Love From Two Worlds
By khantmemezaw
342 21 3
သေဆုံးခြင်းက ကြောက်ဖို့ကောင်းတယ်...။ အထူးသဖြင့် မင်းကို တွေ့ချင်တဲ့ ဆန္ဒလေး မပြည့်ဝခင် သေဆုံးခြင်းက ပိုလို့ခြ... More
∆ Alert!!Must To Read∆
Everything starts here
-1-
-3-
-4-
- 5 -
-2-
36 4 3
By khantmemezaw
_ဝမ်ရိပေါ် မင်းကိုအမြဲ အားပေးနေမယ် _
ဝမ်ရိပေါ်စန္ဒယားတီးလေ့ကျင့်နေတဲ့ အခန်းက မှန်တံခါးဖြစ်တာကြောင့် အပြင်ဘက်က Fan girlတွေကအတိုင်းသားမြင်ရသည်။ ခေါင်းပေါ်မှာ ဝမ်ရိပေါ် နာမည်ပါတဲ့ဘီးစကုတ်တွေ စာတန်းဗီနိုင်းတွေ ကို ကိုင်ထားကြရင်း အော်ဟစ်ကာ ကြည့်နေကြ၏။
ရှောင်းကျန့်ရဲ့ စက်ဘီးကလေးက ထိုအရှေ့မှာ ထိုးရပ်တယ် ။ စက်ဘီးဒေါက်ကို ထောက်လိုက်ပြီးတာနဲ့ Fan girlတွေနဲ့ အနည်းငယ် လှမ်းတဲ့နေရာမှာ မတ်တပ်ရပ်ကြည့်တယ် ။
"အား ဝမ်ရိပေါ်က အသံတင်ကောင်းတာမဟုတ်ဘဲ
မျက်နှာက တကယ်ကို ချောလွန်းတယ် "
"နင်က ရောက်တောင်နေပြီဘဲ"
"အာ ခိစု နောက်ကြနေတာလား"
ရှောင်းကျန့်က သူ့ဘေးနားလာရပ်တဲ့ သရဲမလေးကို မျက်လုံးတွေမှိတ်တဲ့ အထိရယ်ပြတယ်။
ကျင်းကော်ပြီးရင် ခိစု ဆိုတဲ့ ဂျပန်နာမည်နဲ့ ဒီဝိဉာဉ်မလေးက ရှောင်းကျန့်ရဲ့ သူငယ်ချင်းနောက်တစ်ယောက်ပေါ့ ။
ခိစုက လဲ ဝမ်ရိပေါ် Fanဖြစ်တာကြောင့် သူတို့နှစ်ယောက်က ခင်မင်မိကြခြင်းဖြစ်သည်။ ဝိဉာဉ်ဆိုတာ မကျွတ်လွတ်တဲ့ ပြိတ္တာတစ်မျိုးဘဲ ။ တစ်ခုခုကိုစွဲလန်း၍ ဖြစ်စေ၊ လုပ်ဆောင်ရမယ့် အရာတစ်ခုရှိနေသေးတာကြောင့် မကျွတ်လွှတ်နိုင်တဲ့ ဝိဉာဉ်။
ဒီကောင်မလေးကတော့ ဘာကြောင့် မကျွတ်လွတ်သေးလဲ။ကာကယံရှင်ဖြစ်တဲ့ ခိစုကိုယ်တိုင်တောင်မသိတဲ့ကိစ္စကို ရှောင်းကျန့်လဲအကျယ်တဝင့် မတွေးဖြစ်တော့ပါ ။
ခိစုက လက်ထဲမှာ ကိုင်လာတဲ့ Light stickလေးကိုလှုပ်ရမ်းလို့ ဝမ်ရိပေါ်ကိုကြည့်တယ်။
" ဝမ်ရိပေါ် က တကယ်သေရတော့မှာလား ။
   အများကြီး စိတ်မကောင်းဖြစ်ရတော့မှာဘဲ"
"အခေါ်ခံရတယ်ဘဲထားအုန်း
အကြောင်းရင်းမရှိဘဲဘာဖြစ်လို့ သေရမှာလဲ "
ခိစုရဲ့စကားကို ရှောင်းကျန့်က ပက်ကနဲပြန်ပြောသည်။ စီနီယာတွေ တင်မဟုတ်ဘဲ ခိစုတို့လို ဝိဉာဉ်တွေပါ ဒီအကြောင်းကိုသိနေကြတာပဲ။ တကယ်ဘဲ
ဒီ လောက,က လူ့လောကထက်တောင်
ပိုရှုပ်ထွေးလွန်းတယ်။
"ငါ့တစ်ဘဝလုံး သူ့ကိုကြည့်ပြီးနေလာခဲ့တာ ။
တကယ်သာဆို ငါရင်ကျိုးရမှာ "
"နိမိတ်မရှိတာတွေမပြောနဲ့တော့ ။ တကယ်ဆို ငါတို့ကလေးလေး လုပ်ဖူးချင်တာတွေ အကုန်
အရင်လုပ်ရအုန်းမယ် ပြီးတော့ သူ  သေချင်တယ်လို့  အရင်စဉ်းစားရမယ် ။ ကျန်းမာရေးချို့ယွင်းတာ မတော်တဆ ကြီးကြီးမားမား ဖြစ်ပြီး မှမဟုတ်ရင်
အကြောင်းရင်းမရှိဘဲ သူ့ကိုခေါ်လို့မရဘူး"
ခိစုက ဇက်ကလေးပုလို့ လျှာထုတ်ပြတယ် ။ ဒီကောင်မလေးက မဟုတ်တာတွေအကုန် လျှောက်ပြောနေတော့တာပဲ။ ဘာဖြစ်လို့ ရိပေါ်က သေရမှာလဲ ။မဖြစ်နိုင်တာတွေ။
မတော်တဆကြီးကြီးမားမား ဟူသည့်အချက်ကို ရှောင်းကျန့် က မေ့နေတာမဟုတ်ပဲ တမင်ကို မေ့ပစ်လိုက်တာပါ ။
"ဒါမယ့်..အခု Album က မပေါက်ဘူးလေ ။ သေကြောင်းကြံစည်..."
"ပေါက်ကရ  ဒီ Album က နောက်ဆုံးလဲမဟုတ်သေးဘူး ။ အမြဲတမ်း Perfect ဆိုတာမျိုးဘယ်ရှိနိုင်မလဲ ။ အရာရာပြည့်စုံတဲ့သူဆိုတာရှိရင် သေချာတယ် သူက လူမဟုတ်ဘူးပဲ"
"တကယ်တော့ အခုMusic Mvကလဲဆိုးဝါးတယ်"
"ဘာ !"
"အင်တာနက်ပေါ်မှာ Bad reviewတွေ ၊ဆိုးဝါးတဲ့commentတွေနဲ့ တိုက်ခိုက်တဲ့သူတွေပိုများလာတယ်"
ခိစုက သူ့ရဲ့ ဖုန်းထဲက သတင်းတွေထုတ်ပြရင်းဆိုတယ် ။ ခိစု လက်ထဲက ဖုန်းကို ရှောင်းကျန့်က လုလိုက်ပြီး သတင်းတွေကိုဆွဲကြည့်တယ်။
"မဖြစ်ဘူး ငါတို့ကလေးလေး "
"Fan ဆိုတဲ့ လူသားမတွေကကော
ဘာတွေလုပ်နေကြတာလဲ"
"အေဂျင်စီဘက်က တရားစွဲချင်စွဲမှာပါ"
ခိစုက သူ့ရှေ့က လူသားဖြစ်တဲ့Fanတွေကို မဲ့ရွဲ့လို့ကြည့်တယ် ။ ရှောင်းကျန့်ကတော့ ဝမ်းနည်းရိပ်လှိုင်တက်နေတဲ့ မျက်လုံးတွေနဲ့ ရိပေါ်ရှိရာကို ကြည့်တယ်။
"ငါ့ကလေးလေး အရမ်ပင်ပန်းနေမှာ "
"အရင်ဆုံး သူ့ Stylelist တွေကို အရင်ဆုံး
ပို့လိုက်လို့မရဘူးလား သူတို့ပြင်ဆင်ပေးတဲ့အပြင်အဆင်တွေက ပိုဆိုးဝါးတယ်"
"ဟုတ်တယ် သူတို့ကို အရင်ပို့လိုက်ရမလား"
ရှောင်းကျန့်တို့ မ‌ကျေမနပ် ရေရွတ်နေကြတုန်း အခန်းထဲက ရိပေါ်က ထွက်လာပြီ ဖြစ်သည်။
"ရိပေါ် ထွက်လာပြီ "
ရိပေါ် ထွက်လာတာနဲ့အကုန်လုံးကို ပျားပန်းခတ်သွားကြတယ်။ အကုန်လုံးက စာသားတစ်ခုကိုဘဲ တူတူရွေရွတ်ကြတယ် ။
" ဝမ်ရိပေါ် ငါတို့အားလုံး မင်းကိုကာကွယ်ပေးမယ်"
" ဝမ်ရိပေါ် ငါတို့အားလုံး မင်းကိုကာကွယ်ပေးမယ်"
ရိပေါ်ကားပေါ် တက်သွားသည်အထိ အော်ဟစ်နေကြတုန်းပဲ။ ဝိဉာဉ်မလေး ခိစုက ကားပေါ်ထိတက်လိုက်သွားဖို့ ကြံရွယ်နေတုန်း ဂုတ်ကနေ ဆွဲထားခြင်းခံရတယ်။
"ရှောင်းကျန့် လွှတ် သူတို့မှငါတို့ကိုမမြင်နိုင်တာ
လိုက်သွားကြမယ်"
"အထက်ကို မြန်မြန်သွားချင်နေပြီလား ။
ငါတို့ကိုယ်တိုင်က သူ့ရဲ့ Privacy ကို
လေးစားရမယ်"
သူတို့ကိုမမြင်နိုင်တဲ့ ‌Bodyguard တွေကြောင့်
ခိစုက ကားမှန်အနားကိုကပ်ကြည့်ပြီး ထိုသို့အော်သည်။
" ဝမ်ရိပေါ် သေလို့မဖြစ်ဘူး ။ ရိပေါ် မရှိတဲ့ဘဝကြီးကငါ့အတွက် အဓိပ္ပါယ်မရှိတော့ဘဲဖြစ်သွားလိမ့်မယ်"
ဝမ်ရိပေါ်တို့ ကားလေးက တရွေ့ရွေ့ထွက်ခွာသွားတယ်။  ရှောင်းကျန့်တို့တွေအကုန်လုံးထိုကားလေးနောက်ကို မှီသလောက်ပြေးလိုက်ကြရင်း ကာကွယ်ပေးမယ်ဝမ်ရိပေါ်  ဟူသည့် စကားလုံးကိုသာရေရွတ်ကြတယ်။
//လောဘတက်ခွင့်မရှိပဲ
ငေးကြည့်ရုံသာ တတ်နိုင်တဲ့
မင်းရဲ့ ဖြစ်တည်မှုက ငါတို့အတွက်
အဖိုးတန်လွန်းတယ် //
           ****🎐****
Car cushion ကိုမှီပြီး မျက်လုံးတွေမှိတ်ထားတဲ့ဝမ်ရိပေါ်က ဘာအတွေးမှမရှိတဲ့ စက်ရုပ်လူသားလို ။
သူ့ရဲ့ မန်နေဂျာ ဖြစ်တဲ့ ဟောက်ရွှမ်းက သူ့ကို သီချင်းကိစ္စနဲ့ ပတ်သတ်တွေကို ထပ်ခါတလဲလဲ ပြောနေသည်။
"လိုင်းပေါ်က သတင်းတွေဖျက်ခိုင်းပြီးသွားပြီ"
"ရိပေါ် ဒီတစ်ခေါက် ပရိတ်သတ် ကြိုက်မဲ့ အချစ်သီချင်း လေးတစ်ပုဒ်လောက် ဖန်တီးကြရအောင်"
"အချစ်သီချင်းမဟုတ်ဘဲ နားလည်ရခက်တဲ့သီချင်းတွေကို အခုခေတ်ကလေးတွေသိပ်မကြိုက်
ကြတော့ဘူး"
ရိပေါ်က ဘာကိုမှ မကြားချင်တော့သည့်အလား သီချင်းဖွင့်မထားတဲ့ ကြိုးမဲ့ နားကြပ် ကို နားထဲထည့်လိုက်တယ် ။
" အချစ်သီချင်းမျိုးကို ကိုယ်တိုင်မခံစားဖူးပဲ
ဘယ်လိုဖန်တီးမှာလဲ "
"မင်းမရှည်နဲ့ မောင်းစရာရှိတဲ့ ကားကို ဂရုစိုက်မောင်း။အချစ်သီချင်းမျိုး ...ဝမ်ရိပေါ် မင်းအိပ်နေတာလား"
"ရိပေါ် အိပ်နေတာကိုး ။သူ အရမ်းပင်ပန်းမှာဘဲ "
ဟောက်ရွှမ်းက ဘေးက ဖန်စစ်ကို ဘုကြည့်ကြည့်တယ် ။
"ကျွန်တော့်ကို အဲ့လိုမကြည့်သင့်ဘူး နော် ။ တကယ်ကိုကျွန်တော်ကအကြံပေးချင်တာ ။ ရိပေါ်က ဒီအနုပညာလောကထဲဝင်လာပြီးကတည်းက အပြင်လောက နဲ့ အဆက်သွယ်ပြတ်ပြီး ဒီလောကထဲမှာပဲ စောက်ချကြိုးစားနေရတာ ။
အချစ်ဆိုတာ သူမထိတွေ့ဖူးဘူး ။
အချစ်ဆိုတာ ကိုယ်တိုင်မခံစားဖူးဘဲ သူဘယ်လိုမှရေးနိုင်မှာမဟုတ်ဘူး ။ ရေးနိုင်မှာ မဟုတ်ဘူးထက်
သူမရေးနိုင်ဘူး ။ အဲ့တာကြောင့် အရင်ဆုံး သူ့ကို ရည်းစား ထားခွင့်ပေးလိုက်တာမကောင်းဘူးလား"
"အဲ့တာဆို ခွေးမွေးပေးလိုက်မလား ။ မဖြစ်တော့ဘူး ငါ လီယွဲ့ ကို အချစ်သီချင်း တစ်ပုဒ်ဖန်တီးခိုင်းလိုက်ရမလား ။သူ့ဆီကိုဖုန်းဆက်လိုက်မယ် "
သီချင်း ဖွင့်မထားတဲ့ ရိပေါ်က သူမကြားချင်တာတွေအကုန်ကြားနေရတယ်။ တကယ်ကို စိတ်ပျက်စရာတွေပဲ ။
မီးပွိုင့် နေရာမှာ ကားရပ်သွားတုန်း ရိပေါ်က mask အမည်း ကို တပ်လို့ ဦးထုတ်ယူဆောင်းလိုက်တယ်။
"Blind date Showတွေကိုပါ ဆက်သွယ်ပြီးရိုက်လိုက်ရင် ကလေးတွေသဘောကျမလား"
ဟောက်ရွှမ်းနဲ့ ဖန်စစ် ဆွေးနွေးလို့ကောင်းနေတုန်း သူ ကားပေါ်က ဆင်းပြီး တစ်ဖက်ကားလမ်းကို ကူးလာလိုက်တယ် ။ ကားပေါ်က ဟောက်ရွှမ်းရဲ့ ဝမ်ရိပေါ် မင်းဘယ်သွားတာလဲ ဆိုတဲ့ အော်သံကို လျစ်လျူရှုရင်း ဆက်လျှောက်လာခဲ့တယ်။
မီးကပြန်စိမ်းသွားတာမို့ ဟောက်ရွှမ်းတို့ သူ့နောက်လိုက်လာဖို့ အခွင့်မရှိတော့ ။ အနည်းဆုံးတော့ သူ့ကိုယ်ပိုင်အချိန်လေး လိုအပ်တယ် ။
ကားမှတ်တိုင်မှာ သူရပ်လိုက်ပြီး ဖုန်းကိုထုတ်လို့
Yibo Wang ဆိုပြီးရိုက်ရှာလိုက်တယ် ။သူ့ရဲ့ သီချင်းအသစ် ထုတ်ဝေမှုသတင်းနဲ့အတူ ဆိုးဝါးတဲ့ ‌commentတွေကြောင့် ဖုန်းကို ပြန်ပိတ်လိုက်တယ်။
ဘေးမှာ ထိုင်နေတဲ့ကောင်မလေးက ဖုန်းထဲမှာ
စာတွေရိုက်နေသည် ။ ဘာရယ် မဟုတ် ကျောင်းသူအရွယ်ဖြစ်နေတာကြောင့် အနည်းငယ် ငုံ့လို့ကြည့်မိ‌တော့ သူ့သီချင်းသစ်အကြောင်းကို Bad review ရေးနေခြင်းပင်။
| သီချင်း အသစ်ထွက်တိုင်း ဆိုးဝါးလာတယ် ။ တကယ်ကို နားထောင်လို့ မကောင်းဘူး ။နာမည်ပဲ
ကြီးချင်တဲ့လူ သွားသေလိုက်စမ်း|
စာလုံးတွေရိုက်တိုင်း သူဟာ ထိုဖုန်းscreenနားထိ ငုံ့ကြည့်မိတယ် ။ ‌ထိုအခါမှ ဘေးဘီကို အာရုံမလာတဲ့ ကျောင်းသူက နောက်ကိုဆုတ်လို့သူ့ကိုမော့ကြည့်တယ်။
"ဘာလဲဟ "
သူတပ်ထားတဲ့ maskကို မေးအောက် ဖြုတ်ချလိုက်ပြီး စိုက်ကြည့်ပေးလိုက်သည်။
"အာ...ချောလိုက်တာ တောင်းပန်ပါတယ်
ပြန်ဖျက်ပေးပါ့မယ် "
ရေးထားတဲ့ postကိုပြန်ဖျက်ဖို့လုပ်နေတာကြောင့်
ရိပေါ်ကပြုံးလိုက်တယ် ။သေချာပေါက်ပျော်လို့ပြုံးတဲ့အပြုံးတော့ဘယ်ဟုတ်ပါ့မလဲ။
"ရတယ်  တင်လိုက် "
ရိပေါ်က ဖုန်းscreen က shareကို နှိပ်ပေးလိုက်တယ် ။ ပြီးတော့ maskကိုပြန်တပ်လိုက်တယ် ။
Bus ကားလဲ ရောက်လာပြီဖြစ်တာကြောင့် ထိုကျောင်းသူလေးရဲ့ ပခုံးကိုပုတ်ပေးလို့ စကားတစ်ခွန်းပြောခဲ့တယ် ။
"တရားစွဲမှာ "
       ____________
"ခိစု မင်းဓါတ်ပုံရိုက်လို့ ပြီးအုန်းမှာလား"
"ကျင်းကော် လေး ရေ မင်းသခင်က ကျဲကျဲတို့
လှနေတာကို မနာလိုဖြစ်နေတာဘဲ"
"Mewoo ~"
ရှောင်းကျန့်က ထိုစကားကိုကြားတော့ မဲ့ရွဲ့လိုက်တယ်။ သူကဝမ်ရိပေါ်လောက်မချောပေမယ့် သာမန်ယောကျာ်းလေးအနေနဲ့ ချောတယ်လို့ဆိုလို့ရတဲ့ သူတစ်ယောက်ပဲကို  ။
"လာပါ ရှောင်းကောကောရယ် ဓါတ်ပုံရိုက်ကြမယ်"
" မရိုက်ချင်ပါဘူး "
* Ring Ring *
ခိစုက ရှောင်းကျန့် ကိုအတင်းဆွဲပြီးဓါတ်ပုံရိုက်ဖို့လုပ်နေတုန်း ရှောင်းကျန့်ဆီဖုန်းဝင်လာတယ် ။
ခေါ်ဆိုသူကြောင့် ခိစုကို အသံတိတ်ဖို့ အချက်ပြပြီး ဖုန်းကိုင်လိုက်တယ် ။ စိတ်ထဲကလဲ ဘုရားသိကြား တ,ရင်း။
"ဟုတ်ကဲ့ မန်နေဂျာရှင်း "
မန်နေဂျာ ဆိုသူက ရှောင်းကျန့်တို့ ဧည့်သည် ဘယ်နှစ်ယောက်ပို့ဆောင်ပြီးပြီ ဆိုတာကို စာရင်းပြုစုတဲ့သူ ။
"ရှောင်းကျန့် တစ်နေ့ကို ‌သေဆုံးသူပေါင်း ဘယ်နှစ်ယောက်ရှိတယ်လို့ မင်းထင်လဲ "
"ဟို ဆယ်ယာက်အယောက်အစိတ်လား"
" သေဆုံးသူပေါင်း နေရာအနှံ့စုစုပေါင်းရင်း
ရာကျော်တယ်ကွ ။ ဒီလိုရာကျော်သေဆုံးနေတဲ့ လူတွေကို တစ်ယောက်လေးတောင်မှ ပို့ဆောင်နိုင်ခြင်းမရှိဘူး။ အရမ်းကို အလုပ်ကြိုးစားနေတာဘဲ "
မန်နေဂျာရှင်းက ရှောင်းကျန့်ရဲ့ ဇယားကွက်ထဲမှာ ဒီနေ့အတွက်အမှား ခြစ်တစ်ခုကို တိုးလို့ရေးခြစ်လိုက်တယ် ။ ရှောင်းကျန့် ဘေးက လူတိုင်းကတော့ အမှန်ခြစ်တွေစီနေတာပဲ။
"ပို့ပေးချင်တာပေါ့ ။ဒါမယ့် ရတဲ့ဧည့်သည်တွေက အကယ်ခံလိုက်ရသလို အလု..."
"ဆင်ခြေတွေပေးမနေဘဲ အလုပ်ကိုကောင်းကောင်းလုပ်စမ်းပါ ။ ဒါနဲ့များ အမြဲတမ်း သေမင်း အလုပ်နေရာ မြဲမယ်ထင်နေတာလား"
"မြဲချင်တာပေါ့ ။ ဟို ကားလေး ဘာလေး ပေးရင်ပို အဆင်ပြေမှာပေါ့ "
"တစ်ယောက်တောင်မပို့ဆောင်နိုင်သေးဘဲ ပစ္စည်းက ရချင်နေသေးတယ်။  လူတစ်ယောက် ပို့ဆောင်နိုင်မှ ပစ္စည်းတစ်ခုရတာကို သိတယ်မလား ။အနီးနားမှာ လျှောက်သွားနေတဲ့ သရဲတွေဘာတွေမရှိဘူးလား "
ရှောင်းကျန့်က ဘေးနားက ကြောင်နဲ့ အလုပ်ရှုပ်နေတဲ့ ခိစု ကိုကြည့်လိုက်တယ် ။ ခိစုကလဲ သူ့ကို ဘာလဲဆိုပြီး မေးဆတ်ပြတယ်။
"ရှိတော့ ...ရှိတာပေါ့"
"အဲ့တာဆို အဲ့သရဲကိုဖြစ်ဖြစ်ပို့ပေးလိုက်"
"ဟုတ်ကဲ့ ...ဖုန်းချလိုက်ပါတော့မယ် "
ခိစုက ကြောင်ကို ချလို့ သူ့ကို စူးစမ်းစွာကြည့်တယ်။
"မင်း ဘဝကူးချင်လား"
ခိစုက ထိုစကားကိုကြားတာနဲ့ ထိုင်နေရာကနေ ထ,ပြေးတယ်။ အဝေးနားရောက်တဲ့အချိန်ကြမှ
"တစ်ခါလောက်တော့အချစ်ခံရဖူးပြီးမှ
ဘဝကူးလို့ရမှာပေါ့ အကျင့်မကောင်းတဲ့ သေမင်း"
"နားလည်ပါပြီ ခိစုစန် "
ရှောင်းကျန့်က ခိစုရဲ့စကားကို ရယ်ပြီး ပြန်ဖြေတယ် ။ သူ ကားရရှိရေးအတွက် အချစ်ခံဖူးချင်တဲ့ သူငယ်ချင်းမလေးကို အထက်ကိုပို့လိုက်လို့ ဘယ်ဖြစ်ပါ့မလဲ ။
             __________________
ရိပေါ်ဖုန်းထဲကို ကျလာတဲ့ အသံမက်ဆေ့ခ်ျကို ဖွင့်လို့ နားထောင်လိုက်တယ် ။
| ဟောက်ရွှမ်းက မင်းကို လာကြိုပေးဖို့ ဘယ်မှာလဲတဲ့ ။ အိမ်ပြန်လမ်းပျောက်နေမစိုးလို့တဲ့ အသံဖိုင်နားထောင်ပြီးရင် ဖုန်းဆက်ဦး |
"လူကို ကလေးများ ထင်နေတာလား "
ရိပေါ် ဖုန်းကိုစက်ပိတ်လိုက်တယ်။ အိမ်ပြန်လမ်းကတော့ မသိစရာအကြောင်းမရှိပါဘူး။ ထင်တာပဲ...။
" အိမ်ကဘာလို့ဝေးနေရတာလဲ ။ တကယ်ပဲ တစ်ခုမှအဆင်ပြေတာမရှိဘူး "
ထင်တာပဲ မဟုတ်ဘဲ တကယ်ကို အိမ်ပြန်လမ်းက
လမ်း အခွဲပေါင်းများစွာနဲ့ ရှုပ်ထွေးလာသည်။ သူထင်ရာကို သွားနေပေမဲ့ ‌လှိုင်ဂူလို နေရာဘက်ကို ရောက်လာသည်အထိ အိမ်ကိုရှာမတွေ့သေးဘူး။
စက်ပိတ်လိုက်တဲ့ဖုန်းကို ပြန်ဖွင့်ရင်း ဟောက်ရွှမ်းဆီ ဖုန်းဆက်လိုက်တယ် ။
"အိမ်က ဘာလို့ဝေးနေရတာလဲ "
"မင်းအခုဘယ်မှာလဲ "
"အိမ်ပြန်တဲ့လမ်းပေမဲ့ အခုရောက်နေတာ
ဘယ်နေရာမှန်းမသိဘူးဖြစ်နေတယ် "
"ဘယ်မှမသွားနဲ့ လာခေါ်မယ် "
"အင်း"
ဖုန်းချပြီးတာနဲ့ သူလှိုင်ဂူသဖွယ်ရှိတဲ့ လမ်းထဲကို ဝင်လာခဲ့လိုက်တယ် ။ ဥမင် ရဲ့ နံရံတွေမှာ ပန်းချီတွေရေးခြစ်ထားတယ်။ 
" ဒါတကယ်ပဲ ဘယ်နေရာလဲကွာ "
သူဆက်လျှောက်တဲ့လမ်းတ်လျှောက်က တိတ်ဆိတ်နေသည်။ အနည်းငယ်ဟောင်းနွမ်းနေပြီဖြစ်တဲ့ အိမ်ရှေ့မှာ ကြောင်တစ်ကောင်က သူ့နားရွက်ကို ပွတ်နေတယ်။
*Mewoo~*
အနက်အဖြူစပ်ထားသည့် ကြောင်ကလေးက သူ့ကိုမြင်တာနဲ့ အိမ်ထဲကိုပြေးဝင်သွားတယ် ။ သူထိုနေရာနားကနေ လှည့်ထွက်ဖို့ လုပ်ပေမဲ့ အိမ်ထဲကနေ စန္ဒယားသံ တစ်ချို့ထွက် ပေါ်လာတယ်။ လူရှိနေတာများလား ။
သိလိုစိတ်ထက် သူ့ရဲ့ခြေထောက်တွေက အိမ်ထဲကိုခြေချပြီးနှင့်ပြီ။ စက်အစုတ်တွေစုပုံထားတဲ့ ဒီနေရာက အိမ်မဟုတ်ဘဲ ပျဉ်ဂိုဒေါင်မှန်း အထဲဝင်ဝင်ချင်းမှာသိရသည်။ ပျဉ်ရဲ့ တစ်ချက်မှာ သူ့ရဲ့ poster ကို ကပ်ထားသည်။
*Meoww*
စန္ဒယားသံ ထွက်လာတာက လူကြောင့်မဟုတ်ဘဲ။
စန္ဒယားပေါ်မှာ တက်ထိုင်နေတဲ့ ကြောင်ကြောင့်ဖြစ်မည်။ ကြောင်လေးက သူ့ကိုတွေ့တာနဲ့ ထွက်ပြေးသွားပြန်သည်။
" ကြောင်တောင် ငါ့ကိုမချစ်ဘူးဘဲ "
စန္ဒယားရှေ့က ခုံမှာ ဝင်ထိုင်လိုက်ရင်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိသည် ။
တကယ်ကိုပဲ...။
သူ့ရဲ့ လက်တွေကို သူ့ရှေ့က စန္ဒယားဟောင်းလေးပေါ် ပြေးလွှားစေလိုက်တယ် ။ သူ့စိတ်ကူးထဲကရောက်တတ်ရာရာ သံစဉ်တွေပါပဲ ။ လှောင်အိမ်ထဲက ငှက်ကလေးလို ပြေးပေါက်မရှိတဲ့ သူ့အတွက်က သံစဉ်တွေတီးခတ်မိတိုင်း မွန်းကြပ်စရာ ။
ဒါ့ကြောင့် သူ့ဖန်တီးမှုတွေက လူပြောများစရာဖြစ်လာတာဘဲ ။ အကောင်း ပြောခံရတာမဟုတ်ပဲ အဆိုးတွေကြည့်ပဲ။တစ်ခါတစ်လေ မွန်းကြပ်လွန်းတဲ့ သံစဉ်တွေကနေ ရုန်းထွက်ကြည့်တယ်။ငါ့ရဲ့အရည်အချင်းတွေက
အစစ်မှန်တွေ ဟုတ်ရဲ့လားလို့ အကြိမ်ကြိမ်တွေးတောမိတယ် ။
မွန်းကြပ်လွန်းတဲ့ခံစားချက်တွေကို သံစဉ်အဖြစ်
စိတ်လွတ်ကိုယ်လွတ် ပုံဖော်နေတဲ့
ဝမ်ရိပေါ်ဆိုတဲ့ အဆိုတော်လေး ရှိသလို
ထို အဆိုတော်လေးကို အနီးကပ်ထိုင်ကြည့်ရင်း
ရင်ဘတ်ကလေးကို ဖိထားတဲ့
သေမင်းလေး တစ်ယောက်ရှိနေခဲ့တယ်။
// အခု ငါ ဝမ်ရိပေါ်ကို အနီးကပ်ကြည့်ရင်း
နှလုံး ခုန်သံတွေက တေးသွားတွေ အဖြစ်
ပြောင်းလဲသွားတော့မယ့်အတိုင်းပဲ //
        _____________________
"ဘာ !"
ဘာတွေလုပ်နေကြတာလဲ"
"ရိပေါ် ထွက်လာပြီ "
လိုက်သွားကြမယ်"
လေးစားရမယ်"
//လောဘတက်ခွင့်မရှိပဲ
အဖိုးတန်လွန်းတယ် //
           ****🎐****
ကြတော့ဘူး"
ဘယ်လိုဖန်တီးမှာလဲ "
"ရိပေါ် အိပ်နေတာကိုး ။သူ အရမ်းပင်ပန်းမှာဘဲ "
"ဘာလဲဟ "
ပြန်ဖျက်ပေးပါ့မယ် "
"ရတယ်  တင်လိုက် "
"တရားစွဲမှာ "
       ____________
"Mewoo ~"
" မရိုက်ချင်ပါဘူး "
* Ring Ring *
"ရှိတော့ ...ရှိတာပေါ့"
"မင်း ဘဝကူးချင်လား"
"နားလည်ပါပြီ ခိစုစန် "
             __________________
"မင်းအခုဘယ်မှာလဲ "
"အင်း"
*Mewoo~*
*Meoww*
တကယ်ကိုပဲ...။
        _____________________
Continue Reading
You'll Also Like
134K 5.7K 30
Inspired by Arsenic Blues by 11QueenSupreme11 and Young Gods by phoenix1770, but with my own plot. This is a mix of reactions and story. What happens...
18.6K 1K 17
♫︎ Sᴄᴀᴛᴛᴇʀᴇᴅ 'ᴄʀᴏss ᴍʏ ғᴀᴍɪʟʏ ʟɪɴᴇ. I'ᴍ sᴏ ɢᴏᴏᴅ ᴀᴛ ᴛᴇʟʟɪɴɢ ʟɪᴇs. Tʜᴀᴛ ᴄᴀᴍᴇ ғʀᴏᴍ ᴍʏ ᴍᴏᴛʜᴇʀ's sɪᴅᴇ. Tᴏʟᴅ ᴀ ᴍɪʟʟɪᴏɴ ᴛᴏ sᴜʀᴠɪᴠᴇ. Sᴄᴀᴛᴛᴇʀᴇᴅ 'ᴄʀᴏss ᴍʏ ғᴀᴍɪ...
81.4K 15.1K 57
لە جیهانێکدا کە تەنها خەیاڵ دەتوانێت ئەندێشەی بۆ بکات لەو جیهانەدا تاکەکانی ناوی هەمووی خاوەنی هێزن هێزی جۆراوجۆر کە هەر تاکێکی ئەم گەلە تایبەتمەن...
46.3K 6.2K 48
Update - Tuesday and Saturday (2chapters A week)