"For Doctor"

Da Ah_Khat_Yar_Thaw

40K 2.3K 121

တို့ကမင်းကိုအရမ်းချစ်တာလေ ပလီပလာတွေမပြောနဲ့ စိတ်ကောက်နေတာနော် မုန့်ဝယ်ကြွေးမယ်လေ တကယ်လား တကယ်ပေါ့ Own Char... Altro

အပိုင်း ၁
အပိုင်း၂
အပိုင်း ၃
အပိုင်း၄.
အပိုင်း၅ (သင်္ကြန်)
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂ (Final)

အပိုင်း ၆

2.7K 177 5
Da Ah_Khat_Yar_Thaw

ရုန်းမနေနဲ့တို့မင်းကိုဆွဲစားပြစ်ချင်လာပြီနော်
ထပ်မရုန်းနဲ့

ဖယ်ပေးလို့ အရူးကြီးရဲ့

မဖယ်ပေးပါဘူး မင်းတို့ကို
ဘာလို့အမြဲဒီမျက်စောင်းဘဲထိုးနေရတာလဲ
ပြောစမ်းပါ

ဖယ်လို့

တိတ်စမ်း! ငြိမ်​ငြိမ်နေ တို့ကိုကြည့်

ဒေါ်နီလာစိမ်း

မကြည့်ဘူးပေါ့

ထိုကလေးကိုအကျပ်ကိုင်ကာ
အကြည့်ချင်းဆုံစေတော့

တို့ကိုပြောချစ်လား

ဘာလို့ပြောရမှာလဲ ရှင်ရူးသွားပြီလား

ပြောမှာဖြင့်ပြောနော်
တို့ကစိတ်သိပ်မရှည်ဘူး

အရူးကြီး

တို့တကယ်မင်းကိုဆွဲနမ်းပြစ်မှာနော်

လွိုင်းကလဲရှင့်ရဲ့အားပိစိလေးလောက်နဲ့
သနားတယ်သိလား ဖယ်ပေးပါ အခု

ဟေး မင်းကတို့ကိုနာအောင်ပြန်လုပ်ချင်တာလား

ဖယ် လက်ကိုအခုလွတ်နော်
နာတယ် နာ အား သေပါပြီ
ခင်ဗျားကြီး ကိုယ့်ကို
သေစေချင်နေတာမလား

မသေစေချင်ပါဘူး
မင်းမရှိတော့ရင်
တို့ဘယ်သူကိုချစ်ရမလဲ

စိမ်းကိုမျက်စောင်းကြီးထိုးကာဖြင့်
မျက်နှာလေးကိုမဲ့ပြသည်

စိမ်းထိုကလေးရဲ့နှာခေါင်းလေးကို
အသာဆွဲလိုက်တော့စိမ်းလက်ကိုအသာရိုက်လာပြီး

လွှတ်နော် နာတယ်
သူများသားသမီးကိုမညှာမတာနဲ့ ဒေါ်နီလာစိမ်း

သူများသားသမီးမို့လို့
ညှာညှာတာတာချစ်တာလေ
ဒီကမင်းကိုချစ်လွန်းလို့ဆွဲတာနော်
ဘာလဲ မင်းကတို့ကိုမချစ်ဘူးဆိုတဲ့သဘောပေါ့

မူယာမာယာများနေသည့်ထိုမိန်းမကိုကြည့်မိကာ
လွိုင်းမြန်မာရုတ်တရပ်ငေးမိသွားသည်
မြန်မာဝတ်စုံလေးအထပ်မှာတင်းတင်းရင်းရင်းပေါ်ထွက်နေသည့်အရာလှလှလေးတွေကို
ကြည့်မိလေသည်

စိမ်း နှုတ်ခမ်းပါးလေးကို
ကော့ကာပြုံးတုန်းတုန်းလေးသူ့ကိုကြည့်လိုက်ပြီး

အဟမ်း မင်း ဘာတွေကြည့်နေတာလဲ

ဘာ ဘာမှမကြည့်ပါဘူး
ရှင့်မှာရှိတာကိုယ့်မှာလဲရှိတယ်

အဟင်းဟုတ်ရဲ့လား
သေးသေးကွေးကွေးလေးနဲ့
တို့လိုများရှိပါ့မလား
ကြည့်ချင်စမ်းပါဘိကွယ်

ဘာလဲ ခင်ဗျားကြီးကဘာလဲကွာ
လူကိုဘာစကားတွေလာပြောနေရတာလဲ
သွား ဝေးဝေးသွားဗျာ

ကြည့် ဒါဆိုတို့ကမင်းလေးကို
မချစ်ရတော့ဘူးလား ဟင်
ဘာလို့အတင်းရုန်းနေရတာလဲ

ဖယ်နော်

ဆွဲနမ်းလိုက်ရမလား

မနမ်းနဲ့

ဒါဆိုငြိမ်ငြိမ်လေးအဖက်ခံလေ

အဖက်မခံပါဘူး ဖယ်ပါ

ဒီအရှုပ်ထုတ်လေးကတော့

...........................................

လွိုင်း ဘယ်လာတာလဲ ဆရာ့ဆီကိုလား

လက်ပြတ်စွတ်ကျယ်လေးနှင့်ဖြူဖြူသေးသေးကွေးကွေးပုံစံလေးကိုစိမ်းရုတ်တရပ်မြင်လိုက်သည်နှင့်
သူမလေးမှန်းသိလိုက်သည်မို့
ရုံးခန်းထဲမှထွက်ကြည့်လိုက်တော့
သူ့ဘေးမှာသီရိယွန်းသွယ်ကရောက်လို့နေလေသည်

အမ်း ဟို... ဟုတ်တယ် အစ်မ ဘာလို့လဲ

လာ ဒါဆိုအစ်မနဲ့သွားကြမယ်လေ

လွိုင်းလက်မောင်းလေးကိုဖက်ကာ
သွားကြမည်လုပ်သည့်သီရိယွန်းသွယ်

နေအုန်း လွိုင်းမြန်မာ က တို့ဆီကိုလာတာ
သီရိယွန်းသွယ် တို့ဘဲဆရာဆီလိုက်ပို့ပေးလိုက်မယ်

လွိုင်းကိုတစ်ချက်စိုက်ကြည့်ရင်း
ထိုအလုပ်သင်ကောင်မလေးကို
ခပ်တည်တည်ပင်ကြည့်လိုက်သည့်စိမ်း

မင်းကိုတို့ပြောစရာရှိတယ်
တို့နောက်လိုက်ခဲ့ပါ

ဖက်တွယ်ထားသည့်ထိုအစ်မလက်ကို
မျက်လုံးထောင့်ကပ်၍ကြည့်သွားသည့်စိမ်း
လွိုင်း ဟိုအစ်မကိုအားနာသလိုကြည့်လိုက်ကာ
အသာဖယ်ချလိုက်ရင်း စိတ်ကောက်သွားသည့်
ဒေါက်တာဒေါ်နီလာစိမ်းဆီအပြေးလိုက်ရလေသည်

မင်းရဲ့လက်ချောင်းလေးတွေကအစ
သူများတွေနဲ့ရော်ယှက်မှာကိုတို့မလိုလားဘူး
မင်းနားလည်လား! လွိုင်းမြန်မာ

ဟုတ်ပါပြီ လွိုင်းသိပြီ တကယ်သိပြီ

ဒါတွေကမင်းလက်ခံလို့ဖြစ်ရတာ
နောက်ဘယ်သူ့ကိုမဆို လက် တောင်
အကိုင်မခံပါနဲ့ တို့ တကယ်မကြိုက်ဘူးနော်
လွိုင်းမြန်မာ

သူ စိမ်းကိုသေချာမော့ကြည့်နေပြီး
စိတ်မရှည်တော့သလိုဖြင့်သက်ပြင်းချလိုက်ကာ

ဒါဆိုရင်လည်း ဘယ်သူနဲ့မှမပတ်သတ်စေချင်ရင်
ဒေါက်တာကိုယ့်လက်ကို
အမြဲတမ်းဆုပ်ကိုင်ထားပေးလိုက်လေ
ဒါဆိုကိုယ်လက်ကိုဘယ်သူမှ
လာ ထိတွေ့စရာအကြောင်းမှမရှိတော့တာ

မျက်မှောင်တို့ကိုကြုတ်ကာ
စိမ်းကိုသေချာကြည့်ပြောသည်မို့
စိမ်းမှာသူ့ရဲ့ချစ်စရာပုံလေးကြောင့်
စိတ်ဆိုးနေသည့်ကြားမှရယ်ချင်မိသွားသည်

ရပြီလား ခင်ဗျား

မရသေးဘူး မင်းတို့ကိုစိတ်မရှည်သလိုပြောတယ်

ဟာကွာ ဒေါက်တာ့ ခင်ဗျား!

တိတ်စမ်း

ခင်ဗျား လာခေါ်ရဲခေါ်ကြည့် ဖယ် ပြန်မယ်

တို့ကမင်းကိုစခေါ်ရမှာလား
မင်းကအငယ်လေမင်းအရင်ပြန်ခေါ်ရမှာနော်
အဲ့ဒါမင်းတာဝန်ဘဲ

ဘာလဲကွာ

ဘာလဲ မင်း က
ရတယ်လေ မခေါ်နဲ့

ခင်ဗျားကြီး က တကယ်လူယုတ်မာကြီး

စိမ်းနားကိုကပ်ကာလေသံလေးလျော့ပြီး
လက်ညိုးတစ်ထိုးထိုးနှင့် ပြောဆိုသည်မို့
စိမ်းမှာအူလိမ့်အောင်ရယ်ချင်သွားရသည်

..............................................................

ဟေး ဟိုကလေးမလေး မင်းဒါဘာလုပ်တာလဲ

ဘာလုပ်ရမှာလဲ ထိုင်နေတာလေ မမြင်တာလား

မင်းကစွာလှချည်လား သူများအိမ်ရှေ့လာပြီး

ဘာကိုသူများအိမ်ရှေ့လဲခင်ဗျားက

စိမ်းအိမ်ရှေ့တွင် ကားကိုမှီကာ ဖုန်းသုံးနေသည့်
ဖြူဖြူသေးသေး ထိုကလေးမလေးကို
ကိုအောင်နိုင်မျက်မှောင်ကြုတ်ကာကြည့်လိုက်ပြီး
ခါးထောက်လိုက်ကာ

မင်းကများငါမွေးရင်ငါ့သမီးလောက်ရှိမယ့်
ကလေးမကများ ခင်ဗျားတွေဘာတွေနဲ့
ဘာလဲမင်းက

လူလေ မြင်လား အကောင်လိုက်ကြီး

နေစမ်းပါအုန်း မင်းကဒီမှာဘာလုပ်နေတာလဲ

ဘာလုပ်နေတယ်ထင်လဲ ခင်ဗျား

သူများပစ္စည်းခိုးမလို့မဟုတ်လား
လူလေးကသနားကမားရွံ့စရာနဲ့

ခင်ဗျားကြည့်တော့ ရုပ်ကတောကတက်လာတဲ့ရုပ်နဲ့ ခင်ဗျားကရော်ဘာလဲ ဒေါက်တာ့
အိမ်ကပုလင်းခွံလာကောက်တာလား

ဘာကွ ငါကဒီလိုပုလင်းခွံကောက်မဲ့ရုပ်လား
မင်းကဘာလဲကွ

နေခင်းဘက်ကြီးမှာ လည်ကတုံးနှင့်
တိုက်ပုံဝတ်ထားသည့်ထိုလူကို
ခေါင်းအစခြေအဆုံးကြည့်လိုက်ကာ
ကြည့်ရတာ ယောက္ခမကြီးရဲ့လက်ချက်ဘဲဖြစ်ရမယ်

ခင်ဗျားကဘာလဲ နွားပွဲစားလား
အန်တီနွဲ့ရီ ခေါ်ထားတာမလား
အိမ်ထဲမှာစောင့်နေတယ် ဝင်သွားလိုက်

အောင်မာ မင်းကများ

ကလေး ဘာဖြစ်နေတာလဲ

အိမ်ထဲမှအိမ်နေရင်းဂါဝန်ချည်ထည်လေးနှင့်ထွက်လာသည့်စိမ်းမှာလွိုင်းအနားရောက်သည်နှင့်လွိုင်းနဖူးပြင်ကိုခပ်ဖွဖွပွတ်သပ်လိုက်ပြီးတစ်ဖက်လူဆီတစ်ချက်ကြည့်လိုက်သည်

ဒီလူလေ အန်တီခေါ်ထားတာနေမှာပေါ့
လွိုင်းအပြင်သွားစရာရှိလို့
အရိပ်မိုးဆီဖုန်းဆက်နေတာ အဲ့ဒါသူရောက်လာလို့
မပျင်းရအောင်စကားများပေးနေတာ

မပျင်းရအောင်စကားများပေးတယ်များ
ဖြစ်ရသေးတယ် အံ့ဩပါ့ဗျာ

မဲ့ကာရွဲ့ကာပြောနေသည်မို့
လွိုင်းမှာပခုံးတွန့်ပြကာ
စိမ်းလက်ကိုဆုပ်ကိုင်လိုက်ပြီး

လွိုင်းပြန်တော့မယ်ဒါဆို
အပြင်သွားစရာရှိသေးလို့

ဘယ်သွားမှာလဲ

​နောက်တစ်ယောက်ဆီလေ

နာချင်ပြီလား

စိမ်းကိုစရင်းပြုံးလိုက်သည့်လွိုင်းမျက်နှာလေးကို
ထိုလူမှာရုတ်တရပ်ငေးငိုင်ကြည့်နေသည်မို့
စိမ်းမျက်ခုံးတို့ကိုတွန့်ချိုးလိုက်ကာ

အိမ်ထဲမှာကျွန်မအမေ ရှင်နဲ့
လယ်ကိစ္စဆွေးနွေးဖို့စောင့်နေတယ်

ဟုတ်ကဲ့ဗျ ဒါနဲ့ ဒီကလေးမနာမည်ကဘယ်လိုခေါ်လဲ

ခင်ဗျားကဘာလုပ်မလို့လဲ

အော် လမ်းတွေ့ရင်ရဲတိုင်လို့ရအောင်လို့ပါ
သူခိုးလိုလိုဘာလိုလိုမို့လို့လေ

ဒီလူက လူကိုတော်တော်အထင်သေးနေတာဘဲ
ခင်ဗျားလူကိုဘယ်သူထင်နေတာလဲ

ပြောစမ်းပါအုန်း မင်းကဘယ်သူလဲ

သူ့ကလေးလေ မမြင်ဘူးလား

ကလေး ?

စိမ်းမှာလွိုင်းပခုံးကိုဖက်ထားမိသည်မို့
ပခုံးပေါ်ကစိမ်းရဲ့လက်ကိုလက်ညိုးထိုးပြသည့်လွိုင်း

ဒီလိုပါ သူကကျွန်မရဲ့ညီမလေးလေ
အဲ့ဒါ ဒီလိုဘဲအိမ်လာနေကြ

စိမ်းကိုကြည့်လာပြီးစိမ်းလက်ကို
ဆက်ကနဲဆွဲချပြစ်လိုက်သည့်လွိုင်း

ပြီးကားထဲဝင်မည်လုပ်သည်မို့
စိမ်းသူ့လက်ကောက်ဝတ်လေးကို
ဖမ်းဆွဲထားလိုက်ပြီး

သွားပါ ရှင့်ပြန်ရတာမိုးချုပ်နေအုန်းမယ်
ကိုအောင်နိုင်

ကောင်းပါပြီ

ထိုလူကိုရော် စိမ်းကိုပါ
မျက်စောင်းထိုးကြည့်နေပြီး
လက်ပိုက်ကာတစ်ခြားဘက်သို့
မျက်နှာလှည့်သွားသည့်လွိုင်း

ဟိတ် ဒါကဘာဖြစ်သွားတာလဲ

ခင်ဗျား စကားလာမပြောနဲ့
မျက်နှာလဲမမြင်ချင်ဘူး
ဖယ်ပေး ကိုယ့်လက်ကိုလွှတ်

စိတ်ကောက်နေတာပေါ့
တို့ကလေ မင်းကိုအဲ့လိုညီမလေးလို့မပြောရင်သူတို့ကတစ်မျိုးတို့တွေကိုထင်သွားမှာလေ

ကောင်းတယ် အဲ့လိုဘဲအမြဲပြောပေးနော်
ကျေးဇူးအများကြီးတင်တယ်သိလား

မလိုပါဘူး ရပါတယ်

ချီးနဲ့မှဘဲ ဖယ်ဗျာ ပြန်မယ်
ခင်ဗျားတော်တော်များသွားပြီ

တို့ က ဘာများလို့လဲ မများပါဘူးနော်

မသိဘူးကွာ ဖယ် လက်ကိုလွှတ်

ချစ်လို့မရဘူးလား

မရဘူးကွာ

မကောက်နဲ့နော်

ခင်ဗျားကိုယ့်ကိုစိတ်ဆိုးအောင်လုပ်တာ
ဒါနဲ့ဆိုနှစ်ခါရှိပြီ

လက်နှစ်ချောင်းထောင်ပြပြီး
မျက်မှောင်ကြီးကြုတ်ကာ
သူတကယ်စိတ်ဆိုးသွားလေသည်

တို့တော့မမှတ်မိတော့ဘူး

စိမ်းမသိချင်ယောင်ဆောင်တာ သူကိုစတော့
သူမှာတကယ်စိတ်ဆိုးသွားပြီးစိမ်းလက်ကိုအတင်းဆွဲဖြုတ်ကာကားပေါ်တတ်သွားသည်မို့

မအိပ်ခင်ဖုန်းဆက်ရမှာနော်

စိမ်းပြုံးစစလေးပြောတော့
သူ့မှာမျက်စောင်းလေးတထိုးထိုးနှင့်

ခင်ဗျားလိုလူမျိုးကိုကိုယ့်ဘက်ကဖုန်းဆက်မိရင်
ကိုယ့်ကိုရူးနေတယ်လို့ဘဲသတ်မှတ်လိုက်!

..............................................................

ဘာပြောတယ်

ဟုတ်တယ် လွိုင်းမြန်မာ
ဦးခန့်ရှိုန်ရဲ့ညီမအရင်းတဲ့လေ

နင်ဟာကဟုတ်လို့လားဟ

ဆရာပြောနေတာကြားခဲ့တာဟ
ပြီးတော့ပြောသေးတယ်
ဒေါက်တာစိမ်းကဆရာ့မြေးအရင်းတဲ့

ဟာ မဖြစ်နိုင်တာ

မဟုတ်ဘူးဟ DNAစစ်ပြီးပြီလို့ပြောနေကြတာ
ဦးပင်လုံရဲ့သားက လွိုင်းမြန်မာကိုကောက်မွေးခဲ့ပြီး
သားအဖနှစ်ယောက်လုံး အမေရိကမှာ
နေခဲ့ကြတာလို့ပြောတယ် ကလေးမလေး ၁၄နှစ်လောက်မှာဒီမှာဆရာကျန်းမာရေးအတွက်
ပြန်လာနေကြတယ်လို့ပြောတယ်

ဟဲ့ ဒီသတင်းကမနေ့ကသတင်းစာမှာ
ပါလာသေးတယ်မလား ဒီမှာလေ

လွိုင်းကစွန့်ပြစ်ခံခဲ့ရတယ်!
ဒါမဖြစ်နိုင်တာကြီးကောလဟာလဖြစ်မှာ
ငါ​တော့မယုံဘူး
အဲ့ကလေးမလေးနဲ့ဆရာနဲ့ဒီလောက်တူတာ

ဆရာဝန်တွေနှင့်နာစ်မတွေပြောနေကြတဲ့
သတင်းကြောင့်စိမ်းမှာမတုန်မလှုပ်ပင်
လွိုင်းအတွက်ဘယ်လိုလုပ်ရမလဲစဥ်းစားနေမိသည်

ဒေါက်တာ ခင်ဗျားဘယ်မှာလဲ

တို့လား အွန်း ဆေးရုံမှာပေါ့ ဘာလို့လဲ

ကိိုယ်တို့ကော်ဖီဆိုင်မှာခဏတွေ့ကြမလား

တွေ့မယ်လေ တို့ကိုခဏစောင့်ပေး

ဟုတ်

.................................

@SxinNatNwe

7.4.2023

.................................................

Zawgyi

႐ုန္းမေနနဲ႕တို႔မင္းကိုဆြဲစားျပစ္ခ်င္လာၿပီေနာ္
ထပ္မ႐ုန္းနဲ႕

ဖယ္ေပးလို႔ အ႐ူးႀကီးရဲ႕

မဖယ္ေပးပါဘူး မင္းတို႔ကို
ဘာလို႔အၿမဲဒီမ်က္ေစာင္းဘဲထိုးေနရတာလဲ
ေျပာစမ္းပါ

ဖယ္လို႔

တိတ္စမ္း! ၿငိမ္ၿငိမ္ေန တို႔ကိုၾကည့္

ေဒၚနီလာစိမ္း

မၾကည့္ဘူးေပါ့

ထိုကေလးကိုအက်ပ္ကိုင္ကာ
အၾကည့္ခ်င္းဆုံေစေတာ့

တို႔ကိုေျပာခ်စ္လား

ဘာလို႔ေျပာရမွာလဲ ရွင္႐ူးသြားၿပီလား

ေျပာမွာျဖင့္ေျပာေနာ္
တို႔ကစိတ္သိပ္မရွည္ဘူး

အ႐ူးႀကီး

တို႔တကယ္မင္းကိုဆြဲနမ္းျပစ္မွာေနာ္

လြိုင္းကလဲရွင့္ရဲ႕အားပိစိေလးေလာက္နဲ႕
သနားတယ္သိလား ဖယ္ေပးပါ အခု

ေဟး မင္းကတို႔ကိုနာေအာင္ျပန္လုပ္ခ်င္တာလား

ဖယ္ လက္ကိုအခုလြတ္ေနာ္
နာတယ္ နာ အား ေသပါၿပီ
ခင္ဗ်ားႀကီး ကိုယ့္ကို
ေသေစခ်င္ေနတာမလား

မေသေစခ်င္ပါဘူး
မင္းမရွိေတာ့ရင္
တို႔ဘယ္သူကိုခ်စ္ရမလဲ

စိမ္းကိုမ်က္ေစာင္းႀကီးထိုးကာျဖင့္
မ်က္ႏွာေလးကိုမဲ့ျပသည္

စိမ္းထိုကေလးရဲ႕ႏွာေခါင္းေလးကို
အသာဆြဲလိုက္ေတာ့စိမ္းလက္ကိုအသာရိုက္လာၿပီး

လႊတ္ေနာ္ နာတယ္
သူမ်ားသားသမီးကိုမညွာမတာနဲ႕ ေဒၚနီလာစိမ္း

သူမ်ားသားသမီးမို႔လို႔
ညွာညွာတာတာခ်စ္တာေလ
ဒီကမင္းကိုခ်စ္လြန္းလို႔ဆြဲတာေနာ္
ဘာလဲ မင္းကတို႔ကိုမခ်စ္ဘူးဆိုတဲ့သေဘာေပါ့

မူယာမာယာမ်ားေနသည့္ထိုမိန္းမကိုၾကည့္မိကာ
လြိုင္းျမန္မာ႐ုတ္တရပ္ေငးမိသြားသည္
ျမန္မာဝတ္စုံေလးအထပ္မွာတင္းတင္းရင္းရင္းေပၚထြက္ေနသည့္အရာလွလွေလးေတြကို
ၾကည့္မိေလသည္

စိမ္း ႏႈတ္ခမ္းပါးေလးကို
ေကာ့ကာၿပဳံးတုန္းတုန္းေလးသူ႕ကိုၾကည့္လိုက္ၿပီး

အဟမ္း မင္း ဘာေတြၾကည့္ေနတာလဲ

ဘာ ဘာမွမၾကည့္ပါဘူး
ရွင့္မွာရွိတာကိုယ့္မွာလဲရွိတယ္

အဟင္းဟုတ္ရဲ႕လား
ေသးေသးေကြးေကြးေလးနဲ႕
တို႔လိုမ်ားရွိပါ့မလား
ၾကည့္ခ်င္စမ္းပါဘိကြယ္

ဘာလဲ ခင္ဗ်ားႀကီးကဘာလဲကြာ
လူကိုဘာစကားေတြလာေျပာေနရတာလဲ
သြား ေဝးေဝးသြားဗ်ာ

ၾကည့္ ဒါဆိုတို႔ကမင္းေလးကို
မခ်စ္ရေတာ့ဘူးလား ဟင္
ဘာလို႔အတင္း႐ုန္းေနရတာလဲ

ဖယ္ေနာ္

ဆြဲနမ္းလိုက္ရမလား

မနမ္းနဲ႕

ဒါဆိုၿငိမ္ၿငိမ္ေလးအဖက္ခံေလ

အဖက္မခံပါဘူး ဖယ္ပါ

ဒီအရႈပ္ထုတ္ေလးကေတာ့

...........................................

လြိုင္း ဘယ္လာတာလဲ ဆရာ့ဆီကိုလား

လက္ျပတ္စြတ္က်ယ္ေလးႏွင့္ျဖဴျဖဴေသးေသးေကြးေကြးပုံစံေလးကိုစိမ္း႐ုတ္တရပ္ျမင္လိုက္သည္ႏွင့္
သူမေလးမွန္းသိလိုက္သည္မို႔
႐ုံးခန္းထဲမွထြက္ၾကည့္လိုက္ေတာ့
သူ႕ေဘးမွာသီရိယြန္းသြယ္ကေရာက္လို႔ေနေလသည္

အမ္း ဟို... ဟုတ္တယ္ အစ္မ ဘာလို႔လဲ

လာ ဒါဆိုအစ္မနဲ႕သြားၾကမယ္ေလ

လြိုင္းလက္ေမာင္းေလးကိုဖက္ကာ
သြားၾကမည္လုပ္သည့္သီရိယြန္းသြယ္

ေနအုန္း လြိုင္းျမန္မာ က တို႔ဆီကိုလာတာ
သီရိယြန္းသြယ္ တို႔ဘဲဆရာဆီလိုက္ပို႔ေပးလိုက္မယ္

လြိုင္းကိုတစ္ခ်က္စိုက္ၾကည့္ရင္း
ထိုအလုပ္သင္ေကာင္မေလးကို
ခပ္တည္တည္ပင္ၾကည့္လိုက္သည့္စိမ္း

မင္းကိုတို႔ေျပာစရာရွိတယ္
တို႔ေနာက္လိုက္ခဲ့ပါ

ဖက္တြယ္ထားသည့္ထိုအစ္မလက္ကို
မ်က္လုံးေထာင့္ကပ္၍ၾကည့္သြားသည့္စိမ္း
လြိုင္း ဟိုအစ္မကိုအားနာသလိုၾကည့္လိုက္ကာ
အသာဖယ္ခ်လိဳက္ရင္း စိတ္ေကာက္သြားသည့္
ေဒါက္တာေဒၚနီလာစိမ္းဆီအေျပးလိုက္ရေလသည္

မင္းရဲ႕လက္ေခ်ာင္းေလးေတြကအစ
သူမ်ားေတြနဲ႕ေရာ္ယွက္မွာကိုတို႔မလိုလားဘူး
မင္းနားလည္လား! လြိုင္းျမန္မာ

ဟုတ္ပါၿပီ လြိုင္းသိၿပီ တကယ္သိၿပီ

ဒါေတြကမင္းလက္ခံလို႔ျဖစ္ရတာ
ေနာက္ဘယ္သူ႕ကိုမဆို လက္ ေတာင္
အကိုင္မခံပါနဲ႕ တို႔ တကယ္မႀကိဳက္ဘူးေနာ္
လြိုင္းျမန္မာ

သူ စိမ္းကိုေသခ်ာေမာ့ၾကည့္ေနၿပီး
စိတ္မရွည္ေတာ့သလိုျဖင့္သက္ျပင္းခ်လိဳက္ကာ

ဒါဆိုရင္လည္း ဘယ္သူနဲ႕မွမပတ္သတ္ေစခ်င္ရင္
ေဒါက္တာကိုယ့္လက္ကို
အၿမဲတမ္းဆုပ္ကိုင္ထားေပးလိုက္ေလ
ဒါဆိုကိုယ္လက္ကိုဘယ္သူမွ
လာ ထိေတြ႕စရာအေၾကာင္းမွမရွိေတာ့တာ

မ်က္ေမွာင္တို႔ကိုၾကဳတ္ကာ
စိမ္းကိုေသခ်ာၾကည့္ေျပာသည္မို႔
စိမ္းမွာသူ႕ရဲ႕ခ်စ္စရာပုံေလးေၾကာင့္
စိတ္ဆိုးေနသည့္ၾကားမွရယ္ခ်င္မိသြားသည္

ရၿပီလား ခင္ဗ်ား

မရေသးဘူး မင္းတို႔ကိုစိတ္မရွည္သလိုေျပာတယ္

ဟာကြာ ေဒါက္တာ့ ခင္ဗ်ား!

တိတ္စမ္း

ခင္ဗ်ား လာေခၚရဲေခၚၾကည့္ ဖယ္ ျပန္မယ္

တို႔ကမင္းကိုစေခၚရမွာလား
မင္းကအငယ္ေလမင္းအရင္ျပန္ေခၚရမွာေနာ္
အဲ့ဒါမင္းတာဝန္ဘဲ

ဘာလဲကြာ

ဘာလဲ မင္း က
ရတယ္ေလ မေခၚနဲ႕

ခင္ဗ်ားႀကီး က တကယ္လူယုတ္မာႀကီး

စိမ္းနားကိုကပ္ကာေလသံေလးေလ်ာ့ၿပီး
လက္ညိုးတစ္ထိုးထိုးႏွင့္ ေျပာဆိုသည္မို႔
စိမ္းမွာအူလိမ့္ေအာင္ရယ္ခ်င္သြားရသည္

..............................................................

ေဟး ဟိုကေလးမေလး မင္းဒါဘာလုပ္တာလဲ

ဘာလုပ္ရမွာလဲ ထိုင္ေနတာေလ မျမင္တာလား

မင္းကစြာလွခ်ည္လား သူမ်ားအိမ္ေရွ႕လာၿပီး

ဘာကိုသူမ်ားအိမ္ေရွ႕လဲခင္ဗ်ားက

စိမ္းအိမ္ေရွ႕တြင္ ကားကိုမွီကာ ဖုန္းသုံးေနသည့္
ျဖဴျဖဴေသးေသး ထိုကေလးမေလးကို
ကိုေအာင္နိုင္မ်က္ေမွာင္ၾကဳတ္ကာၾကည့္လိုက္ၿပီး
ခါးေထာက္လိုက္ကာ

မင္းကမ်ားငါေမြးရင္ငါ့သမီးေလာက္ရွိမယ့္
ကေလးမကမ်ား ခင္ဗ်ားေတြဘာေတြနဲ႕
ဘာလဲမင္းက

လူေလ ျမင္လား အေကာင္လိုက္ႀကီး

ေနစမ္းပါအုန္း မင္းကဒီမွာဘာလုပ္ေနတာလဲ

ဘာလုပ္ေနတယ္ထင္လဲ ခင္ဗ်ား

သူမ်ားပစၥည္းခိုးမလို႔မဟုတ္လား
လူေလးကသနားကမား႐ြံ႕စရာနဲ႕

ခင္ဗ်ားၾကည့္ေတာ့ ႐ုပ္ကေတာကတက္လာတဲ့႐ုပ္နဲ႕ ခင္ဗ်ားကေရာ္ဘာလဲ ေဒါက္တာ့
အိမ္ကပုလင္းခြံလာေကာက္တာလား

ဘာကြ ငါကဒီလိုပုလင္းခြံေကာက္မဲ့႐ုပ္လား
မင္းကဘာလဲကြ

ညေနခင္းဘက္ႀကီးမွာ လည္ကတုံးႏွင့္
တိုက္ပုံဝတ္ထားသည့္ထိုလူကို
ေခါင္းအစေျခအဆုံးၾကည့္လိုက္ကာ
ၾကည့္ရတာ ေယာကၡမႀကီးရဲ႕လက္ခ်က္ဘဲျဖစ္ရမယ္

ခင္ဗ်ားကဘာလဲ ႏြားပြဲစားလား
အန္တီႏြဲ႕ရီ ေခၚထားတာမလား
အိမ္ထဲမွာေစာင့္ေနတယ္ ဝင္သြားလိုက္

ေအာင္မာ မင္းကမ်ား

ကေလး ဘာျဖစ္ေနတာလဲ

အိမ္ထဲမွအိမ္ေနရင္းဂါဝန္ခ်ည္ထည္ေလးႏွင့္ထြက္လာသည့္စိမ္းမွာလြိုင္းအနားေရာက္သည္ႏွင့္လြိုင္းနဖူးျပင္ကိုခပ္ဖြဖြပြတ္သပ္လိုက္ၿပီးတစ္ဖက္လူဆီတစ္ခ်က္ၾကည့္လိုက္သည္

ဒီလူေလ အန္တီေခၚထားတာေနမွာေပါ့
လြိုင္းအျပင္သြားစရာရွိလို႔
အရိပ္မိုးဆီဖုန္းဆက္ေနတာ အဲ့ဒါသူေရာက္လာလို႔
မပ်င္းရေအာင္စကားမ်ားေပးေနတာ

မပ်င္းရေအာင္စကားမ်ားေပးတယ္မ်ား
ျဖစ္ရေသးတယ္ အံ့ဩပါ့ဗ်ာ

မဲ့ကာ႐ြဲ႕ကာေျပာေနသည္မို႔
လြိုင္းမွာပခုံးတြန့္ျပကာ
စိမ္းလက္ကိုဆုပ္ကိုင္လိုက္ၿပီး

လြိုင္းျပန္ေတာ့မယ္ဒါဆို
အျပင္သြားစရာရွိေသးလို႔

ဘယ္သြားမွာလဲ

ေနာက္တစ္ေယာက္ဆီေလ

နာခ်င္ၿပီလား

စိမ္းကိုစရင္းၿပဳံးလိုက္သည့္လြိုင္းမ်က္ႏွာေလးကို
ထိုလူမွာ႐ုတ္တရပ္ေငးငိုင္ၾကည့္ေနသည္မို႔
စိမ္းမ်က္ခုံးတို႔ကိုတြန့္ခ်ိဳးလိုက္ကာ

အိမ္ထဲမွာကြၽန္မအေမ ရွင္နဲ႕
လယ္ကိစၥေဆြးႏြေးဖို႔ေစာင့္ေနတယ္

ဟုတ္ကဲ့ဗ် ဒါနဲ႕ ဒီကေလးမနာမည္ကဘယ္လိုေခၚလဲ

ခင္ဗ်ားကဘာလုပ္မလို႔လဲ

ေအာ္ လမ္းေတြ႕ရင္ရဲတိုင္လို႔ရေအာင္လို႔ပါ
သူခိုးလိုလိုဘာလိုလိုမို႔လို႔ေလ

ဒီလူက လူကိုေတာ္ေတာ္အထင္ေသးေနတာဘဲ
ခင္ဗ်ားလူကိုဘယ္သူထင္ေနတာလဲ

ေျပာစမ္းပါအုန္း မင္းကဘယ္သူလဲ

သူ႕ကေလးေလ မျမင္ဘူးလား

ကေလး ?

စိမ္းမွာလြိုင္းပခုံးကိုဖက္ထားမိသည္မို႔
ပခုံးေပၚကစိမ္းရဲ႕လက္ကိုလက္ညိုးထိုးျပသည့္လြိုင္း

ဒီလိုပါ သူကကြၽန္မရဲ႕ညီမေလးေလ
အဲ့ဒါ ဒီလိုဘဲအိမ္လာေနၾက

စိမ္းကိုၾကည့္လာၿပီးစိမ္းလက္ကို
ဆက္ကနဲဆြဲခ်ျပစ္လိုက္သည့္လြိုင္း

ၿပီးကားထဲဝင္မည္လုပ္သည္မို႔
စိမ္းသူ႕လက္ေကာက္ဝတ္ေလးကို
ဖမ္းဆြဲထားလိုက္ၿပီး

သြားပါ ရွင့္ျပန္ရတာမိုးခ်ဳပ္ေနအုန္းမယ္
ကိုေအာင္နိုင္

ေကာင္းပါၿပီ

ထိုလူကိုေရာ္ စိမ္းကိုပါ
မ်က္ေစာင္းထိုးၾကည့္ေနၿပီး
လက္ပိုက္ကာတစ္ျခားဘက္သို႔
မ်က္ႏွာလွည့္သြားသည့္လြိုင္း

ဟိတ္ ဒါကဘာျဖစ္သြားတာလဲ

ခင္ဗ်ား စကားလာမေျပာနဲ႕
မ်က္ႏွာလဲမျမင္ခ်င္ဘူး
ဖယ္ေပး ကိုယ့္လက္ကိုလႊတ္

စိတ္ေကာက္ေနတာေပါ့
တို႔ကေလ မင္းကိုအဲ့လိုညီမေလးလို႔မေျပာရင္သူတို႔ကတစ္မ်ိဳးတို႔ေတြကိုထင္သြားမွာေလ

ေကာင္းတယ္ အဲ့လိုဘဲအၿမဲေျပာေပးေနာ္
ေက်းဇူးအမ်ားႀကီးတင္တယ္သိလား

မလိုပါဘူး ရပါတယ္

ခ်ီးနဲ႕မွဘဲ ဖယ္ဗ်ာ ျပန္မယ္
ခင္ဗ်ားေတာ္ေတာ္မ်ားသြားၿပီ

တို႔ က ဘာမ်ားလို႔လဲ မမ်ားပါဘူးေနာ္

မသိဘူးကြာ ဖယ္ လက္ကိုလႊတ္

ခ်စ္လို႔မရဘူးလား

မရဘူးကြာ

မေကာက္နဲ႕ေနာ္

ခင္ဗ်ားကိုယ့္ကိုစိတ္ဆိုးေအာင္လုပ္တာ
ဒါနဲ႕ဆိုႏွစ္ခါရွိၿပီ

လက္ႏွစ္ေခ်ာင္းေထာင္ျပၿပီး
မ်က္ေမွာင္ႀကီးၾကဳတ္ကာ
သူတကယ္စိတ္ဆိုးသြားေလသည္

တို႔ေတာ့မမွတ္မိေတာ့ဘူး

စိမ္းမသိခ်င္ေယာင္ေဆာင္တာ သူကိုစေတာ့
သူမွာတကယ္စိတ္ဆိုးသြားၿပီးစိမ္းလက္ကိုအတင္းဆြဲျဖဳတ္ကာကားေပၚတတ္သြားသည္မို႔

မအိပ္ခင္ဖုန္းဆက္ရမွာေနာ္

စိမ္းၿပဳံးစစေလးေျပာေတာ့
သူ႕မွာမ်က္ေစာင္းေလးတထိုးထိုးႏွင့္

ခင္ဗ်ားလိုလူမ်ိဳးကိုကိုယ့္ဘက္ကဖုန္းဆက္မိရင္
ကိုယ့္ကို႐ူးေနတယ္လို႔ဘဲသတ္မွတ္လိုက္!

..............................................................

ဘာေျပာတယ္

ဟုတ္တယ္ လြိုင္းျမန္မာ
ဦးခန့္ရွိုန္ရဲ႕ညီမအရင္းတဲ့ေလ

နင္ဟာကဟုတ္လို႔လားဟ

ဆရာေျပာေနတာၾကားခဲ့တာဟ
ၿပီးေတာ့ေျပာေသးတယ္
ေဒါက္တာစိမ္းကဆရာ့ေျမးအရင္းတဲ့

ဟာ မျဖစ္နိုင္တာ

မဟုတ္ဘူးဟ DNAစစ္ၿပီးၿပီလို႔ေျပာေနၾကတာ
ဦးပင္လုံရဲ႕သားက လြိုင္းျမန္မာကိုေကာက္ေမြးခဲ့ၿပီး
သားအဖႏွစ္ေယာက္လုံး အေမရိကမွာ
ေနခဲ့ၾကတာလို႔ေျပာတယ္ ကေလးမေလး ၁၄ႏွစ္ေလာက္မွာဒီမွာဆရာက်န္းမာေရးအတြက္
ျပန္လာေနၾကတယ္လို႔ေျပာတယ္

ဟဲ့ ဒီသတင္းကမေန႕ကသတင္းစာမွာ
ပါလာေသးတယ္မလား ဒီမွာေလ

လြိုင္းကစြန့္ျပစ္ခံခဲ့ရတယ္!
ဒါမျဖစ္နိုင္တာႀကီးေကာလဟာလျဖစ္မွာ
ငါေတာ့မယုံဘူး
အဲ့ကေလးမေလးနဲ႕ဆရာနဲ႕ဒီေလာက္တူတာ

ဆရာဝန္ေတြႏွင့္နာစ္မေတြေျပာေနၾကတဲ့
သတင္းေၾကာင့္စိမ္းမွာမတုန္မလႈပ္ပင္
လြိုင္းအတြက္ဘယ္လိုလုပ္ရမလဲစဥ္းစားေနမိသည္

ေဒါက္တာ ခင္ဗ်ားဘယ္မွာလဲ

တို႔လား အြန္း ေဆး႐ုံမွာေပါ့ ဘာလို႔လဲ

ကိိုယ္တို႔ေကာ္ဖီဆိုင္မွာခဏေတြ႕ၾကမလား

ေတြ႕မယ္ေလ တို႔ကိုခဏေစာင့္ေပး

ဟုတ္

.................................

@SxinNatNwe

7.4.2023

Continua a leggere

Ti piacerà anche

364K 20.1K 30
Aviva Arlington has never seen the world the way everyone else does, but she's always been very content hiding behind half-inch thick frames. She was...
161K 11.2K 63
🦋လိပ်ပြာက ဝတ်မှုန်ရှိမှရှင်သန်နိုင်သလို🦋 🦋လိပ်ပြာမောင်ဆိုတဲ့ကလေးမလေးကလဲ ဒေါ်ထိပ်ထားဝတ်မှုန်ခင်ဆိုတဲ့အမျိုးသမီးလေးရှိမှရှင်သန်နိုင်မှာ🦋 🦋နှလုံးသာ...
161K 12.2K 37
unicode x zawgyi အိုး အန်တီ ဟာ သိပ်ဆိုးတယ်။ X အိုး အန္တီ ဟာ သိပ္ဆိုးတယ္။
91.2K 1.2K 41
Quick Transmigration: Dismantling the official pair of CPs Author: subestring Category: BL doujin Release time: 2021-01-16 Latest: Chapter 534 Extra...