Chapter 451 - ငါတို့ ဘယ်လို သေမလဲ
ပြေးထွက်လာသော ရာချီတဲ့လူတွေကို ကြည့်ပြီး ယန်ချီနဲ့ ယီယုတို့ရဲ့ မျက်နှာက ဘာမှမပြောင်းလဲပါဘူး။
ဘာကြောင့်လဲဆိုတော့ ဒီလူတွေအများစုက သာမန်လူတွေ ဖြစ်ကြပြီး သူတို့ရဲ့ အမြင်မှာတော့ ပုရွတ်ဆိတ်တွေအလားပါပဲ။
ဒီလိုနဲ့ ရာချီတဲ့လူတွေက သူတို့အရှေ့ကို ရောက်လာခဲ့တယ်။
လက်ထဲက ဓါးတွေ ကိုယ်စီကိုင်ထားသော ရာချီတဲ့လူတွေက ယန်ချီနဲ့ ယီယုကို ကြည့်လိုက်တယ်။
ဘယ်သူကများ သူတို့ သွေးသန့်စင်ဂိုဏ်းကိုလာပြီး ပြဿနာ ရှာတာလဲပေါ့။
ဒီလိုအခြေအနေဆိုတာ သူတို့တွေ ပထမဆုံး ကြုံဖူးခြင်းပါ။
ရာချီသော သွေးသန့်စင်ဂိုဏ်းက လူတွေရဲ့ အမြင်မှာတော့ သူတို့ရဲ့ သွေးသန့်စင်ဂိုဏ်းကို လာစော်ကားတဲ့သူတွေက အစွမ်းထက် စိတ်ဝိဉာဉ်ပညာရှင်တွေ ဖြစ်လိမ့်မယ်လို့ တွေးထားခဲ့တယ်။
ဒါပေမယ့် သူတို့တွေက ယန်ချီနဲ့ယီယုကို မြင်လိုက်ရတဲ့အခါ ဒီလူငယ်နှစ်ယောက်ကတော့ သူတို့လက်ကနေ အသက်ရှင်လွှတ်မြောက်ဖို့ မဖြစ်နိုင်ကြောင်းကို သိလိုက်တယ်။
“လာပြီး ပြဿနာ ရှာတာ မင်းတို့လား”
ရုတ်တရက် လူအုပ်ထဲကနေ သက်လတ်ပိုင်းလူတစ်ဦးက ထွက်လာပြီးမေးလိုက်တယ်။
အဲ့ဒီ သက်လတ်ပိုင်းလူကို ကြည့်ရတာ အသက် ငါးဆယ်လောက်ရှိပြီး ခန္ဓာကိုယ် အသင့်အတင့်ရှိကာ သူ့မျက်နှာထက်မှာတော့ အေးစက်မှု အပြည့်နဲ့ ဖြစ်နေခဲ့တယ်။
“ငါတို့ သွေးသန့်စင်ဂိုဏ်းသားတွေကို သတ်လိုက်ရင် ဘာဖြစ်မယ်ဆိုတာ မင်းတို့ တွေးမိလား”
သက်လတ်ပိုင်းလူက ဆက်မေးလိုက်တယ်။
ဒီသက်လတ်ပိုင်းလူက သွေးသန့်စင်ဂိုဏ်းခေါင်းဆောင် လုရှန်ကလွဲပြီး အခြားသူ မဟုတ်ပါဘူး။
သူက အဆင့် ၄၉ မဟာစိတ်ဝိဉာဉ်ဘုရင်အဆင့်ဖြစ်ပြီး ဆက်နွယ်မှု လက်နက်က အဝါရောင်အဆင့် အလယ်အလတ် သွေးအလံပါ။
ရာချီတဲ့ သွေးသန့်စင်ဂိုဏ်းသားတွေက ယန်ချီကို ဘယ်လိုဖြေမလဲဆိုတာ သိချင်တာကြောင့် အထင်သေးစွာနဲ့ ကြည့်နေခဲ့ကြတယ်။
ဒါပေမယ့်လည်း ယန်ချီရဲ့ အဖြေက သူတို့တွေကို အံ့အားသင့်သွားစေတယ်။
ယန်ချီက သွေးသန့်စင်ဂိုဏ်းခေါင်းဆောင်လုရှန်ကို ကြည့်ပြီး ဖြေးညှင်းစွာ ပြောလိုက်တယ်။
“ငါက ငါ့ရဲ့ ကံကြမ္မာကိုတော့ မသိဘူး။ ဒါပေမယ့် မင်းတို့ရဲ့ ကံကြမ္မာကိုတော့ သိတယ်”
“အိုး . . ” လုရှန်က ပြုံးလိုက်ပြီးနောက် ဆက်မေးလိုက်တယ်။ “ဒါဆိုရင် ငါတို့တွေ ဘာဆက်ဖြစ်မလဲဆိုတာ ငါသိချင်တယ်”
“အကုန်လုံးသေမယ် တစ်ယောက်မှ အသက်မရှင်ဘူး”
ယန်ချီကပေါ့ပါးစွာ ပြောလိုက်တယ်။
သူက ပြောလိုက်စဉ်မှာတော့ သူ့မျက်နှာက ဘာမှပြောင်းလဲခြင်း မရှိပါဘူး။
“ဟူး .. .”
ယန်ချီရဲ့ စကားကို ကြားတဲ့အခါ သွေးသန့်စင်ဂိုဏ်းက လူတိုင်း ပင့်သက်ရှိုက်မိလိုက်ကြတယ်။ ယန်ချီက ဒီလို စကားကို ပြောရဲလိမ့်မယ်လို့ သူတို့တွေ ဘယ်လိုလုပ်ပြီး ထင်မိမှာလဲ။
သူက သူတို့ရဲ့ သွေးသန့်စင်ဂိုဏ်းတစ်ခုလုံးနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ မသိဘူးလား။
ဖြစ်နိုင်တာက .. . သွေးသန့်စင်ဂိုဏ်းသားတွေက အံ့အားသင့်စရာ ကောင်းတဲ့ ဖြစ်နိုင်တာတစ်ခုကို ရုတ်တရက် တွေးမိလိုက်တယ်။ အဲ့ဒါကတော့ ယန်ချီက ပြင်းထန်တဲ့ နာမကျန်းမှုကို ခံစားခဲ့ရပြီး အသက်ရှင်ဖို့ အချိန် သိပ်မကျန်တော့တာကိုပါ။
ဒီလို ဖြစ်နိုင်တဲ့ ကိစ္စမှတပါး ကျန်တဲ့ကိစ္စတွေကို သူတို့တွေ မတွေးနိုင်ကြပါဘူး။
“မင်းပြောချင်တာက ငါတို့အားလုံး သေဆုံးတော့မယ်ပေါ့”
သွေးသန့်စင်ဂိုဏ်းခေါင်းဆောင် လုရှန်က ယန်ချီကို လှောင်ပြောင်ကြည့်ပြီး ပြောလိုက်တယ်။
“ဟုတ်တယ်လေ”
ယန်ချီက ပြတ်သားစွာ ခေါင်းညိတ်လိုက်တယ်။
“ဟား ဟား ဟား ”
ရုတ်တရက် သွေးသန့်စင်ဂိုဏ်းခေါင်းဆောင် လုရှန်က အရင်က တခါမှ မကြားဖူးတဲ့ ဟာသတစ်ခုကို ကြားလိုက်ရသလို အားပါးတရ ရယ်မောလိုက်တယ်။
“ဒီကိစ္စက ရယ်စရာ ကောင်းလို့လား”
ယန်ချီက သွေ့သန့်စင်ဂိုဏ်းခေါင်းဆောင် လုရှန်ကို နားမလည်နိုင်စွာနဲ့ ကြည့်လိုက်တယ်။
သွေးသန့်စင်ဂိုဏ်းခေါင်းဆောင် လုရှန်က ရယ်မောတာကို ရပ်တန့်လိုက်ပြီး ယန်ချီကို အလွန်တရာ အထင်သေးစွာနဲ့ ကြည့်လိုက်ပြီး ပြောလိုက်တယ်။
“မင်းပြောတာတွေက ရယ်စရာ ကောင်းတယ်လို့ မင်းမထင်ဘူးလား”
သွေးသန့်စင်ဂိုဏ်းခေါင်းဆောင် လုရှန်ရဲ့ အမြင်မှာတော့ ယန်ချီက ဒီလောကမှာ ရယ်စရာအကောင်းဆုံးလူတစ်ယောက်ပါ။ သူ့အပြင် အခြားသူ မရှိနိုင်ပါဘူး။
သွေးသန့်စင်ဂိုဏ်းသား ရာချီကလည်း ယန်ချီကို အလွန်ရယ်စရာ ကောင်းတယ်လို့ ထင်နေခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ ယန်ချီက မဖြစ်နိုင်တာတစ်ခုကို ပြောဆိုလို့လေ။
ဒီလို သူ့စကားကို မယုံကြည်တဲ့ မြင်ကွင်းကြောင့် ယန်ချီက ခေါင်းခါလိုက်တယ်။
သူက အမှန်အတိုင်းကို ပြောဆိုပေမယ့်လည်း ဒီလူတွေက ရယ်စရာ အဖြစ်ဘာကြောင့် ထင်ရတာလဲဆိုတာ သူ နားမလည်နိုင်ခဲ့ပါဘူး။
ဖြစ်နိုင်တာက သူ ပြောတာ မှားသွားလို့လား။
“ဒီအကြောင်းကို ဆက်ပြောပါဦး။ ငါတို့တွေ ဘယ်လို ဖြစ်ပြီး သေမလဲ”
သွေးသန့်စင်ဂိုဏ်းခေါင်းဆောင် လုရှန်က ယန်ချီကို အလွန်အထင်သေးစွာ ကြည့်ပြီးမေးလိုက်တယ်။
ယန်ချီကဒီစကားကို ကြားတဲ့အခါ သူ့လက်က နောက်ကျောမှာ လွယ်ထားတဲ့ ဓါးလက်ကိုင်ရိုးပေါ် ရောက်သွားခဲ့ပြီး ဖြေးဖြေးချင်းဆွဲထုတ်လိုက်တယ်။
“ဓါးဆွဲထုတ်မှတ် + ၁၀”
သူ့ရဲ့ စိတ်ထဲမှာ စနစ်ရဲ့ အသံ ထွက်ပေါ်လာပြီးနောက် ယန်ချီက ဓါးကို ဆွဲထုတ်ပြီးးခဲ့ပါပြီ။
🐼🐼🐼🐼🐼🐼🐼🐼
Chapter 452 - သွေးသန့်စင်ဂိုဏ်းခေါင်းဆောင်ကို သတ်ဖြတ်ခြင်း
သွေးသန့်စင်ဂိုဏ်းသားက လူတိုင်း ယန်ချီရဲ့ လက်ထဲက ဓါးသွားတစ်ထောင်မှော်ဓါးကို ကြည့်ပြီး သူတို့ရဲ့ စိတ်ထဲ တုန်လှုပ်သွားခဲ့ကြတယ်။
သူတို့တွေအနေနဲ့ ဒီလောက်အစွမ်းထက်တဲ့ဓါးကို တခါမှ မမြင်ဖူးဘူးလို့ သူတို့တွေ လုံးဝကို ကျိန်ဆိုရဲပါတယ်။
သူတို့တွေက ဒီဓါးကို ကြည့်လိုက်တာနဲ့ ငရဲပြည်က ဓါးတစ်စင်းအလား ခံစားခဲ့ရတယ်။
သွေးသန့်စင်ဂိုဏ်းခေါင်းဆောင်လုရှန်က ယန်ချီက တကယ်ကို ဒီလို အစွမ်းထက်တဲ့ ဓါးကို ပိုင်ဆိုင်လိမ့်မယ်လို့ မမျှော်လင့်မိပါဘူး။
ပြီးတော့ ဓါးသွားတစ်ထောင်မှော်ဓါးရဲ့ ကွင်းတွေကလည်း အနီရောင်သုံးကွင်းဖြစ်နေတယ်လေ။
အခြားတနည်းအားဖြင့်ဆိုတော့ ယန်ချီရဲ့ ဆက်နွယ်မှု လက်နက်က အဆင့်မြင့်တယ် ဆိုတာ သေချာပါတယ်။
သွေးသန့်စင်ဂိုဏ်းသားတွေက အလွန်တရာ ကြောက်လန့်သွားကြတယ်။ သူတို့တွေက ဆက်နွယ်မှုလက်နက်မှာ အနီရောင်သုံးကွင်းရှိလိမ့်မယ်လို့ လုံးဝ မထင်ထားပါဘူး။
သူတို့တွေက အနီရောင်သုံးကွင်း ဆက်နွယ်မှုလက်နက်ကို တခါမှ မမြင်ဖူးပါဘူး။
ရုတ်တရက် သွေးသန့်စင်ဂိုဏ်းသားတွေရဲ့ မျက်နှာမှာ ကြောက်လန့်တဲ့ အကြည့်တွေ ပေါ်လာခဲ့တယ်။
“ကောင်းကင်အဆင့် ဆက်နွယ်မှု လက်နက်”
သွေးသန့်စင်ဂိုဏ်းခေါင်းဆောင် လုရှန်လည်း အံ့သြမှင်သက်နေခဲ့တယ်။ ယန်ချီမှာ ကောင်းကင်ဘုံအဆင့် ဆက်နွယ်မှု လက်နက်ကို ပိုင်ဆိုင်လိမ့်မယ်လို့ သူ လုံးဝကို မထင်ထားမိပါဘူး။
ဒါပေမယ့် သွေးသန့်စင်ဂိုဏ်းခေါင်းဆောင် လုရှန်ရဲ့ မျက်နှာက ရုတ်တရက် ပျက်ယွင်းသွားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ယန်ချီရဲ့ ဆက်နွယ်မှုလက်နက်က အဆင့်မြင့်တဲ့ အတွက်ကြောင့်ပါ။ ဒီနေ့တော့ ဒီလက်နက်ကြောင့် သူ အသက်ရှင်လွှတ်မြောက်ဖို့ မဖြစ်နိုင်တော့ပါဘူး။
ပြီးတော့ ယန်ချီရဲ့ ကျင့်စဉ်အဆင့်က . ..။
ယန်ချီရဲ့ အသက်အရွယ်အရ အစွမ်းထက်တဲ့ စိတ်ဝိဉာဉ်ပညာရှင် မဖြစ်နိုင်မှန်း လုရှန် သိပါတယ်။
ဒီအတွက် သူ ဘာမှ ကြောက်လန့်မသွားခဲ့ပါဘူး။
“ဆက်နွယ်မှု လက်နက်က ကောင်းကင်အဆင့် အဆင့်မြင့်ဆိုတိုင်း ငါတို့တွေကို ဖျက်ဆီးပစ်လို့ ရပြီ ထင်နေတာလား”
သွေးသန့်စင်ဂိုဏ်းခေါင်းဆောင် လုရှန်က ယန်ချီကို အထင်သေးစွာနဲ့ ပြောလိုက်တယ်။
ယန်ချီကတော့ ဘာမှ မပြောတော့ပါဘူး။ ဒါပေမယ့် လက်ထဲမှာ ကိုင်ထားတဲ့ ဓါးသွားတစ်ထောင်မှော်ဓါးကို အနည်းငယ် လှုပ်ခါလိုက်တယ်။
ရုတ်တရက် ဓါးသွားတစ်ထောင်မှော်ဓါးပေါ်မှာ စိတ်ဝိဉာဉ်လက်နက်တွေ ပေါ်လာခဲ့တယ်။
တိုက်ပွဲမီးတောက်ကျား၊ တိမ်လွှာနဂါးဓါး၊ သံမဏိသွေးအရိုးလှံ၊ ကျားအာဏာရှင်ဓါး၊ ငရဲရေ နတ်ဆိုးလှံ။
ဓါးသွားတစ်ထောင်မှော်ဓါးပေါ်မှာ အစွမ်းထက် စိတ်ဝိဉာဉ်လက်နက် ငါးခုကို မြင်တော့ သွေးသန့်စင်ဂိုဏ်းသားတွေအားလုံး မိုးကြိုးငါးစင်း အပစ်ခံလိုက်ရသလို ကြောက်လန့်သွားကြတယ်။
“အဲ့ဒါ .. အဲ့ဒါ .. အဲ့ဒါ .. ”
သူတို့တွေအနေနဲ့ ဒီလို မြင်ကွင်းကို အရင်က တခါမှ မမြင်ဖူးပါဘူး။
သွေးသန့်စင်ဂိုဏ်းခေါင်းဆောင် လုရှန်လည်း အံ့သြမှင်သက်နေခဲ့တယ်။ သူ့ရဲ့ မျက်နှာပေါ်က လှောင်ပြောင် အထင်သေးမှုတွေလည်း ပျောက်ကွယ်သွားခဲ့ရတယ်။
အစွမ်းထက် စိတ်ဝိဉာဉ်လက်နက် ငါးခုထဲမှာ အနိမ့်ဆုံးက မြေကမ္ဘာအဆင့် အဆင့်မြင့် ဖြစ်တာကြောင့် သူ့အနေနဲ့ ဘယ်လိုလုပ်ပြီး ယုံကြည်မှု ရှိတော့မှာလဲ။
ဒါ့အပြင် စိတ်ဝိဉာဉ်လက်နက် ငါးခုတောင်ဆိုတော့ .. . ။
တနည်းအားဖြင့်ဆိုတော့ သူ့အရှေ့မှာ ရှိတဲ့လူငယ်က မဟာစိတ်ဝိဉာဉ်ဘုရင် အဆင့်ပဲ။
သွေးသန့်စင်ဂိုဏ်းသားတွေအားလုံးက ယန်ချီကို တကယ်တမ်း မဟာစိတ်ဝိဉာဉ်ဘုရင်အဆင့်ကို ရောက်နေလိမ့်မယ်လို့ ဘယ်လိုလုပ်ပြီး တွေးမိမှာလဲ။
ယန်ချီက သွေးသန့်စင်ဂိုဏ်းခေါင်းဆောင်ကို ကြည့်ပြီး ဖြေးညှင်းစွာ ပြောလိုက်တယ်။
“အခုရော ဘယ်လိုလဲ”
သွေးသန့်စင်ဂိုဏ်း ခေါင်းဆောင်က ဘယ်လိုလုပ်ပြီး စကားတခွန်းကိုတောင် ဆုံးအောင် မပြောနိုင်ပါဘူး။ သူ့ရဲ့ မျက်နှာထက်မှာလည်း ကြောက်လန့်မှုတွေ ကြီးစိုးနေခဲ့တယ်။
သူက ကြောက်လန့်စွာနဲ့ . .“ မင်း ဘယ်လိုလုပ်ပြီး မင်း .. . . ”
သွေးသန့်စင်ဂိုဏ်း ခေါင်းဆောင်လုရှန် စကားပြောလို့ မဆုံးခင်မှာပဲ ယန်ချီက ကောင်းကင်အဆင့် အဆင့်နိမ့် လျှပ်စီးခြေလှမ်းကို အသုံးပြုပြီး အရှေ့ကို တက်လှမ်းလိုက်တယ်။
ရုတ်တရက် ယန်ချီက ခြေထောက်အောက်မှာ လျှပ်စီးတွေနဲ့အတူ ပြေးထွက်သွားခဲ့တယ်။
သွေးသန့်စင်ဂိုဏ်း ခေါင်းဆောင် လုရန်က ယန်ချီရဲ့ အလျင်နှုန်းကို လိုက်မကြည့်နိုင်တာကြောင့် မကြုံဖူးတဲ့ အန္တရယ်ကို ခံစားမိလိုက်တယ်။
ဒီအချိန်မှာတော့ သူက ငရဲပြည်ကို ရောက်နေသလို ခံစားမိလိုက်တယ်။
သွေးသန့်စင်ဂိုဏ်း ခေါင်းဆောင် လုရှန်တောင်မှ ယန်ချီရဲ့ အမြန်နှုန်းကို လိုက်ကြည့်နိုင်စွမ်း မရှိဘူးဆိုတော့ ကျန်တဲ့ သူတွေဆိုရင်တော့ ပြောဖို့ လိုမယ် မထင်ပါဘူး။
“ဝှစ် ”
ရုတ်တရက် သွေးသန့်စင်ဂိုဏ်း သားတွေအားလုံးရဲ့ အရှေ့မှာ အေးစက်စက် အလင်း ဖျတ်ခနဲ လက်သွားခဲ့တယ်။
“ဘုန်း”
လူတိုင်းက ဒီအသံကို ကြားလိုက်ရတာကြောင့် သူတို့ရဲ့ မျက်နှာက ချက်ချင်း ပြောင်းလဲသွားခဲ့တယ်။
သူတို့တွေက အသံထွက်ပေါ်ရာကို ကြည့်လိုက်မိကြတယ်။
အဲ့ဒီအချိန် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြတယ်။
ဘာကြောင့်လဲဆိုတော့ သွေးသန့်စင်ဂိုဏ်း ခေါင်းဆောင် လုရှန်တစ်ယောက် မြေပြင်ပေါ်ကို လဲကျသွားလို့ပါ။
ဒီဖြစ်စဉ်တစ်ခုလုံးက အလွန်မြန်ဆန်ပြီး တစ်စက္ကန့်တောင် မကြာခဲ့ပါဘူး။
ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ သွေးသန့်စင်ဂိုဏ်း သားတွေအားလုံး မိုးကြိုးအပစ်ခံလိုက်သလို ခန္ဓာကိုယ်တွေကို မထိန်းချုပ်နိုင်အောင် တုန်လှုပ်နေခဲ့ကြတယ်။
သူတို့ရဲ့ ခေါင်းဆောင်ဖြစ်သူကဒီလိုပဲ သေဆုံးသွားလိမ့်မယ်လို့ သူတို့တွေ လုံးဝကို မထင်မိပါဘူး။
ဒါ့အပြင် သေဆုံးပုံကလည်း တကယ်ကို ခြောက်ခြားဖွယ် ကောင်းနေခဲ့တယ်။
ယန်ချီရဲ့ မျက်နှာကတော့ အလွန် တည်ငြိမ်နေခဲ့တယ်။ သူ့ရဲ့ မျက်နှာထက်မှာ သွေးသန့်စင်ဂိုဏ်းခေါင်းဆောင် လုရှန်ကို သတ်လိုက်တဲ့အတွက်အနည်းငယ်တောင် ပြောင်းလဲမှု မရှိပါဘူး။
🐼🐼🐼🐼🐼🐼🐼
Chapter 453 - လင်ဂိုဏ်းကို အပြန်ခရီး
သွေးသန့်စင်ဂိုဏ်း က လူတွေကတော့ သူတို့ရဲ့ တစ်သက်တာမှာ အကြောက်လန့်ဆုံးအချိန်လို့ ပြောလို့ ရပါတယ်။
သွေးသန့်စင်ဂိုဏ်း ခေါင်းဆောင်ဆိုတာ အဆင့် ၄၉ မဟာ စိတ်ဝိဉာဉ်ဘုရင်အဆင့်ဖြစ်ပြီး ယန်ချီကြောင့် တစ်ချက်ထဲနဲ့ သတ်ခံလိုက်ရတာ အလွန်ကိုအားနည်းနေတာလား။
သူတို့ရဲ့ ခေါင်းဆောင်တောင် ဒီလို အသတ်ခံရမှာတော့ သူတို့တွေသာဆိုရင် ဘာမှ တက်နိုင်မှာ မဟုတ်ပါဘူး။
သူတို့အရှေ့မှာရှိတဲ့ လူငယ်လေးရဲ့ မျက်လုံးထဲမှာတော့ သူတို့တွေက ပုရွတ်ဆိတ်အလားဖြစ်နေမှာပါ။
“မင်းတို့တွေ ဘယ်လို သေချင်တာလဲ”
ယန်ချီက သူ့အရှေ့မှာ ရှိတဲ့ ရာချီသော သွေးသန့်စင်ဂိုဏ်း သားတွေကို မထူးခြားသလို ကြည့်လိုက်ပြီး ပြောလိုက်တယ်။
ရာချီသော သွေးသန့်စင်ဂိုဏ်း သားတွေက ယန်ချီရဲ့စကားကို ကြားလိုက်ရတဲ့အခါ ချွေးတွေ ကိုယ်စီ ထွက်ကျလာပြီး ခန္ဓာကိုယ်တွေကလည်း ထိန်းချုပ်မရအောင် တုန်ယင်လာခဲ့တယ်။
ဒီလို အချိန်မှာတော့ သူတို့အနေနဲ့ စကားတစ်ခွန်းကို ဆုံးအောင် ဘယ်လိုလုပ်ပြီး ပြောနိုင်တော့မှာလဲ။
“သခင်လေး . . ကျွန်တော် .. ကျွန်တော်တို့တွေ မသေချင်သေးဘူး”
အချိန်အတော်ကြာပြီးနောက် သွေးသန့်စင်ဂိုဏ်း တစ်ယောက်က ယန်ချီကို ပြောလိုက်တယ်။
သွေးသန့်စင်ဂိုဏ်း သားရဲ့ စကားကို ကြားပြီးနောက် ယန်ချီက နှုတ်ခမ်းထောင့်လေး တွန့်ရုံပြုံးလိုက်မိတယ်။
“မင်းတို့တွေ အသက်ရှင်လွတ်မြောက်နိုင်မယ်များ ထင်နေတာလား”
ယန်ချီက သူ့အရှေ့မှာ ရှိတဲ့ ရာချီသော သွေးသန့်စင်ဂိုဏ်း သားတွေကို ကြည့်ပြီးမေးလိုက်တယ်။
ရာချီသော သွေးသန့်စင်ဂိုဏ်း သားတွေအားလုံး ကြောက်လန့်နေခဲ့ကြတယ်။
“သူတို့တွေ ဘာဆက်လုပ်သင့်လဲ”
သူတို့တွေ မသိတော့ပါဘူး။ လုံးဝကို မသိတော့ပါဘူး။
ယန်ချီကတော့ သူ့အရှေ့မှာ ရှိတဲ့ ပုရွတ်ဆိတ်လေးတွေက သေသင့်မှန်း သိပါတယ်။ သူတို့တွေသာ ဒီမှာ ဆက်နေမယ်ဆိုရင် နောက်ဆုံးတော့ လူကောင်းတွေကို ဒီလို ဆက်လုပ်နိုင်ပါတယ်။
ရုတ်တရက် သူက ကောင်းကင်အဆင့် အဆင့်နိမ့် လျှပ်စီးခြေလှမ်းကို ထပ်မံအသုံးပြုလိုက်တယ်။
ချက်ချင်းပင် ယန်ချီက ဒီနေရာကနေ ပျောက်ကွယ်သွားခဲ့တယ်။
အရင်နေရာမှာတော့ ပုံရိပ်သာ ကျန်ခဲ့ပါတယ်။
ယန်ချီ ပျောက်ကွယ်သွားတာကို မြင်တော့ ရာချီသော သွေးသန့်စင်ဂိုဏ်း သားတွေက ယန်ချီရဲ့ ပုံရိပ်နောက်ကို စိတ်လှုပ်ရှားစွာနဲ့ လိုက်ကြည့်ကြပါတယ်။
သူတို့တွေမှာ မျက်လုံး ဆယ်လုံးရှိမယ်ဆိုရင်တောင်မှ ယန်ချီရဲ့ ပုံရိပ်ကိုလိုက်ကြည့်ဖို့ မဖြစ်နိုင်ပါဘူး။
“ဝှစ် ဝှစ် ”
ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းတဲ့ ဓါးအလင်းတွေက ဆက်တိုက် ထွက်ပေါ်လာခဲ့တယ်။
အဲ့ဒီနောက်မှာတော့ ခြောက်ခြားဖွယ် အော်ဟစ်သံတွေ ဆူညံနေခဲ့တယ်။
“အား . . . .”
ဒီခြောက်ခြားဖွယ်အော်ဟစ်သံတွေက ကြားရသူတိုင်း အလွန်ကြောက်မက်ဖွယ်ကောင်းအောင် ခံစားစေမှာဖြစ်ပြီး ကမ္ဘာမြေပေါ်က ငရဲပြည်အလားဖြစ်နေခဲ့တယ်။
ဘေးမှာ ရ့ပ်နေခဲ့တဲ့ ယီယုကလည်း ဒီမြင်ကွင်းကို မြင်ပြီးတော့ တုန်ယင်နေခဲ့ကာ သူမရဲ့ ဖြူလွှလွှ မျက်နှာကလည်း စာရွက်အဖြူတစ်ရွက်လို ဖြူဖျော့သွားခဲ့ရတယ်။
“စီနီယာ အစ်ကိုကြီးက လူသတ်တာ မျက်တောင်တောင် မခတ်ပါလား”
သိပ်မကြာခင်မှာပဲ သွေးသန့်စင်ဂိုဏ်း သားရာချီက မြေပြင်ပေါ်ကို လဲပြိုကျသွားခဲ့ကြပြီး အသက်ငွေ့ငွေ့သာ ကျန်ပါတော့တယ်။
မြေပြင်ပေါ်က အလောင်းတွေကို ကြည့်ပြီး ယန်ချီက ခေါင်းခါလိုက်ကာ ဖြေးညှင်းစွာ ပြောလိုက်တယ်။
“ဒီကောင်တွေက တကယ်ကို အမှိုက်တွေပဲ”
သူ့အနေနဲ့ အစောပိုင်းမှာ ဒီလူတွေကို ဒုက္ခမပေးချင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း သူက သွေးသန့်စင်ဂိုဏ်း ကိုတော့ ဖျက်ဆီးဖို့လာခဲ့တာပါ။ သူက မဖျက်ဆီးဘူးဆိုရင် အနည်းငယ် ဆိုးသွားမှာပါ။ ဒါကြောင့် သူက အရင်က ရည်ရွယ်ချက်အတိုင်း ဖျက်ဆီးပစ်လိုက်ရခြင်းပါ။
အဲ့ဒီနောက်မှာတော့ ယန်ချီက ဓါးသွားတစ်ထောင်မှော်ဓါးကို နောက်ကျောရှိ ဓါးအိမ်ထဲ ထည့်လိုက်တယ်။
သူက ယီယုကို လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ ယီယုရဲ့ မျက်နှာဖြူဖျော့နေတာကို မြင်တော့ အနည်းငယ် ရယ်ချင်သွားခဲ့တယ်။ တကယ်တော့ ယီယုတစ်ယောက် ဒီလို အမူအယာရှိနေတာကို သူ သိပါတယ်။
“သွားကြစို့”
ယန်ချီက ယီယုကို ဖြေးညှင်းစွာ ပြောလိုက်တယ်။
ယီယုတစ်ယောက် ယန်ချီရဲ့ စကားကို ကြားတဲ့အခါ သူမ သတိပြန်ဝင်လာခဲ့တယ်။ အဲ့ဒီနောက်ယန်ချီကို ကြည့်လိုက်တဲ့အချိန်မှာတော့ ယန်ချီကသူမနဲ့ ခြေဆယ်လှမ်းအကွာကို ရောက်နေခဲ့ပါပြီ။
သူမလည်း ယန်ချီနောက်ကို လျင်မြန်စွာ လိုက်သွားခဲ့တယ်။
သူမတို့နှစ်ယောက်က လင်ဂိုဏ်းဆီကို ဦးတည်ပြီး လျှောက်သွားကြတယ်။
လင်ဂိုဏ်း . . ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်က လင်ဂိုဏ်းကို ပြန်ရောက်လာခဲ့တယ်။
လင်ဂိုဏ်းကို ပြန်ရောက်ပြီးနောက် ယီယုက တျန်ရှင်တောင်ထိပ်ကိုပြန်သွားပြီး ယန်ချီကတော့ အဓိက တောင်ထိပ်ကို ပြန်လာခဲ့တယ်။
ယန်ချီ ပြန်ရောက်လာတာကို မြင်တော့ အဓိက တောင်ထိပ် ရင်ပြင်မှာ ရှိတဲ့ တိုက်ရိုက်တပည့်တွေရဲ့ မျက်နှာထက်မှာ ပျော်ရွှင်မှုတွေကို ပေါ်လာခဲ့တယ်။
အခုဆိုရင် သူတို့ရဲ့ အမြင်မှာတော့ ယန်ချီက လုံးဝကို သူတို့အတွက် စံပြတစ်ယောက်ဖြစ်နေပါပြီ။
“စီနီယာ အစ်ကိုကြီး”
တိုက်ရိုက်တပည့်ဆယ်ယောက်ကျော်က ယန်ချီကို တညီတညာထဲ နှုတ်ဆက်လိုက်ကြတယ်။
ယန်ချီလည်း ခေါင်းညိတ်ပြီး အသိအမှတ်ပြုလိုက်တယ်။
ဒီအချိန်မှာတော့ သူတွေးနေတာတစ်ခုက ဓါးဆွဲထုတ်ဖို့ပါပဲ။
အခုဆိုရင် သာလွန်ကောင်းကင်အဆင့် ကျင့်ကြံခြင်းနည်းစနစ် ဓါးအကြိမ် သန်းထောင်ပေါင်းများစွာ ဆွဲထုတ်ခြင်းနည်းစနစ်ရဲ့ ပဉ္စမအဆင့်ဓါးအကြိမ် ဆယ်သန်း ဆွဲထုတ်ခြင်းက စတင်နေပါပြီ။
🐼🐼🐼🐼🐼🐼🐼
Chapter 454 - အရူးအမူး အဆင့်ချိုးဖြတ်ခြင်း
သူ့အခန်းကို ပြန်ရောက်ပြီးနောက်ယန်ချီက ဓါးကို အရူးအမူး ဆွဲထုတ်ပါတော့တယ်။
အခုဆိုရင် ပဉ္စမအဆင့် ဓါးဆွဲထုတ်ခြင်းက ပွင့်သွားခဲ့ပါပြီ။
ပြီးတော့ အထူးဓါးဆွဲထုတ်ခြင်း အဆ တစ်သိန်းတိုးမြင့် မြန်ဆန်ခြင်းကိုလည်း ရောက်ရှိနေတယ်။
“အဆ ၅၀၀၀၀ တိုးမြင့် မြန်ဆန်ခြင်း”
“အဆ ၆၀၀၀၀ တိုးမြင့် မြန်ဆန်ခြင်း”
“အဆ ၇၀၀၀၀ တိုးမြင့် မြန်ဆန်ခြင်း”
အခန်းမှာတော့ ဓါးဆွဲထုတ်သံတွေနဲ့ ဆူညံနေခဲ့တယ်။
“အဆ ၈၀၀၀၀ တိုးမြင့် မြန်ဆန်ခြင်း”
“အဆ ၉၀၀၀၀ တိုးမြင့် မြန်ဆန်ခြင်း”
“အဆ ၁၀၀၀၀၀ တိုးမြင့် မြန်ဆန်ခြင်း”
ယန်ချီရဲ့ ဓါးဆွဲထုတ်တဲ့ အမြန်နှုန်းက ပိုပို မြန်လာခဲ့တယ်။
“ဓါးဆွဲထုတ်မှတ် +၁၀”
“ဓါးဆွဲထုတ်မှတ် +၁၀”
“ဓါးဆွဲထုတ်မှတ် +၁၀”
ဓါးဆွဲထုတ်နှုန်းတွေက ပိုပို မြန်ဆန်လာသလို ဓါးဆွဲထုတ်မှတ်တွေကလည်း အရူးအမူး မြင့်တက်လာခဲ့တယ်။
ယန်ချီက သူ့ရဲ့ စွမ်းအားကို အားနည်းလွန်းတယ်လို့ မြင်နေခဲ့တယ်။ သူက စိတ်ဝိဉာဉ်ကုန်းမြေကို ရောက်တာ ကြာနေပေမယ့်လည်း သူက အခုထိ အဆင့် ၄၈ မဟာ စိတ်ဝိဉာဉ်ဘုရင်အဆင့်ကို ရောက်ရှိနေခဲ့တယ်။
ဒီတစ်ကြိမ်မှာတော့ သူက စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့်ကို ချိုးဖြတ်တက်ရောက်သင့်ပါတယ်။
ဒီတော့ ယန်ချီက စားဖို့အိပ်ဖို့ကိုတောင် မေ့နေခဲ့ပြီး အရူးအမူး ဓါးဆွဲထုတ်နေခဲ့တယ်။
အဓိက တောင်ထိပ်ရဲ့ တိုက်ရိုက်တပည့့် ဆယ်ယောက်ကျော်က သူတို့ရဲ့ စီနီယာအစ်ကိုကြီးက နောက်ထပ် ကျင့်စဉ်ဝင်သွားပြီဆိုတာ သိလိုက်ပြီး စီနီယာအစ်ကိုကြီးက ကျင့်စဉ်ဝင်ပြီး ပြန်ထွက်လာတိုင်း ပိုပိုပြီး အစွမ်းထက်လာတယ်ဆိုတာ သိကြပါတယ်။
သူတို့တွေက စီနီယာအစ်ကိုကြီးဟာ စိတ်ဝိဉာဉ်ကုန်းမြေမှာ ပြိုင်ဖက်ကင်းပါရမီရှင်တစ်ယောက်လို့ မြင်နေခဲ့ပြီး ဒီလို ကောင်းကင်က ဂုဏ်ယူလောက်တဲ့ လူတစ်ယောက်အနေနဲ့ တကယ်ကို အစွမ်းထက်လှပါတယ်။
“ဒီတစ်ကြိမ်မှာ စီနီယာအစ်ကိုကြီးက ကျင့်စဉ်ဝင်တာ ဘယ်လောက်ကြာမလဲလို့ မင်းထင်လဲ”
“လ အနည်းငယ်လောက်တော့ ကြာမယ်ထင်တယ်”
“ငါလည်း အဲ့ဒီလိုပဲ တွေးမိတယ်”
အဓိကတောင်ထိပ် ရင်ပြင်မှာတော့ တိုက်ရိုက်တပည့်တွေက စီနီယာအစ်ကိုကြီးရဲ့ အကြောင်းကို ပြောဆိုဆွေးနွေးနေကြတယ်။
ဆယ်ရက်ခန့်ကြာသွားပြီးနောက် ယန်ချီက စားဖို့ အိပ်ဖို့ကိုတောင် မေ့ထားခဲ့ပြီး ဓါးကိုသာ ဆွဲထုတ်နေခဲ့တယ်။
“ဓါးဆွဲထုတ်မှတ် +၂၀”
“ဓါးဆွဲထုတ်မှတ် +၂၀”
“ဓါးဆွဲထုတ်မှတ် +၂၀”
သူ့စိတ်ထဲမှာ ပေါ်လာတဲ့ စနစ်ရဲ့ အသံကို ကြားပြီးနောက် ယန်ချီတစ်ယောက် မှင်သက်သွားခဲ့တယ်။ ဓါးဆွဲထုတ်မှတ်တွေက ၂၀ အထိ တိုးမြင့်သွားလိမ့်မယ်လို့ သူ မမျှော်လင့်မိပါဘူး။
“ဓါးဆွဲထုတ်မှတ်တွေက ဆယ်မှတ် မဟုတ်ဘူးလား”
အဲ့ဒီနောက် သူက သူ့ရဲ့ကျင့်စဉ်အဆင့်ကို စစ်ဆေးကြည့်လိုက်တယ်။
“အဆင့် ၅၁ စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့်”
ယန်ချီတစ်ယောက် ရုတ်တရက် စိတ်သက်သာရာ ရသွားခဲ့တယ်။
သူက အခုဆိုရင် ဓါးသွားတစ်ထောင်မှော်ဓါးကို အဆင့်မြင့်မမြင့်တင်နိုင်တော့ဘူးလို့ တွေးထားခဲ့ပေမယ့် သူက စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့် ဖြစ်သွားတာကြောင့် ဒီလိုမျိုး ဖြစ်သွားတယ်လို့ တွေးမိလိုက်တယ်။
အခုဆိုရင် သူက စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့်ကို ရောက်ရှိသွားတာကြောင့် အစွမ်းထက် ကောင်းကင်ဘုံနဂါးဝိဉာဉ်နဲ့ ပေါင်းစည်းနိုင်ပါပြီ။
ယန်ချီက ဒီအကြောင်းကို တွေးရင်း အနည်းငယ် စိတ်လှုပ်ရှားနေခဲ့တယ်။
ဆယ်ရက်အတွင်းမှာ သူက ဓါးအကြိမ် တစ်သန်း ဆွဲထုတ်နိုင်ခဲ့တယ်။ အထူးဓါးဆွဲထုတ်ခြင်း အဆ တစ်သိန်း တိုးမြင့်မြန်ဆန်ခြင်းက အံ့သြဖွယ်ရာပါ။
အဲ့ဒီနောက်တော့ သူက ဓါးကို ဆက်ပြီး ဆွဲထုတ်နေခဲ့တယ်။
သူက စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့်ကို ချိုးဖြတ်နိုင်ခဲ့ပေမယ့်လည်း သူ့ရဲ့ ကျင့်စဉ်အဆင့်က နိမ့်လွန်းပါသေးတယ်။
“အဆင့် ၅၂ စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့် ”
“အဆင့် ၅၃ စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့် ”
“အဆင့် ၅၄ စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့် ”
ယန်ချီက ဓါးကို အဆက်မပြတ်ဆွဲထုတ်နေသလို သူ့ရဲ့ ကျင့်စဉ်အဆင့်ကလည်း လိုက်ပြီး မြင့်တက်နေခဲ့တယ်။
သူက အဆင့် ၅၆ စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့် ကို ရောက်သည့်တိုင်အောင် ဓါးဆွဲထုတ်တာကို မရပ်တန့်ခဲ့ပါဘူး။
သူ့ရဲ့ ဓါးဆွဲထုတ်မှတ်က အခုဆိုရင် သန်း ၃၀ ကို ရောက်ရှိသွားပါပြီ။
ဓါးဆွဲထုတ်မှတ် သန်း ၃၀ ဆိုတာ ကြည့်လိုက်ရင် များပြားတယ်ဆိုပေမယ့်လည်း အထူးဓါးဆွဲထုတ်ခြင်းကို အဆင့်မမြင့်တင်နိုင်သေးပါဘူး။
အဲ့ဒီနောက်တော့ သူက သန့်ရှင်းရေး လုပ်ပြီး အဝတ်အစားအသစ်ကို လဲလှယ်ဝတ်ဆင်လိုက်တယ်။ အဲ့ဒီနောက်တော့ တံခါးအပြင်ဖက်ကနေ အသံထွက်ပေါ်လာတဲ့အခါ ယန်ချီက အခန်းတံခါးကို တွန်းဖွင့်လိုက်တယ်။
“စီနီယာ အစ်ကိုကြီး ”
ယန်ချီက အခန်းတံခါးကို ဖွင့်လိုက်တော့ အပြင်ဖက်မှာ တိုက်ရိုက်တပည့်တစ်ယောက်ကို မြင်လိုက်ရတယ်။
“ဘာကိစ္စများရှိလို့လဲ”
ယန်ချီက သူ့အရှေ့မှာ ရှိတဲ့ တိုက်ရိုက်တပည့်ကို ကြည့်ပြီး စဉ်းစားရခက်စွာနဲ့ မေးလိုက်တယ်။
“စီနီယာ အစ်ကိုကြီး ဆရာက စီနီယာအစ်ကိုကြီးကို ရှင်းရန်တောင်ထိပ်ကို သွားခိုင်းနေတယ်။ အဲ့ဒီမှာ လင်ဂိုဏ်းရဲ့ တပည့်အသစ်လက်ခံပွဲ ရှိလို့တဲ့”
တိုက်ရိုက်တပည့်က ယန်ချီကို ပြောလိုက်တယ်။
တပည့်အသစ် စုဆောင်းတာ သူနဲ့ ဘာဆိုင်လို့လဲလို့ တွေးနေခဲ့တယ်။
“ဂိုဏ်းခေါင်းဆောင်က ဘာအတွက် ငါ့ကို ရှင်းရန်တောင်ထိပ်ကို သွားခိုင်းရတာလဲ”
“ကျွန်တော်လည်း သေချာမသိဘူး”
တိုက်ရိုက်တပည့်က ပြန်ဖြေလိုက်တယ်။
ယန်ချီလည်း ဆက်မေးမနေတော့ပဲ အဲ့ဒီကို သွားကြည့်ဖို့ တွေးလိုက်တယ်။
ချက်ချင်းပင် ယန်ချီက ရှင်းရန်တောင်ထိပ်ဆီကို လျှောက်သွားလိုက်တယ်။
အင်ပါယာနန်းတော်က လင်ဂိုဏ်းကနေ မိုင်ရာချီဝေးကွာပြီး လင်ဂိုဏ်းက စိတ်ဝိဉာဉ်တောင်တန်းမှာ ရှိပါတယ်။ ဒီအတွက် ယန်ချီတစ်ယောက် ကောင်းကင်ဘုံနဂါးဝိဉာဉ်ကိုဖမ်းဆီးခဲ့တာကို လင်ဂိုဏ်းက လူတွေ မသိသေးပါဘူး။
သိပ်မကြာခင်မှာပဲ ယန်ချီတစ်ယောက် ရှင်းရန်တောင်ထိပ်ကို ရောက်လာခဲ့တယ်။
🐼🐼🐼🐼🐼🐼🐼
Chapter 455 - ကောင်လေး မင်း ဘယ်မှာလဲ
ရှင်းရန် တောင်ထိပ် ရင်ပြင်မှာတော့ .. . ရာချီတဲ့ ဂိုဏ်းသားအသစ်တွေ စုစည်းနေခဲ့တယ်။
ဒီလို ရာချီတဲ့ ဂိုဏ်းသားအသစ်တွေက နေရာအသီးသီးက ပါရမီရှင်တွေဖြစ်ကြပြီး သူတို့ရဲ့ မျက်နှာထက်မှာ ဝင့်ကြွားမှုတွေ အပြည့်ဖြစ်နေခဲ့တယ်။
“အဲ့ဒီလူကို ကြည့်လိုက်စမ်း”
“သူက နောက်ကျောမှာ ဓါးတစ်လက်ကိုလွယ်ထားတယ်။ သူက ဆက်နွယ်မှု လက်နက် မဟုတ်ဘူးလား”
“ဘယ်လောက် ရယ်စရာ ကောင်းလိုက်လဲ။ ဆက်နွယ်မှု လက်နက်ဆိုတာ ခန္ဓာကိုယ်နဲ့ တသားထဲလေ။ သူက တကယ်ကို နောက်ကျောမှာ လွယ်ထားရတယ်လို့”
ရင်ပြင်မှာ ရှိနေတဲ့ ဂိုဏ်းသားအသစ်တွေက ယန်ချီကို ကြည့်ပြီး ရယ်မောနေကြတယ်။
ယန်ချီလည်း သူတို့စကားကို ကြားလိုက်တဲ့အခါ မှင်သက်သွားခဲ့ရတယ်။
“ဒါက .. . .”
အပင်တွေက တည်ငြိမ်နေတက်ပေမယ့် လေကတော့ မတည်ငြိမ်တက်ဘူးပေါ့။
သူ့အနေနဲ့ အစောပိုင်းမှာ ဂိုဏ်းခေါင်းဆောင်က ရှင်းဖန်တောင်ထိပ်ကို လာခိုင်းတဲ့အပေါ် နားမလည်ခဲ့ပေမယ့်လည်း အခုတော့ နည်းနည်း နားလည်သလို ဖြစ်လာခဲ့ပါပြီ။
ဒီအချိန်မှာတော့ ရှင်းရန်တောင်ထိပ်မှာ စုစည်းနေတဲ့ ရာချီသော ဂိုဏ်းသားအသစ်တွေက သူ့ကို ကြည့်နေခဲ့ကြတယ်။
ယန်ချီက လည်း သူတို့ဆီကို လျှောက်လာခဲ့တယ်။
“လာခဲ့စမ်းပါ ငါ့ကို ဘယ်သူ လှောင်ရယ်နေတာလဲ”
ယန်ချီက မျက်နှာက ပျင်းရီငြီးငွေ့ပုံနဲ့ သမ်းဝေပြီး မေးလိုက်တယ်။
“မင်းက ဘယ်သူလဲ။ ဒီမှာရှိတဲ့ သူတိုင်းက ဂိုဏ်းသားအသစ်တွေပဲ။ မင်းက အလွန် အစွမ်းထက်တယ် ထင်နေတာလား”
ဂိုဏ်းသားအသစ် တစ်ယောက်က ယန်ချီကို အထင်သေးစွာနဲ့ မေးမြန်းလိုက်တယ်။
ဂိုဏ်းသားအသစ်တွေကတော့ ယန်ချီကို ဝင့်ကြွားစွာနဲ့ ကြည့်နေခဲ့ကြပြီးယန်ချီရဲ့ အဖြေကို စောင့်မျှော်နေခဲ့ကြတယ်။
“ငါက ဂိုဏ်းသားအသစ်လို့ မင်းတို့ကို ဘယ်သူပြောလဲ”
ယန်ချီက သူ့အရှေ့မှာ ရှိတဲ့ ဂိုဏ်းသားအသစ်တွေကို တချက် ဝှေ့ကြည့်ပြီး ဖြေးညှင်းစွာ မေးလိုက်တယ်။
ဂိုဏ်းသားအသစ်တွေက ဒီစကားကို ကြားတဲ့အခါ မမျှော်လင့်မိထားတဲ့အတွက် မှင်သက်နေခဲ့တယ်။
“မင်းက ဂိုဏ်းသားအသစ် မဟုတ်ဘူးလား”
“မဟုတ်ဘူးလေ”
ယန်ချီက ခေါင်းညိတ်လိုက်တယ်။
“အဲ့ဒါဆို မင်းက .. . ”
“ငါက လင်ဂိုဏ်းရဲ့ အဓိက တပည့်ကြီးပဲ”
ယန်ချီက တည်ငြိမ်စွာ ပြောလိုက်တယ်။
“လင်ဂိုဏ်းရဲ့ အဓိက တပည့်ကြီးလား”
ဂိုဏ်းသားအသစ်တွေအားလုံးက ယန်ချီရဲ့ စကားကို ကြားပြီးနောက် အံ့အားသင့်သွားကြတယ်။
“ဟား ဟား ဟား”
ရုတ်တရက် ဂိုဏ်းသားအသစ်တွေက အားပါးတရ ရယ်မောလိုက်ကြတယ်။
“ဒီကောင်က ရူးနေတာပဲ။ သူ့ကိုယ်သူ တကယ်ကို လင်ဂိုဏ်းရဲ့ ဂိုဏ်းသားအသစ်လို့ ပြောရဲတယ်ပေါ့”
“ငါကတော့သူ ရူးနေတာ ဖြစ်မယ်လို့ ထင်တယ်”
“သူသာ လင်ဂိုဏ်းရဲ့ အဓိက တပည့်ကြီးဆိုရင် ကောင်းကင်ကို အန်တုနိုင်လောက်တဲ့ ပါရမီရှင်ပေါ့”
“သူ့စကားက အတော်ကို ရယ်ရတယ်။ သူက လင်ဂိုဏ်းရဲ့ ပါရမီရှင်ဆိုရင် လာလို့ ရှင်းဖန်တောင်ထိပ်ကို ရောက်နေတာလဲ”
ဂိုဏ်းသားအသစ်တွေက ယန်ချီကို အထင်သေးစွာနဲ့ လှောင်ပြောပြောဆိုရယ်မောနေကြတယ်။
ယန်ချီကတော့ ဒီဂိုဏ်းသားအသစ်တွေက သူ အမှန်ပြောတာကို ဘာကြောင့် မယုံကြည်မှန်း နားမလည်ခဲ့ပါဘူး။
“ငါက တကယ်ကို လင်ဂိုဏ်းရဲ့ အဓိက တပည့်ကြီးပဲ”
ယန်ချီက သူ့အရှေ့မှာရှိတဲ့ ရာချီသော ဂိုဏ်းသားအသစ်တွေကို ပြောလိုက်တယ်။
“လာခဲ့စမ်းပါ မင်းက လင်ဂိုဏ်းရဲ့ အဓိက တပည့်ကြီး မဖြစ်နိုင်ဘူး။ ငါတို့တွေကို အရူးလာမလုပ်နဲ့”
ဂိုဏ်းသားအသစ် တစ်ယောက်က ယန်ချီကို ပြောလိုက်တယ်။
“ဟား ဟား ဟား ”
အခြားဂိုဏ်းသားအသစ်တွေကလည်း ယန်ချီကို လှောင်ပြောင်ရယ်မောလိုက်ပြီး ပြောလိုက်တယ်။
“ငါက အင်ပါယာ မြို့တော်မှာ နေတာ။ အခု အင်ပါယာ မြို့တော်က လူတိုင်း ဆျှိုလုံမျှော်စင်မှာ ရှိတဲ့ ကောင်းကင်ဘုံနဂါးဝိဉာဉ်ကို လင်ဂိုဏ်းရဲ့ အဓိက တပည့်ကြီးက ဖမ်းဆီးသွားတာကို သိကြတယ်။ မင်း ဘာပြောချင်သေးလဲ”
အခြားဂိုဏ်းသားတွေကတော့ ဒီစကားကို ကြားပြီးနောက် အနည်းငယ် အံ့အားသင့်သွားခဲ့တယ်။
သူတို့တွေက အင်ပါယာ မြို့တော်က မဟုတ်ပေမယ့်လည်း ဆျှိုလုံမျှော်စင်မှာထားတဲ့ ကောင်းကင်ဘုံနဂါးဝိဉာဉ်အကြောင်းကို သိကြပါတယ်။
အဲ့ဒီ ကောင်းကင်ဘုံနဂါးဝိဉာဉ်က အစွမ်းထက်တဲ့ စိတ်ဝိဉာဉ်လက်နက် တစ်ခုပါ။
ဆျှိုလုံမျှော်စင်မှာထားတဲ့ အစွမ်းထက် ကောင်းကင်ဘုံနဂါးဝိဉာဉ်ကို ဖမ်းဆီးနိုင်တယ်ဆိုတော့ လင်ဂိုဏ်းရဲ့ အဓိက တပည့်ကြီးက တကယ်ကို အစွမ်းထက်တာပဲ။
သူတို့တွေအားလုံးက စိတ်ဝိဉာဉ်လက်နက်လမ်းညွှန်စာအုပ်မှာ ကောင်းကင်ဘုံနဂါးဝိဉာဉ်အကြောင်း ဖတ်ဖူးကြပါတယ်။
“မင်းက လင်ဂိုဏ်းရဲ့ အဓိက တပည့်ကြီးလို့ပြောမှတော့ ကောင်းကင်ဘုံနဂါးဝိဉာဉ်ကို ထုတ်ပြနိုင်လား”
ဂိုဏ်းသားအသစ်တစ်ယောက်က ယန်ချီကို ထပ်မံမေးမြန်းလိုက်တယ်။
ဒီအချိန်မှာတော့ ဂိုဏ်းသားအသစ်အားလုံးက ယန်ချီကို ကြည့်နေခဲ့ကြတယ်။
သူတို့အားလုံးက ယန်ချီအနေနဲ့ ကောင်းကင်ဘုံနဂါးဝိဉာဉ်ကို ထုတ်မပြနိုင်မှန်း သိနေကြတယ်။ ဘာလို့လဲဆိုတော့ ဒီကိစ္စက မဖြစ်နိုင်တဲ့ ကိစ္စ တစ်ခုလေ။
သူတို့တွေအားလုံးက ယန်ချီရဲ့ ဟာသ ကွက်တွေကို ကြည့်ဖို့ အဆင်သင့်ဖြစ်နေကြပြီး အနည်းငယ်မျှသော စိတ်လှုပ်ရှားမှုတွေကိုတောင် လက်လွှတ်မခံရဲကြပါဘူး။
“မင်းတို့တွေ တကယ်ကို မြင်ချင်တာလား”
“တကယ်ပေါ့ .. . ”
အင်ပါယာမြို့တော်က ဂိုဏ်းသားအသစ်က ခေါင်းညိတ်လိုက်တယ်။
ယန်ချီလည်း သက်ပြင်းချပြီး ပြောလိုက်တယ်။
“ဒီလောကမှာ ရှိတဲ့ အစွမ်းထက် ကောင်းကင်ဘုံနဂါးဝိဉာဉ်က ဘယ်ရောက်နေလဲ”
ယန်ချီက သူ့ရဲ့ လက်တွေကို ဖြန့်လိုက်တယ်။