Chapter 486 - ဘာကြောင့် ငါ့အရှေ့ကို ရောက်လာတာလဲ
အဲ့ဒီ အသတ်ခံလိုက်တဲ့ဝက်တစ်ကောင်ရဲ့ အော်သံလို အသံကို ကြားပြီးနောက် သူမက အသံ ထွက်ပေါ်ရာဆီကို ကြည့်လိုက်တယ်။
သူမ မကြည့်မိရင် ဘာမှဖြစ်မှ မဟုတ်ပေမယ့်လည်း သူမ ကြည့်လိုက်တဲ့အခါမှာတော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် စိတ်ထဲ တုန်လှုပ်သွားခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ အခုဆိုရင် ပြေးနေတဲ့ လူရဲ့ ခန္ဓာကိုယ်က အကောင်းအတိုင်း မကျန်တော့ပါဘူး။
“စီနီယာ ရှင် ရှင် ဘယ်လိုလုပ်လိုက်တာလဲ”
ယွဲ့ချင်းဂဲက ယနချီကို အံ့အားသင့်စွာနဲ့ ကြည့်ပြီး မေးလိုက်တယ်။
“အဲ့ဒါကလား”
ယန်ချီက အဲ့ဒီအတိုင်းပဲ ပြောလိုက်ပါတယ်။
ယွဲ့ချင်းဂဲကတော့ သူမနဲ့ ယန်ချီတို့ရဲ့ကြားက ကွာဟချက်က ပိုပိုပြီးဝေးကွာလာတယ်လို့ ခံစားမိသွားခဲ့တယ်။ သူမက အဲ့ဒီအချိန်တုန်က ဂုဏ်မောက်စွာနဲ့ ယန်ချီကို စိန်ခေါ်ချင်ခဲ့တယ်လေ။
အဲ့ဒီကိစ္စက တကယ်ကို ရယ်စရာ ကောင်းခဲ့တာပဲ။
“တောင်ထိပ်ကို တက်ကြစို့”
ဒီစကားကို ပြောပြီးနောက် သူတို့နှစ်ယောက်က ထုဝမ်တောင်ထိပ်ကို တက်လာခဲ့တယ်။
သိပ်မကြာခင်မှာပဲသူတို့နှစ်ယောက်က ထုဝမ်တောင်တန်းကို ရောက်လာခဲ့တယ်။
“စီနီယာ အဲ့ဒီ ထူးဆန်းတဲ့ ရတနာက ဘယ်မှာလဲဆိုတာ ကျွန်မ မသိဘူး”
ယွဲ့ချင်းဂဲက ယန်ချီကို ကြည့်ပြီး ပြောလိုက်တယ်။
ထုဝမ်တောင်တန်းမှာ ထူးဆန်းတဲ့ ရတနာပေါ်ထွက်လာတဲ့ အကြောင်းကို လူများစွာ က သိတဲ့အတွက် သူတို့တွေက ထူးဆန်းတဲ့ ရတနာကို ရှာဖို့အတွက် ထုဝမ်တောင်တန်းကို လာခဲ့ကြတယ်။
ထုဝမ်တောင်တန်းက နတ်ဆိုးသားရဲတွေနဲ့ နတ်ဆိုးမိစ္ဆာတွေ စုဝေးတဲ့ နေရာတစ်ခုဖြစ်နေတာကတော့ စိတ်မကောင်းစရာပါပဲ။ ဒီနေရာကို လူများစွာ ရောက်ရှိလာကြပြီး ထူဝမ်တောင်တန်းမှာ လူများစွာက သေဆုံးသွားခဲ့ရတယ်။
ဒီအချိန်မှာတော့ ယွဲ့ချင်းဂဲရဲ့ ဖြူလွှလွှ မျက်နှာထက်မှာ အံ့အားသင့်မှုတွေ ပေါ်ထွက်လာခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူမက ထုဝမ်တောင်တန်းကို တခါမှ မရောက်ဖူးခဲ့ပါဘူး။ ပြောရမယ်ဆိုရင် သူမက နတ်ဆိုးမိစ္ဆာတွေ စုဝေးတဲ့ နေရာကို တခါမှ မရောက်ဖူးဘူးလို့ ပြောလို့ရပါတယ်။
သူမက ဖန်လုံအိမ်ထဲမှာ ပွင့်လန်းလာတဲ့ ပန်းတစ်ပွင့်လို့ သတ်မှတ်နိုင်တယ်။
ယန်ချီရဲ့ စိတ်ထဲမှာတော့ ကောင်းကင်အဆင့့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် ဟင်းလင်းပြင်ကြေးမုံဘုရင်ရဲ့ တည်နေရာ ရှိတာကြောင့် အဲ့ဒီနေရာကို ဦးတည် သွားလိုက်တယ်။
ယန်ချီ တနေရာကို သွားတာမြင်တော့ ယွဲ့ချင်းဂဲလည်း သူ့နောက်ကနေ လိုက်သွားခဲ့တယ်။
သူတို့နှစ်ယောက်က ဟင်းလင်းပြင်ကြေးမုံဘုရင်နဲ့ နီးသထက် နီးကပ်လာခဲ့ပါပြီ။ ကောင်းကင်ဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် ဟင်းလင်းပြင်ကြေးမုံဘုရင်က အပိုင်းအစ တစ်ခုဆိုပေမယ့်လည်း ဘာမှ မရှိတာထက်စာရင်း ကောင်းပါသေးတယ်။
“စီနီယာ ကျွန်မတို့တွေ နတ်ဆိုးတွေနဲ့ ရင်ဆိုင်မိတယ်လို့ ရှင် ထင်မိလား”
ယွဲ့ချင်းဂဲက ယန်ချီကို တီးတိုးမေးလိုက်တယ်။
သူမက တကယ်ကို ကြောက်ရွံ့နေခဲ့တယ်။
“ဘာ .. မင်းက နတ်ဆိုးတွေကို ကြောက်နေတာလား” ယန်ချီက ပြုံးရွှင်ကာ မေးလိုက်တယ်။
“ကျွန်မ .. ကျွန်မ မသိတော့ဘူး”
ယွဲ့ချင်းဂဲတစ်ယောက် တခဏတော့ ပြောစရာ စကားမဲ့သွားခဲ့တယ်။
တောင်ပေါ်မှာတော့ ဘယ်နေရာမဆို ကြောက်မက်ဖွယ် ကောင်းနေခဲ့တယ်။
ယွဲ့ချင်းဂဲရဲ့ စကားသံ ဆုံးသွားတဲ့အခါ အေးစက်ပြီး နတ်ဆိုးဆန်တဲ့ အသံတသံကို ယန်ချီနဲ့ ယွဲ့ချင်းဂဲတို့ ကြားလိုက်ရတယ်။
“လူသားတွေ မင်းတို့တွေက ထူးဆန်းတဲ့ ရတနာကို လာရှာကြတာလား”
ယန်ချီနဲ့ ယွဲ့ချင်းဂဲတို့နှစ်ယောက်က အသံ ထွက်ပေါ်ရာဆီ ကြည့်လိုက်ကြတော့ အဆင့်မြင့် နတ်ဆိုးစစ်သူကြီးနဲ့ မူလနတ်ဆိုးစစ်သည်တွေ သူတို့ဆီလျှောက်လာတာကို မြင်လိုက်ကြတယ်။
အဆင့်မြင့် နတ်ဆိုးစစ်သူကြီးနဲ့ မူလနတ်ဆိုးစစ်သည်တွေကို မြင်လိုက်တော့ ယွဲ့ချင်းဂဲတစ်ယောက် စိတ်ထဲ တုန်လှုပ်သွားခဲ့ပြီး သူမရဲ့ ဖြူလွှလွှ မျက်နှာထက် အံ့အားသင့်မှုကနေ ကြောက်ရွံ့မှုတွေအဖြစ် ပြောင်းလဲသွားခဲ့တယ်။
“စီနီယာ နတ်ဆိုး .. . ”
ယွဲ့ချင်းဂဲက ယန်ချီကို အဆောတလျင်ပြောလိုက်ပြီး တချိန်တည်းမှာပဲ သူမက ယန်ချီကို ကြည့်လိုက်တော့ ယန်ချီရဲ့ မျက်နှာက ရေပြင်အလား တည်ငြိမ်နေတာကို တွေ့လိုက်ရတယ်။
ယန်ချီရဲ့ မျက်နှာပေါ်က အမူအယာကို မြင်ပြီးနောက် ယွဲ့ချင်းဂဲတစ်ယောက် စိတ်ထဲကနေ ညည်းညူမိလိုက်တယ်။ သူမ ဇဝေဇဝါဖြစ်နေတာလားဆိုတာ သိချင်နေခဲ့တယ်။
“စီနီယာကအလွန် အစွမ်းထက်တာလား”
သူတို့အရှေ့မှာ ရှိတဲ့ နတ်ဆိုးမိစ္ဆာတွေက စီနီယာရဲ့ ပြိုင်ဖက် မဖြစ်နိုင်ဘူးလား။
ယွဲ့ချင်းဂဲတစ်ယောက် တိတ်တဆိတ် တွေးနေမိတယ်။
“ဟေး လူသားတွေ ငါတို့တွေက လူသားတွေများစွာကို သတ်ပြီးပြီး။ မင်းတို့နှစ်ယောက်က ငါတို့အရှေ့မှာ ထွက်ပေါ်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့မိဘူး။ ငါ ဘယ်လို ပြောရမလဲ မင်းတို့ကို . .. ”
အဆင့်မြင့် နတ်ဆိုးစစ်သူကြီးက ယန်ချီနဲ့ ယွဲ့ချင်းဂဲကို ကြည့်လိုက်ပြီး အထင်သေးစွာနဲ့ ပြောလိုက်တယ်။
“အဲ့ဒါဆိုရင်. . .မင်းတို့က .. ” ယန်ချီက သူ့အရှေ့မှာ ရောက်လာတဲ့ အဆင့်မြင့်နတ်ဆိုးစစ်သူကြီးနဲ့ မူလနတ်ဆိုးစစ်သည်တွေကို ကြည့်ပြီး မေးလိုက်တယ်။ “ငါတို့အရှေ့မှာ ဘာကြောင့် ပေါ်ထွက်လာတာလဲ”
အဆင့်မြင့်နတ်ဆိုးစစ်သူကြီးနဲ့ မူလနတ်ဆိုးစစ်သည်တွေက ဒီစကားကို ကြားတဲ့အခါ အံ့သြမှင်သက်သွားကြတယ်။
“လူသား မင်းက ဘာကို ပြောချင်တာလဲ”
အဆင့်မြင့်နတ်ဆိုးစစ်သူကြီးက သတိပြန်ဝင်လာတဲ့အခါ သူ့ရဲ့ အမူအအယာက အေးစက်သွားခဲ့တယ်။
ယန်ချီရဲ့ နှုတ်ကနေ တစ်ခုခုပြောလိုက်တာကို သူကြားလိုက်မှန်း သိပါတယ်။
“ငါ ဆိုလိုချင်တာကတော့ အလွန်ရိုးရှင်းတယ်။ အဲ့ဒါက ငါတို့အရှေ့မှာ မင်းတို့ ဘာကြောင့် ထွက်ပေါ်လာတာလဲ”
ယန်ချီက စက္ကန့်အနည်းငယ်နောက် ရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်တယ်။
“မင်းတို့တွေ သေဖို့ လာတာလား”
🐼🐼🐼🐼🐼🐼🐼🐼
Chapter 487 - မင်းငါပြောတာကို နားမလည်ဘူးလား
အဆင့်မြင့် နတ်ဆိုးစစ်သူကြီးနဲ့ မူလနတ်ဆိုးစစ်သည် တွေက ယန်ချီရဲ့ စကားကို ကြားတဲ့အခါ အံ့အားသင့်သွားကြတယ်။ သူတို့တွေက ဘယ်လိုဖြစ်ပြီး ယန်ချီက ဒီစကားကို ပြောလိမ့်မယ်လို့ တွေးမိမှာလဲ။
“လူသား မင်းဆိုလိုတာက မင်းအနေနဲ့ ငါတို့ကို မကြောက်တဲ့အပြင် သတ်ပစ်ဦးမယ်ပေါ့”
အဆင့်မြင့် နတ်ဆိုစစ်သူကြီးက ယန်ချီကို အနည်းငယ် အံ့အားသင့်စွာနဲ့ ကြည့်ပြီး မေးလိုက်တယ်။
“ဒါပေါ့”
ယန်ချီက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်တယ်။
“ဟား ဟား”
ယန်ချီရဲ့ စကားတွေကို ကြားတဲ့အခါ အဆင့်မြင့် နတ်ဆိုးစစ်သူကြီးက အရယ်ရဆုံး ဟာသတစ်ခုကို ကြားလိုက်ရသလို လှောင်ပြောင်ရယ်မောလိုက်တယ်။
“ငါအနေနဲ့ လူသားများစွာကို မြင်ဖူးတယ်။ ဒါပေမယ့် မင်းလိုမျိုး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူကို မြင်ဖူးတာ ပထမဆုံးအကြိမ်ပဲ”
အဆင့်မြင့်နတ်ဆိုးစစ်သူကြီးက ယန်ချီကို မထီတရီနဲ့ ကြည့်ပြီး ဆက်ပြောလိုက်တယ်။ “ဒါပေမယ့် စိတ်ဝိဉာဉ်ကုန်းမြေမှာ ဘယ်လိုလူတွေက အများဆုံး ကျရှုံးတက်လဲဆိုတာ မင်းသိလား”
ယန်ချီကတော့ စကားကို ကြားဖြတ်မပြောခဲ့ပါဘူး။ အဆင့်မြင့် နတ်ဆိုးစစ်သူကြီးက တစ်ခုခုကို ပြောချင်နေခဲ့ပြီး ယွဲ့ချင်းဂဲရဲ့ ဖြူလွှလွှမျက်နှာထက်မှာလည်း သိချင်စိတ်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။
စိတ်ဝိဉာဉ်ကုန်းမြေမှာ ဘယ်လိုလူမျိုးတွေက အများဆုံး သေဆုံးတက်လဲဆိုတာကို သူမလည်းသိချင်နေခဲ့တယ်။
“အဲဒီလူတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့ သူတွေပဲ”
အဆင့် မြင့် နတ်ဆိုးစစ်သူကြီးက ဆက်ပြောလိုက်တယ်။
“ဟုတ်လား”
ယန်ချီက အဆင့်မြင့် နတ်ဆိုးစစ်သူကြီးရဲ့ စကားကို ကြားတော့ တိတ်တဆိတ် ရယ်မောချင်နေခဲ့တယ်။
သူ့အရှေ့မှာ ဒီအမှိုက်က ဘာကြောင့် လာလှောင်ပြောင်နေရတာလဲ။
ဒီကောင်က တကယ်ကို အသက်မရှင်ချင်တော့ဘူးလား။
အဆင့်မြင့် နတ်ဆိုးစစ်သူကြီးက ယန်ချီရဲ့ အမူအယာကို ကြားတဲ့အခါ အံ့အားသင့်နေခဲ့တယ်။ သူက ဒီလောက် ပြောဆိုနေတာကို ဘာကြောင့် တည်ငြိမ်နေတာလဲ။
အဲ့ဒီအမူအယာကြောင့် အဆင့်မြင့် နတ်ဆိုးစစ်သူကြီး အနည်းငယ် နားမလည်နိုင်ဖြစ်ခဲ့ရတယ်။
“လူသား မင်းက တကယ်ကို ယုံကြည်မှု ရှိနေတာလား”
“ငါက အမြဲတမ်း ယုံကြည်မှု ရှိသူ တစ်ယောက်ပဲ”
ယန်ချီက အဆင့်မြင့် နတ်ဆိုးစစ်သူကြီးကို ဖြေးညှင်းစွာ ပြောလိုက်တယ်။
ယန်ချီရဲ့ စကားကို ကြားတဲ့အခါ အဆင့်မြင့်နတ်ဆိုးစစ်သူကြီးက အလွန် ဒေါသ ထွက်သွားခဲ့တယ်။ သူက ဒေါသကြောင့် တရူးရှုးဖြစ်နေခဲ့တယ်။
အဆင့်မြင့် နတ်ဆိုးစစ်သူကြီးအနောက်မှာ ရှိနေတဲ့ မူလနတ်ဆိုးစစ်သည်တွေကလည်း သူတို့ရင်ဆိုင်နေရသူက ဒီလောက်မောက်မာတက်တဲ့သူမှန်း မထင်ထားကြပါဘူး။
“လူသား အစောပိုင်းမှာ မင်းကို အချိန်နည်းနည်းလောက် ထပ်ပြီး အသက်ရှင်ခွင့်ပေးမလို့ပဲ။ ဒါပေမယ့် အခုတော့ အဲ့ဒီလို မထားတော့ဘူး”
အဆင့်မြင့်နတ်ဆိုးစစ်သူကြီးရဲ့ စကားဆုံးတာနဲ့ သူ့အနောက်မှာ ရှိနေတဲ့ မူလနတ်ဆိုးစစ်သည်တွေက ယန်ချီနဲ့ ယွဲ့ချင်းဂဲဆီကို ပြေးဝင်တိုက်ခိုက်ကြတယ်။
မူလနတ်ဆိုးစစ်သည်တွေ ပြေးဝင်တိုက်ခိုက်လာတာကို မြင်တော့ ဒီယင်ကောင်တွေက အခုထိ ဘာလို့ နားမလည်လဲဆိုပြီး တိတ်တဆိတ်ခေါင်းခါလိုက်တယ်။
မူလနတ်ဆိုးစစ်သည်တွေက သူ့နဲ့ ယွဲ့ချင်းဂဲတို့အရှေ့ကို ရောက်တဲ့အခါ ယန်ချီက ကောင်းကင်အဆင့် အဆင့်နိမ့် လျှပ်စီးခြေလှမ်းကို အသုံးပြုလိုက်တယ်။
ချက်ချင်းပင် ယန်ချီရဲ့ အလျင်က ဒုံးကျည်တစ်စင်းအလား ထိုးတက်သွားခဲ့တယ်။
ဒါ့အပြင် သူ့ခြေထောက်အောက်ကနေ အစွမ်းထက်တဲ့ လျှပ်စီးတွေက တဖျတ်ဖျတ် လက်နေခဲ့တယ်။
သူ ရောက်တဲ့ နေရာတိုင်းက ဖျက်ဆီးခံလိုက်ရတယ်။
မူလနတ်ဆိုးစစ်သည်တွေအနေနဲ့ ဘယ်လိုမှ မခုခံနိုင်ပါဘူး။ သိပ်မကြာခင်မှာပဲ မူလနတ်ဆိုးစစ်သည်တွေအားလုံး အလောင်း တွေ ဖြစ်သွားခဲ့တယ်။
အဆင့်မြင့် နတ်ဆိုးစစ်သူကြီးက ဒီမြင်ကွင်းကြောင့် မိုးကြိုးငါးစင်အပစ်ခံလိုက်ရသလိုဖြစ်သွားပြီး ဒီလို ဖြစ်ပျက်မယ်လို့ မထင်ထားတဲ့အတွက် ကြောင်အမ်းနေခဲ့တယ်။
ယွဲ့ချင်းဂဲလည်း မှင်သက်နေခဲ့ပြီး ယန်ချီ ဘယ်လိုလှုပ်ရှားလိုက်တာလဲဆိုတာ မမြင်ခဲ့ပါဘူး။
ယန်ချီရဲ့ အစွမ်းကို တကယ်ကို ကြောက်ရွံ့ဖွယ်ကောင်းလှတယ်။
အဆင့်မြင့် နတ်ဆိုးစစ်သူကြီးက နေရာမှာင် ကြောက်လန့်စွာနဲ့ ရပ်နေခဲ့ပြီး သူ့မျက်နှာထက်က ကြောက်လန့်မှုကို ဘယ်လို ဖော်ပြရမှန်းတောင် မသိတော့ပါဘူး။
“လူသား မင်း . . မင်း ဘယ်လို လုပ်ပြီး. . . ”
အဆင့်မြင့် နတ်ဆိုးစစ်သူကြီးက ယန်ချီကို တစ်ခုခု ပြောချင်ပေမယ့် ဒီအချိန်မှာတော့ စကားကို ဆုံးအောင် မပြောနိုင်အောင် ထိတ်လန့်နေခဲ့တယ်။
“အခုရော ဘယ်လိုလဲ” ယန်ချီက သူ့အရှေ့မှာ ရှိတဲ့ အဆင့်မြင့် နတ်ဆိုးစစ်သူကြီးကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ဆက်မေးလိုက်တယ်။ “အခု မင်းတို့တွေ ငါ့အရှေ့မှာ ထွက်ပေါ်လာတာ မှန်ကန်တယ်လို့ မင်း ထင်သေးလား”
အခုအချိန်ကျတော့ အဆင့်မြင့် နတ်ဆိုးစစ်သူကြီးတစ်ယောက် နောက်ဆုံးမှာတော့ ယန်ချီရဲ့ ဆိုလိုရင်းကို နားလည်သွားခဲ့တယ်။
တချိန်ထဲမှာပဲ အဆင့်မြင့်နတ်ဆိုးစစ်သူကြီးကတေ့ သူ့အနေနဲ့ သံမဏိပြားကို ကန်မိပြီဖြစ်မှန်း သိလိုက်တယ်။
“လူသား ငါက အဆင့်မြင့် နတ်ဆိုးစစ်သူကြီးတစ်ယောက်ပဲ။ ငါသေသွားတာက ကိစ္စကြီးတစ်ခု ဖြစ်သွားလိမ့်မယ်”
အဆင့်မြင့် နတ်ဆိုးစစ်သူကြီးက ယန်ချီကို စူးစိုက်ကြည့်ပြီး အေးစက်စက် ပြောလိုက်တယ်။
🐼🐼🐼🐼🐼🐼🐼🐼🐼
Chapter 488 - မင်းကိုယ်တိုင် ရွေးချယ်ပါ
အဆင့်မြင့် နတ်ဆိုးစစ်သူကြီးရဲ့ စကားကို ကြားတော့ ယန်ချီတစ်ယောက် တိတ်ကျသွားခဲ့တယ်။
စက္ကန့်အနည်းငယ်ကြာတော့ သူက သူ့အရှေ့မှာ ရှိတဲ့ အဆင့်မြင့် နတ်ဆိုးစစ်သူကြီးကို ခက်ထန်စွာ ကြည့်လိုက်ပြီး ဖြေးညှင်းစွာ ပြောလိုက်တယ်။
“မင်း ပြောတဲ့ စကားတွေက ငါ မွေးကလည်းက အရယ်ရဆုံးစကားဆိုတာ မင်း သိရဲ့လား”
အဆင့်မြင့် နတ်ဆိုးစစ်သူကြီးရဲ့ အမူအယာက အေးစက်စက် ဖြစ်သွားခဲ့ပြီး ယန်ချီကို ခက်ထန်စွာ စူးစိုက်ကြည့်လိုက်တယ်။
“လူသား မင်းက ဘာလိုချင်တာလဲ”
“ငါဘာမှ မလိုချင်ဘူး။ ဒါပေမယ့် ငါလိုချင်တာက . .. ”
စကားဆုံးသွားတာနဲ့ လူပါ လိုက်ပါလှုပ်ရှားလိုက်တယ်။
“ဝှစ်”
အဲ့ဒီနောက် လေထဲ ထွင်းဖောက်တဲ့ အသံတစ်သံ ထွက်ပေါ်လာတယ်။
ချက်ချင်းပင် ယန်ချီက အဆင့်မြင့် နတ်ဆိုးစစ်သူကြီးဆီကို ပြေးဝင်သွားခဲ့တယ်။
အဆင့်မြင့် နတ်ဆိုးစစ်သူကြီးက ယန်ချီရဲ့ လှုပ်ရှားမှုကို ဘယ်လိုဖြစ်ပြီး လိုက်ကြည့်နိုင်မှာလဲ။ အရင်ဆုံးသူက အဆင့်မြင့်နတ်ဆိုးစစ်သူကြီးကို လေထဲ ဆွဲမြောက်လိုက်တယ်။
အဲ့ဒီနောက် အဆင့်မြင့်နတ်ဆိုးစစ်သူကြီးက ချက်ချင်းပင် လေထဲကို ဆယ်မီတာကျော်လောက်အထိ မြောက်တက်သွားပြီးနောက် လျင်မြန်စွာ ပြန်လည် ကျဆင်းလာခဲ့တယ်။
ဒါပေမယ့် ယန်ချီက သူရဲ့ လက်သီးကို ပြင်ထားလိုက်တယ်။
ဘေးမှာ ရပ်နေခဲ့တဲ့ ယွဲ့ချင်းဂဲကတော့ နောက်ထပ် ဖြစ်ပျက်လာမယ့် မြင်ကွင်းကို တွေးကြည့်ဖို့တောင် မလိုတော့ပါဘူး။
သူက မျက်လုံးကို အနည်းငယ် ပြူးကျယ်ထားလိုက်တယ်။
အဆင့်မြင့် နတ်ဆိုးစစ်သူကြီးက အောက်ကို လျင်မြန်စွာ ပြန်လည်ကျဆင်းလာတာကြောင့် တခဏချင်းရောက်လာခဲ့တယ်။
ပြီးတော့ ယန်ချီရဲ့ လက်သီးကလည်း အဆင့်မြင့် နတ်ဆိုးစစ်သူကြီးကို ထိုးနှက်ဖို့ ပြင်ထားလိုက်တယ်။
အဆင့်မြင့် နတ်ဆိုးစစ်သူကြီးက ယန်ချီရဲ့ လက်သီးနဲ့ အနည်းငယ်ပဲ လိုတော့တဲ့အချိန်မှာ သူက နောက်ဆုံးအကြိမ် လှုပ်ရှားဖို့ ကြိုးစားလိုက်တယ်။
ဒီအချိန်မှာတော့ အဆင့်မြင့်နတ်ဆိုးစစ်သူကြီးရဲ့ ကြောက်လန့်နေမှုကို ဖော်ပြမယ် စကားလုံး မရှိတော့ပါဘူး။ အဆင့်မြင့် နတ်ဆိုးစစ်သူကြီးက ကြောက်မက်ဖွယ်ကောင်းတဲ့ သေခြင်းတရားနဲ့ ကြုံတွေ့ရတော့မှာပါ။
“ဘုန်း . ..”
အဲ့ဒီအဆင့်မြင့် နတ်ဆိုးစစ်သူကြီးက ယန်ချီရဲ့ လက်သီးနဲ့ ထိသွားတဲ့အသံဆိုးတာ သံသယ ဝင်စရာမလိုပါဘူး။ အဲ့ဒီနောက်တော့ ယန်ချီရဲ့ လက်သီးက နတ်ဆိုးရဲ့ ခန္ဓာကိုယ်ကို ထွင်းဖောက်သွားခဲ့ပြီး နတ်ဆိုးကတော့ ကြောက်မက်ဖွယ် ကောင်းစွာ သေဆုံးသွားခဲ့ပါပြီ။
ဒီလို သေဆုံးမှုကြောင့် ယွဲ့ချင်းဂဲတစ်ယောက် မကြည့်ရဲတာကြောင့် မျက်လုံးကို မှိတ်ထားလိုက်ရတယ်။
ယန်ချီက အဆင့်မြင့်နတ်ဆိုးစစ်သူကြီးကို လွင့်ပစ်လိုက်တာကြောင့် အဆင့်မြင့်နတ်ဆိုးစစ်သူကြီးက မြေပြင်ပေါ်ကို လဲပြိုကျသွားခဲ့တယ်။
“သွားကြစို့”
ပြောပြီးနောက် ယန်ချီက ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် ဟင်းလင်းပြင်ကြေးမုံဘုရင်ရဲ့ တည်နေရာဆီကို ဦးတည် ထွက်လာခဲ့တယ်။
ယွဲ့ချင်းဂဲကလည်း ယန်ချီရဲ့ စကားကြောင့် သတိပြန်ဝင်လာခဲ့ပြီး သူ့နောက်ကနေ လိုက်သွားခဲ့တယ်။
သူမစိတ်ထဲမှာတော့ အဆုံးမရှိတဲ့ ထိတ်လန့်တုန်လှုပ်မှုတွေ ပြည့်နှက်နေခဲ့ပြီး ဘာကိစ္စဖြစ်ပျက်မယ်ဆိုရင် ယန်ချီရဲ့ မျက်နှာမှာ ကြောက်ရွံ့မှု အနည်းငယ် ရှိသွားမလဲဆိုတာကို သိချင်နေခဲ့တယ်။
နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်က လှိုဏ်ဂူတစ်ခုအပြင်ကို ရောက်ရှိသွားကြတယ်။
လှိုဏ်ဂူရဲ့အဝက အလွန် ကျယ်ပြီး မှောင်မှိုက်နေကာ လက်ချောင်းကိုတောင် မမြင်ရတဲ့အထိ မှောင်မှိုက်နေခဲ့တယ်။
“စီနီယာ ကျွန်မတို့ ဘာကြောင့် ဒီကိုရောက်လာတာလဲ”
ယွဲ့ချင်းဂဲက ယန်ချီကို အလွန်နားမလည်နိုင်စွာနဲ့ ကြည့်ပြီး မေးလိုက်တယ်။
“ဘာကြောင့်လဲဆိုတော့ အထဲမှာ ထူးဆန်းတဲ့ ရတနာ ရှိလို့ပဲ”
ယန်ချီက ပြောလိုက်တယ်။
ယွဲ့ချင်းဂဲကလည်း ယန်ချီရဲ့ စကားကြောင့် အံ့အားသင့်နေခဲ့တယ်။
သူမအနေနဲ့ ယန်ချီက လှိုဏ်ဂူထဲမှာ ထူးဆန်းတဲ့ ရတနာ ရှိတယ်ဆိုတာ ပြောလိမ့်မယ်လို့ မထင်မိခဲ့ပါဘူး။ ဖြစ်နိုင်တာက. . . ။
“အဲ့ဒါက တကယ်လား”
ဒါပေမယ့် သူက အတွင်းမှာ ထူးဆန်းတဲ့ ရတနာ ရှိလိမ့်မယ်ဆိုတာ ဘယ်လို သေချာနေတာလဲ။
“ဝေါင်း. . ”
ရုတ်တရက် လှိုဏ်ဂူထဲကနေ ကောင်းကင်တုန်လှုပ်လောက်တဲ့ ခြောက်ခြားဖွယ် အော်မြည်သံ ထွက်ပေါ်လာခဲ့တယ်။
ဒီအသံကြောင့် ယွဲ့ချင်းဂဲတစ်ယောက် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့ပြီး သူမရဲ့ မျက်နှာထက်မှာ ကြောက်ရွံ့မှုတွေ ပေါ်လာခဲ့တယ်။
“စီနီယာ ”
ယွဲ့ချင်းဂဲက ယန်ချီကို လေသံတိုးတိုးနဲ့ ခေါ်လိုက်တယ်။
သူမက ယန်ချီကို ကြည့်လိုက်တော့ ယန်ချီက လှိုဏ်ဂူထဲကို တစိုက်မတ်မတ် ကြည့်နေခဲ့တယ်။
“မင်း ငါ့နောက်ကနေ လိုက်လာမှာလား။ မလာဘူးလား”
ယန်ချီက အတွင်းမှာ ဘာရှိလဲဆိုတာ မသိပါဘူး။
ဒါကြောင့် ယွဲ့ချင်းဂဲရဲ့ ဘေးကင်းမှုကိုလည်း အာမမခံနိုင်ပါဘူး။ ယွဲ့ချင်းဂဲသာ သူ့နောက်လိုက်ခဲ့ရင် လှိုဏ်ဂူထဲမှာ ဘယ်လိုအန္တရယ်နဲ့ ကြုံတွေ့ရမယ်ဆိုတာမသိပါဘူး။
သူမက သူ့အနောက်ကနေ မလိုက်သွားခဲ့ဘူးဆိုရင် အပြင်မှာ ရုတ်တရက် အန္တရယ်ပေါ်လာရင် ဘယ်လိုလုပ်မလဲ။
အဲ့ဒါတွေကတော့ ယွဲ့ချင်းဂဲရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပါပဲ။
ဘာပဲဖြစ်ဖြစ် ကျင့်ကြံခြင်းလမ်းကြောင်းကတော့ ဘယ်လိုမှ မအေးဆေးနိုင်ပါဘူး။
ယွဲ့ချင်းဂဲက တံတွေးမြိုချလိုကပြီး အချိန်အတော်အကြာထိ စဉ်းစားနေခဲ့တယ်။ အဲ့ဒီနောက်တော့ သူမရဲ့ နှုတ်ခမ်းကို ကိုင်ပြီး လေးပင်စွာ ခေါင်းညိတ်လိုက်တယ်။
“စီနီယာ ကျွန်မ ရှင်နဲ့ အထဲ လိုက်ဝင်ခဲ့မယ်”
ယန်ချီက သူမရဲ့စကားကို ကြားတော့ ဘာမှမပြောပဲ လှိုဏ်ဂူထဲကို လျှောက်ဝင်လာခဲ့တယ်။
ယွဲ့ချင်းဂဲကလည်း သူ့နောက်ကနေ နီးကပ်စွာ လိုက်ပါသွားခဲ့တယ်။
ယွဲ့ချင်းဂဲရဲ့ နှလုံးက တဒုတ်ဒုတ်ခုန်နေခဲ့ပြီး သူမရဲ့ မသိစိတ်ကနေ လှိုဏ်ဂူထဲမှာ ကြောက်မက်ဖွယ်ကောင်းတာ တစ်ခုခု ရှိတယ်လို့ ပြောဆိုနေခဲ့တယ်။
🐼🐼🐼🐼🐼🐼🐼🐼🐼
Chapter 489 - ခြောက်ခြားဖွယ်လှိုဏ်ဂူ
သူတို့နှစ်ယောက်က လှိုဏ်ဂူရဲ့ အနက်ပိုင်းအထိကို ဆက်လက် လျှောက်ဝင်လာခဲ့တယ်။
“မင်း ကြောက်နေတာလား”
ယန်ချီက ရပ်လိုက်ပြီးနောက်ယွဲ့ချင်းဂဲကို ကြည့်ကာ မေးလိုက်တယ်။
“စီနီယာ . . ကျွန်မ. . ”
ယွဲ့ချင်းဂဲက ကြောက်လန့်မိတယ်လို့ ဖြေချင်ပေမယ့်လည်း အဲ့ဒီလို ဖြေဖို့ အနည်းငယ် တွန့်ဆုတ်နေခဲ့တယ်။
“အင်း အဆင်ပြေသွားမှာပါ။ ငါ ရှိနေတာပဲ”
ယန်ချီက နူးညံ့စွာ ပြောလိုက်တယ်။
ယွဲ့ချင်းဂဲလည်း ယန်ချီရဲ့ စကားကြောင့် မှင်သက်သွားခဲ့ပြီး တကယ်တမ်းလည်း သူမက ယန်ချီတစ်ယောက်ဒီလို ပြောလိမ့်မယ်လို့ မထင်မိခဲ့ပါဘူး။
“စီနီယာ .. .”
ရုတ်တရက် ယွဲ့ချင်းဂဲရဲ့ နှလုံးက လှုပ်ရှားသွားခဲ့တယ်။
သူတို့နှစ်ယောက်လုံးက စိတ်ဝိဉာဉ်ပညာရှင်တွေပါ။ သူတို့တွေက လှိုဏ်ဂူထဲမှာ သူ့တို့ရဲ့ လက်ချောင်းတွေကို ပုံမှန်အတိုင်းဆိုရင် မမြင်နိုင်ပေမယ့် စိတ်ဝိဉာဉ်ပညာရှင်တွေ ဖြစ်တာကြောင့် သိပ်ပြီးတော့ စိုးရိမ်ဖို့ မလိုပါဘူး။
“ဝေါင်း”
ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းတဲ့ ဟိန်းဟောက်သံတစ်ခုကို သူတို့ ကြားလိုက်ကြတယ်။
သူတို့နှစ်ယောက်က အသံ ထွက်ပေါ်ရာဆီကို ကြည့်လိုက်ကြတယ်။
အဲ့ဒီအခါမှာ ကြီးမားတဲ့ စိမ်းပြာရောင် လင်းနို့တစ်ကောင်ကို မြင်လိုက်ရတယ်။
အဲ့ဒီလင်းနို့က ငါးမီတာလောက် ရှည်လျားပြီး မြင်ရတာနဲ့ ဦးရေပြားထုံကျဉ်တဲ့အထိ ခံစားစေနိုင်တယ်။
“အဆင့် လေး နတ်ဆိုးသားရဲ့ စိမ်းပြာရောင် တောင်ပံနဲ့ လင်းနို့ဘုရင်ပါလား”
ယွဲ့ချင်းဂဲတစ်ယောက် ရေရွတ်မိလိုက်တယ်။
ယန်ချီကတော့ ဒီကောင်က အဆင့်လေး နတ်ဆိုးသားရဲ တစ်ကောင်ပဲ ဘာမှ ကြီးကြီးမားမား မဟုတ်ဘူးလို့ တွေးမိလိုက်တယ်။
“လူသားတွေ .. .”
စိမ်းပြာရောင် တောင်ပံနဲ့ လင်းနို့ဘုရင်က ယန်ချီနဲ့ ယွဲ့ချင်းဂဲကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်တယ်။
“ဒီလှိုဏ်ဂူထဲမှာ ငါ မင်းတို့ လူသားတွေ ဘယ်လောက်များများကို သတ်ခဲ့လဲဆိုတာ မင်းတို့သိလား။ ဒီလူသားတွေက သေဖို့ လာနေကြတယ်။ ဘယ်လောက်တောင် ရယ်စရာ ကောင်းတာလဲ”
အဆင့် လေး လင်းနို့ဘုရင်ရဲ့ အမြင်မှာတော့ ယန်ချီနဲ့ ယွဲ့ချင်းဂဲတို့က တကယ်ကို သနားစရာ ကောင်းတယ်လို့ မြင်နေခဲ့တယ်။
ယန်ချီရဲ့ မျက်နှာတော့ ပုံမှန်အတိုင်း တည်ငြိမ်နေခဲ့တယ်။
“အထဲမှာ ထူးဆန်းတဲ့ ရတနာ ရှိတာလား”
သူက အဆင့်လေး နတ်ဆိုးသားရဲ လင်းနို့ဘုရင်ကို မေးလိုက်တယ်။
စိမ်းပြာရောင် တောင်ပံနဲ့ လင်းနို့ဘုရင်လည်း ဒီစကားကြောင့် အံ့အားသင့်သွားခဲ့တယ်။
ယန်ချီက သူ့ကို မကြောက်ရွံ့ရုံမက ပြန်ပြီး မေးခွန်းထုတ်ရဲလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။
“လူသား မင်းက ငါ့ကို မကြောက်ဘူးလား”
စိမ်းပြာရောင်တောင်ပံနဲ့ လင်းနို့ဘုရင်ရဲ့ အမြင်မှာတော့ ယန်ချီကို သူ့ကို တွေ့တဲ့အချိန်မှာ ကြောက်လန့်သင့်တယ်လို့ တွေးနေခဲ့တယ်။
ယန်ချီက အဆင့် လေး နတ်ဆိုးသားရဲ စိမ်းပြာရောင် တောင်ပံနဲ့ လင်းနို့ဘုရင်ရဲ့ စကားကို ကြားတဲ့အခါ ခေါင်းကို တိတ်တဆိတ် ခါယမ်းမိလိုက်တယ်။ အခြားလူတွေက သူ့အနေနဲ့ ကြောက်ရွံ့သင့်တယ်လို့ ဘာကြောင့် ထင်နေကြတာလဲ။
“ငါက စိတ်ဝိဉာဉ်အရှင်သခင်အဆင့်ပဲ။ မင်းလို့ အဆင့်လေး နတ်ဆိုးသားရဲကို ဘာကြောင့် ကြောက်ရမှာလဲ”
ယန်ချီက အဆင့်လေး စိမ်းပြာရောင်တောင်ပံနဲ့ လင်းနို့ဘုရင်ကို ကြည့်ပြီး မေးလိုက်တယ်။
“စိတ်ဝိဉာဉ် အရှင်သခင် အဆင့် . . . ”
စိမ်းပြာရောင် တောင်ပံနဲ့ လင်းနို့ဘုရင်လည်း အံ့အားသင့်နေခဲ့တယ်။ ယန်ချီက သူ့ကိုယ်သူ စိတ်ဝိဉာဉ်အရှင်သခင်အဆင့်လို့ ပြောလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။
“ဟား ဟား ဟား ”
ရုတ်တရက် အဆင့်လေး စိမ်းပြာရောင် တောင်ပံနဲ့ လင်းနို့ဘုရင်က တခါမှ မကြားဖူးတဲ့ ဟာသတစ်ခုကို ကြားလိုက်ရလို အားပါးတရ ရယ်မောလိုက်တယ်။
“လူသား မင်းက ဘာကြောင့် ဟာသတွေ ပြောနေတာလဲ။ ဒီစကားက မင်းမသေဆုံးခင် စကားလား”
အဆင့် လေး နတ်ဆိုးသားရဲ စိမ်းပြာရောင်တောင်ပံနဲ့ လင်းနို့ဘုရင်က ယန်ချီကို လှောင်ပြောင်ပြောဆိုလိုက်တယ်။
“အဲ့ဒါဆို လာခဲ့လေ”
ယန်ချီက ဒီအဆင့်လေး စိမ်းပြာရောင် တောင်ပံနဲ့ လင်းနို့ဘုရင်ကို အဓိပ္ပါယ် မရှိတာတွေ ပြောမနေတော့ပါဘူး။ သူက အဆင့်လေး စိမ်းပြာရောင် တောင်ပံနဲ့ လင်းနို့ဘုရင် ကို လက်ညိုးညွှန်လိုက်ပြီးကွေးပြကာ စိန်ခေါ်လိုက်တယ်။
ယန်ချီက ဒီလို လှုပ်ရှားတာကို မြင်တော့ အဆင့်လေး စိမ်းပြာရောင် တောင်ပံနဲ့ လင်းနို့ဘုရင် အနေနဲ့ ဒေါသအကြိးအကျယ် ထွက်သွားခဲ့တယ်။
“လူသား မင်းက အစိတ်စိတ်အပိုင်းပိုင်း ဖြစ်ချင်နေပြီ”
အဲ့ဒီနောက် အဆင့်လေး စိမ်းပြာရောင် တောင်ပံနဲ့ လင်းနို့ဘုရင်က ဟိန်းဟောက်လိုက်ပြီး ယန်ချီဆီကို ပျံသန်း ဝင်ရောက်လာတယ်။
ယန်ချီက သူ့ဆီကို အဆင့်လေး စိမ်းပြာရောင် တောင်ပံနဲ့ လင်းနို့ဘုရင်ပျံသန်း လာတာကို မြင်တော့ ဒီနတ်ဆိုးသားရဲကို အသက်ရှင်ခွင့်မပေးတော့မှန်း တွေးလိုက်တယ်။
အဆင့်လေး စိမ်းပြာရောင် တောင်ပံနဲ့ လင်းနို့ဘုရင်က အလွန် လျင်မြန်တာကြောင့် ယန်ချီအရှေ့ကို ချက်ချင်း ရောက်လာခဲ့တယ်။
ယန်ချီလည်း လက်သီးနဲ့ နတ်ဆိုးသားရဲကို ထိုးလိုက်တယ်။
“”ဘုန်း. .
ကြောက်မက်ဖွယ်ကောင်းတဲ့ စိတ်ဝိဉာဉ်စွမ်းအားတွေက ယန်ချီရဲ့ လက်သီးကနေ လွင့်ပျံ ထွက်လာခဲ့တယ်။
“”ယန်ချီကို တိုက်ခိုက်လိုက်တဲ့ အဆင့်လေး စိမ်းပြာရောင် တောင်ပံနဲ့ လင်းနို့ဘုရင်လည်း ရုတ်တရက် ထိတ်လန့်သွားခဲ့တယ်။ ယန်ချီက ဒီလို အစွမ်းထက်တဲ့ တိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်လိမ့်မယ်လို့ သူ ဘယ်တော့မှ မတွေးထားခဲ့မိပါဘူး။
အဆင့်လေး စိမ်းပြာရောင် တောင်ပံနဲ့ လင်းနို့ဘုရင်က တကယ်ကို အစွမ်းထက်ပါတယ်။
ဒါပေမယ့်လည်း သူ့အနေနဲ့ဒီတိုက်ခိုက်မှုကနေ အသက်ရှင်လွှတ်မြောက်ဖို့ မဖြစ်နိုင်မှန်း သိလိုက်ပါပြီ။
ဒါကြောင့် သူ သေဆုံးဖို့ကို စောင့်ဆိုင်းရုံမှတပါး ဘာမှ လုပ်စရာ မရှိသလို ဖြစ်နေခဲ့တယ်။
🐼🐼🐼🐼🐼🐼🐼🐼🐼
Chapter 490 - အဆင့် ၆ နတ်ဆိုးသားရဲ
“ဘုန်း. . ”
အစွမ်းထက်တဲ့ စိတ်ဝိဉာဉ်စွမ်းအားတိုက်ခိုက်မှုက အဆင့်လေး စိမ်းပြာရောင် တောင်ပံနဲ့ လင်းနို့ဘုရင်ရဲ့ ခန္ဓာကိုယ်ကို ထိမှန်သွားတာကနေ ထွက်ပေါ်လာခြင်းပါ။
အဆင့်လေး စိမ်းပြာရောင် တောင်ပံနဲ့ လင်းနို့ဘုရင်လည်း မြေပြင်ပေါ်ကို ရုတ်တရက် လဲပြိုကျသွားခဲ့တယ်။
နတ်ဆိုးသားရဲဆီကနေ အသက်အငွေ့အသက် နည်းနည်းမှကို မရရှိတော့ပါဘူး။
လက်သီးတစ်ချက်ထဲနဲ့ အစွမ်းထက် အဆင့်လေး စိမ်းပြာရောင် တောင်ပံနဲ့ လင်းနို့ဘုရင်ကို သေဆုံးသွားစေပါပြီ။
ဘေးမှာ ရှိနေတဲ့ ယွဲ့ချင်းဂဲကလည်း တကယ်ကို ထိတ်လန့်နေမိတယ်။
သူမက ယန်ချီကြောင့် အကြိမ်တိုင်းကို ထိတ်လန့်မိစေပေမယ့်လည်း ယန်ချီရဲ့ ပြသတဲ့ စွမ်းအားကို မြင်ရတိုင်း သူမက ထိတ်လန့်မိနေဆဲပါ။
“ဆက်သွားမယ်”
ယန်ချီက ဖြေးညှင်းစွာ ပြောလိုက်တယ်။
ယွဲ့ချင်းဂဲက ယန်ချီရဲ့ စကားကို ကြားတဲ့အခါ ပင့်သက်ရှိုက်မိလိုက်တယ်။
ယန်ချီက အစွမ်းထက်တဲ့ စွမ်းအားကို ပြသတဲ့အချိန်မတိုင်း သူမ အံ့အားသင့်သွားရတာ ဖြစ်ပေမယ့်လည်း ယန်ချီကတော့ ဘာအမူအယာမှ ပြောင်းလဲခြင်း မရှိပါဘူး။
ချက်ချင်းပင် သူတို့နှစ်ယောက်က လှိုဏ်ဂူရဲ့ အနက်ပိုင်းအထိ ဆက်လျှောက်သွားခဲ့တယ်။
နောက်ဆုံးမှာတော့ သူတို့နှစ်ယောက် လှိုဏ်ဂူအဆုံးကို ရောက်သွားခဲ့တယ်။
လှိုဏ်ဂူရဲ့ အဆုံးကလည်း ကျယ်ဝန်းလှတယ်။
အဲ့ဒီနေရာမှာ ပုံမှန်မဟုတ်တဲ့ ရွှေရောင်အလင်းတွေ တလက်လက် ထုတ်လွှင့်နေတဲ့ မှန်တစ်ချပ် ရှိနေခဲ့တယ်။
“အဲ့ဒါ .. ”
ယွဲ့ချင်းဂဲတစ်ယောက် အံ့အားသင့်နေခဲ့ပြီး ပြောမယ့် စကားတောင် အထစ်ထစ်အငေါ့ငေါ့နဲ့ ရပ်တန့်သွားပြီးမှာ ဆက်ပြောနိုင်ခဲ့တယ်။
“ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် ဟင်းလင်းပြင်ကြေးမုံဘုရင်မဟုတ်လား”
ယွဲ့ချင်းဂဲကတော့ ကြေးမုံကို ကြည့်ပြီး အံ့အားသင့်နေခဲ့တယ်။ သူမက ဒီစိတ်ဝိဉာဉ်လက်နက်ကို အညွှန်းစာအုပ်ထဲမှာသာ မြင်ဖူးပါတယ်။
“မဟုတ်နိုင်ဘူး”
ယွဲ့ချင်းဂဲက သူမခေါင်းကို ချက်ချင်း ခါယမ်းလိုက်မိတယ်။ သူမတွေ့လိုက်တဲ့ ဟင်းလင်းပြင်ကြေးမုံဘုရင်က စိတ်ဝိဉာဉ်လက်နက် လမ်းညွှန်စာအုပ်ထဲမှာ ပါတဲ့ ဟင်းလင်းပြင်ကြေးမုံဘုရင်နဲ့ မတူညီတာကို တွေ့လိုက်ရတယ်။
“စီနီယာ အဲ့ဒါက ဘယ်လို စိတ်ဝိဉာဉ်လက်နက်လဲ”
ယွဲ့ချင်းဂဲက ယန်ချီကို ကြည့်လိုက်ပြီး သူမအရှေ့မှာ ရှိတဲ့ စိတ်ဝိဉာဉ်လက်နက်က ထုဝမ်တောင်တန်းမှာ ပေါ်ထွက်လာတဲ့ ထူးဆန်းတဲ့ ရတနာလားဆိုတာ မှန်းဆနေခဲ့တယ်။
“ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် ဟင်းလင်းပြင် ကြေးမုံဘုရင်။ ဒါပေမယ့် အစိတ်အပိုင်းတစ်ခုပါ”
ယန်ချီက ပြန်ဖြေလိုက်တယ်။
ယန်ချီရဲ့ စကားကို ကြားလိုက်တဲ့အခါ ယွဲ့ချင်းဂဲတစ်ယောက် နားလည်သွားခဲ့တယ်။
သူမအရှေ့မှာ ရှိတဲ့ စိတ်ဝိဉာဉ်လက်နက်က စိတ်ဝိဉာဉ်လက်နက် လမ်းညွှန်စာအုပ်မှာ ပါတဲ့ ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် ဟင်းလင်းပြင်ကြေးမုံဘုရင်နဲ့ အနည်းငယ်ကွဲပြားတာ အံ့သြစရာ မဟုတ်တော့ပါဘူး။
“ဝေါင်း ဝေါင်း”
ရုတ်တရက် ခြောက်ခြားဖွယ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့တယ်။
“အဲ့ဒါ . .အဲ့ဒါ အဆင့် ခြောက် နတ်ဆိုးသားရဲ . . .. .”
ယွဲချင်းဂဲ့ အသံထွက်ပေါ်ရာကို လှည့်ကြည့်ပြီး ရုတ်တရက် ရေရွတ်လိုက်မိတယ်။
ယန်ချီကလည်း သူတို့နဲ့ မနီးမဝေးမှာ ကြီးမားတဲ့ မြွေတစ်ကောင်ကို မြင်လိုက်တယ်။
အဲ့ဒီမြွေက ဆယ်မီတာလောက် ရှည်လျားပါတယ်။ သာမန်လူတွေသာ ဒီမြွေကို မြင်ခဲ့မယ်ဆိုရင် သူတို့တွေက သေတဲ့အထိ ကြောက်လန့်သွားကြမှာပါ။
“အဆင့် ခြောက် နတ်ဆိုးသားရဲလား”
ယန်ချီလည်း သတိထားလိုက်တယ်။
ဒါပေမယ့်လည်း သူ့အရှေ့မှာ ရှိတဲ့ မြွေကြီးရဲ့ ခန္ဓာကိုယ်က စွမ်းအား အတက်အကျကို ကြည့်ပြီး ဒီမြွေကြီးက သူ့ထက်ပိုပြီး အစွမ်းမထက်ဘူးလို့ မှန်းဆလိုက်တယ်။ သူက စိတ်ဝိဉာဉ်လက်နက် အကုန်သုံးပြီး ဒီမြွေကြီးကို တိုက်ခိုက်မယ်ဆိုရင် သေချာပေါက် သတ်ဖြတ်နိုင်ပါလိမ့်မယ်။
“လူသား ကြည့်ရတာ မင်းတို့တွေက အမှန်တရားကို နားမလည်သေးတာပဲ”
အဆင့် ခြောက် နတ်ဆိုးသားရဲ မြွေဘုရင်ကြီးက ပြောလိုက်တယ်။
မြွေဘုရင်ကြီးရဲ့ မျက်လုံးကနေ အေးစက်စက် အလင်းတွေ လက်နေခဲ့ပြီး မြင်ရသူတွေကို အနည်းငယ် ကြောက်ရွံ့စေလောက်ပါတယ်။
“ဘာကိုလဲ”
ယန်ချီရဲ့ မျက်နှာထက်မှာတော့ မည်သည့်ကြောက်ရွံ့မှုမှ ရှိမနေခဲ့ပါဘူး။
ယန်ချီရဲ့ ဘေးမှာ ရှိတဲ့ ယွဲ့ချင်းဂဲရဲ့ မျက်နှာကတော့ စာရွက်ဖြူတစ်ရွက်လို ဖြူလျော့နေခဲ့ပါပြီ။
သူမ ဘယ်လိုပဲ စဉ်စားတွေးတောပါစေ စီနီယာက အဆင့်ခြောက် နတ်ဆိုးသားရဲနဲ့ ရင်ဆိုင်နေရတာတောင်မှ ဘာကြောင့် ကြောက်ရွံ့တဲ့အမူအယာ ပေါ်ထွက်မလာလဲဆိုတာကို မတွေးတောတက်တော့ပါဘူး။
ဖြစ်နိုင်တာက. . ယွဲ့ချင်းဂဲအနေနဲ့ အံ့အားသင့်ဖို့ကောင်းတဲ့ ဖြစ်နိုင်တာ တစ်ခုကို တွေးမိလိုက်တယ်။
အဲ့ဒါကတော့ အစောနက စီနီယာအနေနဲ့ အဆင့်လေး နတ်ဆိုးသားရဲ လင်းနို့ဘုရင်ကို ပြောလိုက်သလို သူက စိတ်ဝိဉာဉ်အရှင်သခင် အဆင့်လား။
စီနီယာက တကယ်ကို စိတ်ဝိဉာဉ်အရှင်သခင် တစ်ယောက်လား။
ယွဲ့ချင်းဂဲတစ်ယောက် ပြောမယ့် စကားတွေကို ပြန်မြိုချလိုက်ပြီး သူမရဲ့ အတွေးတွေက ရယ်စရာ ကောင်းတယ်လို့ ပြန်တွေးမိလိုက်တယ်။
ယန်ချီပြသခဲ့တဲ့ စွမ်းအားက ဘယ်လောက်ပင် အစွမ်းထက်စေကာမူ သူက စိတ်ဝိဉာဉ်အရှင်သခင်အဆင့် မဖြစ်နိုင်ဘူးဆိုတာ သူမ သိပါတယ်။
နောက်ဆုံးမှာတော့ ယန်ချီက သူမအသက်အရွယ်လောက်ပဲ ရှိသေးတာလေ။
အဆင့်ခြောက် နတ်ဆိုးသားရဲကတော့ ယန်ချီကို အေးစက်စက်အပြုံးနဲ့ ကြည့်နေခဲ့တယ်။
“ဒီနေရာမှာ ရတနာ ရှိတာကတော့ အမှန်တရားပဲ။ ဒါပေမယ့် အဆင့်မြင့် နတ်ဆိုးသားရဲတစ်ကောင်က စောင့်ကြပ်နေတယ်”