Chapter 461 - မင်းရဲ့ မျက်လုံးကို မင်း မယုံဘူးလား
“မင်းရဲ့ အမြင်ကို တကယ် ယုံတာလား”
အလယ်အလတ် နတ်ဆိုးစစ်သူကြီးတစ်ယောက် အံ့အားသင့်သွားခဲ့တယ်။
အလယ်အလတ် နတ်ဆိုးစစ်သူကြီးက ဒီကိစ္စကို ခေါင်းမူးမတက် စဉ်းစားစဉ်းစား ယန်ချီရဲ့ ဆိုလိုရင်းကို နားမလည်ခဲ့ပါဘူး။
“လူသား မင်းက ဘာကို ဆိုလိုချင်တာလဲ”
အလယ်အလတ် နတ်ဆိုးစစ်သူကြီးက အသံနက်ကြီးနဲ့ မေးလိုက်တယ်။
“မင်းရဲ့ အမြင်က ဘယ်တော့မှာ အမြဲတမ်း မမှန်ကန်နိုင်ဘူးလေ”
ယန်ချီက အလယ်အလတ် နတ်ဆိုးစစ်သူကြီးကို ဖြေးညှင်းစွာ ပြောလိုက်တယ်။
အလယ်အလတ် နတ်ဆိုးစစ်သူကြီးက ယန်ချီရဲ့ စကားကြောင့် နှာခေါင်းရှုံ့လိုက်တယ်။
သူ့အနေနဲ့ ယန်ချီက ဒီမိန်းကလေးကို ကယ်တင်ဖို့အတွက် အစွမ်းထက် စိတ်ဝိဉာဉ်ပညာရှင်အဖြစ် ဟန်ဆောင်ထားတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားတာကြောင့် လှောင်ရယ်နေခြင်းပါ။
“လူသား ငါက ငါ့ရဲ့ မျက်စီကို မယုံရင် မင်းရဲ့ မျက်စိကို ယုံကြည်ရမှာလား”
အလယ်အလတ် နတ်ဆိုးစစ်သူကြီးက ယန်ချီကို အေးတိအေးစက် ပြောလိုက်တယ်။
အလယ်အလတ် နတ်ဆိုးစစ်သူကြီးရဲ့ စကားကို ကြားပြီးနောက် ယန်ချီတစ်ယောက် တိတ်တဆိတ် ခေါင်းခါမိလိုက်တယ်။
သူက မနီးမဝေးမှာ ရှိတဲ့ ကျောက်တုံးကြီးကို လှမ်းကြည့်လိုက်တယ်။
“မင်း ကျောက်တုံးကြီးကို မြင်လား”
“ငါက ဘာကြောင့် အဲ့ဒါကို ကြည့်ရမှာလဲ”
အလယ်အလတ် နတ်ဆိုးစစ်သူကြီး ရဲ့ အမြင်မှာတော့ ယန်ချီနဲ့ ယန်ရှင်ရွှယ်တို့နှစ်ယောက်က သေလူတွေ ဖြစ်နေကြပါပြီ။ ဘယ်လိုနည်းနဲ့မှ အသက်ရှင်လွှတ်မြောက်ဖို့ မဖြစ်နိုင်တော့ဘူး။ ယန်ချီက ဘယ် လိမ်ညာရမလဲဆိုတာကို စောင့်ကြည့်ရတာပေါ့။
မူလနတ်ဆိုးစစ်သည် တဒါဇင်ကျော်ကလည်း မနီးမဝေးမှာ ရှိတဲ့ ကျောက်တုံးကြီးကို ကြည့်လိုက်ကြတယ်။ သူတို့တွေက ယန်ချီတစ်ယောက် ဘယ်လို လှည့်ကွက်ကစားမလဲဆိုတာကို သိချင်နေကြတယ်။
အလယ်အလတ် နတ်ဆိုးစစ်သူကြီး က စကားပြောလိုက်တဲ့အခါ ယန်ချီရဲ့ လက်က နောက်ကျောမှာ ရှိတဲ့ ဓါးလက်ကိုင်ရိုးပေါ် ရောက်သွားခဲ့တယ်။
အလယ်အလတ် နတ်ဆိုးစစ်သူကြီး ရဲ့ စကားဆုံးသွားတဲ့အခါ ဓါးသွားတစ်ထောင်မှော်ဓါးက ဓါးအိမ်ထဲကနေ ထွက်လာခဲ့တယ်။
“ဝှစ်”
အလယ်အလတ် နတ်ဆိုးစစ်သူကြီး နဲ့ မူလနတ်ဆိုးစစ်သည် တဒါဇင်ကျော်တို့က သူတို့အရှေ့မှာ ပေါ်လာတဲ့ အေးစက်စက် ကြောက်မက်ဖွယ်ရာအလင်းကို ခံစားမိလိုက်ကြတယ်။
သိပ်မကြာခင်မှာပဲ သူတို့အရှေ့မှာ ရှိတဲ့ ကျောက်တုံးကြီးက အမှုန့်ဖြစ်သွားခဲ့တယ်။
ဒီမြင်ကွင်းကို မြင်တော့ အလယ်အလတ် နတ်ဆိုးစစ်သူကြီး နဲ့ မူလနတ်ဆိုးစစ်သည် တဒါဇင်ကျော်က မိုးကြိုးငါးစင်း အပစ်ခံလိုက်ရသလို အလွန်တရာ ကြောက်လန့်သွားခဲ့တယ်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
အလယ်အလတ် နတ်ဆိုးစစ်သူကြီး နဲ့ မူလနတ်ဆိုးစစ်သည် တဒါဇင်ကျော်က မျက်လုံးအစုံပြူးကျယ်နေပြီး ဒီကိစ္စကို အမှန်ဆိုပြီး မယုံကြည်နိုင်ကြပါဘူး။
သူတို့တွေက ဒီကိစ္စကို မယုံကြည်ချင်ကြပေမယ့်လည်း ဖြစ်ပျက်သမျှတွေက အမှန်ဆိုတာ သူတို့ သိကြပါတယ်။
ရုတ်တရက် ကြောက်မက်ဖွယ်အေးစက်မှုတွေကို ဦးခေါင်းကနေ ခြေဖျားအထိ အလယ်အလတ် နတ်ဆိုးစစ်သူကြီး နဲ့ မူလနတ်ဆိုးစစ်သည်တဒါဇင်ကျော်က ခံစားမိလိုက်ကြတယ်။
အလယ်အလတ် နတ်ဆိုးစစ်သူကြီး က ယန်ချီကို သတိလက်လွှတ် ငေးမောနေခဲ့တယ်။ သူ့အနေနဲ့ အစောပိုင်းမှာ ယန်ချီက အစွမ်းထက် စိတ်ဝိဉာဉ်ပညာရှင်အဖြစ် ဟန်ဆောင်ထားတယ်လို့ တွေးထားခဲ့ပေမယ့် အခုတော့ ယန်ချီက တကယ်ကို အစွမ်းထက် စိတ်ဝိဉာဉ်ပညာရှင် ဖြစ်လိမ့်မယ်လို့ မထင်ခဲ့ပါဘူး။
အဲ့ဒီအချိန်မှာပဲ ယန်ချီက ဓါးသွားတစ်ထောင်မှော်ဓါးကို နောက်ကျောရှိ ဓါးအိမ်ထဲ ပြန်ထည့်လိုက်တယ်။
ဒီအတွက် နတ်ဆိုးမိစ္ဆာတွေက သူတို့အရှေ့က အေးစက်စက်အလင်းရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို သာ မြင်လိုက်ကြပြီး ဓါးသွားတစ်ထောင်မှော်ဓါးကိုတော့ မမြင်ကြတော့ပါဘူး။
“လူသား မင်း . .မင်း. . မင်း .. ဘယ်လို လုပ်လိုက်တာလဲ”
အလယ်အလတ် နတ်ဆိုးစစ်သူကြီး က ယန်ချီကို ထိတ်လန့်စွာနဲ့ ကြည့်ပြီး မေးလိုက်တယ်။
ယန်ချီက ဒီစကားကို ကြားတော့ သူ့အရှေ့မှာ ရှိတဲ့ အလယ်အလတ် နတ်ဆိုးစစ်သူကြီး ကို ကြည့်ပြီး ဖြေးညှင်းစွာ ပြောလိုက်တယ်။
“မင်းရဲ့ အမြင်ကို မင်း မယုံကြည်သေးဘူးမှတ်လား”
အခုထိတိုင်အောင် အလယ်အလတ် နတ်ဆိုးစစ်သူကြီး နဲ့ မူလနတ်ဆိုးစစ်သည်တဒါဇင်ကျော်က အခုထိကို ယန်ချီရဲ့ ဆိုလိုရင်းကို နားမလည်ခဲ့ပါဘူး။
“မင်း က ငါ ဘယ်လို လုပ်လိုက်တာလဲလို့ မေးနေတယ်နော် . .” ယန်ချီက ပြောလိုက်ပြီး နောက်ကျော်မှာ လွယ်ထားတဲ့ ဓါးသွားတစ်ထောင်မှော်ဓါးကို ဆွဲထုတ်လိုက်တယ်။
အလယ်အလတ် နတ်ဆိုးစစ်သူကြီးနဲ့ မူလနတ်ဆိုးစစ်သည် တဒါဇင်ကျော်ရဲ့ အရှေ့မှာ အေးစက်စက်အလင်းက ဖျတ်ခနဲ့ လက်သွားခဲ့တယ်။
“ဒီဓါးနဲ့ လုပ်လိုက်တာပေါ့”
ယန်ချီက လက်ထဲမှာ ကိုင်ထားတဲ့ ဓါးသွားတစ်ထောင်မှော်ဓါးကို ကြည့်ပြီး ဖြေးညှင်းစွာ ပြောလိုက်တယ်။
အလယ်အလတ် နတ်ဆိုးစစ်သူကြီး နဲ့ မူလနတ်ဆိုးစစ်သည် တဒါဇင်ကျော်က ထိတ်လန့်တုန်လှုပ်သွားကြပြီး စိတ်ထဲမှာလည်း တုန်လှုပ်သွားခဲ့တယ်။
“အနီရောင်သုံးကွင်း ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွယ်မှုလက်နက်”
အလယ်အလတ် နတ်ဆိုးစစ်သူကြီး တစ်ယောက် သူ့တစ်ကိုယ်လုံး ထိန်းချုပ်မရအောင် တုန်ယင်နေရုံမက လေသံကပါ တုန်ယင်နေခဲ့တယ်။
အလယ်အလတ် နတ်ဆိုးစစ်သူကြီး တောင် ဒီလို ဖြစ်နေမှတော့ မူလနတ်ဆိုးစစ်သည်တွေဆိုရင် ပြောဖို့ မလိုတော့ပါဘူး။
မူလနတ်ဆိုးစစ်သည်တွေကတော့ ထိတ်လန့်မှုကြောင့် မြေပေါ်ကို တဖြုတ်ဖြုတ် လဲကျသွားကုန်တယ်။
သူတို့ရဲ့ဝိဉာဉ်က ကောင်းကင်ကို ပျံတက်သွားပြီး ခန္ဓာကိုယ်ကတော့ မြေပြင်ပေါ်မှာ ကျန်နေခဲ့ပါတယ်။
🐼🐼🐼🐼🐼🐼🐼🐼
Chapter 462 - အပြာရောင် အကြေးခွံနဲ့ စပါးအုံ
အလယ်အလတ် နတ်ဆိုးစစ်သူကြီး နဲ့ မူလနတ်ဆိုးစစ်သည် တဒါဇင်ကျော်က ခေါင်းကိုက်မတက် စဉ်းစားပေမယ့်လည်း ယန်ချီရဲ့ ဆက်နွယ်မှုလက်နက်က အနီရောင်သုံးကွင်း ဖြစ်လိမ့်မယ်လို့ သူတို့တွေ လုံးဝ ထင်မိမှာ မဟုတ်ပါဘူး။
အနီရောင်သုံးကွင်းဆိုတာ ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွယ်မှု လက်နက်လေ။
ရုတ်တရက် အလယ်အလတ် နတ်ဆိုးစစ်သူကြီး နဲ့ မူလနတ်ဆိုးစစ်သည် တဒါဇင်ကျော်က တုန်လှုပ်သွားခဲ့တယ်။
နောက်ဆုံးမှာတော့ သူတို့တွေက ယန်ချီရဲ့ မျက်လုံးထဲက သိပ်သည်းတဲ့ သတ်ဖြတ်ချင်စိတ်တွေကို တွေ့မြင်လိုက်တာကြောင့်ပါ။
ဒီလူသားရဲ့ အကြည့်က အလွန်ကို ကြောက်မက်ဖွယ် ကောင်းလှတယ်။
“လူသား မင်း. . မင်း ဘာလိုချင်တာလဲ”
အလယ်အလတ် နတ်ဆိုးစစ်သူကြီး က ယန်ချီကို ထိတ်လန့်စွာ ကြည့်ပြီး ပြောလိုက်တယ်။
ဒီစကားကို ကြားပေမယ့်လည်း ယန်ချီရဲ့ မျက်နှာကတော ဘာအမူအယာမှ မရှိပါဘူး။ သူက အလယ်အလတ် နတ်ဆိုးစစ်သူကြီး ကို ကြည့်ပြီး ဖြေးညှင်းစွာ ပြောလိုက်တယ်။
“ငါ အခြား ဘာမှ မလိုချင်ဘူး။ ငါ မင်းကိုပဲ သတ်ချင်တာ”
အလယ်အလတ် နတ်ဆိုးစစ်သူကြီး နဲ့ မူလနတ်ဆိုး စစ်သည်တွေက ဒီစကားကို ကြားတော့ သူတို့တွေ ဝိဉာဉ်လွင့်ထွက်သွားမတက် ကြောက်လန့်သွားခဲ့ကြတယ်။
သူတို့တွေက ဘယ်လိုမှ ယန်ချီရဲ့ ပြိုင်ဖက်မဖြစ်နိုင်မှန်း သိကြပါတယ်။
သူတို့တွေ ဘယ်လို လုပ်သင့်လဲ။
“မင်းတို့တွေ သေဖို့ အသင့်ဖြစ်ပြီလား”
ယန်ချီက သူ့အရှေ့မှာ ရှိတဲ့အလယ်အလတ် နတ်ဆိုးစစ်သူကြီး နဲ့မူလနတ်ဆိုးစစ်သည်တွေကို တချက်ကြည့်လိုက်ပြီး ပြောလိုက်တယ်။
အဲ့ဒီအချိန်မှာတော့ အလယ်အလတ် နတ်ဆိုးစစ်သူကြီး နဲ့ မူလနတ်ဆိုးစစ်သည်တွေရဲ့ စိတ်ထဲမှာ အတွေးတစ်ခုသာ ပေါ်လာခဲ့တယ်။
ဒီနေရာကနေ လွတ်မြောက်ဖို့ပါ။
ချက်ချင်းပင် အလယ်အလတ် နတ်ဆိုးစစ်သူကြီး နဲ့ မူလနတ်ဆိုးစစ်သည်တွေက လွတ်မြောက်ဖို့အတွက် စတင်ရုန်းကန်ကြတယ်။
ဒါပေမယ့်လည်း သူတို့တွေမှာ အသက် ဆယ်သက်ရှိမယ် ဆိုရင်တောင် ဒီနေ့မှာတော့ သူတို့တွေ အသက်ရှင်လွှတ်မြောက်ဖို့ မဖြစ်တာ သနားဖို့ ကောင်းပါတယ်။
“ဝှစ် ဝှစ်”
ယန်ချီက လက်ထဲမှာ ဓါးသွားတစ်ထောင် မှော်ဓါးကို ကိုင်ပြီး လျှပ်စီးခြေလှမ်းသုံးပြီး ပြေးထွက်သွားခဲ့တယ်။
သူ့ရဲ့ အလျင်က အလွန်မြန်ဆန်ပြီး အလယ်အလတ် နတ်ဆိုးစစ်သူကြီး နဲ့ မူလနတ်ဆိုးစစ်သည်တွေ ဘယ်လိုမှ မတုန်ပြန်နိုင်ခဲ့ပါဘူး။
ချက်ချင်းပင် အလယ်အလတ် နတ်ဆိုးစစ်သူကြီး နဲ့ မူလနတ်ဆိုးစစ်သည်တွေအားလုံး သွေးအိုင်ထဲ လဲကျသွားပြီး ဒီလောက ကနေ လုံးဝ ပျောက်ကွယ်သွားခဲ့တယ်။
“နတ်ဆိုးမိစ္ဆာ ၅၃ ကောင်ကို သတ်ဖြတ်ခြင်း ဓါးဆွဲထုတ်မှတ် +၂၅၀၀၀”
စနစ်ရဲ့ အသံက ယန်ချီရဲ့ စိတ်ထဲ ပေါ်လာခဲ့တယ်။
အဲ့ဒီနောက်တော့ ယန်ချီက ယန်ရှင်ရွှယ်ကို ကြည့်ပြီး ပြောလိုက်တယ်။
“မင်းက ဘာကြောင့် နတ်ဆိုးမြို့တော်ကို တစ်ယောက်ထဲ လာတာလဲ”
“ကျွန်မ ကျွန်မ ဒီနေရာမှာ လေ့ကျင့်ဖို့ပါ”
ယန်ရှင်ရွှယ်က အနည်းငယ် ကြောက်လန့်စွာနဲ့ ယန်ချီကို မျက်နှာချင်း မဆိုင်ပဲ ဖြေလိုက်တယ်။
ယန်ချီက နောက်ထပ် စကားကို ပြောဖို့ မပြင်ဆင်ထားတဲ့ အတွက် တိတ်တဆိတ် ခေါင်းခါလိုက်တယ်။
စကားတွေ ဆက်မပြောကြတော့ပဲ သူတို့နှစ်ယောက်က နတ်ဆိုးမြို့တော် အပြင်ကို လျှောက်လာခဲ့ကြတယ်။
သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက်က သူတို့နှစ်ယောက်က နတ်ဆိုးမြို့တော် အပြင်ကို ရောက်လာခဲ့တယ်။
ဒါပေမယ့်လည်း သူတို့တွေက မမျှော်လင့်စွာနဲ့ နောက်ထပ် နတ်ဆိုးသားရဲတစ်အုပ်နဲ့ ရင်ဆိုင်မိကြတယ်။
သူတို့တွေ နတ်ဆိုးမြို့တော် အပြင်ကို လျှောက်လာတော့ သူတို့အရှေ့မှာ အပြာရောင် အကြေးခွံစပါးအုံကို မြင်လိုက်ကြတယ်။
“အဆင့်ငါး နတ်ဆိုးသားရဲ အပြာရောင် အကြေးခွံ စပါးအုံ”
ဒီအချိန်မှာတော့ ယန်ရှင်ရွှယ်လည်း ထိတ်လန့်နေခဲ့ပြီး သူမရဲ့ ဖြူလွှလွှမျက်နှာကလည်း ဖြူဖျော့နေခဲ့တယ်။
ယန်ချီက နတ်ဆိုးမြို့တော်အပြင်ဖက်မှာ အစွမ်းထက်တဲ့ စပါးအုံတစ်ကောင်နဲ့ တွေ့ရလိမ့်မယ်လို့ မမျှော်လင့်မိပါဘူး။
“လူသားတွေ . .. ”
အပြာရောင် အကြေးခွံစပါးအုံမြွေက ဆယ်ပေလောက် ရှည်လျားပြီး အေးစက်စက် အလင်းတွေ တလက်လက် လင်းလက်နေခဲ့တော့ ကြည့်ရတာ ကြောက်ရွံ့ဖွယ် ကောင်းပါတယ်။
ဒါပေမယ့်လည်း ယန်ချီက ဒီအပြာရောင် အကြေးခွံစပါးအုံမြွေရဲ့ ခန္ဓာကိုယ်ပေါ်က စွမ်းအားအတက်အကျကို ကြည့်ပြီး ဒီအပြာရောင်အကြေးခွံ စပါးအုံမြွေက သူ့ပြိုင်ဖက်မဖြစ်နိုင်မှန်း သိလိုက်တယ်။
ဒီအတွက် သူ့အနေနဲ့ ကြောက်ရွံ့စရာ အကြောင်း မရှိပါဘူး။
“လူသား မင်းတို့တွေက တကယ် ကံမကောင်းတာပဲ။ မင်းတို့တွေ တကယ်ကို ငါနဲ့မှ ရင်ဆိုင်မိတယ်”
အပြာရောင်အကြေးခွံစပါးအုံမြွေက ယန်ချီနဲ့ ယန်ရှင်ရွှယ်ကို ကြည့်ပြီး ပြောလိုက်တယ်။
အပြာရောင် အကြေးခွံ စပါးအုံမြွေရဲ့ အမြင်မှာတော့ ယန်ချီနဲ့ ယန်ရှင်ရွှယ်တို့နှစ်ယောက်က သေလူတွေ ဖြစ်နေကြပါပြီ။
“မင်းနဲ့ ရင်ဆိုင်မိတော့ ဘာဖြစ်လဲ”
ယန်ချီက အပြာရောင် အကြေးခွံစပါးအုံမြွေကို ကြည့်ပြီး ပြောလိုက်တယ်။
အပြာရောင် အကြေးခွံ စပါးအုံမြွေက အံ့အားသင့်သွားခဲ့တယ်။ ယန်ချီက ဒီစကားကို ပြန်ပြောလိမ့်မယ်လို့ မထင်မိပါဘူး။
“ လူသား မင်း. . မင်း ငါနဲ့ ရင်ဆိုင်မိနေတာရော သိရဲ့လား။ မင်းရဲ့ အသက် ဒီလောက ကနေ ပျောက်ကွယ်သွားလိမ့်မယ်”
အပြာရောင် အကြေးခွံ စပါးအုံမြွေက ယန်ချီကို အေးတိအေးစက် ကြည့်ပြီး ပြောလိုက်တယ်။
ယန်ချီတစ်ယောက် ဒီစကားကြောင့် ပြုံးလိုက်မိတယ်။ “ငါ တကယ်ကို မသိဘူး”
🐼🐼🐼🐼🐼🐼🐼
Chapter 463 - မင်း ကိုက်နိုင်ရင် ငါ့ကို ကိုက်လေ
အပြာရောင် အကြေးခွံ စပါးအုံမြွေ က ယန်ချီရဲ့ စကားကို ကြားပြီးနောက် သူက ယန်ချီကို စူးစိုက်ကြည့်လိုက်တယ်။ ယန်ချီ ဘာကြောင့် ဒီလောက်မောက်မာနေမှန်း နားမလည်ခဲ့ပါဘူး။
ဖြစ်နိုင်တာက. . . အပြာရောင် အကြေးခွံ စပါးအုံမြွေ အနေနဲ့ အံ့အားသင့်ဖို့ကောင်းတဲ့ ဖြစ်နိုင်တာ တစ်ခုကို တွေးမိလိုက်တယ်။ အဲ့ဒါကတော့ ယန်ချီက အစွမ်းထက် စိတ်ဝိဉာဉ်ပညာရှင်လားပေါ့။ အဲ့ဒီလိုမှမဟုတ်ရင် သူက ဒီလို စကားကို ပြောရဲမှာ မဟုတ်ဘူးလေ။
“လူသား ကြည့်ရတာ မင်းက အစွမ်းထက် စိတ်ဝိဉာဉ်ပညာရှင် မှတ်တယ်”
အပြာရောင် အကြေးခွံ စပါးအုံမြွေ က ယန်ချီကို ကြည့်ပြီး အေးစက်စက် ပြောလိုက်တယ်။
ယန်ချီက ဒီအပြာရောင် အကြေးခွံ စပါးအုံမြွေ မှာ မြင်နိုင်စွမ်း ရှိတယ်လို့ တွေးလိုက်မိတယ်။
“ငါက သိပ်ပြီး အစွမ်းမထက်ပါဘူး” ယန်ချီက အပြာရောင် အကြေးခွံ စပါးအုံမြွေကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်တယ်။ “ဒါပေမယ့် မင်းကို သတ်ဖို့ကတော့ လုံလောက်တာထက်ပိုတယ်”
ဒီစကားကို ကြားတော့ အပြာရောင် အကြေးခွံ စပါးအုံမြွေ အနေနဲ့ အလွန်တရာ ဒေါသ ထွက်သွားခဲ့တယ်။
“ဝေါင်း ”
ရုတ်တရက် ဆယ်ပေထက်ပိုပြီး ရှည်လျားတဲ့ အပြာရောင် အကြေးခွံ စပါးအုံမြွေ က ပါးစပ်ကို ဖွင့်ပြီး ဟိန်းဟောက်လိုက်တယ်။
အဲ့ဒီနောက် အပြာရောင် အကြေးခွံ စပါးအုံမြွေ က ယန်ချီဆီကို အလွန် လျင်မြန်စွာ ပျံသန်းလာခဲ့တယ်။
အပြာရောင် အကြေးခွံ စပါးအုံမြွေ က အဆင့်ငါး နတ်ဆိုးသားရဲဖြစ်ပေမယ့် ယန်ချီရဲ့ ပြိုင်ဖက် မဖြစ်နိုင်တာတော့ သနားဖို့ ကောင်းတယ်။
အပြာရောင် အကြေးခွံ စပါးအုံမြွေ က ယန်ချီအရှေ့ကို ချက်ချင်း ရောက်လာခဲ့တယ်။
အပြာရောင် အကြေးခွံ စပါးအုံမြွေ က ပါးစပ်ကို အကျယ်ကြီး ဖွင့်ပြီး ယန်ချီကို တလုတ်ထဲနဲ့ မြိုချချင်နေခဲ့တယ်။
ယန်ရှင်ရွှယ်ကတော့ ယန်ချီတစ်ယောက် အလွန်တည်ငြိမ်နေတယ်လို့ သူမဘာသာ တွေးမိနေခဲ့တယ်။ ဒါက ယန်ချီအနေနဲ့ အပြာရောင် အကြေးခွံ စပါးအုံမြွေ ကို မကြောက်ဖူးဆိုတာ သက်သေပါပဲ။
ဒါပေမယ့် ယန်ရှင်ရွှယ် မမျှော်လင့်မိတာကတော့ ယန်ချီက အပြာရောင် အကြေးခွံ စပါးအုံမြွေ ရဲ့ တိုက်ခိုက်မှုကို မရှောင်တိမ်းတာပါပဲ။
“ယန်ချီ . .”
သူမက ယန်ချီကို အဆောတလျင် သတိပေးလိုက်တယ်။
ယန်ချီကတော့ သူမရဲ့ စကားကို ကြားပေမယ့်လည်း ဘာမှ မတုန့်ပြန်ခဲ့ပါဘူး။
အဲ့ဒီအချိန်မှာ အပြာရောင် အကြေးခွံ စပါးအုံမြွေ ရဲ့ ပါးစပ်က ယန်ချီရဲ့ ခန္ဓာကိုယ်နဲ့ ထိခါနီးဖြစ်နေပါပြီ။
“မဟုတ်ဘူး .. ”
ယန်ရှင်ရွှယ်တစ်ယောက် ဆက်မကြည့်ရဲတာကြောင့် မျက်လုံးကို မှိတ်လိုက်တယ်။
အပြာရောင် အကြေးခွံ စပါးအုံမြွေ ရဲ့ ကြီးမားတဲ့ ပါးစပ်ကြီးက ယန်ချီရဲ့ ခန္ဓာကိုယ်ကို ဖုံးအုပ်လုနီးပါးဖြစ်နေခဲ့တယ်။ စပါးအုံမြွေကြီးအနေနဲ့ ယန်ချီကို မောက်မာတဲ့အတွက် လူသားပါရမီရှင်တစ်ယေက်လို့ ထင်နေခဲ့တယ်။
ဒါပေမယ့် သူ တိုက်ခိုက်လိုက်တဲ့အခါ ယန်ချီက အလွန် ကြောက့်ရွံ့တာကြောင့် မလှုပ်ရှားနိုင်ဘူးလို့ မမျှော်လင့်ခဲ့ပါဘူး။ ကြည့်ရတာ သူက ယန်ချီကို ပိုတွက်မိပုံပါ။
“ဒန် . .. ဒေါင်”
ဒါပေမယ့်လည်း သံသံခြင်း ထိသံ ထွက်ပေါ်လာခဲ့တယ်။
ဒီအသံကို ကြားတော့ ယန်ရှင်ရွှယ်တစ်ယောက် မျက်လုံးကိုဖွင့်ကြည့်လိုက်မိတော့ သူမရဲ့ ဖြူဖျော့နေတဲ့ မျက်နှာထက်မှာ အံ့အားသင့်မှုတွေ ပေါ်လာခဲ့တယ်။
သိပ်မကြာခင်မှာပဲ ခြောက်ခြားဖွယ် အော်မြည်သံတွေ ထွက်ပေါ်လာခဲ့တယ်။
“နာလိုက်တာ။ နာလိုက်တာ ”
တကယ်တော့ ဒီခြောက်ခြားဖွယ်အော်မြည်သံက အပြာရောင် အကြေးခွံ စပါးအုံမြွေ ဆီကနေ ထွက်ပေါ်နေခြင်းပါ။
အပြာရောင် အကြေးခွံ စပါးအုံမြွေ ရဲ့ သွားတွေက မြေပေါ်ကို ကျရောက်နေခဲ့ပြီး သူ့သွားတော်တော်များများက အမှုန့်အဖြစ် ပြောင်းလဲသွားခဲ့တယ်။
ယန်ရှင်ရွှယ်လည်း ဒီမြင်ကွင်းကြောင့် အံ့သြမှင်သက်နေခဲ့တယ်။
အဆင့်ငါး နတ်ဆိုးသားရဲ အပြာရောင် အကြေးခွံ စပါးအုံမြွေ ရဲ့ သွားတွေက တကယ်ကို သံမဏိအလား မာကျောတယ်လေ။
ဒါပေမယ့်လည်း အဲ့ဒီ သွားတွေက ယန်ချီကို ကိုက်လိုက်ပြီးနောက် ကျိုးပဲ့ကုန်တယ်။
အ့ဲ့ဒီအချိန်မှာပဲ ယန်ရှင်ရွှယ်က ယန်ချီတစ်ယောက် ဘာမှ မဖြစ်တာကို မြင်တော့ အံ့အားသင့်သွားခဲ့ရတယ်။ သူမရဲ့ ပူပန်နေတဲ့ စိတ်တွေကလည်း သက်သာရာ ရသွားခဲ့တယ်။
ယန်ချီက သူ့အရှေ့မှာ ရှိတဲ့ အပြာရောင် အကြေးခွံ စပါးအုံမြွေကို ကြည့်ပြီး ပြောလိုက်တယ်။ “ငါက ဘာမှ မဖုံးကွယ်ထားဘူးလို့ မင်းထင်လား”
“မင်း ကိုက်နိုင်စွမ်း ရှိရင် ကိုက်လေ။ မင်း ဘာကြောင့် ဆက် မကိုက်တော့တာလဲ”
ယန်ချီက အပြာရောင် အကြေးခွံ စပါးအုံမြွေ ကို ပြုံးပြီး ပြောလိုက်တယ်။
အပြာရောင် အကြေးခွံ စပါးအုံမြွေ က ဘာစကားမှ မပြောနိုင်တော့ပဲ မြေပြင်မှာ လူလိမ့်နေခဲ့တယ်။
“ကောင်းပြီလေ။ လူးလိမ့်မနေနဲ့တော။ အဲ့ဒီလိုမှ မဟုတ်ရင် မင်းရဲ့ ခန္ဓာကိုယ် စုတ်ပြတ်သွားလိမ့်မယ်”
ယန်ချီက သူ့အရှေ့မှာ လူးလိမ့်နေတဲ့ အပြာရောင် အကြေးခွံ စပါးအုံမြွေ ကို ကြည့်ပြီး ပြောလိုက်တယ်။
အပြာရောင် အကြေးခွံ စပါးအုံမြွေ က ဒီစကားကို ကြားလိုက်တော့ ရေခဲလှိုဏ်ဂူထဲ ရောက်နေသလို ခံစားမိလိုက်တယ်။
အေးစက်စက် အရှိန်အဝါတွေက သူ့ရဲ့ ဦးခေါင်းထက်ကနေ အမြီးအထိ ခံစားခဲ့ရတယ်။
အဲ့ဒီအချိန်မှာတော့ အပြာရောင် အကြေးခွံ စပါးအုံမြွေ က ဆက်ပြီး မလူးလိမ့်ရဲတော့ပဲ ယန်ချီကို ကြောက်လန့်စွာ ကြည့်လိုက်တယ်။
“လူသား မင်း . . မင်း . ..”
အပြာရောင် အကြေးခွံ စပါးအုံမြွေ က စကားကို ဆုံးအောင် မပြောနိုင်တော့ပါဘူး။ ဒါပေမယ့်လည်း နောက်ဆက်ပြောမယ့် စကားရဲ့ ဆိုလိုရင်းကို ယန်ချီ နားလည်နေပါပြီ။
🐼🐼🐼🐼🐼🐼🐼🐼
Chapter 464 - လင်ဂိုဏ်းကို အပြန်ခရီး
ယန်ချီက သူ့အရှေ့မှာ ရှိတဲ့ အပြာရောင် အကြေးခွံ စပါးအုံမြွေ ကို မထူးခြားသလို ကြည့်လိုက်တယ်။
“ကဲပြောစမ်းပါ။ မင်း ဘယ်လို သေချင်တာလဲ”
သူက တစ်ယောက်နဲ့ တစ်ယောက် ရင်ဆိုင်မိတာ ကံကြမ္မာပဲလို့ တွေးနေခဲ့တယ်။ ဒါကြောင့် ဒီ အပြာရောင် အကြေးခွံ စပါးအုံမြွေ ကို သေခြင်းတရာကို ရွေးချယ်ဖို့ အခွင့်အရေးပေးတာ အကောင်းဆုံးပါပဲ။
ဒီစကားကို ကြားတော့ အပြာရောင် အကြေးခွံ စပါးအုံမြွေ အနေနဲ့ အလွန်တရာကို ကြောက်လန့်နေခဲ့တယ်။
“လူသား. . . ငါ . . ငါ. . မသေချင်သေးဘူး”
တကယ်တမ်းလည်း အပြာရောင် အကြေးခွံ စပါးအုံမြွေ အနေနဲ့ မသေချင်သေးပါဘူး။ ဒီအချိန်မှာတော့ သူ့ရဲ့ စိတ်ထဲကနေ နောင်တတွေ လုံးဝကို ရရှိနေခဲ့တယ်။ ယန်ချီသာ အလွန် အစွမ်းထက်မှန်း သိခဲ့ရင် သူ့အနေနဲ့ ယန်ချီကို ဘယ်တော့မှ ရန်စမိမှာ မဟုတ်ပါဘူး။
ဒါပေမယ့် အခုတော့ အသိနောက်ကျခဲ့ပါပြီ။
“မင်း အသက်ရှင် လွတ်မြောက်နိုင်မယ်ထင် ရင် စမ်းကြည့်လေ”
ယန်ချီက အပြာရောင် အကြေးခွံ စပါးအုံမြွေ ကို ကြည့်ပြီး တည်ငြိမ်စွာနဲ့ ပြောလိုက်တယ်။
အပြာရောင် အကြေးခွံ စပါးအုံမြွေ က အေးစက်စက် ပြန်ကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်တယ်။
“လူသား မင်းက အစွမ်းထက်ပေမယ့် ငါက မင်းနဲ့ မတိုက်ခိုက်ရဲဘူး ထင်နေတာလား”
အပြာရောင် အကြေးခွံ စပါးအုံမြွေ က ယန်ချီကို သတ်ပြီး ဒီနေရာမှာ အောင်နိုင်သူ ဖြစ်ချင်ခဲ့ပါပြီ။
ဒီစကားကို ကြားတော့ ယန်ချီရဲ့ မျက်နှာထက်မှာ မထီတရီ အပြုံးလေးပေါ်လာခဲ့တယ်။ အဲ့ဒါကြောင့် သူက အပြာရောင် အကြေးခွံ စပါးအုံမြွေ ကို လက်ညိုးညွှန်လိုက်ပြီး ကွေးညွှတ်ပြကာ ပြောလိုက်တယ်။
“မင်းမှာ ငါ့ကို တိုက်ခိုက်နိုင်တဲ့ စွမ်းအားရှိတယ်လို့ ထင်ရင် ဘာကို စောင့်နေတာလဲ”
အပြာရောင် အကြေးခွံ စပါးအုံမြွေ အနေနဲ့ ယန်ချီက သူ့ကို ထွက်သွားခွင့်မပေးဘူးဆိုတာ သိပါတယ်။ သူ့အနေနဲ့ အသက်ရှင်လွတ်မြောက်ဖို့ဆိုရင် ယန်ချီကို တိုက်ခိုက်ဖို့ပဲ ရှိပါတယ်။
“ဝေါင်း”
ရုတ်တရက် အပြာရောင် အကြေးခွံ စပါးအုံမြွေ က ဟိန်းဟောက်လိုက်တယ်။
ဒီဟိန်းဟောက်သံ ဆုံးတာနဲ့ အပြာရောင် အကြေးခွံ စပါးအုံမြွေ က ယန်ချီဆီကို အလွန်လျင်မြန်စွာနဲ့ ပြေးဝင်လာခဲ့တယ်။
ဒါပေမယ့်လည်း ယန်ချီရဲ့ အမြင်မှာတော့ ဒီအမြန်နှုန်းက သနားစဖွယ်ကောင်းအောင် နှေးကွေးနေခဲ့တယ်။
ချက်ချင်းပင် အပြာရောင် အကြေးခွံ စပါးအုံမြွေ က ယန်ချီဆီကို ရောက်လာခဲ့တယ်။
အပြာရောင် အကြေးခွံ စပါးအုံမြွေ က ယန်ချီဆီကို ပြေးဝင်လာတဲ့အခါ ယန်ချီရဲ့ လက်က နောက်ကျောမှာ လွယ်ထားတဲ့ ဓါးလက်ကိုင်ရိုးပေါ်ရောက်သွားခဲ့တယ်။
အပြာရောင် အကြေးခွံ စပါးအုံမြွေ က သူ့အရှေ့ကို ရောက်လာတာနဲ့ ယန်ချီက ဓါးသွားတစ်ထောင် မှော်ဓါးကို ဆွဲထုတ်လိုက်တယ်။
အေးစက်စက် ဓါးအလင်းက ဖျတ်ခနဲ လက်သွားခဲ့ပြီး ဓါးအိမ်ထဲကနေ ဓါးက ထွက်ပေါ်လာခဲ့တယ်။
“ဝှစ် ”
ပုံမှန်ထက်ပိုတဲ့ ကြောက်မက်ဖွယ်ဓါးအလင်းက ထွက်ပေါ်လာခဲ့တယ်။
ယန်ရှင်ရွှယ်က ဓါးအလင်း ထွက်ပေါ်လာတဲ့အခါ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပဲ ဓါးအလင်း ပျောက်ကွယ်သွားချိန်မှသာ သူမ ရှင်းလင်းစွာ မြင်နိုင်ခဲ့တယ်။
မြင်လိုက်ရတဲ့ မြင်ကွင်းကို သူမ ရှင်းလင်းစွာ မြင်လိုက်တဲ့ အချိန်မှာတော့ သူမရဲ့ မျက်လုံးတွေ အနည်းငယ် ပြူးကျယ်နေခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ အပြာရောင် အကြေးခွံ စပါးအုံမြွေ က မြေပြင်ပေါ်ကို လဲပြိုကျနေခဲ့ပြီး ဘာလှုပ်ရှားမှုမှ မရှိတော့ပါဘူး။
ယန်ရှင်ရွှယ်အနေနဲ့ ယန်ချီကို အစွမ်းထက်မှန်း သိပေမယ့်လည်း အဆင့်ငါး နတ်ဆိုးသားရဲက ဒီလိုမျိုး အသတ်ခံလိုက်ရလိမ့်မယ်လို့ လုံးဝ မထင်မိပါဘူး။
“အဆင့်ငါး နတ်ဆိုးသားရဲကို သတ်ဖြတ်ခြင်း ဓါးဆွဲထုတ်မှတ် ၃ သန်း”
စနစ်ရဲ့အသံက ယန်ချီရဲ့ စိတ်ထဲ ပေါ်လာခဲ့တယ်။
ယန်ချီက မထူးခြားသလို ပြုံးလိုက်မိတယ်။ သူက အဆင့်ငါး နတ်ဆိုးသားရဲတွေက တကယ်ကို အံ့သြဖို့ ကောင်းတာပဲလို့ တွေးနေခဲ့တယ်။ သူ့အနေနဲ့ ဓါးဆွဲထုတ်မှတ် သုံးသန်းတောင် ရခဲ့တယ်လေ။
အဲဒီနောက် သူက ယန်ရှင်ရွှယ်ကို ကြည့်လိုက်တော့ သူမက နေရာမှာတင် ကျောက်ရုပ်အလား ကြောင်အမ်းနေခဲ့တယ်။
“ဘာဖြစ်လို့လဲဟ”
ယန်ချီက ယန်ရှင်ရွှယ်ကို နားမလည်နိုင်စွာနဲ့ ကြည့်လိုက်တယ်။
ယန်ရှင်ရွှယ်က ယန်ချီရဲ့ စကားကြောင့် သတိပြန်ဝင်လာခဲ့ပြီး တံတွေးကို မြိုချကာ ယန်ချီကို ပြောလိုက်တယ်။
“စီနီယာအစ်ကိုကြီး ရှင်က အလွန် ကြောက်စရာ ကောင်းတာပဲ”
ယန်ရှင်ရွှယ်ရဲ့စကားကိုကြားပြီးနောက် ယန်ချီက ပြုံးလိုက်မိတယ်။
“အင်း. . ”
အဲဒီနောက်တော့ သူတို့နှစ်ယောက်က လင်ဂိုဏ်းဆီကို ဦးတည် ပြန်လာခဲ့ကြတယ်။
“နောင်ကျရင် လေ့ကျင့်ရေးခရီးကို တစ်ဦးထဲ မသွားနဲ့”
လင်ဂိုဏ်းကို ရောက်ခါနီးတော့ ယန်ချီက ရပ်တန့်လိုက်ပြီး ယန်ရှင်ရွယ်ကို ပြောလိုက်တယ်။
ယန်ရှင်ရွှယ်က ဒီစကားကိုကြားတော့ သူမရဲ့ ဖြူလွှလွှ မျက်နှာထက်က အမူအယာတွေ တုန့်ဆိုင်းသွားခဲ့တယ်။ သူမက အချိန်အတော်ကြာတဲ့အထိ ဘာစကားမှ မပြောနိုင်ခဲ့ပါဘူး။
“ယန်ချီ ရှင်. . ရှင်က ဘာကြောင့် ကျွန်မကို ဂရုစိုက်တာလဲ”
“မင်း က ဘာကို ပြောချင်တာလဲ”
ယန်ချီက ပြန်မေးလိုက်တယ်။
ယန်ရှင်ရွှယ်က ယန်ချီရဲ့ အပြုအမူကြောင့် စိတ်ထဲ နွေးထွေးနေခဲ့တယ်။
“အင်း မသွားတော့ဘူး”
သူမက ယန်ချီကို လေးပင်းစွာ ခေါင်းညိတ်ပြလိုက်တယ်။
ဘာစကားမှ ပြောမနေကြတော့ပဲ ယန်ချီနဲ့ ယန်ရှင်ရွှယ်တို့ လင်ဂိုဏ်းဆီ ဆက်လက် ပြန်လာခဲ့ကြတယ်။
နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်က လင်ဂိုဏ်းကို ပြန်လည် ရောက်ရှိခဲ့တယ်။
🐼🐼🐼🐼🐼🐼🐼🐼
Chapter 465 - အင်ပါယာနန်းတော်သို့ ခရီးဆက်ခြင်း
ယန်ချီက လင်ဂိုဏ်းကို ပြန်ရောက်ပြီးနောက် တခါတည်း အဓိက တောင်ထိပ်ကို ပြန်လာခဲ့တယ်။
အဓိက တောင်ထိပ်ကို ပြန်ရောက်ပြီးနောက် ရင်ပြင်မှာ တိုက်ရိုက်တပည့်တွေကို မြင်လိုက်ရတယ်။
“စီနီယာ အစ်ကိုကြီး ”
တိုက်ရိုက်တပည့်တွေက ယန်ချီကို မြင်တော့ တညီတညာထဲ နှုတ်ဆက်လိုက်ကြတယ်။
ချင်ရုရွယ်လည်း အဲ့ဒီ တိုက်ရိုက်တပည့်တွေထဲမှာ ရှိနေခဲ့တယ်။ သူမက ယန်ချီ ပြန်လာတာ မြင်တဲ့အခါ သူမရဲ့ ဖြူလွှလွှ မျက်နှာထက်မှာ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။
အဲ့ဒီနောက်တော့ သူမက ယန်ချီဆီကို လျှောက်လာပြီး ပြောလိုက်တယ်။
“စီနီယာ အစ်ကိုကြီး ယန်ရှင်ရွှယ်နဲ့ ပတ်သတ်ပြီး အဆင်ပြေရဲ့လား”
“အင်း အဆင်ပြေပါတယ်”
ယန်ချီက ပြောလိုက်တယ်။
ချင်ရုရွှယ်က ယန်ချီရဲ့ အဖြေကြောင့် စိတ်သက်သာရာ သလို ခံစားမိလိုက်တယ်။
“ဒါနဲ စကားစမပ် စီနီယာ အစ်ကိုကြီး မနက်ဖြန်ကျရင် ကျွန်မတို့တွေ အင်ပါယာမြို့တော်ကို သွားကြမလား”
ချင်ရုရွယ်က ယန်ချီကို ထပ်မေးလိုက်ပြန်တယ်။
ယန်ချီလည်း ချင်ရုရွယ် ပြောချင်တာကို နားလည်ပါတယ်။
သူက အင်ပါယာမြို့တော် ပါရမီရှင် နှီးနှောဖလှယ်ပွဲကို စိတ်မဝင်စားပေမယ့် ဂိုဏ်းခေါင်းဆောင်ကို ကတိပေးပြီးသားဆိုတော့ သွားသင့်ပါတယ်။
“အင်း သွားကြမယ်လေ”
ယန်ချီက ခေါင်းညိတ်ပြီး ပြောလိုက်တယ်။
နောက်တစ်နေ့ နေရောင်က လင်းလက်လာတော့ ယန်ချီနဲ့ ချင်ရုရွှယ်တို့နှစ်ယောက်က မနက်စောစီးစွာ ထပြီး အင်ပါယာမြို့တော်ဆီကို ဦးတည် ထွက်လာခဲ့ ကြတယ်။
အင်ပါယာ မြို့တော် .. .။
“စီနီယာ အစ်ကိုကြီး အခုဆိုရင် ရှင်က အင်ပါယာ မြို့တော်မှာ အလွန် နာမည်ကြီးနေပြီမှတ်လား”
ချင်ရုရွှယ်က ယန်ချီကို ကြည့်ပြီး မေးလိုက်တယ်။
“အဲ့ဒီလောက်လဲ မဟုတ်ပါဘူး”
ပြီးခဲ့တဲ့တစ်ကြိမ် သူ အင်ပါယာမြို့တော်ကိုလာတုန်းက ဆျှိုလုံမျှော်စင်မှာ ရှိတဲ့ ကောင်းကင်ဘုံနဂါးဝိဉာဉ်ကို ဖမ်းဆီးခဲ့တယ်။ ဒီအတွက်ကြောင့် သူက အင်ပါယာမြို့တော်မှာ ကျော်ကြားသူတစ်ယောက် ဖြစ်လာခဲ့တယ်။
ဒါပေမယ့်လည်း အင်ပါယာမြို့တော်က လူများစွာအနေနဲ့ ဆျှိုလုံမျှော်စင်မှာ ရှိတဲ့ ကောင်းကင်ဘုံနဂါးဝိဉာဉ်ကို ဖမ်းဆီးသွားတာ လင်ဂိုဏ်းရဲ့ အဓိက တပည့်ကြီးဆိုတာ သိကြပေမယ့်လည်း ယန်ချီကိုတော့ မမြင်ဖူးကြပါဘူး။
အခုဆို သူက အင်ပါယာမြို့တော်ရဲ့ လမ်းတွေပေါ်မှာ လျှောက်လှမ်းနေခဲ့ပြီး အခြားသူတွေက သူ့ကို နာမည်ကြီးတစ်ယောက်လို့ သတ်မှတ်တာကို စိုးရိမ်စရာ မလိုပါဘူး။
“စီနီယာအစ်ကိုကြီး အင်ပါယာမြို့တော် ပါရမီရှင် နှီးနှောဖလှယ်ပွဲက မနက်ဖြန်မှ စမှာ။ အခု ကျွန်မတို့တွေ ဘယ်သွားကြမလဲ”
ချင်ရုရွှယ်က ယန်ချီကို မေးလိုက်တယ်။
ယန်ချီက သူမရဲ့ စကားကို ကြားတော့ စက္ကန့်အနည်းငယ်လောက် စဉ်းစားလိုက်ပြီးနောက် ပြောလိုက်တယ်။
“မင်းရဲ့ မိသားစုက အင်ပါယာမြို့တော်မှာ မဟုတ်လား။ မင်းရဲ့ မျိုးနွယ်ဆီကို သွားရအောင်လေ”
ချင်ရုရွှယ်လည်း လျင်မြန်စွာ ခေါင်းညိတ်လိုက်ပြီး ပြောရမယ်ဆိုရင် သူမလည်း သူမရဲ့ မျိုးနွယ်ဆီကို မပြန်တာ အတော်ကြာပါပြီ။
ဒါပေမယ့် ယန်ချီက သူမနဲ့အတူ သူမရဲ့ မျိုးနွယ်ဆီကို သွားမယ်လို့ ပြောတာကို ကြားတော့ ချင်ရုရွယ်ရဲ့ စိတ်ထဲ ဖိုးသိုးပက်သက် ခံစားလိုက်ရတယ်။
“စီနီယာအစ်ကိုကြီး အဲ့ဒါဆိုရင် သွားကြမယ်လေ”
တကယ်တော့ ချင်ရုရွယ်ရဲ့ စိတ်ထဲမှာ တဒုန်းဒုန်းခုန်နေရုံမက အခြားမျှော်လင့်ချက်တွေလည်း ရှီပါတယ်။
အဲ့ဒီနောက်တော့ ချင်ရုရွယ်က ယန်ချီကို ချင်မျိုးနွယ်ဆီကို ခေါ်လာခဲ့တယ်။
အင်ပါယာမြို့တော် .. ။ ချင်မျိုးနွယ် စံအိမ်. . .။
လက်ရှိ ကောင်းကင်ကြယ်အင်ပါယာရဲ့ ဧကရီက ချင်မျိုးနွယ်ကပါ။
ချင်ရုရွှယ်က ယန်ချီကို ချင်မျိုးနွယ် စံအိမ်ဆီကို ခေါ်လာခဲ့တယ်။
သိပ်မကြာခင်မှာပဲ ယန်ချီနဲ့ ချင်ရုရွှယ်တို့နှစ်ယောက် ချင်မျိုးနွယ် စံအိမ်ဆီကို ရောက်လာခဲ့တယ်။
သူ့အရှေ့မှာ မြင်ရတဲ့ ခမ်းနားဆန်းကြယ်တဲ့ စံအိမ်ကြီးကို ကြည့်ပြီး ယန်ချီရဲ့ မျက်နှာကတော့ အလွန် တည်ငြိမ်နေခဲ့တယ်။
ယန်ချီရဲ့ မျက်နှာအမူအယာကို ကြည့်ပြီး ချင်ရုရွှယ်တစ်ယောက် တိတ်တဆိတ် အံ့အားသင့်နေမိတယ်။
သူမရဲ့ မျိုးနွယ်ဆီကို ရောက်ဖူးတဲ့သူတိုင်း အံ့အားသင့်နေတဲ့ မျက်နှာ ရှိလိမ့်မယ်လို့ သူမက တွေးထားခဲ့တာပါ။
ဒါပေမယ့်လည်း စီနီယာ အစ်ကိုကြီးကတော့ အလွန်တည်ငြိမ်နေခဲ့တယ်။
ဘယ်လို အရာမျိုးနဲ့မှ စီနီယာအစ်ကိုကြီးရဲ့ မျက်နှာအမူအယာ ပြောင်းလဲသွားမလဲဆိုတာ ချင်ရုရွှယ် သိချင်နေမိတယ်။
“စီနီယာ အစ်ကိုကြီး ဒီနေရာက ကျွန်မတို့ ချင်မျိုးနွယ် စံအိမ်ပဲ”
ချင်ရုရွယ်က သူမဘာသာ တွေးလိုက်မိပြီး ခေါင်းခါလိုက်ကာ ပြောလိုက်တယ်။
“အထဲကို သွားကြစို့”
ယန်ချီက ပြောလိုက်တယ်။
ချင်ရုရွှယ်က ခေါင်းညိတ်လိုက်ပြီး ယန်ချီကို ချင်မျိုးနွယ် စံအိမ်ထဲ ခေါ်သွားခဲ့တယ်။
ချင်မျိုးနွယ်က အင်ပါယာမြို့တော်မှာ အလွန်ကြီးမားတဲ့ မျိုးနွယ်တစ်ခုပါ။ သူတို့ရဲ့ မျိုးနွယ်ကို တိုက်ရိုက်မျိုးဆက်တွေနဲ့ မျိုးနွယ်ခွဲတွေအဖြစ် ပိုင်းခြားထားပါတယ်။
ဒါပေမယ့်လည်းတိုက်ရိုက်မျိုးနွယ်ဖြစ်ဖြစ် မျိုးနွယ်ခွဲတွေက ဖြစ်ဖြစ် သူတို့တွေက ချင်ရုရွှယ် ပြန်လာတာကို မြင်တော့ အံ့သြသင့်နေကြတယ်။
ဘာကြောင့်လဲဆိုတော့ ဒီလိုအချိန်မှာ ချင်ရုရွယ်တစ်ယောက် ပြန်လာမယ်လို့ သူတို့တွေ မတွေးမိလိုက်တာကြောင့်ပါ။
“ဒုတိယ သခင်မလေး မင်း ပြန်လာတာလား”
ရုတ်တရက် သက်လတ်ပိုင်း လူတစ်ယောက်က ချင်ရုရွယ်ဆီကို လျှောက်လာပြီး ချင်ရုရွှယ်ကို အံ့အားသင့်စွာနဲ့ နှုတ်ဆက်လိုက်တယ်။
“ဦးလေး ဖူ”
ချင်ရုရွှယ်ကလည်း အဲ့ဒီသက်လတ်ပိုင်းလူရဲ့ နာမည်ကို ခေါ်ပြီး ပြန်နှုတ်ဆက်လိုက်တယ်။