စိမ့်။
အပိုင်း (၉)
လက်ကနာရီကို ကြည့်လိုက်တော့ အချိန်က နာရီဝက်လောက်လိုနေသေးတာမို့ လေယာဉ်ကွင်းထဲက ခုံတန်းလေးမှာ ထိုင်ကာ ဖုန်းကို လိုင်းဖွင့်ပြီး ကြည့်လိုက်တော့ စိမ့်က ရှိမနေပါဘူး။ အင်းလေ စိမ့် ဆိုတာ Facebook Acc သာဖွင့်ထားတာ။ တစ်နေ့မှ တစ်ခါ ခနလေးပဲ လိုင်းတက်ကာ ဟိုကြည့် ဒီကြည့်နဲ့ ခနနေပြီး ပြန်ဆင်းသွားတဲ့သူလေ။ ပုံလဲတစ်ခါမှ မတင်ဘူး။
မျိုးသက်နဲ့ အတူ အေးဂျင့် တစ်ခုထဲမှ ဂျပန်ကို သွားမယ့် နောက်ထပ် ကောင်လေး နှစ်ယောက်လဲပါသေးတယ်။ သူတို့က အချင်းချင်းရင်းနှီးပုံရတယ်။ မျိုးသက်နဲ့ မလှမ်းမကမ်း မှာထိုင်နေရင်း စကားတွေ ပြောနေကြတယ်။ မျိုးသက် သက်ပြင်းကို ချလိုက်ရင်း ဖုန်းကိုသာ ပြန်ကြည့်နေလိုက် မိပါတယ်။
ဒါက အရာရာကို ခနတာမေ့ပျောက် ဖို့ အကောင်းဆုံး အရာပဲလေ။
………………………….
“မင်း မင်း အဲဒါဘာလုပ်တာလဲ စိုင်းကို။ အခုချက်ခြင်း လွှတ်ပေးစမ်း။”
စိမ့် အနီးကပ် စိုင်းကို ဗိုက်ကို လက်သီးတစ်လုံး ပစ်သွင်းလိုက်ပေမယ့် စိုင်းကိုက နောက်ကို ဆုတ်လိုက်တာမို့ လက်သီးက မထိလိုက်။ ဝင်လာတဲ့ စိမ့် လက်ကို စိုင်းကို လက်ကောက်ဝတ်ကနေ ကိုင်လိုက်ကာ အရှေ့ကို စောင့်ဆွဲလိုက်ပေမယ့် စိမ့် သတိနဲ့ ရပ်နေတာမို့ လှုပ်လို့သာ သွားပေမယ့် ယိုင်မသွားပေ။ လက်ကောက်ဝတ်ကို ကိုင်ခံထားရတာမို့ စိမ့် လက်သီးကို ကျစ်နေအောင် စုပ်ပြီး အားနဲ့လက်ကို လှည့်လိုက်ကာ စိုင်းကိုရဲ့ လက်ကောက်ဝတ်ကို ပြန်ပြီးပတ်ကာ ကိုင်ထားလိုက်ပါတယ်။ စိုင်းကို လှစ်ခနဲ ပြုံးလိုက်ပေမယ့် စိမ့်က ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပါတယ်။
စိုင်းကိုရဲ့ ပေါင်ကို ခြေတစ်ဖက်ထောက်ကာ လူကိုကျော်ပြီး တစ်ပတ်ကျွန်းထိုး ချလိုက်ချိန်မှာ စိုင်းကိုကလည်း ကိုယ်ကို တစ်ပတ်လျှိုလိုက်ပြီးသား ဖြစ်နေ တာမို့ လက်က လိမ်မသွားပဲ တစ်ယောက်လက်ကို တစ်ယောက်ကိုင်ထား လျက်သားက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေမိပြန်တယ်။ လက်တစ်ဖက်ချင်း လိမ်ကာ လက်ကောက်ဝတ်တွေကို ကိုင်ထားရင်း တစ်ယောက်ရဲ့ ပျော့ကွက် အားနည်းချက်ကို တစ်ယောက်ကြည့်နေမိတယ်။ သူတို့ မျက်လုံးချင်း ကြည့်နေပေမယ့် လူတွေကတော့ စက်ဝိုင်းလို ဖြေးညင်းစွာ လည်နေပါတယ်။
စိမ့် လွတ်နေတဲ့ ကျန်လက်တစ်ဖက်က မှန်တင်ခုံရှေ့ရောက်ချိန်မှာ မှန်တင်ခုံပေါ်မှ ရေမွွှေးပုလင်းနဲ့ ကောက်ကာ စိုင်းကိုကို လှမ်းပေါက်လိုက်ပါတော့တယ်။ စိုင်းကို ရှောင်လိုက်တော့ နံရံကို ထိကာ ဖုန်းခနဲမြည်ကာ ပေါက်သွားပြီး တစ်ခန်းလုံး ရေမွှေးနံ့တွေ မွှန်ထွန်လို့ သွားပါတော့တယ်။ နောက်တစ်ခုကိုလှမ်းဆွဲ လိုက်တော့ လက်ထဲပါလာတာက ဆံပင်ပုံသွင်းတဲ့ စပရေးဗူးရှေလေး။ စိမ့် လက်ကိုဆန့်လိုက်ကာ စိုင်းကိုမျက်နှာရှေ့ကို ညှစ်ချလိုက်တာမို့ စိုင်းကို မျက်လုံးတွေကို လက်နဲ့ကာရင်း မျက်နှာကို တစ်ဖက်လှည့်လိုက်ပါတယ်။
“ယား ဖောင်း အွတ်။”
စိမ့် ခြေဖျားနဲ့ စိုင်းကို လည်ပင်းကို ဖျတ်ကန်လိုက်တာမို့ စိုင်းကို ကိုင်ထားတဲ့လက်လွတ်သွားကာ ကြမ်းပြင်ပေါ် လဲကျလို့သွားပါတယ်။ စိမ့် ချက်ခြင်းပဲ စိုင်းကိုကို မှောက်လျက်ဖြစ်အောင် ကန်လှဲလိုက်ပြီး လက်တစ်ဖက်ကို နောက်ပြန်လှန်လိုက်ပြီး ဖိကာ တက်ထိုင်လိုက်ပါတယ်။ ပြီးတော့မှ ကျန်တဲ့ စိုင်းကို လက်တစ်ဖက်ကို ဆွဲလှန်ကာ လိမ်ထားလိုက်ပါတယ်။
“အ့။”
စိမ့်ကို စိုင်းကို တပည့် နှစ်ဦးက သေနတ်နဲ့ ချိန်ထားပြီးသား ဖြစ်နေပါတယ်။ စိမ့် မဲ့ကနဲ ပြုံးလိုက်ရင်း ဘေးမှာကျနေတဲ့ I Pad ကို ခြေထောက်နဲ့ လမ်းခတ်ကာ စိုင်းကို မျက်နှာရှေ့ကို တွန်းပေးလိုက်ပါတယ်။
“အခုချက်ခြင်း ဒီကိုခေါ်လာခဲ့ဖို့ ပြောလိုက်။”
စိုင်းကို ခေါင်းကို အနောက်ကိုအသာ စောင်းလိုက်ပေမယ့် စိမ့်ကိုမမြင်ရပေ။ စိုင်းကို I Pad ကိုပြန်ကြည့်လိုက်တော့ မင်းထက် မျက်နှာကြီးပေါ်နေတာမို့ မျက်မှောင်ကျုတ်ကာ သေချာကြည့်လိုက်မိပါတယ်။
“ဆရာကော။ ဟိုတစ်ယောက်ကော အေးဆေး ထိုင်ခုံမှာ အရင်ထိုင်လိုက်ကြပါ။”
မင်းထက်စကားကြောင့် စိုင်းကို မျက်ခုံးတွေ တန်းလို့ သွားရပါတော့တယ်။ ဒီကောင်ဒါဘာလုပ်တာလဲ။ သူမှာထားတဲ့ အထဲမှာ ဒါတွေ မပါဘူး။ နောက်ပြီး ဒီလို တစ်ခါမှ ပြန်မပြောဖူးဘူးလေ။
“ကဲ အမြန်ထကြပါ။ သေနတ်တွေက တစ်ယောက်ထဲကို ချိန်ထားတာ မဟုတ်ဘူးနော်။ ဟင်း ဟင်း။”
စိမ့်လဲ ကြားနေရတာမို့ စိမ့် စိုင်းကိုပေါ်မှာ ထိုင်နေရာကနေ ထပေးလိုက်ပါတယ်။ စိုင်းကို လဲနေရာမှ ထလိုက်ပြီး နောက်က တပည့်နှစ်ယောက်ကို ကြည့်လိုက်ပါတယ်။ သေနတ်တွေက စိမ့်စီတစ်လက် ချိန်ထားသလို ကျန်တစ်လက်က စိုင်းကို မျက်နှာတည့်တည့်ကို ချိန်ထားတာမို့ စိုင်းကို ဘာမှမပြော နေတော့ပဲ အင်ကျီကို ဆွဲဆန့်ကာ ထိုင်ခုံမှာ ခြေကို ချိတ်ကာ ဝင်ထိုင်လိုက်ပါတယ်။ စိုင်းကို ရှေ့မှာ I Pad ကိုထောင်လိုက်တာမို့ စိမ့်ကလည်း စိုင်းကို ဘေးမှာ ဝင်ထိုင်လိုက်ပါတယ်။
“မင်း ဘာလုပ်တာလဲ မင်းထက်။”
“အော် ဘာမှမလုပ်ရသေးပါဘူး ဆရာ။ ပြီးရင် ဒီကနေ Live တဝကြီး ကြည့်ရမှာပါ။ VIP Only နော် ဟား ဟား ဟား။”
မင်းထက်က ဖုန်းကို အနည်းငယ်ရွှေ့ လိုက်တော့ ဆုမွန်ကို ကုတင်တစ်ခုပေါ်မှာ လက်တွေကော ခြေထောက်တွေပါ တုတ်ပြီး ချည်ထားတာ တွေ့ရတာမို့
“ဟင် ဆုမွန်။”
“မင်း ငါ့အကြောင်းကို သိတယ်နော် မင်းထက်။”
“သိတယ်။ အရမ်းသိတယ်။ သိလို့ကို ဒီလမ်းကို ရွေးလိုက်တာ ဟားဟားဟား။ ဘယ်လိုလဲ ဆရာသမား။ စပ်လား ဟင်။ ခများရင်ဘတ်ကို ထိတော့ စပ်လား။ ခများ လက်စဖျောက်လိုက်တဲ့ အထဲက အောင်ထက်ဆိုတာ ကျုပ်အစ်ကို အရင်းကြီး။ အရင်းခေါက်ခေါက်ကြီးဗျ သိပြီလား။”
စိုင်းကို အံကိုကျိတ်လိုက်ပါတယ်။
“မင်းငါ့လက်က လွတ်မယ်ထင်နေလား။”
“အော် အဲဒီ့အတွက် စိတ်မပူနဲ့ ဟက် ခများကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ ခများဘေးက တစ်ယောက်ကတော့ သူ့ကိုကောင်းကောင်း သိပါလိမ့်မယ်။”
မင်းထက် သူ့ဘေးမှာ လာရပ်လိုက်တဲ့ သူဖက်ကို ဖုန်းကိုလှည့်လိုက်တော့ စိမ့် မျက်လုံးတွေ ဝိုင်းသွားကာ
“ဘရန်တူး။”
ဘရန်တူးက စိမ့်တို့ ကချင်ပြည်နယ်ဖက်မှာ နေတုန်းက ဆေးကိစ္စနဲ့ ပက်သက်လို့ စိမ့်နဲ့ အကြီးကြီးငြိထားတဲ့သူလေ။ သူ့ကြောင့်ပဲ အဲဒီ့ကနေ စိမ့်တို့ ပြောင်းလာခဲ့ကြတာ အခုတော့ ဒီနေရာထိ သူလိုက်ပြီး ဒုက္ခပေးနေပါပေါ့လား။
“ဟယ်လို ညိုညိုစိမ့်။ ခနနေရင် မင်း စိမ့်ရတော့မယ်။ ဟိုမှာ Live မှာပါဖို့ မင်းသားတွေ ကြည့်ပါဦး ဟားဟားဟား။”
တန်းစီရပ်နေတဲ့ လူမိုက်တွေမနည်း မနောပေ။
“တောက်။ ငါ့ ညီမ တစ်ခုခု ဖြစ်ရင် မင်းတို့အားလုံးကို ငါမသေသေအောင် ငါ့လက်နဲ့သတ်မှာနော် ဘရန်တူး။”
“အမလေး ကြောက်လိုက်တာဗျာ ဟားဟားဟား။ မင်း အချိန်မှီလာရင်တောင် မင်းညီမက နတ်ပြည်ရောက်နေလောက်ပြီ။”
စိမ့် လက်သီးကို ကျစ်ကျစ်ပါအောင်စုပ်ရင်း ထိုင်ခုံလက်တင်တဲ့ သစ်သားဘောင်ကို အားရပါးရထုချလိုက်ပါတယ်။
“မင်းတို့ ကောင်းခန်းလေးတွေ မလွတ်ချင်ရင် အဲဒီ့ကနေပဲ အေးဆေး ငြိမ်ငြိမ်လေး ထိုင်ကြည့်ကြပေါ့ကွာ။ အိုခေ စကားတွေ ပြောရတာ ကြာတယ်။ ငါ့ကောင်လေးတွေ ဆာလောင်နေရောပေါ့ ကဲ တစ်ခါထဲ စလိုက်ကြရအောင်။”
ဘရန်တူးက ကင်မရာကို ဘေးကိုရွှေ့လိုက်တော့ ကုတင်ပေါ်မှာ ရုန်းကန်နေတဲ့ ဆုမွန်ကို မြင်နေရပါတယ်။
“အော်နေဦး မင်းတို့နဲ့ အတူကြည့်နေတဲ့ ပိရိတ်သတ် တစ်ယောက်ရှိသေးတယ်။ အဖော်ရှိအောင် ကြည့်ဦးဒီမှာ။ ဟားဟားဟား။”
ကုတင်နဲ့ ခပ်လှမ်းလှမ်းမှာ ထိုင်ခုံတစ်လုံးနဲ့ကြိုးတုတ်ထားတဲ့ အဖိုး။ ခေါင်းကို မတ်နေအောင် ထောင်ထားပေမယ့် မျက်နှာတစ်ခုလုံး စုတ်ပြတ်ဖူးယောင် နေတဲ့ အဖိုး။
“ဟင် ခွေးကောင်တွေ မင်းတို့ကို ငါသတ်မယ်။”
ကင်မရာထဲမှာ ဆုမွန်ပုံ ပြန်ပေါ်လာပါတော့တယ်။ ဆုမွန်ရှေ့မှာ ဒူးထောက်ပြီး ထိုင်နေတဲ့ လူတစ်ယောက်။ ပါးစပ်ကို တိပ်နဲ့ ပတ်ကာ စည်းထားတာမို့ ဆုမွန်ခေါင်းတွေအတင်းခါကာ ငြင်းဆန်နေပါတယ်။ အသည်းနှလုံးတွေကို ခြေမွပစ်နေသလိုပါပဲ။ စိမ့်လက်ကို စိုင်းကို ကိုင်ကာ အားပေးလိုက်ပေမယ့် စိမ့် အံကို ကျိတ်ကာ လက်သီးကို တင်းနေအောင် စုပ်ထားဆဲ။ မှိတ်ထားတဲ့ မျက်လုံးတွေကနေ တလိမ့်လိမ့်ကျလာတဲ့ မျက်ရည်တွေ။ စိမ့်ကို ကြည့်ရင်း စိုင်းကို ရင်ထဲမှာ တစ်ကယ်ပဲခံစားရစေပါတယ်။ ဒီလောက် အကြောမာတဲ့ ကလေး အခုတော့ အရမ်းခံစားနေရရှာပြီ။ အပစ်မရှိတဲ့ အသက်မပြည့်သေးတဲ့ မိန်းကလေး တစ်ယောက်နဲ့ အဖိုးအရွယ်လူတစ်ယောက်လဲ ဒီ့ထက်မက ခံစားနေရမယ် ဆိုတာ တွေးကြည့်တာနဲ့တင်သိသာလှပါတယ်။
စိုင်းကို စိမ့်ကို ရင်ခွင်ထဲစွဲကာ ဖက်ထားလိုက်ပါတယ်။ စိမ့် တသိမ့်သိမ့် ငိုရှိုက်နေဆဲ။ ငိုနေတဲ့ စိမ့်ကို နှစ်သိမ့်လိုက်ပြီး ပုခုံးကို အသာပုတ်ကာ စိုင်းကို လက်နှစ်ဖက်ကို အသာမြှောက်လိုက်ကာ ဘေးဖက်ကို လှည့်လိုက်ပါတယ်။ နောက်မှာ သေနတ်နဲ့ ချိန်ထားတဲ့ တစ်ယောက် ဘေးမှာ တစ်ယောက်
“ငါစကား ခနပြောမယ်။ ရမလား။”
“ဘာမှမပြောပဲ ငြိမ်ငြိမ်လေး ထိုင်နေလိုက်ပါ။ ခုပြန်ထိုင်။”
ဘေးကတစ်ယောက်က စိုင်းကိုကို တည့်တည့်ချိန်ကာ ပြန်ထိုင်ဖို့ ပြောနေပေမယ့် စိုင်းကို တဖြေးဖြေးချင်း ထရပ်လိုက်ပါတယ်။ လက်တွေကို တော့မြှောက် ထားဆဲ။ စိမ့်က စိုင်းကိုဖက်ကို လှည့်နေတာမို့ စိုင်းကို နောက်က တစ်ယောက်နဲ့ မျက်နှာချင်းဆိုင် အနေအထားပါ။ စိုင်းကို ထလှုပ်ရှားနေပီမို့ စိမ့်လဲ အခြေအနေကို စောင့်ကြည့်ပြီး အချိန်ကောင်းကို ကြည့်နေပါတယ်။
“မဟုတ်ဘူး အောင်လေး မင်းကို ငါဘယ်လောက်ကူညီပေးခဲ့တယ် ဆိုတာ မင်းအသိဆုံးပဲ။ ခုလို မလုပ်သင့်ဘူး မဟုတ်လား။ မင်းငါ့ကျေးဇူးကို ထောက်သင့် တယ်လေ။”
ဘေးကကောင်က စိုင်းကို ကိုကြည့်ကာ
“အဲဒါတွေ မလိုတော့ဘူး။ ခများအခုပြန် ထိုင်လိုက်ပါ။”
“ခနလေး မင်းကို သူတို့ ဘယ်လောက်ပေးလဲ မသိပေမယ့် မင်းတို့ နှစ်ယောက်ကို ငါတစ်ယောက် ငါးဆယ်ပေးမယ်။ ငါပြောရင် ပြောသလို လုပ်တက်တာ မင်းတို့ သိတယ်မဟုတ်လား။”
စိုင်းကို စကားကြောင့် ဘေးကလူက နောက်ကလူကို လှမ်းပြီး ကြည့်လိုက်ရင်း မျက်လုံးချင်းစကားပြောနေကြတုန်း စိုင်းကို ရုတ်တရက် ထိုင်ခုံ အမှီကို လက်ထောက်ရင်း ခြေထောက်ကို ခုံကိုကျော်ကာ မြောက်ခနဲ မြောက်တက်သွားပါတယ်။
“ဖျောင်း …. ဒိုင်း။”
လက်ထဲက သေနတ်က ကျည်ထွက်သွားပေမယ့် အပေါ်ကို ထောင်တက်သွားပါတော့တယ်။ စိမ့် စားပွဲပေါ်က I Pad ကို ကောက်ကိုင်လိုက်ကာ မျက်နှာချင်း ဆိုင်က တစ်ယောက်စီကို လှမ်းပစ်လိုက်ပါတယ်။ သေနတ်ကိုင်သမားက ရှောင်လိုက်ချိန်မှာ စားပွဲကို လက်ထောက်ရင်း ကိုယ်ကို ကြမ်းပြင်မှာကပ်ခါ ရှောခနဲ စိမ့် ခြေတစ်ဖက်က သူ့ညိုသကြီးစီ ဝင်လို့သွားပါတော့တယ်။
စိမ့် အပေါ်ကို လဲကျလာတဲ့ သူကို သေနတ်ကို လက်ကို ဖမ်းကိုင်လိုက်ကာ ကြမ်းပြင်နဲ့ စောင့်ချလိုက်ပါတယ်။ လက်ထဲက သေနတ်လွတ်သွား တာနဲ့ ခြေနဲ့ လှမ်းခတ်ကာ အဝေးကိုကန်ထုတ်လိုက်ပါတော့တယ်။
တစ်ယောက်ချင်းမို့ သိပ်ပြီး အားပင်မစိုက်လိုက်ရပဲ ပွဲကသိမ်းသွားပါတယ်။ သူတို့ မှောက်သွားတာနဲ့ စိုင်းကိုက ခုနအောင်လေး ဆိုတဲ့ တစ်ယောက်ပေါ်ကို တစ်ခွလိုက်ပါတယ်။
“ပြောစမ်းဟေ့ကောင် မင်းထက်တို့ ဘယ်မှာလဲ။”
“မသိဘူး။”
“မင်းသေချာလား။”
စိမ့်က မတ်တပ်ရပ်နေရာကနေ အောင်လေး ဒူးခေါင်းစီကို သေနတ်ဖြင့်ချိန်ထားကာ မေးလိုက်တော့
“တကယ် တကယ်မသိတာပါ။”
“ဒိုင်း။”
“အား အား အားဟာ့ဟား သေပါပြီ အားစစ်စစ်။”
“နောက်တစ်ဖက်ကို မပစ်ခင် မင်းအချိန် ဆယ်စက္ကန့်ပဲ ရမယ်။ ခုစပြီ။”
စိမ့် နောက်ထက် ဒူးခေါင်းတစ်ဖက်စီကို လှမ်းချိန်ပြီးပြောလိုက်တာမို့ အောင်လေး ချက်ခြင်းလက်ကာ ပြလိုက်ကာ
“ပြော ပြောပါ့မယ် အား ဟားအ့။”
……………………………….
ဟော ဘန်ကောက်ကို ထွက်ခွါမယ့် သူတို့လေယာဉ်ပေါ် တက်လို့ရပြီဖြစ်ကြောင်း ကြော်ငြာနေပြီမို့ မျိုးသက် စိမ့်အကောင့်လေးကို နောက်ဆုံး ကြည့်လိုက်ကာ ဖုန်းကို ပိတ်လိုက်ပြီး ထိုင်ရာကနေထရပ်လိုက်ပါတော့တယ်။ ပြီးတော့ ကျောပိုးအိတ်ကို လွယ်လိုက်ကာ ထွက်လာလိုက်ပါတယ်။ မျိုးသက် အခု ဘန်ကောက်ကို သွားရမှာ ဖြစ်ပြီး အဲဒီ့ကနေ တစ်ဆင့် ဂျပန်နိုင်ငံ နာရီတာ လေဆိပ်ကို တစ်ဆင့် ထပ်စီးရမှာ ဖြစ်ပါတယ်။
“ကဲ အစ်ကိုရေ ဖိုက်တင်း။”
သူတို့ အေးဂျင့်တူထဲက တစ်ယောက်က လှမ်းပြီး နှုတ်ဆက် အားပေးလိုက်တာမို့ မျိုးသက်ပြုံးပြလိုက်ရင်း လက်သီးကို ဆုပ်ကာ တံတောင်ဆစ်ကို ကွေးပြလိုက်ပါတော့တယ်။
လေယာဉ်ပေါ်ရောက်တော့ ကံကောင်းစွာပဲ မျိုးသက် ခုံနေရာက ပြတင်းပေါက်ဘေးမှာမို့ ကျောပိုးအိတ်လေးကို အပေါ်မှာတင်ရင်း ထိုင်ခုံမှာ ဝင်ထိုင် လိုက်ပါတယ်။ အပြင်ကို ငေးကြည့်လိုက်မိပါရဲ့။ အော် အကြာကြီး ခွဲခွွါရဦးမှာပါလား အမိမြေရယ်။ သတိရတာနဲ့ ဘောင်းဘီအိတ်ထဲက ဖုန်းကို ထုတ်ကာ ဆင်းကဒ်ကို ထုတ်မလို့လုပ်နေတုန်း ဖုန်း တစ်ခုက ဝင်လာတာမို့ မျိုးသက် မျက်မှောင်ကျုတ်လိုက်ရင်း ကိုင်လိုက်ပါတယ်။
“ဟယ်လို။ အေး ဟေ့ကောင်ပြော။”
အိမ်နားက သူငယ်ချင်း နှုတ်ဆက်ဖို့ လှမ်းဆက်တာ ထင်တာမို့ ပေါ့ပေါ့ပါးပါးလေးပဲ ပြန်ပြောလိုက်ပါတယ်။
“ဟေ့ကောင် မင်းရဲ့ စိမ့် စိမ့်လေ။”
ပြောရင်းမောနေတဲ့ လေသံနဲ့ အသံကရပ်သွားတာမို့ မျိုးသက်စိုးရိမ်တကြီး လှမ်းမေးလိုက်ပါတယ်။
“စိမ့် ဘာဖြစ်လို့လဲ။ အမြန်ပြောစမ်းပါ။ ဘာဖြစ်တာလဲ။”
“သူ အိမ်မှာ မရှိတုန်း သူ့ အဖိုးနဲ့ ညီမလေးကို အရင် အိမ်မှာ လာပြီးခေါ်သွားကြတယ်။ အိမ်တစ်အိမ်လုံးလဲ ဗြောင်းဆန်ပြီး ကျန်ခဲ့တာတဲ့။”
ရင်တွေ ဒိန်းခနဲ ခုန်သွားကာ
“စိမ့်ကကော သူဘာဖြစ်သွားသေးလဲ။ သူအခု ဘယ်မှာလဲ။”
“အဲဒါတော့ မသိဘူး။ သူပြန်လာတော့ စက်ဘီးနဲ့ ပြန်ထွက်သွားတယ်လို့ အနားကလူတွေ ပြောတာပဲ။”
“ဟာကွာ ရှစ်ထ်။”
မျိုးသက် အရှေ့ကို လှမ်းကြည့်လိုက်တော့ ခရီးသည်တွေ တက်နေကြဆဲ။ လေယာဉ်မယ်လေး နှစ်ယောက် အပေါက်ဝမှာ ရပ်ကာ နှုတ်ဆက်နေတာ တွေ့နေရ ပါတယ်။
“အေး သူတို့သတင်း ရပ်ကွက်ထဲ ပျံ့နေတာ။ ငါလဲ အခုပဲ သိလို့ မင်းကို လှမ်းပြောပြတာ။ အဲဒါ….။”
မျိုးသက် တစ်ဖက်က ပြောနေတာကို ဆုံးအောင် နားမထောင်တော့ပဲ ဖုန်းကိုပိတ်ကာ ဘောင်းဘီအိတ်ကပ်ထဲ ပြန်ထည့်လိုက်ပါတယ်။ ပြီးတော့ ထိုင်နေရာမှ ထရပ်လိုက်ပါတော့တယ်။
……………………………
စိုင်းကို နောက်ကနေ စိမ့်လိုက်ခဲ့ လိုက်ပါတယ်။ စိုင်းကို ကားကို ဂရုတစ်စိုက်နဲ့ ခပ်မြန်မြန် မောင်းနေရင်းက လက်တစ်ဖက်ကလည်း ဖုန်းတွေ တစ်ခုပြီး တစ်ခု ဆက်နေပါတယ်။
“မင်း လူရသလောက်ခေါ်ပြီး ………… နေရာကို လိုက်ခဲ့ အခုချက်ခြင်းလာရမှာနော်။ အေး ပြီးရော။”
“မဟုတ်ဘူး ဒယ်ဒီ။ သားနောက်မှ ရှင်းပြမယ်။ အခု ကိစ္စတွေ အရင်ရှင်းလိုက်ဦးမယ်။ ရတယ် ဘာမှမလိုဘူး။ စိတ်မပူနဲ့ ရတယ် အေးဆေး။ အိုခေ ဒယ်ဒီ။”
စိုင်းကို ဖုန်းကိုချလိုက်တာနဲ့ စိမ့်ကို လှည့်ကြည့်ရင်း စိမ့် လက်လေး ကို လှမ်းကိုင်လိုက်ပါတယ်။ စိမ့် ချက်ခြင်းပဲ လက်ကို ရုပ်လိုက်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် စုပ်ထားလိုက်ပြီး ပါးစပ်က ကိုက်ကာ ထားလိုက်ပါတယ်။
“ကို တစ်ယောက်လုံး ရှိပါတယ်။ ဒီကောင်တွေ တစ်ယောက်မှ အရှင်မထားဘူး စိတ်ချနော်။”
စိုင်းကို ပြောလိုက်တော့မှ စိမ့် မျက်ရည်တွေ တလိမ့်လိမ့်ကျလာကာ လက်ကို ပါးစပ်က ပိုပြီးဖိကိုက်ထား လိုက်မိပါတယ်။
“အိ အင့် အစ်။”