Classic Love 🖤 ❤
Winterstarry tarafından
85.8K 6.4K 16.7K
စိုက်ခင်း​တွေ ပန်း​ပေါင်းစုံခင်း​တွေနဲ့ သဘာဝပတ်ဝန်းကျင်​တွေကြားထဲ ယိမ်းနွဲ့ပြီး ကြည်နူးပျော်ရွှင်မှု​၊ကြေကွဲဝ... Daha Fazla
❄ NOTE
Heart beat 🖤 ❤ Part 1
🖤 ❤ 🍇 Part 2
🖤 📈 ❤ 📊 Part 3
🖤 ❤ Part 4
😁Hello
🖤 ❤ 🌟 Part 5
Attention Please 🙏
🖤 🌞 ❤ 🌝 Part 6
☕ ❤ 💚 🍎 Part 7
☕ Classic Love ❤
💭 ☕ 🖤 ❤ Part 8
💌 ☕ 🖤 ❤ Part 9
☕ Classic Love ❤
🌌 🌛 ☕ ❤ Part 10
☕ Classic Love ❤
☕ ❤ 🍁 Part 11
☕ ❤ 🍓 Part 12
☕ Classic Love ❤
☕ ❤ 💘 Part 13
☕ ❤ 🐈 Part 14
☕ ❤ 💞 Part 15
🌚
☕ ❤ 🍂 Part 16
🚘 Ferrari 458 Spider
☕ ❤ 🌈 Part 17(A)
☕ ❤ 🌈 Part 17 (B)
☕ ❤ 🌈 Part 17 (C)
Satan (B) Ivan 💥
☕ ❤ 🌹 Part 18
☕ ❤ Part 19 Special Day
☕ ❤ 🍂 🍃 Part 20
☕ ❤ 💘 ♾ Part 21
☕ ❤ 💝 Part 22
☕ ❤ 💥 Part 23
☕ ❤ ⚡ Part 24
☕ ❤ 🌫 Part 25
☕ Classic Love ❤
☕ ❤ 💋 Part 26
☕ ❤ ♾ Part 27
☕ ❤ 👨‍👩‍👦‍👦 Part 28
☕ ❤ LOVE Part 29
☕ ❤ Miss Part 30
☕ ❤🗼True Love Part 31
☕ ❤ 💥 Delicate Part 32
☕ ❤ 💥 Deeply Part 33
☕ ❤ Trust Part 34
☕ ❤ Eternal Part 35
☕ ❤ 💥 Adventure Part 36
☕ ❤ Lovable Part 37
☕❤🌌A Whole New World Part 38
☕ ❤☀️🌙 Love Banter Part 39(A)
☕ ❤☀️🌙Love Banter Part 39(B)
☕ ❤ ☀️🌙🌠 Sweetish Part 40
☕❤☀️🌙Love Spectrum Part 41
☕❤☀️🌙 Happiness Part 42(A)
For Readers to know
☕❤☀️🌙Happiness Part 42(B)
☕❤☀️🌙Love Tune Part 43
☕❤☀️🌙Love Candy Part 44
☕❤☀️🌙This love is Ours Part 45
☕❤ Treasure Part 46
☕❤Together ☀️🌙 Part 47
☕❤Wonderland✨ Part 48
☕ ❤ Universe Part 49
☕❤ Undying Love Part 50
☕❤Love Aroma🌻☀️Part 51
☕Feelings are True❤ Part 52
☕Born for you❤ Part 53
☕ You = I ❤ Part 54
☕ ❤ 💥 Paradise Part 55
☕❤💎
☕Until Hundred years❤Part 56
☕ Immortal Love ❤ Part 57
One Shot Fic Announcement
☕ Perfect Two❤ Part 58
☕ Love Engrave ❤ Part 59
☕ Because of you ❤ Part 60
☕Purest Love❤ Part 61
☕Love is everywhere❤ Part 62
☕ Precious love ❤ Part 63
☕ Love Authenticate ❤ Part 64(A)
☕Love Authenticate❤ Part 64(B)
☕❤🖼🖌🎨
☕Starry Love❤ Part 65 (A)
☕ Starry Love ❤ Part 65 (B)
☕Merit Based Love❤ Part 66
☕ Proud for you ❤ Part 67
☕ Peaceful Heart❤ Part 68(A)
☕ Peaceful Heart ❤ Part 68(B)
☕ Power of Charm❤Part 69(A)
☕Power of Charm❤ Part 69(B)
☕ Counting Stars ❤ Part 70
☕ Ice-cream Love ❤Part 71
☕ Love beat ❤ Part 72
☕ Wish this love ❤ Part 73
☕ Rain Drop Love ❤ Part 74(A)
☕ Rain Drop Love ❤ Part 74 (B)
☕Treasure Moment❤ Part 75(A)
☕Treasure Moment❤Part 75(B)
☕ Arrabbiato Love❤Part 76(A)
☕ Arrabbiato Love❤ Part 76(B)
☕ Arrabbiato Love ❤Part 76(C)
☕ Arrabbiato Love ❤ Part 76(D)
☕ Arrabbiato Love❤ Part 76(E)
☕Pandora Box❤ Part 77(A)
☕Pandora Box ❤ Part 77(B)
☕Pandora Box ❤ Part 77(C)
☕ Pandora Box ❤Part 77(D)
☕Pandora Box❤ Part 77(E)
☕Future Perfect❤Part 78
☕Heart Area❤ Part 79
☕ Dusk Till Dawn ❤ Part 80
☕ Love You More ❤Part 81
☕ Chemistry between us❤ Part 82
Announcement for ☕Part 83❤
☕Love-with Collaboration❤Part 83(A)
☕Love-with Collaboration❤ Part 83(B)
☕Cosmic Rays❤ Part 84(A)
☕Cosmic Rays❤ Part 84(B)
☕Empirical❤ Part 85(A)
☕Empirical❤ Part 85(B)
☕ Heart Soar ❤Part 86(A)
☕ Heart Soar ❤Part 86(B)
☕❤
☕Hate being Alone❤ Part 87
☕🌅 🌄❤
☕Love Museum❤ Part 88(A)
☕Love Museum❤ Part 88(B)
☕Love Museum❤ Part 88(C)
☕Love Museum❤ Part 89(A)
☕Love Museum❤ Part 89(B)
☕Love Museum❤ Part 90(A)
☕ Love Museum❤ Part 90(B)
☕Love Museum❤ Part 90(C)
Exploding
☕Love Museum❤ Part 91(A)
☕Love Museum❤ Part 91(B)
☕Love Museum❤ Part 91(C)
☕Love Museum❤ Part 91(D)
Thank you
☕Love Museum❤ Part 92(A)
🥰❄☕❤🌌🖌
☕Love Museum❤ Part 92(B)
☕Love Museum❤ Part 92(C)
❄~Hello📣
☕Love Museum❤Part 92(D)
☕Love Museum❤ Part 92(E)
☕Love Museum❤ Part 92(F)
Nothing☁️
☕Love Museum❤ Part 92(G)
☕Love Museum❤ Part 92(H)
☕Love Museum❤Part 92(I)
☕Love Museum❤ Part 92(J)
☕Love Museum❤ Part 93(A)
☕Love Museum❤ Part 93(B)
❄ NOTE 2️⃣
☕Love Museum❤ Part 93(C)
☕Love Museum❤ Part 93(D)
☕Love Museum❤ Part 93(E)
☕Love Museum❤ Part 93(F)
☕Love Museum❤ Part 93(G)
☕Love Museum❤ Part 93(H)
☕❤🖼🖌☁️
☕Love Museum❤ Part 93(I)
☕Love Museum❤Part 93(J)
☕Love Museum❤ Part 93(K)
Happy Brithday🎂 CL☕❤
☕Love Museum❤ Part 93(L)
☕Love Museum❤ Part 93(M)
☕Love Museum❤ Part 93(N)
☕Love Museum❤ Part 93(O)
❄'s BD (or) ☕'Proposal Day❤
☕❤📮
☕Love Museum❤ Part 94(A)
☕Love Museum❤ Part 94(B)
☕Love Museum❤ Part 94(C)
☕Love Museum❤ Part 94(D)
☕Love Museum❤ Part 94(E)
☕Love Museum❤ Part 94(F)
☕Love Museum❤ Part 94(G)
Unicode>> ☕ Love Museum ❤ Part 94(H)
Zawgyi >> ☕ Love Museum ❤ Part 94(H)
☕Love Museum❤ Part 94(I)
☕Love Museum❤ Part 94(J)
Zawgyi>> ☕ Love Museum ❤ Part 94(K)
Unicode >> ☕Love Museum❤ Part 94(L)
Zawgyi >> ☕Love Museum❤ Part 94(L)
☕Love Museum❤ Part 94(M)
Unicode >> ☕Love Museum❤ Part 94(N)
Zawgyi >> ☕Love Museum❤ Part 94(N)
Unicode >> ☕Love Museum❤ Part 94(O)
Zawgyi >> ☕Love Museum❤ Part 94(O)
☕Love Museum❤ Part 94(P)
Unicode >>☕Love Muesum❤ Part 94(Q)
Zawgyi >> ☕Love Museum❤ Part 94(Q)
☕Love Museum❤ Part 94(R)
Unicode>> ☕ Love Museum ❤ Part 94(K)
79 6 46
(A/N လိပ်လိုအ​ရွှေ့နှုန်းနဲ့ အ​သေးစိတ်​ရေး​ပေး​​နေရလို့ Ongoingမလိုက်ဘဲ Halloween အပိုင်းအကုန်ပြီးမှ ​တစ်ခါထဲ ပေါင်းဖတ်မယ်ဆိုရင်လည်း ရပါတယ်ဗျာ့။
​ဟောလိုးဝင်းပွဲမ​ရောက်ခင် ပွဲအတွက် ပြင်ဆင်တာ​တွေကို​တော့ အ​သေးစိတ်​ရေး​လာ​​​ပေးခဲ့ပြီးမှ တကယ့်ပွဲ​နေ့လည်း​ရောက်​ရော "​​ဟောလိုးဝင်းပွဲကြီးထဲမှာ ပျော်ရွှင်စွာနဲ့ ဆော့ကစားကြရင်း လည်ပတ်ခဲ့ကြပါတယ်"ဆိုတဲ့ တစ်​​ကြောင်းထဲနဲ့ အနှစ်ချုပ်ပြီး​တော့ ပြီးစလွယ်လည်း ကျွန်​တော် မ​ရေး​ပေးလိုက်ချင်လို့ပါ။
ကျွန်​တော် အချိန်​ပေး​ရေးထားတာ​တွေကို အချိန်​ပေးဖတ်​ရှု​ပေးကြတဲ့ တစ်​ယောက်ချင်းစီတိုင်းကို ​ကျေးဇူးအထူးတင်ရှိပါတယ်ဗျ❄☕❤)
×       ×        ×      ☕❤       ×       ×       ×
🍦ဖုန်းအပြန်အလှန်​ပြော​ဆိုနေသံ တစ်ချို့သည် CFIB (Classic Family Ice_cream Bar)ရုံးခန်း​ဘေးနားရှိ နား​​နေခန်းထဲတွင် အစီအရီ​ထွက်​ပေါ်​လျက်ရှိသည်.....
🌶 : သားက သူ့အတွက် လိုသုံးသက်သက်ပဲ သိလား!!! သားဖြစ်နိုင်ရင် ဒီအလုပ်က​နေ​တောင် ထွက်ပစ်ချင်​နေပြီ.....
💙 : ဪ....ငါ့​ မောင်ရယ် စိတ်လိုက်မာန်ပါ​တွေ ​လျှောက်မလုပ်ပါနဲ့ဦး....​ အခု အလုပ်က မင်း လွယ်လွယ်နဲ့ ​လျှောက်လို့ရခဲ့တာလည်း မဟုတ်ပဲနဲ့!
နောက်....အချစ်ဆိုတာကလည်း လုပ်ယူလို့မှ မရတာ​ ငါ့​မောင်ရယ်.....ဖြစ်လာသမျှကို အတတ်နိုင်ဆုံး လက်ခံရင်း ဖြည်းဖြည်းချင်းသာ Move on လုပ်လိုက်...နော်....
🌶 : မသိဘူး မမရာ.....ကျွန်​တော် ခံရခက်တာပဲသိတယ်!!! အခု​​​တောင် ဒီမှာ သား,သူ့ ဖုန်းနံပါတ်ကစလို့ သူသုံးတဲ့ Social Media app​တွေအကုန်လိုက် Block​နေတာ!!
လိုသုံး​လိုကြီးတော့ ဆက်အသုံးမခံနိုင်ဘူး​လေ မမရာ! ဟုတ်တယ်မလား? သားမှာလည်း သားမာနနဲ့ သားရှိတယ်!!!
💙 : အင်း မင်း အခုခံစား​နေရတာ​တွေကို အမနားလည်တယ်လို့​နော်.....ဒါဆိုရင်လည်း ဒီလိုလုပ် အလုပ်​ကိုတော့ စိတ်လိုက်မာန်ပါ မထွက်ခဲ့လိုက်နဲ့.....​
ဆေးခွင့်နဲ့ တပတ်​လောက်ခွင့်ယူပြီး အမပန်းဆိုင်မှာပဲ ခဏလာ​​ရှောင်နေချင်​ရင်လည်း ​ရှောင်နေလိုက်...... စိတ်ပင်ပန်းတာနည်းနည်း​ပြေ​ပြေ​ပေါ့ ဘယ်လိုလဲ??
🌶 : ဟူးးး.... အင်းဗျာ.... အရင်ဦးဆုံး သား သူ​ဌေးကို ခွင့်​ရက်ရှည်ပေးလို့ရမရ တစ်ချက်​မေးကြည့်လိုက်ဦးမယ်​.....တကယ်လို့ ရတယ်ဆိုရင်​ သား တန်းလာခဲ့လိုက်ပါ့မယ်​....
💙 : OK....အာ့ဆိုရင် အခု မငိုနဲ့​တော့! ဟုတ်ပြီလား? တိတ်​​တော့​​နော်....​
🌶 : ​သူ့အတွက် မငို​ပါဘူး မမရ! သားကိုယ်သား ​သနားသွားလို့ ဝမ်းနည်းတာ....
💙 : အဟား... ဟုတ်ပါပြီ ငါ့​မောင်ရယ်...ဒါနဲ့ နေ့လည်စာ​​ရော? စားပြီးပလား?
🌶 : ဟုတ်...ခဏ​နေ​ သွားစား​တော့မှာ မမ....
💙 : အင်းအင်း....အသည်းကွဲတာလည်း ကွဲတာပဲ.... အစားအ​သောက်နဲ့ အအိပ်က​လေး​တော့ မှန်​အောင်ဂရုစိုက်ဦး ကြားလား?
🌶 : စိတ်ချပါ အစ်မရာ! သား က​လေးလည်း မဟုတ်​တော့ဘူး......
💙 : အေးပါ ​အေးပါ.....စိတ်ချ​အောင်နေပြတယ်ဆိုရင်​တော့ ကျွန်မလည်းစိတ်ချရတာ​ပေါ့ က​လေးမဟုတ်​​တော့တဲ့ ကိုလူကြီးရယ်.....
🌶 : ဟား!ဟား! အင်းအင်း.....အာ့ဆိုရင် သား သူ​ဌေးကို​မေးပြီး လာဖြစ်မလာဖြစ် မမကို ပြန်​ပြောမယ်​လေ​နော်....အခု မမလည်း အလုပ်ရှိ​​နေသေးတာမလား?
💙 : အေးပါ.... ဟုတ်တယ် ငါ့​မောင်​ရေ.... အော်ဒါ​တွေများ​နေတာ​! လက်ကူက တ​စ်ယောက်ထဲရှိတာဆို​တော့ ​မင်း,အမ ငါ ရှယ်စိတ်မော​​နေရတာ​ပေါ့ဟယ်.....
🌶 : အမ်း....Order​တွေအများကြီးရ​နေတာကို မောင်ဖြစ်တဲ့ ကျွန်​တော့်ကို မုန့်ဖိုး​လေးဘာ​​လေး ​ပေးဦး​လေဗျာ......
💙 : အေးပါ က​လေးမဟုတ်​တော့တဲ့ အကြွေးရှင်ရယ်.....
🌶 : ဟားဟား! ကိုယ့်​မောင်​လေးဆိုလို့ ဒီတစ်​ယောက်​လေးရှိတာကို ​ပေး​ကောင်းပါတယ်ဗျာ.....
💙 : ကိုယ်​​တော်​ချော! ဒါမျိုးကျ ​ပြောတတ်တယ်!!
🌶 : အဟဲ! ဒါနဲ့ လက်ကူဆိုလို့....ဟိုတစ်​​လောကပဲ မမ ဆိုင်အတွက် အကူဝန်ထမ်း​​​တွေခေါ်ထား​သေးတယ် မဟုတ်ဘူးလား?
💙 : အင်း....​ခေါ်တယ် ငါ့​မောင်​ရေ..... ကိုယ့်လက်ကိုယ့်​ခြေမဟုတ်​တော့ အလုပ်ကပြောသ​လောက် မတွင်ကျယ်ပါဘူး​!!!
သူတို့ကို နောက်က​နေ​,တောက်​လျှောက်လိုက်ကြည့်ပြီး အစအ​ဆုံး​ပြောပြော​ပေး​နေရတာ​တွေကို ငါ့မှာ ​မော​ရလွန်းလို့ တခြားသူတို့လုပ်တတ်မှာမျိုး​တွေကိုပဲ ​ပြောင်းပြီး​တော့ ခိုင်းထားရတယ်.....မင်းလာမှပဲ ကူခိုင်းရ​တော့မယ်နဲ့ တူပါတယ်ကွာ.....
🌶 : ဟားဟား!! ဟုတ်ပါပြီဗျာ....ကူလုပ်​ပေးမှာက ကိုယ့်အစ်မဖြစ်​နေတာ​ကြောင့်မို့​လို့သာ ခိုင်းသမျှလုပ်​ပေး​မှာနော်.....
💙 : အမ​လေး! မောင်မင်းကြီးသား​ရယ် ကျွန်မသိပါတယ်ရှင်....ကျွန်မ သိပါတယ်.....
🌶 : ဟားဟား! ဟုတ်ပြီ ဟုတ်ပြီ.... အာ့ဆိုရင် သား ခွင့်ယူဖြစ်,မယူဖြစ် မမကို ​နောက်ရက်အ​ကြောင်းပြန်​ပေးမယ်​​.....
💙 : အေး​အေး ငါ့​မောင်.....
"မ.... ဒီနှင်းဆီ​လေး​တွေက​ရော ဘယ်လို​ပုံကလေးစည်း​​ပေးရမလဲ??"
💙 : ဪ....အဲ့ နှင်းဆီ​တွေကို ဟို​အစည်းပုံစံ​လေးအတိုင်းပဲ စည်းလိုက်​လို့ရတယ်နော် ညီမ​လေး.....နှစ်စည်းမှာထားလို့....
"ဟုတ် မ...."
💙 : ကဲ ငါ့​မောင်​ရေ.... အမဖာသာဖုန်းလှမ်းဆက်ပြီးမှ အား​တောင်နာတယ်.....မြင်တဲ့တိုင်းပဲ အလုပ်ကများတယ်ကွာ.....
🌶 : ဟုတ်....ရတယ်မမရ...အခု မမ အလုပ်ရှုတ်​နေတာဆို​ရင် သား ​နောက်မှပဲပြန်ဆက်လိုက်​တော့မယ်​​​​​လေ.....​ကျန်းမာ​ရေးလည်း ဂရုစိုက်ဦး​​....
💙 : ​အေးပါ ​အေးပါ.....
🌶 : တာ့တာ.....
🌶🍦အစ်မဖြစ်သူကို နှုတ်ဆက်ပြီးတာနဲ့ Video Call ​​ခေါ်ထားတာကို အမြန်အဆုံးသတ်လိုက်ရပြီ......
မမ မမနဲ့ ​ပြော​နေရတာက​တော့ ကျွန်​တော့် အစ်မဖြစ်သူ Alice💙 ​ပေါ့ဗျာ.....Halloween ဆိုတာနဲ့ လူကို အစဥ်အလာမပျက် လှမ်းစတာပါ!!! ကျွန်​တော်တို့ ​မောင်နှမနှစ်​ယောက်ရဲ့ April Fool​နေ့က April 1ရက်​နေ့မဟုတ်ဘဲ ဒီ​​ ဟောလိုးဝင်းနေ့လို့​တောင် ​ပြောလို့ရတယ်.......​
အစ်မ​တော်က ကျွန်​တော့်ကို လှမ်းစတာက​နေ ကျွန်​တော်က အစ်မ​တော်ကို ပြန်ရင်ဖွင့်မိတဲ့အ​ခြေအနေကို ဘယ်လို​ရောက်ရှိသွားရသလဲဆိုရင်​တော့ ဒီလိုဗျာ့.....
ကျွန်​တော် ပွဲခင်းထဲက​နေ နား​နေခန်းဆီကိုပြန်​ရောက်တော့ အစ်မ​တော် Alice💙က "သူ Resort​ရောက်​နေလို့ လာ​တွေ့ဦး"ဆိုပြီး ဖုန်းလှမ်းဆက်တယ်......
အသံကလည်း အတည်​ပေါက်ပြော​နေတဲ့ ​​လေသံမျိုးဖြစ်​နေ​တော့ ကျွန်​တော်လည်း အစက တကယ်​ပဲ Resort ရောက်​နေတယ်ထင်ပြီး ပြာယာ​တွေခတ်သွားရတာ​ပေါ့​ဗျာ......
ငယ်ငယ်ကတည်းက...ကျွန်​တော်တို့က မောင်နှမနှစ်​ယောက်ထဲ ကြီးပြင်းလာရတာ​​ဖြစ်လို့ အစ်မက ကျွန်​တော့်ကိုဆိုရင် အ​စ်မတစ်​ယောက်လို​ရော အ​မေတစ်​ယောက်လိုအထိပါ အုပ်ထိန်းမှု​ကောင်း​ကောင်းနဲ့ ဂရုစိုက်​​ပေးလာခဲ့တာ​ဗျ......
အဲ့ဒီလို အစ်မက ကျွန်​တော့်ကို အမြဲအရိပ်တကြည့်ကြည့်နဲ့ ကြည့်ရှုထိန်း​ကျောင်းပေးလာခဲ့တဲ့သူ​ဆို​တော့ ​​ကျွန်​တော်တစ်ခုခုခံစား​နေရတာ​ရှိရင် သူကတန်း သိတယ်......
သူ့ကို ကျွန်​တော် ဖွင့်ပြောမပြဖြစ်ရင်​တောင် ကျွန်​တော့်မျက်နှာရိပ်မျက်နှာကဲကို အစ်မက တန်းပြီးဖတ်တတ်တယ်ဆိုပါ​တော့......
အဲ့ဒါ​​​​တွေကြောင့် သူ Resort​ကို ရောက်​နေတယ်ဆို​ရင် ကျွန်​တော် အခုနာကျင်​နေရတာ​တွေကို ချက်ချင်းကြီးသိ​မသွားစေချင်ဘူး​​​​​ပေါ့ဗျာ......
အဲ့ဒါနဲ့ ကျွန်​တော်လည်း အစ်မကို ဘယ်လိုမျက်နှာသွားပြရမလဲ? တွေးပူရင်း ပြာယာ​တွေခတ်​သွားရတာ..... ပြာယာ​တွေခတ်ရင်းနဲ့ လော​လောလတ်လတ်ခံစား​​နေရတဲ့ အသည်းကွဲ​ဝေဒနာကတောင် ​ပျောက်ချင်းမလှ​ပျောက်မလို ဖြစ်သွားရ​​တာဗျာ့.......
ရုတ်တရက် ကျွန်​တော်နဲ့ ဖုန်း​​​ပြော​နေရာက​နေ အစ်မက Selena Gomezရဲ့ "The heart wants what it wants" သီချင်း လိုက်ဆိုညီး​နေသံသဲ့သဲ့ကို ကြားလိုက်ရ​တော့ အစ်မ​တော် ကျွန်​တော့်ကို လာစ​နေမှန်း စရိပ်မိသွားရ​တော့တာပါပဲ......
အစ်မက အပြင်မှာဆိုရင် သီချင်းဆို​​လေ့ဆိုထမရှိတာကို ကျွန်​တော်အသိဆုံး​​လေ....
အဲ့​တော့ အခု သီချင်းလိုက်ညည်း​​နေပုံအရ သူ အိမ်မှာရှိရင်ရှိ.... မရှိရင် သူ့ပန်းဆိုင်မှာပဲရှိ​နေမှာလို့​တွေးရင်း Resortကို တကယ်​ရောက်မရောက် သိရ​အောင် Vc​ခေါ်မယ်ဆိုပြီး ကျွန်​တော့်ရုံးစားပွဲမှာထားထားတဲ့ Laptop​ကို တစ်ချက်ပြေးယူလိုက်ရင်း VC​ခေါ်​ချလိုက်တော့မှပဲ Bkkက​နေ အားပါးတရ လှမ်းစ​နေမှန်း သိရ​တော့တာ!!!
အသည်းကွဲ​နေတဲ့မုတောင် ရုတ်တရက်​ပျောက်သွားရတဲ့အထိ ကျွန်​​တော့် အစ်မ​​တော်က တကယ် အဲ့ဒီလို အစအ​​နောက်သန်လွန်းတာပါဗျာ......
တစ်ဖက်သတ်အချစ်ကို ကိုယ်စားပြုတဲ့ပန်း​တွေအ​ကြောင်း​ အစ်မကို လှမ်းမေးကြည့်​နေရာက​နေ ဝမ်းနည်းစိတ်ကြီးက ကျွန်​တော့်ရင်ထဲပြန်ဖြစ်လာတာ​ကြောင့် စိတ်တင်းထားတဲ့ကြားက​နေ ကျွန်​တော်ကငိုချလိုက်မိ​ရာ စ​နောက်တာကို အတည်ပြုဖို့ Vc​ခေါ်ထားရာက​နေ အစ်မ​တော်ကို ရင်ဖွင့်ခန်းဖြစ်သွားရ​တော့တာပါပဲ......
📲Ring~~ Ring~~
ရုတ်တရက် လက်ထဲက ဖုန်းမြည်သံလာကြောင့် တစ်ချက်ကြည့်လိုက်​တော့ နှစ်ချို့ဝိုင်ကြီး ဆက်​​တာဖြစ်​နေသည်.......
ဖုန်းလက်ခံလိုက်​​​တော့ ရိုးရိုးဖုန်း​ပြောတာ​တောင် Resortရဲ့ဂျာကြီးပီသစွာနဲ့ ​လေယူ​လေသိမ်းကအစ ညွှန်ကြားမှုအ​ရိပ်အ​ငွေ့က​တော့ အပြည့်ပါပဲ.....
"Game​ဆော့ရင်း မွန်းတည့်ချိန်​ရောက်​နေတာနဲ့ CFIBမှာ ခဏလာနားဖို့လို့ ဆရာတို့နဲ့အတူလာ​နေပြီ...... ဆိုင်နား​ရောက်​​တော့မှာ​ကြောင့် မင်း ခဏထွက်စောင့်​ပေးရင် ​စောင့်နေ​ပေးဦး"တဲ့​လေ......
​လော​လောဆယ်က​တော့ အသည်းကွဲ​ဖော်ကွဲဖက်ဖြစ်​နေတာ​ကြောင့် အရင်လို ရန်တအားတွေ့​မနေ​ချင်တော့တာနဲ့ "အခုပဲ ဆိုင်ဘက်မှာ သွားစောင့်​နေလိုက်မယ်​"လို့ ပြန်ပြောထားလိုက်ရသည်......
ရင်ထဲက နာကျင်မှု​ဝေဒနာတစ်ချို့ကို ​မေးခွန်း​တွေထုတ်​ရင်းနဲ့ပဲ ရေတစ်ခွက်​မော့​သောက်လိုက်ကာ နား​နေခန်းက​နေ ဆိုင်ဘက် ခဏသွားဖို့ပြင်လိုက်ရ​ပြီ.......
ဆိုင်ထဲကို​ရောက်တာနဲ့ ကမ္ဘာသစ်တစ်ခုထဲ ​​ခြေချလိုက်ရသလို လူကြီးလူငယ် ကျားမ,မ​ရွေး တူညီစွာ ပြုံးရွှင်​နေကြတဲ့ အပြုံး​တွေနဲ့အတူ Halloween သီချင်းသံသဲ့သဲ့နဲ့ က​လေးငယ်​က​လေးတွေရဲ့ ရယ်မြူးသံက​လေးတွေက ​လေဟာနယ်ထဲမှာ အစီအရီပျံ့လွင့်လို့......
မသိရင် ​ပျော်ရွှင်မှု​တွေ​ ရောင်းချ​​ပေးနေသလားလို့တောင် ထင်ရတာတကယ်ဗျ......
ဆိုင်ထဲက ဝန်ထမ်းက​လေး​တွေက​တော့ ကျွန်​တော့်ကိုမြင်​တာနဲ့ ကျရာတာဝန်​တွေကို ကိုယ်စီထမ်း​ဆောင်​နေရာက​နေ သူသူငါငါ ဦးညွှတ်ပြ​​ရင်းနှုတ်ဆက်​​​ကြတယ်......
အဲ့ဒါနဲ့ ​ကျွန်​တော်လည်း သူတို့ကို ခေါင်းခပ်ဆဆညိတ်ပြန်ပြရင်းနဲ့ အလိုက်သင့်ပြန်နှုတ်ဆက်​ပေးလိုက်ရ​တော့သည်.......
☕❤☕❤☕❤
🖤🍦ယုန်ဖြူလုံး​လေး ​ရေခဲမုန့်ဆိုင်ကို သွားတဲ့လမ်းတစ်​လျှောက် Wyaneအပါအဝင် Ella​ကောင်​နဲ့ Reoကြီးကပါ "မျက်လုံး​တွေ အပြည့်ထည့်ထားတဲ့ပုလင်းကြီးကို ဘယ်လိုရှာ​တွေ့လာ​တာလဲ?" ဇွတ်​ဝိုင်းမေး​နေကြတာနဲ့ စာလိပ်​တွေ့တာက​နေစပြီး ဆင့်ကဲဆင့်ကဲထပ်တွေးကြည့်ရင်း အဖြေရှာလို့ရခဲ့ပုံကို ပြန်ပြောပြ​တော့ ဒီ​လောက် ​ခေါင်းစားစရာ​​​ကောင်းတာတွေ​​ကိုတောင် အဖြေရ​အောင်ရှာနိုင်လို့ဆိုပြီး ၃​ယောက်သား သံပြိုင်ချီးကျူးရင်း မှတ်ချက်​ကိုယ်စီပေးကြ​​​သေးတယ်.......
လမ်းက နည်းနည်းကျဥ်း​နေတာ​ကြောင့် အ​ကောင်​ပေါက်​လေးနဲ့ Jameက​တော့ ကျွန်​တော်တို့​​နဲ့အတူတူ​ ဘေးချင်းယှဥ်မ​လျှောက်​​ကြတော့ဘဲ ကျွန်​တော်တို့ အရှေ့က​နေ ​တစ်​ယောက်ကိုတစ်​ယောက် အပြန်အလှန်စ​နောက်ရင်း ရေခဲမုန့်ဆိုင်ကို အားမာန်အပြည့်နဲ့ ချီတက်နေကြသည်......
Reoက​တော့ ကျွန်​တော့်ကိုချီးကျူးပြီးတာနဲ့ ဖုန်းတ​ပြော​ပြော,ပြော​နေတာ​ကြောင့် ဒီ​တစ်​​ခေါက်​ ကျွန်​တော်တို့ စကားဝိုင်းထဲ​မှာ​ ထပ်မပါဝင်​​​နိုင်​တော့​​......
🦇 : မင်းကမှ ​စာလိပ်နဲ့ ခေါင်းစားရတာ​လောက်တင်ကွာ.... ငါ​ကတော့ သရဲမလိုက်သတ်တာ ခံရ​​တော့မလို့.....ကံ​ကောင်းလို့ နှလုံးရပ်မ​သေတာပဲ....
🖤 : ဟမ်?? ဘာကြီး!! အဲ့ဒီထဲ သရဲမ​ရောရှိတာလား??
🦇 : ​အေး​လေ.... မင်း မ​တွေ့ခဲ့ဘူးလား????
🖤 : သရဲမ​တော့ မ​တွေ့ဘူး.... ဝတ်ရုံအမည်းကြီးနဲ့ သံစက်ရုပ်လို​ကောင်ကြီး​တ​ကောင်ကိုတော့ ​တွေ့ခဲ့တယ်......
🦇 : What!! သံစက်ရုပ်?? ဟုတ်လား?
🖤 : အမ်း....ကြည့်ရတာ အဲ့ထဲမှာ ထည့်သုံးထားတဲ့ အပြင်အဆင်​တွေက Motion sensor (လှုပ်ရှားမှု အာရုံခံစနစ်)နဲ့ လှမ်းထိန်းချုပ်ထားတာမျိုး ထင်တယ်ကွ.... ဟုတ်တယ်မလား? Ella...
🧵 : Absolutely buddy!(သိပ်ဟုတ်တာ​ပေါ့ ငါ့​ကောင်​ရေ!!) မဆိုးဘူး ငါ့သူငယ်ချင်းပိုပီသလာပြီ..... ဘယ်​နေရာ​တွေမှာဆိုရင် ဘယ်လိုစနစ်​တွေ​ သုံးထားတယ်ဆိုတာကို​​ နင်​​တောင် တော်​တော်သိလာပြီပဲ......
🖤 : အဟား! အဲ့ဒါ ပွဲစီစဥ်သူဖြစ်တဲ့ နင့်​ကျေးဇူး​တွေ​ကြောင့်​လေ.....
🧵 : ဟား ဟား!
🦇 : ဘာပဲ​ပြော​ပြော လွန်လွန်းပါ့ဗျာ.....မသိရင် တကယ်ဖြစ်​နေတဲ့ အတိုင်းကြီး​တွေဗျ!
🧵 : အဟား! ​တော်​သေးတယ်.....Reo ​တောင် လက်ပြတ်ကြီး​ပဲ​တွေ့ခဲ့လို့.....
🖤 : ဟုတ်လား? ငါတို့လည်း ​အဲ့ လက်ပြတ်ကြီး​တွေ့​ခဲ့သေးတယ်​နော့ Wyane......
🦇 : ​​အေး....တွေ့လိုက်တာနဲ့ သူ​ပြေးငါ​ပြေး​ပြေးရင်း လူစုစကွဲသွားတာရကိုလည်း ထည့်​ပြောဦး​လေကွာ.....
🧵 : ဟားဟား!! အမ​လေး ရယ်​နေရတာ ဗိုက်​တွေ​တောင်နာတယ် ဟယ်~~ နင်တို့​တွေ အာ့လို မဖြစ်ခဲ့မှာကို​တောင် ငါက​ကြိုတွေးပြီး စိတ်ပူလိုက်မိ​​သေး.......
ရယ်လိုက်...စကား​တွေပြော​လိုက်ကြနဲ့ သီးနှံခင်းတစ်ချို့ကိုဖြတ်​လျှောက်လာခဲ့ရင်း 5မိနစ်​လောက်အကြာမှာ​တော့ ယုန်​ပေါက်က​လေးရဲ့ ရေခဲမုန့်ဆိုင်​ကို လူစုံတပ်စုံနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် ​ရောက်ရှိလာခဲ့​ကြရတော့သည်......
ရေခဲမုန့်ဆိုင်က​လေး အနီးနားတစ်ဝိုက်က ​လေဟာနယ်ထဲမှာတော့ "Trick or Treat?" ​​လို့ ​အော်မေး​​နေကြသံ​တွေရယ်.... Halloween Theme Songတစ်ချို့ရယ်က မြူးကြွစွာနဲ့ အလျှိုလျှိုထွက်​ပေါ်​လို့.......
"မင်္ဂလာပါ~~~ CLASSIC FAMILY မှ ကြိုဆိုပါတယ်ရှင်/ခင်ဗျာ....."
ဆိုင်အပြင်အဆင်​တွေကို​​​တော့ က​လေးငယ်​တွေနဲ့ လူကြီးပိုင်း​တွေအတွက် မျက်စိတအားစူး​စေမယ့် အ​ရောင်အရင့်​ကြီးတွေကို အသုံးပြုမထားဘဲ များ​သောအားဖြင့် ဆင်စွယ်​ရောင် ၊ အဖြူ​ရောင်နဲ့ အ​​ရောင်နု​နုကလေး​တွေကိုပဲ သုံး​ထား​ပေးတယ်ဗျ.......
ဓါတ်ပုံရိုက်တာ ဝါသနာပါတဲ့သူ​တွေအတွက် အဆင်​ပြေ​အောင်လို့ ဆိုင်​ရဲ့ နေရာအနှံ့မှာလည်း ဟောလိုးဝင်းအပြင်အဆင်​​တွေပါဝင်တဲ့ အသုံးအ​ဆောင်​တစ်ချို့ကို လှတပတနဲ့ ခင်းကျင်းပြင်ဆင်​​ပေးထား​​သေးသည်......
​နောက်....​ကြောင်ချစ်သူ​(Cat person)​တွေ အတွက်လည်း ဓါတ်ပုံရိုက်လို့​ကောင်းတဲ့ ​နေရာတစ်​​နေရာရှိ​အောင် ဖန်တီး​ပေးထား​သေးတယ်......
​ဟောလိုးဝင်း အပြင်အဆင်​တွေဝတ်ဆင်ထားတဲ့ကြောင်အရုပ်​​ကလေး​တွေကို အပင်ရဲ့အကိုင်း​ခြောက်က​​လေး​တွေတိုင်းမှာ ​ချိတ်ဆွဲ​ပေးထားရင်း အလှဆင်​​ထား​ပေးတာကို ဆိုင်မျက်နှာစာနားမှာ ​ကျွန်​တော် တွေ့ခဲ့ရ​သေးတယ်ဗျ.......
တအား ထိတ်လန့်စရာမြင်ကွင်း​တွေ မပါ​ပေမယ့်ဟောလိုးဝင်း အ​ငွေ့အသက်လည်း ပျောက်​​​မသွားအောင်လို့ အတတ်နိုင်ဆုံး သေချာ​စဥ်းစားပြီး​တော့ စီစဥ်​ပေးထားကြတယ်ဆိုတာကို ကျွန်​တော် အခု​ ခဏ​လေးရပ်ကြည့်လိုက်တာနဲ့တင် ခံစားကြည့်လို့ရ​ပါတယ်......
လူကြီး လူငယ် က​လေး အသက်အရွယ်စုံမ​ရွေး လူ​တော်​တော်များများရဲ့စိတ်ကို ဖမ်းစားနိုင်​အောင်လို့ အ​​ကောင်​ပေါက်​လေးတို့ ဆရာတပည့်​တွေ အတတ်နိုင်ဆုံး သေချာ​စဥ်းစားပြီး​တော့လုပ်​ပေးထားကြတာကိုပဲ ကျွန်​တော့်မှာ ​တော်​တော်​လေးကိုသ​ဘောကျ​နေမိသည်.......
​နောက်....စားပွဲဝိုင်းတစ်ဝိုင်းချင်းစီရဲ့ ​ဘေးဘက်ကနံရံ​ပေါ်မှာလည်း ရေခဲမုန့်နဲ့ပတ်သတ်တဲ့ စာစု​လေး​တွေကို LED နီယွန်မီးအလင်းတန်း​လေးတွေနဲ့ ပုံ​ဖော်ပြီး ချိတ်ဆွဲထားတာကို ​တွေ့ရ​သေးတယ်ဗျ......
"Ice_cream makes you happy."
(​ရေခဲမုန့်​ကပဲ မင်းရဲ့စိတ်​ကို​ ပျော်​ရွှင်​လာအောင်လို့ လုပ်​ပေးနိုင်တာ....)
ဆိုတဲ့ စာစုက​လေးက​တော့ ဆိုင်စဖွင့်ကတည်းက ကျွန်​တော်​တွေ့ဖူး​နေကြဆို​ပေမယ့် ဘယ်အချိန်ကြည့်ကြည့် "ဒီဆိုင်က​လေးကို ကျွန်​တော့်အ​ကောင်​ပေါက်က​လေး သူကိုယ်တိုင် စ,စီစဥ်ပြီး ဦးစီးခဲ့တာ"လို့ ​​ပြန်ပြန်တွေးကြည့်လိုက်မိရင် ရင်ထဲမှာကြည်နူးလာရတဲ့ ခံစားမှုကြီးက ​​ပြောမပြတတ်​အောင်ပါပဲ......
"Ice_cream solves everythings."
(​အခက်အခဲပြသနာ​တွေနဲ့ စိတ်ရှုတ်စရာခံစားချက်​တွေကို ခဏ​ဖြစ်​စေပြေ​လျော့​သွားအောင်လို့ ​ရေခဲမုန့်​လေးက ဖြေရှင်းပေးနိုင်ပါတယ်....)
ဆိုတဲ့ စာစုက​လေးနဲ့အတူ.....
"Sweet Vibes Only"
(ချိုမြိန်​စေတဲ့ ခံစားချက်များသာ)
ဆိုတဲ့ စာစုက​လေး​နဲ့.....
"Count the memories. Not the calories."
(ကယ်လိုရီတက်​နေမလား စိတ်ပူမ​နေပါနဲ့....​ပျော်ရွှင်ရမယ့် အမှတ်တရ​တွေကိုပဲ ​ရေတွက်ကြည့်လိုက်ပါ.....)
ဆိုတဲ့ စာစုက​​လေးတွေက​တော့ သူ့ပုံစံနဲ့သူ စိတ်လက်​ပေါ့ပါး​စေတဲ့ခံစားမှု​လေးကို အ​ကောင်းဆုံးပေးစွမ်း​​နေကြသလို......
​နောက်ဆုံး​တွေ့ရတဲ့ စာစုက​လေး​က​​တော့....
"Life is like an ice_cream. Enjoy it. Before it melts."
ဆိုတဲ့ စာစုက​လေးပင်..... အဲ့ဒီ စာစု​ကလေးကို​တော့ ကျွန်​တော့်မှာ တော်​​တော်​လေးကို သ​ဘောကျမိသွားတာဗျ......
ဘဝက ​ရေခဲမုန့်လိုပါပဲ......​​ရေခဲမုန့်ဆိုတာ အရည်မ​ပျော်ခင် ​စားသုံးမှသာ ​ပျော်ရွှင်မှုကို ခံစားရမှာဖြစ်သလို ဘဝကလည်း ဝမ်းနည်းစရာ​တွေ ​ရောက်မလာ​သေးခင် အချိန်ခဏ​လေးမှာ​​တောင် ပျော်ရွှင်အောင်​လို့ နေတတ်မှသာလျှင် ရှင်သန်ရတဲ့တစ်ခဏက တန်မှာမဟုတ်လား????
စာစု​ကလေး​တွေကို ဖတ်ကြည့်ရင်း ဘဝနဲ့ပတ်သတ်ပြီး ​နေတတ်ထိုင်တတ်ဖို့ အ​ကောင်​ပေါက်​လေး ကျွန်​တော့်ကို အမြဲ​ပြော​ပြလေ့ရှိတာ​လေး​တွေကို​တောင် ပြန်အမှတ်ရမိ​သွားလိုက်ရ​သေးသည်......
ယုန်ဖြူလုံး​​လေးရဲ့ CFIB Teamsတစ်ခုလုံးကလည်း ဆိုင်အတွက် ​သေချာကြိုးစားအားထုတ်ထား​ပေးမှု​တွေကို မျက်မြင်​တွေ့လိုက်ရ​တော့ ​ကျွန်​တော့်မှာ စိတ်ကျေနပ်ရတယ်ဆိုတာထက်ပိုပါတယ်.....
​နောက်.....ဒီ ဆိုင်​လေးရဲ့ ဆိုင်ပိုင်ရှင် သူ​ဌေး​ပေါက်စ​လေးကိုယ်တိုင်ကိုကလည်း လူသားအားလုံး လိုအပ်​နေတဲ့ စိတ်ခွန်အားတစ်ချို့နဲ့ စိတ်လုံခြုံမှုဆိုတဲ့ခံစားချက်​တွေကို စကားလုံးနည်းနည်းနဲ့လည်း ရရှိ​အောင်လို့ အမြဲတမ်း စွမ်း​ဆောင်​ပေးနိုင်တဲ့လူသားလေးဖြစ်​နေ​တော့ ပိုပြီးကြည်နူးရတာ​ပေါ့ဗျာ......
ဆု​တောင်းပြည့်ဖန်လုံးလေး​တွေ သွားလှူတုန်းကအကောင်​ပေါက်ကလေး ​ပြောခဲ့ဖူးတဲ့ "နေ့သစ်တိုင်းမှာ နာကျင်စရာ​တွေကို ​မေ့​လောက်တဲ့အထိ ​ပျော်ကြည့်ကြ​ရ​အောင်​"ဆိုတဲ့ စကား​​လေးကိုပါ ပြန်ကြား​ယောင်လာ​တော့ ကျွန်​တော့်မှာ အလိုလို​နေရင်း ပြုံး​ယောင်သမ်းသွားရ​​သေးသည်.....
ကျွန်​တော့်ရဲ့ သက်ရှိပါဝါဘန့်က​လေးကို ချစ်လိုက်ရတာဗျာ~~~
❤ : ကဲ!ကဲ! စားချင်တာမှာကြ!! ငါ ရှင်းမယ်!!
"​Yay!!!!"
"ကြိုက်တာမှာစား သူ​ကျွေးမယ်​"လို့ပြောရင်း တပြုံးပြုံး​ပြုံးနေတဲ့ ကျွန်​တော့် အသည်းအသက်​ကလေးကို ​ငေးကြည့်ရင်း ကျွန်​တော့်အသည်း​တွေယားလိုက်ရတာဆိုတာ ​ပြောမ​နေပါနဲ့......
🌶 : P'တို့က ကျွန်​တော်နဲ့အတူ ဒီဘက်​​လေးကို လိုက်ခဲ့ပေးပါဗျ.....
🧵 : ဪ...Alex...ဘယ်လိုလဲ ​ခေါင်းကိုက်တာသက်သာလား???
🌶 : ဟုတ် P'...ခဏနား​လိုက်​တော့ သက်သာပါတယ်.....​.
ဒီနားတဝှိုက်က​တော့ ​ရေခဲမုန့်​ကြော်​ အရသာရွေးပြီး မှာယူဖို့​လို့နေရာ​တွေဗျ.....
Detox waterနဲ့ပတ်သတ်တဲ့ သစ်သီး​ဖျော်ရည်​တွေကို သုံး​​ဆောင်ချင်ရင်​တော့ ဒီဘက်အပိုင်းမှာ မှာယူလို့ရပါတယ်......
ဟိုအလယ်နား​​လေးက​​ ကောင်တာ​တွေကတော့ ကိုယ်တိုင်​ရေခဲမုန့်​ကြော်လုပ်ပြီး စားချင်တဲ့သူ​တွေအတွက် ကိုယ်တိုင်လုပ်လို့ရ​အောင် စီစဥ်​​ပေးထားတဲ့​နေရာ​လေး​တွေပါ.....
🧵 : အာ.... မိုက်သားပဲ....
🌶 : ဟုတ်.... ဟို ဆိုင်အထွက်နား​လောက်က ကောင်တာ​​လေးတွေကတော့ Halloween ကာလအတွက် သီးသန့်ရောင်း​ချပေးတဲ့​ ​Halloween Themeရေခဲ​ချောင်းကောင်တာ​တွေပါ.....
P'တို့ ကြိုက်နှစ်သက်တာကို အရင် ရွေးချယ်မှာယူပြီး​တော့ သုံး​ဆောင်ကြည့်လို့ ရပါတယ်ခင်ဗျာ့....
🦇 : ဪ...ဟုတ်ပြီ ဟုတ်ပြီ....စုံစိ​နေတာပဲကွာ.....
❤ : အဟား! ဘယ်လိုလဲ ​ယှောင့်! ငါ့ကို အားကျ​နေပြီမလား?
🦇 : ​အေး​ပေါ့ဟ! ခဏ​လေးအတွင်းကို မင်း အခု​လောက်ထိလုပ်နိုင်တာ ​လေးစားတယ် ​​ငါ့​ကောင်​ရေ......
❤ : ငါ့ကြိုးစားမှု​တွေ​ကြောင့်တင် မဟုတ်ပါဘူးကွာ....ကိုကို့ရဲ့ ပံ့ပိုး​ပေးမှု​တွေ​​ကြောင့်လည်း ပါပါတယ်......
အ​ကောင်​ပေါက်​လေးရဲ့ အ​ဖြေကိုကြားလိုက်ရ​တော့ ကျွန်​တော့်ဗိုက်ထဲမှာ လိပ်ပြာ​တွေ ထပျံသန်းသွားရသလို......
🦇 : သိပါတယ် ​မောင်မင်းကြီးသားရယ်.....​လာ Jam~ သူကြူးပြ​နေတာကို ကို မခံစားနိုင်​တော့ဘူး.... ရေခဲမုန့်ပဲ သွားစား​ရ​အောင်.....
🕸 : ဟား ဟား.... ချစ်​နေကြတာပဲ ချစ်ပါ​စေဗျာ! ဘာ​တွေ မနာလို​နေတာလဲ???
🦇 : မနာလိုတာမဟုတ်ပါဘူးကွာ..... ချစ်ကြည်နူးတာ​တွေကို မခံစားနိုင်လွန်းလို့......
🕸 : အဟား! ကို့!! အာ့ဆိုရင် ဟို Bat wings raspberry ​sundae(လင်းနို့​တောင်ပံ ရက်စ်ဘယ်ရီ အသီးစုံရေခဲမုန့်) စားရ​အောင်​လေ.....
🦇 : အာ့ဆို ကိုလည်း Jam~နဲ့တူ​အောင်လို့ အဲ့ဒီ Disneyland ပုံစံထဲက Spider Silk Ice_cream Sandwish (ပင့်ကူမျှင် ဆန်းဝစ်ချ်ရေခဲမုန့် ) ပဲ ​ရွေးလိုက်​တော့မယ်.......
❤ : ဟင်း! သူတို့ကျ မကြူးတာကြလို့! ​လဒတွေ!
နှာ​ခေါင်း​လေးတစ်ချက်ရှုံ့ရင်း သူ့သူငယ်ချင်းနှစ်​ယောက်ကို လှမ်းရန်​တွေ့​နေတာများ ဖျစ်ညှစ်ပစ်ချင်စရာကြီးဗျာ......
🧵 : ငါ​ကတော့ Halloweenအတွက် သီးသန့်​ရောင်း​ပေးတာဆိုတဲ့ ရေခဲ​ချောင်းအရင် တစ်ချက်သွားစပ်စုဦးမယ်....Reo လာ.....
​ပြော​ပြောဆွဲဆွဲ နှစ်ချို့ဝိုင်ကြီးကို Ella က ဆွဲ​​ခေါ်သွားတာ​ကြောင့် Reo ခမျာ ဘာမှပြန်မ​ပြောနိုင်​သေးခင်အချိန်မှာတင် Ella​ခေါ်တဲ့​​နောက်ကို လိမ်ဖယ်လိမ်ဖယ်နဲ့ ပါသွား​ရရှာတော့သည်.......
🌶 : ဆရာ့~ ခါတိုင်းလို စ​တော်ဘယ်ရီ ​ရေခဲမုန့်​​ကြော်ပဲမလား?
❤ : ဟင်? ​​အေး....
🌶 : ဟုတ်....အာ့ဆိုရင် ကျွန်​တော် အခုသွားမှာ​ထားပေးလိုက်ပါ့မယ်​ဗျ....
❤ : ဟို...Alex...ရတယ်....မမှာနဲ့​တော့ ငါ ဒီတစ်ခါ ကိုယ်တိုင်သွားလုပ်ကြည့်ချင်လို့.....
🌶 : ဪ....ဟုတ် ဆရာ.....အာ့ဆိုရင် ကျွန်​တော် Halloween ​ရေခဲ​ချောင်း​​ဖြစ်ဖြစ် သွားမှာ​ထား​​ပေးရဦးမလားဗျ?? လူ​စောင့်​နေရမှာစိုးလို့.....
❤ : ဪ အေး.....အာ့ဆိုလည်း Halloween Themeထဲကပဲ တစ်​ချောင်းကြည့်ပြီး​တော့ ဝယ်ခဲ့​​လိုက်​​လေ....ရတယ်......
🌶 : ဟုတ်....
ဟိုပုံစံစားမယ် ဒီပုံစံစားမယ်နဲ့​ ရွေးချယ်ကြရင်း ကိုယ်စီကိုယ်စီ မုန့်​ဝယ်ဖို့လို့အလျှိုလျှိုထွက်သွား​ကြတော့ ကျွန်​တော့်မှာ ဆိုင်ထဲ တစ်​ယောက်ထဲ ​ယောင်လည်လည်ကြီး ကျန်​နေခဲ့ရပြီ......
ကိုယ့်ဇတ်ပိုးကိုယ် လက်နဲ့တစ်ချက်အသာပွတ်လိုက်ရင်း ဟိုကြည့်ဒီကြည့်,ကြည့်ရင်း ဒီနှစ် CFIBရဲ့ Halloween Special Ice cream Menu ဖြစ်သည့် " Magical Spell Ice_ream"(​မှော်ဝင်​​ရေခဲမုန့်)ကိုသာ သွားဝယ်စားကြည့်ဖို့လို့ ပြင်လိုက်​ရ​တော့သည်......
အရသာက​တော့ ကြိုက်တဲ့ အရသာကို ရွေးချယ်လို့ရတယ်ဆိုတာနဲ့ စား​နေကျဖြစ်တဲ့ ​ချောကလက်အရသာကိုသာ ​ရွေးလိုက်သည်......
​ရေခဲမုန့်​လေးကို ပြင်​ဆင်ပေးထားတဲ့ ပုံစံ​လေးကလည်း ​​မှော်​လောကနဲ့ပတ်သတ်တဲ့(စုန်းမဦးထုပ် ၊ ​ကြောင်နက် ၊ ​ရွှေဖရုံသီး​) Topping ​လေး​တွေကိုပဲ ထည့်သုံး​ထား​ပေးပြီး ​​​ရေခဲမုန့်ခွက်ဖြစ်တဲ့ ဝေဖာခွက်​​လေးကိုလည်း စွပ်ပြုတ်အိုးပုံစံ​ကလေးပြုလုပ်​ပေးထားတာဖြစ်လို့ ဟောလိုးဝင်းအ​ငွေ့အသက်ကလည်း တော်​​​တော်​လေးကို ပေါ်လွင်​နေသည်......
ပြင်ဆင်တာ​တွေပြီးပြီဆိုမှ ​ရေခဲမုန့်ထည့်တဲ့ ​ဖော့ခွက်​လေးထဲ ပြန်ထည့်​​ပေးပြီး ကျွန်​တော့်လက်ထဲ ကမ်း​ပေးရင်း ကျသင့်​​​ငွေ​ပြောတာနဲ့ ကျသင့်​ငွေအတိုင်း ရှင်း​ပေးခဲ့လိုက်ရပြီ.....
စားချင်လို့ဝယ်လာပြီးကာမှ ​ရေခဲမုန့်က ချစ်စရာ​​ကောင်း​နေတာနဲ့ စားပစ်လိုက်ဖို့လို့ အ​တော်ကို ခဲယဥ်း​​နေ​တာ​ကြောင့် ခဏထိုင်ပြီး​တော့ပဲ ကြည့်​နေမိသည်.......
အ​ကောင်​ပေါက်​လေးကို ဆိုင်ထဲ​တစ်ချက်ခေါင်း​​ဝေ့ရမ်းပြီးရှာကြည့်လိုက်​တော့ ​ကျွန်​တော်ထိုင်​နေတဲ့နေရာနဲ့ မျက်​စောင်းထိုးအ​နေအထား​လောက်ဖြစ်သည့် "ဝယ်သူကိုယ်တိုင် ​ရေခဲမုန့်ကို စိတ်ကြိုက်ပြုလုပ်လို့ရတဲ့နေရာ"က​လေးမှာ လှမ်း​တွေ့​လိုက်ရပြီ.......
သူ့ဖာသာ ​ရေခဲမုန့်​ကြော်လုပ်မယ်ဆိုပြီး သွားလုပ်နေတာ ဖြစ်​ရောဖြစ်ရဲ့မလား မသိ......​
ဆိုင်က​တော့ သူ့ဆိုင်ပါပဲ.....သွားလုပ်ပြီး သူ့စိတ်တိုင်းကျဖြစ်မလာမှာကို ကြိုပူ​နေရတာက​တော့ ကျွန်​တော်​ပေါ့.....
ဘေးနားမှာ​တော့ ဆိုင်ကကျွမ်းကျင် ဝန်ထမ်းတစ်​ယောက်ထား​ပေးထားလို့ နည်းနည်း​တော့ စိတ်​အေးလိုက်ရသည်.......
အ​ကောင်​ပေါက်​လေးဆီ သွားချင်​ပေမယ့် ဆိုင်က ​နေ့လည်ဘက်​ဆို​တော့ လူနည်းနည်းကျ​ချင်​နေပြီး ကျွန်​တော်ကလည်း Ella နဲ့ Wyane တို့အတွက် စားပွဲ​နေရာဦးထား​ပေး​​ရတာ​ကြောင့် ထိုင်ရာက​နေ မထရဲ.....
Wyane ဖြစ်ဖြစ် ၊ Ellaဖြစ်ဖြစ် တစ်​​ယောက်​လောက်ရောက်လာရင်​​​​တော့ ကောင်းမယ်လို့ ​တွေး​နေတုန်း ​အ​ကောင်​​ပေါက်​လေးရဲ့ တပည့် Alexနဲ့အတူ Ellaတို့ ပြန်​ရောက်လာကြသည်......
🧵 : ဟ! နင်က ဟို Magical spell Ice_cream ဆိုတဲ့ ​ရေခဲမုန့်မှာလိုက်တာ​ပေါ့.....
🖤 : ​​အေး....Halloween Special Menuဆိုလို့....
🧵 : ​အေး​နော် ပြင်​ပေးထားတာက​တော့ အမိုက်စားပဲဟဲ့.....
🖤 : ​စျေးကလည်း မိုက်​နေတာပဲကို......
🌶 : ဆရာ....CEO Saint မ​ရောက်​သေးဘူးလားဗျ.....
🖤 : ​အေး.....မလာ​သေးဘူးကွ.....သူတို့လည်း​ရောက်လာပြီဆို​တော့ ငါနဲ့အတူ မင်းဆရာကို တစ်ချက်သွားကြည့်ရ​အောင်.....လာ.....
🧵 : ဟဲ့! နင် သွားလက်စနဲ့ ငါ့အတွက် Dark Chocolateနဲ့ တစ်ပွဲ​လောက် ဆွဲခဲ့​ပေးဦး.....​ကော်ဖီဆိုင်တုန်းကလို DC Themeလေး ရရင်လုပ်ခိုင်းခဲ့​ပေးနော်....
🖤 : ​အေး..... နင့် WonderWoman logoက မ​သေချာ​လောက်ဘူးဟ! Batman logoရရင် လုပ်ခိုင်း​ပေးခဲ့မယ်.....
🧵 : ​အေး​အေး....လင်းနို့​အတောင်ပံ​က​​လေးသာ လုပ်ခဲ့လိုက်.....ရတယ်.....
🖤 : ​အေး​အေး....
🍷 : ဆရာ့!!!! ကျွန်​တော့်လည်း ရေခဲမုန့်​ကြော် တစ်ပွဲ!!!
🖤 : ဒီ​ဖေ!~ ဆိုင်ထဲကို အသံဆိုးကြီးနဲ့ လွတ်​အော်မ​နေနဲ့! တခြားလူ​တွေကို အားနာဦးဟ! ​မင်းက​ရော ချောကလက်ပဲလား?? ဘာအရသာနဲ့ စားမှာတုန်း?
🍷 : ဟဲဟဲ! ဟုတ်.....နို့​ ချောကလက်​ကလေး~~ နေပါ​စေ​တော့ဗျာ ကျွန်​တော်ပါ လိုက်ခဲ့လိုက်မယ်..... နည်းနည်း​လောက် လိုက်စပ်စုချင်လို့..... Ms.Ella​ တစ်​ယောက်ထဲ နေရဲတယ်မလား?
🧵 : အမ​လေး ​နေရဲပါ့!! ကျောင်းတုန်းက ကရာတေးမှာ ခါးပတ်နက်ရထားတဲ့ ငါ့ကို ဘယ်သူမှမဆွဲရဲဘူး......စိတ်ချပြီးသာကြွ!
Ella​ပြောလိုက်​တော့မှပဲ ကျွန်​တော်တို့ သုံး​ယောက်သားလည်း သ​ဘောတကျရယ်ရင်းနဲ့ အ​ကောင်​ပေါက်​လေးဆီကို ထွက်ခဲ့လိုက်ကြတော့သည်.......
"ညီ့ ရရဲ့လား? အစ်ကို ကူ​ပေးရဦးမလား??"
❤ : ဟုတ် ရတယ်.....
❤🍦ပြင်ဆင်လာတဲ့ မိတ်ကပ်အပြင်ဆင်​ကြောင့်လားမသိ..... ကျွန်​တော့်ကို ဒီဆိုင်က CEOမှန်း တန်း မမှတ်မိ​နေကြပဲ ညီ​လေး ညီ​လေးဆိုပြီး လာခေါ်​နေကြ​တာကို ကျွန်​တော့်မှာ တအားရယ်ချင်နေသည်......
ရယ်ချင်စိတ်မနည်း​ဖျောက်ရင်း ​ရေခဲမုန့်ကို သေချာပြန်လိပ်နေတော့မှ Alexက​ရောက်ချလာ​​တော့ ဝန်ထမ်း​ အစ်ကိုအဖြစ်က ရယ်ရအခက် ငိုရအခက်​တွေ ဖြစ်ကုန်ရ​ပြီပေါ့ဗျာ......
🌶 : ဆရာ့~ အဆင်​ပြေရဲ့လား?? ဒီမှာ ဆရာမှာထားတဲ့ ​Halloween Theme နဲ့ရေခဲ​ချောင်း.....
"ဟမ်?? ဂျာကြီး.... ဆရာဆို​တော့ သူက ကျွန်​​တော်တို့..... ဟမ်? သူ​ဌေးလား? အဲ​လေ ဒီ CFIBက CEO Saintလားလို့ ​မေးတာ???"
🌶 : ဟုတ်တယ်​​လေ.... ငါတို့ Boss....CEO Saint....
"ဟာ ဆရာ! ​စိတ်မရှိပါနဲ့....ကျွန်တော် တောင်းပန်ပါတယ်.... ​တောင်းပန်ပါတယ်ခင်ဗျ.... ဆရာမှန်းမသိလိုက်လို့ တရင်းတနှီးကြီး ညီလို့ ခေါ်​လိုက်မိတာ..... ရုတ်တရက်ဆို​တော့ ကျွန်​တော် တကယ် ဆရာမှန်း မသိလိုက်လို့ပါဗျ...."
❤ : ရပါတယ်ကွာ....စိတ်ထဲမထားပါနဲ့....ဒီ​နေ့ ငါက ဒီ ဆိုင်ရဲ့ သူ​ဌေးအ​နေနဲ့ လာတာမဟုတ်ဘူး​လေ....
ဒီ ဆိုင်ရဲ့ စားသုံးသူတစ်​ယောက်အ​နေနဲ့ လာတာမို့လို့ ​စားသုံးသူ​တွေအ​ပေါ် ဆက်ဆံ​ပြောဆိုတဲ့အတိုင်းဆက်ဆံလိုက်မိတာက သဘာဝကျပါတယ်.....
ခု​တော့.... ​​တောင်းပန်တာ​လေး ​နောက်ထားရင်း ဒါ​လေးအရင် တစ်ချက်​လောက်ပြန်လုပ်​ပေးပါဦး.....လုပ်ရင်းနဲ့ ​ရေခဲမုန့်အလိပ်က အလိပ်အတိုင်း မရ​တော့လို့ ဟီး~
"အာ...ဟုတ်ကဲ့ဆရာ....ကျွန်​တော် အခုပဲ အသစ်ပြန်လုပ်​ပေးလိုက်ပါ့မယ်ဗျ...."
🖤🍦​ရေခဲမုန့်လိပ်တာ လိပ်မရ​တော့လို့ဆိုပြီး သူ့လည်ပင်းက​​လေးကိုသူ လက်​လေးတစ်ဖက်နဲ့ အသာပွတ်ရင်း​​ပြော​နေတဲ့ အ​ကောင်​ပေါက်​လေးရဲ့ ချစ်စဖွယ်​ကောင်းမှုအဖြာဖြာကိုပဲ စိတ်လိုလက်ရ ​ငေးကြည့်​နေလိုက်မိသည်.......
🍷 : ဆရာ....ဆရာ​ရေ....​​ဆရာ့!!!
🖤 : ဒီ​ ဖေ! အဟင်း....​သေမလို့နားနားလာကပ်​အော်​နေတာလားဟ!
🍷 : ဪ.... ဆရာက ကျွန်​တော် တစ်ခါ​ခေါ်ရင် တစ်ခါ ဘယ်တုန်းကများတန်းကြားလို့လဲ???
လူကိုအသံ​ကောင်းလာဟစ်​ပြနေတဲ့ သ​ကောင့်သားကို စိတ်ရှိလက်ရှိသာဆိုရင် နားရင်းကို သက်​စေ့အုပ်ပစ်လိုက်တယ်.......
ဒင်းကို ရှယ်ပက်​​ကေ့ပလန်နဲ့ ပညာ​ပေးချင်​နေတဲ့ဆန္ဒကို သိက္ခါနဲ့ပြန်ထိန်းလိုက်ရင်း ပညာရှိ အမြတ်အပြင်မထွက်ဆိုတဲ့နည်းနဲ့ပဲ တုံ့ပြန်ဖို့ ပြင်လိုက်ရ​တော့သည်.......
🖤 : ကဲပါထား​တော့! ဘာ​ပြောမလို့လဲ​? ပြော.....
🍷 : ​ဆရာ့ကို ရေခဲမုန့်မှာခိုင်းမလို့​လေ......
🖤 : ဒီ! ငါ့ကိုဆွ​နေ....မင်းပဲ ကိုယ့်ဖာသာမှာမယ်ဆိုပြီး​တော့ လိုက်လာတာ​လေ....မှာပါ့လားကွ....
🍷 : ဪ ဆရာရယ်.....​ရေခဲမုန့်က ဘာအရသာ​တွေရလဲဆိုတာ ကျွန်​တော်မှ မသိဘဲကို.....
❤ : ဒီမှာ P'.... ​အရသာ​ရွေးဖို့......
ကျွန်​တော်တို့ ဆရာတပည့်စကားများ​တော့မယ်ဆိုတာကို သိ​နေတဲ့ အ​ကောင်​​ပေါက်​လေးက ရေခဲမုန့်​အပေါ်မှာတင်ဖို့လို့ စိပ်ထားတဲ့ စ​တော်ဘယ်ရီအသီး​လေးတစ်စိပ်ကိုလှမ်းယူစား​ရင်းနဲ့ ကျွန်​တော်ဘေးနားမှာ ရပ်နေတဲ့ နှစ်ချို့ဝိုင်ကြီးကို အရသာရွေးဖို့ဆိုပြီး Menuစာရွက်ကမ်း​ပေးသည်......
🖤 : ကဲ​ အာ့မယ်! မင်း စိတ်ကြိုက်သာရွေး!
🍷 : ဆရာ့အချစ်​လေး ဒကာခံမယ်​လို့ပြောထား​​နော့် ဆရာ......
စိတ်ကြိုက်​ရွေးလို့ ရွဲ့​ပြော​တော့ ဒင်းက နားရွက်ကပ်လာပြီး ရှယ်မျို​စို့တော့မယ့်အသံနဲ့ လာ​ပြော​​သေး!!!!
🖤 : ဒီ!!!
🍷 : အဟား....စတာ စတာ.....1ခွက်ပဲစားမှာ.....
ငါ့ညီ​ရေ....အစ်ကို့ကို ချောကလက်ကိုမှ နို့နဲ့ တစ်ပွဲ​ပေးလိုက်​နော်.....Toppingက​တော့ အဆင်​​ပြေတာသာ ထည့်​ပေးလိုက်ရတယ်....
"ဟုတ်ကဲ့ဗျ...."
🖤 : ပြင်​​ပေးလက်စနဲ့ အစ်ကို့ကိုလည်း Dark chocolateနဲ့ တစ်ပွဲပြင်ပေး​လို့ရမလား? ငါ့ညီ....
"ဟုတ်ရပါတယ်ဗျ....ဆရာ့ အသိ​မိတ်​​ဆွေတွေနဲ့တူတယ်...."
ဝန်ထမ်းက​လေးက ကျွန်​တော်နဲ့ ဝိုင်ကြီးကိုပါ မမှတ်မိ​နေတာကို အ​ကောင်​ပေါက်​လေးက​​တော့ တစ်ချက်သ​ဘောကျ​ပြီး ​ထောက်ခံပြလိုက်သေး......
❤ : အဟား...ဟုတ်တယ်....
"အာ့ဆိုရင် အစ်ကို့Dark Chocolate က Toppingကိုရော ဘယ်လိုမျိုး​လေးပြင်​​ပေးလိုက်ရမလဲဗျ....."
🖤 : အင်း....အဆင်​ပြေမယ်ဆိုရင် ကွတ်ကီးနဲ့ Bat wing(လင်းနို့အ​တောင်ပံ)လို လုပ်​ပေးလိုက်လို့ရမလား? ငါ့ညီ....
"ဟုတ် ရတယ်ဗျ.... ဒီလို​ပုံစံ​မျိုးလေး ပြင်ပေးလိုက်မယ်​နော် အစ်ကို....."
Menuစာရွက်ထဲက ပုံတစ်ပုံကို ညွှန်ပြရင်း​နဲ့ပြောလာ​တော့ ကျွန်​တော်လည်း သူညွှန်ပြတဲ့ပုံကို တစ်ချက်ကြည့်ရင်း ​ခေါင်းညိတ်ပြလိုက်ရပြီ.......
" ဆရာ ရပြီဗျ....."
❤ : ဝါး~ သပ်ရပ်​နေတာပဲ....Thank you~~
သူ့​ ရေခဲမုန့်ခွက်က​လေးကို ယူရင်း ကျွန်​တော့်နားရွက်နားကပ်ပြီး "မှာပြီးပြီလား​?"လို့ လာမေး​​နေတော့ ကျွန်​တော့်မှာ ရုတ်တရက်​​ကြောင်သွားရသည်.....
ဒီ​ကောင်က​လေး ကျွန်​တော့်ကို စိတ်​ကောက်​နေတာဆိုပြီး ကျွန်​တော့်ကို စကားစလာပြော​နေတာ​​တဲ့လား???
🖤 : ဟင်?
❤ : ​မုန့်​မှာပြီးပြီလားလို့? ခုမှာထားတာက P'Ella အတွက်မလား? ကျွန်​တော့် စိတ်ထဲအာ့လိုထင်​​နေမိလို့​ ​မေးကြည့်တာ.....
🖤 : ဟို....​ ကိုတို့က သူ့ကို ထိုင်ခုံ​နေရာဦးခိုင်းထားလို့.... သူက ကိုတို့နဲ့ မုန့်ပြန်မှာလိုက်တာ....
❤ : ဪ...အင်း....
🖤 : ကိုက Halloween Special Menu ဆိုတာ​လေး ဝယ်ထားတာ.....
❤ : ဪ~ ဟုတ်လား?? စားပြီးရင် Feedback​ပေးဦး​နော်....
🖤 : အင်း~
ယုန်​​ပေါက်​လေးရဲ့ ပါး​​ဖောင်းလုံးက​​​လေးနှစ်ဖက်က ပန်း​သွေး​ရောင်က​​လေး ယှက်​ပြေး​သွားရင်း Alexနဲ့အတူ ကျွန်​တော်တို့ထွက်ခဲ့တဲ့​​နေရာကို ပြန်ထွက်သွား​ကြတော့မှ ကျွန်​တော်လည်း တစ်ဖက်ပြန်လှည့်ကြည့်လိုက်ရာ ဝိုင်ကြီးတစ်​ယောက် ဘယ်ဘဝက ငတ်ပြတ်လာသလဲမသိ!!!
🍷 : ​တော်​တော်ချိုတယ်​နော်....
"​ဟုတ်တယ်ဗျ......​ကျွန်​တော်တို့ ဆိုင်မှာ အသုံးပြုတဲ့ ပါဝင်ပစ္စည်း​တွေအားလုံးကို သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ Classic farmက​နေပဲ တင်သွင်းထားတာပါဗျ....."
🍷 : ဪ ဪ.....ဒါဆို ဒီResortထဲက စိုက်ခင်း​​တွေက အကုန်အော်ဂဲနစ်​​ စိုက်ခင်း​တွေပေါ့.....ဟုတ်လား???
" ဟုတ်ပါတယ်ခင်ဗျ...."
သိသိရက်ကြီးနဲ့ ဝန်ထမ်းက​လေးက သူ့ကိုမမှတ်မိဘူးဆိုတိုင်း ​​ရှောင်တခင်စစ်​ဆေးသလို​မေးနေတာများ ​ဘေးက​နေ ရပ်ကြည့်​နေရတဲ့ ကျွန်​တော်က စွသည်းယားလို့ ​သေ​တော့မယ်.......
​ရေခဲမုန့်​အ​ပေါ်မှာတင်​ပေး​​​​နေသမျှ စ​တော်ဘယ်ရီအစိပ်​​ကလေးတွေကို ​တရစပ်ကောက်​ကောက်စား​နေတာများ ဒင်း ပါးစပ်ထဲအပြည့်!!!
🖤 : မသာ! လူလိုမျို​​!!
ဒင်းနားရွက်နားကပ်ပြီး ခပ်တိုးတိုးဆဲရင်းနဲ့​​ပြောလိုက်​တော့ ဆက်တိုက်ကောက်စား​နေတာက​ ရပ်သွားပြီး တန်းပြီးစခွီထ​တော့သည်.....
"P'မှာထားတာ​လေး ရပါပြီဗျ...."
🍷 : ​အော်​အေး....​ကျေးဇူး....
"Toppingကို​​​တော့ အရသာလိုက်ဖက်​စေမယ့်ဟာ​လေးပဲ ​ကျွန်​​တော် ပြန်ရွေး​တင်ပေးလိုက်တယ်​ ခင်ဗျာ့...."
🍷 : အို​ကေ အို​ကေ....ရတယ်....
"ဒီဘက်က အစ်ကိုမှာထားတာ​လေးလည်း ရပါပြီခင်ဗျ...."
🖤 : ​ဪ... အင်း ငါ့ညီ ကျေးဇူးပဲ....
🍷 : ကဲ ရပြီဆရာ သွားမယ်....
🖤 : ​အေး.....
" အမ်? အစ်ကိုတို့!! ခဏ​လေးပါဗျ.....မုန့်အတွက် ကျသင့်​​ငွေ​လေး​တွေက မရှင်းရ​သေးလို့​လေ.....ခုလို​မေးရတာ စိတ်မရှိပါနဲ့​.....P'တို့အဖွဲ့က ဘယ်သူရှင်းမှာလဲ မသိဘူး​နော်???"
🖤 : ဟမ်? ဟို​ကောင်​လေး....အာ မင်းတို့ဆရာ ရှင်းမယ်​ပြောတယ်.....
"အဲ ဟုတ်လား? ဆရာက ဘာမှမ​ပြောသွားလို့ဗျ.....​ကြည့်ရတာ အကုန်ပေါင်းပြီးရှင်းမှာမျိုးထင်တယ်..... ဒါဆိုရင်လည်း ကျွန်​တော် ဂျာကြီးကို တစ်ချက်​​မေးကြည့်ပြီး ​ပြောထားလိုက်ပါ့မယ်ဗျ...."
🖤 : ​အေး ​အေး.....
ကျသင့်​ငွေရှင်း​​ပေးဖို့ရာအတွက် ပိုက်ဆံအိတ်ထုတ်ဖို့လို့ ပြင်​နေ​တော့မှ Alexကိုပြောမယ်ဆိုတာနဲ့ ကျွန်​တော်လည်း ​ခေါင်းခပ်ဆဆညိတ်ပြရင်း Reoကြီးနဲ့အတူ ကျွန်​တော်တို့ အုပ်စုထိုင်​နေတဲ့ စားပွဲဝိုင်းဆီကို ပြန်လာခဲ့လိုက်ရပြီ။
စားပွဲက 4ယောက်တစ်ဝိုင်းစီလိုပုံစံ ဖြစ်​နေ​တော့ Ellaရယ် ၊ ကျွန်​တော်ရယ် ၊ Wyaneရယ်က စားပွဲတစ်ဝိုင်း ၊ Reoက​တော့ ကျွန်​တော်တို့ အ​နောက်က စားပွဲဝိုင်းတစ်ခုမှာ Alexနဲ့ အတူသွားထိုင်​နေတာကို​ တွေ့ရသည်......
Jameနဲ့ ကျွန်​တော့်အ​ကောင်​ပေါက်​လေးက​တော့ ဆိုင်နံ​ဘေးက 2​ယောက်တစ်ဝိုင်း​ပုံစံ စားပွဲဝိုင်းလေး​တစ်ဝိုင်းမှာ သွားထိုင်​နေတာကို​ တွေ့​ရတယ်ဗျ......
ရုတ်တရက် ​ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းတုန်ခါလာတာနဲ့ တစ်ချက်ထုတ်ကြည့်လိုက်​ရာ အ​ကောင်​ပေါက်​လေး မက်​ဆေ့​တွေလှမ်းပို့​​နေတာ​ကြောင့် အမြန်ဝင်ဖတ်ကြည့်လိုက်ရပြီ.....
❤📲 : Jameနဲ့ Wyaneက ကိုတို့မလာခင်​​လေးတင် Marvel နဲ့ DC ပြသနာထပ်တက်​နေကြလို့ စကားတအားမများခင် လူခွဲ​ပေးလိုက်ရတယ် ကို​ရေ.....
❤📲 : Alexက​တော့ P'Reoနဲ့ စကား​ပြောစရာရှိတယ်​ပြောလို့ ကိုတို့ ​နောက်ကဝိုင်းမှာပဲ ထိုင်ခိုင်းလိုက်တယ်​.....
❤📲 : ဪ...​.ဘန်ဘန်းကို ပြောဖို့​မေ့​တော့မလို့~~ခဏ​နေကျရင် ငယ့်~အစား ကျသင့်​ငွေ​လေး တစ်ချက်​လောက် သွားရှင်း​​ပေး​​​ပါဦး​နော်😽~~ Alexကို ​မေးကြည့်တာ စုစု​ပေါင်း ဘတ်××××ကျတယ်တဲ့.....
🖤📲 : အင်းအင်း....ဒါနဲ့ ဘန်ဘန်းက ဘာကို​ပြောတာလဲ? ငယ်....
❤📲 : 😹 ဘန်ဘန်းကလား?? ဘန်ဘန်းက Ban Ban​ပေါ့😹~~~
🖤📲 : အင်းလေ.... အဲ့ ငယ်​ပြောတဲ့ Ban Ban?? ကို​ မေးတာပဲ.... ကို တကယ်မသိဘူး ဘာကြီးလဲ??
❤📲 : အာဗျာ~~ လူကြီးက​တော့! လူတကာ​ခေါ်​နေသလို Honeyတို့ Darlingတို့ နာမ်စား​တွေ မ​ခေါ်ချင်​လို့​လေ~😾
❤📲 : ဘန်ဘန်းဆိုတာ Husband ရဲ့ အတို​ကောက်....Husban​dရဲ့ Bandကနေ Banဆိုတဲ့ စာလုံး​လေးကိုပဲ ကျွန်​တော့်ဖာသာ ထုတ်ယူထားတာ~~~
❤📲 : Husbandရဲ့ အဓိပ္ပါယ်ကတော့ ကွကိုယ် သိလိုက်​တော့! အာ့​လောက်ရှင်းပြတာမှ မသိ​သေးဘူးဆိုရင်လည်း နေ​တော့ဗျာ! ဘာမှမဟုတ်​တော့ဘူး!😾
🖤📲 : အဟား~ သိပြီ~ သိပြီ~~ ငယ်က စဥ်းစားတတ်လိုက်တာကွာ~~😻
❤📲 : ဟင်း! တကယ် ဘယ်​​တော့မှ ရို​ပေးလို့ကို မရဘူး!😾 ခင်ဗျားတို့​တွေက​လေ အကုန်အတူတူပဲ သိလား!!
🖤📲 : ဟင်?😿
❤📲 : ဟုတ်တယ်​​​လေ! ကျွန်​တော်တို့ တစ်ဖက်က လူ​တွေကဖြင့် ဒီ​​လောက် ချစ်​ပြနေတာကို ခင်ဗျားတို့ အခုအတူထိုင်​နေတဲ့ တဝိုင်းလုံးထဲမှာရှိတဲ့သူ​တွေ​က ဘာမှမသိ​နေတဲ့သူ​​တွေကြည့်ပဲ! မဟုတ်လို့လား??😤
အ​ကောင်​ပေါက်​လေးက ​ဒေါသ​​တွေထွက်ရင်း​​ပြော​နေ​တော့မှ ကျွန်​​တော်လည်း ကိုယ်ထိုင်​နေတဲ့စားပွဲဝိုင်းထဲက လူ​တွေကို တစ်ချက်လှမ်း ကြည့်လိုက်မိသည်......
Wyaneကလည်း Jameနဲ့ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်.....မသိတဲ့သူသာဆိုရင် သူတို့နှစ်​ယောက်ကို ချစ်သူ​တွေလို့ကို ထင်မှာမဟုတ်......
Ella​ကောင်ကလည်း အပျိုကြီးစာရင်းဝင်ထားသူ......ဟိုတစ်​လောက အဲ့​ကောင်ပြောထားဖူးတဲ့ နယ်​​မြေခြား မျက်ဝန်းပြာခရက်ဆိုတာကလည်း ဘာမှထပ်​ပြောသံကို မကြားရ​သေး......
​နောက်ဆုံးကျန်တဲ့ သူက​တော့ ဗန်းစကား​တွေနဲ့လူငယ်ဆန်တာ​တွေကို သိပ်ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့ ကျွန်​တော်......
ကိုယ့်​နောက်က စားပွဲဝိုင်းက Reo​ကြီးတောင် ဒီစားပွဲဝိုင်းထဲမှာ မပါ​နေလို့​တော်​တော့သည်.......
🖤📲 : ဟုတ်ပါတယ် ငယ်ရယ်~ ကိုက​လေ....
❤📲 : ​နေ​တော့! Alexကိုပဲ သွားရှင်းခိုင်းလိုက်​တော့မယ်....​..
မျက်ရည်တစမ်းစမ်းဖြစ်​နေတဲ့ ဝက်ဝံအညို စတစ်ကာ​လေး​တွေ သုံး​လေးခု​​လောက် ကျွန်​တော်ဆက်ပို့​နေတာကို​တောင် အဲ့ဒီ ​ကောက်​တေး​လေးဘက်က Seenပြမလာတော့......​
ကြည့်ရတာ စိတ်ကောက်​နိုင်သူလေးတစ်​ယောက် စိတ်ထပ်ကောက်​သွားပြီနဲ့တူပါတယ်ဗျာ.......
☕❤☕❤☕❤
🍷🍦​​စောက်သည်းကွဲ​နေရပါတယ်ဆိုမှ ဝိုင်သို​လှောင်ရုံက မီးသီး💡နဲ့​ ဆိုင်ထဲလာ​တွေ့​နေရ​သေးတယ်ဗျာ.......
လူကိုမြင်တာနဲ့ နားနားကပ်လာပြီး "သူအ​​ဖေတော်ထားဖူးတဲ့ Jackက ကျွန်​တော့်ကို ပစ်သွားတာလား?"ဆိုပြီး အ​လောသုံးဆယ်​မေး​ရင်း ငိုဖို့ပြင်​​နေလို့ ဆဲထားလိုက်ရသေးတယ်......
"မသိဘူး! အာရုံ​နောက်တယ် ​​အေ​ဘေး​​လေး!" လို့တစ်ခွန်းပိတ်ဆဲ​တော့မှ "အသည်းကွဲ​ဖော်ရပြီ"​ပြောရင်း လူနားပိုကပ်သွားသလိုပဲ!!!!
သူ ခရက်​နေတဲ့ မမ စပိန်သူကလည်း မ​နေ့ (Wine Party) ညက သူ့ကို သူ့ဘဲနဲ့မိတ်ဆက်​ပေးလိုက်လို့တဲ့ဗျ......
အဲ့အချိန်က​နေကစပြီး အခုထိ Savage Love (ရက်စက်လွန်းတဲ့အချစ်) သီချင်းကို မရပ်မနား,နား​ထောင်​နေကြောင်း အသည်းကွဲဖြစ်စဥ် အစအဆုံး အကုန်လာရင်ဖွင့်​​ပြ​နေတော့သည်.......
💡 : တကယ် ရက်စက်လွန်းတယ်ဗျာ...... သူ့အသည်းကို ဘယ်သူကများ ရက်ရက်စက်စက်ခွဲခဲ့ဖူးလို့ ခု​လောက်ထိ ရက်စက်ပြနိုင်ရတာလဲ မသိဘူး!!!!
ကျွန်​​တော် သူ့ကို ခရက်​နေတာ သိ​နေရက်နဲ့ကို လာမိတ်ဆက်​ပေးရက်တယ်!!!! မမ​တွေ မ​ကောင်းဘူးဗျာ! ပုံစံ​လေး​တွေက​တော့ နတ်သမီး​ကလေး​​တွေလို ထင်ရပေမယ့် တကယ် ရက်စက်လွန်းတယ်!!!
ကျွန်​တော့်ကို သူ အသုံးချမယ်ဆိုရင်​တောင် ကျွန်​တော်က အသုံးချခံဖြစ်​ပေးမှာကို ဘာလို့များခုလိုကြီး ယတိပြတ်~~~
🌶 : ဟ! မင်းကလည်း မမတိုင်း​တော့ မဟုတ်​​လောက်ပါဘူးကွာ.....
🍷 : အဟမ်း....
အသက်ကြီးတဲ့သူတိုင်း မ​ကောင်းတာမဟုတ်​ကြောင်း ဒင်းက ​မေတ္တာရှင် ဝင်လုပ်ပြ​ချင်​နေ​တော့ ​ချောင်းတစ်ချက်ဟန့်ပြီး လှမ်းတားရ​သေး.......
​စောက်သည်းကွဲရတာချင်းတူတာ​​တောင် ဒီနှစ်​ကောင်ကို ကျွန်​တော့်မှာ လာထိန်း​ပေး​နေရ​သေးတာတဲ့!!!!
Reoဘဝကြီးကလည်း နာကျင်မှု​တွေ များလိုက်ရတာ!!!
💡 : မမတိုင်း မဟုတ်​ပေမယ့်လည်း ငါကြုံ​ခဲ့ရတဲ့သူတိုင်းက မ​ကောင်း​နေဘူး​​​လေကွာ......
🍷 : ​အေးပါကွာ.....​တော်ပါ​တော့! ဖြစ်လာခဲ့ပြီးပြီပဲ မင်းဘာသွားလုပ်နိုင်မှာလဲ??
💡 : အမ်း! ဘာမှမလုပ်နိုင်လို့ဘဲ ဒီ​​​​နေ့ အလုပ်အားလပ်ရက်​ကလေးရတုန်း ပွဲခင်းဘက်ခဏသွားပြီး အခု ရေခဲမုန့်လာစားနေတာ​​ပေါ့ဗျာ......
ဆိုင်ထဲခပ်သဲ့သဲ့ပျံ့လွင့်လာတဲ့ Just so you know သီချင်းသံကို ကြားလိုက်​တော့ ငရုတ်သီးတို့ ​စတင်ပေါက်ကွဲပြ​လေပြီ.......
🎼I shouldn't love you but I want to
I just can't turn away
I shouldn't see you but I can't move
I can't look away🎼
(မင်းကို မချစ်သင့်​တော့မှန်းသိ​ပေမယ့် ကိုယ် ဆက်ချစ်​နေမိ​တယ်...... မင်းကို ကိုယ်မမြင်ချင်​တော့​ပေမယ့်လည်း ကိုယ်လှည့်ထွက်မသွားနိုင်ခဲ့ပါဘူး.... မင်းကိုပဲ ​ငေးကြည့်​နေမိတယ်.....)
🌶 : ဟ! အသည်းကွဲပြီဆိုရင် ဘယ်​နေရာရာ​ရောက်​ရောက် ကြားလိုက်ရတဲ့ သီချင်းတိုင်းက ​​သောက်ကျိုးနည်း​တွေကြည့်ပဲ!!!
🍷 : ​အေးကွာ.....အခုလို တိုက်ဆိုင်မှု​တွေက ငါတို့အတွက်ကျမှ ​ပြောင်းပြန်သက်​ရောက်​ပေး​​နေတာလား​တောင် ထင်ရတယ်......
💡 : အဟက်!! ကြိုက်​နေတယ်ဆိုတာကို သိသိရက်နဲ့ ပ​လေးခံလိုက်ရတဲ့ ကျွန်​တော့်ကို အားနာကြပါဦးဗျာ.....
🎼And I don't know
How to be fine when I'm not
'Cause I don't know
How to make a feeling stop🎼
(အဆင်မ​ပြေ​နေတာကြီးကို အဆင်​ပြေပါတယ်ဆိုပြီး ဘယ်လို ဆက်ဟန်​ဆောင်ပြရမလဲ ကိုယ်တကယ် မသိ​တော့ပါဘူးကွာ.....မင်းအ​ပေါ်မှာ ဖြစ်တည်ခဲ့တဲ့ ကိုယ့်ခံစားချက်​တွေကို ရပ်တန့်​သွား​အောင်လို့ ဘယ်လိုလုပ်ရမလဲ ကိုယ်တကယ် မသိ​တော့လို့ပါ......)
🍷 : ဪ! ရင်​​တွေပူပြ​နေတာပဲ! ရင်လေး​အေး​သွားအောင် ​ရေခဲမုန့်​လေး​သာ အေး​ဆေးမျို​​နေ!
💡 : အ!ဟား! ကျွန်​တော့်ဖာသာ စားမယ်ဗျ! အ​သေလုပ်​နေတာပဲ!
🌶 : ​ဪ! ပြောလို့​တောင် မဆုံး​သေးဘူး! ဟိုမယ်.... ရေခဲ​ချောင်းကောင်တာနားကို ကြည့်လိုက်ဦး!!
ငရုတ်သီးက ​​ရေခဲ​ချောင်း အ​ရောင်းကောင်တာနား တစ်ချက်လှမ်းကြည့်ခိုင်း​နေလို့ လှမ်းကြည့်လိုက်မိရာ အသည်းကွဲ​နေတဲ့ လူအချင်းချင်းကို နည်းနည်းမှ အလိုက်မသိချက်က ဟိုဘက်ကမ္ဘာထိ​တောင် ​ရောက်​လောက်ပါရဲ့ဗျာ!!!!
ကျွန်​တော် ချစ်သူမ​တော်လိုက်ရတဲ့ ကောက်​ကွေးနဲ့ သူမ​တော်လိုက်ရတဲ့လင် ဥ​ရောပ​ကောင်တို့ ​ရေခဲ​ချောင်းလာဝယ်စားကြဟန်တူသည်.......
ဥ​ရောပ​ကောင်က​တော့ ​​ရေခဲ​ချောင်းကို ကျွန်​တော့်ကောက်​ကွေးနဲ့ ​ပုံစံအတူတူ မှာစားပုံရတယ်......
​ကောက်​ကွေးရင်ခွင်ထဲမှာ​တော့ ဘန်နီမက ချောကလက်ရေခဲမုန့်တစ်ခုကို ​လက်နှစ်ဖက်နဲ့ အားပါးတရညှစ်ကိုင်ထားကာ ပါးစပ်တစ်ခုလုံးလည်း ပေပွ​အောင်လို့ ကိုက်ကိုက်ပြီး​တော့စားရင်း တခစ်ခစ်နဲ့ သ​ဘော​တွေကျ​နေ​​သေး.......
သူတို့ ​ဘေးနားက ​ရေခဲ​ချောင်းလာဝယ်တဲ့ မိန်းက​လေးတစ်စုကဆိုရင်လည်း သူတို့၃​ယောက်သားကိုကြည့်ရင်းနဲ့ ပြုံးစိပြုံးစိ​တွေ ဖြစ်ပြ​သွားကြ​သေးတယ်!!!!
ငါ့နှယ်!!! ​ရေခဲ​ချောင်းဝယ်စား​နေကြတာပဲ! ဘာ​တွေများ ပြုံးစိပြုံးစိဖြစ်​နေစရာလိုလို့လဲ!!! အာရုံ​​​တွေနောက်တယ်ဗျာ!!!
🎼Just so you know
This feeling's takin' control of me
And I can't help it
I won't sit around
I can't let him win now🎼
(မင်းအ​ပေါ်မှာထားရှိခဲ့တဲ့ ခံစားချက်​တွေက ငါ့ကိုလွှမ်းမိုးချုပ်ကိုင်ထားတယ်ဆိုတာ မင်းကိုသိ​စေချင်ရုံပါ.....ကိုယ်လည်း အဲ့ဒီခံစားချက်​​တွေကို ဘယ်လိုမှ တွန်းလှန်ကြည့်လို့ မရ​တော့ပါဘူး.......မင်းအနားမှာ ရှိ​နေခွင့်မရတာနဲ့တင် ကိုယ် သူ့ကို အနိုင်မ​ပေးလိုက်ချင်ဘူး​လေကွာ.......)
🎼Thought you should know
I've tried my best to let go of you
But I don't want to
I just gotta say it all before I go
Just so you know🎼
(ကိုယ် မင်းကို လက်လွှတ်ဖို့ အ​ကောင်းဆုံးကြိုးစား​နေတာကို မင်းသိသင့်ပါတယ်......ဒါ​ပေမယ့် ကိုယ် မင်းကို တကယ်လက်လွတ်​မပေးနိုင်​သေးပါဘူးကွာ..... မင်းအနားက​နေ ကိုယ် ထွက်မသွား​သေးခင် မင်းသိသင့်တယ်လို့ ထင်မိတာ​​တွေ အားလုံးကို ​ကိုယ်ပြောပြချင်ခဲ့ရုံ​လေးပါ......)
🌶 : အဟက်! ပွဲခင်းထဲသွားစားလည်းရ​နေတာကို သတ်သတ်မဲ့ ဒီဆိုင်ကိုမှ တကူးတကလာပြီး စား​ပြနေတယ်!!
💡 : ဟာ!!! ​ဖေJack!!! အဲ! အဲ့​ဒီတစ်​ယောက်နဲ့ ဖြစ်သွားတာလား???
🍷 : ​ငါ မင်းကို ဘာလုပ်ခိုင်းထားလဲ???
💡 : ​ဟို~ ရေခဲမုန့်စားခိုင်းထားတာ~ ဒါမယ့် ခုတွဲမြင်လိုက်​တော့ ကျွန်​တော့် ​ဖေJackနဲ့ သ​ဘောကတူတာတစ်ဝက် မတူတာကတစ်ဝက်ဖြစ်​နေလို့ပါဗျာ......
🍷 : ကန့်ကွက်ရ​အောင် မင်းက ​သူနဲ့ပတ်သတ်ပြီး ဘာ​တွေများ ပြော​ရေးဆိုပိုင်ခွင့် ရှိ​နေလို့လဲ??? သူနဲ့တစ်ခါပဲ ဆုံထားဖူးတာကို!
ဟိုမှာ သူ့ မိသားစုက​တောင် မကန့်ကွက်တာကို မင်း မမြင်ဘူးလား???
🌶 : S**t!!! Outfit styleက ဒီ​လို​​နေ့မှ လာတူ​နေရတယ်လို့!!!
ငရုတ်သီးတစ်​ယောက် ရင်နာနာနဲ့​ဆဲရင်းပြောလိုက်​တော့မှ သူ့ဥ​ရောပ​​ကောင်ကို တစ်ချက်လှမ်းကြည့်လိုက်ရာ ဥ​ရောပ​ကောင်က ရှပ်အနက်နဲ့ ဂျင်း​ဘောင်းဘီအနက်တွဲဝတ်ထားပြီး နက်ကတိုင် အနီစည်းထားသည်........
သူက​တော့ ရှပ်အဖြူနဲ့စတိုင်​ဘောင်းဘီ အနက်တွဲဝတ်ထားတယ်..... ကျွန်​တော်လည်း Jackဝတ်ထားတဲ့ အင်္ကျီကိုပါ တစ်ခါထဲလှမ်းကြည့်လိုက်​မိရာ ကျွန်​တော်ပါ ငရုတ်သီးဆဲသလို ဆဲမိမလို ဖြစ်သွားရ​​သည်......
ကျွန်​​တော်ဝတ်ထားတဲ့ Hoodieအနက်နဲ့ ခပ်ဆင်ဆင် အ​ရောင်ပဲကွဲတယ်တဲ့......
အမှတ်မထင် တိုက်ဆိုင်မှု​တွေမှာ​တောင် ကျွန်​တော်တို့ မ​ပျော်နိုင်​တော့ပါဘူးဗျာ.....
💡 : Selena Gomaz ရဲ့ Lose you to love me သီချင်းလို​ပေါ့ဗျာ..... ကျွန်​တော့်တို့ ကိုယ့်ကိုကိုယ် ပြန်ရှာ​တွေ့ဖို့ဆိုရင် ကျွန်​တော်တို့ကို မ​ရွေးချယ်တဲ့ သူတို့ကို လက်လွတ်​ပေးလိုက်မှ ရမှာဗျ.....
ကျွန်​တော်တို့ ကိုယ့်ကိုကိုယ် ပြန်ချစ်တတ်လာဖို့ဆိုရင် သူတို့ကို မုန်းသင့်ရင် မုန်းပစ်လိုက်ရမှာ....
ကျွန်​တော်တို့ ကိုယ့်ကိုကိုယ် ချစ်တတ်လာဖို့က သူတို့ကို လက်လွတ်​ပေးလိုက်မှပဲ ရမယ်ဆိုရင် လက်လွတ်​​ပေးလိုက်သင့်တယ်.......
🌶 : ဟင်းးးး~~~ အဲ့လိုက ​ပြော​တော့သာလွယ်တာ တကယ်လုပ်ဖို့ကကျတော့ ဘယ်လိုလုပ်လွယ်မှာလဲကွာ.....
💡 : အင်း​​ပေါ့ဗျာ......​ပြောရမယ်ဆိုရင်​ ပိုက်ဆံ​တွေက ကိုယ့်ဆီက​နေ ထွက်သွားပြီဆိုရင် ကျွန်​တော်တို့ကို တစ်ချက်​တောင်လှည့်​မကြည့်ဘဲနဲ့ ထွက်သွားသလို ကျွန်​​တော်တို့ ရင်ထဲက နှလုံးသားကိုလည်း ပိုက်ဆံလို ပြတ်သားမှုရှိ​အောင်လို့ လုပ်​ပေးထားတာ​ကောင်းမယ်ထင်တယ် ​P'တို့​ရေ!!!
နားထဲမှာ မီးသီး​ကောင်ရဲ့ အသံ​တွေကိုကြား​သလိုရှိပေမယ့် Jackဝတ်ထားတဲ့ အင်္ကျီကိုပဲ အာရုံစိုက်​နေမိတာ​ကြောင့် မီးသီးတစ်​​ကောင် ဘာ​ပြောလို့ပြော​နေကို ကျွန်​တော် မသိ​.....
Jackဝတ်ထားတာက ကြက်​သွေး​ရောင် Hoodie ဆို​ပေမယ့်လည်း ကျွန်​တော့်မျက်လုံးထဲမှာ​​တော့ အနီ​ရောင်​တွေ ပိုကဲ​နေသလိုပါပဲဗျာ........
​ဟောလိုးဝင်းမှာ ​ကြေကွဲဖွယ် အနီ​ရောင်​တွေပိုလွှမ်းခြုံ​နေရတာက ကျွန်​တော်တို့ စားပွဲတစ်ဝိုင်းထဲပဲ ဖြစ်မယ်ထင်တယ်.......
ဘန်နီမ လက်နဲ့​ပါးစပ်က​ ချောကလက်​တွေကို ဥ​ရောပ​ကောင်က ​သေချာသန့်ရှင်း​ရေးလုပ်​​ပေး​နေ​တော့ ဘန်နီမဆောင်းထားတဲ့ ယုန်ဦးထုပ်​လေးကို  Jackက သူ့​ခေါင်းမှာ ခဏ​ပြန်ဆောင်းထားလိုက်သည်.......
ကြည့်ရတာ ဦး​လေးဖြစ်သူရဲ့ ဦးထုပ်ကို တူမဖြစ်တဲ့သူက ဇွတ်ယူ​ဆောင်းထားပုံပါပဲ......
သူတို့ သုံး​ယောက်သား အတူတူ​ပျော်ရွှင်​နေတာကို ​ငေးကြည့်ရင်း ကျွန်​တော်ရယ် သူရယ် ဘန်နီမကိုထိန်းရင်း ညစာခေါက်ဆွဲပြုတ် အတူတူစားခဲ့ကြတာ​ကို​တောင် ပြန်အမှတ်ရမိသည်......
ကိုယ်မဟုတ်တဲ့ တစ်ခြားတစ်​ယောက်ကို ​မင်း ရွေးချယ်မယ်ဆိုရင်လည်း ကိုယ့်ဆီထားခဲ့တဲ့ အမှတ်တရ​​တွေကိုပါ တစ်ခါတည်း ယူသွား​ပါလားကွာ.......
တကယ်​တော့ သူ ထားပစ်ခဲ့တဲ့ အဲ့ဒီ အမှတ်တရအားလုံးကပဲ ​နောက်ဆုံး​မှာ ကျွန်​တော့်အပိုင်ဆိုပြီး ပြသစရာဖြစ်လာခဲ့ရ​တော့မှာ မဟုတ်လား???
သူ ထားပစ်ခဲ့တဲ့ အဲ့ဒီအမှတ်တရ​တွေ အားလုံးက အခုအချိန်က​နေစတင်ပြီး ​နောက်ထပ် နှစ်​တွေဘယ်​လောက်ကြာတဲ့အထိ သံမှိုတစ်ခုလိုစွဲ​ကပ်နေမလဲ?? ကျွန်​တော် တကယ်မသိ​တော့ပါဘူးဗျာ.......
မင်းထားပစ်ခဲ့တဲ့ အဲ့ဒီ အမှတ်တရတွေကပဲ ကိုယ့်အပိုင် ဖြစ်လာခဲ့ရ​တော့မှာဆိုတာကို သိရဲ့လား? ​ကောင်​ကလေးရ......
ကိုယ့်နှလုံးသား အတွင်းထဲထိ ထိုး​ဖောက်​နေတဲ့အသည်းကွဲဒဏ်ရာတွေက ​ရှေ့ဆက်​လျှောက်ရမယ့် ​ကိုယ့်အနာဂတ်​နေ့ရက်​တွေထဲမှာ မပါမဖြစ် ပါဝင်​နေတော့မှာဆိုတာကို​ရော မင်း သိရဲ့လား??
၁နှစ်မှာ ၃၆၅ရက်....၆နှစ်​ကျော်လုံးလုံး...... ရက်​ပေါင်း​​ထောင်ချီ မင်းအရိပ်​တွေက ကိုယ့်နှလုံးသားထဲကြီးစိုး​ခဲ့တာ Jack ရ!!!
တကယ်....တကယ် မင်း,မပါ​တော့မယ့် အနာဂတ်အသစ်တစ်ခုကို ငါ တကယ်စတင်ရတော့မှာလား~~~~
🌶 :  P'Reo.....
🍷 : အင်း....
🌶 : P'Sam🍯....Jackကို ကြည့်​နေတဲ့ အကြည့်တွေကို ကျွန်​တော် နားလည်တယ်သိလား??? ဘာလို့ဆို ကျွန်​​တော်လည်း~~ ကျွန်​တော်လည်း သူ့ကို အမြဲ အဲဒီလိုငေးကြည့်ခဲ့ရတာ​လေဗျာ~~~
"ဆိတ်ဆိတ်​နေခြင်းက ဝန်ခံခြင်းမည်တယ်"ဆိုရင် ကျွန်​တော်နဲ့ မီးသီးရဲ့ ဆိတ်ငြိမ်မှုဟာ ငရုတ်သီးရဲ့ စကားကို ငြိမ်သက်စွာနဲ့ ​ထောက်ခံ​ပေးလိုက်ပုံရသည်.......
Jack​ရေ~ မင်းမကြားနိုင်​မယ့် ကိုယ့်ရင်ထဲကလာတဲ့ စကားတစ်ခွန်းပါ~~~
နားနဲ့မနာဘဲ နှလုံးသားနဲ့ နာ​စေ့ချင်တယ်......
ကိုယ် မင်းကို ဒီကမ္ဘာ​ပေါ်က လူ​တွေအားလုံး ဝိုင်းချစ်​နေကြတာထက် ပိုပြီး​တော့ ချစ်ခဲ့တယ် သိလား???
☕❤☕❤☕❤
👨‍🍳🍦အစ်ကိုကြီးတို့ မိသားစုကလည်း Sam🍯ကိုပါ ​အတူတူ​လျှောက်လည်ဖို့​ ခေါ်​နေတာနဲ့ ကျွန်​တော်လည်း Samကို လိုက်ခဲ့ဖို့​ ပြန်ပြောလိုက်တာပါ......
ကျွန်​တော်ကသာ Samကို မနက်က ငြင်းထားမိ​တာ​ကြောင့် မျက်နှာပူ​​နေမိ​ပေမယ့် Samက​တော့ ပုံမှန်အတိုင်းပဲ ကျွန်​တော်​နေရမခက်​အောင် ​ပြောဆိုဆက်ဆံ​​ပေးရှာသည်......
ပွဲခင်းထဲခဏ​လျှောက်လည်ရင်း ​နေ့လည်စာ ဝင်စား​သောက်ပြီး​တော့ ဘန်နီက ​ရေခဲမုန့်စားချင်တယ် ပူဆာတာနဲ့ အကို​လေး Saintရဲ့ ​ရေခဲမုန့်ဆိုင်မှာ အချိုလာတည်းကြတာဆိုပါ​တော့ဗျာ......
အခုလည်း ဘန်နီမတစ်​ယောက် ​ပေတလူးစိန်ဖြစ်​အောင် စား​သောက်ထားတာ​တွေကို Samက ​Wet-tissue နဲ့ သေချာသန့်ရှင်း​ရေးလုပ်​ပေး​နေတာပါ........
🎼It's gettin' hard to be around you
There's so much I can't say
Do you want me to hide the feelings
And look the other away🎼
(မင်းကိုချစ်တဲ့စိတ်ကို ဖုံးကွယ်ထားရင်း မင်းအနားမှာရှိ​နေရတာ ငါ့အတွက် ဘယ်​လောက်ခက်ခဲရလဲဆိုတာ ငါ မင်းကိုပြောပြချင်တယ်.....မင်းက​ရော ငါ့ ခံစားချက်​​တွေကို ဖုံးကွယ်ထား​စေချင်ရဲ့လား??? ဒါမှမဟုတ် အသိ​ပေး​စေချင်​နေလား????)
ရုတ်တရက် ဆိုင်ထဲက​နေ ပြန့်လွင့်​နေတဲ့ သီချင်းသံသဲ့သဲ့​​ကြောင့် ဘန်နီမကိုချီထားတဲ့ ကျွန်​တော့်လက်​တွေက ခပ်ဆဆတင်းကြပ်မိသွားရာ ဘန်နီမက စတင်​အော်​လေပြီ.......
"ကယ်ကယ်~ Ja ja~ မီး~ ​ခြေ​ထောက် နာနာ~~"
🎼And I don't know
How to be fine when I'm not
'Cause I don't know
How to make a feeling stop🎼
(အဆင်မ​ပြေ​နေတာကြီးကို အဆင်​ပြေပါတယ်ဆိုပြီး ဘယ်လိုဆက်ဟန်​ဆောင်ပြရမလဲ ကိုယ်တကယ်မသိ​တော့ပါဘူးကွာ......မင်းအ​ပေါ်မှာ ဖြစ်တည်ခဲ့တဲ့ ကိုယ့်ခံစားချက်​တွေကို ရပ်တန့်​သွား​အောင်လို့ ဘယ်လိုလုပ်ရမလဲ? ကိုယ်တကယ် မသိ​တော့လို့ပါ......)
🍯 : ရလား ဆရာ?? ကျွန်​တော် တစ်လှည့်ချီ​လိုက်​မယ်.....
Bunny​လေး~ လာ~ Jaja က ​အချိန်အကြာကြီး ချီထားရ​တော့ လက်​တွေညောင်း​နေပြီ​လေ.....
" မီးမီးကို ချီထားရရာ(တာ) ​လေးရယ်ရား(တယ်လား)??"
🍯 : Sam Sam ယုန်​ပေါက်​လေးက မ​လေးပါဘူး~ ဒီလို​လေ Bunny​ရဲ့..... Bunny သာ အရုပ်​ကလေးတစ်ရုပ်ကို တ​နေကုန်ချီထားရမယ်ဆိုရင် Bunnyချီထားနိုင်လား??
"တ​နေကုန်? ဆိုတာက ​နက်(မနက်)က​နေ ညထိကို ​ပြောရာရား(တာလား)??"
🍯 : အင်း...ဟုတ်တယ်.....
"​ဟွန့်! အာ့ချို(ဆို)ရင်​တော့ ဖေရီး(ကြီး)ကိုပဲ ရုပ်ကို ချီခိုင်းထားမှာ​ပေါ့! ခစ်ခစ်~"
🍯 : အဟား ဟား~ အလည်​ကလေး.....
ကျွန်​တော့် လက်ထဲက​နေ ဘန်နီမကို အသာ​ခေါ်ယူသွားပြီး ဘန်နီ့ကိုမြူရင်း သ​ဘောတကျရယ်​နေတဲ့ Samကို အားနာစွာနဲ့ပဲ ​ငေးကြည့်​နေမိသည်......
ဖြစ်နိုင်ရင် ကျွန်​တော့်ကို ချစ်တယ်လို့ ​ခဏခဏပြော​နေရှာတဲ့ Samကိုပဲ မျက်စိစုံမှိတ်ပြီး ရွေးချယ်ပစ်လိုက်ချင်ပါတယ်.....
ဒါ​ပေမယ့် မဖြစ်နိုင်တဲ့ နှလုံးသားက ဟိုလူကြီးကိုပဲ ​နောက်ဆုံးထွက်သက်ထိ ​ရွေးချယ်ဖို့ဖြစ်​နေ​တော့ ကျွန်​တော့် ဦး​နှောက်နဲ့ နှလုံးသားကြားက ​ချစ်ခြင်းတရားတိုက်ပွဲထဲမှာ ကျွန်​တော်လည်း ရူး​တောင်ရူးချင်​နေပြီ......
🎼Just so you know
This feeling's takin' control of me
And I can't help it
I won't sit around
I can't let him win now🎼
(မင်းအ​ပေါ်မှာထားရှိခဲ့တဲ့ ခံစားချက်​တွေက ငါ့ကိုလွှမ်းမိုးချုပ်ကိုင်ထားတယ်ဆိုတာ မင်းကိုသိ​စေချင်ရုံပါ.....ကိုယ်လည်း အဲ့ဒီခံစားချက်​​တွေကို ဘယ်လိုမှ တွန်းလှန်ကြည့်လို့ မရ​တော့ပါဘူး.......မင်းအနားမှာ ရှိ​နေခွင့်မရတာနဲ့တင် ကိုယ် သူ့ကို အနိုင်မ​ပေးလိုက်ချင်ဘူး​လေကွာ.......)
အခုလည်း ဒင်းက သွားထပ်ပါတဲ့ဟိုတစ်​ယောက်နဲ့ပဲ အတူတူရှိ​နေ​လောက်မှာ​ပေါ့....... မချစ်သင့်​တော့မှန်းသိလည်း ဆက်ချစ်​နေဖို့ပဲ ဖြစ်​နေရတာ ဘယ်ဘဝက ဝဋ်​ကြွေး​တွေလဲကို မသိ​တော့ပါဘူးဗျာ......
🎼Thought you should know
I've tried my best to let go of you
But I don't want to
I just gotta say it all before I go
Just so you know🎼
(ကိုယ် မင်းကို လက်လွှတ်ဖို့ အ​ကောင်းဆုံးကြိုးစား​နေတာကို မင်းသိသင့်ပါတယ်...... ဒါ​ပေမယ့် မင်းကို ကိုယ်တကယ် လက်လွတ်​မပေးနိုင်​သေးပါဘူး.....မင်းအနားက​နေ ကိုယ် ထွက်မသွား​သေးခင် မင်းသိသင့်တယ်လို့ ထင်မိတာ​​တွေ အားလုံးကို ​ကိုယ်ပြောပြချင်ခဲ့ရုံ​လေးပါ.....)
လက်လွတ်​ပေးလိုက်ရပြီ ဆို​တာ​သေချာ​နေတော့မှ ကျွန်​တော်ကသူ့ကို ချစ်တယ်လို့ သွား​ပြော​​နေတော့​ရော ဘာထူးမှာမို့လို့လဲ???
🍯 : ဆရာ?? ဆရာ~~ ​နေ​ကောင်းရဲ့လား?? မျက်နှာက ဖြူ​ဖျော့နေတာပဲ! ပြန်နား​တော့မလား??
"ကယ်ကယ့်! ​နေ​တောင်း(​ကောင်း)ဘူးရား(လား)?? ​​ဖေရီး(ကြီး)!!​"
"ဖေရီး(ကြီး)​ရေ!!"
"​​ဟေ..."
" ဒီကို ခဏရာ(လာ)ပါဦး!! ကယ်ကယ် ​နေ​မတောင်း(​ကောင်း)ရို့(လို့) တဲ့...."
တူမ​တော်​ရဲ့ကောင်းမှု​ကြောင့် အစ်ကိုတို့တ​တွေလည်း ကျွန်​တော့်နားဝိုင်းလာရင်း ပြန်နားဖို့လို့ ​ပြောကြတာနဲ့ ကျွန်​တော်လည်း Samနဲ့အတူတူ ကျွန်​တော့်အခန်းကို ပြန်ဖို့ပြင်လိုက်ရ​တော့သည်.......
🎼This emptiness is killin' me
And I'm wonderin' why I've waited so long
Lookin' back I realize it was always there
Just never spoken🎼
(မင်းကို ​မေ့ပစ်လိုက်ဖို့​​တွေးရင်း လစ်ဟာ​နေရတဲ့ ခံစားမှုကြီးက ငါ့ကို​ အ​သေသတ်​နေသလိုပဲ.....ဒီ​လောက် အချိန်​တွေ အကြာကြီး မင်းကိုချစ်ခဲ့ရပြီး ​မင်းပြန်ချစ်လာဖို့ စောင့်​နေခဲ့မိတဲ့ ငါ့ကိုယ်ငါလည်း အံ့သြ​မိပါတယ်......ပြန်​တွေးကြည့်ရင် ကိုယ် မင်းကို ဖွင့်မ​ပြောခဲ့​ပေမယ့် မင်းအနားမှာ ကိုယ်အမြဲတမ်းရှိ​နေခဲ့တာပဲ​လေကွာ......)
🎼I'm waitin' here
Been waitin' here🎼
(ကိုယ်​ အခုတိုင်း​လေးပဲ မင်းကို ဆက်စောင့်​နေချင်​သေးတယ်ကွာ....အခုတိုင်း​လေးပဲ ကိုယ် မင်းကို ဆက်​စောင့်​နေချင်​ပါတယ်.......)
ပြန်​တွေးကြည့်ရင် ကျွန်​တော်လည်း သူ့ကို ဖွင့်မ​ပြောခဲ့​ပေမယ့် သူ့အနားမှာ အမြဲတမ်းရှိ​နေ​ပေးခဲ့တာပဲ မဟုတ်လား???
ဆက်လက်ထွက်​ပေါ်​နေတဲ့ သီချင်းစာသား​တွေက ရင်ထဲကနှလုံးသားကို ခပ်ကြမ်းကြမ်း​မွှေ​​​နှောက်​နေကြသလိုပါပဲဗျာ......
​​ရေခဲမုန့််ဆိုင်လေးထဲမှာ​တော့ "Just so you know"သီချင်းသံက​ ​​​Halloween တီးလုံး​တွေနဲ့အပြိုင်လေဟာနယ်ထဲကို အရှိန်အဟုန်နဲ့ လွင့်ပျံတက်ရင်း နေရာယူထားလို့.......
❤🍦 မတုန်မလှုပ်နဲ့ ကျွန်​တော်ရိုသမျှ ဘာတစ်ခုမှ တန်းနားမလည်ဘဲ ကကြီးက​နေ အ,အထိ ပြန်ပြန်ရှင်းပြတာကို​တောင် ​အေးတိ​အေးစက်ပဲလုပ်ပြနေတဲ့ ​အဲ့ ကော်ဖီ​​ခဲကြီးကို စိတ်​တွေဆိုးလိုက်ရတာဗျာ!!!
ကိုယ့်မှာ​တော့ ကြည်နူးမှုများစွာနဲ့ နာမ်စားအသစ်​တွေခေါ်​နေတာကို သူကတော့ မတုန်မလှုပ်နဲ့​!!!
ခုလည်း ​Jameနဲ့စကား​ပြော​နေရာက​နေ ​ရေခဲမုန့်တစ်လုပ်စားရင်း သူတို့စားပွဲဝိုင်းကို မသိမသာလှမ်းကြည့်လိုက်ရာ အဲ့​​ကော်ဖီခဲတုံးကြီးက ကျွန်​တော့်ကို ​​မေး​ထောက်​ပြီး ​ပေါ်တင်ငေး​လို့.......
ဖုန်းတစ်ချက်ထုတ်ရင်း မက်​ဆေ့လှမ်းပို့လိုက်​တော့ အဲ့လူကြီးက တန်း​ဖြေတယ်......
❤📲 : လူကို ဘာလို့ အာ့လိုကြီးကြည့်​နေတာလဲ???
🖤📲 : 💭
❤📲 : 💭?? ဘာအ​ကြောင်း​တွေး​နေတာလဲ?
🖤📲 : ငယ်~ဆိုတဲ့ ကို့ နတ်သားက​လေးအ​ကြောင်း~~
❤📲 : ဟွန်း!! တတ်တယ်! အဲ့ဒီ ရေခဲမုန့် ရွေးလာတာ ဘယ်လိုလဲ? စားလို့ကောင်းလား??
❤📲 : အာ့ထက် ကျွန်​တော်​မေးမလို့ ​မေ့​နေတာ.... ဆိုင်အပြင်အဆင်နဲ့ Service​လေးကို Honest RV​လေး နည်းနည်း​လောက် မ​ပေးချင်ဘူးလား?လို့~~
❤📲 : ကျွန်​တော်နဲ့ ကျွန်​တော့်Teamsတစ်ဖွဲ့လုံး အများကြီး ကြိုးစားထားတာ~~~
🖤📲 : အင်း.... Honest Rvလား??? Service က​တော့ 100%ဆိုတာထက် ​ပိုပြီး​တော့ကျေနပ်ရတယ်....ဆိုင်အပြင်ဆင်​တွေကို​ရောပဲ.....
🖤📲 : Halloween အတွက် ငယ်တို့ စီစဥ်​ပေးထားတဲ့ ပရိုမိုးရှင်း​တွေကို​လည်း ကို သ​ဘောကျတယ်.....
🖤📲 : မုန့်က​တော့ 💭..... ငယ်~ စိတ်​ကောက်​မ​ပြေ​​နေသေးတုန်း တစ်​ယောက်ထဲ စား​နေရလို့လား မသိဘူး~~~ အရင်စား​နေကျ ​​ချောကလက်အရသာထက် ပိုခါး​နေသလိုပဲ😿~~~
❤📲 : အဟား.....ကျွန်​တော်တို့လို နို့နဲ့ စ​တော်ဘယ်ရီအရသာလို ချိုတာ​​တွေမှ ​ရွေးမစားဘဲနဲ့!​နေ့လည်ခင်းကြီးကို အခါးကြီးထိုင်စား​နေမှ​တော့ မ​ပြော​တော့ဘူး!😹
🖤📲 : ကို့အတွက်က​တော့ ငယ့် အပြုံး​တွေ​လောက်​ ဘယ်အရသာကမှ ချို​​မနေ​ဘူး~~😿
"ကျွန်​တော့် အပြုံး​တွေ​လောက်​ ဘယ်အရသာကမှ ချို​​မနေ​ဘူး"တဲ့~~~
ကျွန်​တော်ရိုရင်သာ သူတန်းနားမလည်​ပေမယ့် သူတစ်ခွန်း​ပြောရင်တစ်ခွန်း ကျွန်​တော့်မှာ​တော့ ရင်ခုန်ရတာ ရူးမလိုပဲ......
🖤🍦 စာပြန်မလာ​တော့ဘဲ ကျွန်​တော်ပို့တဲ့စာ​လေးကိုပဲ ဖတ်ပြီး​တော့ သူ့ခမျာ ရှက်​သွေး​တွေဖြာ​နေတာများ နားရွက်ဖျား​လေး​တွေက ရဲရဲ​နီလို့ပါဗျာ......
လူကို တစ်ချက်လာခိုးကြည့်ပါမှ ကျွန်​တော်နဲ့ အကြည့်ချင်းဆုံသွား​ရတော့ သူ့မှာ ပိုရှက်သွားတဲ့ဟန်နဲ့နားရွက်ဖျား​လေး​တွေကို သူ့လက်​ကလေးနဲ့သူ အသာပွတ်ဆွဲ​နေ​သေးသည်.......
❤📲 : ​စကားတတ်တိုင်း​ ပြော​နေ​တော့တာပဲဗျာ😹!
❤📲 : ကျွန်​တော့် ဆိုင်မှာသုံး​နေတဲ့ ပါဝင်ပစ္စည်း​တွေ ​တော်​​​တော်များများက ခင်ဗျားခြံထွက်ပစ္စည်း​တွေကြည့်ပဲ​နော်??
❤📲 : ​အာ့​လောက်​ကြော်ငြာအား​ကောင်းမ​နေနဲ့​လေ!😹😹....
သွားတန်း​ဖွေး​​လေး​​တွေပေါ်တဲ့အထိ ပြုံး​နေတာ​လေးကို ​ငေးကြည့်ရင်း တစ်ခါက ကျွန်​တော့်ကို အ​ကောင်​​ပေါက်က​လေး ပြောခဲ့ဖူးတာ​လေးကို​တောင် ပြန်အမှတ်ရလိုက်မိသေးသည်......
"လူတိုင်း​​​ငေးကြည့်​ခွင့်ပဲရတဲ့ လူတစ်​ယောက်ကို ကိုယ့်အပိုင်ဆိုပြီးပြောရတဲ့ ခံစားမှုက​ ကျွန်​တော့်အတွက်​တော့ အပြီးပြည့်စုံ​သော ခံစားချက်တွေ​ပဲ"ဆိုတဲ့ စကား​လေး​လေဗျာ......
ကို့ အပိုင်ဖြစ်ခဲ့​ပေးလို့ ပိုပြီး တန်ဖိုးထားမြတ်နိုး​ပေးပါ့မယ် ငယ်~~~
ပြန်မရ​​တော့မယ့် အချိန်​တွေထဲ သူ့အပြုံး​တွေကို မြင်ရတဲ့ စက္ကန့်တိုင်းက ကျွန်​တော့်အတွက်​တော့ အဖိုးအတန်ဆုံးပါပဲဗျာ......
🖤📲 : အာ့ဆို....Eyeball hunt game ကစားတုန်းက တိတ်တခိုး​လက်ခံရရှိတဲ့ အကြင်နာ​💋တွေထက် ငယ့်အပြုံး​လေး​တွေက ပိုချိုတယ်လို့ ​ပြောရင်​ရော ယုံ​ပေးမှာလား????
❤ : 😛
လျှာထုတ်ပြီး​ပြောင်ပြ​နေတဲ့ Emoji​လေးပို့လာတာ​ကြောင့် သူ့ကိုတစ်ချက်လှမ်းကြည့်လိုက်ရာ ကျွန်​တော့်ကို အဲ့​ကောင်က​လေး ထပ်လာခိုးကြည့်​နေတာကို မိသွားရပြန်သည်.....
🖤📲 : ကြယ်​တွေအရှုံး​ပေး​ရ​လောက်တဲ့အထိ လှတဲ့ အဲ့ဒီ မျက်လုံးလှလှ​လေး​တွေနဲ့ ကို့ကို ခဏခဏ ခိုးကြည့်​မနေနဲ့​​ ကောင်​လေး~~~
❤📲 : ဟွန့်!👻 ကြည့်မှာ​ပဲဟာ~~~ 👀
🖤📲 : ကို့ ကို စိတ်ဆိုး​ပြေပြီလား??
❤📲 : ​အမ်? ပြေ​သေးပါဘူး.....ခုက ဒီတိုင်း စကား​ပြောတာ​......
🖤📲 : အဟား...အလည်​လေး....
❤📲 : ဟိုနှစ်​ယောက်ကို စိတ်ဆိုး​ပြေ​စေချင်တယ် ကိုရာ....
🖤📲 : ​ပြေသွားမှာပါ ငယ်ရဲ့.....သူတို့က အဲ့တိုင်း တဂျက်ဂျက်ပဲကို.....
❤📲 : Jameက အ​စောက​ ကျွန်​တော့်ကို ပြောရင်းနဲ့ ငို​တော့မှာ~ သနားပါတယ်..... Wyaneကို တစ်ချက်​ချော့ဖို့လို့ ကို ​ပြော​​ပေးထားဦး~
🖤📲 : ဟုတ်ပါပြီဗျာ..... ကို​ပြောထားလိုက်ပါ့မယ်....
❤📲 : အမ်~ ကို့? ကို စားတဲ့ Special Menuက ရှင်းပြီးသားလို့ Alex​က လာ​ပြော​နေတယ်..... ဟုတ်လား?
🖤📲 : အင်း​ ငယ်.... ကို တစ်ခါထဲ ရှင်းပြီး​တော့ဝယ်ခဲ့လိုက်တာ~ ကို့ကို ဝယ်​ကျွေးဖို့ မလိုပါဘူးကွာ.....
🖤📲 : ငယ်~ ဝယ်​ကျွေးတာကို မစားချင်လို့မဟုတ်ဘူး​နော် ငယ်..... ငယ့် ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတဲ့အ​နေနဲ့ ကို ဝယ်စားတာ~
❤📲 : အွန်း~ အာ့ကို ကျွန်​တော်က ​စိတ်မကြည်တာနဲ့ပဲ အော်လိုက်​သေးတယ်​..... ကျွန်​တော်က ဆိုးကိုဆိုး​နေတာပဲဗျာ....😿
🖤📲 : ကိုကို့ ချစ်လို့ ကို့အ​ပေါ်ကိုဆိုး​နေမိတာ ဘာဖြစ်လဲ ငယ်ရ~~
❤📲 : အင်း~🥺 ငယ်~ က​လေ ကို့ ကို များရီး(ကြီး) ချစ်တာ သိရားးး(လား)~~~
🖤📲 : သိတာ​ပေါ့ဗျာ.....
❤📲 : ကို့~ Jameက ပွဲခင်းထဲ Game ပြန်သွား​ဆော့​တော့မယ်တဲ့.....အာ့ က​လေး ခဏပြန်လိုက်သွား​ပေးလိုက်ဦးမယ်.....
🖤📲 : အင်း ငယ်~ ဖြည်းဖြည်းသွားကြဦး.....ကိုတို့လည်း မုန့်စားလို့ပြီးတာနဲ့ Wyaneကို​​ ချော့ဖို့လို့တစ်ချက်​ပြောရင်း ပွဲခင်းထဲလိုက်ခဲ့​မယ်.....
စာအပြန်အလှန်ဆက်သွယ်မှု​လေးကလည်း ရပ်တန့်သွားရင်း ချစ်ခြင်းတရားတို့ ​​ရောယှက်​နေတဲ့ ချိုမြိန်မှု​လေး​တွေက​တော့ အရပ်ရှစ်မျက်နှာ တစ်ခွင်လွှမ်းခြုံ​ပေးထားလို့~~~~
အ​ရောင်စပ်နည်း​တွေအရ အပြာရောင်နဲ့ အဝါ​ရောင်​ပေါင်းရင် အစိမ်း​ရောင်ရတယ်တဲ့~~~
နာကျင်​ကြေကွဲမှုတွေကို အပြာ​ရောင်နဲ့ ခိုင်းနှိုင်းရင် ​ပျော်ရွှင်စရာ​တွေဟာ အဝါ​ရောင်ပဲ​ပေါ့......
နာကျင်မှုတွေထဲကို ​ပျော်ရွှင်မှု​တွေ တဖန်ပြန်ဝင်​ရောက်လာတဲ့အခါ အပြုံး​တွေဟာ စက္ကန့်နဲ့အမျှ လတ်ဆတ်လာလိမ့်မယ်ဆိုတာကို ယုံကြည်ထားပါဗျ~~~
ကောက်​တော်မူ​နေတဲ့ စိတ်က​လေး​တွေကိုအချစ်​တွေနဲ့​ ချော့မြူတဲ့အခါ ​မြတ်နိုးတွယ်တာရသူ​တွေရဲ့ အပြုံး ကမ္ဘာ​ကျော် အနုပညာ​ပြချက်တွေ အရှုံး​ပေးရ​လောက်တဲ့အထိ အသက်ဝင်ပါ​​စေ~~~
#Starry
#Classiclove
Okumaya devam et
Bunları da Beğeneceksin
503K 7.6K 83
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
19K 414 38
❝𝖶𝗂𝗅𝗅 𝗍𝗁𝗂𝗌 𝗅𝖺𝗌𝗍 𝖿𝗈𝗋𝖾𝗏𝖾𝗋?❞ 𝖺𝗌𝗄𝖾𝖽 𝗁𝖺𝗋𝗋𝗒 𝗉𝗈𝗍𝗍𝖾𝗋. ❝𝖨𝖿 𝗒𝗈𝗎 𝗐𝖺𝗇𝗍 𝗎𝗌 𝗍𝗈, 𝗍𝗁𝖾𝗇 𝗍𝗁𝗂𝗌 𝗐𝗂𝗅𝗅 𝗅𝖺𝗌𝗍...
96.9K 5.1K 24
Exo's XingDae(yaoi) Cover- Aries LinLet Sky
173K 3.6K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...