမွာမဟုတ္ဘူး "

" အကိုကေတာ့ က်ေတာ့္ဘက္မွာ ရိွေနေပးမယ္မလား? "

ေပါင့္ေကြးခ်န္က အကူအညီမဲ့စြာ ၿပံဳးလာခဲ့သည္။ " ငါ မင္းကို ေကာင္းေကာင္းမသိေသးဘူးပဲ..မင္းက ႏူးညံ့တဲ့တည္သီးတစ္လံုးနဲ႔တူေပမယ့္ တကယ္ေတာ့ မင္းက အမာဆံုးပဲ..မင္းလုပ္မယ္လို႔ ဆံုးျဖတ္ၿပီးရင္ ဘယ္သူပဲ မင္းကိုလာကူေျပာေျပာ မရဘူး "

နန္ဟြိုင္လင္က ေနာက္လွည့္ၿပီး ေဖ့ခ်န္ကို မ်က္စိမွတ္ျပေတာ့ ေဖ့ခ်န္က သူ႔ကို နမ္းလာခဲ့သည္။ ထို႔ေနာက္ ေဖ့ခ်န္ ေပါင့္ေကြးခ်န္ကို သတိေပးလိုက္၏။

" အကို..ေက်းဇူးျပဳျပီး စူပါမားကတ္မွာ ခနရပ္ေပးပါလား..အန္တီနဲ႔ၪီးေလးအတြက္ လက္ေဆာင္ေလး နည္းနည္းဝယ္ခ်င္လို႔ "

ေပါင့္ေကြးခ်န္က ေက်ာက္တံုးျဖင့္လုပ္ထားေသာလမ္းမေပၚက လူသြားဖို႔လုပ္ထားတဲ့လမ္းသြယ္နားေလးထိ တန္းတန္းေမာင္းသြားၿပီး လမ္းမတစ္ဖက္မွာ ကားရပ္ကာ ေဖ့ခ်န္ကို ပစၥည္းဝယ္ဖို႔ ေခၚထုတ္သြား၏။ နန္ဟြိုင္လင္ပါ လိုက္ဝင္လို႔ မျဖစ္တာေၾကာင့္ သူက ေဖ့ခ်န္ကို ဘယ္လိုပစၥည္းဝယ္ဖို႔ သင္​ေပးလိုက္ဖို႔သာ တက္ႏိုင္ေတာ့သည္။

" အရမ္းေစ်းႀကီးတာႀကီးေတြ မဝယ္ခဲ့နဲ႔ေနာ္..က်ေတာ့္အေမက ပိုက္ဆံကို လက္လြတ္စပယ္သံုးရင္ မႀကိဳက္ဘူး "

" အင္းပါ.." ေဖ့ခ်န္က ၿပံဳးကာ​ဆိုလာသည္။ " ကိုယ္မွတ္ထားပါ့မယ္ "

နန္ဟြိုင္လင္ ကားထဲမွာထိုင္ေစာင့္ေနရင္း ဘာမွ ေထြေထြထူးထူးလုပ္စရာမရိွတာေၾကာင့္ မိန္ထ်န္းက်ူဆီ ဖုန္းေခၚလိုက္သည္။

" အမက်ူ...က်ေတာ့္ရဲ့အဓိကဝီဘိုအေကာင့္ရဲ့ လ်ိႈ႔ဝွက္နံပါတ္ေလး ပို႔ေပးပါလား? "

ဒီအခ်ိန္ေတြတစ္ေလ်ွာက္လံုးမွာ နန္ဟြိုင္လင္ ဇာတ္ကားေတြ ဆက္တိုက္ရိုက္ကူးေနရတာေၾကာင့္ သူ႔ရဲ့ဝီဘိုကို မိန္ထ်န္းက်ူက စီမံေပးေနတာျဖစ္သည္။ ဒါေပမယ့္ သူမ ပို႔စ္တင္မယ္ဆိုရင္ေတာ့ သူ႔ခြင့္ျပဳခ်က္ရမွာသာ တင္ရတာျဖစ္သည္။ သူမ အဓိကတင္တာကေတာ့ သူ႔တီဗြီစီရီးေတြရဲ့ မ်ားစြာေသာပရိုမိုးရွင္းဘေလာ့ေတြပဲျဖစ္ၿပီး တစ္ခါတစ္ေလ သူ ရိုက္ကြင္းမွာရိွေနတဲ့ပံုျဖစ္ျဖစ္ ပြဲေတြမွာရိွေနတဲ့ပံုပဲျဖစ္ျဖစ္ ႏွစ္ပံုေလာက္ တင္တက္ေသး၏။

" အိုေက..ငါ မင္းကို ခနေနက်ရင္ ဝီခ်က္မွာပို႔ေပးလိုက္မယ္...မင္း အလုပ္ေတြအကုန္ထားသြားတာ..အေရးႀကီးတာတစ္ခုခုျဖစ္လို႔လား? "

" မဟုတ္ဘူးရယ္..." နန္ဟြိုင္လင္ ၿပံဳးကာဆိုလိုက္သည္။ " က်ေတာ့္ေကာင္ေလးျပန္ေရာက္လာေတာ့...က်ေတာ္ သူ႔နဲ႔အခ်စ္အေၾကာင္းေတြ ေျပာခ်င္လို႔ "

"....." မထင္မွတ္ထားတဲ့အခ်ိန္မွာ ေခြးစာေတြအဝေကြၽးခံလိုက္ရတာေၾကာင့္ မိန္ထ်န္းက်ူ ခနေလာက္ထိကို ဘာေျပာလို႔ေျပာရမွန္းမသိ ေၾကာင္သြားရသည္။

" ဒါဆို မင္းရဲ့အလုပ္ေတြ ဘယ္ေတာ့ျပန္စမွာလဲ? ငါ အလုပ္ရႈပ္ေနရတာနဲ႔ ေနသားက်လာခဲ့ေတာ့...အခု ရုတ္တရက္ႀကီး မေနတက္ျဖစ္ေနတယ္"

" က်ေတာ္ အမရွန္ဆီက တစ္လခြင့္ယူထားၿပီးၿပီ..အဲ့အေၾကာင္းေတြကို ေမလတစ္ရက္ေန့ၿပီးမွ ထပ္ေျပာရေအာင္ေလ "

" ေကာင္းၿပီေလ...ဒါဆိုလည္း ေကာင္းေကာင္းေပ်ာ္ၾကပါ...ပါပါရာဇီေတြဆီကေနလည္း ဓာတ္ပံုရိုက္မခံရေအာင္ သတိထားၪီး "

" ဟုတ္ကဲ့..ဘိုင္ဘိုင္ "

ထို႔ေနာက္ နန္ဟြိုင္လင္ ဝီဘိုအေကာင့္ကိုဝင္ကာ ကြန္မန္႔တစ္ခ်ိဳ႕ကို ဟာသေနွာကာျပန္ေျဖလိုက္သည္။ ၿပီးေနာက္ အခုတေလာ ဘာသတင္းေတြ ေဟာ့ျဖစ္ေနလဲဆိုတာကို ရွာေဖြလိုက္၏။

နာရီဝက္ေက်ာ္ေက်ာ္လိုင္းသံုးလိုက္ရၿပီး ေနာက္ဆံုးတြင္ေတာ့ ေပါင့္ေကြးခ်န္ႏွင့္ ေဖ့ခ်န္က ျပန္ေရာက္လာခဲ့သည္။

နန္ဟြိုင္လင္, " ဘယ္ေတြဝယ္လာခဲ့လဲ? "

" အဝတ္စားနည္းနည္းရယ္ ျဖည့္စြက္စာေတြရယ္ "

ဒီပစၥည္းေတြက သိပ္အထူးတဆန္းမဟုတ္တာေၾကာင့္ နန္ဟြိုင္လင္ ဘာမွ ေျပာစရာမလိုေတာ့ေပ။

ေနာက္ထပ္မိနစ္ႏွစ္ဆယ္အၾကာတြင္ ကားက က်ယ္ဝန္းတဲ့လမ္းမႀကီးကေန လမ္းေသးေသးက်ဥ္းက်ဥ္းေလးထဲကို ေကြ့ဝင္သြားခဲ့ၿပီး တေျဖးေျဖး ကားအရိွန္ကိုလည္း ေလ်ာ့ၿပီးေမာင္းရေတာ့သည္။

ေဖ့ခ်န္ မွန္ကိုေအာက္ဆြဲခ်လိုက္ၿပီး အျပင္ကိုၾကည့္လိုက္ေတာ့ မ်က္လံုးထဲေတြ့ရတာဆိုလို႔ အျဖဴေရာင္နံရံေတြနဲ႔အနက္ေရာင္အုပ္ႂကြပ္အမိုးေတြသာျဖစ္သည္။ အျမင့္ေတြကလည္း မညီမညာနဲ႔ အမ်ားစုက ႏွစ္ေတာ္ေတာ္ၾကာတဲ့ အိမ္ေဟာင္းႀကီးေတျြဖစ္သည္။ ကားက ေထာင့္ခ်ိဳးကာထပ္ေကြ့လိုက္ေတာ့ အရမ္းမက်ယ္လြန္းေပမယ့္ အရမ္းလည္းမက်ဥ္းလြန္းတဲ့ ျမစ္တစ္စင္းကိုေတြ့ရသည္။ ျမစ္ထဲက ေလွေတြေပၚမွာစီးႏွင္းေနတဲ့ ႏိုင္ငံျခားသားမ်ားကိုလည္း ေတြ့ရေသးသည္။

" ဒါ မင္းႀကီးျပင္းခဲ့တဲ့ေနရာလား? "

" ဟမ္....က်ေတာ့္အသက္ဆယ့္ရွစ္ႏွစ္ ေပက်င္းကို မေရာက္ခင္ထိေပါ့ "

ဒီလမ္းၾကားထဲမွာ ပဲပုပ္ပဲလိုဗာရွင္းနဲ႔နန္ဟြိုင္လင္က ေထာင္ေထာင္ေထာင္ေထာင္နဲ႔ ဟိုေျပးဒီေျပးေဆာ့ကစားေနတယ္လို႔ ေတြးလိုက္မိေတာ့ ေဖ့ခ်န္၏ႏႈတ္ခမ္းေထာင့္စြန္းမ်ားက ေကြးတက္လာခဲ့သည္။

ေဖ့ခ်န္, " ဒီေနရာက အရမ္းလွတာပဲ "

တကယ္က ဒီေနရာက အဲ့ေလာက္လွတာလည္း မဟုတ္ပါဘူး..ဒါေပမယ့္လို႔ သူ႔မိန္းမေနခဲ့တဲ့ေနရာျဖစ္တာေၾကာင့္ အရမ္းလွသြားတာ....

ျမစ္ကမ္းတစ္ေလ်ွာက္ကို အခ်ိန္ခနေမာင္းလာခဲ့ၿပီးေနာက္ ကားက က်ဥ္းေျမာင္းတဲ့လမ္းၾကားထဲကို ထပ္ေကြ့သြားၿပီး မၾကာခင္မွာ ရပ္တန္႔သြား၏။

အေၾကာင္းအရင္းကေတာ့ လမ္းေပၚမွာရိွေနတဲ့လူအုပ္ႀကီးက တားဆီးလိုက္တာေၾကာင့္ျဖစ္သည္။

" ငါတို႔ ဒီကေနပဲသြားမွရမယ္..လူေတြက အရမ္းမ်ားလြန္းတယ္..ေနာ္? " ေပါင့္ေကြးခ်န္က အံအားသင့္စြာဆိုလာ၏။ " ထြက္မယ္ "

သူတို႔သံုးေယာက္ ကားထဲကထြက္လိုက္ၾကၿပီး ေဖ့ခ်န္က လက္ႏွစ္ဖက္လံုးနဲ႔လက္ေဆာင္ပစၥည္းေတြ ဆြဲထားသည္။ ေပါင့္ေကြးခ်န္က ကားေနာက္ဖံုးကိုအရင္ဖြင့္ကာ ပစၥည္းေတြ ဆြဲထုတ္ၿပီး ေဖ့ခ်န္ကို လွမ္းဆြဲထားလိုက္ရ၏။

နန္ဟြိုင္လင္ကေတာ့ သူ ကားထဲကထြက္ထြက္ခ်င္း လူအုပ္ၾကားထဲေပ်ာက္သြားကာ ေဖ့ခ်န္ေတာင္ သူ႔ကိုမျမင္ရဘဲ လူေတြကိုႏႈတ္ဆက္ေနတဲ့ နန္ဟြိုင္လင့္ အသံသဲ့သဲ့သာၾကားေနရ၏။

ေပါင့္ေကြးခ်န္က ၿပံဳးကာ ေဖ့ခ်န္ကိုေမးလာ၏။ " ငါ့ညီက အခုအရမ္းေပၚျပဴလာျဖစ္ေနတာလား? "

ေဖ့ခ်န္, " သူက အခု ေန့တစ္ေန့ရွည္လ်ားသေလာက္ကို ေပၚျပဴလာျဖစ္ေနတာ..ဘယ္သူမွသူ႔ကို မယွဥ္ႏိုင္ဘူး "

ထိုအခါ ေပါင့္ေကြးခ်န္က အသံနိမ့္ကာ ထပ္​ေမးလာ၏။ " ဒါဆို သူအခု လက္ထပ္လိုက္ရင္ သူ႔ရဲ့အလုပ္မွာ တကယ္ပဲအက်ိဳးသက္ေရာက္မႈ မရိွဘူးလား? "

" က်ေတာ့္မိသားစုက မီဒီယာကုမၸဏီပိုင္ဆိုင္ထားတာမို႔...က်ေတာ္က သူ႔ကို ပိုပိုၿပီးေကာင္းတာေတျြဖစ္လာေအာင္ လုပ္ေပးသြားမွာပါ..အကို စိတ္ေအးေအးထားလို႔ရတယ္ "

ထိုအခါ ေပါင့္ေကြးခ်န္က သူ႔ကို သံသယရိွစြာ ေမးလာ၏။ " မင္း...မင္း..မဟုတ္ဘူးမလား...မင္း..ငါ့ညီကို အက်ပ္ကိုင္ထားတာေတာ့ မဟုတ္ဘူးမလား? "

ေဖ့ခ်န္ ျမန္ျမန္ရွင္းျပရေတာ့သည္။ " က်ေတာ့္ရဲ့ သိကၡာနဲ႔ထပ္တူ အာမခံပါတယ္ဗ်ာ..နန္ဟြိုင္လင္နဲ႔က်ေတာ္က တစ္ကယ္ပဲခ်စ္ေနၾကတာပါ"

ထို႔ေနာက္မွ ေပါင့္ေကြးခ်န္က ၿပံဳးလာၿပီး သူ႔ပခံုးကို ခပ္ဖြဖြပုတ္ကာ ေျပာလာ၏။ " ငါက စေနတာ...စိုးရိမ္မေနနဲ႔ " သူက ေရ႔ွကို တစ္ခ်က္ၾကည့္ကာ ထပ္ေျပာလာ၏။ " ဒါေပမယ့္ မင္း အခုေတာ့ စိုးရိမ္သင့္တယ္..ေတြ့လား..အစိမ္းေရာင္သိုးေမႊးစကပ္ဝတ္ထားတဲ့တစ္ေယာက္ကို? အဲ့တာ လင္လင္ရဲ့ အေမပဲ..သူမရဲ့ေဘးက လင္လင့္အေဖ...ငါ့ၪီးေလးက အရမ္းစိတ္တိုတတ္တာ..အဲ့တာေၾကာင့္ သူ မင္းကိုရိုက္ရင္ မေရွာင္နဲ႔ "

ေဖ့ခ်န္ သူတို႔ကို ေတြ့ပါ၏။

နန္ဟြိုင္လင့္အေမက ၿငိမ္းခ်မ္းတဲ့မ်က္ႏွာနဲ႔ ၾကင္နာၿပီး ေဖာ္ေရြတတ္တဲ့ပံုပဲ။ နန္ဟြိုင္လင့္အေဖကေတာ့ တင္းမာတဲ့မ်က္ႏွာထားနဲ႔ အမူအရာမဲ့သလိုျဖစ္ေနတာေၾကာင့္ တည္ၾကည္ေလးနက္တဲ့လူတစ္ေယာက္လိုပဲ။

တကယ္ပဲ ေဖ့ခ်န္ စိုးရိမ္ေနမိသည္။ ႏွစ္ႏွစ္ရာေက်ာ္သက္တမ္းရိွတဲ့ သူ႔ဘဝမွာ ဒါက ပထမဆံုးအႀကိမ္ သူ႔ႏွလံုးသားက လည္ေခ်ာင္းထဲကထြက္ေတာ့မလို ခုန္ေပါက္ေနတာျဖစ္သည္။

နန္ဟြိုင္လင္က သူ႔မိဘေတြနား ေရာက္သြားၿပီျဖစ္သည္။

" အေဖ..ေမ.." နန္ဟြိုင္လင္က နဲနဲစိတ္လႈပ္ရွားေနတဲ့ ပံုစံနဲ႔ ေျပာေန၏။ " သား ျပန္လာၿပီ "

ကန္းေရွာင္ရံုက သူမသားရဲ့ ရင္းႏွီးေပမယ့္ မရင္းႏွီးသလိုျဖစ္ေနတဲ့ မ်က္ႏွာကို ေငးၾကည့္ေန၏။ သူမက ဒီနားကို မေရာက္လာေသးတဲ့ ေဖ့ခ်န္ကိုလည္း တစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး သူမသားရဲ့ လက္ကို မဆြဲကိုင္ခင္မွာ ေနြးေထြးစြာၿပံဳးရင္း ဆိုလာသည္။ " လာ..အိမ္ကိုသြားမယ္"

နန္ဟြိုင္လင္က လက္ယမ္းျပလာၿပီး ေဖ့ခ်န္နဲ႔ ေပါင့္ေကြးခ်န္ကို ျမန္ျမန္လိုက္လာဖို႔ အခ်က္ျပကာ ၿခံဝင္းထဲကို သူတို႔မိဘေတြနဲ႔အတူ လိုက္ဝင္သြား၏။

အိမ္က ေသးတဲ့ႏွစ္ထပ္အိမ္ေလးျဖစ္ကာ ေပက်င္းၿခံဝန္းေတြထဲမွာရိွတဲ့ပံုစံေတြနဲ႔ဆင္တူၿပီး မိသားစုေလးခုေနလို႔ရကာ အေပၚထပ္ႏွစ္ခန္း ေအာက္ထပ္ႏွစ္ခန္းပါရိွ၏။ နန္ဟြိုင္လင့္အိမ္က အေပၚထပ္မွာရိွၿပီး အခန္းသံုးခုကို တစ္ဆက္တည္းလုပ္ထားကာ တစ္ခန္းက သူ႔မိဘေတြအခန္း..တစ္ခန္းက နန္ဟြိုင္လင့္အခန္းျဖစ္ၿပီး ေနာက္တစ္ခန္းကိုေတာ့ ဧည့္ခန္းလုပ္ထားတာျဖစ္သည္။ ထမင္းစားခန္းကေတာ့ အနည္းငယ္က်ဥ္းတဲ့စႄကၤံလမ္းမွာ တည္ရိွသည္။

နန္ဟြိုင္လင္ သူ႔မိဘေတြနဲ႔အတူ ဧည့္ခန္းထဲလိုက္ဝင္လိုက္ေတာ့ ထိုထဲမွာလည္း လူေတြေရာက္ေနတာ ေတြ့လိုက္ရ၏။ သူ႔ ၪီးေလးနဲ႔အန္တီအရင္းရယ္ ဒီေဆာက္အအံုက ၪီးေလးနဲ႔အန္တီေတြရယ္..ညီေတြ..ညမေလးေတြရယ္..သူ႔ရဲ့လူေတြနဲ႔ျပည့္က်ပ္ေနတာကိုေၾကာက္တဲ့စိတ္က အခုေတာ့ ပိုေကာင္းေနၿပီျဖစ္သည္။

နန္ဟြိုင္လင္ သူတို႔ရဲ့နာမည္တစ္ေယာက္ခ်င္းဆီကို ယဥ္ေက်းစြာ ေခၚဆိုလိုက္သည္။ သူ မၿပီးခင္မွာပဲ ေပါင့္ေကြးခ်န္ႏွင့္ေဖ့ခ်န္က အခန္းထဲကို ဝင္လာေတာ့၏။

ေဖ့ခ်န္ နန္ဟြိုင္လင့္မိဘေတြကို ႏႈတ္ဆက္ခ်င္ေပမယ့္ ေပါင့္ေကြးခ်န္က သူ႔ကို တိတ္တိတ္ေနဖို႔ အျမန္​သတိေပးလာတာေၾကာင့္ ေဖ့ခ်န္ ေဘးမွာတိတ္ဆိတ္စြာရပ္ေနရၿပီး သူ႔ရဲ့စိုးရိမ္မႈေတြက ပိုၿပီးျမႇင့္တက္လာခဲ့သည္။

အခ်ိန္အေတာ္ၾကာ ေယာက္ယက္ခက္စကားစျမည္ေျပာဆိုၾကၿပီးေနာက္ နန္ဇြင္းရွန္က အမူအရာမဲ့မ်က္ႏွာနဲ႔ တျခားသူေတြကိုထြက္သြားဖို႔ ေျပာလာ၏။ " မင္းတို႔လည္း ေတြ့ၿပီးၿပီဆိုေတာ့..အရင္ဆံုး အကုန္လံုးျပန္လိုက္ၾကၪီး..ငါတို႔ မိသားစုေတြ စကားေျပာၪီးမယ္ "

ထို႔ေနာက္ အခန္းနဲ႔အျပည့္လူေတြက ထြက္သြားၾကၿပီး က်န္တာဆိုလို႔ နန္ဟြိုင္လင့္မိသားစုရယ္..ေပါင့္ေကြးခ်န္မိသားစုရယ္..ေဖ့ခ်န္ရယ္ပဲရိွေတာ့တယ္

နန္ဇြင္းရွန္က ထကာ တံခါးကိုပိတ္ပစ္လိုက္၏။

ခနအတြင္း အခန္းထဲကေလထုက တင္းမာသြားၿပီး မည္သူမွ စကားစမေျပာၾကေပ။

" အေဖ- " နန္ဟြိုင္လင္ ပါးစပ္ဖြင့္ကာစရိွေသး နန္ဇြင္းရွန္က သူ႔ပါးကိုျဖတ္ရိုက္ဖို႔ ျပင္လိုက္၏။

နန္ဟြိုင္လင္ေဘးမွာ ရပ္ေနတဲ့ေဖ့ခ်န္က သူတို႔ၾကားကို လ်င္ျမန္စြာ ေရြ့သြားၿပီး နန္ဟြိုင္လင္ကို သူ႔လက္ေမာင္းေတြၾကား ဖံုးကြယ္ထားလိုက္သည္။

ထိုသို႔ႏွင့္ နန္ဇြင္းရွန္ရဲ့လက္ဝါးက ေဖ့ခ်န္ရဲ့ ေက်ာက္သားလိုမာတဲ့ၪီးေခါင္းအေနာက္ဘက္ကို ရိုက္မိသြားၿပီး က်ယ္ေလာင္တဲ့အသံတစ္ခုထြက္ေပၚလာေတာ့သည္။

____________

27. 1. 23 (Fri)

TN/ ယူတို႔က နဂါးေပါက္ေလးေတြကို ေမ်ွာ္ေနတာသိပါတယ္...ဒါေပမယ့္ နန္နန္က ေဖ့ခ်န္ကို ေဆျြပမ်ိဳးျပလိုက္ပို႔ေနတာျဖစ္တဲ့အတြက္ အဲ့အပိုင္းေတြက ေနာက္ထပ္ ၅ပိုင္းေလာက္မွၿပီးမွာပါ...အဲ့အပိုင္းေတြၿပီးရင္ နဂါးေပါက္ေလးေတြနဲ႔ ေတြ့ၾကမယ္ေနာ္...

Mizzleက Bangkokေရာက္ေနတာမို႔လို႔ ဒီေဒသနဲ႔သြားတက္လာတက္ေအာင္ လုပ္ေနရတာေၾကာင့္ ဒီဘက္ကို သိပ္အားမစိုက္ႏိုင္ေတာ့တာေၾကာင့္ updateေတြ ၾကာကုန္ရတာပါ...

ဒါနဲ႔ မနက္ျဖန္ Bangkokမွာ Enhypen concertရိွေပမယ့္ ပိုက္ဆံမရိွလို႔ မသြားႏိုင္ပါဘူး...နီးရက္နဲ႔ဝေးနေတယ္...တကယ္ပါ..

ဒီအပိုင္းက စာလံုးေရ3000ေက်ာ္တာျဖစ္လို႔ Mizzleရဲ့တစ္ေန့တာအခ်ိန္ေတြအကုန္ေပးလိုက္ရပါတယ္...ယူတို႔ရဲ့ Mizzleက ဒီficေလးကို အဆံုးထိၿပီးေအာင္တာဝန္ယူေပးမွာျဖစ္လို႔ စိတ္ရွည္ရွည္နဲ႔ ေစာင့္ဖတ္ေပးၾကပါေနာ္..ေစာင့္ဖတ္ရတာမႀကိဳက္ရင္လည္း ဥထားၿပီးမွ ဖတ္ၾကပါလို႔

Continue Reading

You'll Also Like

180K 29.1K 89
-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian T...
256K 16.7K 73
" ရှင်က ၀န်ကြီးချုပ် ဖြစ်တယ် ဆိုတိုင်း ကျွန်မက ကြောက်ရမှာလား " " ဟင့်အင်း မကြောက်ရပါဘူး။လုံးဝကို ကြောက်စရာမလိုတာ။ထက်သာ ကသာ မကြီးကို သက်ဆုံးတိုင် ချစ...
1.2M 50.8K 62
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
7.6K 638 6
This is just a fan translation.I don't own this novel.All credit to original author and Eng Translator. Title - Totally marked by the alpha who's no...