Chapter 506 - မယုံကြည်သူ
ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်ကတော့ ယန်ချီကို အံ့အားမှင်သက်စွာနဲ့ ကြည့်နေခဲ့ပြီး အချိန်အတော်ကြာမှ သူ့ဆီကို သတိပြန်ဝင်လာခဲ့တယ်။
“မင်း. . . ဘယ်လိုဖြစ်ပြီး မင်းရဲ့ အမြန်နှုန်းက ဒီလောက် မြန်တာလဲ”
ရှီးချန်မြို့မှာ အစွမ်းအထက်ဆုံး လူတစ်ယောက်ဖြစ်တဲ့ ဝမ်မျိုးနွယ်စုခေါင်းဆောင် ဝမ်ချန်ချင်အနေနဲ့ ဒီလောက် မြန်ဆန်တဲ့ လူမျိုးကို တခါမှ မမြင်ဖူးပါဘူး။
“ပုံမှန်ပါပဲ။ ဒီလောက်ကြီး မမြန်ပါဘူး”
ယန်ချီက ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။
ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်လည်း နောက်ဆုံးမှာတော့ ယန်ချီအနေနဲ့ ဘာကြောင့် ဒီလောက်ယုံကြည့်မှု ရှိနေလဲဆိုတာ သိသွားခဲ့တယ်။ သူ့ဘေးမှာ ပေါ်လာတာက တကယ်ကို အစွမ်းထက်တဲ့ လှုပ်ရှားမှုပဲလေ။
စိတ်ဝိဉာဉ်ကုန်းမြေမှာ ကျင့်ကြံသူတွေ အများကြီး ရှိတယ်ဆိုတာ သူသိပါတယ်။ များစွာသော လူတွေက ကြည့်လိုက်ရင် အလွန်ငယ်ရွယ်ကြသော်လည်း သူတို့ရဲ့ အသက်တွေ ဘယ်လောက် ရှိလဲဆိုတာ မသိကြပါဘူး။
“ငါ အလေးအနက်ထားပြီး တိုက်ခိုက်မယ်”
ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်က ယန်ချီကို စူးစိုက်ကြည့်လိုက်ပြီး အေးစက်စက်ပြောလိုက်တယ်။
သူက သူ့ရဲ့ ဆက်နွယ်မှု လက်နက်ကို ဆင့်ခေါ်လိုက်တယ်။
ချက်ချင်းပင် စိတ်ဝိဉာဉ်ခုနှစ်ခု ရစ်ပတ်နေတဲ့ ဂျူယောင်တူ ထွက်ပေါ်လာခဲ့တယ်။
ဒါပေမယ့်လည်း ဒီစိတ်ဝိဉာဉ်လက်နက်တွေက စကားထဲ ထည့်ပြောစရာ အကြောင်းမရှိပါဘူး။
“ဒါက ငါ့ရဲ့ ဆက်နွယ်မှု လက်နက် ဂျူယောင်တူပဲ”
ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်က ယန်ချီကို ပြောလိုက်တယ်။
ယန်ချီက ဒီစကားကြောင့် မထူးခြားသလို ပြုံးလိုက်ပြီးပေမယ့် သူ့မျက်နှာပေါ်မှာတော့ မည်သည့်တုန်လှုပ်မှုမှ ရှိမနေခဲ့ပါဘူး။
“ဒီဆက်နွယ်မှု လက်နက်က ဆန်းကြယ်အဆင့် အဆင့်လေးသာသာပဲ။ တကယ်ကို အားနည်းတာပဲ”
ဝမ်မျိုးနွယ်ခေါင်းဆောင်က ဒီစကားကြောင့် အလွန် ဒေါသထွက်သွားခဲ့တယ်။
“အဲ့ဒါဆိုရင် မင်းရဲ့ ဆက်နွယ်ကို လက်နက်ကို ထုတ်လိုက်လေ။ ကြည့်ရအောင်”
ဝမ်မျိုးနွယ်က လူတိုင်းကလည်း ယန်ချီကို ဒေါသတကြီးစူးစိုက်ကြည့်လိုက်ကြတယ်။
သူတို့တွေက ဒီလောက်မောက်မာရဲတဲ့ သူရဲ့ ဆက်နွယ်မှုလက်နက်ကို မြင်ချင်ခဲ့ကြတယ်။
“တကယ်တော့ ငါက ဆက်နွယ်မှု လက်နက်ကို မထုတ်ပြချင်ဘူး”
“ဘာကြောင့်လဲ”
“ငါက မင်းကြောက်သွားမှာ စိုးလို့”
ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်နဲ့ ဝမ်မျိုးနွယ်က လူတိုင်းလည်း ဒီစကားကို ကြားတဲ့အခါ ပိုပိုပြီး ဒေါသထွက်လာခဲ့ကြတယ်။
“ထုတ်လိုက်စမ်းပါ”
ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်တစ်ယောက်အလွန်ဒေါသထွက်တဲ့ အသံနဲ့ အော်ဟစ်လိုက်တယ်။
“ဟား ဟား ”
ယန်ချီက ခေါင်းခါပြီး ရယ်မောလိုက်တယ်။
သူက သူရဲ့ ဆက်နွယ်မှုလက်နက်ကို အလွန်မြင်ချင်ကြပြီး သူ့တို့ရဲ့ ဆန္ဒကို မဖြည့်ဆည်းပေးဘူးဆိုရင် ပြစ်မှုတစ်ခုခုကျူးလွန်းသလို မြင်နေကြတဲ့ ဒီပုရွတ်ဆိတ်လေးတွေအကြောင်း တွေးတောမိလိုက်မိတယ်။
သူရဲ့ လက်က နောက်ကျောရှိ ဓါးလက်ကိုင်ရိုးပေါ် ရောက်သွားခဲ့တယ်။
“ဝှစ်”
ပုံမှန်မဟုတ်တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဓါးအလင်းတစ်ခုက ထွက်ပေါ်လာခဲ့တယ်။
သူက ဓါးသွားတစ်ထောင်မှော်ဓါးကို ဆွဲထုတ်လိုက်တာပါ။
“ဓါးဆွဲထုတ်မှတ် +၃၀”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ဝမ်မျိုးနွယ်က လူတိုင်းကတော့ ယန်ချီရဲ့ လက်ထဲက ဓါးသွားတစ်ထောင်မှော်ဓါးကို ကြည့်ပြီးနောက် အော်ဟစ်လိုက်မိတယ်။
ဘာကြောင့်လဲဆိုတော့ ဓါးသွားတစ်ထောင် မှော်ဓါးပေါ်မှာ အနီရောင်သုံးကွင်း ရှိနေတာကြောင့်ပါ။
အနီရောင်သုံးကွင်း . .။ ဒါက ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွယ်မှု လက်နက်ကို ဆိုလိုတာ မဟုတ်ဘူးလား။
ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်လည်း ယန်ချီရဲ့ လက်ထဲက ဆက်နွယ်မှုလက်နက်ကို ကြည့်ပြီး အံ့အားသင့်နေခဲ့ကြတယ်။ သူက မျက်လုံးကို မှိတ်လိုက်ပြီး အမြင်မှားနေသလားလို့ တွေးနေခဲ့တယ်။
သူက ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွယ်မှုလက်နက်ကို သေးငယ်တဲ့ ရှီးချန်မြို့မှာ မပြောနဲ့ ကောင်းကင်ကြယ်အင်ပါယာမှာတောင်ရှိတယ်လို့ မကြားဖူးပါဘူး။
“ငါ ပြောခဲ့တယ်လေ” ယန်ချီက ဝမ်မျိုးနွယ်ခေါင်းဆောင်ကို စူးစိုက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်တယ်။ “ငါရဲ့ ဆက်နွယ်မှုလက်နက်ကြောင့် မင်း ကြောက်လန့်သွားလိမ့်မယ်လို့ ။ ဘာကြောင့် မင်းက မယုံကြည်တာလဲ”
ဝမ်မျိုးနွယ်က လူတွေအားလုံးကတော့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့တွေအနေနဲ့ စကားတစ်ခွန်းကိုတောင် ဆုံးအောင် မပြောနိုင်တဲ့အထိ ထိတ်လန့်နေခဲ့ကြတယ်။
“ဟား ဟား ”
ရုတ်တရက် ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်က ယန်ချီကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်တယ်။
“မင်းရဲ့ ဆက်နွယ်မှု လက်နက်က တကယ်ကို ကြောက်မက်ဖွယ်ကောင်းပေမယ့်လည်း မင်းရဲ့စိတ်ဝိဉာဉ်လက်နက်က. . . .”
ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်ရဲ့ အမြင်မှာတော့ ယန်ချီအနေနဲ့ သူ့ရဲ့ စိတ်ဝိဉာဉ်လက်နက်က အားနည်းတာကြောင့် မပြချင်တာလို့ မြင်နေခဲ့တယ်။
“ငါ့ရဲ့ စိတ်ဝိဉာဉ်လက်နက်လား”
ယန်ချီက မထူးခြားသလို ထပ်ပြုံးလိုက်ပြီးဆက်ပြောလိုက်တယ်။ “ငါ့ရဲ့ စိတ်ဝိဉာဉ်လက်နက်က ပိုပြီး ကြောက်ဖို့ ကောင်းသေးတယ်”
ဝမ်မျိုးနွယ်က လူတွေအားလုံးကတော့ ဒီစကားကို ကြားပြီးနောက် သူတို့ရဲ့ မျက်နှာထက်မှာ ထိတ်လန့်တုန်လှုပ်မှုတွေ ပြည့်နှက်သွားကြတယ်။
ဘာကြောင့်လဲဆိုတော့ သူတို့အားလုံးက ယန်ချီ သူတို့ကို မလိမ်ဘူးလို့ ခံစားခဲ့ရတာကြောင့်ပါ။
“ငါတော့ မယုံကြည်ဘူး”
ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်တစ်ယောက်ကတော့ ကျယ်လောင်စွာ ပြောဆိုလိုက်တယ်။
ယန်ချီရဲ့ စိတ်ဝိဉာဉ်လက်နက်က ပိုပြီး အစွမ်းထက်လိမ့်မယ်လို့ သူ့အနေနဲ့ ဘယ်လိုမှကို မယုံကြည်နိုင်ပါဘူး။
🐼🐼🐼🐼🐼🐼🐼🐼🐼
Chapter 507 - သွားရမယ့် ခရီး
ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်မှတပါး ကျန်တဲ့ ဝမ်မျိုးနွယ်က လူတွေကတော့ ယန်ချီအနေနဲ့ သူတို့ကို မလိမ်ဘူးဆိုတာကို ယုံကြည်ကြတာကြောင့် ယန်ချီရဲ့စိတ်ဝိဉာဉ်လက်နက်တွေက ဘယ်လောက်ထိ အစွမ်းထက်လဲဆိုတာ မြင်ချင်ကြပါတယ်။
ဝမ်မျိုးနွယ်ကလူတွေအားလုံးရဲ့ မျက်နှာပေါ်က မျှော်လင့်နေတဲ့ အမူအယာကို ကြည့်လိုက်ပြီးနောက် ယန်ချီက တိတ်တဆိတ်ခေါင်းခါမိလိုက်တယ်။
ဘာကြောင့်များ သူ ပြောတာကို မယုံကြည်ကြတာလဲဆိုတာကို သူ သိချင်နေခဲ့တယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ယန်ချီကတော့ သူ့ရဲ့ စိတ်ဝိဉာဉ်လက်နက်တွေကို ဆင့်ခေါ်လိုက်တယ်။
“တိုက်ပွဲမီးတောက်ကျား”
“တိမ်လွှာနဂါးဓါး”
“သွေးသံမဏိ အရိုးလှံ”
“ကျားအာဏာရှင်ဓါး”
“ငရဲရေ နတ်ဆိုးလှံ”
“ကောင်းကင်ဘုံနဂါးဝိဉာဉ်”
“အိုး ဘုရားရေ . .. ”
ယန်ချီရဲ့ ခန္ဓာကိုယ်ပတ်လည်မှာ ရစ်ပတ်နေတဲ့ စိတ်ဝိဉာဉ်လက်နက်တွေကို မြင်ပြီးနောက်မှာတော့ ဝမ်မျိုးနွယ်က လူအားလုံး မိုးကြိုးအပစ်ခံလိုက်ရသလို ဖြစ်သွားခဲ့ရတယ်။
သူတို့ရဲ့ မျက်လုံးတွေက အပြူးကျယ်ဆုံးဖြစ်နေခဲ့ကြပြီး ပါးစပ်တွေကလည်း ပန်းကန်လုံးကြီး မြိုချနိုင်တဲ့အထိ အဟောင့်သား ဖြစ်နေခဲ့တယ်။
သူတို့တွေကို ကြည့်ရတာ ဒီလောကမှာ ဘယ်လိုမှ မဖြစ်နိုင်တာကြီးကို မြင်လိုက်ရသလို ဖြစ်နေခဲ့တယ်။
“အဲ့ဒါတွေ အားလုံးက ကောင်းကင်အဆင့် စိတ်ဝိဉာဉ်လက်နက်တွေမှတ်လား”
ဝမ်မျိုးနွယ်က စိတ်ဓါတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်မရှိတဲ့လူငယ်တွေကတော့ မြေပြင်ပေါ်ကို လဲပြိုကျသွားခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေက ဒီလို ထိတ်လန့်ဖွယ်ကောင်းတဲ့ အရာတွေကို မြင်လိုက်ရတာကြောင့်ပါ။
ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်လည်း အံ့သြမှင်သက်နေခဲ့ကြတယ်။
သူလည်း အချိန်အတော်ကြာတဲ့အထိ စကားကို ဆုံးအောင် မပြောနိုင်ခဲ့ပါဘူး။
“ငါ ပြောပါတယ်။ ငါ့စိတ်ဝိဉာဉ်လက်နက်တွေက ပိုပြီး အစွမ်းထက်တယ်လို့ .. ” ယန်ချီက ဝမ်မျိုးနွယ်အဖွဲ့ဝင်တွေကို တချက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်တယ်။ “ဘာကြောင့် မင်းတို့တွေက မယုံကြည်ကြတာလဲ”
ဝမ်မျိုးနွယ်ခေါင်ဆောင် ဝမ်ချန်ချင်လည်း ဒီမြင်ကွင်းကြောင့် ခါးသက်သက်ပြုံးလိုက်ပြီး မေးလိုက်တယ်။
“ဒါနဲ့ မင်းက .. . .”
ကောင်းကင်ကြယ်အင်ပါယာမှာ ယန်ချီလို လူမျိုးကို သူ သိလောက်ပါတယ်။
ကံကောင်းထောက်မစွာနဲ့ သူတို့ ဝမ်မျိုးနွယ်က ယန်ချီကို များစွာ မပြစ်မှားသေးဘူးလေ။ အဲ့ဒီလိုမှ မဟုတ်ရင် ယန်ချီရဲ့ နောက်ခံစွမ်းအားနဲ့ သူတို့ ဝမ်မျိုးနွယ်ကို ချက်ချင်းကို မြေပြင်ထိဆွဲချဖို့ ဘယ်လောက် ခက်ခဲမှာမဟုတ်ပါဘူး။
“ယန်ချီ .. ”
ယန်ချီက သူ့ရဲ့ နာမည်ကို ဖုံးကွယ်ထားစရာ အကြောင်း မရှိတာကြောင့် အမှန်အတိုင်း ပြောပြလိုက်တယ်။
“ယန်. . ယန်ချီလား. . . ”
ဝမ်မျိုးနွယ်က လူတိုင်းကတော့ ဒီနာမည်ကို ကြားလိုက်တော့ သူတို့တွေက တနေရာရာမှာ ကြားဖူးတယ်လို့ တွေးမိလိုက်ကြတယ်။
“ငါ မှတ်မိပြီး ယန်ချီက လင်ဂိုဏ်းရဲ့ အဓိက တပည့်ကြီးပဲ”
ရုတ်တရက် ဝမ်မျိုးနွယ်အကြီးအကဲတစ်ယောက်က ထိတ်လန့်တကြားရေရွတ်လိုက်မိတယ်။
“ဝိုး. . . ”
ဝမ်မျိုးနွယ်အကြီးအကဲရဲ့ စကားဆုံးသွားတဲ့အခါ ဝမ်မျိုးနွယ်က လူတွေကြားမှာ အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ကြတယ်။
“လင်ဂိုဏ်းရဲ့ အဓိက တပည့်ကြီးလား”
“အဲ့ဒါဆိုရင် သူ့ခန္ဓာကိုယ်ပတ်လည်မှာ ရစ်ပတ်နေတဲ့ ခြေသည်းငါးခု ရွှေရောင်နဂါးက. . . ”
“ကောင်းကင်ဘုံနဂါးဝိဉာဉ်ပဲ … ”
ယန်ချီလည်း အနည်းငယ် အံ့အားသင့်နေခဲ့တယ်။
ရှီးချန်က လူတွေအနေနဲ့သူ့နာမည်ကို သိလိမ့်မယ်လို့ သူလည်း မမျှော်လင့်ထားမိပါဘူး။
သူနဲ့ ဆက်ပြီး ဘယ်သူက တိုက်ခိုက်ရဲဦးမှာလဲ။
“ငါ မင်းကို အနောက်ဖက် မရဏတောင်တန်းဆီကို သွားဖို့ လမ်းပြဖို့အတွက် ငါ့ရဲ့ အကြောင်းပြချက်က မင်း မငြင်းနိုင်ဘူးမှတ်လား” ယန်ချီက ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်ကို ကြည့်ပြီး ဆက်မေးလိုက်တယ်။ “ငါ့ရဲ့ ဆက်နွယ်မှုလက်နက်နဲ့ စိတ်ဝိဉာဉ်လက်နက်တွေက မင်း မငြင်းနိုင်တဲ့ အကြောင်းပြချက်မဟုတ်ဘူးလား”
“ဖောက် ဖောက် ”
ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်လည်း ယန်ချီကို လင်ဂိုဏ်းရဲ့ အဓိကတပည့်ကြီးဆိုတာ သိသွားပြီးနောက် သူ ကြောက်လန့်သွားခဲ့တယ်။
သူနဲ့ ရင်ဆိုင်ရမှာက လင်ဂိုဏ်းလေ။
လင်ဂိုဏ်းဆိုတာ ကောင်းကင်ကြယ်အင်ပါယာတစ်ခုလုံးမှာ အစွမ်းအထက်ဆုံးဂိုဏ်းတစ်ခုလေ။
ဂိုဏ်းခေါင်းဆောင် ကျန်ဝူယီကလည်း ကောင်းကင်ကြယ်အင်ပါယာနဂါးစာရင်းမှာ ဒုတိယမြောက်အစွမ်းအထက်ဆုံးလူတစ်ယောက်ဖြစ်နေတယ်။
ဒီလိုအဆင့်အတန်းမျိုးက သူ့ရဲ့ ဝမ်မျိုးနွယ်ကို ဖျက်ဆီးဖို့က လွယ်ကူလွန်းပါတယ်။
“ကောင်းပြီလေ။ ဒါဆိုရင်လည်း အခုပဲ အနောက်ဖက် မရဏတောင်တန်းကို သွားကြတာပေါ့”
ယန်ချီက ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်ကို ကြည့်ပြီး ဖြေးညှင်းစွာ ပြောလိုက်တယ်။
ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်လည်း ဒီစကားကြောင့် မှင်သက်သွားခဲ့တယ်။
“ယန်ချီ အခုက နောက်ကျနေပြီလေ။ ညဖက်ဆိုရင် အနောက်ဖက် မရဏတောင်တန်းက ကြောက်စရာ အကောင်းဆုံးပဲ။ မနက်ဖြန်ကျမှ သွားရအောင်လေ”
ယန်ချီလည်း ဒီစကားကြောင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ နေက တဝက်ပဲ ရှိနေတာကို မြင်တွေ့လိုက်ရပြီး ကောင်းကင်ကြီးကလည်း သွေးရောင်လွှမ်းနေတာကို သတိပြုမိလိုက်တယ်။
“ကောင်းပြီလေ”
ယန်ချီလည်း လက်ခံလိုက်တယ်။
ယန်ချီ သဘောတူလိုက်တာကို မြင်တော့ ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်ရဲ့ မျက်နှာထက်မှာ ပျော်ရွှင်မှုတွေ ပေါ်လာခဲ့တယ်။
ယန်ချီက သူ့ကို အခုချက်ချင်း အနောက်ဖက် မရဏတောင်တန်းကို ခေါ်သွားမှာကို ကြောက့်ရွံ့နေခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာလည်း အသက်တစ်ချောင်းပဲ ရှိတာပါ။
🐼🐼🐼🐼🐼🐼🐼🐼
Chapter 508 - ဒီကိစ္စတွေက နောက်တော့ ရိုးသွားမှာပါ
ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်က ယန်ချီနဲ့ သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာတို့ကို ဝမ်မျိုှးနွယ်စံအိမ်ထဲကို ဖိတ်ကြားလိုက်တယ်။
ခန်းမကြီးထဲ ရောက်တဲ့အခါ ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်က အကြီးအကဲတွေအားလုံးကို အပြင် ထွက်ခိုင်းလိုက်တယ်။
အကြီးအကဲတွေ အပြင်ထွက်သွားပြီးနောက် ဝမ်ချန်ချင်က ယန်ချီနဲ့ သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာတို့နှစ်ဦးကို ကြည့်ပြီး မေးလိုက်တယ်။
“ယန်ချီ အနောက်ဖက် မရဏတောင်တန်းဆိုတာ ကောင်းကင်ကြယ်အင်ပါယာမှာ အစွမ်းအထက်ဆုံး နတ်ဆိုးသားရဲတွေ စုဝေးတဲ့ နေရာဆိုတာ သိရဲ့လား ”
“သိတယ်လေ”
ယန်ချီက ခေါင်းညိတ်လိုက်တယ်။
“အဲ့ဒါဆို ဘာဖြစ်လို့ အနောက်ဖက် မရဏတောင်တန်းကို သွားချင်ရတာလဲ”
“ကိစ္စရှိလို့ပေါ့”
ယန်ချီက ဖြေးညှင်းစွာ ပြန်ပြောလိုက်တယ်။
ဒီစကားကြောင့် ဝမ်မျိုးနွယ်စုခေါင်းဆောင် ဝမ်ချန်ချင်တစ်ယောက် အံ့အားသင့်သွားရတယ်။ ယန်ချီရဲ့ အဖြေက ဒီလို ဖြစ်လိမ်မယ်လို့ သူ မထင်ထားမိဘူးလေ။
“အနောက်ဖက် မရဏတောင်တန်းက အလွန်တရာ အန္တရယ်များတာကို မင်းမှာ ဘယ်လို ကိစ္စရှိလို့ . . .”
ဝမ်ချန်ချင်က ယန်ချီနဲ့ သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာတို့ကို အနောက်ဖက် မရဏတောင်တန်းကို မသွားဖို့ တားမြစ်ချင်နေခဲ့တယ်။
“အင်း ကိစ္စမရှိပါဘူး။ မင်း အနောက်ဖက် မရဏတောင်တန်းက ဘယ်လောက်အန္တရယ်များများ လိုက်ပို့ရမှာပဲ”
ယန်ချီက ပြောလိုက်တယ်။
ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်လည်း ဒီစကားကို ကြားတော့ အံ့အားသင့်သွားခဲ့ပြီး ပြောမယ့် စကားကိုတောင် ပြန်မြိုချလိုက်ရတယ်။
ဒါပေမယ့် အနောက်ဖက် မရဏတောင်တန်းမှာ ကြောက်စရာ မကောင်းတဲ့ နေရာ မရှိဘူး“”
ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်ရဲ့ စကားတွေကို ကြားပြီးနောက် ယန်ချီက ဝမ်ချန်ချင်အနေနဲ့ ထိတ်လန့်နေကြောင်း သိလိုက်တယ်။
အဲ့ဒါကြောင့် သူက ပြုံးလိုက်ပြီးနောက် ဝမ်ချန်ချင်ကို ပြောလိုက်တယ်။
“သူ ဘယ်သူလဲ မင်း သိလား”
“သူက ဘယ်သူလဲ”
ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်က သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာကို ကြည့်လိုက်ပြီး သိချင်စိတ်နဲ့ မေးလိုက်တယ်။
“စီနီယာ ကျွန်တော် ပြောလိုက်ရမလား”
ယန်ချီက သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာရဲ့ အမြင်ကို အရင်ဆုံးမေးမြန်လိုက်တယ်။
“အင်း ပြောလိုက်လေ”
သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာက ခေါင်းညိတ်လိုက်တယ်။
“သူက ကောင်းကင်ကြယ်အင်ပါယာမှာ အစွမ်းအထက်ဆုံးလူပဲ”
ယန်ချီက ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်ကို ပြောလိုက်တယ်။
“အင်ပါယာယီယွင်လား . . .”
ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်လည်း ဒီစကားကြောင့် မှင်သက်သွားခဲ့ရတယ်။ သူက အင်ပါယာ ယီယွင်ကို မြင်ဖူးတာကြောင့် သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာရဲ့ အသွင်က အင်ပါယာယီယွင်မဟုတ်မှန်း သိပါတယ်။
ယန်ချီက ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်ရဲ့ စကားကို ကြားပြီးနောက်ရယ်မောလိုက်တယ်။
“အင်ပါယာ ယီယွင် မဟုတ်ဘူး”
“အင်ပါယာယီယွင် မဟုတ်ဘူးလား . ..”
ဝမ်မျိုးနွယ်ခေါင်းဆောင်ဝမ်ချန်ချင်လည်း ယန်ချီရဲ့ စကားကြောင့် အံ့အားသင့်သွားရတယ်။ ကောင်းကင်ကြယ်အင်ပါယာမှာ အစွမ်းအထက်ဆုံးက အင်ပါယာမဟုတ်ဘူးလားလို့ တွေးမိလိုက်တယ်။
သူက ယန်ချီကို အံ့သြတဲ့အမူအယာနဲ့ ကြည့်လိုက်တယ်။
“မင်း အနေနဲ့ ” ယန်ချီက ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်ကို ကြည့်လိုက်ပြီး ဆက်မေးလိုက်တယ်။ “မင်း သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာကို ကြားဖူးလား”
“ဘာ .. ”
ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်က ဒီစကားတွေကို ကြားပြီးနောက်မှာ သူ့တစ်ကိုယ်လုံး တုန်ယင်သွားခဲ့ရတယ်။ သူ့အနေနဲ့ မမျှော်လင့်ထားတဲ့ စကားကို ကြားလိုက်ရသလို ဖြစ်နေခဲ့တယ်။
“သတ် .. သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာလား. .. .”
ဝမ်ချန်ချင်တစ်ယောက် ဒီနာမည်ကြောင့် တုန်လှုပ်နေခဲ့တယ်။
အချိန်အတော်ကြာပြီးနောက်မှာတော့ ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်က သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာကို ထိတ်လန့်စွာနဲ့ ကြည့်လိုက်မိတယ်။
“မင်း. . မင်း က သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာလား. . ”
“ဒါက ဘာများ မှားစရာ ရှိလို့လဲ”
သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာက ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်ကို ကြည့်ပြီး ဖြေလိုက်တယ်။
ဒီစကားကြောင့် ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်တစ်ယောက် လုံးဝကို တုန်လှုပ်သွားတာကြောင့် စကားကိုတောင် ဆုံးအောင် မပြောနိုင်တော့ပါဘူး။
“ဒုန်း. .”
ရုတ်တရက် ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်တစ်ယောက် ကြမ်းပြင်ပေါ်ကို ဖင်ထိုင်ကျသွားခဲ့တယ်။
သူ့မျက်နှာထက်မှာလည်း ကြောက်လန့်မှုတွေ ပြည့်နှက်နေခဲ့တယ်။
ယန်ချီရဲ့ ဘေးမှာ ရှိနေတဲ့ အဖိုးအိုက သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာ ဖြစ်လိမ့်မယ်လို့ သူ တစ်ခါမှ မထင်မိပါဘူး။
ဒီလိုပုဂ္ဂိုလ်က သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာလေ။
ဒီအကြောင်းကို တွေးမိလိုက်တော့ ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်တစ်ယောက် နေရာမှာတင် ကျောက်ရုပ်အလား ဖြစ်သွားခဲ့ရတယ်။
“မင်း ထိတ်လန့်သွားတာလား”
ယန်ချီက ထိတ်လန့်နေတဲ့ ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်ကို ကြည့်ပြီး မေးလိုက်တယ်။
တကယ်ကို ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်တစ်ယောက် လုံးဝကို ထိတ်လန့်မိနေတာပါ။
ဒီလူက တကယ်ကို သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာလား။
စိတ်ဝိဉာဉ်အင်ပါယာ တစ်ယောက်က သူ့အရှေ့မှာ ဒီလိုပဲ ရောက်လာတာလား။
“ငါ မင်းကို ပြောချင်တာကတော့ ဘယ်တော့မှ မထိတ်လန့်နဲ့။ ဘာကြောင့်လဲဆိုတော့ ငါလုပ်တဲ့ အရာရာတိုင်းက မင်းကို ဆယ်ရက်ဆယ်ညတိုင်အောင် ထိတ်လန့်တဲ့ ကိစ္စတွေပဲ”
ဝမ်ချန်ချင်က ဒီစကားကို ကြားတဲ့အခါ သူက ပိုပြီး ထိတ်လန့်သွားမိတယ်။
ဘာကြောင့်လဲဆိုတော့ ဒီစကားတွေက သူ့ကို အထိတ်လန့်ဆုံးဖြစ်စေခဲ့တာပါ။
ဝမ်ချန်ချင်ရဲ့ ထိတ်လန့်နေတဲ့ မျက်နှာကို ကြည့်ပြီး ယန်ချီက တိတ်တဆိတ် သက်ပြင်းချမိလိုက်တယ်။
🐼🐼🐼🐼🐼🐼🐼🐼🐼
Chapter 509 - အဆင့်မရှိတဲ့ သားရဲတွေပါ
နောက်တနေ့ နေရောင်က အရှေ့အရပ်ကနေ ထွက်ပေါ်လာခဲ့တယ်။
ယန်ချီ သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာနဲ့ ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်တို့သုံးယောက်က အနောက်ဖက် မရဏတောင်တန်းဆီကို ဦးတည်ထွက်လာခဲ့ကြတယ်။
အနောက်ဖက် မရဏတောင်တန်း ဆိုတာ နတ်ဆိုးသားရဲတွေ အများဆုံး စုဝေးတဲ့ နေရာတစ်ခုဖြစ်ပြီး ကောင်းကင်ကြယ်အင်ပါယာက လူသားတွေအားလုံးကို မသွားဖို့ တားမြစ်ထားတဲ့ နေရာတစ်ခုပါ။
ရှီးချန်မြို့ကတော့ အနောက်ဖက် မရဏတောင်တန်းနဲ့ အနီးဆုံး မြို့တစ်မြို့ပါ။
သိပ်မကြာသေးခင်တုန်က အနောက်ဖက် မရဏတောင်တန်းမှာ ရှိတဲ့ နတ်ဆိုးသားရဲတွေက ရွာဆယ်ရွာကိုကျူးကျော်သတ်ဖြတ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိမှုတွေ အများအပြားရရှိခဲ့တဲ့အပြင် သွေးတွေကလည်း မြစ်တွေအလား စီးဆင်းသွားခဲ့တယ်။
သိပ်မကြာခင်မှာပဲ သူတို့သုံးယောက်က အနောက်ဖက် မရဏတောင်တန်းအခြေကို ရောက်လာခဲ့ကြတယ်။
အနောက်ဖက် မရဏတောင်တန်းဆိုတာ တောင်တန်းကြီး တစ်ခုပါ။
သူအရှေ့မှာမြင်နေရတဲ့ နတ်ဆိုးအရှိန်အဝါတွေ သိပ်သည်းနေတဲ့ တောင်တန်းကြီးကို ကြည့်ပြီး ယန်ချီတစ်ယောက် အနည်းငယ် ထိတ်လန့်သွားမိတယ်။
သူ့အနေနဲ့ ဒီလို သိပ်သည်းတဲ့ နတ်ဆိုးအရှိန်အဝါကို အရင်က တခါမှ မခံစားဖူးဘူး။
ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်လည်းငယ်ရွယ်စဉ်ကတည်က အနောက်ဖက် မရဏတောင်တန်း ကို ဝင်ရောက်ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက သူ့အနေနဲ့ ရှီးချန်မြို့မှာ အစွမ်းအထက်ဆုံး ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ဘယ်သူကိုမှ ဂရုမစိုက်ခဲ့ပါဘူး။
သူ့ရဲ့ စွမ်းအားနဲ့ အနောက်ဖက် မရဏတောင်တန်းကို ဝင်ရောက်ခဲ့တယ်။
အနောက်ဖက် မရဏတောင်တန်းကို ဝင်ရောက်သွားပြီးနောက် သူ့အနေနဲ့ စိတ်ထဲမှာ အကြိမ်တရာမက နောင်တတွေ ရသွားခဲ့တယ်။
ယန်ချီလည်း အခုအချိန်မှာ သူ့လိုမျိုး ဖြစ်လိမ့်မယ်ဆိုတာ သိနေခဲ့တယ်။ ယန်ချီမှာ သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာရဲ့ အကာအကွယ်ရှိနေပေမယ့်လည်း အနောက်ဖက် မရဏတောင်တန်းက အလွန်အန္တရယ်များတဲ့ နေရာတစ်ခုဖြစ်နေတုန်းပါ။
“တောင်ပေါ်တက်ကြစို့”
ယန်ချီက သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာနဲ့ ဝမ်ချန်ချင်ကို ပြောလိုက်တယ်။
“ဒင် အထူးရတနာသေတ္တာရရှိတဲ့အတွက်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်”
ရုတ်တရက် ယန်ချီရဲ့ စိတ်ထဲမှာ စနစ်ရဲ့ အသံ ထွက်ပေါ်လာခဲ့တယ်။
ယန်ချီလည်း အထူးရတနာသေတ္တာရရှိတဲ့အတွက် အံ့အားသင့်သွားခဲ့တယ်။
ယန်ချီက တွေးတောခြင်းမရှိပဲ သူ ရရှိထားတဲ့ အထူးရတနာသေတ္တာကို ဖွင့်လိုက်တယ်။
သူ့စိတ်ထဲက အထူးရတနာသေတ္တာက ပွင့်သွားခဲ့တယ်။
“အထူးနတ်ဘုရား တိုက်ခိုက်ရေးစွမ်းအားကို နာရီဝက်အကြာ အသုံးပြုခွင့်ရရှိခြင်း”
“အထူးနတ်ဘုရားရဲ့ တိုက်ခိုက်ရေးစွမ်းအား .. . တစ်ယောက်ယောက်ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို အဆင့် ၉၉ စိတ်ဝိဉာဉ်အင်ပါယာအထိ တိုးမြင့်ပေးနိုင်ခြင်း”
ဟူး. . .
အထူးနတ်ဘုရားရဲ့ တိုက်ခိုက်ရေးစွမ်းအားအကြောင်းကို ဖတ်ကြည့်ပြီးနောက် ယန်ချီတစ်ယောက် ပင့်သက်ရှိုက်မိလိုက်တယ်။
အဆင့် ၉၉ စိတ်ဝိဉာဉ်အင်ပါယာ အဆင့်အဖြစ် တိုးမြင့်သွားခဲ့ရင် အဲ့ဒီလူက အလွန် ကြောက်မက်ဖွယ်ကောင်းသွားမှာပါ။
အသုံးပြုချိန်က နာရီဝက်ဆိုပေမယ့်လည်း လုံလောက်စွာ အသုံးပြုချိန်ရနိုင်ပါတယ်။ ဒီစွမ်းအားနဲ့ဆိုရင် အနောက်ဖက် မရဏတောင်တန်း ပေါ်မှာ စိတ်အေးလက်အေး သွားလာလှုပ်ရှားလို့ ရပါတယ်။
ချက်ချင်းပင် သူတို့သုံးယောက်က တောင်တန်းတွေပေါ် စတင် တက်ခဲ့ပါတယ်။
“ဒီတောင်တန်းရဲ့ မြောက်ဖက်အပိုင်းက နတ်ဆိုးသားရဲတွေ အနည်းဆုံး နေရာပဲ။ ငါတို့တွေ အနောက်ဖက်ကနေ .. . ”
ဝမ်ချန်ချင်ရဲ့ စကားပြောလို့ မဆုံးခင်မှာပဲ ယန်ချီက ကြားဖြတ်ပြောလိုက်တယ်။
“မလိုပါဘူး။ အရှေ့အရပ်ကနေ သွားမယ်”
ယန်ချီက ဖြေးညှင်းစွာ ပြောလိုက်တာပါ။
မြောက်ဖက်အရပ်ကနေ မသွားရတဲ့ အကြောင်းပြချက်ကတော့ ဟင်းလင်းပြင်ကြေးမုံဘုရင်ရဲ့ ဒုတိယအစိတ်အပိုင်းက အရှေ့အရပ်မှာ ရှိနေတာကြောင့်ပါ။
ယန်ချီက ဒီလို ပြောလိမ့်မယ်လို့ ဝမ်မျိုးနွယ်ခေါင်းဆောင်ဝမ်ချန်ချင်တစ်ယောက် မထင်ထားမိပါဘူး။ သူ့အနေနဲ့ မဖြစ်နိုင်တာတစ်ခုကို ကြားလိုက်ရသလို ခံစားလိုက်မိတယ်။
“ဘာတွေ ဖြစ်လို့လဲ”
ယန်ချီက ဝမ်မျိုးနွယ်စုခေါင်းဆောင် ဝမ်ချန်ချင်ကို ကြည့်ပြီး မေးလိုက်တယ်။
“အနောက်ဖက် မရဏတောင်တန်းအရှေ့အရပ်မှာ ရှိတဲ့ နတ်ဆိုးသားရဲတွေက အစွမ်းထက်ပြီး များပြားတယ်”
ဝမ်ချန်ချင်က ယန်ချီကို အံ့အားသင့်စွာ ကြည့်ပြီး ပြောလိုက်တယ်။
“အင်း အဆင်ပြေပါတယ်”
ယန်ချီက ဘာမှမဖြစ်သလို ပြောလိုက်တယ်။
အခုဆိုရင် သူ့မှာ အထူးနတ်ဘုရားတိုက်ခိုက်ရေးစွမ်းအားတွေ ရှိနေခဲ့ပြီး သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာလည်း ရှိနေတယ်လေ။
“ဒါပေမယ့် .. ”
ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်က ယန်ချီရဲ့ဘေးက သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာကို ကြည့်လိုက်တော့ သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာရဲ့ မျက်နှာပေါ်မှာ အမူအယာမှ ပြောင်းလဲခြင်းမရှိတာကို မြင်လိုက်ရတယ်။
သူ့အနေနဲ့ အစောပိုင်းမှာ သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာကို ယန်ချီအားတားဆီးဖို့ ပြောချင်ပေမယ့်လည်း ကြည့်ရတာ သူ တားနိုင်စွမ်း ရှိပုံမရဘူးဆိုတာ သိလိုက်တယ်။
နောက်ဆုံးတော့ ကူကယ်ရာမဲ့စွာနဲ့ ဝမ်ချန်ချင်လည်း ယန်ချီတို့အနောက်ကနေ အရှေ့ဖက်အရပ်ဆီကို ဦးတည်သွားခဲ့တယ်။
“ဝေါင်း”
သူတို့တွေ ထွက်ခွာပြီး မကြာခင်မှာပဲ များပြားလှတဲ့ ဝံပုလွေ အသွင် နတ်ဆိုးသားရဲတွေကို မြင်လိုက်ရတယ်။
ဒီဝံပုလွေအသွင် နတ်ဆိုးသားရဲတွေက ရာချီအောင်မျာပြားပြီး သူတို့ရဲ့ မျက်လုံးတွေကလည်း ကြက်သွေးရင့်ရောင်သန်းနေခဲ့ကာ အစွယ်များ ပေါ်သည့်အထိ မာန်ဖီနေကြတယ်။ သူတိုကို မြင်ရတာ ထိတ်လန့်ဖွယ်ဖြစ်နေခဲ့တယ်။
“သွေးဆာနေတဲ့ နတ်ဆိုးဝံပုလွေ . .”
ဒီဝံပုလွေတွေကို မြင်လိုက်တော့ ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်ရဲ့ မျက်နှာပေါ်မှာ အလွန်ထိတ်လန့်တဲ့ အမူအယာတွေ ပေါ်လာခဲ့တယ်။
သူ့အရှေ့မှာ ရှိတဲ့ နတ်ဆိုးသားရဲတွေကို ကြည့်ပြီး ယန်ချီအနေနဲ့ ဒီသွေးဆာနေတဲ့ နတ်ဆိုးဝံပုလွေတွေက စကားထဲ ထည့်ပြောဖို့တောင် အစွမ်းထက်သူတွေ မဟုတ်ပဲ အလွန်တရာအားနည်းတဲ့ သူတွေလို့ သိလိုက်တယ်။
သူက ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ချန်ချင်ကို ကြည့်လိုက်ပြီး ပြောလိုက်တယ်။ “ဒီကောင်တွေက ကြောက်ရွံ့ဖို့ ထိုက်တန်တဲ့ ကောင်တွေ မဟုတ်ဘူး။ သတ်ကြမယ်”
စကားသံဆုံးသွားတာနဲ့ ယန်ချီက နောက်ကျောမှာ ရှိတဲ့ ဓါးသွားတစ်ထောင်မှော်ဓါးကို ဆွဲထုတ်လိုက်တယ်။
🐼🐼🐼🐼🐼🐼🐼
Chapter 510 - သွေးဆာတဲ့ နတ်ဆိုးဝံပုလွေတွေကို သတ်ဖြတ်ခြင်း
ဝမ်ချန်ချင်က ယန်ချီရဲ့ လက်ထဲက ဓါးသွားတစ်ထောင်မှော်ဓါးကို ကြည့်ပြီး ဒီ ဆက်နွယ်မှု လက်နက်က ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွယ်မှု လက်နက်မှန်း သိလိုက်တယ်။
ဒါပေမယ့် သူက ဓါးသွားတစ်ထောင်မှော်ဓါးရဲ့ အစွမ်းကို မသိသေးပါဘူး။
ရာချီတဲ့ သွေးဆာနေသော နတ်ဆိုးဝံပုလွေတွေက ယန်ချီ၊ သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာနဲ့ ဝမ်ချန်ချင်တို့ကို စူးစိုက်ကြည့်နေခဲ့ပြီး အချိန်မရွေးတိုက်ခိုက်တော့မယ့် အသွင်ဖြစ်နေခဲ့တယ်။
ဝမ်ချန်ချင်က ယန်ချီရဲ့ လက်ထဲ့ ဓါးသွားတစ်ထောင်မှော်ဓါးကို အံ့အားသင့်စွာ ကြည့်နေခဲ့တယ်။ ဓါးသွားတစ်ထောင်မှော်ဓါးကို ကြည့်ပြီး သူ့ကိုယ်သူ ထိန်းချုပ်မရအောင် ဖြစ်နေတယ်လို့ ခံစားမိနေခဲ့တယ်။
သူသာ ဒီဓါးနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ အသက်ရှင်လွှတ်မြောက်ဖို့ မဖြစ်နိုင်ဘူးလို့ တွေးမိလိုက်တယ်။
“ဝေါင်း”
ရုတ်တရက် သွေးဆာနေသော နတ်ဆိုးဝံပုလွေတွေက ဟိန်းဟောက်လိုက်တယ်။
သွေးဆာနေတဲ့ နတ်ဆိုးဝံပုလွေတွေရဲ့ ဟိန်းဟောက်သံဆုံးသွားတဲ့အခါ ယန်ချီတို့ သုံးယောက်ဆီကို အပြေးအလွှာ းဝင်ရောက်လာခဲ့တယ်။
သွေးဆာနေတဲ့ နတ်ဆိုးဝံပုလွေတွေ ပြေးဝင်လာတာကို မြင်တော့ ယန်ချီက လက်ထဲမှာ ရှိတဲ့ ဓါးသွားတစ်ထောင်မှော်ဓါးကို မြောက်လိုက်တယ်။
ဓါးသွားတစ်ထောင်မှော်ဓါးပေါ်မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှတဲ့ ဓါးအလင်းတွေ စုစည်းလာခဲ့ပြီး တကယ်ကို ထိတ်လန့်ဖွယ်ကောင်းနေခဲ့တယ်။
ရုတ်တရက် ဓါးက အောက်ကို ကျဆင်းလာခဲ့တယ်။
“ဝှစ်”
ကြောက်လန့်ဖွယ်ဓါးအလင်းတစ်ခုက ပြေးထွက်သွားခဲ့တယ်။
“”ယန်ချီကတော့ ဒီလို ရာချီသော သွေးဆာနေတဲ့ နတ်ဆိုးဝံပုလွေတွေကို ပုရွတ်ဆိတ်တွေအလား မြင်နေခဲ့တယ်။
ကြောက်မက်ဖွယ်ဓါးအလင်း ဖြတ်သွားတဲ့ နေရာတိုင်းမှာ မုန်တိုင်းကျသလို ဖြစ်သွားခဲ့ရတယ်။
ပြေးဝင်လာတဲ့ သွေးဆာနေသော နတ်ဆိုးဝံပုလွေတွေအားလုံး သေသူသေ ဒဏ်ရာ ရသူ ရဖြစ်သွားကုန်ကြတယ်။
ကျန်တဲ့ သွေးဆာနေတဲ့ နတ်ဆိုးဝံပုလွေတွေက ဒီမြင်ကွင်းကြောင့် မှင်သက်သွားခဲ့ရတယ်။ သူတို့တွေက ဒီလူတွေ သွားရှုပ်လို့ မရတဲ့ သူမှန်း သိလိုက်တယ်။
ဝမ်ချန်ချင်လည်း ဒီလောကမှာ မဖြစ်နိုင်တာ တစ်ခုကို မြင်လိုက်ရသလို ကျောက်ရုပ်အလား ဖြစ်သွားခဲ့ရတယ်။
အခုဆိုရင် ယန်ချီရဲ့ ဓါးကွက်တွေက အလွန် ကြောက်မက်ဖွယ်ကောင်းနေခဲ့တယ်။
ဝမ်ချန်ချင်က မွေးကတည်းကနေ အခုအချိန်ထိ ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ ဓါးအလင်းကို မမြင်ဖူးဘူးဆိုတာ ကျိန်ဆိုရဲပါတယ်။
ရုတ်တရက် ဝမ်ချန်ချင်တစ်ယောက် တိတ်တဆိတ် ကြောက်လန့်သွားခဲ့ပြီး သူ့တစ်ကိုယ်လုံး ချွေးစေးတွေ ထွက်ကျလာခဲ့တယ်။
သူ့အနေနဲ့ ဝမ်မျိုးနွယ်စံအိမ်အပြင်မှာတုန်းက ကံကောင်းထောက်မစွာနဲ့ ယန်ချီကို များစွာ မပြစ်မှားမိခဲ့လို့ပေါ့။ အဲ့ဒီလိုသာ မဟုတ်ရင် ဘယ်သူလိုလုပ်ပြီး သူက အသက်ရှင်နိုင်မှာလဲ။
“သွေးဆာနေတဲ့ နတ်ဆိုးဝံပုလွေ အကောင် ၂၀၀ ကို သတ်ဖြတ်ခြင်း ဓါးဆွဲထုတ်မှတ် +၁၀၀၀၀၀”
စနစ်ရဲ့ အသံက ယန်ချီရဲ့ စိတ်ထဲ ပေါ်လာခဲ့တယ်။
ဓါးဆွဲထုတ်မှတ် တစ်သိန်းဆိုတာ အခုဆိုရင် ယန်ချီအတွက် နှမ်းတစ်စေ့တောင် ဖြစ်နေခဲ့ပါပြီ။
ကျန်ရှိနေတဲ့ သွေးဆာနေတဲ့ဝံပုလွေတွေက ယန်ချီရဲ့ အလွန်တရာ အစွမ်းထက်ပုံကို မြင်ပြီးနောက် အလွန် ကြောက်လန့်နေခဲ့တယ်။
သူတို့တွေသာ ယန်ချီကို အလွန်အစွမ်းထက်ကြောင်း သိနေခဲ့မယ်ဆိုရင် ယန်ချီကို သေချာပေါက် ပစ်မှားမိမှာ မဟုတ်ပါဘူး။
ဒါပေမယ့် အခုတော့ သူတို့ နောက်ကျသွားခဲ့ပါပြီ။
“ဝှစ် ”
ရုတ်တရက် ဝမ်ချန်ချင်ရဲ့ မျက်လုံးက အေးစက်စက်အလင်း ဖျတ်ခနဲ့ လက်သွားတာကို မြင်လိုက်ရတယ်။
ယန်ချီက ကောင်းကင်အဆင့် အဆင့်နိမ့် စိတ်ဝိဉာဉ်နည်းစနစ် လျှပ်စီးခြေလှမ်းကို အသုံးပြုလိုက်မှန်း သူ သိလိုက်တယ်။
ယန်ချီရဲ့ အရင်ရပ်နေခဲ့တဲ့ နေရာမှာတော့ ပုံရိပ်ယောင်သာ ကျန်ခဲ့တယ်။
ယန်ချီက အရင် ရပ်နေတဲ့ နေရာမှာ မရှိတာကို သွေးဆာနေတဲ့ နတ်ဆိုးဝံပုလွေတွေက မြင်လိုက်ကြတော့ သူတို့ရဲ့ ဝိဉာဉ်တွေ လွင့်ထွက်သွားမတက် ကြောက်လန့်သွားကြတယ်။
သူတို့တွေက ဒီနေရာကနေ အသက်ရှင် လွတ်မြောက်ချင်ကြပေမယ့်လည်း ယန်ချီက ဘယ်လိုလုပ်ပြီး သူတို့ကို လွတ်မြောက်ခွင့်ပေးမှာလဲ။
“ဝှစ် ဝှစ် ”
ယန်ချီက လက်ထဲမှာ ဓါးသွားတစ်ထောင်မှော်ဓါးကို ကိုင်ပြီး နေရာတိုင်းကို လှုပ်ရှားသွားလာနေကာ များပြားလှတဲ့ နတ်ဆိုးဝံပုလွေတွေကို သတ်ဖြတ်နေခဲ့တယ်။
သိပ်မကြာခင်မှာပဲ လက်ကျန် နတ်ဆိုးဝံပုလွေတွေအားလုံး အသက်ပျောက်သွားကြတယ်။
“နတ်ဆိုးဝံပုလွေ အကောင် ၁၅၀ ကို သတ်ဖြတ်ခြင်း ဓါးဆွဲထုတ်မှတ် +၇၅၀၀၀”
စနစ်ရဲ့ အသံက ယန်ချီရဲ့ စိတ်ထဲ ထပ်ပေါ်လာခဲ့တယ်။
“ဆက်သွားရအောင်”
ယန်ချီက သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာနဲ့ ဝမ်ချန်ချင်ကို ပြောလိုက်တယ်။
ဝမ်ချန်ချင်က ဒီစကားကြောင့် သတိပြန်ဝင်လာခဲ့ပြီး ယန်ချီကို အံ့အားသင့်စွာနဲ့ ကြည့်လိုက်မိတယ်။
“စီနီယာ ကျွန်တော်တို့တွေ ဒီထက်ပိုသွားရင် အဆင့်မြင့်တဲ့ နတ်ဆိုးသားရဲတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်”
ဝမ်ချန်ချင်က ယန်ချီကို ပြောလိုက်တယ်။
ယန်ချီက ဝမ်ချန်ချင်ရဲ့ စကားကြောင့် တိတ်တဆိတ်ပြုံးလိုက်မိတယ်။ အရင်တုန်းက ဝမ်ချန်ချင်အနေနဲ့ သူ့ကို ယန်ချီလို့သာ ခေါ်ခဲ့ပြီး အခုတော့ စီနီယာလို့ ခေါ်နေပါပြီ။
ဝမ်ချန်ချင်ရဲ့ သဘောထားပြောင်းလဲသွားမှုကို ဘုရားမပြောနဲ့ သူတောင် သိနေခဲ့ပါပြီ။
“အင်း အဆင့်ပြေပါတယ်။ သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာလည်း ဒီမှာ ရှိနေတယ်လေ”
ယန်ချီက ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။
သူ့မှာ အထူးနတ်ဘုရားတိုက်ခိုက်ရေးစွမ်းအား ရှိပေမယ့်လည်း အတက်နိုင်ဆုံး ဒီအထူးနတ်ဘုရားတိုက်ခိုက်ရေးစွမ်းအားကို မသုံးတာက ပိုကောင်းတယ်လို့ တွေးမိနေခဲ့တယ်။