Love From Two Worlds

By khantmemezaw

342 21 3

သေဆုံးခြင်းက ကြောက်ဖို့ကောင်းတယ်...။ အထူးသဖြင့် မင်းကို တွေ့ချင်တဲ့ ဆန္ဒလေး မပြည့်ဝခင် သေဆုံးခြင်းက ပိုလို့ခြ... More

∆ Alert!!Must To Read∆
Everything starts here
-2-
-3-
-4-
- 5 -

-1-

57 6 0
By khantmemezaw

>> 7နှစ်ကြာပြီးနောက် >>

// 2017 //

တိတ်ဆိတ်နေတဲ့ ရပ်ကွက်လေးရဲ့ သရုပ်မှန်က
လူမနေတဲ့ အိမ်ဟောင်းတွေ ၊ ဂိုဒေါင်တွေကြည့်ပြည့်နေခြင်းဖြစ်သည်။ စက်ပစ္စည်း အစုတ်အပြတ်တွေ ထားတဲ့ ဂိုဒေါင်သဖွယ် ပျဉ်အိမ်လေးဆီမှ ရန်ဖြစ်သကဲ့သို့ အသံခပ်ကျယ်ကျယ် ထွက်လာ၏။

* မင်းကသေပြီးသား *

*ဟင့်အင်း မဟုတ်ဘူး *

*ပစ္စည်းတွေကို လျှောက်ကိုင်နေလဲ
မင်းထိတွေ့လို့ရမှာမဟုတ်ဘူး*

*No!*

*မင်းတစ်ခုခုကို ထိတွေ့ချင်ရင် အာရုံစိုက်ထားမှ
ရမယ်။ မင်းရဲ့စိတ်အလုံးစုံကို မင်းထိတွေ့ချင်တဲ့အရာပေါ်မှာ အာရုံစိုက် *

* ငါမလုပ်နိုင်ဘူး ဖြစ်နေတယ် *

*မင်းလုပ်နိုင်ပါတယ်*

ရှောင်းကျန့် ထိုဇာတ်ကားကို စကြည့်မိတဲ့နေ့ကစပြီးထပ်ခါတလဲလဲကြည့်နေခဲ့သည်မှာ အကြိမ်ပေါင်းမနည်းတော့ပေ။ ထိုဇာတ်ကားကို ကြည့်ရင်း သူလဲ လိုက်ကြိုးစားနေခဲ့သည်မှာအကြိမ်ပေါင်း မနည်းခဲ့တော့။

* ငါလုပ်နိုင်ပြီ !*

ဇာတ်ကားထဲက ဇာတ်လိုက်ဟာ ပစ္စည်းကို ထိနိုင်သွားခဲ့သော်လည်း ရှောင်းကျန့်က သူထိတွေ့ချင်နေတဲ့ စန္ဒယား  ခလုတ်ခုံတွေကို မထိတွေ့နိုင်သေးပါ။

ထိုအချိန် ထမြည်လာတဲ့ သူ့ရဲ့နာရီက သူ့ရဲ့အလုပ်ချိန်‌ ရောက်ပြီဖြစ်ကြောင်း သတိပေးတယ်။ ရှောင်းကျန့် က စိတ်ပျက်စွာနဲ့ဘဲ စန္ဒယားရှေ့ကခုံကနေ ပျင်းတိပျင်းရွဲထလို့ Hoodie အနက်ကို ဝတ်ဆင်လိုက်တယ်။ သူတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ နာရီကိုလဲ ဝတ်ဆင်တယ်။

ပြီးတော့သူ အရင်ဘဝကနေသယ်ဆောင်လာနိုင်ခဲ့တဲ့နားကြပ်ဖြူလေးကိုလဲ မပါမဖြစ်
လည်ပင်းမှာချိတ်လိုက်တယ်။

စက်အစုတ်တွေထားတဲ့ဂို‌ဒေါင်ဖြစ်‌နေပေမဲ့ သူ့အတွက်ကတော့အိမ်ပေါ့။အိမ်အပြင် ထွက်ခံနီး ထောင်ထားတဲ့ ကိုယ်လုံးပေါ်မှန်အစုတ်ကို တစ်ချက်ကြည့်လိုက်တယ်။ မှန်မျက်နှာပြင်မှာ သူ့ပုံရိပ်ပေါ်မလာဘဲ ဗြောင်ရှင်းကြီးဖြစ်နေခဲ့ပေမဲ့ ဆံပင်ကိုတစ်ချက်သတ်လို့ ထွက်လာခဲ့တယ်။

အိမ်အပြင်ကို ရောက်တာနဲ့ သူ့အနားမှာ လာကပ်တွယ်နေတဲ့ ကြောင်ဝတုတ်လေး အိပ်နေတာကိုတွေ့လိုက်ရတယ်။ ဒီကြောင်လေးဟာလေ
ငပျင်းကလေး။

"အိုက်ယား~ ကျင်းကော် မင်းဘဲကောင်းတယ်။
စားလိုက် အိပ်လိုက် နဲ့ ...။ကိုကို ပြန်လာခဲ့မယ် အစာရှာပြီးရင် ဒီမှာဘဲပြန်လာနေနော် သွားပြီ "

"Mewoo~"

ကျင်းကော် ဟု အမည်ရှိသည့် ကြောင်ကလေးဟာ ရှောင်းကျန့်ပြောတာတွေကို နားလည်သည့်အလား
အသံပြုလို့ ကြည့်‌တယ်။

သူတို့လို သေမင်းတမာန် အမည်ရှိတဲ့ သေဆုံးသူတွေကို ခေါ်ဆောင်ရတဲ့ အလုပ်လုပ်သူတွေမှာ ထိတွေ့လို့ရတဲ့အရာတွေရယ် ၊ ပိုင်ဆိုင်မှုကိုယ်စီရယ်ရှိတယ်။ ရှောင်းကျန့်အတွက် ပိုင်ဆိုင်မှုကတော့ စက်ဘီးတစ်စီးပေါ့ ။ သူ့အဆင့်က ဂျူနီယာကလေးမို့ စက်ဘီးဖြစ်တာပါ ။သူလဲရာထူးမြင့်ရင်မြင့်သလို ကားစီးနိုင်လာမှာပါ။

" ဒီနေ့အတွက် တာဝန်ကျေဖို့ သွားကြစို့ !"

ရှောင်းကျန့်က ကိုယ့်ကိုယ်အားပေးရင်း မစီးတတ်
စီးတတ် စက်ဘီးကလေးကို စီးရင်း လှိုင်ဂူသဖွယ်ရှိတဲ့ လမ်းကနေ ဖြတ်လို့ မြို့ထဲကို ဦးတည်တယ်။

           ****🎐****

ရှောင်းကျန့် စက်ဘီးလေးက လမ်းမကြီးတစ်လျှောက် စီးနှင်လာတယ်။ သူ့ရဲ့စက်ဘီးကလေးက
-Yibo Wang- 5ကြိမ်မြောက်
ဂီတဖျော်ဖြေပွဲ ဟူသည့် ဆိုင်းဘုတ်နားမှာ
တိကနဲ ရပ်တယ်။

ထိုအခြင်းအရာကို ကြည့်၍ ရှောင်းကျန့်က မျက်လုံးတွေပိတ်ကျသွားသည်အထိ ပြုံးတယ် ။
လက်မှ နာရီက Alarm ထမြည်ကာမှ သူဦးတည်ရမဲ့ လမ်းကြောင်းကို အလောတကြီးဆက်လို့ မောင်းနှင်ပါတယ်။

_ကျိုးဟွေ့ ဆေးရုံ _

ဆေးရုံထဲကို ခြေချလိုက်တာနဲ့ လူနာမျိုးစုံရယ် ၊သေဆုံးသွားတဲ့ လူတွေရယ် ၊ သူ့လိုမျိုး သေမင်း
တမာန်တော်တွေရယ် က ခြေချင်းလိမ်အောင်
သွားလာလှုပ်ရှားနေကြသည်။

နားမှာ တပ်ထားတဲ့ နားကြပ်ကို ဖြုတ်လို့ လည်ပင်းမှာပြောင်းချိတ်ပြီး လက်ကနာရီအချက်ပြတဲ့ သူကြိုရမဲ့ဧည့်သည်ကိုလိုက်လို့ရှာတယ်။ သေမင်းတမာန်အချို့ကို ကလန်ကဆန်လုပ်ပြီး အသာတကြည် မလိုက်တဲ့ ဧည့်သည်တွေ။ သေမင်းတမာန်တွေနဲ့ စကားဖောင်ဖွဲ့တတ်တဲ့ ဧည့်သည်တွေ ။  သူ့ရဲ့ ဒီတစ်ခါဧည့်သည်က ဘယ်လိုမျိုး ဖြစ်မလဲ။

"ဟင်"

သူ့ရဲ့ဧည့်သည်နားရောက်တဲ့အချိန် လက်ကနာရီက ရပ်လို့သွားပေမဲ့  သူ့ရဲ့ပထမဆုံးဧည့်သည်လေးက အရမ်းငယ်လွန်းနေသေးတယ် ။ ရှောင်းကျန့်က ကြင်နာတာထက်ပိုတဲ့ စိတ်ပျော့တဲ့ သေမင်းတမာန်မျိုးဖြစ်တယ်။

အရေးပေါ်ကယ်ဆယ်ရေးလုပ်နေရတဲ့ လူနာကောင်မလေးက အလွန်ဆုံးရှိ ဆယ့်တစ် ဆယ့်နှစ်လောက်ပင်။ ရှောင်းကျန့်ရင်ထဲမကောင်းလှပါ ။

"ဟင့်အင်း ကျေးဇူးပြုပြီး "

လက်နှစ်ဖက်ကိုယှက်လို့ တုန်ယင်စွာငိုကြွေးရေရွတ်နေတဲ့ အမျိုးသမီးက သမီးငယ်အတွက် ရှိသမျှဘုရားအကုန်တ,နေပါလိမ့်မည်။

ထိုစဉ် အဝင်ပေါက်မှ သူ၏ စီနီယာ သေမင်းတမာန်များ ပြာယာခတ်သွားကြသည်ကိုမြင်ရသည်။ တစ်ချို့စီနီယာများက စကားလက်ဆုံကြနေတဲ့ ဧည့်သည်တွေကို အမြန်ခေါ်၍ ထွက်သွားကြပြီ ။

" ဒေါက်တာ ယင်း"

"ဘာဖြစ်တာလဲ "

"နှလုံးခုန်နှုန်းထိုးကျတာပါ "

"နှလုံးခုန်စက် တင်မယ် "

‌သူ့ဘေးနားက ဖြတ်သွားတဲ့ ယင်းဆိုသည့် ဒေါက်တာမလေး၏ကိုယ်သင်းနံ့က သူ့နှာခေါင်းဝကို ကလူသွားသည်။ စီနီယာတွေ ပြာယာခတ်သွားရသည့်အကြောင်းအရင်းကား ဤသည်ပင်။

ရှောင်းကျန့်လက်ကနာရီက ကန့်သတ်ချက်ရောက်တော့မည့်တိုင် ဒေါက်တာ ယင်းက ပိုလို့ကြိုးစားရင်း အသက်ကယ်နေရှာသည်။

"မဖြစ်ဘူး"

ကုတင်ပေါ်က လူနာကလေးက ရှောင်းကျန့်ကို ကြည့်လာ၏။ ရှောင်းကျန့်လဲ ထိုကလေးမလေးကို အပြုံးတစ်ခုနဲ့သာခေါင်းညိမ့်ပြလိုက်သည် ။ ထိုကလေးမလေးက သူ၏ လက်မကို ဆုပ်ကိုင်တဲ့အခါမှာ စိတ်မကောင်းပိုလို့ဖြစ်မိသည်။

ဒီကလေးမလေးမှာဘာအပြစ်များရှိလို့ပါလဲ ။
သူမက ငယ်လွန်းသေးပါတယ် ။

ဆုပ်ကိုင်ခံရတဲ့လက်ကို ရုန်းရင်း
ဖြုတ်ချလိုက်တဲ့အခါမှာတော့...

" နှလုံးပြန်ခုန်လာပါပြီ "

"ကျေးဇူးတင်ပါတယ် ...ကျေးဇူးတင်ပါတယ် "

အမေဖြစ်သူက ဒေါက်တာတွေကို ခါးညွှတ်လို့ကျေးဇူးတင်တယ်။ ဒေါက်တာယင်းကလဲ သူမနဖူးဆီကချွေးတွေကိုသုတ်တယ် ။ သက်ပြင်းလဲအခုမှချနိုင်သွားပုံရတယ်။

ရှောင်းကျန့် ထိုနေရာကနေလှည့်ထွက်လာပြီး သန့်စင်ခန်းက ဘေစင်မှာ မျက်နှာဆေးကြောလိုက်တယ်။
သူမကတော့ လူနာအသက်ကို ကယ်နိုင်ခဲ့ပြီ။ ဒါဆိုသူကကော...။အဆူခံ ၊ အပြစ်ပေးခံရရုံပေါ့။

            ****🎐****

"ဝမ်ရိပေါ် ပွဲစခံနီးပြီ ။
အဆင်ပြေရဲ့လား"

သန့်စင်ခန်းဝင်သွားတဲ့ ရိပေါ် က တော်တော်နှင့်
ထွက်မလာသည်မို့ ဟောက်ရွှမ်းတို့ အလွန်စိတ်ပူရသလို ရင်လဲလေးလှပါသည် ။

မှန်ထဲမှာ ထင်ဟပ်နေတဲ့ ပုံရိပ်ကိုကြည့်လို့
ဝမ်ရိပေါ်ရေရွတ်မိတာတစ်ခုတည်း။

// မလုပ်ချင်တာတွေ ၊ပင်ပန်းတာတွေ က စိတ်ပဲ
   ဝမ်ရိပေါ် မင်းလုပ်နိုင်ပါတယ် //

‌သန့်စင်ခန်းထဲက သူထွက်လာတဲ့အချိန်မှာ
ဟောက်ရွှမ်းက ဆံပင် ကို ပုံအနည်းငယ်ပြင်ပေးတယ်။
ရာကျော်တောင်မပြည့်တဲ့  သူ့ရဲ့ပရိတ်သတ်တွေကို သူဖျော်ဖြေရမယ်။စိတ်ပါသည်ဖြစ်စေ ၊မပါသည်ဖြစ်စေ ဒါက သူ့ကိုချစ်တဲ့ ပရိတ်သတ်တွေအတွက် ပေးဆပ်ခြင်းဘဲ ။

စင်ပေါ်ကို ထွက်လိုက်တာနဲ့ ပရိတ်သတ်တွေရဲ့ အသံတွေက တက်ညီလက်ညီကျယ်လောင်စွာထွက်ပေါ်လာသည် ။

"ဝမ်ရိပေါ် ကျားရို့ "

"ဝမ်ရိပေါ် မင်းကအတော်ဆုံး"

"ဝမ်ရိပေါ်အနားမှာ ငါတို့အမြဲရှိတယ် "

ဝမ်ရိပေါ်က စန္ဒယားဆီကို ဦးတည်လို့သွားတယ် ။
စန္ဒယားနားရောက်လို့ ထိုင်လိုက်တာနဲ့ ဆူညံသံတွေက တိတ်ကျသွားတယ်။

ဝမ်ရိပေါ်က တည်ငြိမ်စွာနဲ့ စန္ဒယားခလုတ်ခုံတွေကို နှိပ်လို့ သီချင်းကိုစတင်ဆိုတယ် ။

              _________

"မှာထားတွေရပါပြီ "

ရှောင်းကျန့်တို့ သေမင်းတမာန်တွေစုရပ်က
ဆေးရုံတွေဘဲ။ သေမင်းတမာန်တွေအတွက်ပို့တဲ့ အစားအသောက်တွေက လူတွေစားသလိုမျိုးပါဘဲ ။

သူတို့တွေအားလုံး ဆေးရုံရဲ့ ခုံတွေနားမှာ
ဝိုင်းထိုင်လိုက်ကြပြီး လာပို့သွားတဲ့ ခေါက်ဆွဲတွေကို ဝိုင်းဖွဲ့စားသောက်ကြတယ်။ သူတို့လဲလူတွေလိုပါပဲ ။နားချိန် စားချိန်တော့ရှိတာပေါ့။

ရှောင်းကျန့်က ခေါက်ဆွဲတွေကို ခပ်မြန်မြန်စားလို့ TVမှာလာနေတဲ့ Showပွဲတွေဆီ အကြည့်ပိို့တယ်။ ဝမ်ရိပေါ်ဟာ နတ်သားကနေ လူယောင်ဖန်ဆင်းထားတာပဲဖြစ်ရမယ်။

ရှောင်းကျန့်ရှေ့က ကွယ်ရပ်သွားတဲ့ ဒေါက်တာယင်းက TVကိုကြည့်လို့ပြုံးတယ် ။အင်းပေါ့လေ ဝမ်ရိပေါ်ကို သူတောင် အများကြီးသဘောကျတာ ။ဒေါက်တာယင်းတို့လို မိန်းကလေးတွေက ပိုသဘောကျကြမှာပေါ့။

"အဲ့ဒီတစ်ယောက်ကို သေမယ် သေမယ်နဲ့ ထင်ကြေးပေးနေကြတာ အခုထိမသေသေးဘူးပဲ"

"မင်းတို့ မကြားမိကြဘူးလား ။ သူက ဒီနှစ်ထဲမှာ သေချာပေါက် အခေါ်ခံရမဲ့လူလေ "

စီနီယာတွေရဲ့စကားကို ‌ကြားသွားတဲ့ ရှောင်းကျန့်က စားလက်စ ခေါက်ဆွဲတွေပါ နင်ကုန်တယ်။ ငါ့ဝမ်ရိပေါ် လေးက ဘာလို့သေရမှာလဲ ။

" ငယ်ငယ်လေးနဲ့ ပိုက်ဆံတွေသိမ်းကြုံး
ယူနေတော့တာပဲ"

" ဝမ်ရိပေါ်လိုလူမျိုးကို အထက်ကိုပို့နိုင်ရင်
ရာထူးကခပ်မြင့်မြင့်ရနိုင်မှာ မဟုတ်ဘူးလား"

"ပိုက်ဆံရှာတာ တစ်ခုတည်းနဲ့ တစ်ခြားဘာအရာကိုမှ မလုပ်လိုက်ရပဲ ဘဝကြီး အဆုံးသတ်သွားရမှာက နှမြောစရာပဲ"

"အကယ်၍ ဆိုတာသာဖြစ်လာရင် သူ့ကိုကြိုက်တဲ့မိန်းမတွေငိုကုန်ကြတော့မှာပဲ"

လက်ထဲက ရေခွက်ကို ညှစ်ထားရင်း ထိုစကားတွေကို နားထောင်နေသည့် ရှောင်းကျန့်ရဲ့မျက်နှာက ပြိုတော့မဲ့မိုးလို။ TV Screen ပေါ်က သီချင်းဆိုနေတဲ့
ဝမ်ရိပေါ်ကို ကြည့်ရင်း သူ့ရင်ထဲပိုလို့တင်းကြပ်လာသည်။

"ရှောင်းကျန့် ! ဟေ့ကောင်
မင်းဘာလုပ်နေတာလဲ"

"ဟင် "

အပိုချထားတဲ့ ခေါက်ဆွဲတွေအထဲ ရေခွက်ထဲက
ရေတွေကို လောင်းချမိနေတဲ့သူ့အဖြစ်က စီနီယာတွေအပေါ် အားနာဖို့ကောင်းလွန်းတယ် ။‌ သူ့ရဲ့ခေါင်းကို ပိုငုံ့လို့ ပန်းကန်ထဲက ခေါက်ဆွဲတွေကိုသာ ဆက်စားလိုက်တယ်။

"ဒီကောင်ကတော့ ငပိန်းဘဲ "

"တောင်းပန်ပါတယ် "

ရှောင်းကျန့်က စီနီယာတွေကို အနည်းငယ်မော့ကြည့်ပြီး တောင်းပန်လိုက်တယ် ။ စီနီယာတွေက ကျေနပ်ဟန်မရှိကြ ။

"စီနီယာ ဧည့်သည် သွားခေါ်ရတော့မယ်မလား"

"အာ အင်း  သွားလိုက်ပါအုန်းမယ် "

မကြာခင်ကမှ‌အသစ်ဝင်လာတဲ့ သူ့ရဲ့ ဂျူနီယာလေးက အသိပေးကာမှ အသက်ရှုဖြောင့်တောင့်တယ်။
သေမင်းတမာန်ဘဝမှာလဲ ဘဝကြီးက အေးအေးဆေးဆေးမရှိဘဲ ခက်ခဲလိုက်တာ။
          _____________

"အဘိုး  ပေကပ်မနေဘဲ မြန်မြန်တက်ပါ "

"မလိုက်ဘူး မလိုက်ဘူး"

ရှောင်းကျန့်ရဲ့ ဧည့်သည်က ခေါင်းမာတယ် ။ ဘေးကနေ စက်ဘီးကိုတွန်းပြီး ခြေလျင် လိုက်နေရတဲ့သူလဲ မောလှပြီ။ ဒါပေမဲ့ အဘိုးက တော့ခေါင်းမာနေတုန်း။

"ဒီလိုမှန်းသိရင်  ပိုက်ဆံကို အရူးလိုကုန်းရုန်းမရှာပဲ
အလှူတန်းတွေများများ လုပ်ခဲ့ပါတယ် ။ အခုလိုပုံစံမျိုးနဲ့ ဘယ်ကိုမှမသွားနိုင်သေးဘူး"

"အဘိုး အခုလိုခေါင်းမာနေရင် ကျွန်တော့်လို
မကျွတ်မလွတ်ဘဝဖြစ်လိမ့်မယ် "

"သေမင်းက ဘယ်မှာ လာ ညည်းညူပြနေတာလဲ။
ပြီးတော့ သေမင်းက ဘာလို့ငယ်ငယ်လေးလဲ "

*တီ တီ *

ရှောင်းကျန့်တို့ဘေးနားကို ကားတစ်စင်းက ထိုးရပ်တယ် ။ ကားထဲက သေမင်းတမာန်က စောနက သူ့ကို သတိပေးလိုက်တဲ့ ဂျူနီယာလေးပဲ။

"စီနီယာ ကျွန်တော်ကူညီပေးရမလား"

"သေမင်း ဒါမှ သေမင်း အစစ်ပဲ"

အဘိုးက ကားပေါ်က ဂျူနီယာ ကိုကြည့်ပြီး ကားပေါ်တက်တော့မည့်ဟန်နဲ့ ပြောသည်။ရှောင်းကျန့်လဲ အဖိုးရှေ့ကပိတ်ရပ်လိုက်တယ်။

"ကျွန်တော်လဲ သေမင်း အစစ်ပါ"

"စီနီယာ ဧည့်သည်လုမနေဘဲ ဒီကိုလွှတ်လိုက်ပါ ။
အဘိုး  ဈာပနာ အချိန်နီးနေပြီ မြန်မြန်တက်ပါ "

" ဟုတ်ကဲ့ ဟုတ်ကဲ့"

အဘိုးက သူ့ကိုတွန်းတိုက်လို့ ကားပေါ်သို့ လျင်မြန်စွာတက်သွားသည်။ ရှောင်းကျန့်မှာ ပြောစရာစကားတွေ အလုံးစုံပျောက်ရှသွားပြီ။ နောက်မှရောက်တဲ့ ဂျူနီယာက သူ့ထက်အသက်ကြီးပြီး သေမင်း အဆင့်ငယ်နေတာကို ကားရှိသွားပြီ။

ကားနောက်မှာပါလာတဲ့ ဧည့်သည်ကလဲအပြည့်။ သူအရမ်းအားကျတာဘဲ။ သူ့ရဲ့စိတ်နဲ့ မခေါ်နိုင်တဲ့ ဧည့်သည်တွေရယ် ၊အခုလို အလုခံလိုက်ရတဲ့ဧည့်သည့်တွေရယ်။သူ ဒီနေ့လဲဧည့်သည်တစ်ယောက်မှ မပို့နိုင်ပြန်ဘူးဘဲ။ ရာထူးတိုးပြီး ကားရှိဖို့ ဝေးစွ  ရှိနေတဲ့ စက်ဘီးကလေးတောင် ပြန်သိမ်းခံရတော့မဲ့ အဖြစ်။

ရှောင်းကျန့် စိတ်ညစ်ညစ်နဲ့ သူ့စက်ဘီးလက်ကိုင်ကို ကိုင် ဆောင့်လိုက်တယ်။ စက်ဘီးမှာ ကပ်ထားတဲ့ ဝမ်ရိပေါ်ပုံကို မြင်လိုက်တဲ့အချိန်မှာတော့ သူ့စိတ်ကလေးက ပြန်လို့ ရွှင်ပြလာတယ်။

ဧည့်သည်တွေမရလဲ ကိစ္စမရှိဘူးဘဲ ။ ဒီနေ့ ဝမ်ရိပေါ် အသံသွင်းတာ သွားကြည့်လို့ရပြီ ။ နေတတ်ရင် ပျော်စရာကြီးဆိုတာက သိပ်ကိုမှန်တာပဲ ။

"ဟီးဟီး ဝမ်ရိပေါ် ရေ ကိုကို လာပြီ"

ရှောင်းကျန့်က စက်ဘီးပေါ်တက်လို့ တက်ကြွစွာဘဲ
ဝမ်ရိပေါ် အသံသွင်းတဲ့နေရာဆီကို ဦးတည်လိုက်ပါတယ်။

// ဘဝတွေ ခြားသွားတဲ့အထိ‌တောင်
ငါကတော့ မင်းမှမင်းပါပဲ ။
ငါ့အတွက် မင်းက ထာဝရ...
မင်း မသိနိုင်ပေမဲ့လို့ပေါ့//

       _________________________
     
>> 7ႏွစ္ၾကာၿပီးေနာက္ >>

// 2017 //

တိတ္ဆိတ္ေနတဲ့ ရပ္ကြက္ေလးရဲ႕ သ႐ုပ္မွန္က
လူမေနတဲ့ အိမ္ေဟာင္းေတြ ၊ ဂိုေဒါင္ေတြၾကည့္ျပည့္ေနျခင္းျဖစ္သည္။ စက္ပစၥည္း အစုတ္အျပတ္ေတြ ထားတဲ့ ဂိုေဒါင္သဖြယ္ ပ်ဥ္အိမ္ေလးဆီမွ ရန္ျဖစ္သကဲ့သို႔ အသံခပ္က်ယ္က်ယ္ ထြက္လာ၏။

* မင္းကေသၿပီးသား *

*ဟင့္အင္း မဟုတ္ဘူး *

*ပစၥည္းေတြကို ေလွ်ာက္ကိုင္ေနလဲ
မင္းထိေတြ႕လို႔ရမွာမဟုတ္ဘူး*

*No!*

*မင္းတစ္ခုခုကို ထိေတြ႕ခ်င္ရင္ အာ႐ုံစိုက္ထားမွ
ရမယ္။ မင္းရဲ႕စိတ္အလုံးစုံကို မင္းထိေတြ႕ခ်င္တဲ့အရာေပၚမွာ အာ႐ုံစိုက္ *

* ငါမလုပ္ႏိုင္ဘူး ျဖစ္ေနတယ္ *

*မင္းလုပ္ႏိုင္ပါတယ္*

ေရွာင္းက်န႔္ ထိုဇာတ္ကားကို စၾကည့္မိတဲ့ေန႔ကစၿပီးထပ္ခါတလဲလဲၾကည့္ေနခဲ့သည္မွာ အႀကိမ္ေပါင္းမနည္းေတာ့ေပ။ ထိုဇာတ္ကားကို ၾကည့္ရင္း သူလဲ လိုက္ႀကိဳးစားေနခဲ့သည္မွာအႀကိမ္ေပါင္း မနည္းခဲ့ေတာ့။

* ငါလုပ္ႏိုင္ၿပီ !*

ဇာတ္ကားထဲက ဇာတ္လိုက္ဟာ ပစၥည္းကို ထိႏိုင္သြားခဲ့ေသာ္လည္း ေရွာင္းက်န႔္က သူထိေတြ႕ခ်င္ေနတဲ့ စႏၵယား  ခလုတ္ခုံေတြကို မထိေတြ႕ႏိုင္ေသးပါ။

ထိုအခ်ိန္ ထျမည္လာတဲ့ သူ႔ရဲ႕နာရီက သူ႔ရဲ႕အလုပ္ခ်ိန္‌ ေရာက္ၿပီျဖစ္ေၾကာင္း သတိေပးတယ္။ ေရွာင္းက်န႔္ က စိတ္ပ်က္စြာနဲ႔ဘဲ စႏၵယားေရွ႕ကခုံကေန ပ်င္းတိပ်င္း႐ြဲထလို႔ Hoodie အနက္ကို ဝတ္ဆင္လိုက္တယ္။ သူတို႔အတြက္ မရွိမျဖစ္လိုအပ္တဲ့ နာရီကိုလဲ ဝတ္ဆင္တယ္။

ၿပီးေတာ့သူ အရင္ဘဝကေနသယ္ေဆာင္လာႏိုင္ခဲ့တဲ့နားၾကပ္ျဖဴေလးကိုလဲ မပါမျဖစ္
လည္ပင္းမွာခ်ိတ္လိုက္တယ္။

စက္အစုတ္ေတြထားတဲ့ဂို‌ေဒါင္ျဖစ္‌ေနေပမဲ့ သူ႔အတြက္ကေတာ့အိမ္ေပါ့။အိမ္အျပင္ ထြက္ခံနီး ေထာင္ထားတဲ့ ကိုယ္လုံးေပၚမွန္အစုတ္ကို တစ္ခ်က္ၾကည့္လိုက္တယ္။ မွန္မ်က္ႏွာျပင္မွာ သူ႔ပုံရိပ္ေပၚမလာဘဲ ေျဗာင္ရွင္းႀကီးျဖစ္ေနခဲ့ေပမဲ့ ဆံပင္ကိုတစ္ခ်က္သတ္လို႔ ထြက္လာခဲ့တယ္။

အိမ္အျပင္ကို ေရာက္တာနဲ႔ သူ႔အနားမွာ လာကပ္တြယ္ေနတဲ့ ေၾကာင္ဝတုတ္ေလး အိပ္ေနတာကိုေတြ႕လိုက္ရတယ္။ ဒီေၾကာင္ေလးဟာေလ
ငပ်င္းကေလး။

"အိုက္ယား~ က်င္းေကာ္ မင္းဘဲေကာင္းတယ္။
စားလိုက္ အိပ္လိုက္ နဲ႔ ...။ကိုကို ျပန္လာခဲ့မယ္ အစာရွာၿပီးရင္ ဒီမွာဘဲျပန္လာေနေနာ္ သြားၿပီ "

"Mewoo~"

က်င္းေကာ္ ဟု အမည္ရွိသည့္ ေၾကာင္ကေလးဟာ ေရွာင္းက်န႔္ေျပာတာေတြကို နားလည္သည့္အလား
အသံျပဳလို႔ ၾကည့္‌တယ္။

သူတို႔လို ေသမင္းတမာန္ အမည္ရွိတဲ့ ေသဆုံးသူေတြကို ေခၚေဆာင္ရတဲ့ အလုပ္လုပ္သူေတြမွာ ထိေတြ႕လို႔ရတဲ့အရာေတြရယ္ ၊ ပိုင္ဆိုင္မႈကိုယ္စီရယ္ရွိတယ္။ ေရွာင္းက်န႔္အတြက္ ပိုင္ဆိုင္မႈကေတာ့ စက္ဘီးတစ္စီးေပါ့ ။ သူ႔အဆင့္က ဂ်ဴနီယာကေလးမို႔ စက္ဘီးျဖစ္တာပါ ။သူလဲရာထူးျမင့္ရင္ျမင့္သလို ကားစီးႏိုင္လာမွာပါ။

" ဒီေန႔အတြက္ တာဝန္ေက်ဖို႔ သြားၾကစို႔ !"

ေရွာင္းက်န႔္က ကိုယ့္ကိုယ္အားေပးရင္း မစီးတတ္
စီးတတ္ စက္ဘီးကေလးကို စီးရင္း လႈိင္ဂူသဖြယ္ရွိတဲ့ လမ္းကေန ျဖတ္လို႔ ၿမိဳ႕ထဲကို ဦးတည္တယ္။

           ****🎐****

ေရွာင္းက်န႔္ စက္ဘီးေလးက လမ္းမႀကီးတစ္ေလွ်ာက္ စီးႏွင္လာတယ္။ သူ႔ရဲ႕စက္ဘီးကေလးက
-Yibo Wang- 5ႀကိမ္ေျမာက္
ဂီတေဖ်ာ္ေျဖပြဲ ဟူသည့္ ဆိုင္းဘုတ္နားမွာ
တိကနဲ ရပ္တယ္။

ထိုအျခင္းအရာကို ၾကည့္၍ ေရွာင္းက်န႔္က မ်က္လုံးေတြပိတ္က်သြားသည္အထိ ၿပဳံးတယ္ ။
လက္မွ နာရီက Alarm ထျမည္ကာမွ သူဦးတည္ရမဲ့ လမ္းေၾကာင္းကို အေလာတႀကီးဆက္လို႔ ေမာင္းႏွင္ပါတယ္။

_က်ိဳးေဟြ႕ ေဆး႐ုံ _

ေဆး႐ုံထဲကို ေျခခ်လိုက္တာနဲ႔ လူနာမ်ိဳးစုံရယ္ ၊ေသဆုံးသြားတဲ့ လူေတြရယ္ ၊ သူ႔လိုမ်ိဳး ေသမင္း
တမာန္ေတာ္ေတြရယ္ က ေျခခ်င္းလိမ္ေအာင္
သြားလာလႈပ္ရွားေနၾကသည္။

နားမွာ တပ္ထားတဲ့ နားၾကပ္ကို ျဖဳတ္လို႔ လည္ပင္းမွာေျပာင္းခ်ိတ္ၿပီး လက္ကနာရီအခ်က္ျပတဲ့ သူႀကိဳရမဲ့ဧည့္သည္ကိုလိုက္လို႔ရွာတယ္။ ေသမင္းတမာန္အခ်ိဳ႕ကို ကလန္ကဆန္လုပ္ၿပီး အသာတၾကည္ မလိုက္တဲ့ ဧည့္သည္ေတြ။ ေသမင္းတမာန္ေတြနဲ႔ စကားေဖာင္ဖြဲ႕တတ္တဲ့ ဧည့္သည္ေတြ ။  သူ႔ရဲ႕ ဒီတစ္ခါဧည့္သည္က ဘယ္လိုမ်ိဳး ျဖစ္မလဲ။

"ဟင္"

သူ႔ရဲ႕ဧည့္သည္နားေရာက္တဲ့အခ်ိန္ လက္ကနာရီက ရပ္လို႔သြားေပမဲ့  သူ႔ရဲ႕ပထမဆုံးဧည့္သည္ေလးက အရမ္းငယ္လြန္းေနေသးတယ္ ။ ေရွာင္းက်န႔္က ၾကင္နာတာထက္ပိုတဲ့ စိတ္ေပ်ာ့တဲ့ ေသမင္းတမာန္မ်ိဳးျဖစ္တယ္။

အေရးေပၚကယ္ဆယ္ေရးလုပ္ေနရတဲ့ လူနာေကာင္မေလးက အလြန္ဆုံးရွိ ဆယ့္တစ္ ဆယ့္ႏွစ္ေလာက္ပင္။ ေရွာင္းက်န႔္ရင္ထဲမေကာင္းလွပါ ။

"ဟင့္အင္း ေက်းဇူးျပဳၿပီး "

လက္ႏွစ္ဖက္ကိုယွက္လို႔ တုန္ယင္စြာငိုေႂကြးေရ႐ြတ္ေနတဲ့ အမ်ိဳးသမီးက သမီးငယ္အတြက္ ရွိသမွ်ဘုရားအကုန္တ,ေနပါလိမ့္မည္။

ထိုစဥ္ အဝင္ေပါက္မွ သူ၏ စီနီယာ ေသမင္းတမာန္မ်ား ျပာယာခတ္သြားၾကသည္ကိုျမင္ရသည္။ တစ္ခ်ိဳ႕စီနီယာမ်ားက စကားလက္ဆုံၾကေနတဲ့ ဧည့္သည္ေတြကို အျမန္ေခၚ၍ ထြက္သြားၾကၿပီ ။

" ေဒါက္တာ ယင္း"

"ဘာျဖစ္တာလဲ "

"ႏွလုံးခုန္ႏႈန္းထိုးက်တာပါ "

"ႏွလုံးခုန္စက္ တင္မယ္ "

‌သူ႔ေဘးနားက ျဖတ္သြားတဲ့ ယင္းဆိုသည့္ ေဒါက္တာမေလး၏ကိုယ္သင္းနံ႔က သူ႔ႏွာေခါင္းဝကို ကလူသြားသည္။ စီနီယာေတြ ျပာယာခတ္သြားရသည့္အေၾကာင္းအရင္းကား ဤသည္ပင္။

ေရွာင္းက်န႔္လက္ကနာရီက ကန႔္သတ္ခ်က္ေရာက္ေတာ့မည့္တိုင္ ေဒါက္တာ ယင္းက ပိုလို႔ႀကိဳးစားရင္း အသက္ကယ္ေနရွာသည္။

"မျဖစ္ဘူး"

ကုတင္ေပၚက လူနာကေလးက ေရွာင္းက်န႔္ကို ၾကည့္လာ၏။ ေရွာင္းက်န႔္လဲ ထိုကေလးမေလးကို အၿပဳံးတစ္ခုနဲ႔သာေခါင္းညိမ့္ျပလိုက္သည္ ။ ထိုကေလးမေလးက သူ၏ လက္မကို ဆုပ္ကိုင္တဲ့အခါမွာ စိတ္မေကာင္းပိုလို႔ျဖစ္မိသည္။

ဒီကေလးမေလးမွာဘာအျပစ္မ်ားရွိလို႔ပါလဲ ။
သူမက ငယ္လြန္းေသးပါတယ္ ။

ဆုပ္ကိုင္ခံရတဲ့လက္ကို ႐ုန္းရင္း
ျဖဳတ္ခ်လိုက္တဲ့အခါမွာေတာ့...

" ႏွလုံးျပန္ခုန္လာပါၿပီ "

"ေက်းဇူးတင္ပါတယ္ ...ေက်းဇူးတင္ပါတယ္ "

အေမျဖစ္သူက ေဒါက္တာေတြကို ခါးၫႊတ္လို႔ေက်းဇူးတင္တယ္။ ေဒါက္တာယင္းကလဲ သူမနဖူးဆီကေခြၽးေတြကိုသုတ္တယ္ ။ သက္ျပင္းလဲအခုမွခ်ႏိုင္သြားပုံရတယ္။

ေရွာင္းက်န႔္ ထိုေနရာကေနလွည့္ထြက္လာၿပီး သန႔္စင္ခန္းက ေဘစင္မွာ မ်က္ႏွာေဆးေၾကာလိုက္တယ္။
သူမကေတာ့ လူနာအသက္ကို ကယ္ႏိုင္ခဲ့ၿပီ။ ဒါဆိုသူကေကာ...။အဆူခံ ၊ အျပစ္ေပးခံရ႐ုံေပါ့။

            ****🎐****

"ဝမ္ရိေပၚ ပြဲစခံနီးၿပီ ။
အဆင္ေျပရဲ႕လား"

သန႔္စင္ခန္းဝင္သြားတဲ့ ရိေပၚ က ေတာ္ေတာ္ႏွင့္
ထြက္မလာသည္မို႔ ေဟာက္႐ႊမ္းတို႔ အလြန္စိတ္ပူရသလို ရင္လဲေလးလွပါသည္ ။

မွန္ထဲမွာ ထင္ဟပ္ေနတဲ့ ပုံရိပ္ကိုၾကည့္လို႔
ဝမ္ရိေပၚေရ႐ြတ္မိတာတစ္ခုတည္း။

// မလုပ္ခ်င္တာေတြ ၊ပင္ပန္းတာေတြ က စိတ္ပဲ
   ဝမ္ရိေပၚ မင္းလုပ္ႏိုင္ပါတယ္ //

‌သန႔္စင္ခန္းထဲက သူထြက္လာတဲ့အခ်ိန္မွာ
ေဟာက္႐ႊမ္းက ဆံပင္ ကို ပုံအနည္းငယ္ျပင္ေပးတယ္။
ရာေက်ာ္ေတာင္မျပည့္တဲ့  သူ႔ရဲ႕ပရိတ္သတ္ေတြကို သူေဖ်ာ္ေျဖရမယ္။စိတ္ပါသည္ျဖစ္ေစ ၊မပါသည္ျဖစ္ေစ ဒါက သူ႔ကိုခ်စ္တဲ့ ပရိတ္သတ္ေတြအတြက္ ေပးဆပ္ျခင္းဘဲ ။

စင္ေပၚကို ထြက္လိုက္တာနဲ႔ ပရိတ္သတ္ေတြရဲ႕ အသံေတြက တက္ညီလက္ညီက်ယ္ေလာင္စြာထြက္ေပၚလာသည္ ။

"ဝမ္ရိေပၚ က်ား႐ို႕ "

"ဝမ္ရိေပၚ မင္းကအေတာ္ဆုံး"

"ဝမ္ရိေပၚအနားမွာ ငါတို႔အၿမဲရွိတယ္ "

ဝမ္ရိေပၚက စႏၵယားဆီကို ဦးတည္လို႔သြားတယ္ ။
စႏၵယားနားေရာက္လို႔ ထိုင္လိုက္တာနဲ႔ ဆူညံသံေတြက တိတ္က်သြားတယ္။

ဝမ္ရိေပၚက တည္ၿငိမ္စြာနဲ႔ စႏၵယားခလုတ္ခုံေတြကို ႏွိပ္လို႔ သီခ်င္းကိုစတင္ဆိုတယ္ ။

              _________

"မွာထားေတြရပါၿပီ "

ေရွာင္းက်န႔္တို႔ ေသမင္းတမာန္ေတြစုရပ္က
ေဆး႐ုံေတြဘဲ။ ေသမင္းတမာန္ေတြအတြက္ပို႔တဲ့ အစားအေသာက္ေတြက လူေတြစားသလိုမ်ိဳးပါဘဲ ။

သူတို႔ေတြအားလုံး ေဆး႐ုံရဲ႕ ခုံေတြနားမွာ
ဝိုင္းထိုင္လိုက္ၾကၿပီး လာပို႔သြားတဲ့ ေခါက္ဆြဲေတြကို ဝိုင္းဖြဲ႕စားေသာက္ၾကတယ္။ သူတို႔လဲလူေတြလိုပါပဲ ။နားခ်ိန္ စားခ်ိန္ေတာ့ရွိတာေပါ့။

ေရွာင္းက်န႔္က ေခါက္ဆြဲေတြကို ခပ္ျမန္ျမန္စားလို႔ TVမွာလာေနတဲ့ Showပြဲေတြဆီ အၾကည့္ပိို႔တယ္။ ဝမ္ရိေပၚဟာ နတ္သားကေန လူေယာင္ဖန္ဆင္းထားတာပဲျဖစ္ရမယ္။

ေရွာင္းက်န႔္ေရွ႕က ကြယ္ရပ္သြားတဲ့ ေဒါက္တာယင္းက TVကိုၾကည့္လို႔ၿပဳံးတယ္ ။အင္းေပါ့ေလ ဝမ္ရိေပၚကို သူေတာင္ အမ်ားႀကီးသေဘာက်တာ ။ေဒါက္တာယင္းတို႔လို မိန္းကေလးေတြက ပိုသေဘာက်ၾကမွာေပါ့။

"အဲ့ဒီတစ္ေယာက္ကို ေသမယ္ ေသမယ္နဲ႔ ထင္ေၾကးေပးေနၾကတာ အခုထိမေသေသးဘူးပဲ"

"မင္းတို႔ မၾကားမိၾကဘူးလား ။ သူက ဒီႏွစ္ထဲမွာ ေသခ်ာေပါက္ အေခၚခံရမဲ့လူေလ "

စီနီယာေတြရဲ႕စကားကို ‌ၾကားသြားတဲ့ ေရွာင္းက်န႔္က
စားလက္စ ေခါက္ဆြဲေတြပါ နင္ကုန္တယ္။ ငါ့ဝမ္ရိေပၚ ေလးက ဘာလို႔ေသရမွာလဲ ။

" ငယ္ငယ္ေလးနဲ႔ ပိုက္ဆံေတြသိမ္းႀကဳံး
ယူေနေတာ့တာပဲ"

" ဝမ္ရိေပၚလိုလူမ်ိဳးကို အထက္ကိုပို႔ႏိုင္ရင္
ရာထူးကခပ္ျမင့္ျမင့္ရႏိုင္မွာ မဟုတ္ဘူးလား"

"ပိုက္ဆံရွာတာ တစ္ခုတည္းနဲ႔ တစ္ျခားဘာအရာကိုမွ မလုပ္လိုက္ရပဲ ဘဝႀကီး အဆုံးသတ္သြားရမွာက ႏွေျမာစရာပဲ"

"အကယ္၍ ဆိုတာသာျဖစ္လာရင္ သူ႔ကိုႀကိဳက္တဲ့မိန္းမေတြငိုကုန္ၾကေတာ့မွာပဲ"

လက္ထဲက ေရခြက္ကို ညႇစ္ထားရင္း ထိုစကားေတြကို နားေထာင္ေနသည့္ ေရွာင္းက်န႔္ရဲ႕မ်က္ႏွာက ၿပိဳေတာ့မဲ့မိုးလို။ TV Screen ေပၚက သီခ်င္းဆိုေနတဲ့
ဝမ္ရိေပၚကို ၾကည့္ရင္း သူ႔ရင္ထဲပိုလို႔တင္းၾကပ္လာသည္။

"ေရွာင္းက်န႔္ ! ေဟ့ေကာင္ မင္းဘာလုပ္ေနတာလဲ"

"ဟင္ "

အပိုခ်ထားတဲ့ ေခါက္ဆြဲေတြအထဲ ေရခြက္ထဲက
ေရေတြကို ေလာင္းခ်မိေနတဲ့သူ႔အျဖစ္က စီနီယာေတြအေပၚ အားနာဖို႔ေကာင္းလြန္းတယ္ ။‌ သူ႔ရဲ႕ေခါင္းကို ပိုငုံ႔လို႔ ပန္းကန္ထဲက ေခါက္ဆြဲေတြကိုသာ ဆက္စားလိုက္တယ္။

"ဒီေကာင္ကေတာ့ ငပိန္းဘဲ "

"ေတာင္းပန္ပါတယ္ "

ေရွာင္းက်န႔္က စီနီယာေတြကို အနည္းငယ္ေမာ့ၾကည့္ၿပီး ေတာင္းပန္လိုက္တယ္ ။ စီနီယာေတြက ေက်နပ္ဟန္မရွိၾက ။

"စီနီယာ ဧည့္သည္ သြားေခၚရေတာ့မယ္မလား"

"အာ အင္း  သြားလိုက္ပါအုန္းမယ္ "

မၾကာခင္ကမွ‌အသစ္ဝင္လာတဲ့ သူ႔ရဲ႕ ဂ်ဴနီယာေလးက အသိေပးကာမွ အသက္ရႈေျဖာင့္ေတာင့္တယ္။
ေသမင္းတမာန္ဘဝမွာလဲ ဘဝႀကီးက ေအးေအးေဆးေဆးမရွိဘဲ ခက္ခဲလိုက္တာ။
          _____________

"အဘိုး  ေပကပ္မေနဘဲ ျမန္ျမန္တက္ပါ "

"မလိုက္ဘူး မလိုက္ဘူး"

ေရွာင္းက်န႔္ရဲ႕ ဧည့္သည္က ေခါင္းမာတယ္ ။ ေဘးကေန စက္ဘီးကိုတြန္းၿပီး ေျခလ်င္ လိုက္ေနရတဲ့သူလဲ ေမာလွၿပီ။ ဒါေပမဲ့ အဘိုးက ေတာ့ေခါင္းမာေနတုန္း။

"ဒီလိုမွန္းသိရင္  ပိုက္ဆံကို အ႐ူးလိုကုန္း႐ုန္းမရွာပဲ
အလႉတန္းေတြမ်ားမ်ား လုပ္ခဲ့ပါတယ္ ။ အခုလိုပုံစံမ်ိဳးနဲ႔ ဘယ္ကိုမွမသြားႏိုင္ေသးဘူး"

"အဘိုး အခုလိုေခါင္းမာေနရင္ ကြၽန္ေတာ့္လို
မကြၽတ္မလြတ္ဘဝျဖစ္လိမ့္မယ္ "

"ေသမင္းက ဘယ္မွာ လာ ညည္းညဴျပေနတာလဲ ။
ၿပီးေတာ့ ေသမင္းက ဘာလို႔ငယ္ငယ္ေလးလဲ "

*တီ တီ *

ေရွာင္းက်န႔္တို႔ေဘးနားကို ကားတစ္စင္းက ထိုးရပ္တယ္ ။ ကားထဲက ေသမင္းတမာန္က ေစာနက သူ႔ကို သတိေပးလိုက္တဲ့ ဂ်ဴနီယာေလးပဲ။

"စီနီယာ ကြၽန္ေတာ္ကူညီေပးရမလား"

"ေသမင္း ဒါမွ ေသမင္း အစစ္ပဲ"

အဘိုးက ကားေပၚက ဂ်ဴနီယာ ကိုၾကည့္ၿပီး ကားေပၚတက္ေတာ့မည့္ဟန္နဲ႔ ေျပာသည္။ေရွာင္းက်န႔္လဲ အဖိုးေရွ႕ကပိတ္ရပ္လိုက္တယ္။

"ကြၽန္ေတာ္လဲ ေသမင္း အစစ္ပါ"

"စီနီယာ ဧည့္သည္လုမေနဘဲ ဒီကိုလႊတ္လိုက္ပါ ။
အဘိုး  ဈာပနာ အခ်ိန္နီးေနၿပီ ျမန္ျမန္တက္ပါ "

" ဟုတ္ကဲ့ ဟုတ္ကဲ့"

အဘိုးက သူ႔ကိုတြန္းတိုက္လို႔ ကားေပၚသို႔ လ်င္ျမန္စြာတက္သြားသည္။ ေရွာင္းက်န႔္မွာ ေျပာစရာစကားေတြ အလုံးစုံေပ်ာက္ရွသြားၿပီ။ ေနာက္မွေရာက္တဲ့ ဂ်ဴနီယာက သူ႔ထက္အသက္ႀကီးၿပီး ေသမင္း အဆင့္ငယ္ေနတာကို ကားရွိသြားၿပီ။

ကားေနာက္မွာပါလာတဲ့ ဧည့္သည္ကလဲအျပည့္။ သူအရမ္းအားက်တာဘဲ။ သူ႔ရဲ႕စိတ္နဲ႔ မေခၚႏိုင္တဲ့ ဧည့္သည္ေတြရယ္ ၊အခုလို အလုခံလိုက္ရတဲ့ဧည့္သည့္ေတြရယ္။သူ ဒီေန႔လဲဧည့္သည္တစ္ေယာက္မွ မပို႔ႏိုင္ျပန္ဘူးဘဲ။ ရာထူးတိုးၿပီး ကားရွိဖို႔ ေဝးစြ  ရွိေနတဲ့ စက္ဘီးကေလးေတာင္ ျပန္သိမ္းခံရေတာ့မဲ့ အျဖစ္။

ေရွာင္းက်န႔္ စိတ္ညစ္ညစ္နဲ႔ သူ႔စက္ဘီးလက္ကိုင္ကို ကိုင္ ေဆာင့္လိုက္တယ္။ စက္ဘီးမွာ ကပ္ထားတဲ့ ဝမ္ရိေပၚပုံကို ျမင္လိုက္တဲ့အခ်ိန္မွာေတာ့ သူ႔စိတ္ကေလးက ျပန္လို႔ ႐ႊင္ျပလာတယ္။

ဧည့္သည္ေတြမရလဲ ကိစၥမရွိဘူးဘဲ ။ ဒီေန႔ ဝမ္ရိေပၚ အသံသြင္းတာ သြားၾကည့္လို႔ရၿပီ ။ ေနတတ္ရင္
ေပ်ာ္စရာႀကီးဆိုတာက သိပ္ကိုမွန္တာပဲ ။

"ဟီးဟီး ဝမ္ရိေပၚ ေရ ကိုကို လာၿပီ"

ေရွာင္းက်န႔္က စက္ဘီးေပၚတက္လို႔ တက္ႂကြစြာဘဲ
ဝမ္ရိေပၚ အသံသြင္းတဲ့ေနရာဆီကို ဦးတည္လိုက္ပါတယ္။

// ဘဝေတြ ျခားသြားတဲ့အထိ‌ေတာင္
ငါကေတာ့ မင္းမွမင္းပါပဲ ။
ငါ့အတြက္ မင္းက ထာဝရ...
မင္း မသိႏိုင္ေပမဲ့လို႔ေပါ့//

       _________________________

Continue Reading

You'll Also Like

39K 2.4K 22
𝐁𝐨𝐨𝐤 # 𝟏 𝐨𝐟 𝐓𝐡𝐞 𝐑𝐚𝐚𝐳 𝐬𝐞𝐫𝐢𝐞𝐬. Love or betrayal? Consumption of betrayals. Internal betrayal? Yes! Will they be overcome? Or W...
307K 15.4K 47
Ruby King is your average young woman who is starting to attend college full time. Everything is going great until she notices that there seems to be...
70K 1.8K 67
"mom, dad, Im married!" lahat ng relatives namin ay nagulat sa announcment ko. Sino ba naman kasi ang mag aakala na ang unica ija ng pamilyang Letpr...
246K 7.3K 59
I could say this is one cliché story. A college girl died and transmigrated into an otome game she once played. Unfortunately she becomes the villain...